Myanmar Development Professionals
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Development Professionals, Consulting Agency, 97, DanaTheikDi Street, 8th Block, KabaAye, Mayangone, Yangon.
Myanmar Development Professionals is a professional organization providing Capacity Development trainings, Organizational Development consultancy, Research and Business plan.
27/08/2026
“သင်တန်းတက်ပြီးတာနဲ့ တကယ်တတ်မြောက်သွားပြီလား?”
အားလုံးသိကြတဲ့အတိုင်း သင်ယူမှုပြုလုပ်ကြတဲ့ ပုံစံတွေမတူညီကြပါဘူး။ စာဖတ်တယ်၊ နားထောင်တယ်၊ ကြည့်တယ်၊ ဆွေးနွေးတယ်၊ ကိုယ်တိုင် လက်တွေ့လုပ်တယ်၊ နောက်ဆုံးတခြားသူကိုပြန်သင်ပေးတယ်။
Learning ဆိုတာ သိထားရုံနဲ့ မပြီးပါဘူး။
တကယ်တတ်မြောက်ဖို့ဆိုရင် ကိုယ်တိုင်ပါဝင်ပြီး ဆွေးနွေး၊ လက်တွေ့လုပ်၊ အတွေ့အကြုံယူပြီး ပြန်လည်အသုံးချနိုင်ဖို့ အရေးကြီးပါတယ်။
ဒါကြောင့် Effective Training တစ်ခုမှာ Trainer က တစ်ဖက်တည်းပြောနေတာမျိုး၊ Participant တွေက နားထောင်ရုံသာလုပ်ခြင်း ထက်
✅ Discussion
✅ Group Work
✅ Practice
✅ Reflection
✅ Real-life Application တွေကို ပိုပြီးထည့်သွင်းပေးဖို့လိုပါတယ်။
သင်တန်းပြီးတဲ့အချိန်မှာ “သိသွားတယ်” ဆိုတာထက်
“လုပ်တတ်သွားတယ်” ဆိုတဲ့အဆင့်ကို ရောက်စေဖို့က ကျွန်တော်တို့ပေးနေတဲ့ Training ရဲ့ အဓိကရည်ရွယ်ချက်ပါ။
သင်တန်းတစ်ခုရဲ့ အောင်မြင်မှုကို သင်တန်းခန်းထဲမှာ ဘယ်လောက်ပြောခဲ့သလဲနဲ့ မတိုင်းတာဘဲ၊ သင်တန်းပြီးတဲ့နောက် ဘယ်လောက်အသုံးချနိုင်သလဲနဲ့ တိုင်းတာကြည့်ပါ။
26/08/2026
🌟 Pierre Herubel ရဲ့ Marketing အတွက် အခြေခံကျလှတဲ့ 4 Levels of Marketing အကြောင်းမျှဝေလိုက်ပါတယ်။
🍀 Marketing ဆိုတာ “Post တင်တာ၊ ကြော်ငြာတာ” မျိုးထက် အများကြီးပိုပါတယ်။ ဒီဘက်ခေတ် Marketing လုပ်တဲ့အခါ Caption ဘယ်လိုရေးရမလဲ?၊ Post ဘယ်လိုလှအောင်လုပ်ရမလဲ?၊ Ads ဘယ်လို run ရမလဲ? ဆိုတာတွေကို အရင်စဉ်းစားမိတတ်ကြမှာပါ။
ဒါပေမယ့် Copywriting က Marketing ရဲ့ နောက်ဆုံးအဆင့် ပါ။ Pierre Herubel ရဲ့ Model အရ တကယ်တော့ Marketing က ဒီလို 4 Layers နဲ့ စဉ်းစားကြည့်လို့ရပါတယ်။
1. Target Customer
ဘယ်သူ့အတွက်လဲ? သူတို့ရဲ့ Pain Point ကဘာလဲ?
ဘာကိုလိုချင်ကြတာလဲ?
2. Value Proposition
သူတို့ရဲ့ပြဿနာကို ကိုယ်က ဘယ်လိုဖြေရှင်းပေးနိုင်လဲ? Customer အတွက် ဘာ Value ရရှိမလဲ? “ဘာကြောင့် ကိုယ့်ဆီက ဝယ်သင့်တာလဲ?”
3. Positioning & Messaging
Market ထဲမှာ ကိုယ့် Brand ကို ဘယ်လိုနေရာယူစေချင်လဲ? Competitors တွေနဲ့ ဘာကွာလဲ? Customer မှတ်မိစေချင်တဲ့ Key Message ကဘာလဲ?
4. Copywriting
အဲဒီအရာတွေကို Customer နားလည်ပြီး Action ယူလာအောင် Website, Content, Ads, Email, Video စတာတွေမှာ ဘယ်လိုပြောမလဲ?
အရေးကြီးတာက Layer 1–3 မရှင်းသေးဘဲ Layer 4 ကိုပဲ အာရုံစိုက်ရင် Marketing က “လှတဲ့ Content” ဖြစ်နိုင်ပေမယ့် “ထိရောက်တဲ့ Marketing” ဖြစ်ဖို့ ခက်ပါတယ်။ ဒါကြောင့် နောက်တစ်ခါ Marketing Content တစ်ခုရေးမယ်ဆိုရင်—
“ဘာရေးရမလဲ?” မစဉ်းစားခင်
“ဘယ်သူ့အတွက်ရေးနေတာလဲ?” ကနေ စလိုက်ပါ။
Marketing ရဲ့ ပထမဆုံးအဆင့်က Customer ကို နားလည်ခြင်းပါပဲ။
25/08/2026
🍀 ကျွန်တော်တို့ Myanmar Development Professionals (MDP) က သင်တန်းတွေပေးနေရုံသက်သက်မဟုတ်ပဲ လူတွေရဲ့ Potential ကို တကယ့်တိုးတက်မှုအဖြစ် ပြောင်းလဲပေးနေပါတယ်။
✊ ကျွန်တော်တို့ယုံကြည်ထားတာကတော့ အဖွဲ့အစည်းတစ်ခု တိုးတက်ဖို့ဆိုတာ Strategy ကောင်းကောင်းတစ်ခုရှိရုံနဲ့ မလုံလောက်ပါဘူး။
လူတွေကောင်းလာမှ၊ အဖွဲ့ကောင်းလာပြီး ရလဒ်ကောင်းတွေ ထွက်လာတာပါ။
Myanmar Development Professionals (MDP) မှာတော့ Training ကို “သင်တန်းတစ်ခု” အနေနဲ့ပဲ မမြင်ပါဘူး။ ပါဝင်သူတစ်ယောက်ချင်းစီရဲ့
💡 အတွေးအခေါ်ကို ပြောင်းလဲပေးဖို့၊
🧩 လုပ်ငန်းခွင်မှာ အသုံးချနိုင်တဲ့ Skill တွေ တိုးတက်လာဖို့၊
🤝 အဖွဲ့နဲ့ ပိုမိုထိရောက်စွာ ပူးပေါင်းလုပ်ဆောင်နိုင်ဖို့၊
🚀 Leadership နဲ့ Professional Capacity ကို မြှင့်တင်နိုင်ဖို့ အဓိကထားပါတယ်။
🔥 Agile Leadership, MEAL, Project Management, Facilitation, Professional Attitude, Organizational Development စတဲ့ နယ်ပယ်တွေမှာ Theory ကို သိရုံမဟုတ်ဘဲ၊ လက်တွေ့မှာ အသုံးချနိုင်ဖို့ ကို အလေးထားပြီး သင်ကြားပေးနေပါတယ်။
ဘာကြောင့်လဲဆိုတော့ “Training ရဲ့ တန်ဖိုးဟာ သင်တန်းခန်းထဲမှာ သင်ယူခဲ့တာထက်၊ သင်တန်းပြီးတဲ့နောက် လုပ်ငန်းခွင်မှာ ဘာတွေပြောင်းလဲသွားလဲဆိုတာနဲ့ တိုင်းတာရတာပါ။”
💜 ကိုယ့်အဖွဲ့အစည်းမှာလည်း အဖွဲ့ဝင်တွေကို ပိုမိုတိုးတက်လာစေပြီး၊ အဖွဲ့အစည်းရဲ့ Performance ကို ပိုမိုကောင်းမွန်စေချင်တယ်ဆိုရင် Myanmar Development Professionals (MDP) နဲ့အတူ လက်တွဲလိုက်ပါ။
🌟 Develop People. Strengthen Organizations. Create Impact.
24/08/2026
🍀 ဒီဘက်ခေတ်မှာ လူပြောများနေတဲ့ Corporate Culture အကြောင်း
တစ်ချို့ကုမ္ပဏီတွေမှာ ဝန်ထမ်းတွေက အလုပ်လုပ်ရုံမဟုတ်ဘဲ အဲဒီနေရာမှာ ရေရှည်အလုပ်လုပ်ချင်ကြတယ်ဆိုတာ လစာတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။
Corporate Culture, Organisation Culture ဆိုတာ ဝန်ထမ်းတွေ နေ့တိုင်းခံစားနေရတဲ့ အလုပ်ခွင်အတွေ့အကြုံပါ။
ကောင်းမွန်တဲ့ Culture ရှိတဲ့ Organisation တွေက လက်တွေ့မှာ တွေ့ရမြင်ရနည်းနေပါသေးတယ်။ ဒီအချက်လေးတွေနဲ့ ကိုယ့် Organisation ရဲ့ Culture ကို ဆန်းစစ်ကြည့်ရအောင်။
1. Clear Mission & Values – “ဘာအတွက် အလုပ်လုပ်နေတာလဲ” ဆိုတာ ရှင်းလင်းတယ်။
2. Diversity – မတူညီတဲ့အမြင်တွေကို လက်ခံတယ်။
3. Visible Leaders – ခေါင်းဆောင်တွေက အဝေးကနေ အမိန့်ပေးရုံမဟုတ်ဘဲ Team နဲ့အတူရှိတယ်။
4. Performance Recognition – ကြိုးစားမှုနဲ့ ရလဒ်ကို အသိအမှတ်ပြုတယ်။
5. Transparency – သတင်းအချက်အလက်နဲ့ ဆုံးဖြတ်ချက်တွေမှာ ပွင့်လင်းတယ်။
6. Comfortable Workplace – အလုပ်လုပ်ဖို့ သက်တောင့်သက်သာရှိတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးတယ်။
7. Positive Workplace Environment – လူတစ်ယောက်အတွက် စိတ်လုံခြုံမှုသာမက တိုးတက်စေတဲ့ အပြုသဘောဆောင်တဲ့ လုပ်ငန်းခွင်ဖြစ်တယ်။
8. Long-term Employees – ဝန်ထမ်းတွေက “ထွက်သွားဖို့” ထက် “ဆက်နေပြီး တိုးတက်ဖို့” ကို ရွေးချယ်လာတယ်။
တကယ်တော့ Company Culture က Office Decoration မဟုတ်ပါဘူး။ နေ့စဉ်“ဒီနေရာမှာ အလုပ်လုပ်ရတာ အဆင်ပြေတယ်” လို့ ဝန်ထမ်းတစ်ယောက်က ခံစားရစေတဲ့အရာတွေ အားလုံးပေါင်းစပ်ထားတာပါ။ Culture ကောင်းတစ်ခုကို HR တစ်ဌာနတည်းက ဖန်တီးလို့မရပါဘူး။ ဦးဆောင်သူတွေက စပြီး အဖွဲ့အစည်းထဲမှ လူတိုင်းက နေ့စဉ်တည်ဆောက်ရတာပါ။
22/08/2026
တစ်ခါတလေ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ဆိုတာ
Spa သွားတာ၊ ခရီးထွက်တာ၊ အနားယူတာလောက်ပဲတော့မဟုတ်ပါဘူး။
တကယ်တော့ Self-Care ဆိုတာ ကိုယ့်ဘဝရဲ့ အခြေခံအရာတွေကို ပြန်ဂရုစိုက်ပေးခြင်း ပါ။
ကျွန်တော်တို့မှာ အိပ်ရေးပျက်ရတဲ့ညတွေ စိတ်ဖိစီးမှုတွေ ဘယ်လောက်တောင်များနေပြီလဲ။ ဒါ့ကြောင့် အိပ်ရေးဝဝအိပ်ပါ၊ ကိုယ်လက်လှုပ်ရှားပါ၊ အစားအသောက်ကို ဂရုစိုက်ပါ၊ စိတ်ဖိစီးမှုကို လျှော့ချတတ်ပါ၊ ကိုယ့်ကို နားလည်ပေးတဲ့သူတွေနဲ့ ဆက်သွယ်ပါ၊ အတွေးအမြင်ကို ပြန်လည်ပြင်ဆင်ပါ၊ ကိုယ့်အတွက် အဆင်ပြေတဲ့ Routine တစ်ခုထားပါ၊ အားကုန်နေတဲ့အချိန်မှာ ပြန်လည် Recovery လုပ်ဖို့ အချိန်ပေးပါ။
အရေးကြီးဆုံးက “ငါအဆင်ပြေရဲ့လား?” ဆိုတဲ့မေးခွန်းကို ကိုယ့်ကိုယ်ကို မေးဖို့ မမေ့ပါနဲ့။
လူတွေကို ဂရုစိုက်ပေးရင်း အလုပ်တွေကို ပြီးမြောက်အောင်လုပ်ရင်း ကိုယ့်ကိုယ်ကိုတော့ နောက်ဆုံးမှာထားမိတတ်ပါတယ်။ ဒါပေမယ့် ကိုယ်တိုင် မပြည့်စုံတော့ရင် ဘယ်သူ့အတွက်မှ အကောင်းဆုံးဖြစ်ပေးနိုင်မှာ မဟုတ်ပါဘူး။
Self-Care ကို အတ္တကြီးတာမမြင်ပဲ ကိုယ့်ဘဝကို ရေရှည်ကောင်းကောင်း ဆက်လက်နေထိုင်နိုင်ဖို့ လိုအပ်တဲ့ တာဝန်တစ်ခုလို့ မြင်ပေးပါ။
21/08/2026
တစ်ခါတလေ Resilience ဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုကြတဲ့အခါ “မပြိုလဲခြင်း” ဆိုတာထက် ပြိုလဲပြီးတဲ့နောက် ပြန်ထနိုင်ခြင်းကိုပါ ထည့်သွင်းကြပါတယ်။
ဘဝမှာ အဆင်မပြေတဲ့အချိန်တွေ ရှိတတ်တယ်။
အလုပ်မှာ အခက်အခဲတွေ၊ လူတွေနဲ့ဆက်ဆံရေးမှာ စိတ်ပျက်စရာတွေ၊ ကိုယ်မျှော်လင့်ထားသလို မဖြစ်လာတဲ့အချိန်တွေ၊ အဲ့ဒီအချိန်မှာ ကိုယ့်ရဲ့ Resilience ကို တည်ဆောက်ပေးနိုင်တဲ့ 4 P’s ရှိတယ်
🔋 Perspective — အမြင်။
ပြဿနာကို “ငါ့လမ်းပိတ်နေတဲ့နံရံ” လို့မြင်မလား၊ “ငါ့ကို တစ်နေရာရာဆီ ပို့ပေးမယ့် stepping stone” လို့မြင်မလားဆိုတာ ကိုယ့်အမြင်ပေါ်မူတည်တယ်။
⏳ Patience — စိတ်ရှည်မှု။
အရာအားလုံးက ကိုယ်လိုချင်တဲ့အချိန်မှာ ဖြစ်လာတာမဟုတ်ဘူး။ တချို့အရာတွေက အချိန်ယူရတယ်။ စောင့်ရတာဟာ လက်လျှော့တာမဟုတ်ဘူးဆိုတာကို နားလည်ထားရပါတယ်။
💪 Persistence — မလျှော့ဘဲ ဆက်ကြိုးစားနိုင်မှု။
အခက်အခဲတွေကြုံတာနဲ့ “မဖြစ်တော့ဘူး” လို့ မဆုံးဖြတ်လိုက်ပဲ နည်းလမ်းပြောင်းပြီး ဆက်သွားနိုင်တာက Resilience ပါ။
🌱 Practice — လေ့ကျင့်ရဲမှု။
Comfort Zone ထဲမှာပဲ နေရင် ကြီးထွားဖို့အခွင့်အရေးနည်းတယ်။ အသစ်တွေကို စမ်းကြည့်၊ မအောင်မြင်တာကနေ သင်ယူ၊ နောက်တစ်ကြိမ် ပိုကောင်းအောင် ပြန်လုပ်ရပါတယ်။
Resilient ဖြစ်တဲ့သူတွေက ပြဿနာမရှိတဲ့သူတွေ မဟုတ်ဘူး။ ပြဿနာရှိလာရင်တောင် ကိုယ့်ကိုယ်ကို ပြန်တည်ဆောက်နိုင်တဲ့သူတွေပါ။ ကိုယ့်မှာ အားနည်းနေတဲ့ P တစ်ခုက ဘာဖြစ်မလဲ? Perspective လား၊ Patience လား၊ Persistence လား၊ Practice လား?
