Taste Window Food Magazine
Food, Cooking, Lifestyle and Health
Monthly Magazine, Issued on every 27th of a month
ထိုင်းစတိုင်လ်ဝက်စဉ်းကောခေါက်ဆွဲ
မိုးအေးအေးလေးနဲ့ အိမ်မှာ ချဉ်ချဉ်စပ်စပ် ထိုင်းစတိုင်လ်ဝက်စဉ်းကောခေါက်ဆွဲလေးကို လုပ်စားကြည့်ကြရအောင်။
ပါဝင်ပစ္စည်းများ
မားမားခေါက်ဆွဲခြောက်ထုပ် - ၂ ထုပ်
ခေါက်ဆွဲခြောက်ထုပ်တွင်ပါသောချဉ်စပ်အရသာအမှုန့်ထုပ် - ၂ ထုပ်
ခေါက်ဆွဲခြောက်ထုပ်တွင်ပါသောချဉ်စပ်အနှစ်ထုပ် - ၂ ထုပ်
ထန်းလျက် - စားပွဲဇွန်း ၂ ဇွန်း (နုပ်နုပ်စဉ်းပါ)
ငံပြာရည် - စားပွဲဇွန်း ၁ ဇွန်း
သံပရာသီး - ၁ လုံး
ငရုတ်သီးစိမ်း - စားပွဲဇွန်း ၁ ဇွန်း (ပါးပါးလှီးပါ)
ကြက်ပြုတ်ရည်(သို့) ရေနွေး - ၁၂၀ မီလီလီတာ
ဝက်သားစဉ်းကော - ၂၀၀ ဂရမ်
ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဆီ - အနည်းငယ်
ဂေါ်ဖီ - ၅၀ ဂရမ် (ပါးပါးလှီးပါ)
တရုတ်နံနံ - အနည်းငယ် (ပါးပါးလှီးပါ)
#နေခြည်
#ထိုင်းစတိုင်လ်ဝက်စဉ်းကောခေါက်ဆွဲ
05/06/2026
Bibimpap (ကိုရီးယားထမင်းသုပ်)
ဒီတစ်ခေါက်မှာတော့ ကိုရီးယားစတိုင်လ်ထမင်းသုပ်လေး လုပ်စားပါမယ်။ ကိုရီးယားဟင်းတွေလုပ်စားတဲ့အခါမှာ မရှိမဖြစ်ကတော့ ကိုရီးယားငရုတ်သီးအနှစ် (Gochyjang)ပဲပေါ့။ ထမင်းသုပ်မှာလည်း ငရုတ်သီးအနှစ်ကို အဓိကထားပြီး ထမင်းရယ်၊ အသီးအရွက်တွေနဲ့ သုပ်လေ့ရှိတယ်။ ဒါဆို ကြည့်လိုက်ကြရအောင်။
ပါဝင်ပစ္စည်းများ
ထမင်း - ၂၀၀ ဂရမ်
မုန်လာဥနီ - ၃၀ ဂရမ်
ကြက်ဥ - ၁ လုံး (ကြော်ထားပါ)
ဟင်းနုနယ်ရွက် - ၃၀ ဂရမ် (ခြွေထားပါ)
သခွားသီး - ၃၀ ဂရမ်
ပဲပင်ပေါက် - ၃၀ ဂရမ် (ရေဆေးသန့်စင်ထားပါ)
ကင်မ်ချီ - ၂၀ ဂရမ်
ဆီ - ၁၀၀ မီလီလီတာ
ဆား - အနည်းငယ်
ငရုတ်ကောင်းမှုန့် - အနည်းငယ်
ဆော့စ်စပ်ရန်
အရိုးပြုတ်ရည် - ၁၅၀ မီလီလီတာ
နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပန်းသီးရှလကာရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ကိုရီးယားငရုတ်သီးအနှစ် - စားပွဲဇွန်း ၂ ဇွန်း
ချင်း၊ ကြက်သွန်ဖြူ အနှစ် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပဲငံပြာရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပြုလုပ်ပုံ
