Pyone Ei San

Pyone Ei San

Share

အသားအရေလှပဖို့အတွက် skin care ပစ္စည်းမျာ?

22/12/2022

😬ဝက်ခြံအဆီဖုတေနဲ့ စိတ်ညစ်နေပြီလား❓

😬မျက်နှာသေချာမသစ်လဲ ထွက်
😬မိတ်ကပ်/သနပ်ခါးလိမ်းလဲ ထွက်
😬အစားသောက်မှားလဲ ထွက်
😬အိပ်ရေးပျက်လဲ ထွက်
😬ဘယ်လိုနေနေ ထွက်နေတာ

ဘာလုပ်ရမလဲ ဘာသုံးရမလဲ ကူညီကြပါဦးဒီမှာလမ်းပျောက်နေပြီဆိုတဲ့သူတေရှိလား

#အရေးကြီးဆုံးအဆင့်cleasingပိုင်းသေချာလေးဂရုစိုက်ပါ
ေမသုံးပါနဲ့

13/07/2022

🍀ဝက်ခြံ ဆားဝက်ခြံ သာမက အသားခြောက်သူပါသုံးပြီးကြိုက်နေပြီ🍀

Photos from Pyone Ei San's post 12/07/2022

😫ဝက်ခြံ တေဘာကြောင့်ထွက်ရတာလဲ😫

မျက်နှာကအဆီတေဖုန်မူန့်တေအညစ်ကြေးတေစုပုံပြီး ချွေးပေါက်လေးတေမှာပိတ်နေပါတယ် ပိတ်နေတဲ့အညစ်ကြေးတေကိုနေ့တိုင်း
ပုံမှန်သန့်ရှင်းလေးလုပ်ပေးသင့်ပါတယ်

ပုံမှန်သန့်ရှင်းရေးမလုပ်ပေးတဲ့အခါ ချွေးပေါက်တေပိတ်ပြီး ပြင်ပလေထုက အညစ်ကြေးဘက်တီးရီးတေနဲ့ပေါင်းပြီး ဝက်ခြံတေဖြစ်လာတာပါ

မျက်နှာအစိုဓာတ်မရှိလေ အဆီတေပိုထုတ်လေပါ အဆီပိုထုတ်ရင်
ဝက်ခြံကလဲပိုဆိုးတာမို့ အဓိကအခြေခံအကျဆုံးက မျက်နှာကိုအစိုဓာတ်လဲဖြည့်ပေးမယ် အညစ်ကြေးသန့်စင်ပေးနိုင်တဲ့ မျက်နှာသစ်
ဆပ်ပြာအပျော့စားသုံးပေးခြင်းဖြင့်ဝက်ခြံတေကို သက်သာအောင်လုပိလို့ရပါတယ်🥰😘

07/07/2022

ဝက်ခြံတေအရမ်းပေါက်နေပြီလား
ဒီအချက်လေးတေရှောင်နော်

17/06/2022

⚜⚜Skincare စလုပ်မည့်သူတွေအတွက် ⚜⚜အပိုင်း ၂

📌📌Daily skincare 📌📌
📌📌AM skincare routine ဆိုတာ protection ပါ ။
အသားအရေကို ကာကွယ်ဖို့အတွက် လိမ်းပေးရမှာပါ ။

ဒီ skincare က မနက်ပိုင်းမှာ ပုံမှန်လုပ်ကိုလုပ်သင့်တဲ့ step တွေနဲ့ ပါဝင်ပစ္စည်း တွေပါပဲ ။

