CEO Myanmar
CEO Business and Management Magazine
ဆရာ စံ-ဇာဏီဘို၏ ဇွန်လ ၁ ရက်မှ ၇ ရက်အထိ တစ်ပတ်စာဟောစာတမ်း
-----------------------------------
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း ပရိသတ်များအတွက် ၁-၆-၂၀၂၆ ရက်မှ ၇-၆-၂၀၂၆ ရက်အထိ ဆရာ စံ-ဇာဏီဘို၏တစ်ပတ်စာဟောစာတမ်းကို ဖော်ပြပေးလိုက်ပါတယ်။
အပတ်စဉ်တိုင်း ဆရာစံဇာဏီဘိုဗေဒင်ဟောစာတမ်းကို ဖော်ပြပေးသွားမှာမို့ Page ကို Like & Follow လုပ်ထားနိုင်ပါတယ်။
မိမိဘယ်ရာသီဖွားဆိုတာကို သိချင်ရင်တော့ ... မိမိမွေးသည့်လ၊ ရက် (အင်္ဂလိပ်ပြက္ခဒိန်မှ) တို့ကို အောက်ဖော်ပြပါ ရာသီခွင်များနှင့် တိုက်၍ကြည့်ရှုနိုင်ပါတယ်။
(၁) ARIES (မိဿရာသီဖွား)
မတ်လ ၂၁ ရက်မှ ဧပြီလ ၂၀ ရက်အတွင်း မွေးဖွားသူများ
(၂) TA**US (ပြိဿရာသီဖွား)
ဧပြီလ ၂၁ ရက်မှ မေလ ၂၁ ရက်အတွင်း မွေးဖွားသူများ
(၃) GEMINI (မေထုန်ရာသီဖွား)
မေလ ၂၂ ရက်မှ ဇွန်လ ၂၁ ရက်အတွင်း မွေးဖွားသူများ
(၄) CANCER (ကရကဋ်ရာသီဖွား)
ဇွန်လ ၂၂ ရက်မှ ဇူလိုင်လ ၂၂ ရက်အတွင်း မွေးဖွားသူများ
(၅) LEO (သိဟ်ရာသီဖွား)
ဇူလိုင်လ ၂၃ ရက်မှ သြဂုတ်လ ၂၃ ရက်အတွင်း မွေးဖွားသူများ
(၆) VIRGO (ကန်ရာသီဖွား)
သြဂုတ်လ ၂၄ ရက်မှ စက်တင်ဘာလ ၂၂ ရက်အတွင်း မွေးဖွားသူများ
(၇) LIBRA (တူရာသီဖွား)
စက်တင်ဘာလ ၂၃ ရက်မှ အောက်တိုဘာလ ၂၃ ရက်အတွင်း မွေးဖွားသူများ
(၈) SCORPIO (ဗြိစ္ဆာရာသီဖွား)
အောက်တိုဘာလ၂၄ ရက်မှ နိုဝင်ဘာလ ၂၂ ရက်အတွင်း မွေးဖွားသူများ
(၉) SAGITTARIUS (ဓနုရာသီဖွား)
နိုဝင်ဘာလ ၂၃ ရက်မှ ဒီဇင်ဘာလ ၂၁ ရက်အတွင်း မွေးဖွားသူများ
(၁၀) CAPRICORN (မကာရရာသီဖွား)
ဒီဇင်ဘာလ ၂၂ ရက်မှ ဇန်နဝါရီလ ၂၀ ရက်အတွင်း မွေးဖွားသူများ
(၁၁) AQUARIUS (ကုံရာသီဖွား)
ဇန်နဝါရီလ ၂၁ ရက်မှ ဖေဖော်ဝါရီလ ၁၈ ရက်အတွင်း မွေးဖွားသူများ
(၁၂) PISCES (မိန်ရာသီဖွား)
ဖေဖော်ဝါရီလ ၁၉ ရက်မှ မတ်လ ၂၀ ရက်အတွင်း မွေးဖွားသူများ
ဆရာ စံ-ဇာဏီဘို၏ မြန်မာ့ရိုးရာ အဋ္ဌဟောကိန်း (နေ့နံအလိုက်) များနှင့် ကံပွင့်လာဘ်ပွင့်အစီအစဉ်များ၊ လက္ခဏာပညာစာစဉ်များကို အောက်ပါ link တွင် ဝင်ရောက်လေ့လာဝယ်ယူနိုင်ပါပြီ။
https://todaybooks.com.mm/shop/authors/647
#ကိုယ်တိုင်ဆရာဖြင့် တိုက်ရိုက်တွေ့ဆုံဗေဒင်မေးမြန်းလိုပါက ဆရာစံ-ဇာဏီဘို ဖုန်း - ၀၁ ၃၆၄၁၆၃၉ ၊ ၀၉ ၄၂၁၇၄၅၈၄၀ ကို ဆက်သွယ်နိုင်ပါတယ်။
#ဆရာစံ-ဇာဏီဘို
#ဗေဒင်
#2026
ဆရာ စံ-ဇာဏီဘို၏ မေလ ၂၂ ရက်မှ ၃၁ ရက်အထိ တစ်ပတ်စာဟောစာတမ်း
-----------------------------
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း ပရိသတ်များအတွက် ၂၂-၅-၂၀၂၆ ရက်မှ ၃၁-၅-၂၀၂၆ ရက်အထိ ဆရာ စံ-ဇာဏီဘို၏တစ်ပတ်စာဟောစာတမ်းကို ဖော်ပြပေးလိုက်ပါတယ်။
အပတ်စဉ်တိုင်း ဆရာစံဇာဏီဘိုဗေဒင်ဟောစာတမ်းကို ဖော်ပြပေးသွားမှာမို့ Page ကို Like & Follow လုပ်ထားနိုင်ပါတယ်။
မိမိဘယ်ရာသီဖွားဆိုတာကို သိချင်ရင်တော့ ... မိမိမွေးသည့်လ၊ ရက် (အင်္ဂလိပ်ပြက္ခဒိန်မှ) တို့ကို အောက်ဖော်ပြပါ ရာသီခွင်များနှင့် တိုက်၍ကြည့်ရှုနိုင်ပါတယ်။
(၁) ARIES (မိဿရာသီဖွား)
မတ်လ ၂၁ ရက်မှ ဧပြီလ ၂၀ ရက်အတွင်း မွေးဖွားသူများ
(၂) TA**US (ပြိဿရာသီဖွား)
ဧပြီလ ၂၁ ရက်မှ မေလ ၂၁ ရက်အတွင်း မွေးဖွားသူများ
(၃) GEMINI (မေထုန်ရာသီဖွား)
မေလ ၂၂ ရက်မှ ဇွန်လ ၂၁ ရက်အတွင်း မွေးဖွားသူများ
(၄) CANCER (ကရကဋ်ရာသီဖွား)
ဇွန်လ ၂၂ ရက်မှ ဇူလိုင်လ ၂၂ ရက်အတွင်း မွေးဖွားသူများ
(၅) LEO (သိဟ်ရာသီဖွား)
ဇူလိုင်လ ၂၃ ရက်မှ သြဂုတ်လ ၂၃ ရက်အတွင်း မွေးဖွားသူများ
(၆) VIRGO (ကန်ရာသီဖွား)
သြဂုတ်လ ၂၄ ရက်မှ စက်တင်ဘာလ ၂၂ ရက်အတွင်း မွေးဖွားသူများ
(၇) LIBRA (တူရာသီဖွား)
စက်တင်ဘာလ ၂၃ ရက်မှ အောက်တိုဘာလ ၂၃ ရက်အတွင်း မွေးဖွားသူများ
(၈) SCORPIO (ဗြိစ္ဆာရာသီဖွား)
အောက်တိုဘာလ၂၄ ရက်မှ နိုဝင်ဘာလ ၂၂ ရက်အတွင်း မွေးဖွားသူများ
(၉) SAGITTARIUS (ဓနုရာသီဖွား)
နိုဝင်ဘာလ ၂၃ ရက်မှ ဒီဇင်ဘာလ ၂၁ ရက်အတွင်း မွေးဖွားသူများ
(၁၀) CAPRICORN (မကာရရာသီဖွား)
ဒီဇင်ဘာလ ၂၂ ရက်မှ ဇန်နဝါရီလ ၂၀ ရက်အတွင်း မွေးဖွားသူများ
(၁၁) AQUARIUS (ကုံရာသီဖွား)
ဇန်နဝါရီလ ၂၁ ရက်မှ ဖေဖော်ဝါရီလ ၁၈ ရက်အတွင်း မွေးဖွားသူများ
(၁၂) PISCES (မိန်ရာသီဖွား)
ဖေဖော်ဝါရီလ ၁၉ ရက်မှ မတ်လ ၂၀ ရက်အတွင်း မွေးဖွားသူများ
ဆရာ စံ-ဇာဏီဘို၏ မြန်မာ့ရိုးရာ အဋ္ဌဟောကိန်း (နေ့နံအလိုက်) များနှင့် ကံပွင့်လာဘ်ပွင့်အစီအစဉ်များ၊ လက္ခဏာပညာစာစဉ်များကို အောက်ပါ link တွင် ဝင်ရောက်လေ့လာဝယ်ယူနိုင်ပါပြီ။
https://todaybooks.com.mm/shop/authors/647
#ကိုယ်တိုင်ဆရာဖြင့် တိုက်ရိုက်တွေ့ဆုံဗေဒင်မေးမြန်းလိုပါက ဆရာစံ-ဇာဏီဘို ဖုန်း - ၀၁ ၃၆၄၁၆၃၉ ၊ ၀၉ ၄၂၁၇၄၅၈၄၀ ကို ဆက်သွယ်နိုင်ပါတယ်။
#ဆရာစံ-ဇာဏီဘို
#ဗေဒင်
#2026
24/05/2026
OpenAI နဲ့ Anthropic တို့ရဲ့ ဆန့်ကျင်ဘက်မဟာဗျူဟာနှစ်မျိုးနဲ့ ဆိုက်ဘာလုံခြုံရေး အနာဂတ်
---------------------------------
ယနေ့ခေတ် နည်းပညာလောကမှာ Artificial Intelligence (AI) ဟာ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုအသစ်တွေကို သယ်ဆောင်လာနေပါတယ်။ အထူးသဖြင့် ကမ္ဘာ့ထိပ်သီး AI ကုမ္ပဏီကြီးနှစ်ခုဖြစ်တဲ့ OpenAI နဲ့ Anthropic တို့ဟာ သူတို့ရဲ့ နောက်ဆုံးပေါ်နည်းပညာတွေကို အများပြည်သူဆီ ဖြန့်ချိတဲ့နေရာမှာ ကျင့်သုံးတဲ့ ဆန့်ကျင်ဘက် မဟာဗျူဟာတွေက အနာဂတ် ဒီဂျစ်တယ်လုံခြုံရေးအပေါ် ဘယ်လိုသက်ရောက်မှုရှိမလဲဆိုတာ စိတ်ဝင်စားစရာပါ။
မဟာဗျူဟာနှစ်မျိုး
ပြီးခဲ့တဲ့ မတ်လအတွင်းမှာပဲ AI လောကရဲ့ ထိပ်သီးပြိုင်ဘက်ကုမ္ပဏီနှစ်ခုဖြစ်တဲ့ OpenAI နဲ့ Anthropic တို့ဟာ သူတို့ရဲ့ စွမ်းဆောင်ရည်မြင့် မော်ဒယ်အသစ်တွေကို မိတ်ဆက်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ချဉ်းကပ်ပုံကတော့ လုံးဝကို ကွဲပြားနေပါတယ်။
• OpenAI ရဲ့ ချဉ်းကပ်ပုံ
(Democratization)- OpenAI ကတော့ သူတို့ရဲ့ အကောင်းဆုံးမော်ဒယ်ဖြစ်တဲ့ GPT-5.5 ကို ChatGPT အသုံးပြုသူ သန်းပေါင်းရာချီဆီကို တိုက်ရိုက်ဖြန့်ချိပေးလိုက်ပါတယ်။ လူတိုင်းလက်လှမ်းမီအောင် လုပ်ဆောင်ပေးခြင်းဖြင့် နည်းပညာရဲ့အကျိုးကျေးဇူးကို လူအများခံစားရစေဖို့ ရည်ရွယ်တာပါ။
• Anthropic ရဲ့ ချဉ်းကပ်ပုံ
(Gatekeeping)- Anthropic ကတော့ သူတို့ရဲ့ အဆင့်မြင့်ဆုံး Claude Mythos နည်းပညာကို Apple၊ Amazon၊ Microsoft နဲ့ Google တို့လို အရေးကြီး မိတ်ဖက်အဖွဲ့အစည်း ၄၀ ခန့်ကိုပဲ ကန့်သတ်ဖြန့်ချိခဲ့ပါတယ်။ ဆိုက်ဘာတိုက်ခိုက်သူတွေ လက်ထဲကို နည်းပညာ မရောက်သွားစေဖို့ ကာကွယ်ဖို့ ရည်ရွယ်ပြီးအဲဒီလို အကန့်အသတ်နဲ့ ဖြန့်ချိတာပါ။
အသွားနှစ်ဖက်နဲ့ဓါး
ဒီကုမ္ပဏီကြီးတွေက သူတို့ရဲ့ AI မော်ဒယ်တွေကို ကုဒ်ရေးသားနိုင်စွမ်း (Code Generation) အပိုင်းမှာ အထူးအလေးပေး မြှင့်တင်လာကြပါတယ်။ ဒီစွမ်းရည်ဟာ Software ထုတ်လုပ်ရေးကို မြန်ဆန်စေရုံတင်မကဘဲ AI Agents တွေအဖြစ်ပါ လုပ်ဆောင်နိုင်စေပါတယ်။ "AI Agents တွေဟာ ရုံးဝန်ထမ်းတွေကိုယ်စား Spreadsheet တွေ၊ email တွေနဲ့ Calendar တွေကို အလိုအလျောက် စီမံခန့်ခွဲပေးနိုင်တဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဒစ်ဂျစ်တယ်လက်ထောက်တွေ ဖြစ်လာပါတယ်" လို့ နည်းပညာကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ ဒါပေမဲ့ ဒီစွမ်းရည်ကပဲ ဆိုက်ဘာလုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်လာနေတာပါ။ AI ဟာ ကုဒ်တွေကို ကောင်းကောင်းရေးနိုင်သလို ဆော့ဖ်ဝဲတွေထဲက အားနည်းချက် (Vulnerabilities) တွေကိုလည်း ရှာဖွေဖော်ထုတ်နိုင်စွမ်း ရှိလာပါတယ်။ ဒါဟာ ကာကွယ်သူတွေအတွက် အကျိုးရှိသလို၊ ဖောက်ထွင်းသူတွေအတွက်လည်း အားကောင်းတဲ့ လက်နက်တစ်ခု ဖြစ်သွားနိုင်ပါတယ်။
ကျွမ်းကျင်သူတွေရဲ့ စိုးရိမ်မှု
Anthropic ရဲ့ ကန့်သတ်ဖြန့်ချိမှုအပေါ် ဝေဖန်မှုအချို့လည်း ရှိနေပါတယ်။ တကယ်လို့ နည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် မဖြန့်ဝေဘူးဆိုရင် အဖွဲ့အစည်းအများစုဟာ AI ကို သုံးပြီး မိမိတို့ကွန်ရက်ကို ဘယ်လိုကာကွယ်ရမလဲဆိုတာ လေ့လာခွင့်မရဘဲ ဖြစ်နေလိမ့်မယ်လို့ ဝေဖန်နေကြတာပါ။
OpenAI ကတော့ ဒီပြဿနာကို ဖြေရှင်းဖို့ GPT-5.4-Cyber ဆိုတဲ့ သီးသန့်မော်ဒယ်ကို ကျွမ်းကျင်သူ ရာပေါင်းများစွာဆီ ဖြန့်ဝေပြီး လုံခြုံရေးစမ်းသပ်မှုတွေ လုပ်ဆောင်စေခဲ့ပါတယ်။ OpenAI ဟာ လူထုထံ ဖြန့်ချိထားတဲ့ GPT-5.5 မှာတော့ လုံခြုံရေးဆိုင်ရာ ကန့်သတ်ချက် (Guardrails) တွေ ထည့်သွင်းထားပြီး၊ ကျွမ်းကျင်သူတွေသုံးတဲ့ Cyber မော်ဒယ်မှာတော့ အဲဒီကန့်သတ်ချက်တွေကို ဖယ်ရှားပေးထားတာကြောင့် စနစ်တစ်ခုလုံးကို အပြည့်အဝ စမ်းသပ်နိုင်မှာ ဖြစ်ပါတယ်။
အနာဂတ်အတွက်ပြင်ဆင်ခြင်း
စွမ်းဆောင်ရည်ပိုင်းအရကြည့်ရင် Vals AI ရဲ့ စမ်းသပ်ချက်တွေအရ Anthropic ရဲ့ Claude Mythos ဟာ OpenAI ရဲ့ GPT-5.5 ထက် ပိုမိုစွမ်းဆောင်ရည်မြင့်မားနေတာကို တွေ့ရပါတယ်။ ဒါဟာ Anthropic က သူတို့ရဲ့မော်ဒယ်ကိုဖြန့်ချိရာမှာ ဘာကြောင့် ပိုပြီး သတိကြီးကြီးထားနေရသလဲဆိုတဲ့ အချက်ကို မီးမောင်းထိုးပြနေပါတယ်။
နိဂုံးချုပ်အနေနဲ့သုံးသပ်ရရင် OpenAI က "နည်းပညာကို လူတိုင်းလက်ထဲထည့်ပေးပြီး Guardrails တွေနဲ့ ထိန်းချုပ်မယ်" ဆိုတဲ့ လမ်းစဉ်ကို ရွေးချယ်ထားပြီး၊ Anthropic ကတော့ "ယုံကြည်ရသူတွေလက်ထဲမှာပဲ အရင်ထားပြီး အန္တရာယ်ကင်းမှ ချပြမယ်" ဆိုတဲ့ လမ်းစဉ်ကို လျှောက်လှမ်းနေပါတယ်။ ဒီဆန့်ကျင်ဘက် မဟာဗျူဟာနှစ်ခုထဲက ဘယ်တစ်ခုက ဆိုက်ဘာလုံခြုံရေး အနာဂတ်အတွက် ပိုမိုစိတ်ချရမလဲဆိုတာကတော့ လာမယ့်နှစ်တွေမှာ AI ရဲ့ တိုးတက်မှုနှုန်းနဲ့အတူ ဆက်လက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
ကိုးကား - Bangkok Post
22/05/2026
ဖန်ချက်စက်ရုံအလုပ်သမလေးဘဝမှ နည်းပညာလောကရဲ့ ‘ဖန်သားပြင်ဘုရင်မ’ လို့ တင်စားခေါ်ဝေါ်ခံရတဲ့အထိ အောင်မြင်လာတဲ့ တရုတ်အမျိုးသမီးဘီလီယံနာ အကြောင်း
------------------------------------
မကြာသေးမီက တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ တရုတ်-အမေရိကန် ထိပ်သီးတွေ့ဆုံပွဲရဲ့ နိုင်ငံတော်အဆင့် ဂုဏ်ပြုညစာစားပွဲမှာ ကမ္ဘာ့မီဒီယာတွေအတွက် အာရုံစိုက်စရာဖြစ်ခဲ့တဲ့ မြင်ကွင်းတစ်ခု ရှိခဲ့ပါတယ်။ အဲဒါကတော့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မက်စ် နဲ့ Apple စီအီးအို တင်မ်ကွတ်ခ် ဆိုတဲ့ နည်းပညာလောကရဲ့ ထိပ်သီးဘုရင်နှစ်ပါးကြားမှာ ထိုင်နေတဲ့ တရုတ်အမျိုးသမီးတစ်ဦးပါပဲ။ အဲဒီအမျိုးသမီးကတော့ လက်ရှိ နည်းပညာလောကရဲ့ "ဖန်သားပြင် ဘုရင်မ" (Screen Queen) လို့ တင်စားခေါ်ဝေါ်ခြင်းခံရတဲ့ Lens Technology ကုမ္ပဏီရဲ့ တည်ထောင်သူနဲ့ ဥက္ကဋ္ဌ ကျိုကွမ်းဖေ ပဲ ဖြစ်ပါတယ်။
ကျိုကွမ်းဖေဟာ လက်ရှိမှာ အသက် ၅၆ နှစ်ရှိပြီဖြစ်ပြီး Lens Technology ကုမ္ပဏီကို တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၆.၆ ဘီလီယံအထိ ရှိလာအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ကိုယ်ဒူးကိုယ်ချွန် အမျိုးသမီး ဘီလျံနာတစ်ဦးပါ။ သူမဟာ အီလွန်မက်စ်ရဲ့ Tesla အတွက် စမတ်ကားအစိတ်အပိုင်းတွေနဲ့ တင်မ်ကွတ်ခ်ရဲ့ Apple အတွက် iPhone ဖန်သားပြင်တွေကို အဓိက ထောက်ပံ့ပေးနေတဲ့ အရေးပါတဲ့ စီးပွားဖက်ဖြစ်တာကြောင့် ဒီလို နည်းပညာထိပ်သီးတွေကြားမှာ နေရာချထားခံခဲ့ရတာပဲ ဖြစ်ပါတယ်။
ခက်ခဲကြမ်းတမ်းခဲ့တဲ့ ငယ်ဘဝ
ဒီနေ့ခေတ်မှာ ကမ္ဘာ့အဆင့်မီ နည်းပညာရှင်တွေနဲ့ ရင်ဘောင်တန်းနေနိုင်တဲ့ ကျိုကွမ်းဖေရဲ့ ဘဝအစကတော့ အတော်လေးကို ခက်ခဲကြမ်းတမ်းခဲ့ပါတယ်။ သူမကို ၁၉၇၀ ပြည့်နှစ်မှာ တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်က ကျေးရွာလေးတစ်ခုမှာ မွေးဖွားခဲ့ပါတယ်။ အသက် ၅ နှစ်အရွယ်မှာ မိခင်ကွယ်လွန်သွားခဲ့ပြီး ဖခင်ဖြစ်သူဟာလည်း အလုပ်ခွင် မတော်တဆမှုကြောင့် မသန်မစွမ်း ဖြစ်သွားခဲ့တာကြောင့် ငယ်စဉ်ကတည်းက ဝက်ထိန်း၊ ဘဲထိန်းရင်း မိသားစုကို လုပ်ကျွေးခဲ့ရပါတယ်။
သူမဟာ ပညာရေးမှာ ထူးချွန်သူ ဖြစ်ပေမဲ့ မိသားစုက ဆင်းရဲလွန်းတာကြောင့် အသက် ၁၅ နှစ်မှာပဲ ကျောင်းထွက်ခဲ့ရပြီး ရှန်ကျန်းမြို့က နာရီမှန်ထုတ်တဲ့ စက်ရုံတစ်ခုမှာ တစ်နေ့ကို ယွမ်အနည်းငယ်နဲ့ အောက်ခြေအလုပ်သမအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ရပါတယ်။ အဲဒီလို ပင်ပန်းတဲ့ စက်ရုံအလုပ်ကို လုပ်ကိုင်ရင်းနဲ့ပဲ ညပိုင်းတွေမှာတော့ စာရင်းကိုင်ပညာနဲ့ ကွန်ပျူတာပညာရပ်တွေကို ကိုယ်တိုင် ကြိုးစားသင်ယူခဲ့ပါတယ်။
ကိုယ်ပိုင်လုပ်ငန်းစတင်ခြင်းနဲ့ အောင်မြင်မှုခရီးအစ
၁၉၉၃ ခုနှစ်မှာတော့ ကျိုကွမ်းဖေဟာ သူမ စုဆောင်းထားတဲ့ ငွေ အမေရိကန်ဒေါ်လာ ၂,၅၀၀ ခန့်နဲ့ ဆွေမျိုးအချို့ကို စည်းရုံးပြီး ကိုယ်ပိုင် နာရီမှန်ထုတ်လုပ်တဲ့ အလုပ်ရုံလေးတစ်ခုကို စတင်ခဲ့ပါတယ်။ သူမအတွက် အောင်မြင်မှုရဲ့ လမ်းစကတော့ ၂၀၀၄ ခုနှစ်မှာ ပေါ်ပေါက်လာခဲ့တာပါ။ အဲဒီအချိန်က ဖုန်းလောကမှာ နာမည်ကြီးနေတဲ့ Motorola ကုမ္ပဏီက သူတို့ရဲ့ Razr V3 ဖုန်းအတွက် အမြင့်က ပြုတ်ကျရင် မကွဲနိုင်တဲ့ ဖန်သားပြင်မျိုးကို ထုတ်လုပ်ပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။
အဲဒီအချိန်တုန်းက တခြားဘယ်စက်ရုံမှ ဒါကို မလုပ်ပေးနိုင်ခဲ့ပေမဲ့ ကျိုကွမ်းဖေကတော့ လက်မလျှော့ဘဲ နေ့မနား ညမနား ကြိုးစားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ လိုချင်တဲ့ အရည်အသွေးအတိုင်း ထုတ်လုပ်ပေးနိုင်ခဲ့ပြီး Motorola ရဲ့ အော်ဒါကို ရရှိခဲ့ပါတယ်။ ဒါဟာ Lens Technology ကုမ္ပဏီကို ကမ္ဘာ့စင်မြင့်ပေါ် စတင်တွန်းတင်ပေးလိုက်တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။
Apple ရ
၂၀၀၇ ခုနှစ်မှာ Apple က ပထမဆုံး iPhone ကို ထုတ်လုပ်ဖို့ ပြင်ဆင်တဲ့အခါမှာ Lens Technology ကို အဓိက ဖန်သားပြင် ထောက်ပံ့ပေးသူအဖြစ် ရွေးချယ်ခဲ့ပါတယ်။ အဲဒီကနေစပြီး ကျိုကွမ်းဖေဟာ Apple ရဲ့ ကုန်ထုတ်လုပ်မှုမှာ အရေးပါတဲ့ကုမ္ပဏီတစ်ခု ဖြစ်လာခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ကုမ္ပဏီကို စတော့ဈေးကွက်မှာ စာရင်းတင်သွင်းနိုင်ခဲ့ပြီးနောက်မှာတော့ သူမဟာ အဲဒီနှစ်မှာပဲ တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံး ကိုယ်ဒူးကိုယ်ချွန် အမျိုးသမီးဘီလျံနာအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။
စျေးကွက်စိန်ခေါ်မှုနဲ့ အနာဂတ်အလားအလာ
လက်ရှိမှာ စမတ်ဖုန်းဈေးကွက် နှေးကွေးလာတာကြောင့် ကျိုကွမ်းဖေဟာ ကုမ္ပဏီရဲ့ ဝင်ငွေရလမ်းကို စမတ်ဖုန်း တစ်ခုတည်းအပေါ်မှာ မမှီခိုတော့ဘဲ နယ်ပယ်သစ်တွေကို ခြေဆန့်နေပါတယ်။ အထူးသဖြင့် AI Hardware၊ လျှပ်စစ်ကား (EV) တွေအတွက် စမတ်ထိန်းချုပ်ခန်း ဖန်သားပြင်တွေနဲ့ စက်ရုပ်နည်းပညာ နယ်ပယ်တွေမှာ လုပ်ငန်းတိုးချဲ့ဖို့ ပြင်ဆင်နေပါတယ်။
ဆရာ စံ-ဇာဏီဘို၏ မေလ ၁၅ ရက်မှ ၂၁ ရက်အထိ တစ်ပတ်စာဟောစာတမ်း
--------------------------------------
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း ပရိသတ်များအတွက် ၁၅-၅-၂၀၂၆ ရက်မှ ၂၁-၅-၂၀၂၆ ရက်အထိ ဆရာ စံ-ဇာဏီဘို၏တစ်ပတ်စာဟောစာတမ်းကို ဖော်ပြပေးလိုက်ပါတယ်။
အပတ်စဉ်တိုင်း ဆရာစံဇာဏီဘိုဗေဒင်ဟောစာတမ်းကို ဖော်ပြပေးသွားမှာမို့ Page ကို Like & Follow လုပ်ထားနိုင်ပါတယ်။
မိမိဘယ်ရာသီဖွားဆိုတာကို သိချင်ရင်တော့ ... မိမိမွေးသည့်လ၊ ရက် (အင်္ဂလိပ်ပြက္ခဒိန်မှ) တို့ကို အောက်ဖော်ပြပါ ရာသီခွင်များနှင့် တိုက်၍ကြည့်ရှုနိုင်ပါတယ်။
(၁) ARIES (မိဿရာသီဖွား)
မတ်လ ၂၁ ရက်မှ ဧပြီလ ၂၀ ရက်အတွင်း မွေးဖွားသူများ
(၂) TA**US (ပြိဿရာသီဖွား)
ဧပြီလ ၂၁ ရက်မှ မေလ ၂၁ ရက်အတွင်း မွေးဖွားသူများ
(၃) GEMINI (မေထုန်ရာသီဖွား)
မေလ ၂၂ ရက်မှ ဇွန်လ ၂၁ ရက်အတွင်း မွေးဖွားသူများ
(၄) CANCER (ကရကဋ်ရာသီဖွား)
ဇွန်လ ၂၂ ရက်မှ ဇူလိုင်လ ၂၂ ရက်အတွင်း မွေးဖွားသူများ
(၅) LEO (သိဟ်ရာသီဖွား)
ဇူလိုင်လ ၂၃ ရက်မှ သြဂုတ်လ ၂၃ ရက်အတွင်း မွေးဖွားသူများ
(၆) VIRGO (ကန်ရာသီဖွား)
သြဂုတ်လ ၂၄ ရက်မှ စက်တင်ဘာလ ၂၂ ရက်အတွင်း မွေးဖွားသူများ
(၇) LIBRA (တူရာသီဖွား)
စက်တင်ဘာလ ၂၃ ရက်မှ အောက်တိုဘာလ ၂၃ ရက်အတွင်း မွေးဖွားသူများ
(၈) SCORPIO (ဗြိစ္ဆာရာသီဖွား)
အောက်တိုဘာလ၂၄ ရက်မှ နိုဝင်ဘာလ ၂၂ ရက်အတွင်း မွေးဖွားသူများ
(၉) SAGITTARIUS (ဓနုရာသီဖွား)
နိုဝင်ဘာလ ၂၃ ရက်မှ ဒီဇင်ဘာလ ၂၁ ရက်အတွင်း မွေးဖွားသူများ
(၁၀) CAPRICORN (မကာရရာသီဖွား)
ဒီဇင်ဘာလ ၂၂ ရက်မှ ဇန်နဝါရီလ ၂၀ ရက်အတွင်း မွေးဖွားသူများ
(၁၁) AQUARIUS (ကုံရာသီဖွား)
ဇန်နဝါရီလ ၂၁ ရက်မှ ဖေဖော်ဝါရီလ ၁၈ ရက်အတွင်း မွေးဖွားသူများ
(၁၂) PISCES (မိန်ရာသီဖွား)
ဖေဖော်ဝါရီလ ၁၉ ရက်မှ မတ်လ ၂၀ ရက်အတွင်း မွေးဖွားသူများ
ဆရာ စံ-ဇာဏီဘို၏ မြန်မာ့ရိုးရာ အဋ္ဌဟောကိန်း (နေ့နံအလိုက်) များနှင့် ကံပွင့်လာဘ်ပွင့်အစီအစဉ်များ၊ လက္ခဏာပညာစာစဉ်များကို အောက်ပါ link တွင် ဝင်ရောက်လေ့လာဝယ်ယူနိုင်ပါပြီ။
https://todaybooks.com.mm/shop/authors/647
#ကိုယ်တိုင်ဆရာဖြင့် တိုက်ရိုက်တွေ့ဆုံဗေဒင်မေးမြန်းလိုပါက ဆရာစံ-ဇာဏီဘို ဖုန်း - ၀၁ ၃၆၄၁၆၃၉ ၊ ၀၉ ၄၂၁၇၄၅၈၄၀ ကို ဆက်သွယ်နိုင်ပါတယ်။
#ဆရာစံ-ဇာဏီဘို
#ဗေဒင်
#2026
14/05/2026
ဖွံ့ဖြိုးဆဲနိုင်ငံတွေက လူငယ် သန်း ၈၀၀ ခန့် အလုပ်အကိုင်အကျပ်အတည်းကြီးနဲ့ ကြုံရနိုင်
--------------------------------
ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လာမယ့် ၁၀ နှစ်ကနေ ၁၅ နှစ်အတွင်း လုပ်ငန်းခွင်ဝင်လာမယ့် လူငယ်အရေအတွက်နဲ့ အလုပ်အကိုင်ရရှိနိုင်မှုကြားမှာ ကြီးမားတဲ့ကွာဟချက်ကြီးတစ်ခု ဖြစ်လာတော့မယ်လို့ ကမ္ဘာ့ဘဏ်က သတိပေးလိုက်ပါတယ်။ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ အာဂျေးဘန်ဂါ (Ajay Banga) ရဲ့ ပြောကြားချက်အရ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လူငယ်ပေါင်း ၁.၂ ဘီလီယံလောက်ဟာ အလုပ်လုပ်နိုင်တဲ့အရွယ်ကို ရောက်လာတော့မှာပါ။ ဒါပေမဲ့ လက်ရှိစီးပွားရေး အခြေအနေတွေအရ ဖန်တီးပေးနိုင်မယ့် အလုပ်အကိုင်နေရာပေါင်းက သန်း ၄၀၀ လောက်ပဲ ရှိနေပါတယ်။ ဒါကြောင့် လာမယ့် ဆယ်စုနှစ်တစ်ခုကျော်ကာလတွေမှာ လူငယ်ပေါင်း သန်း ၈၀၀ လောက်ဟာ ကြီးမားတဲ့အလုပ်အကိုင်အခွင့်အလမ်းအကျပ်အတည်းနဲ့ ရင်ဆိုင်ရဖို့ ရှိနေတာပါ။ ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ လက်ရှိဖြစ်ပွားနေတဲ့ အရှေ့အလယ်ပိုင်းစစ်ပွဲလို ရေတိုအကျပ်အတည်းတွေကိုပဲ အာရုံစိုက်မနေဘဲ အလုပ်အကိုင်ဖန်တီးရေး၊ လျှပ်စစ်မီးနဲ့ သောက်သုံးရေရရှိရေး စတဲ့ ရေရှည်စိန်ခေါ်မှုတွေကိုပါ တစ်ပြိုင်နက်တည်း ဖြေရှင်းဖို့ လိုအပ်နေပြီလို့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌကသတိပေးပါတယ်။
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့နဲ့ ကမ္ဘာ့ဘဏ်တို့နှစ်စဉ်တွေ့ဆုံဆွေးနွေးပြီး ကမ္ဘာ့နိုင်ငံအသီးသီးက ဗဟိုဘဏ်ဥက္ကဋ္ဌတွေ၊ ဘဏ္ဍာရေး ဝန်ကြီးတွေ၊ ပုဂ္ဂလိကနဲ့အရပ်ဘက် အဖွဲ့အစည်းတွေ၊ ပညာရှင်တွေပါတက်ရောက်တဲ့ နွေဦးအစည်းအဝေးတွေမှာ အာဂျေးဘန်ဂါက အဲဒီလိုပြောကြားခဲ့တာပါ။ “ကျွန်တော်တို့က လမ်းလည်းလျှောက်ရင်း ပီကေလည်း ဝါးနိုင်ရပါမယ် (ပြဿနာတွေကို တစ်ပြိုင်နက် ကိုင်တွယ်နိုင်ရမယ်လို့ ဆိုလို)။ ရေတိုပြဿနာတွေကို ဖြေရှင်းနေသလိုပဲ အလုပ်အကိုင်အကျပ်အတည်းနဲ့ ရေရရှိရေးတို့လို ရေရှည်ကိစ္စတွေကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး" လို့ မစ္စတာဘန်ဂါက ဆိုပါတယ်။ ဒီအကျပ်အတည်းအတွက် ကြိုတင်ပြင်ဆင်တဲ့အစီအမံတစ်ရပ်အနေနဲ့ ကမ္ဘာ့ဘဏ်ဟာ AI နည်းပညာရဲ့ ခြိမ်းခြောက်မှုကို မခံရနိုင်ဘဲ အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်မယ့် အောက်ပါကဏ္ဍ ၅ ခုမှာ အဓိကထား ရင်းနှီးမြှုပ်နှံသွားဖို့ စီစဉ်နေပါတယ်။
အဲဒီကဏ္ဍတွေကတော့ -
(၁) အခြေခံအဆောက်အအုံ ကဏ္ဍ
(၂) စိုက်ပျိုးရေး ကဏ္ဍ
(၃) အခြေခံ ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍ
(၄) ခရီးသွားလုပ်ငန်း ကဏ္ဍ
(၅) တန်ဖိုးမြှင့် ကုန်ထုတ်လုပ်မှု ကဏ္ဍ
တို့ဖြစ်ပါတယ်။
ကမ္ဘာ့ဘဏ်ဟာ အလုပ်အကိုင်ဖန်တီးပေးရေးအပြင် လူဦးရေ တစ်ဘီလီယံကျော်အတွက် သန့်ရှင်းတဲ့ သောက်သုံးရေရရှိဖို့နဲ့ အာဖရိကရှိ အိမ်ထောင်စုပေါင်း သန်း ၃၀၀ အတွက် လျှပ်စစ်မီးရရှိဖို့လည်း ရည်မှန်းထားပါတယ်။ ဒီရည်မှန်းချက်တွေ အောင်မြင်ဖို့ဆိုရင် နိုင်ငံတကာအစိုးရတွေနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှသာ လူငယ် သန်း ၈၀၀ ရဲ့ အလုပ်အကိုင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်တယ်လို့လည်း ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။
ကိုးကား - Bangkok Post
12/05/2026
စာဖတ်ရတာကို လူငယ်တွေနှစ်သက်နေကြဆဲဖြစ်ကြောင်း သက်သေပြခဲ့တဲ့ ဘန်ကောက်စာအုပ် ပွဲတော်
-------------------------------------------
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ၁၂ ရက်ကြာ ကျင်းပခဲ့တဲ့ ၅၄ ကြိမ်မြောက် အမျိုးသား စာအုပ် ပွဲတော်နဲ့ ၂၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ စာအုပ်ပွဲတော်ကြီးက ဆိုရှယ်မီဒီယာခေတ်၊ AI ခေတ်မှာလည်း လူငယ်တွေဟာ စာဖတ်ရတာကိုနှစ်သက်နေကြဆဲ ဖြစ်ကြောင်း သက်သေပြသွားခဲ့ ပါတယ်။ အဆိုပါပြပွဲဟာ ရည်မှန်းချက်အတိုင်း တခဲနက်အောင်မြင်ခဲ့တာပါ။ ကိန်းဂဏန်း အချက်အလက်တွေ အရကြည့်မယ်ဆိုရင် ပွဲတော်ကိုလာရောက်လည်ပတ်သူပေါင်း ၁.၃ သန်းရှိခဲ့ပြီး စာအုပ်ရောင်းအား အနေနဲ့ ဘတ် သန်းပေါင်း ၄၀၀ ( အမေရိကန်ဒေါ်လာ ၁၁ သန်းခန့်) အထိရှိခဲ့ပါတယ်။ ဒီရောင်းအားဟာ ချမှတ်ထားတဲ့ ရောင်းအားရည်မှန်းချက်ထက်တောင် ကျော်လွန်သွားခဲ့တာဖြစ်ပါတယ်။
Gen Z နဲ့ Gen Alpha တွေအများဆုံးလာအားပေးခဲ့တဲ့ပွဲ
ဒီနှစ်ပြပွဲရဲ့ ထူးခြားချက်ကတော့ စာအုပ်လောကရဲ့ အနာဂတ်ဟာ လူငယ်တွေရဲ့ လက်ထဲမှာ ရှိနေတယ် ဆိုတာပါပဲ။ ထိုင်းနိုင်ငံ စာအုပ်ထုတ်ဝေသူများနှင့် ရောင်းချသူများအသင်း (PUBAT) ဥက္ကဋ္ဌ မစ္စတာ ဆူဝစ် ရန်ဝပ်တနာပိုင်ဘွန်းရဲ့ ပြောကြားချက်အရ လာရောက်သူ စုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်းဟာ အသက် ၁၂ နှစ်ကနေ ၃၅ နှစ်အတွင်းရှိတဲ့ Gen Z နဲ့ Gen Alpha လူငယ်တွေ ဖြစ်တာကို တွေ့ရပါတယ်။ ဒီအချက်ကိုကြည့်ရင် လူငယ်တွေဟာ စခရင်ပေါ်မှာပဲ အချိန်ကုန်နေကြတာမဟုတ်ဘဲ စာအုပ်တွေကို ကိုင်တွယ်ဖတ်ရှုရတဲ့ အရသာကိုလည်း အခုထိ နှစ်ခြိုက်နေကြဆဲပဲလို့ ယူဆရမှာပါ။
ဘယ်စာအုပ်တွေအများဆုံး ရောင်းရလဲ
ယခုနှစ် စာအုပ်ပွဲတော်မှာ ရောင်းအားအကောင်းဆုံး စာအုပ်အမျိုးအစားတွေကတော့ -Comics & Manga၊ ဝတ္ထုရှည်များ၊ ကိုယ်ရည်ကိုယ်သွေးမြှင့်တင်ရေး (Self-improvement)၊ သမိုင်းကြောင်းနှင့် ဗေဒင်ဆိုင်ရာစာအုပ်များပဲဖြစ်ပါတယ်။ ဒီနှစ်မှာ စာအုပ်တိုက်ပေါင်း ၃၂၂ တိုက်က ဆိုင်ခန်းပေါင်း ၉၁၄ ခန်းနဲ့ ပါဝင်ခဲ့တာကြောင့် မနှစ်ကထက် ၁၀ ရာခိုင်နှုန်း ပိုများခဲ့ပါတယ်။ ဒီပွဲမှာနည်းပညာကိုလည်း ထည့်သွင်းအသုံးပြုခဲ့တာကိုလည်း တွေ့ရပြီး စာအုပ်ဝယ်ယူသူတွေဟာ QR Code တွေကို သုံးပြီး အချက်အလက်ရှာတာ၊ ငွေပေးချေတာတွေကို ပိုမိုလုပ်ဆောင်ခဲ့ကြပါတယ်။ ဒီနှစ်စာအုပ်ပွဲတော်က အောင်မြင်ခဲ့ပြီး လူငယ်အများအပြားကိုဆွဲဆောင်နိုင်ခဲ့တယ် ဆိုပေမယ့် ထုတ်ဝေသူတွေအတွက် စိန်ခေါ်မှုကတော့ ရှိနေဆဲပါပဲ။ ဒီနေ့ခေတ်မှာ ဖျော်ဖြေရေးနဲ့ မီဒီယာတွေ ပုံစံမျိုးစုံနဲ့ရှိနေတာကြောင့် လူငယ်တွေအကြိုက်နဲ့ ကိုက်ညီမယ့် အကြောင်းအရာသစ်တွေကို အမြဲဆန်းသစ်ဖန်တီးနေနိုင်မှသာ လူငယ်တွေစာဖတ်ချင်အောင် ဆက်လက်ဆွဲဆောင်ထားနိုင်မှာပဲ ဖြစ်ပါတယ်။
ကိုးကား - Bangkok Post
10/05/2026
ဆီဈေးကြီးတဲ့ဒဏ်ကို AI သုံးပြီး ဖြေရှင်းနေတဲ့ ထိုင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ
----------------------------------------
ဆီဈေးတွေ အဆမတန် တက်နေတဲ့ဒဏ်ကို ခံနိုင်ဖို့ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး ပို့ဆောင်ရေးလုပ်ငန်းတွေဖြစ်တဲ့ KEX Express နဲ့ J&T Express တို့ဟာ AI နည်းပညာနဲ့ လမ်းကြောင်းတွက်ချက်တဲ့ စနစ်တွေကိုသုံးပြီး ကုန်ကျစရိတ် လျှော့ချဖို့ ကြိုးစားနေကြပါတယ်။ အခုချိန်မှာ ကမ္ဘာ့ဆီဈေးနှုန်းတွေက မတည်ငြိမ်ဘဲ ပို့ဆောင်ခတွေ တက်နေပေမယ့် အွန်လိုင်းအရောင်းအဝယ် (e-commerce) ကဏ္ဍကတော့ ဆက်ပြီး တိုးတက်နေဆဲပါပဲ။ ဒီလိုအခြေအနေမှာ လုပ်ငန်းရဲ့ စွမ်းဆောင်ရည်ကို မကျစေဘဲ ကုန်ကျစရိတ်ကို ထိန်းချုပ်နိုင်ဖို့အတွက် AI နည်းပညာနဲ့ လမ်းကြောင်းအကောင်းဆုံးဖြစ်အောင် တွက်ချက်ပေးတဲ့ (Route Optimisation) စနစ်တွေကို ပိုပြီး အားကိုးလာကြတာ ဖြစ်ပါတယ်။
KEX Express (Thailand) ရဲ့ စီအီးအို (CEO) ဖြစ်သူ မစ္စတာ စတီဖင်ဘောင်က သူတို့အနေနဲ့ ဆီဈေးနှုန်း အတက်အကျကို မျက်ခြည်မပြတ် စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။ စတီဖင်ဘောင်ရဲ့ ပြောပြချက်အရ KEX ဟာ ပို့ဆောင်ရေးကွန်ရက်တွေကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်တာ၊ လမ်းကြောင်းတွေကို စနစ်တကျ စီစဉ်တာတွေကနေတစ်ဆင့် ကုန်ကျစရိတ်တွေကို လျှော့ချနိုင်အောင် စီမံနေတယ်လို့ သိရပါတယ်။ “ကျွန်တော်တို့ရဲ့ အဓိကဦးစားပေးကတော့ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုကို မှီခိုနေရတဲ့ အွန်လိုင်း အရောင်းသမားတွေနဲ့ အသေးစား၊ အလတ်စား လုပ်ငန်းရှင်တွေအတွက် တည်ငြိမ်တဲ့ ဝန်ဆောင်မှုတစ်ခု ပေးနိုင်ဖို့ပါပဲ” လို့ မစ္စတာဘောင်က ပြောပါတယ်။
J&T Express ကလည်း စွမ်းအင်လေလွင့်မှုကို လျှော့ချနိုင်ဖို့နဲ့ ပို့ဆောင်ရေး စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ဖို့အတွက် ဒေတာအခြေပြု ယာဉ်မောင်းစီမံခန့်ခွဲမှု အစီအစဉ်များကို ကျင့်သုံးလျက်ရှိပါတယ်။ ဒါ့အပြင် မှာယူသူဆီပို့ဆောင်တဲ့ နောက်ဆုံးအဆင့် ပို့ဆောင်ရေးအတွက် လျှပ်စစ်ဆိုင်ကယ်တွေကို စတင်အသုံးပြုနေပြီဖြစ်ကာ ရေရှည်အတွက် အခြားစွမ်းအင်သုံး ယာဉ်နည်းပညာတွေကိုလည်း ဆက်လက်လေ့လာ တီထွင်နေကြောင်း သိရပါတယ်။ ဒါ့အပြင် စားသုံးသူတွေရဲ့ လူနေမှုပုံစံ ပြောင်းလဲလာမှုနဲ့အတူ J&T ဟာ "Scan to Pick Up" အမည်ရှိ ဝန်ဆောင်မှုအသစ်ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ Scan to Pick Up ဆိုတာက အသုံးပြုသူတွေအနေနဲ့ QR code ကို စကန်ဖတ်ရုံဖြင့် အချိန်မရွေး၊ နေရာမရွေး ပါဆယ်တွေပေးပို့နိုင်ဖို့ စီစဉ်ပေးခြင်းဖြစ်ပြီး ဝန်ထမ်းတွေက သတ်မှတ်ထားတဲ့ နေရာတွေ မှာ လာရောက်သိမ်းဆည်းပေးမှာ ဖြစ်ပါတယ်။
Grab Thailand ရဲ့ အကြီးအကဲဖြစ်သူ မချန်ဆူဒါ ကတော့ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက တက္ကစီနဲ့ အွန်လိုင်းယာဉ်စီးနင်းခတွေ တိုးမြှင့်တာကို ကန့်သတ်ထားတာကြောင့် အားလုံးအတွက် မျှတတဲ့ ဈေးနှုန်းဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားနေရတယ်လို့ ဆိုပါတယ်။
08/05/2026
ရွှေမည်း (သို့မဟုတ်) ရေနံဈေးကွက် လည်ပတ်ပုံ၊ ဈေးနှုန်းသတ်မှတ်ပုံနှင့် ခွဲဝေဖြန့်ဖြူးပုံ
--------------------------------------------
နေရောင်ခြည်စွမ်းအင်နဲ့ အခြားစွမ်းအင်နည်းပညာအသစ်တွေအမျိုးမျိုးပေါ်လာနေပေမယ့်လည်း လက်ရှိအချိန်ထိ ရွှေမည်းလို့တင်စားခေါ်ဝေါ်ရတဲ့ ရေနံဟာ ကမ္ဘာကြီးရဲ့အင်ဂျင်ကိုမောင်းနှင်ပေးနေတဲ့ အရေးအကြီးဆုံးကုန်စည်တစ်ခု ဖြစ်နေဆဲပါပဲ။ ကမ္ဘာ့နိုင်ငံတိုင်းက ရေနံကို မရှိမဖြစ်လိုအပ်နေတာ ကြောင့် ရေနံဟာ ကုန်စည်တစ်ခုသက်သက်တင်မကဘဲ နိုင်ငံရေး၊ စစ်ရေးနဲ့ စီးပွားရေးတည်ငြိမ်မှုတို့ကို အဆုံးအဖြတ်ပေးနိုင်တဲ့ စွမ်းအားကိုပဲပိုင်ဆိုင်ထားပါတယ်။ ဒီလိုအရေးပါလှတဲ့ ရေနံရဲ့ ဈေးနှုန်းကို ဘယ်သူတွေကဘယ်လိုသတ်မှတ်သလဲ၊ ဈေးကွက်ကဘယ်လိုလည်ပတ်ပြီး ဘယ်လိုပုံစံနဲ့ ခွဲဝေဖြန့်ဖြူးသလဲဆိုတာကို လေ့လာကြည့်ကြရအောင်ပါ။
ရေနံဈေးနှုန်းကို အဆုံးအဖြတ်ပေးတဲ့ စံနှုန်းများ
ကမ္ဘာဒေသအသီးသီးမှာ ထွက်ရှိတဲ့ ရေနံစိမ်း (Crude Oil) တိုင်းက အရည်အသွေး တူညီကြတာ မဟုတ်ပါဘူး။ ဆာလဖာ (Sulfur) ပါဝင်မှုနည်းတဲ့ (Sweet) ရေနံစိမ်းနဲ့ သိပ်သည်းဆနည်းတဲ့ (Light) ရေနံစိမ်းတို့ဟာ သန့်စင်ရလွယ်ကူလို့ ဈေးပိုရလေ့ရှိပါတယ်။ ကမ္ဘာ့ရေနံဈေးကွက်မှာ ဈေးနှုန်းသတ်မှတ်ဖို့ အဓိကရည်ညွှန်းတဲ့ စံသတ်မှတ်ချက်သုံးမျိုး ရှိပါတယ်။
• Brent Crude: မြောက်ပင်လယ် (North Sea) မှ ထွက်ရှိပြီး ဥရောပနဲ့ အာဖရိက ဈေးကွက်တွေအတွက် အဓိက စံနှုန်းပါ။ ကမ္ဘာ့ရေနံအရောင်းအဝယ်ရဲ့ ၆၀ ရာခိုင်နှုန်းကျော်က Brent ဈေးနှုန်းကို အခြေခံသတ်မှတ်ပါတယ်။
• West Texas Intermediate (WTI): အမေရိကန်ပြည်ထောင်စုမှ ထွက်ရှိတဲ့ အရည်အသွေးမြင့် ရေနံစိမ်းဖြစ်ပါတယ်။ အမေရိကန်ပြည်တွင်းနဲ့ မြောက်အမေရိက ဈေးကွက်အတွက် အဓိကစံနှုန်းပါ။
• Dubai/Oman: အရှေ့အလယ်ပိုင်းမှ ထွက်ရှိပြီး အာရှဈေးကွက်ကို တင်ပို့တဲ့ ရေနံတွေအတွက် အဓိကစံနှုန်းဖြစ်ပါတယ်။
ဈေးကွက်လည်ပတ်ပုံနဲ့ ဈေးနှုန်းသတ်မှတ်ချက် ယန္တရား
