Hello Cabs

Hello Cabs

Share

Easy Solution for your Transportation When you need to go to work or travel somewhere else, you start to look for a taxi with air-conditioning.

ရန်ကုန်မြို့ရဲ့ကားကြပ်မှုက ဒီနေ့တွေမှာ တကယ့် ပြဿနာ တခုပါ။ တနေရာရာကိုသွားရန်ပြင်လိုက်တိုင်း air-con ပါတဲ့ကားကိုစောင့်ရတာ၊ နေပူထဲမှာ သိုမဟုတ် မိုးရွာထဲမှာ ကားဌားရတာ၊ ကားသမား နဲ့ ဈေးညှိရအဆင်မပြေတာ တွေကတော့ တကယ့်နေ့တဓူဝ ကျွန်တော်တို့ ကြုံတွေ့နေရတာတွေပါ။ ဒီပြဿနာတွေကိုဖြေရှင်းဖို့နဲ့ ကျွန်တော်တို့ ရဲ့နေ့တွေကို သာသာယာယာ ဖြတ်သန်းဖို့ Hello Cabs ရောက်လာပါပြီ။ အပြင်သွားတော့မယ်ဆို taxi ဝန်ဆောင်မှုအတွက်စိတ်မ

13/08/2018

မြို့တွင်းသွားလာရေးအတွက် ကျွန်တော်တို့တွေ Taxi ကို အမြဲတမ်းလိုလို ခဏခဏ အသုံးပြုကြရပါတယ်…။

အဲဒီလိုအသုံးပြုကြဖို့ Taxi ကိုရွေးချယ်ကြတဲ့အခါ ဈေးနှုန်းသက်သာမှုကိုပဲ အဓိကဦးစားပေးခဲ့ကြပါတယ်။ အခုနောက်ပိုင်းမှာတော့ ကျွန်တော်တို့တွေ(အထူးသဖြင့် အမျိုးသမီးများ)က လုံခြုံမှုကိုထည့်စဉ်းစားလာကြပြီး လုံခြုံမှုကို အဓိကအနေနဲ့တောင် ဦးစားပေးလာခဲ့ကြပါပြီ..။

အဲဒီလို ဦးစားပေးလာခဲ့ကြတဲ့အတွက် Hello Cabs Taxi ကဘယ်လိုများ လုံခြုံမှုပေးနိုင်တာလဲ? သာမန်ထက် ဘယ်လိုများ သက်တောင့်သက်သာဖြစ်စေတာလဲ? ဈေးနှုန်းကရော အပြင်ထက် ကောများ နေလား? စသည်ဖြင့်မေးခွန်းများစွာ ရှိလာမှာဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ဖော်ပြပေးလိုက်ရပါတယ်ခင်ဗျာ..။

(၁) Hello Cabs က ဘာကြောင့်များ လုံခြုံမှုအတွက်စိတ်ချရတာလဲ ?

လုံခြုံမှုအတွက်ကို ပြောပြရမယ်ဆိုရင် ပထမဦးစွာ Customer များကို တိုက်ရိုက်ဝန်ဆောင်မှုပေးနေတဲ့ Hello Cabs Taxi အဖွဲ့ဝင် Driver များကို Hello Cabs ကဘယ်လိုလက်ခံတာလဲလို့စပြောရမှာဖြစ်ပါတယ်။

ကားဆရာများကို အဖွဲ့ဝင်အဖြစ်လက်ခံတဲ့အခါ
(၁) စာရွက်စာတမ်းများအပြည်အစုံယူပါတယ်။
(ဥပမာ-ရပ်ကွက်၊ ရဲစခန်း ထောက်ခံစာ)

(၂) လိုင်စင်အညို ရှိရပါတယ်။

(၃) ကားအနေနဲ့ အတွင်းအပြင်သန့်ရှင်းမှုနှင့် AC ကောင်းမကောင်း
အင်ဂျင်ပါဝါကောင်းမကောင်း စစ်ဆေးပါတယ်ခင်ဗျာ..။
အဲဒါတွေ ပြီးတဲ့အခါ အဖွဲ့ဝင်အဖြစ်စတင်လက်ခံပါတယ်။

(၄) ပြီးနောက်မှာတော့ ကျွန်တော်တို့အနေနဲ့ Behavior, Customer Relationship, System ပိုင်း စသည်ဖြင့်ဆိုင်ရာ Training လေးတွေပေးသလို ရုံးကနေလဲ အဆင်ပြေမှု ရှိမရှိ အခက်အခဲ ရှိမရှိ စသည်တွေကို စောင့်ကြည့်ပေးပါတယ်ခင်ဗျာ..။

