NetstartERP

NetstartERP

Share

Brand

09/07/2018

🧚‍♂️🧚‍♂️🧚‍♂️🧚‍♂️ Enterprise Resource Planning🧚‍♂️🧚‍♂️🧚‍♂️🧚‍♂️
(စီးပွားရေးလုပ်ငန်းအရင်းအမြစ်စီမံချက်ချခြင်း)
=============================
စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများ၏လုပ်ငန်းဆောင်တာသည် များသောအားဖြင့်လွန်စွာရှုပ်ထွေးကြသည်။
ဝယ်ယူရေး ၊ ကုန်ထုတ်လုပ်မှု ၊ ဖြန့်ချိရေး ၊ အရောင်း ၊ လူ့စွမ်းအားအရင်းအမြစ် ၊ ဘဏ္ဍာရေး နှင့် ငွေစာရင်း အစရှိသည့် လုပ်ငန်းဆောင်တာများသည် အဖွဲ့အစည်း၏ရည်မှန်းချက်များကိုရရှိရန် အတူတကွအလုပ်လုပ် ရမည်ဖြစ်သည်။
ထို့အပြင် ကုမ္ပဏီ၏သတင်းအချက်အလက်များကို ထိန်းသိမ်းမှတ်တမ်းယူခြင်းများကို ပြုလုပ်နိုင်သည်။
ယင်းသည်ကုမ္ပဏီ၏လုပ်ငန်းဆောင်တာများကိုပိုမိုထိရောက်စွာစီမံခန့်ခွဲရန်အလို့ဌာ ဌာနတစ်ခုချင်းစီအလိုက်သတင်းအချက်အလက်များမျှဝေခြင်းများကိုပြုလုပ်နိုင်သည်။
ERP စနစ်သည် ကုမ္ပဏီတစ်ခု၏ အဓိက ဆုံးဖြတ်ချက်ချသူများနှင့်အခြားအသုံးပြုသူများသို့ အချိန်နှင့်တပြေးညီ အချက်အလက်ကိုရယူရန် ပံ့ပိုးပေးသည်။
ယင်းသည်အဖွဲ့အစည်း၏ ရည်မှန်းချက်များပြည့်ဝစေရန် အမျိုးမျိုး သော စီးပွားရေးလုပ်ငန်းစဉ်များကို စီမံကိန်းရေးဆွဲရန်နှင့်ကြီးကြပ်ခြင်းအတွက် လိုအပ်သော အရာများကိုလည်း ပံ့ပိုးပေးသည်။
ယင်းတွင် လုပ်ငန်းဆောင်တာတစ်ခုချင်းစီအတွက် လိုအပ်သော Functions များကို ပေါင်းစည်း ထားသော Modules(မော်ဂျူးများ) ဖြင့်ဖွဲ့စည်းထားသည်။

ERP System ဆိုသည်မှာအဘယ်နည်း။
~~~~~~~~~~~~~~~~~~~~~~~~~~~~
ERP System (စနစ်) သည် ကုမ္ပဏီရှိဌာနအားလုံးနှင့် လုပ်ငန်းဆောင်တာများကိုပေါင်းစည်းထားသော စနစ်တစ်ခုဖြစ်သည်။
ယင်းစနစ်သည် ဌာနတစ်ခုချင်းအတွက် လုပ်ငန်းဆောင်တာများ (Functions) ကိုပေါင်းစည်းထားပြီး ယင်းဌာနတစ်ခုချင်း၏ သီးခြားလိုအင်များအားလုံးကိုဝန်ဆောင်မှုပေးသည်။

ERP System သည်ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းစွမ်းဆောင်ရည်ကိုမည်သို့တိုးမြင့်နိုင်သနည်း။
~~~~~~~~~~~~~~~~~~~~~~~~~~~~
ERP System( စနစ်) သည် အော်ဒါမှာယူလိုက်သည်နှင့်တပြိုင်တည်း အော်ဒါပြီးမြောက်ရန်လိုအပ်သော သတင်းအချက်အလက်များ ၊ ပစ္စည်းပို့ခြင်း၊ ငွေပေးချေခြင်း စသော လုပ်ငန်းတာဝန် (Functions) များကို အလိုအလျောက်ဆောင်ရွက်ပေးသည်။
ထို့အပြင် အ၀ယ်တော်များသည် ဖောက်သည်ထံမှ အော်ဒါရယူပြီး သောအခါ အော်ဒါပြီးမြောက်ရန်လိုအပ်သော သတင်းအချက်အလက် အားလုံးကိုတစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်းသိရှိနိုင်သည်။
ယင်း သတင်းအချက်အလက်များတွင် ဖောက်သည်အကြွေးယူမှုနှုန်း ၊ အော်ဒါမှာယူမှုသမိုင်း ၊ ကုမ္ပဏီ၏ပစ္စည်းလက်ကျန်အခြေအနေတို့ပါဝင်သည်။
ဌာနတစ်ခုမှ အော်ဒါပြီးစီး သောအခါ ယင်းသည် ERP စနစ်သို့ရောက်ပြီး ထိုမှတဆင့် နောက်ဌာနသို့ရောက်သွားကြသည်။

ERP project သည်မည်မျှကြာမည်နည်း။
~~~~~~~~~~~~~~~~~~~~~~~~~~~~
ERP စနစ် ကိုကုမ္ပဏီများက တပ်ဆင်ခြင်းသည် လွယ်ကူသည်တော့မဟုတ်ချေ။ အကော်အထည်ဖေါ်ရန် ကာလ ၃ လမှ ၆ လ အထိကြာမြင့်နိုင်သည်။
၆ လသည်တိုတောင်းသောအချိန်ဖြစ်သည်။ သင်ပြုလုပ်သော စီးပွားရေးလုပ်ငန်းသည် ပြောင်းလဲရန်လိုအပ်ပြီး ၀န်ထမ်းများသည်လည်း သူတို့ လုပ်ငန်းတာဝန်များကို ဆောင်ရွက်သောနည်းလမ်းများကိုသမာရိုးကျမှတဆင့် ခာတ်မှီသောစနစ်သို့ပြောင်းလဲရန်လိုအပ်ပါသည်။
အရေးကြီးသောအချက်မှာ ERP အတွက် အချိန်မည်မျှကြာသည်ကိုအာရုံစိုက်ရန်မလိုချေ။
စစ်မှန်သော အသွင်ပြောင်းသည့် ERP စနစ်သို့ပြောင်းလဲရာတွင် များသောအားဖြင့် တစ်နှစ်မှ သုံးနှစ်အထိကြာတတ်သည်။
ဘာကြောင့် ERP အသုံးပြုရန်လိုအပ်ခြင်းကို နားလည်ရန်နှင့်သင့်စီးပွားရေးလုပ်ငန်းကို မည်သို့အောင်မြင် တိုးတက်ရန် အသုံးပြုမည်ဆိုသောအချက်ပင်ဖြစ်သည်။🧚‍♂️🧚‍♂️🧚‍♂️

14/03/2018

Systemဆိုသည်မှာ ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းများ ၊ အလုပ်ရုံ ဌာနများအတွက် ၀င်ငွေထွက်ငွေစာရင်းများ ၊ လုပ်ငန်းနှင့်သက်ဆိုင်သော အရှုံးအမြတ်စာရင်းများ ၊ စီမံကိန်းစာရင်းများ ၊ ၀န်ထမ်း ငွေစာရင်းများ ၊ လစာနှင့်ပတ်သတ်သော စာရင်းများ ပြုစုခြင်းများ၊ ကုန်ပစ္စည်း ထိန်းချုပ်ခြင်း၊ Group of companies များ အတွက် Company တစ်ခုချင်းစီအလိုက် Dimensions များခွဲပြီး စာရင်းသွင်းနိုင်ခြင်း ၊ လုပ်ငန်း၏ ငွေသားစီးဆင်းမှု (Cash Flow) စသည့် အချက်အလက်များကို အဓိက ရေးဆွဲထားသော ERP System တစ်ခုဖြစ်ပါသည်။

System တွင် စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများတွင်အရေး
ကြီးသော အရင်းအမြစ် စီမံချက်ချခြင်း ၊ လုပ်ငန်းဆောင်တာများကို လွယ်ကူလျင်မြန်စွာ စီမံဆောင်ရွက်နိုင်ခြင်း ၊ ဖြန့်ချိရေး ၊ ၀ယ်ယူရေး ၊ ကုန်ပစ္စည်း စာရင်း စီမံခန့်ခွဲရေး ၊ ကုန်ထုတ်လုပ်မှု ၊ အရောင်း ၊ လူ့စွမ်းအားအရင်းအမြစ် ၊ ကုမ္ပဏီ၏ ပိုင်ဆိုင်မှု စာရင်းများ စီမံခန့်ခွဲခြင်း ၊ ငွေစာရင်းများ အစရှိသော လုပ်ငန်းများကို စီမံနိုင်သော အခြေခံကျသော ပူးပေါင်းဆောင်ရွက်ချက်များ ကို တွေ့မြင်ရမည်ဖြစ်ပါသည်။

System တွင် စာရင်းရေးသွင်းရာတွင်ပါဝင်ရမယ့် လုပ်ဆောင်ချက်များအားလုံးပြည့်ပြည့်စုံစုံပါဝင်ပါသည်။ Accuracy အပေါင်းအနုတ်ဂဏန်းတွက်ချက်မှု တိကျမှန်ကန်ပါတယ်။ Valuation တန်ဖိုးသင့်မှု မှန်ကန်မှု ၊ Cut-off စာရင်း ကာလမှန်ကန်မှု ၊ Rights & Obligation ပိုင်ခွင့်နှင့်ပေးရန်တာဝန်ရှိမှုတွေ မှန်ကန်မှု ၊ Receivable ,Payable ,Liabilities နှင့်ပတ်သတ်သော ရှင်းလင်းဖော်ပြချက်များ ၊ Alarm System များ စသည့် လုပ်ငန်းပိုမိုမြန်ဆန်ထိရောက်စေသည့် လုပ်ဆောင်ချက်များ စွာပါဝင်ပါသည်။

System ၏အဓိကအားသာချက်များ ကတော့
နေ့စဉ် ၀င်ငွေ/ထွက်ငွေစာရင်းများ ကို အချိန်နှင့်တပြေးညီ ထုတ်ယူကြည့်ရှုနိုင်ခြင်း ။

အရောင်း/အ၀ယ် စာရင်းများကို စာရင်းသွင်းရုံဖြင့် သက်ဆိုင်ရာ Ledgerများသို့အလိုအလျောက် စာရင်းရောက်ရှိနိုင်ခြင်း။

လုပ်ငန်းတစ်ခုလုံး၏ ၀င်ငွေထွက်ငွေ စာရင်းများနှင့် အခြားအသုံးစရိတ်များ ကိုအချိန်တိုအတွင်း သိရှိနိုင်ခြင်း ။

ကုန်ပစ္စည်းစာရင်းများအား ထိထိရောက်ရောက်စီမံခန့်ခွဲနိုင်ခြင်းကြောင့် အလေအလွင့် ဖြစ်ခြင်းမှ ကာကွယ်နိုင်ခြင်း ။

Online System ပါဝင်သဖြင့် နေရာတစ်ခုချင်းစီအလိုက် ကုန်ပစ္စည်းစာရင်းများ ၊ လက်ကျန်စာရင်းများကို အချိန်နှင့်တပြေးညီ အလွယ်တကူကြည့်ရှုနိုင်ခြင်း။

ငွေစာရင်းဆိုင်ရာ Reportsများကို လအလိုက် ၊ နှစ်အလိုက်ယှဉ်တွဲကြည့်ရှုနိုင်ခြင်း။

ရုံးခွဲများကို နေရာအနှံ့အပြားတွင် ဖွင့်လှစ်ထားသော လုပ်ငန်းရှင်များအတွက်လည်း Internet Access ရရှိရုံဖြင့် လုပ်ငန်းတစ်ခုလုံး၏ စာရင်းများအား Access လုပ်နိုင်ခြင်း။

ကုမ္ပဏီ၏သတင်းအချက်အလက်များကို တစ်နေရာတည်းတွင် စုစည်းထားရှိနိုင်သောကြောင့် သတင်းအချက်အလက်မျှဝေခြင်းနှင့် ထိန်းသိမ်းမှတ်တမ်း ယူခြင်းများ ကို ပိုမိုထိရောက်စွာစီမံခန့်ခွဲနိုင်ခြင်း ။

Mobile App ရနိုင်ခြင်းကြောင့် နယ်လှည့်အရောင်းကားများရှိသော လုပ်ငန်းရှင်များ အနေဖြင့် အရောင်းကားများ၏ Sales Reports များအား အချိန်နှင့်တပြေးညီကြည့်ရှုနိုင်ခြင်းတို့ကြောင့် လုပ်ငန်းပိုမိုမြန်ဆန်လာနိုင်ခြင်း။

အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် 09- 261 4422 92(YGN –hotline) 09-252 5842 80(MDY –Hotline) သို့ ဆက်သွယ်စုံစမ်းမေးမြန်း နိုင်ပါသည်။

19/12/2017

🕓🕓🕓NetstartERP🕓🕓🕓 Mobile Apps ရဲ့အကျိုးကျေးဇူးတွေကဘာတွေလဲဆိုတာသင်သိပြီးပြီလား ?

Mobile တွေရဲ့အကျိုးကျေးဇူးတွေကဘာတွေလည်းဆိုတာတော့သင်သိပြီးသားဖြစ်မှာပါ။ 👉 👉 Email တွေ အပြန်အလှန်ပို့လို့ရမယ် .
👉 တစ်ယောက်နဲ့တစ်ယောက်၊ တစ်နေရာနဲ့တစ်နေရာဆက်သွယ်လို့ရမယ်၊
👉 Facebook တွေ Instagram အစရှိတဲ့ Social Media Application တွေအသုံးပြုလို့ရမယ် စသဖြင့်အသုံးပြုလို့ရမှာပါ။

NetstartERP Mobile Apps က Mobile နဲ့ အသုံးပြုလို့ရတဲ့ ERP ဆိုတဲ့အတွက်ကြောင့်
ကိုယ့်လုပ်ငန်းနဲ့ပတ်သတ်တဲ့ အချက်အလက်တွေကိုအချိန်မရွေး နေရာဒေသမရွေး စစ်ဆေးကြည့်ရှုလို့ရမယ်။
ယင်းကဲ့သို့ Cloud-based Application တွေနဲ့ပါအသုံးပြုနိုင်တာကြောင့် ဘယ်နေရာရောက်နေနေ ကိုယ့်ရဲ့အလုပ်ပျက်မှာပူစရာမလိုတော့ပါဘူး။

Accounting နဲ့ပတ်သတ်တာတွေ Inventory နဲ့ပတ်သတ်တဲ့အချက်အလက်တွေပါစစ်ဆေးကြည့်ရှုနိုင်တော့ ဘယ်နေရာကနေမဆိုအလုပ်လုပ်နိုင်တာပေါ့။

ဥပမာ အားဖြင့်.. သင့်မှာ နယ်လှည့်အရောင်းကားတစ်စီး ရှိတယ်ဆိုပါစို့။

ယဉ်မောင်း ဒါမှမဟုတ် အရောင်းဝန်ထမ်းရဲ့လက်ထဲမှာ Mobile Phone တစ်လုံး အဆင်သင့်ရှိနေခဲ့မယ်ဆိုရင် NetstartERP Mobile Application ကို ထည့်သွင်းထားပြီး အရောင်းပြုလုပ်တိုင်းမှာ အရောင်းဘောင်ချာလေး ရိုက်နေရုံနဲ့ ဘယ်ကားကတော့ ဘယ်နေရာမှာ ဘယ်သူ့ကိုရောင်းလိုက်တယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေက စလို့ အဲဒီကားပေါ်မှာ Stock ဘယ်လောက်ကျန်တယ်ဆိုတာတွေ..
👉 ၀န်ထမ်းရဲ့လက်ထဲမှာ Cash ဘယ်လောက် ရှိနေပြီ ဆိုတာတွေ အထိပါ Tracking လုပ်ပေးနိုင်မှာပါ။

👉 NetstartERP ရဲ့ Mobile Apps ကသင့်ရဲ့ လုပ်ငန်းကိုများစွာတိုးတက်စေနိုင်မှာပါ။

ခေတ်မှီ IT နည်းပညာ အသုံးပြုသော လုပ်ငန်းအဖြစ် ဆောင်ရွက်ရန် ဒီနေ့ပဲ

Amazing Technologies
🌐 Yangon Hotline + 959 261 4422 92
🌐 Mandalay Hotline + 959 2525 84280
🌐 Naypyitaw Hotline + 959 2525 84280 သို့
အခုချက်ချင်းပဲ ဆက်သွယ်လိုက်ပါ…

စက်တင်ဘာ ( ၁ ) ရက်နေ့ ကနေ ( ၃၀ ) ရက်နေ့ အထိကိုလည်း Promotion တွေရှိတာမို့ အမြန်ဆုံး Sign Up လုပ်လိုက်ကြရအောင် !!! 🚘🚘🚘🚘🚘

29/11/2017

NetstartERP Mobile Apps ရဲ့အကျိုးကျေးဇူးတွေကဘာတွေလဲဆိုတာသင်သိပြီးပြီလား ?

Mobile တွေရဲ့အကျိုးကျေးဇူးတွေကဘာတွေလည်းဆိုတာတော့ သင်သိပြီးသားဖြစ်မှာပါ။ Email တွေ အပြန်အလှန်ပို့လို့ရမယ် . တစ်ယောက်နဲ့တစ်ယောက်၊ တစ်နေရာနဲ့တစ်နေရာဆက်သွယ်လို့ရမယ်၊ Facebook တွေ Instagram အစရှိတဲ့ Social Media Application တွေအသုံးပြုလို့ရမယ် စသဖြင့်အသုံးပြုလို့ရမှာပါ။

NetstartERP Mobile Apps က Mobile နဲ့ အသုံးပြုလို့ရတဲ့ ERP ဆိုတဲ့အတွက်ကြောင့်ကိုယ့်လုပ်ငန်းနဲ့ပတ်သတ်တဲ့ အချက်အလက်တွေကိုအချိန်မရွေး နေရာဒေသမရွေး စစ်ဆေးကြည့်ရှုလို့ရမယ်။ ယင်းကဲ့သို့ Cloud-based Application တွေနဲ့ပါအသုံးပြုနိုင်တာကြောင့် ဘယ်နေရာရောက်နေနေ ကိုယ့်ရဲ့အလုပ်ပျက်မှာပူစရာမလိုတော့ပါ။

Accounting နဲ့ပတ်သတ်တာတွေ inventory နဲ့ပတ်သတ်တဲ့အချက်အလက်တွေပါစစ်ဆေးကြည့်ရှုနိုင်တော့ ဘယ်နေရာကနေမဆိုအလုပ်လုပ်နိုင်တာပေါ့။ NetstartERP ရဲ့ Mobile Apps ကသင့်ရဲ့ လုပ်ငန်းကိုများစွာတိုးတက်စေနိုင်မှာပါ။

29/11/2017

Accountant တစ်ယောက်ရဲ့လုပ်ငန်းစဉ်မှာ NetstartERP က ဘယ်လို
အကူညီပေးနိုင်မည်လဲ
************************************
ကုမ္ပဏီအဖွဲ့အစည်းတစ်ခုမှာ Accountant တစ်ယောက်အဖြစ် အလုပ်လျှောက် ပြီဆိုရင်ကြုံတွေ့ ရနိုင်တဲ့ မေးခွန်းတစ်ခုက ''သင့်ကို Accountant အဖြစ် ခန့် လိုက်မယ်ဆိုရင် ဘယ်အပိုင်းတွေမှာ တာဝန်ယူပေး ရမယ်ထင်ပါသလဲ'' ဆိုတဲ့မေးခွန်းပါ

စာရင်းသမားတစ်ယောက်က ပထမဆုံး စလုပ်ရမယ့်အလုပ်က ကနဦး
မှတ်တမ်းစာအုပ်တွေကို ရေးသွင်းရမှာပါ..

(၁) ကုန်ရောင်းမှတ်တမ်းစာအုပ်
(၂) ကုန်ဝယ်မှတ်တမ်းစာအုပ်
(၃) ကုန်ရောင်းပြန်သွင်းမှတ်တမ်းစာအုပ်
(၄) ကုန်ဝယ်ပြန်ပို့မှတ်တမ်းစာအုပ်
(၅) Cash/ Bank 2 Column ငွေစာရင်းစာအုပ်
(၆) အသေးသုံးငွေစာရင်းစာအုပ်
(၇) ရရန်ဘီလ်
(၈) ပေးရန်ဘီလ်
(၉) ဂျာနယ် မှတ်တမ်းစာအုပ်စတဲ့ Day Book တွေကနေ Ledger နဲ့ Journal Entry ကို ရေးသွင်းရပါတယ်။ Ledger တွေပိတ်လို့ ထွက်လာတဲ့ စာရင်းလက်ကျန်တွေကို အစမ်းရှင်းတမ်း လို့ခေါ်တဲ့ Trial Balance ကို ပို့ဆောင်ရပါတယ်။ လုပ်ငန်းအကြီးအသေး သဘောသဘာဝကို လိုက်ပြီး Ledger ကို တစ်လ တစ် ကြိမ် (သို့) သုံးလတစ်ကြိမ် (သို့) တစ်နှစ်တစ်ကြိမ် စာရင်းပိတ်ပါတယ်။ အစမ်း ရှင်းတမ်း ရေးဆွဲချိန် Debit /Credit မကိုက်ခဲ့ရင် ယာယီစာရင်း Suspense Account ဖွင့်ထား အမှားရှာပြီး လိုအပ်သောအချိန်ကာလတစ်ခုအတွင်း Cash in transit , Goods in transit, Other transition တွေ ပြန်ညှိပြီး နှစ်ချုပ် စာရင်းတွေရေးဆွဲရပါမယ်။ Profit & Loss Account , Other Comprehensive Income, Statement of Financial Position (SOFP)တွေအပြင် လိုအပ်ရင် (disclosure)
Notes to the Financial Statement ရေးဆွဲရပါမယ်။

ဤနေရာမှာ NetstartERP အကြောင်းအနည်းငယ်မိတ်ဆက်ချင်ပါတယ်။ NetstartERP 2.4 Version တွင် Modules ( ၈ ) ခုဖြင့်ဖွဲ့စည်းထားပါတယ်။ မည်သည့်လုပ်ငန်းသဘောသဘာဝမျိုးမဆို လိုအပ်သော Chart Of Account များဖြည့်သွင်း၍ လွယ်ကူ လျင်မြန်စွာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ပါဝင်သော Player Module များမှာ

# အရောင်းပိုင်း နှင့် Customer Database များကိုသေချာစွာ တည်ဆောက် ထားနိုင်သော Sales Control Module ၊
# Logistics ရေးရာ ကိစ္စများနှင့် Supplier Database များကို တည်ဆောက် ထားနိုင်သော Purchases Control Module ၊
# Stock အ၀င်အထွက်စာရင်းများနှင့် လက်ကျန်စာရင်းများကို တိကျသေချာစွာ တွက်ချက်ပေးနိုင်သော Inventory Control Module ၊
# Fixed Assets များ၏လက်ကျန်တန်ဖိုးများကို တိကျသေချာစွာ တွက်ချက်
ပေးနိုင်သော Fixed Assets Control Module ၊
# ၀န်ထမ်းရေးရာကိစ္စများနှင့် လစာတွက်ချက်ခြင်း ၊ Payslip ထုတ်ယူခြင်း တို့ကိုပြုလုပ်နိုင်သည့် Human Resource Module ၊
# Journal Entry ပြုလုပ်ခြင်းနှင့် လုပ်ငန်းတစ်ခုချင်းစီအတွက်လိုအပ်သော အစမ်းရှင်းတမ်း ( Trial Balance ) များ ထုတ်ယူကြည့်ရှုနိုင်ခြင်း ၊ Profit and Loss Report များ ၊ Banking နှင့်ပတ်သတ်သော Reports များ ၊ General Ledger Reports များကို အချိန်နှင့်တပြေးညီ ထုတ်ယူကြည့်ရှု နိုင်သော Finance Module အစရှိသည် တို့ပါဝင် ပါသည်။

အဓိက Main Module ဖြစ်သော Finance Module တွင် Sales Department ဖက်မှတက်လာသော Quotation များ ၊ Delivery Order များ ၊ Sale Invoice များ ၊ Logistics Department မှတက်လာသော Purchase Order, Goods Received Notes နှင့် Supplier Invoices များ ကို စုစည်း၍ အစမ်းရှင်းတမ်း (Trial Balance ) သို့ အလို အလျောက်ပို့ဆောင်ခြင်း ၊ Profit & Loss Statement များ လျင်မြန်စွာထုတ်ယူကြည့်ရှုနိုင်ခြင်း ၊ Cashflow Statement များ ၊ Annual Breakdown Expenses and Incomes Statement များအလွယ်တကူကြည့်ရှုနိုင်ခြင်း အစရှိသည်တို့ဖြစ်ပါသည်။

နှစ်ချုပ်စာရင်းရေးဆွဲရာမှာလည်း လုပ်ငန်းရဲ့သဘောသဘာဝအရ Fiscal Year ( ဘဏ္ဍာရေးနှစ်) သတ်မှတ်ထားနိုင်သည်။ January မှ December , Calendar Year ကို စာရင်းကာလအဖြစ်သတ်မှတ်တာရှိသလို April မှ March , Budget year ကို စာရင်းကာလအဖြစ် သတ်မှတ်တာရှိပါတယ်။ NetstartERP တွင် စာရင်းရေးသွင်းရာမှာ ပါဝင်ရမယ့်အရာ အားလုံးပြည့်စုံစွာ ပါဝင်ပါတယ်။ Accuracy အပေါင်းအနှုတ်ဂဏန်းတွက်ချက်မှု တိကျမှန်ကန်ပါတယ်။ Valuation တန်ဖိုးသင့်မှု မှန်ကန်မှု ၊ Cut-off စာရင်းကာလ မှန်ကန်မှု ၊ Rights and Obligation ပိုင်ခွင့်နှင့် ပေးရန် တာဝန် တင်ရှိမှုတွေ မှန်ကန်မှု ၊ Receivable, Payable, Liabilities နှင့်ပတ်သတ်သော ရှင်းလင်းဖော်ပြချက် များ ၊ Alert System များပါဝင်ပါတယ်။

NetstartERP ရဲ့အားသာချက်များမှာ Accountant တစ်ယောက်၏ Workload ကိုလျော့ချပေးနိုင်ခြင်း ၊ စာရင်းများကို ၀န်ထမ်းတစ်ဦးတစ်ယောက်အပေါ် မှီခိုနေရာမှ သက်ဆိုင်ရာဌာန၏ ၀န်ထမ်း တစ်ယောက်ခြင်းစီ၏ အနည်းငယ်မျှသော Effort ကို အသုံးပြုပြီး အလုပ်တာဝန်ပြီးမြောက်အောင်ဆောင်ရွက်နိုင်ခြင်း ( ဥပမာ - အရောင်း ဌာန မှ ၀န်ထမ်းမှ Quotation ပေးခြင်း ၊ Delivery Order ပြုလုပ်ခြင်းနှင့် Invoice ထုတ်ခြင်း အစရှိသည့် အရောင်း ဌာန နှင့်သက်ဆိုင်သောအလုပ်များကိုသာလုပ်ဆောင်ခြင်း ၊ အ၀ယ်တော်များမှလည်း PO ထုတ်ခြင်း ၊ Goods Received ပြုလုပ်ခြင်းခြင်း၊ Warehouse မှ Inventory / Stock ကိုင်ဝန်ထမ်းများကလည်း Stock အ၀င်အထွက် စာရင်းများကို ပြုလုပ်ခြင်းဖြင့် Finance ဌာနအတွက်လိုအပ်သော Statement များ ၊ Reports များကို အချိန်နှင့် တပြေးညီ ထုတ်ယူကြည့်ရှုနိုင်သည်။ ထို့အပြင်ဝန်ထမ်းတစ်ဦးကို တာဝန်မှရပ်စဲလိုသောအခါ Hand Over လုပ်ရန် အချိန်ကြာမြင့်စွာ လုပ်ဆောင်ရခြင်းမှ ကင်းဝေးစေနိုင်သည်။ Accountant ( စာရင်းကိုင် ) တစ်ယောက်မှ အရာ အားလုံး ကိုလုပ်ဆောင်နေရခြင်း ( ဥပမာ - Sales Invoice ဖွင့်ခြင်း ၊ Payment ကောက်ခံခြင်းများအပြင် အခြား Management Report များကိုလည်း အချိန်မှီအောင်လုပ်ဆောင်နေရခြင်း ) အစရှိသည့်အချက်များကို ပြေလည် စေနိုင်ပါသည်။

အဓိကအားသာချက်များ
************************
+ စီးပွားရေးလုပ်ငန်းစဉ်များကိုလျင်မြန်စွာပေါင်းစည်းပေးနိုင်ခြင်း
+ ကုန်ထုတ်လုပ်ငန်းများကိုပိုမိုမြန်ဆန်တိုးတက်လာနိုင်စေခြင်း
+ ကုန်ထုတ်စွမ်းအားပိုမိုတိုးတက်လာနိုင်စေခြင်း
+ အရည်အသွေးမှီ အစီရင်ခံစာများနှင့် စွမ်းဆောင်မှုများအားသုံးသပ်နိုင်ခြင်း
+ လုပ်ငန်းတစ်ခုလုံး၏ ၀င်ငွေထွက်ငွေစာရင်းများနှင့်အခြားအသုံးစရိတ်များကို အချိန်တို အတွင်းသိရှိနိုင်ခြင်း
+ လုပ်ငန်းလိုအပ်ချက်အရသော်လည်းကောင်း ၊ လုပ်ငန်းတိုးချဲ့၍သော် လည်းကောင်း ရုံးခွဲများကိုနေရာအနှံ့အပြား တွင်ဖွင့်လှစ်ထားရှိသောလုပ်ငန်းရှင်များအတွက် သော် လည်းကောင်း Internet Access ရရှိရုံဖြင့် မည်သည့်နေရာမှမဆို Access လုပ်နိုင်ခြင်း ဖြစ်ပါသည်။

အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ၀၉-၂၆၁၄၄၂၂၉၂ ကို ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်း နိုင်ပါသည်။

Refး စာရင်းကိုင်ပညာမှတ်စု

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


No. 164, Upper Pazundaung Main Road, Mingalar Taung Nyunt Tsp
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00