အခြေခံမပါမဖြစ် step တွေက
^^^^^^^^^^^^^^^^^^^^^^^^^^^
cleansing
^^^^^^^^^^^
ဒီအဆင့်မှာ oily skin တွေက ရေနွေးနွေးလေးနဲ့ သစ်ပေးသင့်တယ်
ပြီးမှ မျက်နှာသစ် အပျော့စားလေးနဲ့ ပြန်သစ်ပေးလျှင် ပိုကောင်းတယ် ။

dry skin တွေကရေနွေးနွေးနဲ့ သစ်စရာမလိုဘူး အသားအရေပိုခြောက်သွားနိုင်လို့ပါ ။

မနက်ပိုင်းမှာ မျက်နှာသစ် အပျော့စားလေးတွေသုံးပေးသင့်ပါတယ် ။

Toner
^^^^^^^^
cleansing step ရဲ့နောက်ဆုံးအဆင့်လို့လဲ ပြောလို့ရတယ် ။
၂ဆင့်သုံးရင် ၂ဆင့် effect ရမယ် ။

တချို့က တစ်ခါထဲ လက်နဲ့ကောက်လူးတက်တာရှိတယ် ။မရဘူးလားဆိုတော့ရပါတယ် ။

ပိုကောင်းတဲ့ နည်းလမ်းကတော့

ပထမတစ်ကြိမ် tissue ဖြစ်ဖြစ် cotton pads နဲ့ ယူပြီးမှ အသာအယာလေး ဖိဖိပွတ်ပေးပါ ။ အရမ်းကြီးပွတ်မဆွဲ ပါနှင့် ။တချို့ Alcohole free toner တွေသုံးပေမယ့် စပ်တယ်လို့ခံစားရရင် cotton pads နဲ့ပွတ်ဆွဲတာကြမ်းတာကြောင့်ပါ ။

နောက်မှ လက်ထဲထည့်ပြီး အသာအယာ ပုတ်ပုတ် ပြီးလိမ်းပေးပါ ။
Toner လိမ်းပြီး ၂မိနစ်ကြာမှ တခြားဟာတွေလိမ်းပါ ။

moisturizer
^^^^^^^^^^^^
မျက်နှာအသားအရေကို ပြင်ပမှ အညစ်အကြေးတွေ ဖုန်တွေ နဲ့ မထိအောင်လိမ်းကိုလိမ်းပေးရမည့်အဆင့်ပါ ။
မျက်နှာပြင်အပေါ်ဆုံး အသားအရေကို အစိုဓာတ်ပေးတဲ့ အရာလဲဖြစ်တယ် ။

အသားအရေအလိုက် emulsion. gel. cream types အစုံရှိပါတယ် ။
သင့်တော့ရာလေး ရွေးချယ်လိမ်းပေးပါ ။

UV protection
^^^^^^^^^^^^^^^
ဒါက AM skincare routine ရဲ့ အရေးအကြီးဆုံးအဆင့် ပါ။
အသားအရေနဲ့ နေရောင်က အများဆုံးထိတွေ့နေတာပါ ။
body မှာ အဝတ်အစားနဲ့ ကာကွယ်ထားပေမယ့် မျက်နှာကိုတော့ ဒီတိုင်းလွှတ်ထားရတာလေ ။

နေကာ လိမ်းတယ်ဆိုတာ မျက်နှာအသားအရေငို အဝတ်တစ်ထပ်ဝတ်ပေးလိုက်သလိုပါပဲ ။

နေကာ ၂ မျိုးရှိတဲ့အထဲကိုမှ ကိုယ်ဟာ ရေထဲမှာဆင်းပြီး အလုပ်မလုက်ဘူးဆိုရင် physical sunscreen တွေလိမ်းပေးသင့်ပါတယ် ။

physical sunscreen တွေက ပါဝင်ပစ္စည်းနဲ့သာ တည့်မယ်ဆိုရင် လူတော်တော်များများနဲ့ကို တည့်ပါတယ် ။
Chemical sunscreen တွေကတော့ ပါဝင်ပစ္စည်းက နဲနဲ စိတ်မချရလို့ အခန့်မသင့်ရင် ဝက်ခြံ အဆီဖုထွက်လာနိုင်ပါတယ် ။