Customer အနေနဲ့ ခရီးစဉ်တစ်ခုကို Booking တင်လိုက်လို့ ကားရသွားတဲ့အခါ-

(၁)မိမိကိုလာကြိုပေးမယ့် ကားဆရာရဲ့အမည် ဖုန်းနံပါတ် ကားနံပါတ်တို့ကို ခရီးသည်အနေနဲ့ ကြိုသိရမှာပါဖြစ်ပါတယ်။

(၂)ကားမိမိထံလာနေတာကိုလည်း မိမိဖုန်းကနေတဆင့် မြင်ရမှာဖြစ်ပါတယ်။

(၃) မိမိကားပေါ်ရောက်တာနဲ့ CRN no. ပေးမှခရီးစဉ်စတင်နိုင်တာဖြစ်လို့လုံခြုံမှုပိုရှိစေပါတယ်
(CRN အကြောင်းကိုသက်ဆိုင်ရာ Post တွင်ပြန်ကြည့်နိုင်ပါတယ်)

(၄) လူပေါင်းတင်ခြင်းများ လုံးဝ(လုံးဝ)မရှိခြင်း

(၅) မေ့ကျန်ပစ္စည်းကအစ ပြန်လည်ဆက်သွယ်နိုင်ခြင်း

(၆) ၂၄ နာရီဝန်ဆောင်မှု ရရှိနိုင်ခြင်း စသည်အပြင် တစ်ခြားအားသာချက်များလဲရှိပါသေးတယ်ခင်ဗျာ…။

စာသားအနေနဲ့ ရှည်နေပြီဖြစ်လို့ နောက်ဆုံးအနေနဲ့ ပြောလိုတာကတော့ Hello Cabs စပြီးဝန်ဆောင်ပေးကတည်းက အခုထိ နာမည်ပျက်ရှိခဲ့တဲ့ ခရီးစဉ်တစ်စုံတရာတောင်မရှိခဲ့တာဖြစ်လို့ လုံခြုံမှုအတွက် စိတ်ချယုံကြည်စွာ စီးနိုင်တယ်လို့ပြောပါရစေခင်ဗျာ..။

(ဘယ်လို Booking တင်ရတာလဲဆိုတာ Page မှာဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်နော်)

07/08/2018

လူကြီးမင်းတို့အနေနဲ့ မိသားမိသားစုလိုက်ဖြစ်စေ၊ သူငယ်ချင်း မိတ်ဆွေများနဲ့ဖြစ်စေ ပျော်ပျော်ပါးပါးနဲ့ ပုံဂံဘုရားဖူးပဲဖြစ်ဖြစ် အခြားနေရာများကိုပဲဖြစ်ဖြစ် သွားရောက်လိုတယ်ဆိုရင် စိတ်တိုင်းကျ ကားများ၊ သက်တမ်းရင့် ကားဆရာကြီးများနဲ့ Hello Rental မှာ( 4 ယောက်စီးမှ 45 ယောက်စီးထိ) ကားမျိုးစုံလင်စွာဖြင့်ဝန်ဆောင်မှုပေးနေပါတယ်နော်..။

Hello Rental Contact
Ph – 01 9339 111 (Office Hours)
Hp – 09-26 25 222 00, 09-26 25 222 11
Email- [email protected]

ဝန်ဆောင်မှုများ
(၁) ရန်ကုန်မြို့တွင်း အချိန်ပိုင်း Car Rental ၀န်ဆောင်မှု
(၂) နယ်ဝေး Trip များအတွက် Car Rental ၀န်ဆောင်မှု
(၃) လချုပ်နှစ်ချုပ် Car Rental ၀န်ဆောင်မှု
(၄) ရန်ကုန်မြို့တွင်း Ferry ၀န်ဆောင်မှု
(၅) လေဆိပ်ကြို/ပို့ ၀န်ဆောင်မှု

20/07/2018

Hello Rental မှာ ( 4 ယောက်စီးမှ 45 ယောက်စီးထိ) ကားမျိုးစုံလင်စွာ Car Rental ၀န်ဆောင်မှုရရှိနိုင်ပါတယ်နော်..။

