Bright Future Insurance Advisor
"Your trusted insurance advisor � | Protecting what matters most | Here to guide you through life's
Manulife Insurance Advisor
11/11/2024
ဆိုတာ လွယ်လွယ်ပြောရရင် ထီးလေးတချောင်းလိုပါပဲ ဘယ်နေ့ ဘယ်အချိန် မိုးရွာမယ်မသိနိုင်တဲ့အတွက်
ထီးလေးတချောင်းကို ဝယ်ပြီး အိတ်ထားထည့်ထားမယ်ဆို
ဘယ်အချိန်မိုးရွာရွာထုပ်ဆောင်းနိုင်သလိုပဲ
ကိုယ်ကျန်းမာတုန်း အလုပ်လုပ်နိုင်တုန်းမှာ ကျန်းမာရေး Insurance ဝယ်ထားမယ်ဆိုရင် ကိုယ်မကျန်းမာတဲ့အချိန် အလုပ်မလုပ်နိုင်တဲ့အချိန်မှာ ငွေရေးကြေးရေး စိတ်ပူစရာမလိုတော့ပဲ သက်တောင့်သက်သာဖြတ်ကျော်နိုင်မှာဖြစ်ပါတယ်။
08/11/2024
အာမခံထားရတဲ့ တကယ့်ရည်ရွယ်ချက်ကဘာလဲ။
ဘဝမှာ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တွေ ဖြစ်လာခဲ့လို့ ဝင်ငွေမရှိတော့ရင် ကိုယ်တိုင် (သို့မဟုတ်) ကိုယ့်ကို အားကိုးနေတဲ့ မိသားစုဝင်တွေ၊ ကိုယ်ချစ်ရတဲ့သူတွေအနေနဲ့ ငွေကြေးဆိုင်ရာအတွက် ပူပင်စရာမလိုဘဲ အနာဂတ်ကို အပူအပင်ကင်းကင်း ဆက်လျှောက်သွားနိုင်ဖို့ဆိုတာကသာ အာမခံထားရခြင်းရဲ့ တကယ့် ရည်ရွယ်ချက်ပါ။ ဒါကြောင့် ကိုယ်တိုင်နဲ့ ကိုယ်ချစ်ရတဲ့သူတွေရဲ့ အနာဂတ်အတွက် စိတ်ချရဖို့ အခုပဲ အာမခံထားပြီး ကာကွယ်လိုက်တော့နော်။ Manulife အာမခံအမျိုးအစားတွေကို အသေးစိတ် သိချင်ရင်တော့ ဒီလင့်မှာ (https://bit.ly/3PPmuUL) ကြည့်နိုင်ပါတယ်။
What’s the true purpose of having insurance?
For you (or) family members who depend on you when there is no more income due to unexpected events in life, the real purpose of having insurance is to make them able to move on to the future without having to worry about financial situations. So, secure the future of yourself and your loved ones by getting an insurance and protect now. Visit this link (https://bit.ly/3rmXF94) for more Manulife product details.
