MSF Myanmar
MSF Myanmar monitors and moderates content posted on its social media platforms. We reserve the right to review and remove any comments deemed inappropriate.
Médecins Sans Frontières (MSF) provides medical assistance to people affected by conflict, epidemics, disasters, or exclusion from healthcare in more than 70 worldwide. This includes, but is not limited to, messages that are abusive, defamatory, personal attacks, discriminatory or using hate speech.
Over the Year - ဖြတ်သန်းခဲ့သောနှစ်ကာလများ
နိုင်ငံတကာဆေးဘက်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF) က ၁၉၉၂ ခုနှစ်က စပြီး မြန်မာနိုင်ငံက လူထုရဲ့ လိုအပ်ချက်တွေကို သမာသမတ်ကျမှု၊ အမှီအခိုကင်းမှုနှင့် ဘတ်မလိုက်မှု စတဲ့ MSF ရဲ့ အခြေခံမူများနဲ့အညီ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ ပဋိပက္ခတွေ၊ ကပ်ရောဂါတွေ၊ သဘာဝ သို့မဟုတ် လူကြောင့်ဖြစ်တဲ့ ဘေးအန္တရာယ်တွေကြောင့် ထိခိုက်ခံစားရသူတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလက်လှမ်းမမီတဲ့ လူထုအတွက် လူမျိုး၊ ဘာသာ၊ ယုံကြည်ရာမရွေး MSF က အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ပေးပါတယ်။
ဆယ်စုနှစ် ၃ ခုတာ ကာလအတွင်း ကချင်၊ ရခိုင်၊ ရှမ်းပြည်နယ် နဲ့ ရန်ကုန်တိုင်းဒေသကြီးတို့မှာ ဆေးဘက်ဆိုင်ရာစောင့်ရှောက်မှု လက်လှမ်းမီရေး ပိုပြီးအားကောင်းလာဖို့ MSF က ကြိုးပမ်းလုပ်ဆောင်ခဲ့သလို အရေးပေါ်အခြေအနေတွေမှာလည်း တုံ့ပြန်ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒီနှစ်ကာလတွေမှာ MSF အနေနဲ့ တီဘီရောဂါ ဝေဒနာရှင်များအတွက် ဘယ်လိုကုသမှုပေးခဲ့တယ်၊ ဘာတွေလုပ်ဆောင်ပေးခဲ့တယ်ဆိုတာကို မှတ်တမ်းဓါတ်ပုံ/ဗွီဒီယိုတွေကနေတဆင့် မျှဝေပေးလိုက်ပါတယ်။
04/06/2026
ကျွန်ုပ်တို့အဖွဲ့အစည်းတွင် ကချင်စီမံကိန်း၌ တာဝန်ထမ်းဆောင်ရန် Medical Doctor တစ်ဦးနှင့် ရန်ကုန်စီမံကိန်း၌ တာဝန်ထမ်းဆောင်ရန် Medical Doctor တစ်ဦးတို့အား ထပ်မံခေါ်ယူနေပါတယ်။
လစ်လပ်အလုပ်နေရာအတွက် ဖော်ပြချက်အသေးစိတ်ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပြီး အသေးစိတ်ရေးသားချက်ထဲမှာ ဖော်ပြထားတဲ့ သက်ဆိုင်ရာ အီးမေးလ်လိပ်စာကို တိုက်ရိုက်ပေးပို့လျှောက်ထားနိုင်ပါတယ်။
စိတ်ဝင်စားသူမိတ်ဆွေတွေဆီကိုလည်း မျှဝေပေးပါဦး။
https://linktr.ee/MSFMyanmar_JobVacancy
18/05/2026
Over the Year - ဖြတ်သန်းခဲ့သောနှစ်ကာလများ
၂၀၂၄: HIV ကုသမှု ပိတ်သိမ်းခြင်း
မြန်မာနိုင်ငံ ခုခံကျကာလသားရောဂါ တိုက်ဖျက်ရေး အစီအစဉ် (NAP) ၏ HIV စောင့်ရှောက်ကုသမှု တိုးချဲ့အားကောင်းလာသည်နှင့်အမျှ MSF သည် လူနာများကို ၂၀၁၇ ခုနှစ်တွင် အဆိုပါ NAP အစီအစဉ်သို့ လွှဲပြောင်းမှုအား စတင်ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်တွင် MSF၏ စောင့်ရှောက်မှုခံယူနေသူ လူနာ ၉,၀၀၀ ကို လွှဲပြောင်းပေးအပ်ပြီးနောက် အင်းစိန်ဆေးခန်းကို ပိတ်သိမ်းခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် နှောင်းပိုင်းတွင်၊ ရန်ကုန်မြို့ရှိ လူနာအားလုံးအပါအဝင် HIV လူနာပေါင်း ၂၀,၀၀၀ ကို NAP သို့ လွှဲပြောင်းပေးခဲ့ပါတယ်။
