ProQual Professional Qualification
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ProQual Professional Qualification, Consulting Agency, Room-3, No. 143, Botahtaung Pagoda Road, Botahtaung Tsp. Yangon, Yangon.
Systemize, Strengthen & Succeed
The Qualified Professionals help to improve efficiency effectiveness and
economy of the clients’ business operations with systematic approach
by complying with rules, standards and laws to achieve their objectives.
10/11/2023
အားလုံးပဲ မင်္ဂလာပါ🙋♀️ ProQual Entrepreneurship Training ( PQE 0323 ) တက်ရောက်ဖို့ Ready ဖြစ်နေပြီလား💁♀️
မကြာခင်မှာ ဖွင့်လှစ်တော့မယ့် ProQual Entrepreneurship Training ( PQE 0323 ) ကဆိုရင်တော့ နိုင်ငံပေါင်း ၁၀၀ ကျော်မှာကျင့်သုံးနေတဲ့ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးရေးအစီအစဥ် World Largest MSME/SME Development Program တစ်ခုဖြစ်တဲ့ SIYB (Start and Improve Your Business) ရဲ့ သင်ရိုးညွှန်းတမ်းတွေနဲ့အညီ သင်ကြားပေးသွားမှာပဲဖြစ်တာကြောင့်
✅Entrepreneur တစ်ယောက်အဖြစ် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်လုပ်ကိုင်ဖို့ စဉ်းစားနေသူ၊ ✅ကိုယ်ပိုင်စီးပွားရေးပြုလုပ်ရန် စီးပွားရေးအကြံဉာဏ်ကောင်းတွေရှိပြီး စနစ်တကျ အကောင်ထည်ဖော်ဆောင်ရွက်ချင်သူ
✅အများနှင့်မတူ ဆန်းသစ်တီထွင်သော စီးပွားရေးအကြံဉာဏ်ကောင်းတွေနဲ့အတူ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်လုပ်ကိုင်ချင်သူ ဖြစ်ပါက ProQual Entrepreneurship Training (PQE 0323)ကို တက်ရောက်ဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင့်။💁♀️
📌ProQual Entrepreneurship Training ( PQE 0323 ) ကို တက်ရောက်ဖို့စိတ်ဝင်စားတယ်ဆိုရင်
https://forms.gle/twefJhS3mNcg97qN7 မှာ Register ပြုလုပ်နိုင်ပါပြီ။🤗
📌 ProQual Entrepreneurship Training ( PQE 0323 )Training အကြောင်းပိုမိုသိရှိလိုပါက အောက်ပါ Post တွင်အသေးစိတ် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင့်🤗💗
08/11/2023
မင်္ဂလာပါရှင့် 🙋♀️
ProQual ရဲ့ digital literacy training ဖြစ်တဲ့ Digital Tools and Platforms Training Batch 10 (DTPT-10) အတွက် Registration ကို စတင်ဖွင့်လှစ်ပြီလိုက်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။📣
👉 DTPT-10 ကို 3.12.23 (Sunday) ကနေ 10.12.2023 (Sunday) ထိ (Lectures+Activities) ၇ ရက် နဲ့ (Assessment) ၁ ရက် ပေါင်း ၈ ရက် ဆက်တိုက် နေ့စဥ် ည ၇ နာရီမှ ၈ နာရီခွဲထိ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်ရှင့်🤗
👉 DTPT Batch 1 to Batch 9 ထိ အောင်မြင်စွာ ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့သလို ယခု DTPT-10 မှာ လည်း
✅ Google Products (Classroom, Drive, Mail, Meet, Keep, Docs, Slides, Sheet, Forms, Calendar, Photos)
✅ Microsoft Products (One Drive, One Note, Outlook Mail, Teams, Word, Excel, Powerpoint, Forms)
✅ Zoom (How to create Zoom Account and Channel, Benefits of Zoom Channel)
✅ Computer Network and Hardwares
✅Canva တို့အပြင် တိုးတက်ပြောင်းလဲလာတဲ့ digital literacy skills အသစ်များ ထပ်မံဖြည့်စွက် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။🤗
👉Registration Form ကို ပြည့်စုံစွာဖြည့်ပြီးပြီဆိုရင် ProQual မှ Email ဖြင့် ပြန်လည်ဆက်သွယ်မှာဖြစ်တာကြောင့် မိမိ Email ကို စစ်ကြည့်ပေးဖို့လိုအပ်ကြောင်းနှင့် Inbox Mail မှာမတွေ့ပါက Spam Mail ကိုပါ စစ်ကြည့်ပေးဖို့ အသိပေးအပ်ပါတယ်ရှင့်🙏
👉လူဦးရေကန့်သတ်ထားပြီး သတ်မှတ်ထားသောလူဦးရေထက် ကျော်လွန်သွားပါက နောက်ထပ် ဖွင့်လှစ်မယ့် Batch တွေအတွက် Waiting List အနေဖြင့် ထားရှိသွားမှာ ဖြစ်ပါတယ်ရှင့်🥰
👉Digital Citizen တစ်ယောက်အနေနဲ့ တခြားသူတွေနဲ့ Digital Collaboration လုပ်ဖို့ အဆင်သင့်ဖြစ်ပြီလား❓
📌သင်တန်း Registration Form Link
https://forms.gle/wr17mGxKiRQdUp6bA
📌Digital Tools & Platforms Training Batch 10 (DTPT-10) အကြောင်း အသေးစိတ်သိရှိလိုပါက👇
https://m.facebook.com/story.php?story_fbid=840718794511635&id=100057205671240&mibextid=Nif5oz
📌Training Details
Date: 3.12.23 to 10.12.23 ( Lectures+Activities: 7 days and Assessment: 1 day)
Time: 7:00p.m to 8:30p.m (1 hr and 30 min)
Fees: Free to Register
06/11/2023
မင်္ဂလာပါ ။ ProQual မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်🙋♀️
ProQual ရဲ့ Online Training Program တွေ ပြန်စ’တော့မှာဖြစ်ပါတယ် ။ ပထမဆုံးအနေနဲ့ လုပ်ငန်းခွင်၀င်ဖို့ပြင်ဆင်နေကြတဲ့ Fresh Graduate များ၊ ၁၀တန်းအောင်မြင်ပြီးထားသောလူငယ်များနှင့် နိုင်ငံခြားတွင် ပညာသင်ကြားရန်ရည်ရွယ်ထားသောလူငယ်များ၊ Online Teaching၊ Virtual Learning နှင့် Research Paper ပြုလုပ်ရာအတွက် Digital Tools အသုံးပြုရာမှာ အခက်အခဲရှိနေတဲ့ ဆရာ၊ ဆရာမများ နဲ့ ကျောင်းသားကျောင်းသူများ၊ ကျောင်းသားမိဘများ နဲ့ တခြား Digital Platform အသုံးပြုချင်သူများ၊ Digital Skills တိုးတက်ချင်သူများ၊ လုပ်ငန်းခွင်မှာ Digital Tools သုံးဖို့ အခက်အခဲဖြစ်နေတဲ့ လုပ်ငန်းရှင်များ နဲ့ ၀န်ထမ်းများအတွက် လုပ်ငန်းခွင်မှာ လက်တွေ့အသုံးပြုနေရတဲ့ Digital Skill တွေအပြင် လုပ်ငန်းခွင်မှာသိထားသင့်တဲ့ Computer Hardwares and Network အကြောင်းတွေကိုပါ သင်ကြားပို့ချပေးသွားမယ့် DTPT ဆိုတဲ့ Digital Tools and Platforms Training ကို ပြန်လည်မိတ်ဆက်ပေးလိုက်ပါတယ်ရှင့် 💁♀️
👉ProQual ရဲ့ DTPT Digital Tools Training ဆိုတာ ~~~
Digital နည်းပညာအသစ်တွေသုံးလာတဲ့ Digital Transformation ခေတ်မှာ လုပ်ငန်းခွင်မှာဖြစ်စေ၊ ပညာသင်ရာ ပညာပို့ချရာမှာဖြစ်စေ ဆက်သွယ်လုပ်ဆောင်တဲ့ Digital Collaboration ကို အဆင်ပြေချောမွေ့စွာလုပ်နိုင်ဖို့ Digital Tools များကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ဖို့အတွက် လက်တွေ့ Practice sessions တွေနဲ့ သင်ကြားလေ့ကျင့်ပေးတဲ့ ProQual Professional Qualification ရဲ့ Digital Literacy သင်တန်းဖြစ်ပါတယ်။💁♀️
2020 Stay at home ကာလကတည်းက အစောဆုံး စတင်ခဲ့တဲ့ DTPT သင်တန်းလေးကို Batch 1 ကနေ Batch 9 ထိ အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ အကောင်းဆုံး သင်ကြားပို့ချမှုအတွေ့အကြုံနဲ့အတူ အကောင်းဆုံး Review များ ရရှိထားတဲ့ သင်တန်းလည်းဖြစ်တာကြောင့် မကြာခင်အချိန်တွင်းမှာ Batch 10 ကိုဖွင့်လှစ်သွားတော့မှာဖြစ်ကြောင်းသတင်းကောင်းပါးလိုက်ပါတယ်ရှင့်📣
ProQual ရဲ့ DTPT မှာ တက်ရောက်မယ်ဆိုရင် ဘယ်လိုအကြောင်းအရာတွေ လေ့လာသင်ယူရပြီး ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိသွားမလဲဆိုရင်တော့ 🤔
✅လုပ်ငန်းခွင်မှာ Online Meeting Call တွေခေါ်တဲ့အခါ အသုံးအများဆုံးဖြစ်တဲ့ Zoom Application ကို အများနဲ့မတူ ပိုမိုလွယ်ကူအဆင်ပြေစွာ smart ကျကျ အသုံးပြုနိုင်လာပါမယ် (How to Conduct an Efficient Zoom Meeting)
✅လုပ်ငန်းခွင်တွင်း သို့မဟုတ် Online Teaching နဲ့ Virtual Learning အတွက် အရေးပါတဲ့ Digital Tools များဖြစ်တဲ့ Google Products (Classroom, Drive, Mail, Meet, Keep, Docs, Slides, Sheet, Forms, Calendar, Photos) တွေနဲ့ Microsoft Products (One Drive, One Note, Outlook Mail, Teams, Word, Excel, Powerpoint, Forms) တို့ရဲ့အသုံးဝင်ပုံကိုသိရှိပြီး ပိုမိုတွင်ကျယ်စွာ အသုံးပြု နိုင်လာပါမယ်
✅မိမိက IT Field က မဟုတ်ပေမဲ့ လုပ်ငန်းခွင်ဝင်ရောက်တော့မယ့်သူတိုင်း သိထားသင့်တဲ့ Computer Network and Hardwares အကြောင်းတွေအပြင် Canva ကို မိတ်ဆက်ပြောပြသင်ကြားပေးမှာဖြစ်လို့ Design ပိုင်းကို စိတ်ဝင်စားပြီး စတင်လေ့လာချင်သူများအတွက် သပ်ရပ်လှပတဲ့ Design များကို Professional ဆန်ဆန် အလွယ်တကူ ဖန်တီးလာနိုင်ပါမယ်