နေကာကို SPF 30 အထက်
PA+++(+)နှစ်လုံးအထက်
UVA UVB နှစ်မျိုးလုံးကာကွယ်နိုင်တာ
ချွေးပေါက်မပိတ်ဘူးလို့ရေးထားတဲ့ဟာ Non-comedogenic ဖြစ်ရပါမယ် ။

တချို့ နေကာတွေဆို moisturizer တွေလိမ်းစရာမလိုအောင် အဆင်ပြေပြေထုပ်ထားတာတွေ့ရပါတယ် ။

ဒီအဆင့်လေးတွေက အခြေခံမပါမဖြစ်လိမ်းပေးရမယ့် မနက်ပိုင်းလိမ်းနည်းအဆင့်ဆင့်လေးတွေပါ ။

16/06/2022

Skin careတွေမှာ Steroid ပါ မပါ ဘယ်လိုသိနိုင်လဲ
👇👇👇👇

၁-မည်သည့် skin care မဆို ၁-၂ ရက် ၂-၃ ပတ်နဲ့ မျက်နှာလေးက မွတ်ထွတ်နေတာပဲ ဆိုရင် သတိထားပါ။

၂-လိမ်းပြီးတာနဲ့ ၁-၂ ရက် ၂-၃ ပတ် အတွင်း မျက်နှာလေးက ဖြူဖွေးလာတာပဲ ဆိုရင် သတိထားပါ။

၃-လိမ်းလိုက်တာနဲ့ မျက်နာ ကြမ်းနေတာတို့ allergic ဖြစ်နေတာတို့ ချက်ချင်းကြီး ပျောက်သွားတယ်ဆိုရင် သတိထားပါ။

၄-လိမ်းတဲ့အချိန်မှာ အတွင်းထဲက အောင်းပြီး ၀ပ်သွားတဲ့ လိမ်းဆေးမျိုးဆို သတိထားပါ။

၅-လိမ်းရင်းနဲ့ မျက်နာအမွှေးတွေထူလာတယ်ဆိုရင် သတိထားပါ။

၆လိမ်းနေရင်းနဲ့မျက်နှာသွေးကြောလေးများပေါ်လာတယ်ဆိုရင် သတိထားပါ။

၇-မျက်နှာခြောက်ကြမ်းပြီး ဆူးရှရှ ဖြစ်လာပြီး အတွင်းထဲမှာအောင်းနေတဲ့ အဆီဖုလိုတွေ ထွက်လာတယ်ဆို သတိထားပါ။

၈-ဆေးရပ်လိုက်တာနဲ့ တွင်းအောင်းအဆီဖုတွေ ပိုထွက်ပြီး မျက်နှာတွေ ယားပြီး တင်းလာပြီဆို သတိထားပါ။

အကြံပြုချင်တာက
၁-skin care အသစ်အဆန်းများကို စတင်သုံးစွဲတဲ့အခါ အပေါ်ကပြောကြားချက်များကို သေချာ မှတ်ထားပါ။

၂-brand ရှိပြီးသား skin care တွေဆိုရင်တော့ များသောအားဖြင့် steroid မပါဖို့များတယ် သူတို့ brand ရဲ့ ဂုဏ်သိက္ခာ ကြောင့် မလုပ်လောက်ဖူးလို့ ယူဆရတယ်။

၃-မည်သည့်ပစ္စည်းမဆို အယုံအရမ်းမလွန်ပါနဲ့။ အရမ်းလဲ သံသယမများပါနဲ့။

၄-skin care အသစ်များလဲ mercury တို့ steroid မပါကြောင်း သက်သေပြတာလေးတွေ လုပ်ထားတယ်ဆိုရင်လဲ သုံးလို့ရပါတယ်။

၅-မသင်္ကာလျှင် သုံးဖူးသူများကို ဆွေးနွေးကြည့်ပါ။ သိတဲ့သူတွေကို မေးကြည့်ပါ။

ကျနော့် ပုဂ္ဂလိက အမြင်အရတော့ skin care အသစ်ဆိုရင် ကျနော် ချက်ချင်း သုံးဖို့ အကြံမပေးဘူး။ marketing ကောင်းလို့ လူအများသုံးရင် steroid ရဲ့ side effect တွေက ၆ လလောက်ဆို ဇာတိ စပြပြီ။ ၆ လ လောက်မှာ သုံးဖူးသူတွေ ရေးကြတာကို လေ့လာပြီးမှ သုံးမှာ။

16/06/2022

Skin care ပြီးကြပြီလား
တင်းတိပ်တေဖြစ်နေရင် မပျင်းဖို့တော့လိုတာပေါ့😍😍

16/06/2022

Skin care step ရဲ့
အရေးကြီးဆုံးအဆင့်က

Cleaning ပိုင်းပါ မျက်နှာပေါ်က
အဆီတေအညစ်ကြေးတေကို
ပြောင်စင်အောင်သစ်ပေးမှ

ကြည်လင်ဝင်းမွတ်တဲ့အသားရေလေးပိုင်ဆိုင်နိုင်မှာပေါ့
Milk ပေါင်းတင်ဆပ်ပြာမို့
တင်းတိပ်တေအသေနိုင်တဲ့
Facial foam လေး
#မင်မင်အမေကတော့သူလေးနဲ့တင်းတိပ်တေပါးခဲ့တာ

15/06/2022

ဘာသုံးသုံးတင်းတိပ်တေမပျောက်လို့ဆိုသူလေးတေအတွက်✌✌

အဆင့်မကျော်တဲ့ skin care ပုံအဆင့်ဆင့်😍😍

15/06/2022

Fairy skin care က
တင်းတိပ် အမဲစက်တင်ပျောက်တာမဟုတ်ဘူးနော်

ဝက်ခြံသမားတေပါ ပျောက်ကုန်ပြီ
Fairy မှ fairy ဖြစ်ကုန်ကြပြီ😱😱

15/06/2022

ဘာမှမလိမ်းချင်ရင်တောင် 𝗧𝗼𝗻𝗲𝗿 လေးတော့လိမ်းဖြစ်အောင်လိမ်းပါ 🧡

𝗧𝗼𝗻𝗲𝗿 မလိမ်းရင် ⬇️⬇️⬇️
ချွေးပေါက်တွေကျယ်လာမယ် 😳
အဆီပြန်လာမယ်😳
ဝက်ခြံအဆီဖုအမဲစက်ပေါက်လာမယ်😳
အသားရေမကြည်တာမျိုးတွေဖြစ်လာမယ် 😳

𝗙𝗮𝗶𝗿𝘆 𝗘𝘀𝘀𝗲𝗻𝗰𝗲 𝗧𝗼𝗻𝗲𝗿 လိမ်းရင်တော့ 𝗧𝗼𝗻𝗲𝗿 အာနိသင်အပြင် 𝗘𝘀𝘀𝗲𝗻𝗰𝗲 ရဲ့ အာနိသင်ပါ
ထပ်ဆောင်းရမယ်

𝗘𝘀𝘀𝗲𝗻𝗰𝗲 ပါလို့ Toner အပေါ်ကလိမ်းတဲ့ Skincare အဆင့်ဆင့်ကိုပါ ပိုပီးကောင်းမွန်စွာစုပ်ယူနိုင်မယ်

✅အစက်အပျောက်နဲ့အရေးအကြောင်းကင်းမယ်

15/06/2022

"moisturizer အကြောင်း စနစ်တကျ လေ့လာရအောင်"
…………………………………………………………………………

Moisturizer ဆိုတာ အစိုဓာတ်ထိန်းဆေးဖြစ်တယ်။ အစိုဓာတ်ထိန်းတာ မှန်သမျှ moisturizer ထဲပါတယ်။ ဒါ့ကြောင့် ကပ်သီးကပ်ဖဲ့ပြောရင် serum, essence, ampoule တွေကိုလည်း moisturizer ထဲထည့်လို့ရတယ်။ မြန်မာနိုင်ငံမှာတော့ moisturizer ဆိုတာ day cream နဲ့ night cream ကိုခေါ်ကြတာ။ အမှန်တော့ moisturizer အမျိုးအစား (၄)မျိုးရှိတယ်။

• Emulsion
Emulsionဆိုတာ ရေဓာတ်အခြေခံ အစိုဓာတ်ထိန်းပစ္စည်းပါပဲ။ အဆီပြန်တဲ့အသားအရေအတွက် emulsion type ကို ရွေးချယ်သင့်တယ်။ အစိုဓာတ်ကို ထိနိးပေးရုံမက အသားအရောင်ကို နညိးနည်းတင်ပေးတယ်။အသားရောင် ဖြူစင်ဝင်းပစေတယ်။ အဆီဂလင်းပိတ်ဆို့မှု လျှော့နည်းစေတယ်။ အရေပြားပါးပြီး sensentive သိပ်ဖြစ်ရင် Emulsion ကိုသုံးပါ။

• Lotion
လိုးရှင်းဆိုတာ အရေပြားကို လိမ်းရတဲ့ ခပ်ကျဲကျဲအရည်ကို ခေါ်တာပါ။ Emulsion ထက် နည်းနည်းပိုပြစ်တယ်။ ဒါပေမယ့် ထုတ်တဲ့ နိုင်ငံပေါ်မူတည်ပြီး လက်တွေ့မှာ အခေါ်ဝေါ်တွေ မတူညီကြပါ။ ကိုရီးယားလိုးရှင်းတွေဟာ moisturizer အများစုမှာ သုံးတဲ့အခေါ်ဖြစ်ပါတယ်။ ဂျပန်လိုးရှငိးတွေဆိုရင် toner ကို အဓိကပြောချင်တာပါဂ။ ဥပမာ Kose Sekkisei Lotion ဆိုတာ refreshing toner တိုနာတမျိုး ဖြစ်ပါတယ်။

• Cream
အဆီကို အခြေခံထုတ်ထားတယ်။ ဒါပေမယ့် အဆီပြနိတဲ့အသားအရေမှာ မသုံးပဲ အရေပြားခြောကိသွေ့သူတွေ သုံးသင့်တယ်။ အထူးသဖြင့် ဆောငိးရာသီမှာ သုံးရတယ်။ ခရင်မ်တွေထဲမှာလည်း အသားဖြူတာ၊ အရေးအကြောငိးကင်းစင်တာ၊ ရေဓာတ်အားဖြည့်တာနဲ့ ဝက်ခြံအတွက်ဆိုပြီး ထုတ်ထားတယ်။ မိမိနှစ်သက်ရာ ရွေးချယ်သုံးပါ။ day cream, night cream တွေက moisturizer တွေဖြစ်ကြတယ်။

• Gel
ရေဓာတ်အခြေခံဖြစ်လို့ အဆီပြန်တဲ့အသားအရေတွက်သင့်တော်တယ်။ silicone or gylerin မျိုး ထည့်ထားတယ်။ ဂျယ်ပုံစံဖြစ်လို့ cream (သို့) emulsion တို့ထက် အရောင်ပိုကြည်တယ်။ သုံးထားရင် အရေပြားက သန့်စင်ကြည်လင်သလို ဖြစ်နေတယ်။

ခြုံသုံးသပ်ရရင် အဆီပြန်တဲ့အသားအရေမှာEmulsion နဲ့ Gel moisturizers ကို သုံးရမှာ ဖြစ်ပြီး အရေပြားခြောက်သွေ့သူမှာ Creamကိုသုံးရမှာ ဖြစ်ပါတယ်။ lotion ကတော့ ပါဝင်ပစ္စည်းကို ကြည့်ပြီး သုံးသင့်တယ်။


ဒေါက်တာ အေးမင်းထူး

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Yangon
5913