ရွှေ့ပြောင်းအလုပ်သမားများ နှင့် မူးယစ်ဆေးဝါး အကြောထဲထိုးသွင်းသူများကဲ့သို့ ရောဂါကူးစက်နိုင်ခြေရှိသူများတွင် HIVကူးစက်ခြင်းမှ ကာကွယ်ရန် လူထုအခြေပြုဆက်သွယ်မှုအစီအစဉ်များ ဆောင်ရွက်ခြင်း အပါအဝင် စောင့်ရှောက်ကုသမှုများ ပေးအပ်ခြင်းဖြင့် မြန်မာနိုင်ငံရှိ HIV လူနာများအား နှစ် ၂၀ ကြာ ပံ့ပိုးကူညီပြီးနောက် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် MSF ၏ စီမံမှုအောက်တွင် စောင့်ရှောက်မှုခံယူနေရသော လူနာများအား MSF၏ ဆေးဘက်ဆိုင်ရာ အရင်းအမြစ်များနှင့်အတူ NAP သို့ အပြည့်အဝ လွှဲပြောင်းပေးခဲ့ပါတယ်။
တကယ်လို့ မိတ်ဆွေတို့အနေနဲ့လည်း MSF ရဲ့ HIV ကုသစောင့်ရှောက်မှု လုပ်ငန်းစဉ်တွေမှာ ပါဝင်ကူညီပေးခဲ့တဲ့ အတွေ့အကြုံတွေ ရှိခဲ့မယ်ဆိုရင် ပြန်လည်မျှဝေပေးခဲ့ပါဦး။
15/05/2026
ကျွန်ုပ်တို့အဖွဲ့အစည်းတွင် ကချင်စီမံကိန်း၌ တာဝန်ထမ်းဆောင်ရန် Medical Doctor တစ်ဦးကို ထပ်မံခေါ်ယူနေပါတယ်။
လစ်လပ်အလုပ်နေရာအတွက် ဖော်ပြချက်အသေးစိတ်ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပြီး အသေးစိတ်ရေးသားချက်ထဲမှာ ဖော်ပြထားတဲ့ သက်ဆိုင်ရာ အီးမေးလ်လိပ်စာကို တိုက်ရိုက်ပေးပို့လျှောက်ထားနိုင်ပါတယ်။
စိတ်ဝင်စားသူမိတ်ဆွေတွေဆီကိုလည်း မျှဝေပေးပါဦး။
https://linktr.ee/MSFMyanmar_JobVacancy
14/05/2026
လွန်ခဲ့သော ဆယ်နှစ်က ဤနေ့တွင် နိုင်ငံတကာအဝန်းအဝိုင်းက စစ်ပွဲဆိုင်ရာဥပဒေများကို လေးစားလိုက်နာရမည်ဖြစ်ကြောင်းနှင့် ဒဏ်ရာရရှိသူများ၊ ဖျားနာသူများနှင့် ၎င်းတို့ကို ပြုစုစောင့်ရှောက်ပေးနေသူများကို ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြုခဲ့ကြသည်။ သို့သော် ယနေ့တိုင် ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများမှာ ပျက်စီးဆုံးရှုံးနေရဆဲ ဖြစ်ပါသည်။ ဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့် လူနာများသည်လည်း သေဆုံးဒဏ်ရာရစေသည့် တိုက်ခိုက်မှုများအတွင်း ပိတ်မိနေကြရဆဲ ဖြစ်ပါသည်။
ဤအကြမ်းဖက်မှုများကို အဆုံးသတ်ရန်အတွက် လိုအပ်သော နိုင်ငံရေးဦးဆောင်မှုကို လုပ်ဆောင်ရန်နှင့် ပြသရန် ကမ္ဘာ့ခေါင်းဆောင်များကို ကျွန်ုပ်တို့ တိုက်တွန်းလိုပါသည်။
ကျန်းမာရေးစောင့်ရှောက်မှုသည် စစ်ပွဲ၏ သားကောင် ဘယ်သောအခါမှ မဖြစ်သင့်ပါ။
အပြည့်အစုံဖတ်ရှုရန် - https://msfsouthasia.org/joint-call-to-protect-medical-care-in-armed-conflict-10-years-of-un-security-council-resolution-2286/?fbclid=IwY2xjawRyUfxleHRuA2FlbQIxMABicmlkETFyRGliVEdPRzNmNEdQNG8yc3J0YwZhcHBfaWQQMjIyMDM5MTc4ODIwMDg5MgABHsOr0UG5C0B_BR-yrTZ6j0tKWbg47egYvh2KbQbxiY082__x4GKSZlBC7qlV_aem_7guOEcfHXj3OJ-3_bqqCLg
Ten years after the unanimous adoption of UN Security Council Resolution 2286 on the protection of health care in armed conflict, the reality is stark: attacks on medical facilities, transport, and personnel continue, and in many places have intensified.