Hello Rental Contact
Ph – 01 9339 111 (Office Hours)
Hp – 09-26 25 222 00, 09-26 25 222 11
Email- [email protected]

ဝန်ဆောင်မှုများ
(၁) ရန်ကုန်မြို့တွင်း အချိန်ပိုင်း Car Rental ၀န်ဆောင်မှု
(၂) နယ်ဝေး Trip များအတွက် Car Rental ၀န်ဆောင်မှု
(၃) လချုပ်နှစ်ချုပ် Car Rental ၀န်ဆောင်မှု
(၄) ရန်ကုန်မြို့တွင်း Ferry ၀န်ဆောင်မှု
(၅) လေဆိပ်ကြို/ပို့ ၀န်ဆောင်မှု

ရန်ကုန်မြို့တွင်းအချိန်ပိုင်းဝန်ဆောင်မှုအတွက်
ကားအချို့ရဲ့ နှုန်းထားများကိုလည်း ဖော်ပြပေးလိုက်ပါတယ်နော်..။

ရန်ကုန်မြို့တွင်း (၅)နာရီ (သို့မဟုတ်) (၁၀)နာရီ ခရီးစဉ်များ

Saloon Type (၄ ယောက်စီး) ( Belta, Nissan Tiida)
=> 30,000 Ks. (၅နာရီ)၊ 40,000 Ks. (၁၀နာရီ)

Luxury Type (၄ ယောက်စီး) (Crown, Brevis)
=> 35,000 Ks. (၅နာရီ)၊ 50,000 Ks. (၁၀နာရီ)

Alphard (၇/၈ ယောက်စီး)
=> 45,000 Ks. (၅နာရီ)၊ 80,000 Ks. (၁၀နာရီ)

Hiace (၉/၁၃/၁၅ ယောက်စီး)
=> 50,000 Ks. (၅နာရီ)၊ 90,000 Ks. (၁၀နာရီ)

U-Vane (၁၇ ယောက်စီး) => 95,000 Ks. (၁၀ နာရီ)

(၃၃ ယောက်စီး၊ (၄၅ ယောက်စီး) => 150,000 Ks. (၁၀ နာရီ)

18/07/2018

အာဇာနည်နေ့ကို ဦးညွှတ်ဂုဏ်ပြုရင်း အာဇာနည်နေ့ဖြစ်ပေါ်လာပုံအကျဉ်းကိုလည်း ကူးယူဖေါ်ပြပေးလိုက်ပါတယ်နော်…။