✅မိမိ Personal development အတွက် အသုံးပြုသင့်တဲ့ Digital Tools များ၊ Digital App များ၊ Device များကို သေချာစွာ သိပြီး သုံးတတ်လာပါမယ်
✅Personal သုံးဖို့ device များ ၀ယ်ရင်လည်း မိမိရဲ့ လိုအပ်ချက်နှင့် ကိုက်ညီတဲ့ (cost effective ဖြစ်မယ့်) Device များကို ကုန်ကျစရိတ်အနည်းဆုံးနဲ့ အထိရောက်ဆုံးဖြစ်အောင် ရွေးချယ်၀ယ်ယူတတ်လာပါမယ်။
✅သင်တန်းအပြီး စာမေးပွဲ (Assessment) ဖြေဆိုမည့်သူများကို Certificate ပေးအပ်မည့်အပြင် ProQual မှ နောက်ထပ်ဖွင့်လှစ်တော့မယ့် Virtual Intern Training Program (VITP), Volunteer Training Program, တွေမှာ တက်ရောက်နိုင်ဖို့အတွက် Digital Skill တွေတက်မြောက်ထားဖို့လိုအပ်တာကြောင့် DTPT Training တက်ထားပါက အခွင့်အလမ်းပိုမိုရရှိမှာပဲဖြစ်ပါတယ်
Training တက်ပြီး Digital Skills မတတ်မြောက်မှာကိုတော့လုံးဝစိတ်ပူစရာမလိုဘူးနော်❌
👉စာတွေ့တင်မကပဲ ကိုယ်ပိုင်လိုက်လုပ်နိုင်မယ့် Practice sessions activity တွေ၊ Lectures အလိုက် Quiz တွေထားရှိသွားမယ့်အပြင် သင်တန်းသားများနှင့်အတူ ဆွေးနွေးရင်း သင်ကြားပေးသွားတာဖြစ်တာကြောင့် မိမိနားမလည်သည့်အကြောင်းအရာကို ချက်ချင်းမေးနိုင်သလို တခြားသိလိုသော အကြောင်းအရာများကိုလည်း သင်တန်းချိန်တွင်း ဆွေးနွေးမေးမြန်းနိုင်ပါတယ်
ဒါတင်မကပဲ သင်ခန်းစာများကိုအချိန်မရွေးပြန်လည်လေ့လာနိုင်အောင် Lecture Slides နှင့် သင်ကြားရေးနှင့်သက်ဆိုင်သော Video များကို Classroom တွင် တင်ထားပေးဦးမှာနော် ( Training တစ်ရက်ချင်းစီရဲ့ Zoom Recording များကိုတော့ပေးမှာမဟုတ်ပါ!!! )
သင်တန်းကာလအတွင်း သင်တန်းသားများ အဆင်ပြေပြေ သင်တန်းတက်ရောက်နိုင်ရန်နှင့် သိလိုသောအကြောင်းအရာများကို အချိန်မရွေးမေးမြန်းနိုင်ရန်အတွက် Supervisor များလည်းထားရှိပေးထားမှာဖြစ်ပါတယ်✅
➡️DTPT သင်တန်းတက်ဖို့ ဖုန်း/တက်ဘလက် သို့မဟုတ် ကွန်ပျူတာ တလုံးရှိရုံနဲ့ အလွယ်တကူတက်ရောက်နိုင်တာကြောင့် များမကြာခင်မှာဖွင့်လှစ်မယ့် DTPT-10 အတွက် သင်တန်းသူသင်တန်းသားများကို ProQual ရဲ့ Official page ကနေ Register Link ဖြင့်ခေါ်ယူသွားမှာဖြစ်တာကြောင့် Registration Post Announcement ကို လက်လွတ်မသွားရလေအောင် ProQual ရဲ့ Official page ကိုအမြဲစောင့်ကြည့်ပေးကြပါဦးရှင့်🤗❣️
➡️ Digital Tools and Platforms Training Batch 10 (DTPT10) ကို ProQual ပညာဒါနအဖြစ် Free Online Course အနေဖြင့် ဖွင့်လှစ်ပေးသွားမှာပဲဖြစ်ပါတယ်💁♀️
DTPT-01 ကနေ DTPT-09 ထိနှင့် GG-01, GG-02 မှာ ပါဝင်ခဲ့ကြသော သင်တန်းသူ/သင်တန်းသားများရဲ့ Sharing, Feedback & Review အချို့ ကိုလည်း အမှတ်တရ ပြန်လည်တင်ပြလိုက်ပါတယ်ရှင့်။
https://www.facebook.com/100057205671240/posts/760343749215807/?mibextid=cr9u03
https://www.facebook.com/402605179859422/posts/4913275755458986/?mibextid=cr9u03
https://www.facebook.com/402605179859422/posts/3395894890530421/
03/11/2023
အားလုံးပဲ မင်္ဂလာပါ 🙋♀️
လုပ်ငန်းတခု စလုပ်ချင်တယ်🤔 ဘယ်လိုအလုပ်မျိုးလုပ်ရင်ကောင်းမလဲ ❓ ဘာတွေဘယ်လိုစလုပ်ရမလဲ ❓စသဖြင့် ကိုယ်ပိုင်လုပ်ငန်းကို စိတ်၀င်စားသူများအတွက် ProQual Entrepreneurship Training ( PQE 0323 ) ကို ProQual မှ မိတ်ဆက်လိုက်ပါတယ်ရှင့်💁♀️📣
ProQual Entrepreneurship Training ( PQE 0323 ) ကို နိုင်ငံပေါင်း ၁၀၀ ကျော်မှာကျင့်သုံးနေတဲ့ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးရေးအစီအစဥ် World Largest MSME/SME Development Program တစ်ခုဖြစ်တဲ့ SIYB (Start and Improve Your Business) ရဲ့ သင်ရိုးညွှန်းတမ်းတွေနဲ့အညီ သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်💁♀️
🧐ဘယ်လိုအချက်တွေကြောင့် ProQual Entrepreneurship Training ကိုတက်ရောက်သင့်တာလဲ?
👉Entrepreneur တစ်ယောက်ဖြစ်ဖို့ အောင်မြင်သောလုပ်ငန်းရှင်တစ်ယောက်အဖြစ်ရပ်တည်နိုင်ဖို့ သူများနဲ့မတူ ဆန်းသစ်တီထွင်နိုင်သောစိတ်ကူးစိတ်သန်း (Idea) တွေရှိဖို့လိုအပ်ပါတယ် 💁♀️ဒီ Training မှာဆိုရင်တော့ ဆန်းသစ်တီထွင်ပြီး အလားအလာရှိသော စီးပွားရေးဆိုင်ရာ အကြံဉာဏ်များပေါ်ပေါက်လာစေဖို့ ရှုထောင့်ပေါင်းစုံမှ အသေးစိတ်ဆွေးနွေး ပို့ချသွားမှာဖြစ်ပြီး Online Training မဟုတ်ဘဲ ❌ In-person training ✅ဖြစ်လို့ Group activities တွေ Interactive projects တွေနဲ့အတူ ပိုမိုထိရောက်စွာ ဆွေးနွေးသင်ကြားပေးမှာ ဖြစ်ပါတယ်။
👉လုပ်ငန်းတစ်ခုစတင်ဖို့ အမှန်တကယ်လိုအပ်တဲ့အရာတွေကဘာလဲ၊ ဘာတွေကြိုတင်ပြင်ဆင်ထားရမလဲ၊ သိထားသင့်လဲဆိုတာတွေကို လက်တွေ့ကွင်းဆင်းလေ့လာမှုတွေ၊ Structured and action learning exercise တွေ၊ စိတ်ဝင်စားဖို့ကောင်းတဲ့ Business game တွေနဲ့ စနစ်တကျ ဆွေးနွေးပို့ချသွားမှာဖြစ်ပါတယ်။
👉Business Network Opportunities အနေဖြင့် သင်တန်းသားအချင်းချင်းကနေ Business Network ရရှိမယ့်အပြင် ProQual မှပြုလုပ်မယ့် Business Networking B2B, B2C Program များမှာပါဝင်ပြီး မိမိရဲ့ Business Network ကို ချဲ့ထွင်နိုင်မှာပဲဖြစ်ပါတယ်။
👉သင်တန်းပြီးတာနဲ့ မိမိအတွက်လိုအပ်နေတဲ့ Entrepreneur skills တွေနဲ့ လုပ်ငန်းတခု စတင်လုပ်ကိုင်နိုင်မယ့် Ideas နှင့် Techniques တွေကိုပါ လွယ်ကူရှင်းလင်းစွာနားလည်ပြီး လုပ်ငန်းမှာ သေချာပေါက် ပြန်လည်အသုံးချနိုင်မှာပဲဖြစ်ပါတယ်။
🧐 သင်တန်းကိုဘယ်သူတွေတက်သင့်ပါသလဲ ?
👉ကိုယ်ပိုင်လုပ်ငန်းတခုအနေနဲ့ဆို ဘယ်လိုအလုပ်မျိုးလုပ်ရင်ကောင်းမလဲလို့ စဉ်းစားနေသူ၊ ရွေးချယ်ရခက်နေသူများ
👉ဆုံးဖြတ်ရွေးချယ်ထားတဲ့ ကိုယ်ပိုင်လုပ်ငန်းကို စနစ်တကျ စတင်ဖို့ စဉ်းစားနေသူများ
👉စီးပွားရေးစိတ်ကူးစိတ်သန်းအကြံဥာဏ်ကောင်းတွေ ပိုင်ဆိုင်ထားပြီး စနစ်တကျစတင်နိုင်ဖို့အတွက် ဘာတွေလိုအပ်သလဲဆိုတာကို သိချင်နေသူများ
👉ခုမှစတင်တော့မယ့် စီးပွားရေးလုပ်ငန်းအတွက် Business Plan ရေးဆွဲလိုသူများ
👉ဝန်ထမ်းဘဝမှ စွန့်ဦးတီထွင်လုပ်ငန်းရှင်ဘဝသို့ ကူးပြောင်းလိုသူများ
👉လက်ရှိလုပ်နေသော စီးပွားရေးလုပ်ငန်းအပြင် နောက်ထပ်လုပ်ငန်းတခု အသစ်စတင်ချင်သူများ
တက်ရောက်သင့်ပါတယ်။
🧐ProQual Entrepreneurship Training (PQE 0323 ) ကို နိုဝင်ဘာလ ၂၅ ရက်နေ့ (စနေနေ့) မှ ၂၉ ရက်နေ့ (ဗုဒ္ဓဟူးနေ့)ထိ ProQual (Professional Qualification) Office တွင် 9:00 AM to 5:00 PM ထိ In - Person Training အနေဖြင့် ၅ ရက်ဆက်တိုက် ဖွင့်လှစ်သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်ရှင့်🤗
သင်တန်းဆိုင်ရာအချက်အလက်များ
********************************
နေ့ရက် - 25.11.2023 (Saturday)
26.11.2023 (Sunday)
27.11.2023 (Monday)
28.11.2023 (Tuesday)
29.11.2023 (Wednesday)
အချိန် - 9:00 AM to 5:00 PM (Total 40 Hours)
နေရာ - ProQual (Professional Qualification)
5-B, No. 42/44, 54th Street, Botahtaung Tsp, Yangon
Tel: +95 950 257 153, +95 997 187 7153
Email: [email protected]; [email protected]; [email protected]
➡️ProQual Entrepreneurship Training ( PQE 0323 ) သင်တန်းကြေးမှာ 200,000 ကျပ် ဖြစ်ပြီး ပထမဆုံးသင်တန်းအပ်သူ (၃) ဦးကတော့ Early Bird အနေဖြင့် 10% Discount ရရှိမှာပဲ ဖြစ်ပါတယ်။ 🥳
ဒါ့အပြင် သင်တန်းသားတိုင်း ProQual မှပြုလုပ်သွားမယ့် Business Networking B2B, B2C Program များမှာပါဝင်ခွင့်ရရှိနိုင်မယ့်အပြင် လုပ်ငန်းခွင်မှာ အကျိုးရှိ/အသုံးဝင်စေမယ့် Training များဖြစ်တဲ့ Digital Tools and Platforms Training (DTPT) ကို အခမဲ့တက်ရောက်ခွင့်ရရှိမှာဖြစ်ပြီး Finance for Non-Finance People (FNFP) Training, Facebook Marketing Training နှင့် LinkedIn Training များမှာလည်း 10% Discount စီရရှိဦးမှာပဲဖြစ်ပါတယ်🥳
သင်တန်းချိန်တွင်းတွင်လည်း နေ့လည်စာ၊ Coffee/Tea + မုန့် (၂)ကြိမ် နှင့် အခြားသင်ထောက်ကူပစ္စည်းများအား ProQual မှ အခမဲ့ ပံ့ပိုးပေးသွားဦးမှာနော် ✅
➡️ Registration Form Deadline မှာ 19.11.23 (Sunday) ည ၁၂ နာရီဖြစ်ပြီး သင်တန်းသားဦးရေကန့်သတ်ထားတာကြောင့် အောက်ပါ Registration form တွင် လိုအပ်သော အကြောင်းအရာများကို ပြည့်စုံစွာဖြည့်သွင်းပြီး အမြန်ဆုံး သင်တန်းအပ်နှံနိုင်ပါတယ်ရှင့်။🥰
📌Registration Form Link 👇
https://forms.gle/twefJhS3mNcg97qN7
➡️ ProQual မှ Email ဖြင့် ပြန်လည်ဆက်သွယ်မှာဖြစ်တာကြောင့် မိမိ Email ကို စစ်ကြည့်ပေးဖို့ နဲ့ Inbox မှာမတွေ့ရင် Spam Mail/Junk Mail ကိုပါ စစ်ကြည့်ပေးဖို့ အသိပေးအပ်ပါတယ်ရှင့်🙏
လုပ်ငန်းတခုစတင်ဖို့ Idea ကောင်းများလည်းရရှိမယ်✅ လုပ်ငန်းအတွက် အကျိုးရှိစေမယ့် ProQual မှ Training တွေမှာတက်ရောက်နိုင်မယ့် အခွင့်အရေးတွေလည်းရရှိသွားမှာဆိုတော့ ခုချက်ချင်းပဲ Register လုပ်လိုက်တော့နော်🤗💗
31/10/2023
အားလုံးပဲ မင်္ဂလာပါ
ProQual မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင့်🙋♀️
ProQual မှ ပညာရေး၊ လူမှုရေး နှင့် အလုပ်အကိုင်အခွင့်အလမ်းများအတွက်၄င်း၊ Top Management / စီးပွားရေးလုပ်ငန်းရှင်များ အတွက်၄င်း Digital Transformation ၊ Finance for Non-finance People စသည့် Program, Training များစွာကိုဖွင့်လှစ်ပေးခဲ့ရာမှ ယခု လုပ်ငန်းရှင်များ၊ မိမိကိုယ်တိုင်တီထွင်ဖန်တီးလိုစိတ်ရှိပြီး Entrepreneur တစ်ယောက်အဖြစ် ရပ်တည်လိုသူများအတွက် Program များ မကြာခင်ချိန်အတွင်းမှာ ထွက်ရှိလာတော့မှာဖြစ်တာကြောင့် လက်လွတ်မသွားရလေအောင် ProQual ရဲ့ Official page ကို စောင့်ကြည့်ပေးကြပါဦးရှင့်!!!🤗💗
29/10/2023
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ အောက်တိုဘာလ ၂၉ရက်၊ တနင်္ဂနွေနေ့တွင်ကျရောက်သော 🪔သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)🪔 တွင် ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာ၍ ပျော်ရွှင်ဖွယ်ရာမင်္ဂလာညချမ်းလေး ဖြစ်ပါစေကြောင်း ProQual Team မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်🙏🏮🌸
ဒီနှစ်သီတင်းကျွတ်မှာတော့ ProQual မှ”သီတင်းကျွတ်အထူးအစီအစဥ်”အနေဖြင့် သီတင်းကျွတ်မုန့်ဖိုး (Pocket Money) တွေပေးထားတာကြောင့် ရယူသွားဖို့ မမေ့နဲ့ဦးနော်🤗💗
https://static.kbzpay.com/app/prod/pocketmoney/facebook/share_en_prod.html?id=0159393f802245518aa4097bd5462672&bless=Happy%20Thadingkyut%20to%20You%20all!!!
✅Password ကို နောက် 15 မိနစ်လောက်နေရင် Comment မှာ ချသွားပေးမှာမို့ Comment မှာ Noti ယူထားလို့ရပါတယ်ရှင့်💁♀️💗
Page ကို Like and Follow မလုပ်ရသေးတဲ့သူတွေရှိရင်လည်းလုပ်ထားပေးပြီး
ဒီသီတင်းကျွတ်မှာ ProQual မှ သီတင်းကျွတ်မုန့်ဖိုး (Pocket Money) တွေကို ဘယ်သူတွေဘယ်လောက်ရရှိသွားလဲဆိုတာကို Comment မှာ ပြောပေးသွားကြဦးနော်😍
Have Fun and Good Luck to all!!!🥰
27/10/2023
အားလုံးပဲ မင်္ဂလာပါ 🙋♀️
ProQual ၏ Official Facebook Account Hack ခံရသောကြောင့် အဆိုပါ Hack ခံရသော Account ကို အပြီး Disabled ပြုလုပ်လိုက်ရကြောင်းနှင့် ProQual မှ Program အသစ်များ နှင့် အကြောင်းအရာများကို ProQual Official Account သစ်နှင့်အတူ မူလ ProQual (Professional Qualification) Official Page မှာပါ ဆက်လက်မျှဝေပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ 🤗
ProQual ရဲ့ Official Facebook Account အသစ်ကို ProQual နာမည်ဖြင့်ထပ်မံဖွင့်လှစ်ထားပြီး အောက်ပါ ProQual Main Facebook Account နှင့် Training များအတွက် Training Procedure များပြုလုပ်ရာတွင် အသုံးပြုသော Operations Account များကိုသာ ProQual မှ Official အနေဖြင့် ဆက်လက်အသုံးပြုသွားမှာဖြစ်ကြောင်း ကိုလည်းအသိပေးအပ်ပါတယ်ရှင့်🥰
📌ProQual Official Facebook Account Links
ProQual Main Account👇
https://www.facebook.com/profile.php?id=61552640467153&mibextid=LQQJ4d
ProQual Operation Accounts👇
https://www.facebook.com/profile.php?id=100077010196280&mibextid=LQQJ4d
https://www.facebook.com/proqual.bizdev.sy
အားလုံးပဲ ပျော်ရွှင်စရာညချမ်းလေးဖြစ်ပါစေရှင့်😍💗
14/10/2023
Big Congrats to Junaid 🥳🎉
ProQual Virtual Book Club member ဖြစ်တဲ့ Sai Han Myo Shane @ Junaid က ဆိုရင်တော့ Junior International Level 1 Virtual Book Club - Batch 2 မှာ ပါ၀င်ခဲ့တဲ့အပြင် အသက် ၇ နှစ်မှ ၁၀ နှစ် အရွယ် သားသားမီးမီးတို့ Pear Learning လုပ်ကြတဲ့ Kids Share Club (Summer Camp; Sharing Session) မှာလည်း ပါဝင်ပြီး Sharing လုပ်ပေးခဲ့တဲ့ ကျောင်းသားတစ်ဦးပဲဖြစ်ပါတယ်။ အခု ProQual မှ ပထမဆုံး သင်တန်းသားအနေနဲ့ ဝင်ရောက်ဖြေဆိုခဲ့တဲ့ Cambridge English YLE Exam - PET Level တွင်လည်း 🌟Grade A Overall Score 168 မှတ်🌟ဖြင့်အောင်မြင်ခဲ့ပြီး CEFR Level B2 (Upper-Intermediate) ရရှိခဲ့သောကြောင့် ProQual Team မှ ဝမ်းမြောက်စွာ ဂုဏ်ပြုလိုက်ပါတယ်ရှင့်🥰🌟🎉
ProQual Virtual Book Club အကြောင်းပိုမိုသိရှိလိုပါက🧐👇
https://fb.watch/nDk7bsDwv6/?mibextid=alSgMb
https://www.facebook.com/402605179859422/posts/5187752801344612/?mibextid=alSgMb
ProQual Kids Share Club (Summer Camp; Sharing Session) အကြောင်းပိုမိုသိရှိလိုပါက🧐👇
https://www.facebook.com/101682509167371/posts/113933841275571/?mibextid=alSgMb
https://www.facebook.com/101682509167371/posts/109437721725183/?mibextid=alSgMb
12/10/2023
🤔သားသား/မီးမီးတို့ Cambridge English Exams စာမေးပွဲတွေ ဖြေသင့်သလား???
English language proficiency ကို စစ်ဆေးပေးတဲ့ နိုင်ငံတကာအသိအမှတ်ပြု Cambridge English exams တွေထဲမှာ Starters / Movers / Flyers / KET / PET တို့ကို လူသိများပါတယ် ။ အင်္ဂလိပ်စာ/စကားကို လက်တွေ့ ဘ၀မှာ ဘယ်လောက်ကျွမ်းကျင်စွာ အသုံးပြုနိုင်လဲဆိုတဲ့ အဆင့်သတ်မှတ်ပေးတဲ့ tests တွေဖြစ်ပါတယ် ။ ဖြေသင့်/ မဖြေသင့် မပြောခင် အသက်အရွယ် နဲ့ အင်္ဂလိပ်စာ/စကားစွမ်းရည် ကျွမ်းကျင်မှုအဆင့်အလိုက် ၀င်ရောက်ဖြေဆိုနိုင်ဖို့ ခွဲထားတဲ့ စာမေးပွဲအဆင့်တွေကို အကျဥ်းချုပ်ဖေါ်ပြရရင် 💁♀️
1. Young Learners (YLE): အများသိတဲ့ Starters, Movers & Flyers ဖြစ်ပါတယ် ။ အသက် ၇ နှစ် မှ ၁၂ နှစ် အထိ ကလေးတွေရဲ့ language skills test တွေပါ ။ CEFR level A1 - A2 ။
2. Key English Test (KET): KET (သို့) A2 Key က elementary level ကျောင်းသူ/သား တွေအတွက် basic English skills test ပါ ။ လွယ်ကူရိုးရှင်း simple English communication အဆင့်ကို စစ်ဆေးပေးတာလို့ ဆိုနိုင်ပါတယ် ။ CEFR level : A2
3. Preliminary English Test (PET): PET က intermediate-level exam ဖြစ်ပါတယ် ။ နေ့စဥ် လက်တွေ့ဘ၀မှာ အသုံးပြုနိုင်စွမ်း (everyday English language skills) ရှိသလား ဆိုတာကို စစ်ဆေးပေးတဲ့ test ပါ ။ CEFR level : B1
4. First Certificate in English (FCE): FCE ဆိုရင် upper-intermediate ဖြစ်ပါပြီ ။ English-speaking environment မှာ confidence ရှိရှိ communicate လုပ်နိုင်ရမယ့် အဆင့်ပါ ။ CEFR level : B2
5. Certificate in Advanced English (CAE): CAE က advanced-level exam ပါ ။ universities နဲ့ professional life မှာ လိုအပ်တဲ့ English language proficiency ရှိရမှာဖြစ်ပါတယ် ။ CEFR level : C1
6. Certificate of Proficiency in English (CPE): CPE ဆိုရင်တော့ English qualifications ထဲမှာ အမြင့်ဆုံး ဖြစ်သွားပါပြီ ။ CEFR level : C2
✨ Exams တွေကို နောက်ပိုင်း CEFR level သတ်မှတ်ချက်နဲ့ မှတ်ရလွယ်အောင် ပြောင်းခေါ်လာပါတယ် ။ YLE မှာ Pre A1 Starters, A1 Movers, A2 Flyers ၊ KET ကို A2 Key ၊ PET ကို B1 Preliminary ၊ FCE ကို B2 First ၊ CAE ကို C1 Advanced ၊ CPE ကို C2 Proficiency ။
✨ CEFR level ဆိုတာကတော့ နိုင်ငံတကာကလက်ခံထားတဲ့ ဘာသာစကား အရည်အချင်းသတ်မှတ်ချက် စနစ်ဖြစ်ပါတယ် ။
✨ PET မှာ ကျောင်းသူ/သားဆိုရင် Preliminary for Schools (PETfS) ကို ဖြေရမှာဖြစ်ပါတယ် ။ B1 level ချင်း အတူတူပါ ။
💡 ဒါဆိုရင် သားသား/မီးမီးတို့ ဒီ Exams တွေ ဖြေသင့်ပါသလား ? ဖြေရင် ဘာအကျိုးရှိမလဲ ?
Starters, Movers & Flyers အဆင့်မှာကတည်းက စပြောရရင် ကလေးတွေရဲ့ language skills အလိုက် 'shields' လေးတွေပေးပြီး စာမေးပွဲဆိုတာကို မရှိန်အောင် ၊ ဖြေရတာ ပျော်လာအောင် လုပ်ပေးရင်း certificates အဆင့်တွေအထိ ကြိုးစားချင်လာအောင် ဆွဲခေါ် သွားပါတယ်။
ဒီ Exams တွေဖြေဖို့ လေ့ကျင့်သင်ကြားခြင်းအားဖြင့်
👍 အင်္ဂလိပ်စာ/စကားကို grammar တွေ vocabulary တွေ အလွတ်ကျက်မှတ်နေတဲ့ အနေအထားထက် တကယ်အသုံးချနိုင်တဲ့ ဘာသာစကားပုံစံ တတ်မြောက်လာမယ် (အဲ့လိုတတ်ထားမှလည်း ဖြေလို့ရမှာပါ) ။
👍 4 skills ကို တကယ်ရသွားမှာမို့ အရေး နဲ့ အဖတ်ပဲသင်တဲ့ ကျောင်းက အင်္ဂလိပ်စာမှာလည်း အထောက်အကူပြုမယ်
👍 ကျောင်းပြင်ပမှာ ဘာစာမေးပွဲလာလာ မကြောက်ဘူး ဖြေဖို့ရယ်ဒီပဲ ဆိုတာမျိုး
👍 နေ့စဥ် လက်တွေ့ဘ၀ real-life situations မှာပါ ပြောရဲဆိုရဲ တကယ်၀င်တိုးနိုင်တဲ့ ကလေးတွေ ဖြစ်လာပါလိမ့်မယ်
👍 Report ၊ review ၊ letter of application တွေ ရေးတတ်သွားခြင်းအားဖြင့် ပညာဆက်လက် ဆည်းပူးရေးအတွက် သာမက လုပ်ငန်းခွင်အတွက်ပါ အတိုင်းအတာတခုအထိ ပြင်ဆင်ပြီးသားလည်း ဖြစ်နေမှာပါ ။
👍 IGCSE Exam ဖြေဆိုမယ့် ကျောင်းသူ/ကျောင်းသားများအတွက်လည်း အနည်းဆုံး CEFR Level B1 ရှိမှ မိမိလေ့လာရမယ့် Subjects တွေကို အလွယ်တကူတတ်မြောက်နားလည်နိုင်မှာဖြစ်လို့ ငယ်စဉ်ထဲက Cambridge English Exam တွေကို ဝင်ရောက်ဖြေဆိုထားမယ်ဆိုရင် ကြိုတင်ပြင်ဆင်ထားသလိုဖြစ်ပါလိမ့်မယ် ။
ProQual မှ Cambridge English Exam များနှင့်ပတ်သက်ပြီး နောက်ထပ် Program သစ်များထွက်ရှိသွားဖို့ရှိတာကြောင့် ProQual ရဲ့ Official page ကို Like & See First လုပ်ပြီး စောင့်မျှော်ပေးကြပါဦးရှင့်🤗💗
24/07/2023
ကျေးဇူးတင်လွှာ
***************
အားလုံးပဲမင်္ဂလာပါ 🙋♀️
ProQual ရဲ့ Digital Tools & Platforms Training Batch-9 (DTPT09) ကို ဇူလိုင်လ (၈)ရက်နေ့မှ ဇူလိုင်လ (၁၄)ရက်နေ့အထိ သင်တန်းကာလ (၇)ရက်တာကို အောင်မြင်စွာဖွင့်လှစ်ခဲ့နိုင်ခဲ့ပါတယ် ။ 📣
ProQual ရဲ့ DTPT09 (Free Online Course) ကို စိတ်ဝင်တစားနဲ့ ပါဝင်တက်ရောက်ဆွေးနွေးပေးခဲ့ကြတဲ့ တဦးချင်းတယောက်ချင်းစီကို ကျေးဇူးတင်ရှိပါတယ်။🤗
Training တလျှောက်လုံးမှာ အားလုံးတက်ကြွစွာပါ၀င်ခဲ့ကြတဲ့အပြင် Digital tools နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ပျော်ရွှင်တက်ကြွစွာ လေ့လာဆွေးနွေး ဝေမျှပေးကြတဲ့အတွက် ProQual Team က အထူးကျေးဇူးတင်ပါတယ်။🙋♀️
များမကြာခင်မှာလည်း DTPT10 လည်းဆက်လက်ဖွင့်လှစ်ဖို့ရှိကြောင်းနှင့် ProQualမှ Digital Transformation ခေတ်မှာ လိုအပ်တဲ့ကွက်လပ်တွေဖြည့်နိုင်မယ့် တခြား Course တွေကိုလည်း ProQual Team က မကြာခင်မိတ်ဆက်တော့မှာ ဖြစ်ကြောင်းကို Batch-9 မှ ပါဝင်လာသူများမှတဆင့် အခြားသူများအား သတင်းစကား ပါးစေလိုပါတယ်။
အားလုံးကို ကျေးဇူးတင်လျက်❣️
04/07/2023
Only 3 Days left !!!
Digital Tools Training (Free Online Course) အတွက် Register လုပ်ဖို့ ၃ ရက်ပဲ ကျန်ပါတော့တယ်နော်🙋♀️
Digital Tools and Platforms Training Batch 9 (DTPT-09 Free Online Course) ရဲ့ Course contents ထဲမှာ
➡️ Google Products, Microsoft Products, Networking & Hardwares, Zoom နှင့် Canva စသည်တို့ ပါ၀င်ပါမယ်။☑️
👉 Google Products & Services တွေထဲက Google Workspace ; Drive, Chat, Meet, Calendar, Gmail, Docs, Sheet, Slides, Forms, Contacts, Google Classroom, Keep, Translate, Photos တစ်ခုချင်းစီကို အကျိုးရှိရှိ အသုံးချနိုင်အောင်သင် ကြားပေးသွားပေးသွားမှာ ဖြစ်ပါတယ်။☑️
👉 Microsoft Products မှာဆိုရင် Microsoft Office/365 (One Drive, One Note, Microsoft Outlook, Word, Excel, PowerPoint, Forms) စသည့် တစ်ခုချင်းစီရဲ့ အသုံးပြုပုံတွေအပြင် မတူညီတဲ့ Function တွေကို အသုံးချနိုင်အောင်သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။☑️
👉Networking & Hardwares အပိုင်းမှာဆိုရင်တော့ လုပ်ငန်းခွင်မှာ အသုံးပြုနေတဲ့အထဲက သိထားသင့်တဲ့အကြောင်းအရာတွေကို စနစ်တကျရွေးချယ်သင်ကြားပေးမှာပဲဖြစ်ပါတယ်။☑️
👉 Zoom နှင့် Canva အပိုင်းမှာဆိုရင်တော့ Zoom ကို ကိုယ်ပိုင် Account ဖြင့် သုံးနည်း၊ Contact Add နည်း၊ Channel/Group ဖွဲ့နည်းနှင့် အခြားအသုံးပြုနိုင်တဲ့ Function အကြောင်းတွေအပြင် Design ရေးဆွဲရာမှာ အသုံးပြုရလွယ်ကူတဲ့ Canva အကြောင်းကိုလဲ မိတ်ဆက်အနေနဲ့ ထပ်တိုးပြောပြပေးသွားဦးမှာပဲဖြစ်ပါတယ်။ ☑️
📌ProQual ရဲ့ Digital Tools Training ကို စိတ်ဝင်စားတယ်ဆိုရင်တော့ သင်တန်းအချက်အလက်တွေတွေကို အောက်ပါ Link မှာ အသေးစိတ်ကြည့်ရှုနိုင်ပါတယ်ရှင့်🤗
https://www.facebook.com/100057205671240/posts/pfbid0tmh8smBQp5bH7v7osKaGWLG4pqAgtQ9zyGWCc7trEptvdy9GsdvomewAZarWnKCol/?mibextid=cr9u03
📌လူဦးရေကန့်သတ်ထားတာကြောင့် ခုပဲမြန်မြန် Register လုပ်လိုက်တော့နော်🤗
Digital Tools and Platforms Training Batch 9 Registration Link👇
https://forms.gle/5HeJrc2tPZrU8FK78
23/06/2023
မင်္ဂလာပါရှင့် 🙋♀️
Digital literacy skills တွေကို စဉ်ဆက်မပြတ် လေ့လာလိုသူများအတွက် ProQual မှ လစဥ်ပညာဒါန (Free Online Course) အနေဖြင့် ဖွင့်လှစ်ပေးနေတဲ့ Digital Tools Training Batch 9 (DTPT-09) အတွက် Registration Form ကို စတင်ဖွင့်လှစ်ပြီလိုက်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။📣
➡️ ProQual ရဲ့ Digital Tools and Platforms Training Batch 9 ကို 8.7.2023 ကနေ 14.7.2023 ထိ (Lectures+Activities) ၆ ရက် နဲ့ (Assessment) ၁ ရက် ပေါင်း ၇ ရက် ဆက်တိုက် နေ့စဥ် ည ၇ နာရီမှ ၈ နာရီခွဲထိ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်ရှင့်🤗
➡️ DTPT Batch 1 to Batch 8 ထိ အောင်မြင်စွာ ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့သလို ယခု DTPT-09 မှာ လည်း တိုးတက်ပြောင်းလဲလာတဲ့ Digital Literacy skills အသစ်များ ထပ်မံဖြည့်စွက် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။🤗
➡️ Registration Form ကို ပြည့်စုံစွာဖြည့်ပြီးပြီဆိုရင် ProQual မှ Email ဖြင့် ပြန်လည်ဆက်သွယ်မှာဖြစ်တာကြောင့် မိမိ Email ကို စစ်ကြည့်ပေးဖို့လိုအပ်ကြောင်းနှင့် Inbox Mail မှာမတွေ့ပါက Spam Mail ကိုပါ စစ်ကြည့်ပေးဖို့ အသိပေးအပ်ပါတယ်ရှင့်🙏
➡️ Registration form ပိတ်ရက်က 7.7.2023 ည ၁၂ နာရီဖြစ်ပြီး အစောဆုံးအပ်နှံမည့် သင်တန်းသား ၁၀ ယောက်အတွက် ProQual မှနောက်ထပ်ဖွင့်လှစ်မယ့် “Canva and Facebook Marketing Training” မှာ 🎉15% Discount🎉 ခံစားခွင့်ရရှိမှာဖြစ်လို့ မြန်မြန်လေးသာ Register လုပ်လိုက်တော့နော်🤗
➡️ Digital Citizen တစ်ယောက်အနေနဲ့ တခြားသူတွေနဲ့ Digital Collaboration လုပ်ဖို့ အဆင်သင့်ဖြစ်ပြီလား❓
📌သင်တန်း Registration Form Link
https://forms.gle/5HeJrc2tPZrU8FK78
📌Digital Tools & Platforms Training Batch 09 (DTPT-09) အကြောင်းအသေးစိတ်သိရှိလိုပါက👇
https://www.facebook.com/100057205671240/posts/pfbid0MmemiyueDsJc9x43GWpkhBX81pCte7abP97Gri4APCCDA7irx6gtEfcvM6HtRCiql/?mibextid=cr9u03
📌Training Details
Date: 8.7.2023 to 14.7.2023 ( 6 Days Lectures+Activities and 1 Day Assessment)
Time: 7:00p.m to 8:30p.m (1 hr and 30 min)
Fees: Free to Register
Registration Form Closing Date: 7.7.2023
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Room-3, No. 143, Botahtaung Pagoda Road, Botahtaung Tsp. Yangon
Yangon
Opening Hours
| Monday | 09:00 - 17:30 |
| Tuesday | 09:00 - 17:30 |
| Wednesday | 09:00 - 17:30 |
| Thursday | 09:00 - 17:30 |
| Friday | 09:00 - 17:30 |
| Saturday | 09:00 - 17:30 |