💕💕အသက်အာမခံထားရခြင်းဟာ မိသားစုအတွက် စိတ်အေးချမ်းစေသလို ရေရှည်ကောင်းမွန်မှုအတွက်လည်း အရေးကြီးပါတယ်။ 💕💕သေဆုံးခြင်းကဲ့သို့ အရေးကြီးတဲ့အခိုက်အတန့်တွေမှာ မိသားစုဝင်တွေ အကြွေးမကျန်အောင်၊ စားဝတ်နေရေးအတွက် 💕💕စိတ်ပူစရာမလိုအောင် အထောက်အပံ့ပေးနိုင်စေပါတယ်။ အာမခံထားရခြင်းက မိသားစုတစ်ရပ်ရပ်ရဲ့ အနာဂတ်အတွက် အခြေခံပံ့ပိုးမှု ဖြစ်ပြီး အခက်အခဲများဖြစ်လာခဲ့ရင်တောင် စိတ်အေးအောင် ဆောင်ရွက်ပေးထားတာဖြစ်ပါတယ်။💕💕
Insurance "အာမခံထားရှိခြင်း" ဆိုတာကြိုမမြင်နိုင်တဲ့အနာဂတ်အတွက် #စိတ်သက်သာမှုရစေရန်ကာကွယ်စီမံမှုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်။
အာမခံလုပ်ငန်းဟာ လောင်းကစားနဲ့အတူတူပဲလို့မြင်ခဲ့ရင် တကမ္ဘာလုံးကအလေးထားပြီးပြောနေတဲ့ "Risk Management" သဘောတရားကိုနားမလည်လို့ပဲဖြစ်ပါတယ်။
Insurance ဆိုတာ Lost prevention and control (မတော်တဆအဆုံးအရှုံးကို ကာကွယ်ထိန်းချုပ်ခြင်း) Risk Management concept တစ်ခုဖြစ်ပါတယ်။
အာမခံကုမ္ပဏီဟာ လောင်းကစားဒိုင်သဘောဖြစ်တယ်လို့သာဆိုရင် စင်ကာပူအစိုးရကသူ့နိုင်ငံသားတွေကိုစီမံပေးနေတဲ့ "CareShield Life" အာမခံအစီအမံဟာ လောင်းကစားသဘောလားလို့ မေးစရာရှိပါတယ်။
အလောင်းအစားသဘောလုံးဝမဟုတ်ပါ။ Risk Management အကာအကွယ်သဘောသာဖြစ်ပါတယ်။
စင်ကာပူအစိုးရက သူ့နိုင်ငံသားတွေအတွက် တစ်ခုခုသာဖြစ်ခဲ့ရင် ခုသာခံသာရှိစေဖို့ အသက် (၃၀) ကျော်ပြီးသူအားလုံးကို မဖြစ်မနေ "CareShield Life" အာမခံကိုယူခိုင်းထားတာဖြစ်ပါတယ်။
ကျနော့်အနေနဲ့ #အာမခံလုပ်ငန်းလုံးဝမလုပ်ဖူးပါ။ ကျနော်တို့လို အာမခံလုပ်ငန်းနယ်ပယ်အပြင်ကသူတွေက အာမခံလုပ်ငန်းသဘောသဘာဝကိုရှင်းပြရင် သမာသမတ်မိုကျလိမ့်မယ်လို့ ထင်ပါတယ်။
ဒါ့အပြင် အာမခံလုပ်ငန်းဟာ နိုင်ငံတစ်နိုင်ငံအတွက်အရေးကြီးတာမို့ အာမခံလုပ်ငန်းအကြောင်းလူတွေ အထင်မမှားစေဖို့ အနည်းငယ်ရေးပါမယ်။
ကျနော့်အဖိုးလေးဟာ လွတ်လပ်ရေးရပြီးခါစ ဖဆပလအစိုးရလက်ထက်မှာ သူ့အိမ်ကိုမီးအာမခံထားပါတယ်။ သူအာမခံကြေးမှန်မှန်သွင်းနေပေမယ့် သူ့အိမ်ကတစ်ကြိမ်တစ်ခါမှ မီးမလောင်ဖူးပါဘူး။
ဒါဆိုရင် သူအာမခံထားတာမှားသလား? #လုံးဝမမှားပါ။ မိုးမပြိုပြိုခဲ့သော်အခံရသက်သာစေဖို့ "Risk Management" အနေနဲ့ အကာအကွယ်ယူထားခဲ့တာဖြစ်ပါတယ်။
သဘောရိုးနဲ့ဆိုရင် ဘယ်သူကမှလျော်ကြေးရဖို့ မိမိအိမ်မီးလောင်ခံရခြင်းကို မလိုလားပါ။ ဒါဟာမိမိအိမ်ကိုချလောင်းထားတဲ့ နိုင်ရင်စားကြေးအလောင်းအစား "လုံးဝ" မဟုတ်ပါ။
မြန်မာပြည်ရွှေခေတ်ဖြစ်တဲ့ ၁၉၅၀ ကနေ ၁၉၆၂ ခုနှစ်အထိ အဖိုးလေးဟာ သူ့အိမ်အတွက်စိတ်သောကမဖြစ်ရပဲနေခဲ့ရပါတယ်။
တော်လှန်ရေးကောင်စီခေတ်မှာ #ပြည်သူ့အာမခံလုပ်ငန်းစနစ်ပျက်ယွင်းပြီးနောက် အဖိုးလေးဟာ မီးဘေးအန္တရာယ်ကို ထိတ်ထိတ်လန့်လန့်နဲ့ စိုးရိမ်စွာနေသွားခဲ့ရပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ သူ့အိမ်ကသမဝါယမဆိုင်နားမှာရှိနေတဲ့အတွက် မဆလခေတ်မှာ စာရင်းမရှင်းနိုင်ရင် ဆိုင်ကိုမီးရှို့အစဖျောက်တတ်တာမို့ မီးရေးထင်းရေးကိုစိုးရိမ်ခဲ့ရတာပါ။
ကြုံလို့ပြောရရင် ၂၀၁၅ တုန်းက ကျနော့်အမျိုးသမီးဆေးရုံတက်ရပါတယ်။ ၂၀၁၇ လောက်မှာတစ်ခါထပ်တက်ရပါတယ်။ စုစုပေါင်း စင်ကာပူဒေါ်လာ (၅၀၀၀၀) ခန့်ကုန်ကျပါတယ်။
ကျနော်တို့ဘက်ကတစ်ပြားမှ စိုက်မပေးခဲ့ရပါ။ အားလုံးအာမခံအစီအမံကနေပြန်ပေးခဲ့ပါတယ်။
ဒါဆိုရင် ဘာလို့ပြန်ပေးတာလဲ? ကျနော်တို့က မတော်တဆဆေးရုံတက်ရရင် Hospitalization အတွက် cover ဖြစ်အောင် နှစ်စဉ်ကျသင့်သလောက်မှန်မှန်သွင်းထားလို့ပါ။
အားလုံးစီးပွားရေးလုပ်နေတာမို့ ဘယ်သူမှကိုယ့်ကိုအလကားစိုက်မပေးပါ။
ဒီနေရာမှာ Insurance is a legal contract that transfer risk from policy holder to an insurance company ဆိုတဲ့သဘောတရားကိုသိဖို့လိုပါတယ်။
အာမခံထားရှိခြင်းဟာ ကိုယ့်မှာရှိလာနိုင်တဲ့ risk ကိုလျော့ချလွှဲပြောင်းပေးဖို့ အာမခံကုမ္ပဏီနဲ့ လိုအပ်တဲ့ငွေပေးသွင်းပြီး သဘောတူညီချက်ရယူထားခြင်းပါ။
အဲ့ဒီတော့ကျနော်တို့က လစဉ်/နှစ်စဉ်ကြေးပေးသွင်းရပါတယ်။
ဒီနေရာမှာ #သေသေချာချာမှတ်သားဖို့ပြောလိုတာက - အာမခံထားရှိရင် ကိုယ်နဲ့သင့်တော်မယ့်အစီအစဉ် insurance plan ကို #သေသေချာချာရွေးပါ။
"ရေရှည်" ကိုယ်တတ်နိုင်တဲ့ပမာဏနဲ့ ကိုယ့်လိုအပ်ချက်နဲ့အားလုံးကိုချိန်ဆပြီး လိုအပ်တဲ့ Plan ကိုပဲယူပါ။