မုန်လာဥနီကို အနေတော်အချောင်းငယ်များ လှီးပြီး အိုးတစ်လုံးထဲသို့ ဆီအနည်းငယ်၊ ဆား၊ ငရုတ်ကောင်းတို့ထည့်ပြီး လှိမ့်ပေးပါ။ ဟင်းနုနယ်ရွက်၊ ပဲပင်ပေါက်တို့ကိုလည်း ရေနွေးဖျောပြီး နှမ်းဆီမွှေး၊ ဆား၊ ငရုတ်ကောင်းတို့နှင့် လှိမ့်ပေးပါ။ ပြီးလျှင် ထမင်းကို နှမ်းဆီမွှေး၊ ဆား၊ ငရုတ်ကောင်းတို့နှင့် နယ်ပေးပါ။ ပြီးလျှင် အိုးတစ်လုံးထဲ ပဲငံပြာရည်၊ ကိုရီးယားငရုတ်သီးအနှစ်၊ ပန်းသီးရှလကာရည်၊ ချင်းကြက်သွန်ဖြူအနှစ်၊ အရိုးပြုတ်ရည်တို့ထည့်ပြီး မီးအေးအေးဖြင့် တည်ပါ။ ခပ်ပျစ်ပျစ်ဖြစ်လာလျှင် နှမ်းဆီမွှေးထည့်ပြီး မီးပိတ်လိုက်ပါ။ ပန်းကန်တစ်လုံးထဲကို ခုနက အရသာနယ်ထားသည့်ထမင်းကို ထည့်ပါ။ ပြီးလျှင် အသီးအရွက်များကို ထည့်ပါ။ ကြက်ဥကြော်ထားတာထည့်ပါ။ အပေါ်ကနေ ခုနက ကျိုထားသည့်ဆော့စ်ကို ထည့်လိုက်လျှင် စားချင်စဖွယ် ကိုရီးယားစတိုင်လ်ထမင်းသုပ်လေး ရပါပြီ။
ဤဟင်းလျာကို Taste Window Magazine အတွဲ(၁၂)၊ အမှတ် (၇)၊ ၂၀၂၆ မတ်လထုတ်မှ ကောက်နှုတ်ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထွက်ရှိပြီးသား Taste Window Magazine များကိုလည်း Ebook အနေဖြင့် အခမဲ့ ဖတ်ရှုနိုင်ပါတယ်။
#နေခြည်
#ကိုရီးယားထမင်းသုပ်
04/06/2026
F & B နှင့် Hotel လုပ်ငန်းတွေအတွက် အရေးပါတဲ့ မြန်မာ့ စားသောက်ကုန်၊ အဖျော်ယမကာ နှင့် ဟောရီကာ(HORECA) ပြပွဲကြီး
F & B နှင့် Hotel လုပ်ငန်းတွေအတွက် အရေးပါတဲ့ မြန်မာ့ စားသောက်ကုန်၊ အဖျော်ယမကာ နှင့် ဟောရီကာ(HORECA) ပြပွဲကြီးကို ဇွန်လ ၂၆ ရက်နေ့ မှ ၂၈ ရက်နေ့အထိ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်တော့မှာပဲ ဖြစ်ပါတယ်။
ပြည်တွင်းပြည်ပကထုတ်လုပ်တဲ့ စားသောက်စရာတွေကို တစ်နေရာထဲ တစ်စုတစ်ဝေးတည်း လေ့လာကြည့်ရှု ဝယ်ယူနိုင်ပြီး နာမည်ကျော် CHEFများရဲ့ COOKING DEMONSTRATION များကိုကြည့်ရှုပြီးအရသာမြည်းစမ်းနိုင်မှာ ဖြစ်ပါတယ်။
အဆိုပါ ပြပွဲကြီးတွင် ပြည်တွင်းပြည်ပက ထုတ်လုပ်တဲ့စားသောက်ကုန်တွေ စားသောက်ကုန်ထုတ်လုပ်မယ့် နည်းပညာတွေ၊ စက်ပစ္စည်းတွေ၊ ကုန်ကြမ်းတွေ၊ အနံ့အရသာတွေ၊ ထုတ်ပိုးပစ္စည်းတွေ၊ လက်လီလက်ကား အရောင်းစတိုးဆိုင်သုံး စင်တွေ ၊ ဟိုတယ်၊ စားသောက်ဆိုင်၊ ကဖေးအတွက် ပရိဘောဂတွေ၊ ပန်းကန်ခွက်ယောက်တွေ၊ မီးဖိုချောင်သုံး ပစ္စည်းတွေ၊ အအေးခန်းသုံး ပစ္စည်းတွေ၊ POS, software တွေကို ပြသရောင်းချသွားမှာပဲ ဖြစ်ပါတယ်။
ပြပွဲကြီးမှာ အစားအသောက်ကုန်ထုတ်လုပ်ငန်းများအတွက် ကုန်းကြမ်း၊ စက်ပစ္စည်းနှင့် နည်းပညာများ၊ ဟိုတယ် နှင့် စားသောက်ဆိုင်၊ ကဖေးလုပ်ငန်းများအတွက် ဝန်ဆောင်မှုဆိုင်ရာ ကုန်ပစ္စည်းများ၊ စားသောက်ဆိုင်ဖွင့်လှစ်ထားသူများ၊ အစားအသောက်ဆိုင်ရာ အချက်အပြုတ် ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သူများ၊ F&B ကဣကို လေ့လာ သင်ယူလိုသူလူငယ်များ၊ ဟိုတယ်စားသောက်ဆိုင်ပိုင်ရှင်များနဲ့ အိမ်ရှင်မတွေ အနေနဲ့ လက်မလွှတ် သင်တဲ့ပွဲ တစ်ပွဲ ဖြစ်တာမို့လာရောက် ပြသ၊ လေ့လာကြဖို့အတွက်ဖိတ်ခေါ်လိုက်ရပါတယ်။
ပြပွဲကြီးတွင်ဝင်ရောက်ပြသလိုသူ လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများ၊ အသင်းအဖွဲ့အများ၊ လာရောက်လေ့လာချင်သူများအနေဖြင့် ပြခန်းအတွက်ပဲဖြစ်ဖြစ်၊ လာရောက်ချင်လို့ပဲဖြစ်ဖြစ် အသေးစိတ်သိရှိလိုပါက -
09 409 4000 55, 09 409 4000 66, 09 409 4000 77
09 43125185 သို့ ဆက်သွယ်စုံစမ်းမေမြန်းနိုင်ပါတယ်။
🗓 ပြပွဲနေ့ရက် - ၂၀၂၆၊ ဇွန် လ ၂၆ရက်မှ ၂၈ရက်ထိ
🕦 ပြပွဲ အချိန် - မနက် ၉ နာရီ မှ ညနေ ၅နာရီထိ
🏢 ပြပွဲနေရာ - အင်းယားလိတ်ဟိုတယ် ဝင်းအတွင်းက Yangon Convention Center-YCC (ရန်ကုန်ကွန်ဗန်းရှင်းစင်တာ)၊ ကမ္ဘာအေးဘုရားလမ်း ၁၀၆ မှတ်တိုင်အနီး
#စားသောက်ကုန် #အရောင်းပြပွဲ
03/06/2026
ကြက်ပျားသံပရာ (Honey Lemon Chicken )
ဒီတစ်ခေါက်မှာတော့ ချက်ရတာအရမ်းလွယ်ကူပြီး အချိန်ကုန်သက်သာတဲ့ လုပ်နည်းလေးတစ်မျိုးကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ အဲ့ဒါကတော့ ကြက်ရင်ပုံသားကို ချိုချိုချဉ်ချဉ်အရသာလေး ရရှိစေမယ့် ကြက်ပျားသံပရာလုပ်နည်းလေးပဲ ဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
ကြက်ရင်ပုံသား - ၂၇၀ ဂရမ်
ဆား /ငရုတ်ကောင်း - အနည်းငယ် (ကြက်သားအရသာနယ်ရန်)
ပြောင်းကော်မှုန့် - အနည်းငယ် (ကြက်သားကပ်ကြော်ရန်)
ဆီ - အနည်းငယ်
ကြက်သွန်ဖြူ - ၂ မြွှာ (နုပ်နုပ်စဉ်းပါ)
ပဲငံပြာရည်အကြည် - စားပွဲဇွန်း ၁ ဇွန်း
ငရုတ်သီးအကြမ်းဖတ် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပျားရည် - စားပွဲဇွန်း ၁ ဇွန်း
သံပရာအခွံ - အနည်းငယ် (ခြစ်ဖြင့်ခြစ်ပါ)
သံပရာရည် - ၂ ခြမ်း (အရည်ညှစ်ပါ)
ငရုတ်ကောင်း - အနည်းငယ်
ကြက်သွန်မြိတ် - အနည်းငယ်
ပြုလုပ်ပုံ
သန့်စင်ထားသော ကြက်ရင်ပုံသားကို နှစ်ခြမ်း ခြမ်းပါ။ ဆား၊ ငရုတ်ကောင်း ဖြူးပါ။ အဆင်သင့် ဗန်းတစ်ခုထဲတွင် ထည့်ထားသော ပြောင်းကော်မှုန့်နှင့် ကပ်ပါ။ အိုးတစ်လုံးထဲတွင် ဆီထည့်ပြီး ပြောင်းကော်မှုန့် ကပ်ထားသည့် ကြက်သားကို ကြော်ပါ။ တစ်ဖက်လျှင် ခန့်မှန်းခြေ သုံးမိနစ်ခန့် ကြော်ပြီးလျှင် ဖယ်ထားပါ။
ဆော့စ် ချက်ရန်အတွက် ခုနက ကြက်သားကြော်ထားသည့် ဆီအိုးထဲသို့ ကြက်သွန်ဖြူ၊ ငရုတ်သီးအကြမ်းဖတ်၊ အရောင်တင်မှုန့်တို့ ထည့်ပြီး ဆီသတ်ပါ။ အနံ့မွှေးလာလျှင် ပဲငံပြာရည်အကြည်၊ ပျားရည် ထည့်ပါ။ သံပရာအခွံကို ခြစ်ထည့်ပါ။ ငရုတ်ကောင်းအနည်းငယ် ထည့်ပါ။ ဆော့စ်ပျစ်လာလျှင် ခုနက ကြော်ထားသည့် ကြက်သားထည့်ပြီး လှိမ့်ပါ။ နောက်ဆုံးမှာ သံပရာရည်ထည့်ပြီး ကြက်သွန်မြိတ်ဖြူးလိုက်လျှင် ချိုချိုချဉ်ချဉ်အရသာထိမိနေသော ကြက်ပျားသံပရာ ရပါပြီ။
ဤဟင်းလျာကို Taste Window Magazine အတွဲ(၁၂)၊ အမှတ် (၇)၊ ၂၀၂၆ မတ်လထုတ်မှ ကောက်နှုတ်ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထွက်ရှိပြီးသား Taste Window Magazine များကိုလည်း Ebook အနေဖြင့် အခမဲ့ ဖတ်ရှုနိုင်ပါတယ်။
#နေခြည်
#ကြက်ပျားသံပရာ
02/06/2026
တရုတ်ငါးပိကြက်သားကြော်
မလေးရှားတရုတ်ကြက်သားကြော်ပါ။ မလေးရှားလူမျိုးတွေရဲ့ ဟင်းလျာတွေမှာ ငါးပိအသုံးများပါတယ်။ မလေးရှားနိုင်ငံမှာ အခြေစိုက်နေထိုင်လာကြတဲ့ တရုတ်လူမျိုးတွေကလည်း သူတို့ရဲ့ တရုတ်ဟင်းလျာတွေမှာလည်း ငါးပိကို သုံးလာကြတယ်လို့ ပြောလို့ ရပါတယ်။ ဒီလိုကြက်သားမျိုးကို တရုတ်စားသောက်ဆိုင်နဲ့ Café တွေမှာပဲ ရောင်းချကြသလို တရုတ်မိသားစုအိမ်တွေမှာလည်း ကြော်စားကြပြီး အိမ်မှာ ကျင်းပတဲ့ ဧည့်ခံပွဲလေးတွေမှာလည်း အဲ့ဒီကြက်သားကြော်ကို ကြာဆံကြော်လေးတွေနဲ့ တွဲပြီး ဧည့်ခံကြပါတယ်။
ပါဝင်ပစ္စည်းများ
ကြက်သား - ၄၅၀ ဂရမ် (အနေတော်အရွယ်တုံးထားပါ)
ကြက်ဥ - ၁ လုံး
ပြောင်းဖူးမှုန့် - စားပွဲဇွန်း တစ်ဝက်
ခရုဆီ - စားပွဲဇွန်း တစ်ဝက်
ဆီတိုဟူးအနီရောင် (Iam Yee) - တုံးတစ်ဝက်
ဆီတိုဟူးအဖြူရောင် (Fu Yee) - တုံးတစ်ဝက်
ငါးပိစိမ်းစား(မီးကင်ထားပါ) - စားပွဲဇွန်း တစ်ဝက်
သကြား - လက်ဖက်ရည်ဇွန်း တစ်ဝက်
တရုတ်ဆန်အရက် (Cooking Wine) - စားပွဲဇွန်း တစ်ဝက်
ပြုလုပ်နည်း
ကြက်သားကို ခရုဆီ၊ ဆီတိုဟူးအနီရောင်၊ ဆီတိုဟူးအဖြူရောင်၊ ငါးပိကင်၊ သကြား၊ တရုတ်ဆန်အရက်တို့နှင့် ရောနယ်ပြီး အနည်းဆုံး ၂ နာရီ၊ ၃ နာရီလောက် နှပ်ထားပါ။ ကြက်သားကြော်မည်ဆိုပါက ကြက်ဥဖောက်ထည့်ပြီး နယ်ပါ။ ပြီးလျှင် ပြောင်းဖူးမှုန့်နှင့်လူးပြီး ကြော်ပါ။
#တရုတ်ငါးပိကြက်သားကြော်
01/06/2026
Sweet and sour ငါးချိုချဉ်ကြော် ထမင်းပုံစား
ဒီတစ်ခေါက်မှာတော့ ချိုချိုချဉ်ချဉ်အရသာလေးနဲ့ ငါးချိုချဉ်ကြော်ကို တမူထူးခြားအောင် ကြော်ပါမယ်။ လုပ်ရတာလည်း လွယ်တယ်၊ ရိုးရှင်းတယ်။
ပါဝင်ပစ္စည်းများ
ငါး - ၂၅၀ ဂရမ် (သန့်စင်ထားပါ)
ဆား၊ ငရုတ်ကောင်း - အနည်းငယ်
ပြောင်းကော်မှုန့် - စားပွဲဇွန်း ၁ ဇွန်း
ပဲငံပြာရည်အကြည် - စားပွဲဇွန်း ၂ ဇွန်း
ပဲငံပြာရည်အနောက် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
သကြားရည် - စားပွဲဇွန်း ၂ ဇွန်း
လီမွန်အရည် - စားပွဲဇွန်း ၆ ဇွန်း
ရေ - ၁၀၀ မီလီလီတာ
ကြက်သွန်နီ - ၁၀ ဂရမ်
မုန်လာဥနီ - ၃၀ ဂရမ် (အနေတော်လှီးပါ)
ခရမ်းချဉ်သီး - ၁ လုံး (လေးစိတ်စိတ်ပါ)
ပန်းဂေါ်ဖီ - ၂၀ ဂရမ် (အနေတော်လှီးပါ)
ပြုလုပ်ပုံ
ငါးကို အနေတော်အတုံးငယ်များ တုံးပြီး ဆား၊ ငရုတ်ကောင်း၊ ပြောင်းကော်မှုန့်တို့နှင့် နယ်ပြီး ဆီများများဖြင့် ကြော်ပါ။ ပြီးလျှင် မိမိထည့်မည့် အသီးအရွက်များကို ရေနွေးဖျောထားပါ။ ပြီးလျှင် ပန်းကန်လုံးတစ်လုံးထဲ လီမွန်အရည်၊ ပဲငံပြာရည်အကြည်၊ အနောက်၊ သကြားရည်တို့ ထည့်ပြီး ဆော့စ်အရင် စပ်ထားလိုက်ပါ။(အကယ်၍ လီမွန်အရည်မရှိလျှင် ပျားရည်နှင့် ရှလကာရည်တို့ကို အသုံးပြုနိုင်ပါသည်)။ ချိုချဉ်ကြော် ကြော်ရန်အတွက် အိုးတစ်လုံးထဲကို ကြက်သွန်နီ ပါးပါးလှီးထည့်ပြီး ကြော်ပါ။ ပြီးလျှင် ခုနက ရေနွေးဖျောထားသည့် အသီးအရွက်များကို ထည့်ပါ။ ငါးကြော်ထားတာ ထည့်ပါ။ နောက်ဆုံးမှာ ခုနက စပ်ထားသည့် ဆော့စ်ထည့်လိုက်လျှင် ချိုချိုချဉ်ချဉ်အရသာ ငါးချိုချဉ်ကြော်တစ်ခွက်ကို ထမင်းပူပူနဲ့ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။
ဤဟင်းလျာကို Taste Window Magazine အတွဲ(၁၂)၊ အမှတ် (၇)၊ ၂၀၂၆ မတ်လထုတ်မှ ကောက်နှုတ်ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထွက်ရှိပြီးသား Taste Window Magazine များကိုလည်း Ebook အနေဖြင့် အခမဲ့ ဖတ်ရှုနိုင်ပါတယ်။
#နေခြည်
#ငါးချိုချဉ်ကြော်ထမင်းပုံစား
အိမ်မှာ လွယ်လွယ်ကူကူ ကိတ်လုပ်စားနိုင်အောင် ငှက်ပျောသီးကိတ် လုပ်နည်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ငှက်ပျောသီးရဲ့ သဘာဝအချို၊ အနံ့ကြောင့် နှစ်သက်စရာကောင်းပြီး သစ်ကြံပိုးမှုန့် အနံ့ကြိုက်သူတွေအတွက်ဆိုရင် ပြည့်စုံတဲ့အရသာလို့ ဆိုရပါမယ်။ ကဲ လုပ်နည်းလေးကို ကြည့်လိုက်ကြရအောင်နော်။
#နေခြည်
#ငှက်ပျောသီးကိတ်
ငရုတ်သီးဆီချက်ခေါက်ဆွဲ
ဒီတစ်ပတ်မှာတော့ ပူပူစပ်စပ်ကြိုက်သူတွေအတွက် လုပ်စားကြည့်သင့်တဲ့ ငရုတ်သီးဆီချက်ခေါက်ဆွဲလေးပဲ ဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
ခေါက်ဆွဲခြောက်ထုပ် - ၁ ထုပ်
ဆီ - အနည်းငယ်
ငရုတ်သီးအကြမ်းဖတ် - စားပွဲဇွန်း ၁ ဇွန်း
ငရုတ်သီးအရောင်တင်မှုန့် - စားပွဲဇွန်း ၁ ဇွန်း
ဆီပူ - စားပွဲဇွန်း ၂ ဇွန်း
ပဲငံပြာရည်အကျဲ - စားပွဲဇွန်း ၁ ဇွန်း
ဆီ - စားပွဲဇွန်း ၁ ဇွန်း (ကြက်ဥကြော်ရန်)
ကြက်ဥ - ၁ လုံး
ကြက်သွန်မြိတ် - အနည်းငယ် (ပါးပါးလှီးပါ)
#နေခြည်
#ငရုတ်သီးဆီချက်ခေါက်ဆွဲ
29/05/2026
ကြက်သွန်ဖြူသီးရွက်စုံထမင်းကြော်
ပါဝင်ပစ္စည်းများ
ထမင်း - ၂၀၀ ဂရမ်
Shoyu (ဂျပန်ပဲငံပြာရည်အကြည်) - စားပွဲဇွန်း ၃ ဇွန်း
ထောပတ် - စားပွဲဇွန်း ၂ ဇွန်း
ငရုတ်ပွ - ၄ ကျပ်သား (အချောင်းရှည်လှီးထားပါ)
ရွှေပဲသီး - ၄ တောင့် (အစောင်းပါးပါးလှီးပါ)
ပြောင်းဖူးအသေး - ၄ ဖူး (အစောင်းပါးပါးလှီးပါ)
မုန်လာဥနီ - ၄ ကျပ်သား (အချောင်းရှည်လှီးပါ)
ကြက်သွန်ဖြူဆီချက်ဆီ - စားပွဲဇွန်း ၂ ဇွန်း
ကြက်သွန်ဖြူကြော် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း (ထမင်းပေါ်တင်ရန်)
ပြုလုပ်နည်း
၁။ ထမင်းကို ခွက်ထဲထည့်ပြီး ဂျပန်ပဲငံပြာရည်အကြည်နှင့် ထောပတ်ထည့်ပြီး နယ်ထားပါ။
၂။ အိုးထဲ ကြက်သွန်ဖြူဆီချက်ဆီကို ထည့်ပါ။ ဆီပူလာလျှင် ငရုတ်ပွ၊ ရွှေပဲသီး၊ ပြောင်းဖူးအသေး၊ မုန်လာဥနီတို့ကို ထည့်ပြီး မွှေကြော်ပါ။ နယ်ထားသော ထမင်းထည့်ကြော်ပါ။
