Academic Weekly

Academic Weekly

Share

Educational Journal, Education For Everyone Evermore

16/03/2025

📣📣𝗔𝗰𝗮𝗱𝗲𝗺𝗶𝗰 𝗣𝘂𝗯𝗹𝗶𝘀𝗵𝗶𝗻𝗴 𝗛𝗼𝘂𝘀𝗲 ရဲ့ စာစဉ်-၃၁ အဖြစ် မကြာခင်မှာ ထွက်ရှိလာမယ့် စာအုပ်ကတော့ Academic Weekly မြန်မာ့ပညာရေးဂျာနယ်ရဲ့ နာယကဖြစ်တဲ့ ဆရာကြီးအောင်ကျော်ဦး - မဟာဝိဇ္ဇာရဲ့ ငါးအုပ်မြောက် လုံးချင်းစာအုပ်ပဲ ဖြစ်ပါတယ်... "ဘဝင်မှာစွဲငြိ ဒဿနပညာရှိ" လို့ အမည်ပေးထားပါတယ်....

🪔ဆရာကြီးရဲ့ဘဝင်ကို စွဲငြိစေတဲ့ ဒဿနပညာရှင် ဆယ်ဦးအကြောင်းကို ကဗျာ၊ စာညွန့်နဲ့ အတွေးစာစုလေးတွေအဖြစ် စုစည်းရေးသားထားခြင်းဖြစ်ပါတယ်...

🪔 ဒဿနပညာရှင်တွေရဲ့ အတွေးအမြင်တွေကို ပညာရေးဆိုင်ရာ ဒဿနရှုထောင့်ကနေ ကဗျာတွေနဲ့အနှစ်ထုတ်ပြီး ကိုယ်ပိုင်အတွေးတွေနဲ့ တွေးထား၊ ရေးသားမျှဝေထားတဲ့စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်...

🪔 ဆရာကြီးရဲ့ ဆန်းသစ်တဲ့ အတွေး၊ ရှင်းလင်းတဲ့ အရေးတွေက ဒဿနပညာရပ်နဲ့ အလှမ်းဝေးတဲ့သူတွေတောင် အလွယ်တကူ နားလည်သွားစေနိုင်မှာဖြစ်လို့ ဒဿနပညာရပ်တွေကို လေ့လာဆည်းပူးနေသူတွေအပြင် အတွေးအခေါ်ကို စိတ်ပါဝင်စားသူတွေပါ ဖတ်ရှုလေ့လာသင့်ပါတယ်...

🪔ပညာရေးဆိုင်ရာ ဒဿနရှူထောင့်ကနေ အထူးပြုရေးသားထားတာဖြစ်လို့ ပညာရေးသမားတိုင်း လက်ကိုင်ထားသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်လည်း ဖြစ်ပါတယ်ခင်ဗျာ...

📣📣 မကြာခင် စာအုပ်ထွက်ရှိတော့မှာဖြစ်လို့ 𝗣𝗿𝗲-𝗼𝗿𝗱𝗲𝗿 တင်လို့ရပြီဖြစ်ကြောင်း အသိပေးပါရစေခင်ဗျာ ... 📣📣

🔴 ဆရာကြီးရဲ့ စာဖတ်ပရိသတ်တွေအတွက် ကျွန်တော်တို့က အထူးအစီအစဉ်လေးတစ်ခု စီစဉ်ထားပါတယ်... အစောဆုံး စာအုပ်မှာယူသူ (၁၀) ဦးကို ပို့ဆောင်ခ အခမဲ့ (𝗙𝗿𝗲𝗲 𝗗𝗲𝗹𝗶𝘃𝗲𝗿𝘆) နဲ့ ပို့ဆောင်ပေးမှာပါ...

စာအုပ်အမည် - ဘဝင်မှာစွဲငြိ ဒဿနပညာရှိ
စာရေးသူ - အောင်ကျော်ဦး (မဟာဝိဇ္ဇာ)
စာမျက်နှာ - ၂၄၄
တန်ဖိုး - ကျပ် ၁၅,၀၀၀

အသေးစိတ်သိရှိလိုပါက-

m.me/academicpublishinghousemm

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

🔺စာအုပ်မှာယူတဲ့အခါ မိမိတို့ရဲ့
- အမည်
- နေရပ်လိပ်စာအပြည့်အစုံ
- ဆက်သွယ်ရမယ့်ဖုန်းနံပါတ် တို့ကို တိတိကျကျပေးရမှာဖြစ်ပြီး 𝗗𝗲𝗹𝗶𝘃𝗲𝗿𝘆 ပို့ဆောင်ရမယ့်နည်းလမ်းတွေကိုလည်း ရွေးချယ်ပေးရမှာဖြစ်ပါတယ်... 𝗣𝗿𝗲-𝗼𝗿𝗱𝗲𝗿 𝗣𝗿𝗲𝗽𝗮𝗶𝗱 ဖြစ်လို့ စာအုပ်ဖိုးကိုတော့ ကြိုတင်ပေးချေရပါမယ်...

📣အနယ်နယ်အရပ်ရပ်က ပြည်တွင်း၊ ပြည်ပ ကိုယ်စားလှယ်များကိုလည်း အထူးရာခိုင်နှုန်းနဲ့ စီစဉ် ဆောင်ရွက်ပေးမှာဖြစ်လို့ 𝗔𝗰𝗮𝗱𝗲𝗺𝗶𝗰 𝗣𝘂𝗯𝗹𝗶𝘀𝗵𝗶𝗻𝗴 𝗛𝗼𝘂𝘀𝗲 ကို တိုက်ရိုက် ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ...

📪လိပ်စာ
အမှတ် (၃၄၁)၊ (၄၈-U9) ရပ်ကွက်၊ အောင်ရတနာလမ်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ရန်ကုန်မြို့။

ဆက်သွယ်ရန်ဖုန်း-
☎️09 26 11 555 25
☎️ 09 26 11 555 35

10/02/2021

ပညာရှိ သတိမြဲပါစေ

ပညာသည် သတိနှင့်ယှဉ်မှသာ တန်ဖိုးမြင့်၊
တန်ဖိုးတင့်ပေသည်။
ပညာ၏တန်ဖိုးကို ဆန်းစစ်ကြည့်ကြမည်ဆိုပါလျှင် အောက်ပါအချက်တို့အား သတိချပ်သင့်ပါသည်။
များမြောင်လှသော လူမှုကိစ္စအ၀၀တို့တွင်
သာမန်လုပ်ရိုးလုပ်စဉ်၊ သမ္ပဇဉ်အတိုင်း ဆောင်ရွက်၍ ရနိုင်သည်များ ရှိသကဲ့သို့အလေးထားစဉ်းစားဆင်ခြင် ဝေဖန်ပိုင်းခြား
ဆောင်ရွက်တတ်ရန်လည်း လိုအပ်လှ ပါသည်။
ထိုသို့စဉ်းစားရာ၌ ထိုအခြင်းအရာနှင့်ပတ်သက်ပြီး-
- ပထမဦးစွာ ဗဟုသုတရှိရန် လိုအပ်ပါသည်။
- ထိုမှတစ်ဆင့် သဘောပေါက်နားလည်မှုရှိရန်
အားထုတ်ရပါမည်။
- လက်တွေ့ဘဝနယ်ပယ်တွင် အသုံးချဆောင်
ရွက်နိုင်စွမ်းရှိမှသာ ပညာ၏သဘော သက်ဝင်ပါလိမ့်မည်။
- ထို့ထက်ပို၍ လေးနက်သော အကြောင်းအရာများဆိုပါက
ခွဲခြမ်းစိတ်ဖြာလေ့လာတတ်ကြရန်လည်း
လိုအပ်လှပါသည်။
- ခွဲခြမ်းစိတ်ဖြာလေ့လာပြီးပါက ပေါင်းစပ်၍
ရုပ်လုံးဖော်နိုင်၊ ရှုမြင်နိုင်စွမ်းများလည်း ရှိရပါမည်။
- သို့မှသာ ပညာဖြင့် တန်ဖိုးအမှန်ကို မြင်နိုင်၊ လက်ခံနိုင်စွမ်း
ရှိလာပါလိမ့်မည်။
ကမ္ဘာမြေ အေးချမ်းပါစေ။
မြန်မာပြည်လည်း ငြိမ်းချမ်းပါစေ။

20/12/2020

Academic Weekly Journal ကနေ အခုတစ်ပတ်မှာ ယဉ်ကျေးမှုနှင့် စည်းလုံးညီညွတ်ရေးတို့အကြား ဆက်သွယ်ပေးနိုင်သော နီတိများအကြောင်းကို ပထမဆုံးအကြိမ် မိတ်ဆက်အနေနဲ့ ဆွေးနွေးသွားဖို့ ရှိပါတယ်။

Host အနေနဲ့ Academic Weekly ဂျာနယ်ရဲ့ နာယက ဆရာအောင်ကျော်ဦး (မဟာဝိဇ္ဇာ) က ဆောင်ရွက်သွားမှာဖြစ်ပြီး ပါဝင်အားဖြည့် ကူညီဆွေးနွေးပေးမယ့်သူတွေကတော့ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်မှ တွဲဖက်ပါမောက္ခ ဆရာဦးမြသိန်းနှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်မှ လက်ထောက်ကထိက ဒေါက်တာဉာဏ်ထွန်းတို့ပဲ ဖြစ်ပါတယ်။

ယဉ်ကျေးမှုပိုင်ဆိုင်ခြင်းနှင့် အသိဉာဏ်ကြီးမားခြင်းဟာ လူသားတန်ဖိုးလို့ ဆိုကြပါတယ်။ တစ်နည်းဆိုရရင် "လူ့တန်ဖိုးကို ယဉ်ကျေးမှု၊ အသိဉာဏ်ကြီးမားမှုတွေနဲ့ ခံစားသတ်မှတ်ကြပါတယ်။
ယဉ်ကျေးမှု စံထားပုံခြင်း ကွဲပြားပေမယ့် ငြိမ်းချမ်းစွာ အတူလက်တွဲနေထိုင်ကြတာက
"ဘာကြောင့်လဲ"
အသိဉာဏ်ကြီးမားမှုက ကြားခံဆက်သွယ်ပေးနိုင်လို့ပါပဲ။
အခုစကားဝိုင်းမှာ အသိဉာဏ်ကြီးမားသူတို့ရဲ့ ကျင့်စဉ်တွေအကြောင်း ဆွေးနွေးအဖြေရှာပေးတာတွေကို နားဆင်ကြရမှာပါ။ အားလုံးနဲ့ သက်ဆိုင်နေတာမို့ နားထောင်ကြည့်ရုံနဲ့ အတွေးအမြင်သစ်တစ်ခု ရရှိမှာဖြစ်ပါတယ်။

အချိန် - မနက် ၁၁ နာရီ
နေ့ရက် - ဒီဇင်ဘာ ၂၂ ရက်၊ ၂၀၂၀။

အခုအစီအစဉ်ကို Academic Weekly နှင့် Academic Virtual Classroom ရဲ့ page (၂) ခုလုံးမှာ ဆွေးနွေးတင်ဆက်သွားမှာမို့ စောင့်မျှော်ကြည့်ရှုအားပေးပါဦးနော်။

15/11/2020

လွတ်လပ်မှု၊ ညီမျှမှုနှင့် ချစ်ကြည်ရေးအတွက်
ယုံကြည်ချက်ဖြင့် ရှေ့သို့တက်
(To march for believe in liberty,
equality and fraternity)

"မကြိုက်ဘယ်သူ ရှိမည်နည်း" လို့
ကျွန်တော်တစ်ဦးတည်း ပြုံးပြီးတွေးနေမိတာပါ။
ပြီးတော့ နှုတ်က ထပ်မံရေရွတ်ကြည့်နေမိပါတယ်။

"လွတ်လပ်မှု၊ ညီမျှမှုနဲ့ ချစ်ကြည်ရေးအတွက်
ယုံကြည်ချက်ဖြင့် ရှေ့သို့တက် "။
To march for believe in liberty,
equality and fraternity.

တစ်ဆက်တည်းပဲ ကဗျာတစ်ပုဒ်
ရေးထုတ်မိလိုက်ပြန်ပါတယ်။

"လွန်စွာမြင့်မြတ်
ထိုစိတ်ဓာတ်မှာ
"သဟာယ" ဟု
ကြောင်းပြုပေါင်းစည်း
ညီညွတ်ပြီးမှ
သာစွရွှေပြည် ဖြစ်ခြိမ့်မည်...။
သစ္စာတိုင်တည် ဆိုမိသည်...။
သဟာယစိတ် ကိန်းအောင်းချီရော့...။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၉ ရက်မှာ ကျင်းပကြမယ့်
World Philosophy Day ကို Academic Weekly
ပညာရေးမိသားစုက ကြိုဆိုဂုဏ်ပြုရေးသားပေးတဲ့
အတွေးလေးတွေပါ။
ဆက်တွေးပါမယ်။ ဆက်ရေးပါမယ်။
ပြီးတော့ ဆက်ဆွေးနွေးကြတာပေါ့ဗျာ။

အောင်ကျော်ဦး(မဟာဝိဇ္ဇာ)
၁၅၊၁၁၊၂၀၂၀

11/11/2020

ပညာသင်စရိတ်သင့်တော်ပြီး နိုင်ငံတကာတန်းတူအဆင့်မီတဲ့စင်ကာပူပညာရေးကို စိတ်ဝင်စားလို့ စင်ကာပူမှာ ကျောင်းတက်ချင်တယ်ဆိုရင် ဒီ Live အစီအစဉ်လေးမှာ ပါဝင်ဆွေးနွေးလိုက်ပါ။

* စင်ကာပူထိပ်တန်းပညာရေးစနစ်၊
* နိုင်ငံတကာမိတ်ဖက်တက္ကသိုလ်တွေရဲ့ ဘာသာရပ်တန်းခွဲအသေးစိတ်တွေ၊
* ပညာသင်ဆုလျှောက်ထားပုံနဲ့
ပညာသင်ကာလ နေရေးထိုင်ရေးအကြောင်းတွေကို SIM ရဲ့ ပညာသင်ဆုရကျောင်းသူ မဆုမြတ်ဝေ ကိုယ်တိုင် တိုက်ရိုက် Live အစီအစဉ်မှာ ဖြေကြားပေးသွားမှာမို့ စိတ်ဝင်စားတဲ့ ညီငယ်၊ ညီမငယ်တွေအနေနဲ့ ပါဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်လိုက်ပါရစေ။

Live လွှင့်မည့်ရက် - နိုဝင်ဘာ ၁၃၊ ၂၀၂၀။
Live လွှင့်မည့်အချိန် - နေ့လယ် ၂နာရီ။

🏢 SIM GE (Singapore Institute of Management Global Education) ဟာ စင်ကာပူထိပ်တန်း စီမံခန့်ခွဲမှုဆိုင်ရာပုဂ္ဂလိကတက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ US, UK, Australia, France နိုင်ငံများမှ ပညာရေးဂုဏ်သတင်းကြီးမိတ်ဖက်တက္ကသိုလ်များရဲ့ ဘာသာရပ်တန်းခွဲပေါင်း (၈၀)ကျော်ကို SIM မှာ သင်ကြားပို့ချပေးနေတဲ့အပြင် ဒီတက္ကသိုလ်တွေက တိုက်ရိုက်ချီးမြှင့်တဲ့ ဘွဲ့တွေကိုလည်း SIM မှာပဲ ရယူနိုင်ဦးမှာပါ။ အရှေ့တောင်အာရှရဲ့အမြင့်မားဆုံးပညာရေးစနစ်ကို လက်ဆင့်ကမ်းပေးနေပြီး အသင့်တော်ဆုံးပညာသင်စရိတ်ကို စီစဉ်ထားပေးခြင်း၊ ပညာသင်ဆုလျှောက်ထားနိုင်ခြင်းတို့ကြောင့် နိုင်ငံတကာကျောင်းသားအများစု ဦးစားပေးရွေးချယ်ကြတဲ့ ပုဂ္ဂလိကတက္ကသိုလ်တစ်ခုအဖြစ် ယနေ့ထိ နှစ်ပေါင်း (၅၀)ကျော်တိုင် ရပ်တည်နေပါတယ်။

03/11/2020

Academic Weekly Educational Journal ရဲ့
နာယကဖြစ်တဲ့ ဆရာအောင်ကျော်ဦး(မဟာဝိဇ္ဇာ)
ရေးသားပြုစုထားတဲ့
"ဒီအသင်း ဘယ်လိုလုပ်မှ အောင်မြင်မှာလဲ" စာအုပ်က
ဈေးကွက်မှာဖြန်ံ့ထားတာကတော့ သုံးလလောက်ရှိပါပြီ။
ကြားထဲမှာ ပို့ဆောင်ရမှုအခက်အခဲတွေကြောင့်
ခဏရပ်နားထားခဲ့ရတာကြောင့် Live အစီအစဉ်ကိုလည်း
ရက်ရွှေ့ထားခဲ့ရပါတယ်။

ဒီစာအုပ်ဟာ ပန်းဆက်လမ်းရဲ့အရောင်းရဆုံးစာအုပ်စာရင်း
မှာလည်းဖော်ပြခံခဲ့ရပြီး အနယ်နယ်အရပ်ရပ်ဆီကမှာယူ
သူတွေဆီကိုလည်း ပထမအကြိမ်ပို့ဆောင်ပြီးဖြစ်ပါတယ်။
ဒါကြောင့်ဖတ်ပြီးသူတွေအနေနဲ့လည်း စာအုပ်ထဲက
အကြောင်းအရာတွေနဲ့ပတ်သက်ပြီး သိချင်တာတွေကို
ဆရာကြီးနဲ့တိုက်ရိုက်မေးမြန်းဆွးနွေးနိုင်ဖို့ ဒီ Live လေးကို
စီစဉ်ပေးရခြင်းဖြစ်ပါတယ်။

စာအုပ်ထပ်မံမှာယူသူတွေအတွက်ဆရာကြီးက
အမှတ်တရလက်မှတ်ရေးထိုးပေးရင်း သိလိုသည်
များကိုဖြေကြားပေးမည့် Live အစီအစဉ်ကို
၅.၁၁.၂၀၂၀ (မနက် ၁၀ နာရီ) မှာ
Academic Publishing House Page ကနေ
တိုက်ရိုက်ထုတ်လွှင့်ပေးပါမယ်။

ကြိုတင်မေးခွန်းများပေးပို့ထားလိုပါကလည်း
Comment box တွင်မေးမြန်းခဲ့နိုင်ပါသည်။

31/10/2020

ဘဝနေထိုင်မှု စံနှုန်းသစ်အတွက်
တူညီသော ရည်မှန်းချက်သာ

ဘဝကိုယ်စီ
ရုန်းရသည်မှာ
"မာတာဝမ်းတွင်း၊
သေဆုံးခြင်း" တိုင်
ရှိနေနိုင်သည်
ရှိနိုင်သည်မို့
တို့များစိတ်ထား
စာနာအားဖြင့်
ကျင့်ပါများသော်
ကျွန်တော်၊ ကျွန်မ
နှလုံးလှမည် အေးမြမည်...။

အေးမြလိုစိတ် စဉ်ယိုဖိတ်သော်
မပျော်ခဏ ပျော်ခဏနှင့်
ဘဝရသ ခံယူပုံနှင့် လေးစားပုံက
တူညီမျှမည် တူကြမည်...။

မတူညီလည်း (လဲ) ချစ်နိုင်သည်...။
တူညီလျှင်လည်း(လဲ) ချစ်နိုင်သည်...၊
ရည်မှန်းချက်က တူနေသည်...။ ။

အောင်ကျော်ဦး (မဟာဝိဇ္ဇာ)

(၂၉.၁၀.၂၀၂၀ တွင် ဆွေးနွေးခဲ့သည့်
ကမ္ဘာ့ကပ်ရောဂါဆိုးနှင့် ဘဝနေထိုင်မှုပုံစံသစ်များမှ
ဆရာအောင်ကျော်ဦး (မဟာဝိဇ္ဇာ) ရွတ်ဆိုပြခဲ့သည့်
ကဗျာအား ပြန်လည်ဖော်ပြခြင်းဖြစ်သည်။)

28/10/2020

Academic Weekly Journal ကနေ ကြီးမှူးပြုလုပ်တဲ့ အခုတစ်ပတ်ရဲ့ Facebook Live Talk အစီအစဉ်မှာတော့ " ကမ္ဘာ့ကပ်ရောဂါဆိုးနှင့် ဘဝနေထိုင်မှုပုံစံသစ်များ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးတင်ဆက်သွားဖို့ ရှိပါတယ်။

Host အနေနဲ့ Academic Weekly ဂျာနယ်ရဲ့ နာယက ဆရာအောင်ကျော်ဦး (မဟာဝိဇ္ဇာ) က ဆောင်ရွက်သွားမှာဖြစ်ပြီး ပါဝင်အားဖြည့် ကူညီဆွေးနွေးပေးမယ့်သူတွေကတော့ Academic အွန်လိုင်းစာသင်ဝိုင်းမှာ ဇီဝဗေဒဘာသာရပ်ကို သင်ကြားပို့ချပေးနေတဲ့ ဒေါက်တာမြသိန်း(ဇီဝဗေဒ)၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဒဿနိကဗဒဌာန၊ တွဲဖက်ပါမောက္ခ (ဌာနမှူး - ငြိမ်း) ဒေါက်တာဟံဝင်း နှင့် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့၏ အကြံပေးဖြစ်သူ ဆရာဦးခင်မောင်စိုးတို့ပဲ ဖြစ်ပါတယ်။

ကမ္ဘာ့ကပ်ရောဂါဆိုးကြီးက လတ်တလောမှာ လူတိုင်းကြုံတွေ့နေရတဲ့အပြင် ဘယ်သူမှ ဒီအခက်အခဲတွေကို ရှောင်လွှဲလို့ မရနိုင်ပါဘူး။ ပြောင်းလဲလာတဲ့ ပတ်ဝန်းကျင်အခြေအနေပေါ်မူတည်ပြီး နေထိုင်မှုပုံစံတွေလည်း ပြောင်းလဲရပါတော့မယ်။

အခုအစီအစဉ်မှာ ကမ္ဘာ့ကပ်ရောဂါဆိုးကြီးကြောင့် ပြောင်းလဲရတော့မယ့် ဘဝ နေထိုင်မှုပုံစံတွေအကြောင်း၊ ဘာကြောင့်ပြောင်းလဲသင့်လဲဆိုတာနဲ့ ဘယ်လိုပြောင်းလဲသင့်လဲဆိုတာတွေအကြောင်း၊ ပြောင်းလဲလိုက်ခြင်းကြောင့် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိနိုင်မလဲဆိုတာတွေကို ပညာရှင်အသီးသီးက နယ်ပယ်အသီးသီးကနေ ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။ အားလုံးနဲ့ သက်ဆိုင်နေတာမို့ နားထောင်ကြည့်ရုံနဲ့ အတွေးအမြင်သစ်တစ်ခု ရရှိမှာဖြစ်ပါတယ်။

အချိန် - မနက် ၁၀ နာရီ
နေ့ရက် - အောက်တိုဘာလ ၃၀ ရက်၊ ၂၀၂၀။

အခုအစီအစဉ်ကို Academic Weekly နှင့် Academic Virtual Classroom ရဲ့ page (၂) ခုလုံးမှာ ဆွေးနွေးတင်ဆက်သွားမှာမို့ စောင့်မျှော်ကြည့်ရှုအားပေးပါဦးနော်။

--------------------------------------------------
--------------------------------------------------
အကယ်ဒမစ် အွန်လိုင်း စာသင်ဝိုင်း ဆိုတာ ဘာလဲ...❓

အထက်တန်း ကျောင်းသားကျောင်းသူတွေအနေနဲ့ အွန်လိုင်း ကနေ သင်ခန်းစာတွေကို ဆရာနဲ့တိုက်ရိုက်အလွယ်တကူ လေ့လာသင်ယူနိုင်တဲ့ အွန်လိုင်း စာသင်ဝိုင်းတစ်ခုပါ။

ဖုန်း၊ တက်ဘလက်၊ လက်ပတော့တွေကို အသုံးပြုပြီး
အပြင်ထွက်စရာမလိုဘဲ မိဘရဲ့ မျက်စိရှေ့မှာတင်
လုံခြုံစိတ်ချစွာနဲ့ ကျောင်းသင်ခန်းစာတွေကို သက်သောင့်သက်သာ သင်ယူနိုင်မယ့် နေရာတစ်ခုလည်း ဖြစ်ပါတယ်။

--------------------------------------------------
--------------------------------------------------

ဘယ်သူတွေ သင်ကြားပေးမှာလဲ...❓

မြန်မာစာ
"နှစ်စဉ်မြန်မာစာဂုဏ်ထူးရှင်များစွာကို မွေးထုတ်ပေးနေတဲ့ ဆရာမဒေါ်သင်းမြမြထွေး"

အင်္ဂလိပ်စာ
"အင်္ဂလိပ်စာ ဘာသာရပ်မှာ အမြင့်ဆုံးရမှတ် (၈၃) မှတ်အထိရအောင် သင်ကြားပေးနိုင်ခဲ့တဲ့ ဆရာဦးရဲသစ် "

သင်္ချာ
"သင်္ချာအမှတ် (၁၀၀) ပြည့် ဂုဏ်ထူးရှင်များစွာကို မွေးထုတ်ပေးနေတဲ့ ဆရာဦးဆန်းထူး "

ရူပဗေဒ
"ရူပဗေဒဘာသာရပ် သင်ကြားမှုအတွေ့အကြုံ (၃၁) နှစ်ရှိ
ပါမောက္ခ ဒေါက်တာ ဦးကျော်ဆွေ "

ဓာတုဗေဒ
"ဓာတုဗေဒဘာသာရပ်မှာ ဂုဏ်ထူးရှင်များစွာကို မွေးထုတ်ပေးနိုင်ခဲ့တဲ့ စာသင်နှစ်သက်တမ်း နှစ် (၃၀) ကျော်ရှိသူ ဓာတုဂုဏ်ထူးဦးသန်းလွင် "

ဇီဝဗဒေ
"ဇီဝဗေဒဘာသာရပ်မှာ ရမှတ် (၉၉) မှတ်အထိရအောင် သင်ကြားပေးနိုင်ခဲ့တဲ့ ဒေါက်တာမြသိန်း "

ဘောဂဗေဒ
"ဘောဂဗေဒဘာသာရပ်မှာ အမြင့်ဆုံးရမှတ် (၉၈) မှတ်အထိရအောင် သင်ကြားပို့ချနိုင်ခဲ့တဲ့ ဆရာမ ဒေါ်သီသီဟံ"

"ဘောဂဗေဒဘာသာရပ်မှာ ဂုဏ်ထူးရှင်များစွာ မွေးထုတ်ပေးခဲ့တဲ့ ဆရာစိုင်းစိန်မြင့်အောင် "

------------------------------------------------------------------------------------------------------

သင်သူတွေ သင်ယူနိုင်မှာလဲ....❓
🙎‍♂️Grade - 10 နဲ့
🙎Grade - 11 ကျောင်းသားကျောင်းသူများ

------------------------------------------------------------------------------------------------------

သင်တန်းကြေးဘယ်လောက်လဲ...❓

Grade - 10 ကျောင်းသားတွေအနေနဲ့ ၇၅၀၀ ကျပ်ကစလေ့လာနိုင်မှာဖြစ်ပြီးGrade - 11 ကျောင်းသားတွေအနေနဲ့ ကတော့ ၁၀,၀၀၀ ကျပ်ကစ လေ့လာနိုင်မှာပါ...

အသေးစိတ် သိရှိလိုပါက အကယ်ဒမစ် အွန်လိုင်းစာသင်ဝိုင်းရဲ့ Website Link ထဲကို ဝင်ပြီး လေ့လာနိုင်ပါတယ်...

Website Link - https://www.academic-online.education/

14/10/2020

အားလုံးကို စိတ်ဝင်စားစရာ သတင်းတစ်ခု
ကြေညာစရာ ရှိပါတယ်။
အောက်တိုဘာလ ၁၇ ရက်နေ့မှာ Academic Weekly ဂျာနယ်ကနေ ကြီးမှူးပြီး "No Learning Lost During Pandemic" ဆိုတဲ့ ခေါင်းစဉ်နဲ့ Facebook Live Talk ကို ဆွေးနွေးတင်ဆက်သွားဖို့ ရှိပါတယ်။

Host အနေနဲ့ Academic Weekly ဂျာနယ်ရဲ့ နာယက
ဆရာအောင်ကျော်ဦး (မဟာဝိဇ္ဇာ)ကဆောင်ရွက်မှာဖြစ်ပြီး
ပါဝင်အားဖြည့်ကူညီဆွေးနွေးပေးမယ့်သူတွေကတော့ Academic အွန်လိုင်းစာသင်ဝိုင်းမှာ အင်္ဂလိပ်စာဘာသာရပ်ကိုသင်ကြားပို့ချပေးနေတဲ့ ဆရာဦးရဲသစ်၊ အုပ်ထိန်းသူ ကျောင်းသားမိဘတွေဖြစ်တဲ့ ပါမောက္ခဒေါက်တာနေသွယ်ကြည်၊ ဦးမျိုးမင်းနိုင် နဲ့ ဦးဝင်းမော်တို့ပဲ ဖြစ်ပါတယ်။

ကိုဗစ်ကြောင့် ကျောင်းတွေ ပိတ်လိုက်ရပေမယ့် လေ့လာသင်ယူမှုတွေ ဆက်လက်လုပ်လို့ရနိုင်မယ့်အကြောင်း၊ အခုချိန် ဘယ်လိုနေရာတွေမှာ ဘယ်လိုနည်းပညာတွေနဲ့ လေ့လာသင်ယူလို့ ရနိုင်မယ်ဆိုတာတွေကို ဆွေးနွေးသွားမှာဖြစ်လို့ သားသမီးပညာရေးအတွက် စိတ်လေးနေရတဲ့ မိဘတွေအတွက် ဒီဆွေးနွေးပွဲလေးက အဖြေတစ်ခုပေးနိုင်မှာပါ။

အချိန် - မနက် ၁၀ နာရီ
နေ့ရက် - အောက်တိုဘာလ ၁၇ ရက်၊ ၂၀၂၀။

အခု အစီအစဉ်ကို Academic Weekly နဲ့ Academic Virtual Classroom ရဲ့ page နှစ်ခုလုံးမှာ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်သွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုအားပေးပါဦး။

--------------------------------------------------
--------------------------------------------------
အကယ်ဒမစ် အွန်လိုင်း စာသင်ဝိုင်း ဆိုတာ ဘာလဲ...❓

အထက်တန်း ကျောင်းသားကျောင်းသူတွေအနေနဲ့ အွန်လိုင်း ကနေ သင်ခန်းစာတွေကို ဆရာနဲ့တိုက်ရိုက်အလွယ်တကူ လေ့လာသင်ယူနိုင်တဲ့ အွန်လိုင်း စာသင်ဝိုင်းတစ်ခုပါ။

ဖုန်း၊ တက်ဘလက်၊ လက်ပတော့တွေကို အသုံးပြုပြီး
အပြင်ထွက်စရာမလိုဘဲ မိဘရဲ့ မျက်စိရှေ့မှာတင်
လုံခြုံစိတ်ချစွာနဲ့ ကျောင်းသင်ခန်းစာတွေကို သက်သောင့်သက်သာ သင်ယူနိုင်မယ့် နေရာတစ်ခုလည်း ဖြစ်ပါတယ်။

--------------------------------------------------
--------------------------------------------------

ဘယ်သူတွေ သင်ကြားပေးမှာလဲ...❓

မြန်မာစာ
"နှစ်စဉ်မြန်မာစာဂုဏ်ထူးရှင်များစွာကို မွေးထုတ်ပေးနေတဲ့ ဆရာမဒေါ်သင်းမြမြထွေး"

အင်္ဂလိပ်စာ
"အင်္ဂလိပ်စာ ဘာသာရပ်မှာ အမြင့်ဆုံးရမှတ် (၈၃) မှတ်အထိရအောင် သင်ကြားပေးနိုင်ခဲ့တဲ့ ဆရာဦးရဲသစ် "

သင်္ချာ
"သင်္ချာအမှတ် (၁၀၀) ပြည့် ဂုဏ်ထူးရှင်များစွာကို မွေးထုတ်ပေးနေတဲ့ ဆရာဦးဆန်းထူး "

ရူပဗေဒ
"ရူပဗေဒဘာသာရပ် သင်ကြားမှုအတွေ့အကြုံ (၃၁) နှစ်ရှိ
ပါမောက္ခ ဒေါက်တာ ဦးကျော်ဆွေ "

ဓာတုဗေဒ
"ဓာတုဗေဒဘာသာရပ်မှာ ဂုဏ်ထူးရှင်များစွာကို မွေးထုတ်ပေးနိုင်ခဲ့တဲ့ စာသင်နှစ်သက်တမ်း နှစ် (၃၀) ကျော်ရှိသူ ဓာတုဂုဏ်ထူးဦးသန်းလွင် "

ဇီဝဗဒေ
"ဇီဝဗေဒဘာသာရပ်မှာ ရမှတ် (၉၉) မှတ်အထိရအောင် သင်ကြားပေးနိုင်ခဲ့တဲ့ ဒေါက်တာမြသိန်း "

ဘောဂဗေဒ
"ဘောဂဗေဒဘာသာရပ်မှာ အမြင့်ဆုံးရမှတ် (၉၈) မှတ်အထိရအောင် သင်ကြားပို့ချနိုင်ခဲ့တဲ့ ဆရာမ ဒေါ်သီသီဟံ"

"ဘောဂဗေဒဘာသာရပ်မှာ ဂုဏ်ထူးရှင်များစွာ မွေးထုတ်ပေးခဲ့တဲ့ ဆရာစိုင်းစိန်မြင့်အောင် "

------------------------------------------------------------------------------------------------------

သင်သူတွေ သင်ယူနိုင်မှာလဲ....❓
🙎‍♂️Grade - 10 နဲ့
🙎Grade - 11 ကျောင်းသားကျောင်းသူများ

------------------------------------------------------------------------------------------------------

သင်တန်းကြေးဘယ်လောက်လဲ...❓

Grade - 10 ကျောင်းသားတွေအနေနဲ့ ၇၅၀၀ ကျပ်ကစလေ့လာနိုင်မှာဖြစ်ပြီးGrade - 11 ကျောင်းသားတွေအနေနဲ့ ကတော့ ၁၀,၀၀၀ ကျပ်ကစ လေ့လာနိုင်မှာပါ...

အသေးစိတ် သိရှိလိုပါက အကယ်ဒမစ် အွန်လိုင်းစာသင်ဝိုင်းရဲ့ Website Link ထဲကို ဝင်ပြီး လေ့လာနိုင်ပါတယ်...

Website Link - https://www.academic-online.education/

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No. 341, 48(U-9)Quarter, Aung Yadanar Street , North Dagon Tsp.
Yangon