ကိုယ်ယုံကြည်စိတ်ချရတဲ့ သမိုင်းကြောင်းကောင်းတဲ့ အာမခံကိုယ်စားလှယ် (သို့မဟုတ်) ကုမ္ပဏီနဲ့ပဲအလုပ်လုပ်ပါ။
ကျနော်အတွက် မတော်တဆဆေးရုံတက်ရရင်အကာအကွယ်ဖြစ်ဖို့ Hospitalization Plan ပဲယူထားပါတယ်။ အသက်အာမခံ Life insurance မယူထားပါ။
သားသမီးနဲ့ကိုယ့်ကိုမှီခိုသူတွေရှိနေတဲ့သူဆိုရင် Life insurance ကိုထည့်စဉ်းစားသင့်ပါတယ်။
အဲ့ဒီမှာမှ မတော်တဆဆေးရုံတက်ရရင်အတွက် အာမခံပေါ်လစီယူရာမှာ Plan A လား? Plan B လား? Insurance riders (အပိုဆောင်း) တွေလိုအပ်သလား? ဒါတွေ #သေချာစိစစ်ဖို့လိုပါတယ်။
ငါယူတဲ့အာမခံပေါ်လစီက ငါလိုအပ်ချက်ကိုတကယ်ပြည့်မီရဲ့လား? ဥပမာ - ကိုယ်က ကင်ဆာအတွက်ကာဗာယူထားချင်တယ်။ ကင်ဆာ State 1 ကစပြီး ကာဗာဖြစ်တာလား? အသေအချာစိစစ်ပါ။
ကိုယ်လိုအပ်တာနဲ့ ပေးသွင့်ရမယ့်ငွေနဲ့ကို အသေအချာချိန်ဆပါ။
ဥပမာ - တစ်လ (၅) သိန်းဝင်ငွေရှိသူက မတော်တဆဆေးရုံတက်ရရင် သိန်း (၅၀ ကနေ ၁၀၀) ကြား " #အကုန်အကျမခံရစေဖို့" တစ်နှစ်ကို (၃) သိန်းသွင်းရတဲ့ မတော်တဆဆေးရုံတက်ရခြင်းအတွက် အာမခံထားသင့်သလားမေးရင် ထားသင့်တယ်လို့ဖြေပါမယ်။
အာမခံကုမ္ပဏီအမျိုးမျိုးနဲ့ မိမိတို့တတ်နိုင်တဲ့ငွေကြေးပမာဏပေါ်မူတည်ပြီး အာမခံပေါ်လစီအမျိုးမျိုးရှိပါတယ်။
အာမခံလုပ်ငန်းကဘယ်လောက်ကျယ်ပြန့်သလဲဆိုရင် အထက်မှာကျနော်ပြောခဲ့သလို နိုင်ငံတစ်နိုင်ငံမှာ အာမခံလုပ်ငန်းကအလွန်အရေးကြီးပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ခြင်းနဲ့အတူ အာမခံလုပ်ငန်းဖွံ့ဖြိုးခြင်းဟာ ကျွဲကူးရေပါဖြစ်ပါတယ်။
တလောက ကျနော်လေးစားတဲ့အကိုတစ်ယောက်ကို တိုင်ပင်စကားပြောခဲ့ပါတယ်။ သူအလုပ်လုပ်နေတဲ့လုပ်ငန်းကြီးမှာ ဥပဒေရေးရာအာမခံစနစ်ရှိပါတယ်။
ဥပမာ - သူတို့ကုမ္ပဏီကို တစ်စုံတစ်ယောက်က လျော်ကြေးရလိုမှုနဲ့တရားစွဲလို့အောင်မြင်ခဲ့ရင် သူတို့ကုမ္ပဏီအစား အာမခံကုမ္ပဏီက အာမခံထားတဲ့ပမာဏအထိလျော်ကြေးပေးပါလိမ့်မယ်။
နောက်ထပ်ဥပမာပြရရင် ... စင်ကာပူမှာအိမ်ဝယ်တဲ့အခါမှာ Insurance ထားကြပါတယ်။ အကယ်၍လင်မယားနှစ်ယောက်မှာ တစ်ယောက်ယောက်ကတစ်ခုခုဖြစ်ခဲ့ရင် ကျန်ခဲ့တဲ့တစ်ယောက်က အိမ်ဖိုးဆက်သွင်းစရာမလိုပဲ အိမ်အပိုင်ရပါတယ်။
ဒါဟာစင်ကာပူအစိုးရရဲ့ သူ့နိုင်ငံသားတွေအကျိုးအတွက် နောက်ထပ်အစီအမံတစ်ခုဖြစ်ပြီး #လောင်းကစားအားပေးနေခြင်းမဟုတ်ပါ။
အမေရိကန်နိုင်ငံမှာ Factory Mutual ဆိုတာရှိပါတယ်။ စက်ရုံအလုပ်ရုံတွေအတွက် အာမခံလုပ်ငန်းကြီးတစ်ခုပါ။
၂၀၁၀ လောက်က FM (Factory Mutual) ရဲ့(၃) လတစ်ကြိမ် audit အစစ်အဆေးကို ကျနော်အကြိမ်ကြိမ်ဖြေရှင်းပေးခဲ့ရတာပါ။
Factory Mutual ဆိုတာ မြန်မာပြည်မှာ ဟိုးဘကြီးတော်မင်းခေတ် ၁၈၃၅ ခုနှစ်လောက်မှာ အမေရိကန်နိုင်ငံမှာ စက်ရုံအလုပ်ရုံတွေ မီးလောင်ပျက်စီးခြင်းစတဲ့ဆုံးရှုံးမှုတွေက သက်သာရာရစေဖို့ ပေါ်ပေါက်လာတဲ့ အာမခံကုမ္ပဏီကြီးပါ။
ဒါကြောင့်စက်ရုံအလုပ်ရုံတွေနေ့ညမပြတ်လည်ပတ်ပြီး နိုင်ငံဖွံဖြိုးတိုးတက်လာရင် အာမခံလုပ်ငန်းလည်းမရှိမဖြစ်လိုအပ်လာတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။
အာမခံလုပ်ငန်းဟာ အသက်၊ ကျန်းမာရေး၊ လုပ်ငန်းအကာအကွယ်အပြင် ခရီးသွားရင်ပါလိုအပ်ပါတယ်။
ကျနော်တို့ခရီးသွားရင် Travel insurance ပါဝယ်သွားရပါတယ်။ ဒါမှမတော်တဆတစ်ခုခုကိစ္စရှိခဲ့ရင် ခုသာခံသာရှိမှာပါ။
ကျနော်တို့မြန်မာနိုင်ငံမှာ အာမခံစနစ်ကိုမရှိမဖြစ်လိုအပ်တယ်ဆိုတာမသိကြတာဟာ စီးပွားရေးနဲ့ပညာရေးဖွံဖြိုးမှု ရာစုနှစ်တစ်ဝက်ကျော်လောက်နိမ့်ကျခဲ့မှုကြောင့် ရလာတဲ့ #အသိပညာချို့တဲ့မှုရဲ့ရလဒ်ဖြစ်ပါတယ်။
ဒါကြောင့် အာမခံစနစ်ဟာ လောင်းကစားသဘောမဟုတ်ကြောင်းနဲ့ "Risk Management" အစီအမံတစ်ခုဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်။
တကယ်ကရေးစရာအများကြီးပါ။ စာရှည်မှာစိုးလို့ရယ်၊ ကျနော်ကအာမခံလုပ်ငန်းလုပ်သူမဟုတ်တဲ့အတွက် ဒီမှာရပ်ခွင့်ပြုပါ။
"အများပြည်သူကိုအကျိုးတကယ်ပြုမယ့် အာမခံလုပ်ငန်းများတိုးတက်ဖွံ့ဖြိုးကြပါစေ။"
Crd RichardMyoThant
27/10/2024
🍀 𝙄𝙣𝙨𝙪𝙧𝙖𝙣𝙘𝙚 𝘾𝙤𝙣𝙘𝙚𝙥𝙩 🍀
ကျွန်မကိုယ်တိုင် အသက်အာမခံထားထားတဲ့အတွက်
အသက်အာမခံရဲ့အကျိုးကျေးဇူးတွေဆိုတာတကယ်လိုအပ်ချိန်မှာ ဘယ်လိုအကျိုးပြုသလဲဆိုတာနဲ့
အားလုံးကိုလည်း 𝐈𝐧𝐬𝐮𝐫𝐚𝐧𝐜𝐞 𝐁𝐞𝐧𝐞𝐟𝐢𝐭𝐬 တွေ
ရစေချင်တဲ့စိတ်နဲ့ Share လိုက်တာပါ
ဥပမာအနေနဲ့ပြောရရင်.....
ကားဘီးဆိုတာ နေ့တိုင်း ပေါက်နေတာမှ မဟုတ်တာ
ဘာလို့ ကားထဲမှာ ဘီးအပိုတွေ နေ့စဉ် အလေးခံပြီး
ဆောင်ထားကြသလဲ ဆိုတာကို ပြန်စဉ်းစားကြည့်ရင် သိမှာပါ
ကျွန်မတို့ အပြင်ထွက်ရင် ကိုယ့်အိတ်ကပ်ထဲ ထည့်သွားတဲ့ပိုက်ဆံ
အကုန်သုံးဖြစ်တာမှ မဟုတ်တာ သုံးမယ်ဆိုတာ မသေချာတဲ့
ပိုက်ဆံအပိုတွေကို ဘာလို့ အိတ်ကပ်ထဲ အလေးခံအပျောက်ခံပြီး
ထည့်သွားသေးလဲဆိုတဲ့ အချက်လည်း ပြန်စဉ်းစားကြည့်လို့ရပါတယ်
တကယ်တော့ အသက်အာမခံဆိုတာ လူလတ်တန်းစားတွေအတွက် ပိုလိုအပ်ပါတယ် သူဌေးတွေက သူတို့မရှိရင် နောက်က သူ့မိသားစုအတွက်
အထုပ်အထည်တွေနဲ့ မကြောင့်မကျအောင် ထားခဲ့နိုင်ပါသေးတယ်
လူလတ်တန်းစားတွေမှာက လူကိုပဲ ရင်းပြီး မိသားစုကို ကျွေးနေရတာမို့
ကိုယ်မမျှော်မှန်းနိုင်တဲ့ ဖြစ်ရပ်တွေအတွက် ကိုယ့်မိသားစုကို
အကာအကွယ် ယူထားသင့်ပါတယ်
တိုးတက်တဲ့ နိုင်ငံတိုင်းမှာ အသက်အာမခံဆိုတာ မိသားစုအတွက်
𝐅𝐚𝐦𝐢𝐥𝐲 𝐅𝐢𝐧𝐚𝐧𝐜𝐢𝐚𝐥 𝐏𝐥𝐚𝐧𝐧𝐢𝐧𝐠 တစ်ခုအဖြစ်နဲ့ မထားမဖြစ်ကို ထားကြတာပါ
သုတေသနစာတမ်းအရ အမေရိကန်နိုင်ငံမှာဆို လွန်ခဲ့တဲ့ နှစ်၂၀ အတွင်း
သူ့နိုင်ငံသားတွေ ဝယ်ထားတဲ့ စုစုပေါင်းအသက်အာမခံ
ပေါ်လစီ အရေအတွက်က သန်း ၆၆၀ နီးပါး ရှိတယ်
အမေရိကန် တစ်နိုင်ငံလုံး လူဦးရေစုစုပေါင်းမှ သန်း ၃၂၈ သန်းပဲ ရှိတာမို့
လူတစ်ယောက်ကို အနည်းဆုံး အသက်အာမခံ
ပေါ်လစီ၂ ခုနဲ့အထက် ရှိတဲ့သဘောပါပဲ
ဒါတောင် လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကဝယ်ထားတဲ့
အသက်အာမခံအရေအတွက်ကိုပဲ ထည့်တွက်ထားသေးတာပါ
ကမ္ဘာထိပ်သီး အမေရိကန်တွေ မစဉ်းစားတတ်လို့ မတွက်တတ်လို့
အသက်အာမခံ ထားထားကြတာမဟုတ်တာတော့ သေချာပါတယ်
ပညာရှိလေ သူ့မိသားစုရဲ့ 𝐅𝐢𝐧𝐚𝐧𝐜𝐢𝐚𝐥 𝐏𝐥𝐚𝐧𝐧𝐢𝐧𝐠 ကို
စနစ်တကျ ချတတ်လေဆိုတဲ့ သဘော
ဆိုပါတော့ရှင်
"ကိုယ့်ကိုယ်ကို ချစ်တယ်ဆိုရင် တရားဓမ္မ အားထုတ်ပါ"
✅ သင့်မိသားစုကို ချစ်တယ်ဆိုရင် အသက်အာမခံ ထားထားပါ ✅
Click here to claim your Sponsored Listing.
Category
Website
Address
No 921 Thakhinkhin Zaw 3 Road
Yangon
1104
Opening Hours
| 09:00 - 17:00 |