20/08/2026
💰Sales အတွက် Budgetနည်းနေရင်တောင် “တန်ဖိုး” တိုးစေနိုင်တဲ့ အရာတွေရှိပါတယ်။
Sales ဆိုတာ Product ကောင်းရုံ၊ Discount များရုံနဲ့ မပြီးပါဘူး။ တစ်ခါတလေ Customer ကို ဝယ်ချင်လာအောင်လုပ်ပေးတာက ပိုက်ဆံကုန်တဲ့ Marketing Strategy မဟုတ်ဘဲ ကိုယ့်ရဲ့အပြုအမူလေးတွေ ဖြစ်နေတတ်ပါတယ်။
ပထမဆုံး အရေးကြီးတာက Attitude ပါပဲ။ ကောင်းမွန်တဲ့စိတ်ထားက Fancy Pitch ထက် တံခါးတွေကို ပိုဖွင့်ပေးနိုင်တယ်။ Punctuality ကိုလဲ မမေ့ပါနဲ့၊ Customer ရဲ့အချိန်ကို တန်ဖိုးထားပါ။ ခုခေတ်မှာ အားနည်းနေကြပြီး လိုအပ်နေတဲ့ Work Ethic ကလဲTool ကောင်းကောင်းထက် ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုက ပိုအရေးကြီးတယ်။
ပြောစရာမလိုအောင် အရေးကြီးတာက Listening ပါပဲ။ Customer ပြောတာကို နားထောင်နိုင်ရင် “ဘယ်လိုရောင်းရမလဲ” ဆိုတာ သူတို့ကိုယ်တိုင် ပြောပြနေပါလိမ့်မယ်။ နားထောင်တဲ့နေရာမှာလဲ Body Language ကို စောင့်ကြည့်ရသလို ကိုယ့်ရဲ့ပုံစံကလဲ Confidence ရှိတဲ့အပြုအမူဖြစ်ဖို့က Online Meeting မှာတောင် သက်ရောက်မှုရှိတယ်။
နောက်ထပ်အရေးကြီးတာက Gratitude (ကျေးဇူးတရားသိတတ်ခြင်း) ပါ။ “ကျေးဇူးပါ” ဆိုတဲ့စကားလေးက အခမဲ့ဖြစ်ပေမယ့် Relationship အတွက် တန်ဖိုးကြီးတယ်။ ကိုယ့်ရဲ့ Products နဲ့ services တွေအတွက် Preparation ကောင်းကောင်းပြင်တာ၊ Customer နဲ့မတွေ့ခင် Customer အကြောင်း သိအောင် လုပ်ထားပါ။ နောက်ဆုံးအချက်အနေနဲ့ Follow-up လိုက်တာက စရိတ်စကကြီးကြီးမားမားမကုန်ပေမယ့် Deal တစ်ခုကို ဖြစ်လာစေနိုင်တဲ့ အရေးကြီးဆုံးအလေ့အကျင့်တွေထဲက တစ်ခုပါ။
Sales မှာ အမြဲတမ်း ပိုက်ဆံနဲ့ယှဉ်ပြီး အားသာချက်ရှာစရာမလိုပါဘူး။ တချို့အရာတွေက ငွေကြေးကုန်ကျမှုနည်းပေမယ့် Customer ရဲ့ဆုံးဖြတ်ချက်ကို အများကြီးပြောင်းလဲစေနိုင်ပါတယ်။
👉 ကိုယ့်ရဲ့ Sales Team မှာ ဒီ ၈ ခုထဲက ဘယ်အချက်ကို ပိုအားကောင်းအောင် လေ့ကျင့်သင့်တယ်လို့ထင်လဲ?