Resolution 2286 does not mark an achievement, but a failure to uphold commitments meant to protect patients and those who care for them. As violence against healthcare persists, communities are left without lifesaving services and the very rules meant to limit the brutality of war are eroding.
The heads of the Médecins Sans Frontières / MSF, International Committee of the Red Cross and World Health Organization (WHO) issue an urgent call for action to protect medical care and defend our shared humanity.
Read the joint statement: https://msfsouthasia.org/joint-call-to-protect-medical-care-in-armed-conflict-10-years-of-un-security-council-resolution-2286/
11/05/2026
Over the Years - ဖြတ်သန်းခဲ့သောနှစ်ကာလများ
၂၀၂၃ - အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှု - ဆိုင်ကလုန်း မိုခါ
၂၀၂၃ခုနှစ် မေလတွင် ပြင်းထန်မှု အဆင့်ငါးရှိသော ဆိုင်ကလုန်းမိုခါသည် ရခိုင်ပြည်နယ်ကို တစ်နာရီလျင် ၂၈၀ ကီလိုမီတာရှိ လေတိုက်နှုန်းဖြင့် ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။ MSFအဖွဲ့အနေဖြင့် အဆိုးရွားဆုံးထိခိုက်ခံရသည့်နေရာများတွင် ဆေးဘက်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါတယ်။
တစ်ပတ်လျင် လူဦးရေ ၉,၀၀၀ အား သောက်သုံးရေဖြန့်ဝေခြင်းမှတစ်ဆင့် ရေမှတစ်ဆင့်ကူးစက်တတ်သော ရောဂါများ ကာကွယ်တားဆီးရေးကို MSF က ဦးစားပေးဆောင်ရွက်ခဲ့ပြီး အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အထူးစောင့်ရှောက်မှုအတွက် လူနာညွှန်းပို့ပေးခြင်း၊ အိမ်သာများပြန်လည်ပြင်ဆင်ခြင်းနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးပစ္စည်းများ ဖြန့်ဝေခြင်းများ ဆောင်ရွက်ပေးခဲ့ပါတယ်။
MSF က ဆောင်ရွက်ခဲ့တဲ့ ဆေးဘက်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေမှာ အတူတကွပါဝင်ခဲ့ပြီး အမှတ်တရတွေရှိခဲ့ရင်လည်း ဝေမျှပေးခဲ့ပါဦး။
07/05/2026
ကျွန်ုပ်တို့အဖွဲ့အစည်းတွင် ကချင်စီမံကိန်း၌ တာဝန်ထမ်းဆောင်ရန် Watsan Supervisor တစ်ဦးကို ထပ်မံခေါ်ယူနေပါတယ်။
လစ်လပ်အလုပ်နေရာအတွက် ဖော်ပြချက်အသေးစိတ်ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပြီး အသေးစိတ်ရေးသားချက်ထဲမှာ ဖော်ပြထားတဲ့ သက်ဆိုင်ရာ အီးမေးလ်လိပ်စာကို တိုက်ရိုက်ပေးပို့လျှောက်ထားနိုင်ပါတယ်။
စိတ်ဝင်စားသူမိတ်ဆွေတွေဆီကိုလည်း မျှဝေပေးပါဦး။
https://linktr.ee/MSFMyanmar_JobVacancy
04/05/2026
Over the Years - ဖြတ်သန်းခဲ့သောနှစ်ကာလများ
၂၀၂၁: ကိုဗစ်-၁၉ ကပ်ရောဂါကို တုံ့ပြန်ဆောင်ရွက်ခြင်း
လူထုကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီရရှိရေးတွင် ပေါ်ပေါက်လာသည့် သိသာထင်ရှားသော စိန်ခေါ်မှုများနှင့်လိုက်လျောညီထွေဖြစ်စေရန် MSF၏ ဆေးဘက်ဆိုင်ရာလုပ်ငန်းများကို ထိန်းညှိဆောင်ရွက်ခဲ့ပါတယ်။ MSF က ရန်ကုန်၊ ကချင်ပြည်နယ်ရှိ မြစ်ကြီးနားနှင့် ဖားကန့်မြို့များတွင် ကိုဗစ်-၁၉ ကုသရေးစင်တာများ ဖွင့်လှစ်ခဲ့ပြီး ရောဂါလက္ခဏာပြင်းထန်သူများအတွက် ကုတင် ၇၀ ပြင်ဆင်ထားရှိခဲ့ပါတယ်။
ထို့အပြင် MSF ၏ ဆေးဘက်ဆိုင်ရာအဖွဲ့များက အိမ်တွင်းစောင့်ရှောက်ကုသမှုပေးခြင်း၊ ဆေးဘက်ဆိုင်ရာပစ္စည်းများ လှူဒါန်းခြင်း၊ ကိုဗစ်-၁၉ သတင်းအချက် အလက်များ မှန်ကန်စွာ ရရှိစေရန် တယ်လီဖုန်းလိုင်းများ စီစဉ်ပေးခြင်း၊ ဖုန်းခေါ်ဆိုမှုဖြင့် ကျန်းမာရေးတိုင်ပင်ဆွေးနွေးပေးခြင်း၊ လူနာများအား အနီးကပ်ကုသမှုပေးနေသည့် ဝန်ထမ်းများအား ရောဂါပိုးကူးစက်မှုမှ ကာကွယ်ရန် လေ့ကျင့်သင်ကြားပေးခြင်းနှင့် MSF၏ ဆေးခန်းများမှ တစ်ဆင့် စစ်ဆေးရန်လိုအပ်သောလူနာများအား လွှဲပြောင်းပေးခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။ ရောဂါကာကွယ်ရေးနည်းလမ်းဆိုင်ရာ အချက်အလက်များကိုလည်း ကျွန်ုပ်တို့၏ဆေးခန်းများ နှင့် လူမှုကွန်ရက်စာမျက်နှာများမှ တစ်ဆင့် မျှဝေခဲ့ပါတယ်။
30/04/2026
ကျွန်ုပ်တို့အဖွဲ့အစည်းတွင် ကချင်စီမံကိန်း၌ တာဝန်ထမ်းဆောင်ရန် Mental Health Supervisor တစ်ဦးကို ထပ်မံခေါ်ယူနေပါတယ်။
လစ်လပ်အလုပ်နေရာအတွက် ဖော်ပြချက်အသေးစိတ်ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပြီး အသေးစိတ်ရေးသားချက်ထဲမှာ ဖော်ပြထားတဲ့ သက်ဆိုင်ရာ အီးမေးလ်လိပ်စာကို တိုက်ရိုက်ပေးပို့လျှောက်ထားနိုင်ပါတယ်။
စိတ်ဝင်စားသူမိတ်ဆွေတွေဆီကိုလည်း မျှဝေပေးပါဦး။
https://linktr.ee/MSFMyanmar_JobVacancy
29/04/2026
ကျွန်ုပ်တို့အဖွဲ့အစည်းမှ Solar PV system installation အတွက် လေလံခေါ်ယူနေပါတယ်။
ကမ်းလှမ်းချက်များကို ၂၀၂၆ခုနှစ် မေလ (၁၃)ရက် နောက်ဆုံးထားပြီး MSF ရုံး (အမှတ် 70/B၊ ပါရမီလမ်း၊ 8 ရပ်ကွက်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်) ကို အလုံပိတ်စာအိတ်များနဲ့ ပေးပို့ရမှာ ဖြစ်ပါတယ်။ သတ်မှတ်ရက်ကျော်လွန်ပြီးမှ ရောက်ရှိလာတဲ့ ကမ်းလှမ်းချက်တွေကိုတော့ ထည့်သွင်းစဉ်းစားမှာ မဟုတ်ပါဘူး။
အသေးစိတ်အချက်အလက်များကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://linktr.ee/MSFMyanmar_JobVacancy
Click here to claim your Sponsored Listing.
Category
Contact the organization
Website
Address
70 (B), Parami Road, Yankin Township
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |