Hoshi
“Your jounery into jewels starts from here.”
Sharing knowledge of Gems & Jewelry field
ကျောက်ဝယ်မယ်ဆို ပထမဆုံးသိထားရမယ့် အချက်(၅)ချက်က ဘာတွေဖြစ်မလဲ။
ʏᴏᴜʀ ᴊᴏᴜʀɴᴇʏ ɪɴᴛᴏ ᴊᴇᴡᴇʟꜱ ꜱᴛᴀʀᴛꜱ ʜᴇʀᴇ.
𝗛𝗼𝘀𝗵𝗶
#ပတ္တမြား #နီလာ
06/08/2026
Guild Gems Laboratory ကနေ ရေးဆွဲပေးထားတဲ့ မြန်မာနိုင်ငံ မြေပုံနဲ့ Gemstone Map လေး။ မြေပုံမှာပါတဲ့ ကျောက်တွေဟာ မြန်မာနိုင်ငံကထွက်တဲ့ တွင်းထွက်ထဲ ထင်ပေါ်ကျော်ကြားတဲ့ ကျောက်မျက် သယံဇာတတွေပါ။ 😍သိမ်းထားချင်တဲ့ ကျောက်မျက်ချစ်သူတွေအတွက် အမှတ်တရ သိမ်းထားလို့ရအောင် မျှဝေပေးလိုက်ပါတယ်ရှင်။
ʏᴏᴜʀ ᴊᴏᴜʀɴᴇʏ ɪɴᴛᴏ ᴊᴇᴡᴇʟꜱ ꜱᴛᴀʀᴛꜱ ʜᴇʀᴇ.
𝗛𝗼𝘀𝗵𝗶
Photo Crd
မိုင်းရှူးပတ္တမြားအကြောင်း .
ʏᴏᴜʀ ᴊᴏᴜʀɴᴇʏ ɪɴᴛᴏ ᴊᴇᴡᴇʟꜱ ꜱᴛᴀʀᴛꜱ ʜᴇʀᴇ.
𝗛𝗼𝘀𝗵𝗶
#ပတ္တမြား
02/08/2026
စီးပွါးရေး လုပ်ငန်းတိုင်းမှာ အရေးအကြီးဆုံးက Update News ပဲ။ ဈေးကွက်အရွေ့ရယ်၊ သတင်းအချက်အလက်တွေရယ်ကို အမြဲသိနေဖို့ အရေးကြီးတယ်။
ဒီလိုပါပဲ ကျမတို့ ကျောက်မျက်ဈေးကွက်မှာလည်း ဒီအချက်တွေကို ကျောက်လုပ်တဲ့သူတွေတိုင်း သိနေဖို့ လိုအပ်တယ်။ ဈေးကွက်အရွေ့တွေကို နားထောင်နေဖို့ လိုအပ်ပါတယ်။ ကျောက်တွေ ဈေးကောင်းခြင်းရဲ့ နောက်ကွယ်မှာ သူ့အကြောင်းအရင်းနဲ့ သူရှိတယ်။ မေးခွန်းတိုင်းအတွက် အဖြေရှိတယ်။ ဒါကို သတင်းအချက်အလက်သိတဲ့လူကပဲ အားသာပြီးဈေးကွက်ထဲ နေရာယူသွားတာပဲ။
ဥပမာ အနေနဲ့ ပြောရရင်- ကျောက်စိမ်းကို ကမ္ဘာမှာပါ တရားဝင် ထွက်ရပ်ခွဲပေးနေပြီ။ စက်တွေပေါ်လာပြီ။ ခွဲလို့ရတဲ့ Data တွေ ထွက်လာပြီ။ ဒါ 2024 ကတည်းက။ ကိုယ်က ကျောက်စိမ်းလုပ်တဲ့ ကုန်သည်ဆို ဒီအချက်က ချက်ချင်းမသိနေရင်တောင် တဖြေးဖြေး လေ့လာနေရမယ်။ ထွက်ရပ် ခွဲလို့ရနေပြီလားဆိုတာ။ ဒါကို မလေ့လာနေတော့ တော်တော်များများ မသိကြဘူး။ ကိုယ်မသိထားတဲ့ သတင်းကိုပဲ မြဲမြဲကိုင်ပြီး ကျောက်စိမ်းက ထွက်ရပ်ခွဲလို့ မရပါဘူးချည်းပဲ ထိုင်အော်နေကြတုန်းပါပဲ။
သတင်းပိုင်းဆိုင်ရာ လေ့လာမှုအားနည်းရင် ဈေးကွက်ပြန်ကောင်းလာတဲ့အခါကျရင် ကိုယ်က ကျန်ခဲ့မယ်။ မဟုတ်ရင် ပစ္စည်းပိုက်မိမယ်။
စိန်ကိစ္စမှာလည်း မိတ်ဆွေ စိန်ကုန်သည်တစ်ယောက်နဲ့ စကားပြောမိတဲ့အခါ ဓာတ်ခွဲခန်းထုတ် စိန်တွေရဲ့ ဈေးကလည်း ကမ္ဘာမှာ အတော်လေးဈေးကျလာပြီး၊ သဘာဝစိန် ဈေးကွက်က ဖြေးဖြေးခြင်းဈေးပြန်တက်လာပြီ ဆိုတဲ့ အကြောင်းကို သိရပြန်တယ်။
ဒီမှာတော့ တချို့က စိန်ဝတ်တာ မကောင်းဘူး။ စိန်ဈေးတွေကျပြီ၊ ရှုံးပြီဆိုတဲ့ အတွေးအမှားတွေနဲ့ ပိတ်မိနေကြတုန်း။
အဓိက ကိုယ်လုပ်တဲ့ ဈေးကွက်ရဲ့ Update News ကို အမြဲသိနေမှ ဒီဈေးကွက်အရွေ့ဟာ ဘာကြောင့်ဖြစ်နေတာ၊ ဘယ်တော့ဆို ပစ္စည်းဝယ်ထားသင့်တယ်၊ ဘယ်တော့ဆို ပစ္စည်းကိုင်ထားသင့်တယ်၊ ဘယ်အချိန်ဆို ပစ္စည်းရောင်းသင့်ပြီ ဆိုတာတွေကို သိနေမှာဖြစ်ပါတယ်။ တခုသိထားဖို့ပါပဲ။ ဘယိဈေးကွက် အရွေ့ကမှ အချိန်တခုယူတာကလွဲရင် အဆိုးထဲ တသက်လုံးရပ်မသွားပါဘူး ဆိုတာလေးပါပဲ။
အားလုံးပဲ အရောင်းအဝယ်တွေ မှန်ကြပါစေ။
အရောင်းအဝယ် ကောင်းကြပါစေ။
ʏᴏᴜʀ ᴊᴏᴜʀɴᴇʏ ɪɴᴛᴏ ᴊᴇᴡᴇʟꜱ ꜱᴛᴀʀᴛꜱ ʜᴇʀᴇ.
𝗛𝗼𝘀𝗵𝗶
29/07/2026
ဝါဆိုလပြည့်နေ့၏ အေးချမ်းသာယာဖွယ်အခါသမယတွင် ကောင်းမှုကုသိုလ်များဖြင့် ပြည့်စုံကာ ဉာဏ်ပညာများတိုးပွား၍ အေးချမ်းသာယာသော ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ လို့ Hoshi မှ ဆုမွန်ကောင်းတောင်း အပ်ပါတယ်ရှင်။
ʏᴏᴜʀ ᴊᴏᴜʀɴᴇʏ ɪɴᴛᴏ ᴊᴇᴡᴇʟꜱ ꜱᴛᴀʀᴛꜱ ʜᴇʀᴇ.
𝗛𝗼𝘀𝗵𝗶
#ဝါဆိုလပြည့်
စိန်ဂယက် လိုင်းပေါ်အရမ်းထနေကြလို့ စိုးရိမ်နေရင် ဒီဗီဒီယိုလေး အဆုံးထိနားထောင်ကြည့်ပါရှင်။
ʏᴏᴜʀ ᴊᴏᴜʀɴᴇʏ ɪɴᴛᴏ ᴊᴇᴡᴇʟꜱ ꜱᴛᴀʀᴛꜱ ʜᴇʀᴇ.
𝗛𝗼𝘀𝗵𝗶
#စိန်
“Spinel အနီရည်မှာ အမာရည် ဝင်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။”
ကျောက်ဈေးကွက်ထဲမှ အသုံးအနှုန်းများအကြောင်း
ʏᴏᴜʀ ᴊᴏᴜʀɴᴇʏ ɪɴᴛᴏ ᴊᴇᴡᴇʟꜱ ꜱᴛᴀʀᴛꜱ ʜᴇʀᴇ.
𝗛𝗼𝘀𝗵𝗶
#ပတ္တမြား #အမာ
25/07/2026
ကျောက်တွေမှာ ဈေးကွက်တန်းဝင်တဲ့ သူ့ပုံနဲ့ သူရှိတယ်။
- မြဆို Emerald cutting မှ …
- ကျောက်စိမ်းဆို ဘဲဝိုင်း၊အဝိုင်း၊ မအန်း မှ…
- နီလာဆို oval or Cushion cutting မှ
- Ruby ဆို oval or Cushion cutting မှ
ကျောက်တစ်ပွင့်မှာ အရည်ချိုပြီး၊ကျောက်အသားလိုတဲ့ ကျောက်ဆိုရင် ကျောက်ရဲ့ ရပုံသွေးကွက်တွေကို စာဖတ်မကြဘဲ ကျောက်အရည် ကျောက်သားပေါ် သာ စာဖတ်ကြပေမယ့်အရည်တန်း အသားတန်း တခုခုမြင့်နေရင် cutting ပုံစံတွေ သိပ်စကားပြောပြီ။
အရည်တန်း အသားတန်းတွေ မြင့်ပေမယ့်လည်း cutting ကြောင့် ဈေးမရတာတွေလည်း ရှိပါတယ်။
Fancy cutting တွေကတော့ ဘယ်လောက်ပဲအရည်လှလှ အသားကောင်းကောင်း ဈေးကွက်မှာ သိပ်ဘောင်မဝင်လှဘူး။
ဥပမာ -ပတ္တမြား နီလာ ကို fancy cutting လိုမျိုး Pear Shape သွေးထားတာတွေ၊ emerald cut တွေက ဈေးကွက်မှာသိပ်ပြီး ဘောင်မဝင်လှပါဘူး။ မြမှာလည်း မြကွက်သာလျှင် ဈေးရပြီး ဈေးကွက်တန်းမှာ ဘောင်ဝင်တာပါ။
ဒါကြောင့် မြကွက် ၊ emerald cut ရယ်လို့ နာမည်ကြီးတာပါ။ လုံးချောဆိုရင် ဈေးက တာပလာကွက်တွေလောက် မရပါဘူး။ အသားကောင်းရင် တာရိုက်မှာ။ အသားတန်းလိုအပ်ချက်ရှိနေလို့ လုံးချောအနေနဲ့ ထားထားတာ။ ဒီနေရာမှာ ဂေါ်ကြိုး ဖြစ်စဉ်က ချွင်းချက်ပေါ့။
Fancy shape မှာ နာမည်ကြီးတာဆိုလို့ Heart Shape ပဲရှိတယ်။ ဒါတော့ ဈေးကွက်အတွင်း လူကြိုက်များကြတဲ့ cutting တခုလို့တောင် ပြောလို့ရတယ်။
စိန်မှာလည်း round cutting ကပဲ ဈေးပိုကြီးပြီးပိုက်ဆံရတာမလို့ fancy cutting တွေဆို round cutting ထက် ဈေးသက်သာပါတယ်။ rapport price list တွေထွက်ရင် round shape က တဈေး fancy shapeက တစ်ဈေးထွက်တာပါ။
အဲ့ဒါကြောင့် ကျောက်ကောင်းတစ်ပွင့်ဝယ်တော့မယ်ဆို 4Cမှာပါတဲ့ cutting ကတော်တော် အရေးပါပါတယ်။
ဒီနေရာမှ ကျမမျှဝေနေတဲ့ cutting က ပုံကျပန်းကျ ပွင့်အားကောင်းအောင် သွေားထားတဲ့ သွေးကွက်အကြောင်းမဟုတ်ဘူး။ Shape လို့လည်း ပြောလို့ရတဲ့ ကျောက်တစ်ပွင့်ရဲ့ ပုံသဏ္ဍာန်အကြောင်း ပြောပြနေခြင်းဖြစ်တယ်။ ရပုံသွေးထားတဲ့ fancy shape ကျောက်တွေကို ပုံစံလေးကြိုက်လို့ ဝယ်တယ်ဆိုလည်း အချိန်တန်ရင် cutting မှန်တဲ့ ကျောက်တွေလိုတော့ ဈေးအများကြီးတက်လာမှာမဟုတ်ဘူးဆိုတာလေး မျှဝေပေးလိုက်ပါတယ်ရှင်။
ʏᴏᴜʀ ᴊᴏᴜʀɴᴇʏ ɪɴᴛᴏ ᴊᴇᴡᴇʟꜱ ꜱᴛᴀʀᴛꜱ ʜᴇʀᴇ.
𝗛𝗼𝘀𝗵𝗶
23/07/2026
ကျမ မျှဝေခဲ့တဲ့ စိန်အကြောင်းမှာ “စိန်အစစ်တွေ ရှားပါးတော့မယ်”၊ “ကမ္ဘာပေါ်က စိန်တွေ ကုန်တော့မယ်” ဆိုတဲ့ အဓိပ္ပာယ်မျိုး လုံးဝမပါပါဘူးနော်။
အခုဖြစ်နေတာက Lab-Grown Diamond တွေ ဈေးကွက်ထဲ အများအပြား ဝင်လာတဲ့အတွက် Natural Diamond ရဲ့ Market Value ကို ထိခိုက်လာတာပါ။
စိန်ကုန်လို့ မဟုတ်ပါဘူး။ ဈေးကွက်ထဲ Supply များလာတော့ Value ကျလာတာပါ။ အဲဒီအတွက် Natural Diamond ရဲ့ Value ကို ပြန်ထိန်းနိုင်ဖို့ စိန်အရိုင်းထုတ်လုပ်မှုကို ယာယီလျှော့ချတာ၊ ရပ်နားတာမျိုးတွေ လုပ်နေကြတာပါ။
ဘယ်လောက်ပဲ Color Stones တွေ လူကြိုက်များလာပါစေ၊ Natural Diamond ဆိုတာ ဂုဏ်သိက္ခာကို ကိုယ်စားပြုတဲ့ ရတနာတစ်မျိုးပါ။ ရှေးခေတ်ကတည်းက စိန်ကို ဂုဏ်သရေရှိ လူကြီးမင်းတွေ ဝတ်ဆင်ခဲ့ကြသလို၊ ယနေ့ထိလည်း စိန်ဟာ ဂုဏ်သိက္ခာနဲ့ တန်ဖိုးကို ဖော်ဆောင်ပေးတဲ့ ရတနာအဖြစ် ရပ်တည်နေဆဲပါ။
ဒါ့အပြင် Rapaport Price List ကို အခြေခံပြီး ဈေးကွက်တန်ကြေးကို ရည်ညွှန်းနိုင်တဲ့ ရတနာလည်း ဖြစ်ပါတယ်။
အဲဒီလို သဘာဝက ဖန်တီးပေးထားတဲ့ Natural Diamond နဲ့ ဓာတ်ခွဲခန်းမှာ ထုတ်လုပ်ထားတဲ့ Lab-Grown Diamond ကို တစ်တန်းတည်း ယှဉ်ပြီး ပြောတာ၊ Natural Diamond အစားထိုးသလို ပြောပြီး ရောင်းနေတာတွေက မဖြစ်သင့်ပါဘူးဆိုတာလေးကို မျှဝေပေးလိုက်ပါတယ်။
ʏᴏᴜʀ ᴊᴏᴜʀɴᴇʏ ɪɴᴛᴏ ᴊᴇᴡᴇʟꜱ ꜱᴛᴀʀᴛꜱ ʜᴇʀᴇ.
𝗛𝗼𝘀𝗵𝗶
#စိန်
ကျောက်စိမ်းကို certificate ထုတ်တဲ့အခါ..
ʏᴏᴜʀ ᴊᴏᴜʀɴᴇʏ ɪɴᴛᴏ ᴊᴇᴡᴇʟꜱ ꜱᴛᴀʀᴛꜱ ʜᴇʀᴇ.
𝗛𝗼𝘀𝗵𝗶
#ကျောက်စိမ်း #ကျောက်
Click here to claim your Sponsored Listing.