၃။ အနံ့မွှေးပြီး ကျက်လာပါက ကြက်သွန်ဖြူကြော်ကို ထမင်းကြော်အပေါ်မှာ တင်ပါ။ အရသာရှိသော ကြက်သွန်ဖြူသီးရွက်စုံထမင်းကြော်ကို စားသုံးနိုင်ပါပြီ။
#ကြက်သွန်ဖြူသီးရွက်စုံထမင်းကြော်
28/05/2026
နွားနို့ခဲခရမ်းချဉ်သီးချက် ထမင်းပုံစား
အညာနွားနို့ခဲဆိမ့်ဆိမ့်လေးကို ခရမ်းချဉ်သီးအနှစ်ပျစ်ပျစ်လေးနဲ့ ချက်စားရအောင်။ အရသာရှိပြီး လုပ်ရတာလည်း လွယ်ကူပါတယ်။
ပါဝင်ပစ္စည်းများ
နွားနို့ခဲ - ၃၅၀ ဂရမ်
ခရမ်းချဉ်သီး - ၅ လုံး
ကြက်သွန်နီ - အသေး ၄ လုံး
ဆီ - ၇၅ မီလီလီတာ
ငါးငံပြာရည် - စားပွဲဇွန်း ၁ ဇွန်း
သကြား - လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း
အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငရုတ်သီးစိမ်း - ၅ တောင့်
နံနံပင် - ၅ ပင်
ရေနွေး - ၈၀ မီလီလီတာ
ပြုလုပ်ပုံ
ခရမ်းချဉ်သီးအနှစ်ချက်ရန်အတွက် ခရမ်းချဉ်သီးကို အိုးတစ်လုံးထဲထည့်ပြီး ပြုတ်ထားလိုက်ပါ။ ပြီးလျှင် နွားနို့ခဲကို အနေတော်တုံးပါ။ ကြက်သွန်နီကို နုပ်နုပ်စဉ်းပါ။ ခရမ်းချဉ်သီးပြုတ်ရလာပြီဆိုလျှင် ကြေညက်သွားသည်အထိ နုပ်နုပ်စဉ်းပါ။ ဒါမှသာ အနှစ်ချက်သည့်အခါမှာ အဖက်တေမကျန်ဘဲ အနှစ်ပျစ်ပျစ်လေး ဖြစ်လာမှာပါ။ ချက်မည့်အိုးထဲကို ဆီ ထည့်ပြီး ဆီပူလာလျှင် ကြက်သွန်နီ ထည့်ပါ။ မီးအေးအေးနှင့် ကြက်သွန်နီရွှေရောင်သန်းလာသည်အထိ ကြော်ပါ။ ပြီးလျှင် နနွင်းမှုန့် ၊ အရောင်တင်မှုန့်၊ ငါးငံပြာရည်၊ သကြားတို့ထည့်ပြီး ဆီသတ်ပါ။ ပြီးလျှင် ခရမ်းချဉ်သီး ထည့်ပါ။ မီးအေးအေးလေးနဲ့ ရေနွေးအနည်းငယ်ထည့်ပြီး အနှစ်ဖြစ်လာသည်အထိ တည်ထားပါ။
ပြီးလျှင် အဆင်သင့်တုံးထားသည့် နွားနို့ခဲထည့်ပြီး အရသာများဝင်သွားအောင် အဖုံးအုပ်ပေးပါ။ (နွားနို့ခဲက ရေထွက်လာမှာဖြစ်တဲ့အတွက် နောက်ထပ် ရေထပ်မထည့်ပါနဲ့)။ ပြီးလျှင် ငရုတ်သီးစိမ်း၊ နံနံပင်ထည့်ပြီး တစ်မိနစ်လောက် အဖုံးအုပ်ပြီးလျှင် ရပါပြီ။ နွားနို့ခဲခရမ်းချဉ်သီးချက်ဆိမ့်ဆိမ့်လေးကို ထမင်းပူပူလေးနဲ့ အရသာရှိစွာ တွဲဖက်သုံးဆောင်နိုင်ပါပြီ။
#နေခြည်
#နွားနို့ခဲခရမ်းချဉ်သီးချက်ထမင်းပုံစား
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No3, Gantgaw Myaing 1st Street, 1st Floor, Near Thuwunna Market, Thingangyun
Yangon
11072
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |