Mobile Guide Journal

Mobile Guide Journal

Share

Whatever you want to know about mobile phones, Mobile Guide Journal is just around you.

10/08/2026

တရုတ်နိုင်ငံက အားသွင်းစခန်းမှာ ရပ်ထားတဲ့ EV ကား မီးလောင်မှု ဖြစ်ပွား

တရုတ် နိုင်ငံ Ningbo မြို့က အားသွင်းစခန်းတစ်ခုမှာ ယမန်နေ့တုန်းက မတော်တဆမှု ဖြစ်ခဲ့ပါတယ်။ Zeekr 7X SUV EV ကားဟာ ရပ်ထားစဉ် မီးလောင်ခဲ့တာပါ။ အဲဒီ အချိန်မှာ EV ကားဟာ အားသွင်းမထားပါဘူး။ ကားပိုင်ရှင်က ကားရှေ့ဖုံးကို ဖွင့်ပြီး တစ်ခုခု လုပ်နေချိန် ကားအောက်ပိုင်းကနေ ရှော့ဖြစ်သံနဲ့ မီးစတွေ ထွက်လာခဲ့တာပါ။ မီးကို အချိန်မီ ငြိမ်းနိုင်လို့ ကားတစ်စီးလုံးတော့ မလောင်ခဲ့ပါဘူး။ လူထိခိုက်တာလည်း မရှိခဲ့ပါဘူး။ ကုမ္ပဏီရဲ့ ကနဦး ထုတ်ပြန်ချက်မှာတော့ အဆိုပါ EV ကားဟာ ပြု ပြင်ထားတာတွေ ရှိကာ ကုမ္ပဏီရဲ့ တရားဝင် service center မှာ ပြုပြင်ထားတာမဟုတ်ဘူးလို့ သိရပါတယ်။ တခြားလူသုံးပြီးသား EV ကားကို ပြန်ဝယ်မယ်ဆိုရင် ပြုပြင်ထားတာရှိမရှိ တိုက်မိမှု ရှိမရှိကို သေချာစစ်ဆေးဖို့ လိုကြောင်း ကုမ္ပဏီ ဘက်က သတိပေးထားပါတယ်။

10/08/2026

ပြောင်းလဲလာသော လူနေမှုဘဝပုံစံများက မြန်မာနိုင်ငံမှ လူငယ်များအတွက် ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေကို ပိုမိုမြင့်တက်လာစေ

မြန်မာနိုင်ငံမှာ ပြောင်းလဲလာတဲ့ လူနေမှုဘဝပုံစံတွေကြောင့် လူငယ်တွေမှာလည်း အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေဟာ ပိုပြီး မြင့်တက်လာပါတယ်။ ကြာရှည်တဲ့ အလုပ်ချိန်တွေ၊ တစ်ခုပြီး တစ်ခုဆက်နေတဲ့ အလုပ်အစည်းအဝေးတွေကြား အလျင်စလိုနဲ့ ကြုံသလို စားလိုက်ရတာတွေ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ အချိန်မရှိတာတွေနဲ့ အာဟာရပြည့်စုံအောင် စားသောက်ဖို့ထက် လွယ်လင့်တကူရွေးချယ်လိုက်မိတဲ့ နေထိုင်စားသောက်မှုပုံစံတွေက နေ့စဉ်ဘဝမှာ အမြဲကပ်ပါလာပါတယ်။ တစ်ချိန်တည်းမှာပဲ ကာဘိုဟိုက်ဒရိတ် ကြွယ်ဝတဲ့ အစားအစာတွေ၊ မြန်မာ့လက်ဖက်ရည်လိုမျိုး အချိုများတဲ့ အစားအသောက်တွေ၊ ဆီကြော်၊ ဆီပြန်ဟင်းစတဲ့ အစားအစာတွေက နေ့စဉ် စားသောက်မှုပုံစံထဲမှာ ပါဝင်နေဆဲ ဖြစ်ပါတယ်။ ဒီလိုမျိုး နေ့စဉ်ပြုမူနေထိုင်စားသောက်တဲ့ပုံစံတွေက ခန္ဓာကိုယ်ရဲ့ သွေးတွင်းသကြားဓာတ် ထိန်းညှိမှုကို လျော့ကျစေတဲ့ အင်ဆူလင်ခုခံအားကို တဖြည်းဖြည်း အားကောင်းလာစေပြီး နောက်ဆုံးမှာ အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်ပွားးနိုင်ခြေက ပိုပြီး မြင့်တက်လာတာဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ STEPS Survey for Myanmar အစီရင်ခံစာအရ ဆီးချိုရောဂါဟာ စတင်ဖြစ်ပွားချိန်မှာ သိသာထင်ရှားတဲ့ လက္ခဏာတွေ မပြတတ်တာကြောင့် ဆီးချိုရောဂါ ခံစားနေရသူတော်တော်များများဟာ ကိုယ့်ကိုယ်ကိုယ်ရောဂါရှိနေမှန်း မသိကြပါဘူး။
အမျိုးအစား (၂) ဆီးချိုရောဂါဟာ ရုတ်တရက် ဖြစ်ပွားတတ်တဲ့ ရောဂါတွေလိုမျိုးမဟုတ်ဘဲ မျိုးရိုးဗီဇနဲ့ ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံတွေ ပေါင်းစပ်ပြီး အချိန်တစ်ခုကြာမှ ဖြစ်ပွားတတ်တာဖြစ်ပါတယ်။ ဒါကြောင့် ဆီးချိုရောဂါကို အချိန်မီ သိရှိနိုင်ဖို့အတွက် ပုံမှန်ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ဖို့ အရမ်းအရေးကြီးပါတယ်။ ပုံမှန် ကျန်းမာရေးစစ်ဆေးမှုတွေကတစ်ဆင့် လူတစ်ယောက်ဟာ ကိုယ့်ရဲ့ သွေးတွင်းသကြားဓာတ်အခြေအနေကို သိရှိနားလည်ပြီး ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေးအန္တရာယ်တွေကို အချိန်မီ သိရှိလာနိုင်မှာပဲ ဖြစ်ပါတယ်။ ဒီကနေတစ်ဆင့် ဆီးချိုရောဂါရဲ့ ပြင်းထန် နောက်ဆက်တွဲကျန်းမာရေး ပြဿနာတွေ မဖြစ်လာအောင် ကြိုတင်ကာကွယ်ပြီး ထိထိရောက်ရောက် ထိန်းချုပ်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်သွားနိုင်မှာဖြစ်ပါတယ်။

အာဟာရညီညွတ်မျှတတဲ့ အစားအစာတွေ ရွေးချယ်စားသုံးတာ၊ အချိုရည်တွေ လျှော့သောက်တာ၊ တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ ခန့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်တာ၊ ကိုယ်အလေးချိန် ထိန်းသိမ်းတာနဲ့ ပုံမှန် ကျန်းမာရေးစစ်ဆေးမှု ခံယူတာတွေက အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်သလို ဖြစ်ပွားမှုကိုလည်း ကြိုတင်တားဆီးပေးနိုင်ပါတယ်။ အရွယ်ရောက်ပြီးသား လူငယ်တွေအတွက် အစောပိုင်းကတည်းက ကျန်းမာရေးနှင့်ညီညွတ်တဲ့ အလေ့အကျင့်ကောင်းတွေ ပျိုးထောင်ခြင်းက ရောဂါဖြစ်ပွားနိုင်ခြေကို လျော့ကျစေပြီး ကြိုတင်ကာကွယ်တတ်တဲ့ ကျန်းမာရေးအသိ ပိုပြီး အားကောင်းလာစေပါတယ်။ အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်ပွားမှုအများစုက လူနေမှုဘဝပုံစံတွေနဲ့ ဆက်စပ်နေပေမဲ့ ဆီးချိုရောဂါဆိုတာ လူတစ်ဦးချင်းစီအပေါ် သက်ရောက်ပုံမတူညီတဲ့ ရှုပ်ထွေးတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။

နေထိုင်စားသောက်မှုပုံစံတွေကြောင့် ဖြစ်လာနိုင်တဲ့ အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေကို ပိုပြီး နားလည်သဘောပေါက်လိုသူတွေအတွက် International Diabetes Federation (IDF) ကနေ လွယ်ကူရိုးရှင်းတဲ့ အွန်လိုင်း ရောဂါရှာဖွေစစ်ဆေးမှု ပုံစံတစ်ခု ပြုလုပ်ပေးထားပါတယ်။ ဒီစစ်ဆေးမှုဟာ ဆရာဝန်တွေရဲ့ ဆေးဘက်ဆိုင်ရာ အကြံပြုချက်နဲ့ ကောက်ချက်ချမှုတွေကို အပြည့်အဝ အစားမထိုးနိုင်ပေမဲ့ ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကို စတင်ခန့်မှန်းနိုင်ဖို့၊ လိုအပ်လာရင် တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေးပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်နိုင်ဖို့၊ ကျန်းမာရေးအတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ အသုံးဝင်တဲ့ ပထမခြေလှမ်းတစ်ခုဖြစ်လာစေမှာပါ။

ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေကို စစ်ဆေးရန် - https://worlddiabetesday.org/t2d-risk-test/?utm

09/08/2026

iPhone ကိုင်ပြီး ပိုက်ဆံလိုက်တောင်းနေတဲ့ ဘန်ကောက်က အမျိုးသမီး

ဒီနေ့ ဘန်ကောက်က သတင်းတစ်ခုမှာတော့ Sukhumvit မှာ ချမ်းသာတဲ့ တောင်ရမ်းသူတွေ ရှိနေပြီလားဆိုပြီး ရေးထားပါတယ်။ ဘန်ကောက် Sukhumvit က လမ်းတစ်နေရာမှာ အမျိုးသမီးတစ်ယောက်ဟာ ပိုက်ဆံ လိုက်တောင်းနေပေမယ့် သူမ လက်ထဲမှာ iPhone ကြီး ကိုင်ထားပါတယ်။ သူမရဲ့ ပုံဟာ ဒီနေ့မှာ ဘန်ကောက်က သူတွေကြား ပြောစမှတ် ဖြစ်နေကြကာ အဲဒီ အမျိုးသမီးဟာ ဂိုဏ်းဖွဲ့ တောင်းရမ်းနေသူတွေထဲက တစ်ယောက်ဖြစ်တယ်လို့ မှတ်ချက်ပြုထားသူတွေရှိပါတယ်။ ပြည်သူအချို့ကတော့ ဘန်ကောက်က တောင်းရမ်းသူတွေကို စိစစ် အရေးယူဖို့ သက်ဆိုင်ရာကို တောင်းဆိုထားကြပါတယ်။

Photos from Mobile Guide Journal's post 08/08/2026

ရဲ ဖမ်းခံရချိန် ကားရဲ့ အလိုအလျောက်မောင်းစနစ်ကို အပြစ်ပုံချတဲ့ သူ

အမေရိကန် Colorado ပြည်နယ်Parker ရှိ ရဲ ဌာန ဘက်က ထုတ်ပြန်တဲ့ ဗီဒီယို တစ်ခုမှာ Tesla ကားစီးသူ ဟာ ရဲ ဖမ်းခံရချိန် အပြစ်လွတ်အောင် အလိုအလျောက် မောင်းစနစ်ကို အပြစ်ပုံချခဲ့ပါတယ်။45 mph နှုန်း နဲ့ မောင်းရမယ့် နေရာမှာ အဲဒီ Tesla ကားဟာ 64mph နှုန်းနဲ့ မောင်းခဲ့ပါတယ်။ အဲဒါနဲ့ ရဲက ဖမ်းတဲ့အခါ ကားမောင်းသူက အဲဒီ အမြန်နှုန်းဟာ သူမောင်းတာ မဟုတ်ကြောင်း ကားရဲ့ အလိုအလျောက် မောင်းစနစ်က မောင်းတာဖြစ်ကြောင်း ပြောပါတယ်။ ဒါပေမယ့်လည်း ရဲ အဖမ်းခံရတာပါပဲ။ ရဲ က အဲဒီ စနစ်တွေအလုပ်လုပ်ပုံ ကို သူမသိကြောင်း l အလိုအလျောက်မောင်းစနစ်နဲ့ ကားမောင်းသူတွေကို ဖမ်းလာတာ ခင်ဗျားက ပထမဆုံး မဟုတ်ကြောင်း ရှေ့မှာလည်း ဖမ်းလာခဲ့ကြောင်း ပြောထားပါတယ်။

07/08/2026

ရေဘေးသင့်ဒေသများရှိ U9 သုံးသူများအတွက် အခမဲ့ သုံးစွဲခွင့်

07/08/2026

ရေဘေးသင့်ဒေသများရှိ ATOM သုံးသူများအတွက် အခမဲ့ သုံးစွဲခွင့်

ATOM အချင်းချင်း အခမဲ့ ဖုန်းခေါ်ဆိုခွင့် (၁၀၀) မိနစ်နှင့် အခမဲ့ စာတိုပေးပို့ခွင့် အစောင် (၁၀၀) တို့ကို ၂၀၂၆ ခုနှစ်၊ သြဂုတ်လ၊ ၁၁ ရက်နေ့အထိ အသုံးပြုခွင့် ပေးထားပါတယ်။

07/08/2026

MPT က ရေဘေးကြုံတွေ့ခံစားနေရသည့် ဒေသခံပြည်သူများအတွက် အခမဲ့ ဒေတာ၊ ဖုန်းခေါ်ဆိုမှု နှင့် စာတို (SMS) ဝန်ဆောင်မှုများ ပေးအပ်

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၅ ရက်တွင် MPT သည် ရေဘေးကြုံတွေ့ခံစားနေရသည့် ဒေသများတွင် မရှိမဖြစ်လိုအပ်သော ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည်ရရှိစေရန် B2B ဂြိုဟ်တုဆက်သွယ်ရေး စက်ပစ္စည်း(Satellite Terminal) နှစ်စုံ နှင့် Cell on Wheel (COW) မိုဘိုင်းစခန်းတစ်ခုကို တပ်ဆင်ခဲ့ပြီး ဖြစ်ပါသည်။
MPT သည် ရေဘေးကြုံတွေ့ ခံစားနေရသည့် ဒေသများရှိ သုံးစွဲသူများအား အခမဲ့ ဒေတာ (1GB)၊ MPT ဖုန်းအချင်းချင်း အခမဲ့ဖုန်းခေါ်ဆိုခွင့် မိနစ် ၁၀၀ နှင့် စာတိုပေးပို့ခွင့် (SMS) အစောင် ၁၀၀ ကို ပေးအပ်သွားမည်ဖြစ်ပြီး အဆိုပါဝန်ဆောင်မှုများကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၇) ရက်မှစ၍ (၇)ရက်အတွင်း အသုံးပြုနိုင်မည် ဖြစ်ပါသည်။

06/08/2026

UK က စားသောက်ဆိုင်အချို့ Meta မျက်မှန် တပ်ဆင်ခွင့်မပြု

ယူရို ၃၆၀ ဝန်းကျင်တန် Meta မျက်မှန်ဟာ UK မှာတော့ နေရာတိုင်းတပ်ဆင်ဖို့ အဆင်မပြေပါဘူး။ UK က အချို့ စားသောက်ဆိုင်တွေ l ပြဇာတ်ရုံတွေ l အရ-က-် ဆိုင်တွေဟာ Meta မျက်မှန် တပ်ဆင်တာကို ခွင့်မပြုပါဘူး။ စပိုင် မျက်မှန်ဆိုပြီး သတင်းကြီးနေတဲ့ အဲဒီ Meta မျက်မှန်ကြောင့် ဆိုင်က ဝန်ထမ်းတွေ နဲ့ ဧည့်သည်တွေရဲ့ ကိုယ်ရေး ကိုယ်တာ ကိစ္စတွေ ထိခိုက်မှာကို စိုးရိမ်လို့ UK မှာ အခုလို တားမြစ်လာတာဖြစ်ပါတယ်။ နည်းပညာ ပစ္စည်းတွေ သုံးပြီး အခွင့်မရှိ မှတ်တမ်းယူတာရဲ့ နောက်ဆက်တွဲ ပြဿ နာ တွေဟာ အများအပြားရှိနေပါတယ်။

05/08/2026

Disney က TikTok နဲ့ ပူးပေါင်း l ပို့စ်တွေကို ဖန်တီး ဖြန့်ဝေမယ်

TikTok နဲ့ Disney တို့ လုပ်ငန်းပိုင်းဆိုင်ရာ လက်တွဲရေး လက်မှတ်ရေးထိုးလိုက်ကြပါပြီ။ TikTok ပို့စ်တွေမှာ Disney ရဲ့ ဇာတ်ကောင်တွေ l ဇာတ်လမ်းပြကွက်တွေ ကို တရားဝင် ယူသုံးခွင့်ရမှာ ဖြစ်ပါတယ်။ TikTok ဖန်တွေ အနေနဲ့ Disney ဇာတ်ကောင်တွေကိုယူသုံးကာ ရိုက်ကူးထားတဲ့ ဗီဒီယိုအတိုတွေကို တခြား ပလက်ဖောင်းမှာပါ ဖော်ပြခံခွင့်ရှိလာပါမယ်။ ဖန်တီးမှု အားကောင်းတဲ့ TikTok ပို့စ်တွေဟာ Disney+ ပလက်ဖောင်းမှာ ပြန်လည်မျှဝေခွင့်ရနိုင်ပါမယ်။

04/08/2026

Telegram ကို iOS App စတိုးကနေ Apple ဖယ်ရှား

iOS နဲ့ ဆက်စပ်လို့ Telegram ကို reinstall လုပ်တဲ့ အနေအထား l update တွေရရှိနိုင်တဲ့ ကိစ္စတွေမှာ ပန်းသီး အသုံးပြုသူတွေအနေနဲ့ အခက်အခဲတွေ ဖြစ်လာပါမယ်။ Telegram ကို install လုပ်ပြီးသားဆိုရင် ဆက်လက်သုံးနေနိုင်ပါမယ်။ Telegram ဟာ ကလေးကာကွယ်မှု ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာလို့ iOS App စတိုးကနေ ဖယ်ရှားခံရတာပါ။ အခုလို ဖယ်ရှားခံရတာကလည်း ယာယီ သဘောမျိုး ဖြစ်နိုင်ပါတယ်။ Telegram ဘက်က ပို့စ် အကြောင်းအရာတွေကို ပြန်စိစစ်ပြီး အလျှောက်ကောင်းရင် Apple နဲ့ ပြန်အဆင်ပြေပါလိမ့်မယ်။

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Address


Yangon