ရေနံဈေးနှုန်းက ကုန်စည်ဒိုင် (Commodity Exchanges) တွေပေါ်မှာ အဓိက အခြေခံပါတယ်။ ရောင်းသူတွေနဲ့ ဝယ်သူတွေဟာ "လက်ငင်းဈေး" (Spot Price) နဲ့ "အနာဂတ်ဈေး" (Futures Contract) ဆိုပြီး အရောင်းအဝယ်နှစ်မျိုးလုပ်ကြပါတယ်။ အနာဂတ်ဈေးဆိုတာက ရင်းနှီးမြှုပ်နှံသူတွေနဲ့ ရေနံကုမ္ပဏီကြီးတွေဟာ နောင် ၃ လ၊ ဒါမှမဟုတ် ၆ လအကြာမှ ရရှိမယ့်ရေနံကို လက်ရှိပေါက်ဈေးနဲ့ ကြိုတင်စာချုပ်ချုပ်ဆို ရောင်းဝယ်တာကို ပြောတာပါ။ အနာဂတ်ဈေးနဲ့အရောင်းအဝယ်လုပ်ခြင်းဟာ ဈေးနှုန်း အတက်အကျဒဏ်မှ ကာကွယ်ဖို့ အတွက် (Hedging) ဖြစ်သလို၊ ကုန်သည်တွေအတွက် အနာဂတ်ဈေးအတက်၊အကျကို ခန့်မှန်းရတဲ့ ရင်းနှီးမြုပ်နှံမှုဈေးကွက်တစ်ခုလည်း ဖြစ်ပါတယ်။ NYMEX (New York) နဲ့ ICE (London) တို့ဟာ ကမ္ဘာ့အကြီးဆုံး ရေနံအရောင်းအဝယ်ပြုလုပ်ရာ နေရာတွေဖြစ်ကြပါတယ်။
ဒေါ်လာရဲ့ အခန်းကဏ္ဍ (The Petrodollar)
ကမ္ဘာ့ရေနံကို အမေရိကန်ဒေါ်လာနဲ့သာ အဓိက အရောင်းအဝယ်ပြုလုပ်ပါတယ်။ ဒါကြောင့် အမေရိကန်ဒေါ်လာ တန်ဖိုးတက်ပါက အခြားငွေကြေးသုံးစွဲတဲ့ နိုင်ငံတွေအတွက် ရေနံဈေး ပိုကြီးသွားလေ့ရှိပြီး ဝယ်လိုအား ကျဆင်းတတ်ပါတယ်။
ရေနံဈေးကွက်ကို ထိန်းချုပ်ထားတဲ့ အင်အားစုများ
ရေနံဈေးနှုန်းဟာ ရိုးရှင်းတဲ့ ဝယ်လိုအားနဲ့ ရောင်းလိုအား (Supply and Demand) အပေါ်မှာတင်မကဘဲ အောက်ပါအချက်တွေအပေါ်မှာလည်း မူတည်နေပါတယ်။
OPEC နဲ့ OPEC+ ရဲ့ ဩဇာ
ဆော်ဒီအာရေဗျ ဦးဆောင်တဲ့ OPEC အဖွဲ့နဲ့ ရုရှား ဦးဆောင်တဲ့ မဟာမိတ်တွေ (OPEC+) ဟာ ကမ္ဘာ့ရေနံထုတ်လုပ်မှုရဲ့ ထက်ဝက်နီးပါးကို ထိန်းချုပ်ထားပါတယ်။ ဒီအဖွဲ့က ရေနံဈေးနှုန်းကျဆင်းပါက ထုတ်လုပ်မှု လျှော့ချခြင်းဖြင့် ဈေးနှုန်းကို ပြန်လည်မြှင့်တင်တာမျိုး လုပ်ဆောင်နိုင်ပါတယ်။
ပထဝီနိုင်ငံရေး ပဋိပက္ခများ
အရှေ့အလယ်ပိုင်းဒေသမှာ စစ်ပွဲဖြစ်ပွားခြင်း၊ ဒါမှမဟုတ် ယူကရိန်း - ရုရှား စစ်ပွဲတို့လို အခြေအနေ တွေက ရေနံတင်ပို့မှုလမ်းကြောင်းကို အနှောင့်အယှက်ဖြစ်စေလို့ ဈေးနှုန်းကို ရုတ်တရက် ထိုးတက်စေပါတယ်။
Shale Oil ထုတ်လုပ်မှုနည်းပညာ
Shale oil (ရှေးလ်ရေနံ) ဆိုတာက မြေအောက်အနက်ပိုင်းရှိ အနည်ကျကျောက်လွှာ (Shale Rock) များကြားမှာ ပိတ်မိနေတဲ့ ရေနံစိမ်းတစ်မျိုး ဖြစ်ပါတယ်။ ၎င်းက ပုံမှန်ရေနံစိမ်းတွေလို ရေနံအိုင်အဖြစ် စုစည်းတည်ရှိနေခြင်းမဟုတ်ဘဲ ကျောက်လွှာများအတွင်း ပြန့်နှံ့ပိတ်မိနေတာ
ကြောင့် ထုတ်ယူရာမှာ ပိုမိုခက်ခဲနက်နဲတဲ့ နည်းပညာတွေ လိုအပ်ပါတယ်။ အထူးသဖြင့် အလျားလိုက်တူးဖော်ခြင်း (Horizontal Drilling) နဲ့ ရေ၊ သဲ၊ ဓာတုပစ္စည်းတွေကို ဖိအားပြင်းပြင်းနဲ့သုံးပြီး ကျောက်လွှာတွေကို ခွဲထုတ်တဲ့ Hydraulic Fracturing (Fracking) နည်းပညာကို ပေါင်းစပ်အသုံးပြုမှသာ ထုတ်ယူနိုင်တာ ပါ။
ဒီ Shale oil ထုတ်လုပ်မှု အောင်မြင်လာခြင်းက အမေရိကန်ပြည်ထောင်စုကို ကမ္ဘာ့အကြီးဆုံး ရေနံထုတ်လုပ်တဲ့နိုင်ငံ ဖြစ်လာစေခဲ့ပြီး OPEC အဖွဲ့ရဲ့ ဈေးကွက်လွှမ်းမိုးမှုကို ဟန်ချက်ညီအောင် ထိန်းညှိပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပုံမှန်ရေနံထက် ထုတ်လုပ်မှုစရိတ် ပိုမိုမြင့်မားခြင်းနဲ့ သဘာဝ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုရှိနိုင်ခြင်းတို့လို စိန်ခေါ်မှုတွေလည်း ရှိနေပါတယ်။
ရေနံ ဖြန့်ဖြူးမှုလမ်းကြောင်း
ရေနံစိမ်း မြေအောက်ကနေ ထွက်လာတဲ့အဆင့်ကနေ လူတွေရဲ့ ကားဆီတိုင်ကီထဲ ရောက်တဲ့အထိ အဆင့် ၃ ဆင့်ကို ဖြတ်သန်းရပါတယ်။
၁။ Upstream (ရှာဖွေခြင်းနဲ့ ထုတ်လုပ်ခြင်း)
ရေနံတွင်းများ ရှာဖွေခြင်း၊ တူးဖော်ခြင်းနဲ့ မြေပေါ်သို့ ထုတ်ယူခြင်းတို့ကို လုပ်ဆောင်တဲ့ အဆင့်ဖြစ်ပါတယ်။ ဒီအဆင့်က ကုန်ကျစရိတ် အလွန်များပြားပြီး နည်းပညာ မြင့်မားဖို့လည်း လိုအပ်ပါတယ်။
၂။ Midstream (သယ်ယူပို့ဆောင်ခြင်းနဲ့ သိုလှောင်ခြင်း)
တူးဖော်ရရှိထားတဲ့ ရေနံစိမ်းတွေကို ပိုက်လိုင်းတွေ (Pipelines)၊ ရေနံတင်သင်္ဘောကြီးတွေ (Tankers) ၊ ရထားတွေနဲ့ သိုလှောင်ရုံတွေဆီကို ပို့ဆောင်တဲ့အဆင့်ဖြစ်ပါတယ်။ "Chokepoints" လို့ခေါ်တဲ့ ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) လိုနေရာတွေဟာ ကမ္ဘာ့ရေနံသယ်ယူပို့ဆောင်ရေးအတွက် အလွန် အရေးပါတဲ့ ဗျူဟာမြောက်နေရာတွေ ဖြစ်ပါတယ်။
၃။ Downstream (သန့်စင်ခြင်းနဲ့ ရောင်းချခြင်း)
ရေနံချက်စက်ရုံတွေ (Refineries)မှာ ရေနံစိမ်းကို ဓာတ်ဆီ၊ ဒီဇယ်၊ လေယာဉ်ဆီနဲ့ ကတ္တရာ ဆိုပြီး အမျိုးအစား ခွဲခြားချက်လုပ်ပြီးနောက် လက်လီအရောင်းဆိုင်တွေမှာ ရောင်းချတဲ့အဆင့်ဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ပြောရရင် ကမ္ဘာ့ရေနံဈေးကွက်ဟာ သာမန်အရောင်းအဝယ်သက်သက်သာမကဘဲ နိုင်ငံရေး ကစားကွက်တွေ၊ နည်းပညာ တိုးတက်မှုတွေနဲ့ လူသားတို့ရဲ့ စွမ်းအင်လိုအပ်ချက်တို့ပါ ပေါင်းစပ်ပါဝင်နေတဲ့ ရှုပ်ထွေးတဲ့ ယန္တရားကြီးတစ်ခု ဖြစ်ပါတယ်။ ရေနံဈေးနှုန်း အတက်အကျဟာ လူတွေရဲ့ နေ့စဉ်စားဝတ်နေရေးကနေ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေး တည်ငြိမ်မှုအထိ သက်ရောက်မှု ရှိနေပါတယ်။ ကမ္ဘာကြီးက စွမ်းအင်အသစ်တွေကို တီထွင်ဖန်တီးနိုင်ဖို့ ကြိုးစားနေပေမယ့်လည်း လာမယ့် ဆယ်စုနှစ်အနည်းငယ်အထိ ရေနံဟာ ကမ္ဘာကြီးရဲ့အင်ဂျင်အဖြစ် ဆက်လက်တည်ရှိနေဦးမှာ ဖြစ်ပါတယ်။
06/05/2026
ထိုင်ဝမ် foodpanda ကို အမေရိကန်ဒေါ်လာ သန်း ၆၀၀ နဲ့ဝယ်ပြီး အရှေ့တောင်အာရှပြင်ပထိ ခြေလှမ်းချဲ့ထွင်လာတဲ့ Grab
------------------------------------------
မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာဈေးကွက်အခိုင်အမာရရှိထားတဲ့ Grab ကုမ္ပဏီဟာ အခုအခါ အရှေ့တောင်အာရှပြင်ပကို ပထမဆုံးအကြိမ်အဖြစ် စတင်ခြေဆန့်လာပြီ ဖြစ်ပါတယ်။ အစားအသောက် ပို့ဆောင်ရေးလုပ်ငန်း ပြိုင်ဆိုင်မှု ပြင်းထန်လှတဲ့ ထိုင်ဝမ်ဈေးကွက်ကို ဝင်ရောက်နိုင်ဖို့ အတွက် Grab က foodpanda ထိုင်ဝမ် လုပ်ငန်းကို ဝယ်ယူပြီး အဲဒီလို ခြေလှမ်းချဲ့ထွင် လိုက်တာပါ။ စင်ကာပူအခြေစိုက် Grab Holdings Limited က ဂျာမနီအခြေစိုက် Delivery Hero ကုမ္ပဏီပိုင် ထိုင်ဝမ် foodpanda လုပ်ငန်းကို အမေရိကန်ဒေါ်လာ သန်း ၆၀၀ နဲ့ ဝယ်ယူသွားမှာဖြစ်ကြောင်း ၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့မှာ တရားဝင် ကြေညာခဲ့ပါတယ်။ ထိုင်ဝမ်ဟာ Grab ရဲ့ ကိုးခုမြောက် ဈေးကွက် ဖြစ်ပြီး အရှေ့တောင်အာရှ ပြင်ပ ပထမဆုံးဈေးကွက်လည်း ဖြစ်ပါတယ်။
Grab ရဲ့ ပူးတွဲတည်ထောင်သူနဲ့ စီအီးအို (CEO) ဖြစ်သူ အန်သိုနီတန် (Anthony Tan) က “ဒီဝယ်ယူမှုဟာ Grab ရဲ့ ဈေးကွက်ချဲ့ထွင်မှုအတွက် မှတ်တိုင်တစ်ခုပါပဲ။ လူဦးရေ ထူထပ်ပြီး သွားလာမှုများပြားတဲ့ မြို့ကြီးတွေမှာ ပစ္စည်းပို့ဆောင်ရေး လုပ်ငန်းတွေကို စနစ်တကျ စီမံခန့်ခွဲနိုင်တဲ့ ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေဟာ ထိုင်ဝမ်ဈေးကွက်နဲ့ အလွန်ကို ကိုက်ညီမှုရှိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ထိုင်ဝမ်ရဲ့ လူဦးရေ ၂၃ သန်းခန့်ဟာ အရှေ့တောင်အာရှ စားသုံးသူတွေလိုပဲ မိုဘိုင်းလ်အက်ပ်တွေကနေတစ်ဆင့် ဝန်ဆောင်မှု ရယူရတာကို နှစ်သက်ကြတာကြောင့် ဒီဈေးကွက်မှာ အောင်မြင်မှုရဖို့ အခွင့်အလမ်းကောင်းတွေရှိနေတယ်လို့လည်း သူကဆိုပါတယ်။ ထိုင်ဝမ်ရဲ့ အစားအသောက် ပို့ဆောင်ရေးဈေးကွက်ကို ယခင်က Uber Eats နဲ့ foodpanda တို့က အဓိက လက်ဝါးကြီးအုပ် စိုးမိုးထားခဲ့တာပါ။ ၂၀၂၄ ခုနှစ်၊ မေလအတွင်းက Uber က ထိုင်ဝမ် foodpanda ကို အမေရိကန်ဒေါ်လာ သန်း ၉၅၀ သန်းနဲ့ ဝယ်ယူဖို့ ကြိုးပမ်းခဲ့ပါသေးတယ်။ ဒါပေမဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှာ ထိုင်ဝမ်ရဲ့ မျှတသော ကုန်သွယ်မှုကော်မရှင် (Fair Trade Commission - FTC) က အဲဒီဝယ်ယူမယ့်အစီအစဉ်ကို ပယ်ချခဲ့ပါတယ်။
Uber က foodpanda ကိုဝယ်ယူလိုက်ပါက ဈေးကွက်ဝေစု ၉၀ ရာခိုင်နှုန်းအထိ ရရှိသွားနိုင်ပြီး ဈေးကွက်ကို တစ်ဦးတည်းလက်ဝါးကြီးအုပ်ကာ မျှတစွာပြိုင်ဆိုင်မှုဆုံးရှုံးသွားနိုင်တာကြောင့် FTC က တားမြစ်ခဲ့တာပါ။ ဒါပေမဲ့ Grab ကတော့ ထိုင်ဝမ်ဈေးကွက်မှာ ယခင်က လုပ်ငန်းလုပ်ကိုင်နေခြင်း မရှိတဲ့ ကုမ္ပဏီအသစ် ဖြစ်တာကြောင့် ယခုဝယ်ယူမှုဟာ ဈေးကွက်အတွင်း ပြိုင်ဆိုင်မှုကို လျော့ကျစေခြင်း မရှိဘဲ အသစ်ဝင်ရောက်တဲ့ပုံစံမျိုး ဖြစ်နေပါတယ်။ ဒါကြောင့် Grab ရဲ့ဝယ်ယူမှုက စည်းမျဉ်းထိန်းသိမ်းရေး အဖွဲ့တွေရဲ့ ခွင့်ပြုချက် ရရှိဖို့ ပိုမိုလွယ်ကူနိုင်ကြောင်း ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။
ထိုင်ဝမ် foodpanda ဟာ ၂၀၂၅ ခုနှစ်မှာ ဈေးကွက်အတွင်း အရောင်းပမာဏ အမေရိကန်ဒေါ်လာ ၁.၈ ဘီလီယံအထိ ရှိခဲ့ပြီး အမြတ်အစွန်း ရရှိနေတဲ့ လုပ်ငန်းတစ်ခုလည်း ဖြစ်ပါတယ်။ Grab ဟာ ဒီဝယ်ယူမှုကနေတစ်ဆင့် ထိုင်ဝမ်ရှိ မြို့ပေါင်း ၂၁ မြို့ထံ ဝန်ဆောင်မှုတွေ ဖြန့်ကျက်သွားမှာ ဖြစ်ပါတယ်။ လုပ်ငန်း လည်ပတ်မှုပိုင်းမှာ Grab ဟာ သူတို့ရဲ့ ကိုယ်ပိုင် AI နည်းပညာဖြစ်တဲ့ GrabMaps နဲ့ ပစ္စည်းပို့ဆောင်ရေး စီမံခန့်ခွဲမှု စနစ်တွေကို အသုံးပြုပြီး ပိုမိုမြန်ဆန် စနစ်ကျတဲ့ ဝန်ဆောင်မှုတွေကို ပေးအပ်သွားဖို့ စီစဉ်ထားပါတယ်။ AI ကို အသုံးပြုပြီး စားသုံးသူတွေအကြိုက်နဲ့ ကိုက်ညီနိုင်မယ့် စားသောက်ဆိုင်တွေကို အကြံပြုပေးခြင်း၊ လုပ်ငန်းရှင်တွေအတွက် ဒေတာအချက်အလက်တွေမှ တစ်ဆင့် ဈေးကွက်ချဲ့ထွင်နိုင်အောင် ကူညီပေးခြင်းတို့ကို လုပ်ဆောင်သွားမှာပါ။ဝယ်ယူမှု လုပ်ငန်းစဉ်တွေကို ၂၀၂၆ ခုနှစ်၊ ဒုတိယနှစ်ဝက်တွင် အပြီးသတ်နိုင်ဖို့ မျှော်မှန်းထားပြီး foodpanda အသုံးပြုသူတွေ၊ စားသောက်ဆိုင်တွေနဲ့ ပို့ဆောင်ရေးဝန်ထမ်းတွေကို ၂၀၂၇ ခုနှစ်၊ အစောပိုင်းမှာ Grab အက်ပ် (Grab App) အတွင်းသို့ အလုံးစုံ ပြောင်းရွှေ့သွားမယ်လို့ သိရပါတယ်။
ကိုးကား- CNA
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No(H), Hlaing Myint Mo Housing, Hlaing Township
Yangon
11051