BOG-Business Owner Guide
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from BOG-Business Owner Guide, Consulting Agency, No. 375, Taw Win Street, Shwe Pyi Thar Township, Yangon, Yangon.
21/11/2024
❗လုပ်ငန်းကလုပ်နေပြီဆိုပေမယ့် သေချာမစီမံနိုင်သေးဘူး
✅Business Management ကကျယ်ပြန့်လို့ လေ့လာဖို့လည်း မလွယ်ကူဘူး ဖြစ်နေတယ်ဆိုရင် အခု 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐎𝐰𝐧𝐞𝐫 𝐆𝐮𝐢𝐝𝐞 - 𝐁𝐎𝐆 က ပြောပြပေးမယ့် Business Management ရဲ့ အဓိကသော့ချက်(၄)ချက် ကို သိထားဖို့လိုပါမယ်။
(၁)Planning (အစီအစဉ်ရေးဆွဲခြင်း)
Planning ကတော့ လုပ်ငန်းရဲ့ ရည်မှန်းချက်တွေ၊ ရည်ရွယ်ချက်တွေကို အကောင်ထည်ဖော်ဖို့နဲ့ အချိန်မီပြီးမြောက်စေဖို့ လမ်းကြောင်းများရှာဖွေပြီး လုပ်ဆောင်ရမယ့် အစီအစဉ်များကို သတ်မှတ်ခြင်းဖြစ်ပါတယ်။
(၂)Organizing (ဖွဲ့စည်းခြင်း)
ဝန်ထမ်းများကို လုပ်ငန်းတာဝန်အလိုက် သက်ဆိုင်ရာအဖွဲ့အစည်းများ ဖွဲ့စည်းပေးပြီး သက်ဆိုင်ရာတာဝန်များခွဲဝေပေးလိုက်တာကြောင့် အလုပ်လုပ်ကိုင်တဲ့အခါမှာ ပိုမိုထိရောက်ပြီး မြန်ဆန်စွာပြီးမြောက်အောင်မြင်စေမှာဖြစ်ပါတယ်။
(၃)Leading (ဦးဆောင်မှုပေးခြင်း)
Leading မှာတော့ ဝန်ထမ်းများရဲ့ စွမ်းဆောင်နိုင်စွမ်းမြှင့်တင်ပြီး စည်းကမ်းနှင့် တက်ကြွမှုကို ပေးစွမ်းနိုင်ဖို့ မန်နေဂျာများအနေနဲ့ အဖွဲ့ဝင်များကို လမ်းပြခြင်း၊ အားပေးခြင်းတို့ ပါဝင်ပါတယ်။
(၄) Controlling (ထိန်းချုပ်ခြင်း)
Controlling ကတော့ လုပ်ငန်းအတွက် သတ်မှတ်ထားတဲ့ ရည်မှန်းချက်တွေ ရောက်ရှိနေပြီလား စစ်ဆေးခြင်း၊ တိုးတက်မှုအခြေအနေကို လေ့လာခြင်းတို့ ပါဝင်ပါတယ်။ Controlling လုပ်ခြင်းက လုပ်ငန်းရဲ့ ရလဒ်ကို စောင့်ကြည့်နိုင်ပြီး လိုအပ်ချက်တွေရှိတဲ့အခါ ပြင်ဆင်နိုင်ဖို့ အကူညီပေးနိုင်ပါတယ်။
Business Management ကို ကောင်းကောင်း ပြုလုပ်ချင်တယ်၊ အများကြီးလေ့လာဖို့လည်း အချိန်မရှိသေးဘူးဆိုရင် အခု ပြောပြပေးခဲ့တဲ့ အချက်(၄)ချက်ကို ပိုင်နိုင်အောင် လေ့ကျင့်ထားသင့်ပါတယ်။
ဒီအချက်(၄)ချက်ကိုသာ သေချာကျွမ်းကျင်သွားမယ်ဆိုရင် လုပ်ငန်းစီမံခန့်ခွဲမှုကို အရမ်းအထောက်အကူပြုနိုင်ပြီး ပိုမိုလွယ်ကူစွာ Manage ပြုလုပ်နိုင်လာမှာ အသေအချာပါပဲ။
စနစ်ကျတဲ့လုပ်ငန်းတိုင်းအတွက် 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐎𝐰𝐧𝐞𝐫 𝐆𝐮𝐢𝐝𝐞 - 𝐁𝐎𝐆
20/11/2024
Manager တစ်ယောက်ဖြစ်လာပြီဆိုရင် သာမာန်ဝန်ထမ်းတွေထက် Responsibilities တွေ ပိုများလာမယ်။
ဝန်ထမ်းတွေရဲ့ ကိစ္စအ၀၀နဲ့ လုပ်ငန်းရဲ့အခြေအနေ၊ တိုးတက်မှု၊ စီမံခန့်ခွဲမှုတွေကိုလည်း စဉ်ဆက်မပြတ်စောင့်ကြည့်နေဖို့လည်း လိုအပ်ပါလာတယ်။
အခုလိုမျိုး များပြားလှတဲ့တာဝန်တွေကို အခက်အခဲမရှိထမ်းဆောင်နိုင်ဖို့ အခုပြောပြပေးမယ့် Skills တွေရှိဖို့လိုအပ်ပါတယ်။
💯ဝန်ထမ်းတွေကို ကိုယ်တိုင်ဦးဆောင်နိုင်ဖို့ Leadership Skills
💯ဌာနများ၊ အဖွဲ့အစည်းများနဲ့ ကောင်းမွန်စွာ ပြောဆိုဆက်ဆံနိုင်ဖို့ Communication Skills
💯ဝန်ထမ်းတွေကိုယ်တိုင် ဆုံးဖြတ်ချက်မချနိုင်တဲ့ ကိစ္စတွေကို ဆုံးဖြတ်ပေးဖို့ Decision-Making Skills
💯ကောင်းမွန်တဲ့ အလုပ်အဖွဲ့အစည်းတွေ တည်ဆောက်နိုင်ဖို့ Team Building Skills
💯ကိုယ့်စိတ်ခံစားချက်ကို ထိန်းချုပ်ပြီး တခြားသူရဲ့ စိတ်ခံစားချက်ကို နားလည်ဖို့ Emotional Intelligence
💯စီမံချက်တွေရေးဆွဲပြီး ရေရှည်Planတွေပါ အကောင်အထည်ဖော်နိုင်ဖို့ Strategic Thinking စတဲ့ Skills တွေရှိဖို့လိုအပ်ပါတယ်။
ဒါကြောင့် သာမာန်ဝန်ထမ်းအဖြစ်ကနေ ကိုယ်တိုင်စီမံအုပ်ချုပ်တဲ့အဆင့်ထိ ရောက်ရှိလိုတယ်ဆိုရင် အခု 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐎𝐰𝐧𝐞𝐫 𝐆𝐮𝐢𝐝𝐞 - 𝐁𝐎𝐆 ကပြောပြပေးခဲ့တဲ့ Skills တွေကို ဖြည့်တင်းထားဖို့ မမေ့ပါနဲ့နော်။
စနစ်ကျတဲ့လုပ်ငန်းတိုင်းအတွက် 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐎𝐰𝐧𝐞𝐫 𝐆𝐮𝐢𝐝𝐞 - 𝐁𝐎𝐆
19/11/2024
လူကြီးမင်းက Product တွေရောင်းချနေတဲ့ လုပ်ငန်းရှင်တစ်ဦးဆိုရင် စျေးကွက်လေ့လာရေး(Market Analysis) ကို မဖြစ်မနေ ကျွမ်းကျင်နေဖို့ လိုအပ်ပါတယ်။
အဲ့ဒါမှလည်း စျေးကွက်မှာ ဘယ်ပစ္စည်းကပေါက်လဲ၊ ဘယ်ပစ္စည်းကို ဘယ်လိုရောင်းလဲ၊ ဘယ်လုပ်ငန်းက ဘယ်ပစ္စည်းအသစ်ထုတ်လဲဆိုတာကို အမြဲသိရှိနေပြီး ပိုကောင်းတဲ့ Product နဲ့ ပိုကောင်းတဲ့ Sale Plan တွေကို ချမှတ်နိုင်မှာဖြစ်ပါတယ်။
Market Analysis မှာဆိုရင်…
(၁) စျေးကွက်ပမာဏ (Market Size)
(၂) စျေးကွက်လမ်းကြောင်း (Market Segmentation)
(၃) ယှဉ်ပြိုင်မှု (Competition)
(၄) ဖောက်သည်များ၏ လိုအပ်ချက်များနှင့် အပြုအမူ (Customer Needs and Behavior)
(၅) စျေးကွက်ထဲက Updated များ (Market Trends)
(၆) စျေးနှုန်းနှင့် စျေးကွက်ထိုးဖောက်နည်းများ (Pricing and Market Entry Strategies)
(၇) စီးပွါးရေးလောကရဲ့ ပြောင်းလဲလာပုံ (Economic Environment) ဒီအချက်တွေကို ပါဝင်မှာဖြစ်ပါတယ်။
နောက်နေ့တွေမှာ တစ်ချက်ချင်းစီးရဲ့ အသေးစိတ်အချက်အလက်တွေကို Sharing လုပ်ပေးသွားမှာမို့ အသေးစိတ်ကို သိရှိလိုတယ်ဆိုရင် 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐎𝐰𝐧𝐞𝐫 𝐆𝐮𝐢𝐝𝐞 - 𝐁𝐎𝐆 ကို Like and Follow လုပ်ထားဖို့မမေ့ပါနဲ့နော်။
စနစ်ကျတဲ့လုပ်ငန်းတိုင်းအတွက် 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐎𝐰𝐧𝐞𝐫 𝐆𝐮𝐢𝐝𝐞 - 𝐁𝐎𝐆
18/11/2024
လုပ်ငန်းတစ်ခုတည်ထောင်ပြီဆိုရင် အရေးကြီးဆုံးအချက်က လုပ်ငန်းသေချာလည်ပတ်အောင် စနစ်တကျစီမံခန့်ခွဲနိုင်ဖို့ပါ။
ဒါကြောင့် ကိုယ်ကလုပ်ငန်းတစ်ခုလုပ်ပြီဆိုရင် အရင်ဆုံး Management Skills ကို တိုးတက်အောင် လေ့ကျင့်ထားဖို့လိုပါမယ်။
Management Skills တိုးတက်အောင် ဘာတွေကိုလေ့လာရမလဲဆိုတော့…
🔰အချိန်ကို အကျိုးရှိရှိ အသုံးချဖို့ Time Management Skills
🔰ဝန်ထမ်းတွေနဲ့ ထိထိရောက်ရောက် စကားပြောဆို ဆက်ဆံဖို့ Effective Communication Skills
🔰ဖြေရှင်းရခက်တဲ့ ပြဿနာတွေကိုအကောင်းဆုံး ဖြေရှင်းနိုင်ဖို့ Problem Solving Skills
🔰Urgent ဖြစ်တတ်တဲ့ ကိစ္စရပ်တွေအတွက် လျင်မြန်မှန်ကန်စွာ ဆုံးဖြတ်နိုင်စေဖို့ Decision-Making Skills
🔰ဝန်ထမ်းတွေရဲ့ အရည်အသွေးနဲ့ လုပ်ဆောင်မှုတွေကို အားပေးကူညီဖို့အတွက် Support and Motivation Skills စတဲ့ Skills တွေပဲဖြစ်ပါတယ်။
ဒါကြောင့် လူကြီးမင်းတို့အနေနဲ့ လုပ်ငန်းတစ်ခုကို စနစ်တကျနဲ့ ကိုယ်တိုင်စီမံခန့်ခွဲချင်တယ်ဆိုရင် အခု 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐎𝐰𝐧𝐞𝐫 𝐆𝐮𝐢𝐝𝐞 - 𝐁𝐎𝐆 ကပြောပြပေးခဲ့တဲ့ အချက်လေးတွေကို ပြည့်မီနေဖို့ အစဉ်အမြဲလေ့လာသင့်ပါတယ်။
စနစ်ကျတဲ့လုပ်ငန်းတိုင်းအတွက် 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐎𝐰𝐧𝐞𝐫 𝐆𝐮𝐢𝐝𝐞 - 𝐁𝐎𝐆
15/11/2024
မြန်မာ့ရိုးရာအခါသမယ ပျော်ရွှင်ဖွယ် တန်ဆောင်မုန်းလပြည့်နေ့လေးမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး လုပ်ငန်းများလည်း ကြီးပွားတိုးတက်အောင်မြင်နိုင်ကြပါစေလို့ 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐎𝐰𝐧𝐞𝐫 𝐆𝐮𝐢𝐝𝐞 - 𝐁𝐎𝐆 မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
#တန်ဆောင်မုန်းလပြည့်နေ့ #သာမညဖလအခါတော်နေ့
15/08/2024
System ဆိုတာ စနစ်တကျအလုပ်လုပ်ခြင်း၊ လုပ်ငန်းစဉ်များကို
အစီအစဥ်တကျ တည်ဆောက်ခြင်း၊
နည်းစနစ်များစွာ အသုံးပြုပြီး အဆင်ပြေချောမွေ့စေခြင်း ဖြစ်ပါတယ်။
လုပ်ငန်းတစ်ခုကို System ကောင်းကောင်းနဲ့ လည်ပတ်စေမယ်ဆိုရင်…
✅အချိန်မီ အလုပ်ပြီးမြောက်ပြီး အချိန်ကုန်မှုကို လျှော့ချပေးခြင်း
✅အမှားများဖြစ်ပေါ်မှုကို ထိန်းသိမ်းပေးပြီး လုပ်ငန်းတွင်ကျယ်စေခြင်း
✅စီမံခန့်ခွဲရတာ လွယ်ကူစေပြီး စစ်ဆေးမှုများပြုလုပ်ရာမှာ အထောက်အကူပြုခြင်း
✅အနာဂတ်လုပ်ငန်းတိုးတက်မှုကို မြှင့်တင်ပေးခြင်း
✅မလိုအပ်တဲ့ ကုန်ကျမှုများကို လျော့ချပေးပြီး အမြတ်အစွန်းများစွာ
ရရှိစေခြင်း စတဲ့ အကျိုးကျေးဇူးများ ရရှိနိုင်ပါတယ်။
ဒါကြောင့် စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ ကိုယ်တိုင်
အသေးစိတ်ကအစလိုက်ကြည့်နေစရာမလိုဘဲ
ကောင်းမွန်စွာ လုပ်ငန်းလည်ပတ်နေစေဖို့ လုပ်ငန်းနဲ့ကိုက်ညီတဲ့
System တစ်ခုကို တည်ဆောက်ထားသင့်ပါတယ်။
စနစ်ကျတဲ့လုပ်ငန်းတိုင်းအတွက် 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐎𝐰𝐧𝐞𝐫 𝐆𝐮𝐢𝐝𝐞 - 𝐁𝐎𝐆
14/08/2024
စနစ်မကျတဲ့လုပ်ငန်းတစ်ခုဟာ ဟန်ချက်မညီတဲ့လမ်းပေါ်မှာ လျောက်လှမ်းနေသလိုပါပဲ….
လုပ်ငန်းခွင်တစ်နေရာက ချို့ယွင်းတိမ်းစောင်းတာနဲ့
လုပ်ငန်းအပေါ် အများကြီး သက်ရောက်မှုရှိနိုင်ပါတယ်။
ဒါကြောင့် Business Owner တို့အနေနဲ့ ကိုယ့်ရဲ့လုပ်ငန်းကို ကိုယ်တိုင်အသေးစိတ်
စီမံစရာမလိုဘဲ ကောင်းမွန်စွာ လည်ပတ်နိုင်ဖို့
လုပ်ငန်းကို System ကျကျ တည်ဆောက်ထားဖို့ အရေးကြီးပါတယ်။
𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐎𝐰𝐧𝐞𝐫 𝐆𝐮𝐢𝐝𝐞 - 𝐁𝐎𝐆 ဟာဆိုရင်…
🔰လုပ်ငန်းလည်ပတ်ရာမှာ စနစ်ကျစေဖို့ Management System များထည့်သွင်းရန်
အကြံဉာဏ်ပေးခြင်းနဲ့ Management System များတည်ဆောက်ခြင်းတို့ကို
ဆောင်ရွက်ပေးတဲ့ လုပ်ငန်းဖြစ်ပါတယ်။
🔰𝐁𝐎𝐆 ရဲ့ Founder ကိုယ်တိုင်သည်လည်း လုပ်ငန်းများကို
System များတည်ဆောက်ပေးခြင်းနဲ့ လုပ်ငန်း System ချရာမှာ
လိုအပ်တဲ့အကြံဉာဏ်ပေးခြင်းများကို အတွေအကြုံ ၈ နှစ်ရှိတဲ့ဆရာမဖြစ်ပြီး…
🔰System ကျကျ လည်ပတ်နေတဲ့ International Company တစ်ခုမှာ
လုပ်သက် ၉ နှစ်ကျော်ကြာ Management Levelမှာ တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်တာကြောင့်
လူကြီးမင်းတို့ လုပ်ငန်းစနစ်ချရာမှာ အဆင်ပြေချောမွေ့စေမှာပါ။
🔰ဒ့ါအပြင် 𝐁𝐎𝐆 မှာပါဝင်တဲ့ ဆရာ ဆရာမများဟာလည်း သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ
ကျွမ်းကျင်ဆရာ ဆရာမများဖြစ်ပြီး System ကျကျ လုပ်ငန်းလည်ပတ်လုပ်ကိုင်ခဲ့ဖူးတဲ့ အတွေ့အကြုံများစွာရှိပါတယ်။
ဒါကြောင့် System ကျတဲ့ လုပ်ငန်းတစ်ခု တည်ဆောက်ချင်တယ်ဆိုရင်တော့
𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐎𝐰𝐧𝐞𝐫 𝐆𝐮𝐢𝐝𝐞 - 𝐁𝐎𝐆 နဲ့ တိုင်ပင်ဆွေးနွေးကြည့်ဖို့ အကြုံပြုချင်ပါတယ်။
စနစ်ကျတဲ့လုပ်ငန်းတိုင်းအတွက် 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐎𝐰𝐧𝐞𝐫 𝐆𝐮𝐢𝐝𝐞 - 𝐁𝐎𝐆
13/08/2024
💯စီးပွားရေးလုပ်ငန်းရှင်တို့အနေနဲ့ ကိုယ်ကဝန်ထမ်းတွေအပေါ်
Boss ဖြစ်နေလား၊ Leader ဖြစ်နေလား ဆိုတာကို ဒီအချက်တွေနဲ့
ကွဲကွဲပြားပြားသိရှိနိုင်ပါတယ်။
🔴 လုပ်ပိုင်ခွင့်အသုံးပြုပုံ (Authority and Influence)
Boss - အလုပ်ခိုင်းတဲ့အခါ အမိန့်ပေးခြင်းနဲ့ ဖိအားပေးခိုင်းစေခြင်း။
Leader - ဝန်ထမ်းတွေကို လမ်းပြပေးပြီး အတူတူအောင်မြင်ဖို့
ဦးဆောင်ပေးခြင်း။
🔴အဆက်အသွယ်ပုံစံ (Communication Style)
Boss - တစ်ဖက်လူပြောတာနားမထောင်၊လက်မခံဘဲ ကိုယ်ပြောချင်ရာသာပြောခြင်း။
Leader - ဝန်ထမ်းများနဲ့ ဆွေးနွေးပြီး အတွေးအမြင်တွေ ဖလှယ်ခြင်း။
🔴အလုပ်ဆောင်ရွက်ပုံ (Work Approach)
Boss - အလုပ်ရလာဒ်ကိုသာကြည့်ပြီး ထောက်ပံ့မှုမပေးခြင်း။
Leader - ဝန်ထမ်းတွေရဲ့ ကိုယ်ရည်ကိုယ်သွေးကို လေ့လာပြီး
တာဝန်များ ခန့်ခွဲပေးခြင်းနဲ့ တိုးတက်ဖို့ ကူညီပေးခြင်း။
🔴ဖိအားနှင့် အားပေးမှု (Pressure and Motivation)
Boss - စံချိန်များနဲ့ Targert များပြည့်မီဖို့သာ အာရုံစိုက်ပြီး ဖိအားပေးခြင်း။
Leader - ဝန်ထမ်းတွေရဲ့ စိတ်အားထက်သန်မှုကို ပံ့ပိုးပေးပြီး
အလုပ်ပေါ် တက်ကြွစွာလုပ်ဆောင်နိုင်ဖို့ အားပေးကူညီခြင်း။
စနစ်ကျတဲ့လုပ်ငန်းတိုင်းအတွက် 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐎𝐰𝐧𝐞𝐫 𝐆𝐮𝐢𝐝𝐞 - 𝐁𝐎𝐆
12/08/2024
လုပ်ငန်းတစ်ခုမှာ ဘယ်ဌာနမဆို ဝန်ထမ်းတွေကို လမ်းပြညွှန်ကြားပေးဖို့
Leader ကောင်းတွေ ရှိဖို့ မဖြစ်မနေလိုအပ်ပါတယ်။
Leader ကောင်းတစ်ယောက်မှာ မဖြစ်မနေ ရှိထားသင့်တဲ့ Leadership skills (5)ခုကတော့…
1.Communication(ပေါင်းသင်းဆက်ဆံခြင်း)
လက်အောက်ဝန်ထမ်းတွေနဲ့ ဆက်ဆံရာမှာ အဆင်ပြေစေဖို့အတွက်
တစ်ဦးချင်းစီနဲ့ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်နေဖို့လိုအပ်ပါတယ်။
2.Creativity(ဖန်တီးနိုင်စွမ်းရှိခြင်း)
ဦးဆောင်ပြီးလုပ်ကိုင်တဲ့အခါမှာ အလုပ်တွေကိုလွယ်ကူစွာ ပြီးစီးနိုင်ဖို့အတွက်
ဖန်တီးနိုင်စွမ်းမြင့်ဖို့လည်း အရေးကြီးပါတယ်။
3.Motivation(တက်ကြွခြင်း)
ခေါင်းဆောင်ဖြစ်တဲ့အတွက် ဝန်ထမ်းတွေရဲ့ စိတ်ဓာတ်မြှင့်တင်နိုင်ဖို့ ကိုယ်တိုင်က
လုပ်ငန်းခွင်မှာ မဖြစ်မနေ တက်ကြွစွာနေရပါမယ်။
4.Positivity(ကောင်းသော အတွေးအခေါ်ရှိခြင်း)
လုပ်ငန်းခွင်မှာ အဆင်မပြေမှုတွေ၊ ပြဿနာတွေနဲ့ ကြုံတွေ့ရတဲ့အခါမှာ
ကောင်းမွန်တဲ့ဘက်ကနေ တွေးခေါ်နိုင်ဖို့လည်း လိုအပ်ပါတယ်။
5.Problem-Solving Skills(ပြဿနာဖြေရှင်းနိုင်စွမ်းရှိခြင်း)
လုပ်ငန်းနဲ့ပတ်သက်လို့ဖြစ်ဖြစ်၊ဝန်ထမ်းတွေနဲ့ပတ်သက်လို့ဖြစ်ဖြစ် ဘယ်လိုအခက်အခဲမျိုးပဲ
ကြုံရကြုံရ အကောင်းဆုံးနဲ့ အမြန်ဆုံးဖြေရှင်းနိုင်စွမ်းရှိဖို့လည်း အရေးကြီးပါတယ်။
စနစ်ကျတဲ့လုပ်ငန်းတိုင်းအတွက် Business Owner Guide - BOG
Click here to claim your Sponsored Listing.
Category
Culinary Team
Attire
Website
Address
No. 375, Taw Win Street, Shwe Pyi Thar Township, Yangon
Yangon
11411