19/08/2026
Facilitation Training က အမှတ်တရပုံရိပ်လေးတချို့ကို ဂုဏ်ယူစွာနဲ့မျှဝေလိုက်ပါတယ်။ Facilitation ဆိုတာ အစည်းအဝေးတွေ၊ သင်တန်းတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေမှာသာမကပဲ Leadership and Management မှာပါ အသုံးဝင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သင်ယူခဲ့ကြရပါတယ်။
နောက်ထပ်ရော ဘယ်လိုသင်တန်းလေးတွေတက်ချင်လဲဆိုတာဖြေခဲ့ပေးဦးနော် 🍀
18/08/2026
⁉️လူတိုင်းက ခေါင်းဆောင်ဖြစ်ချင်ကြတယ်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ တကယ်ရောလွယ်ရဲ့လားဆိုတာကို Sheryl Sandberg ရဲ့ 11 Laws of Effective Leadership နဲ့ လေ့လာကြည့်ကြပါမယ်။
ခေါင်းဆောင်ကောင်းတစ်ယောက်ဆိုတာ အမြဲတမ်း ရှေ့ကနေ လျှောက်နေတဲ့သူ မဟုတ်ပါဘူး။တစ်ခါတလေမှာ ကိုယ်က ရှေ့ကနေ ဦးဆောင်ရတယ်။ တစ်ခါတလေမှာ နောက်ဆုတ်ပြီး Team ကို ကိုယ်တိုင်ဆုံးဖြတ်ခွင့်ပေးရတယ်။
Leadership ဆိုတာ “ငါမရှိရင်မဖြစ်ဘူး” ဆိုတဲ့နေရာကို ရောက်အောင်လုပ်တာမဟုတ်ပဲ “ငါမရှိတဲ့အချိန်မှာတောင် Team က ကောင်းကောင်းဆက်လုပ်နိုင်တယ်” ဆိုတဲ့အခြေအနေကို တည်ဆောက်ပေးနိုင်တာပါ။
အဲဒီအတွက် Effective Leader တစ်ယောက်မှာ—
• ကိုယ့်ကိုယ်ကို အရင်ဆုံး ဦးဆောင်နိုင်ဖို့လိုတယ်။
• လူကောင်းတွေကို ရွေးချယ်ပြီး ယုံကြည်ပေးဖို့လိုတယ်။
• လိုအပ်တဲ့အချိန်မှာ ကိုယ်တိုင်ဝင်လုပ်ပေးနိုင်ရမယ်။
• Communication ကို ရှင်းရှင်းလင်းလင်းနဲ့ မကြာခဏလုပ်ရမယ်။
• Team ရဲ့အမြင်ကို နားထောင်ပြီး ဆုံးဖြတ်ချက်ချနိုင်ရမယ်။
• Meeting တွေထက် အကျိုးသက်ရောက်မှုရှိတဲ့အလုပ်ကို ဦးစားပေးရမယ်။
• Feedback နဲ့ Recognition ကို မမေ့ရဘူး။
• Toxic behavior တွေကို မျက်ကွယ်မပြုဘဲ အချိန်မီကိုင်တွယ်ရမယ်။
• “Busy” ဖြစ်နေတာထက် High-impact work ကို အာရုံစိုက်ရမယ်။
• ကိုယ်တိုင်လည်း အနားယူပြီး Team ကိုလည်း အနားယူခွင့်ပေးရမယ်။
• အရေးအကြီးဆုံးကတော့ Team ရဲ့ Growth ကို ရင်းနှီးမြှုပ်နှံပေးရမယ်။
နောက်ဆုံးမှာ Leadership ရဲ့တန်ဖိုးကို
ကိုယ်ရှိနေတဲ့အချိန်မှာ လူတွေ ဘယ်လောက်လုပ်နိုင်သလဲ နဲ့ပဲ မတိုင်းတာသင့်ပါဘူး။ ကိုယ်မရှိတဲ့အချိန်မှာ သူတို့ ဘယ်လောက်ကောင်းကောင်း ဆက်လက်လုပ်ဆောင်နိုင်သလဲ ဆိုတာနဲ့လည်း တိုင်းတာသင့်ပါတယ်။
A great leader creates more capable leaders.
17/08/2026
🔥Myanmar Development Professionals ရဲ့ Exclusive Training Program တစ်ခုဖြစ်တဲ့ Facilitation Training ကို August လ 15 ရက်နေ့နဲ့ 16 ရက်နေ့တွေမှာ အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါတယ်။
🍀 သင်တန်းတလျောက်လုံး Energy အပြည့်နဲ့ ပါဝင်ခဲ့ကြတဲ့ သင်တန်းသား၊ သင်တန်းသူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါတယ်။
🎉 Training တစ်ခုထက်ပိုတဲ့ Life Skills တွေကို သင်ယူခဲ့ကြတယ်ဆိုတာကိုသိရတဲ့အတွက်လည်း ကျေနပ်ဝမ်းသာမိပါတယ်။ နောက်ထပ် Training တွေမှာလဲ ပြန်လည်ဆုံတွေ့ကြပါမယ်နော်။
Category
Contact the business
Telephone
Website
Address
97, DanaTheikDi Street, 8th Block, KabaAye, Mayangone
Yangon
951
Opening Hours
| Monday | 09:00 - 17:30 |
| Tuesday | 09:00 - 17:30 |
| Wednesday | 09:00 - 17:30 |
| Thursday | 09:00 - 17:30 |
| Friday | 09:00 - 17:30 |