လွန်ခဲ့တဲ့ (၇၁) နှစ်၊ တိတိကျကျပြောရရင် ၁၉၄၇-ခုနှစ် ဇူလိုင်လ (၁၉) ရက်၊ နံနက် (၁၀) နာရီ (၃၇) မိနစ် အချိန်။ တိုင်းပြည်ကံကြမ္မာကို ပြောင်းလဲပစ်လိုက်တဲ့ အချိန်။ အဲဒီအချိန်မတိုင်မီ နံနက် (၁၀) နာရီ ဝန်းကျင်မှာ တာဝါလိမ်းလမ်း နေအိမ်ကနေ အတွင်းဝန်များရုံးမှာ ပြုလုပ်မယ့် ၀န်ကြီးများ အစည်းအဝေးကိုတက်ဖို့ ဗိုလ်ချုပ် အောင်ဆန်းဟာ သူ့ရဲ့ အပါးတော်မြဲ ဗိုလ်ထွန်းလှနဲ့အတူ ကားနက်ကလေး RA/2874 ကိုစီးပြီး ထွက်လာ ခဲ့တယ်။ (၁၀) နာရီ (၁၀) မိနစ်လောက်မှာ အတွင်းဝန်များရုံးရဲ့ အလယ်ဗဟို လှေကားခြေရင်းကို ဗိုလ်ချုပ်ကားဆိုက်လာပြီး အစည်းအဝေးလုပ်မယ့် အပေါ်ထပ် သူ့ရုံးခန်းကို အပါးတော်မြဲ ဗိုလ်ထွန်းလှနဲ့အတူ တက်လာတယ်။ အဲဒီနေ့ကျမှ ဗိုလ်ချုပ်ဟာ ခါတိုင်းလို ယူနီဖောင်းဝတ်နဲ့ မဟုတ်ဘဲ ရွှေဖလားရောင် ဗန်ကောက်လုံချည်၊ သနပ်ခါးရောင် မန္တလေး ပိုးတိုက်ပုံနှင့် အဖြူရောင် သဲကြိုး တပ်ထားတဲ့ လေယာဉ်ပျံဖိနပ် စတာတွေနဲ့ မြန်မာဆန်ဆန် ၀တ်စားဆင်ယင်ထားတာကို ထူးထူးခြားခြား တွေ့ရလို့၊ “ ဗိုလ်ချုပ်က ဒီလိုတော့ အချောကြီးပဲ “ ဟု ဦးဘဂျမ်းက လှမ်းနောက်လိုက်တယ်။ အဲဒီမနက်ရဲ့ရန်ကုန်မြို့ရာသီဥတုဟာ“မိုးလင်း ကတည်းကပင် ကောင်းကင်သည် အုံ့မှိုင်းညိုမှိုင်း လျက်ရှိသည် ။ တိမ်တိုက်ဟူ၍ ဘာမျှ ကြည်လင်စွာ မမြင်ရ။ မိုးကို ကြည့်ရသည်မှာ မြူသန်းနေသော ပင်လယ်ပြင်ကြီး လို ၀ိုးဝိုးဝါးဝါး နေသည်။ မိုးသည် ကင်းကင်းလွတ် လွတ် စဲသည်ဟူ၍မရှိဘဲ တဖွဲဖွဲ နေလိုက်၊ တဖြိုင်ဖြိုင် ရွာချလိုက်နှင့်၊ နောက်စွေ၍ နေလေသည်” လို့ဆရာ ဒဂုန်တာရာက ရေးသား မှတ်တမ်းတင်ခဲ့တယ်။ နံနက် (၁၀) နာရီ (၁၅) မိနစ်ခန့်မှာတော့ ဝန်ကြီးများရုံးရဲ့ အစည်းအဝေးခန်းမမှာ ဝန်ကြီးတွေ အစည်းအဝေးပြုလုပ်နေကြတယ်။
အောင်ဆန်း-အက်တလီ စာချုပ်အရ ရှေ့လာမယ့် လအနည်းငယ်အတွင်းမှာ သေချာပေါက်ရတော့မယ့် လွတ်လပ်ရေးကို မျှော်မှန်းတွေးပြီး တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွက် တက်ကြွနေကြတဲ့ ဝန်ကြီးအသီး သီးဟာ မကြာမီ သူတို့အပေါ် ကြရောက်လာတော့မယ့် ကံကြမ္မာဆိုးကို လုံးဝ မသိရှာကြဘူး။ နံနက် (၁၀) နာရီ (၃၅) မိနစ် ခန့်မှာတော့ ကံကြမ္မာဆိုး (သို့မဟုတ်) လူသတ်သေနတ်သမားတွေကို တင်ဆောင်လာတဲ့ ကားနံပါတ် RC / 1814 ဂျစ်ကားဟာ ဝန်ကြီးများရုံးရှိရာကို ရောက်ရှိလာပါတယ်။ နံနက် (၁၀) နာရီ (၃၇) မိနစ် အချိန်မှာတော့ သေနတ်သမားတွေဟာ ဝန်ကြီးတွေ အစည်းအဝေးလုပ်နေတဲ့ အခန်းဝကို ရောက်ရှိလာပြီး အသင့်သယ်ဆောင်လာတဲ့ စက်သေနတ်အသီးသီးနဲ့ အစည်းအဝေးခန်းမထဲမှာရှိနေကြတဲ့ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် တိုင်းပြည်ခေါင်းဆောင်အသီးသီးကို စိတ်ရှိလက်ရှိ ပစ်ခတ်သတ်ဖြတ် လုပ်ကြံလိုက်ကြ ပါတော့ တယ်။ လူသတ်သမားတွေဟာေ ခါင်းဆောင်တွေနဲ့အတူ တိုင်းပြည်ကံကြမ္မာကိုပါ လုပ်ကြံလိုက်မိတယ်ဆိုတာ စိုးစဉ်းမျှ တွေးမိပုံတောင်မရတဲ့ပုံပါပဲ။ အဲဒီလုပ်ကြံမှုမှ ခေါင်းဆောင်ရှစ်ဦးနဲ့အတူ သေနတ်သံ တွေကြားလို့ ပြေးထွက်လာတဲ့ ဝန်ကြီးဦးရာဇတ်ရဲ့ အပါးတော်မြဲ ရဲဘော်ကိုထွေးလည်း ကျဆုံးအသက်ပေးခဲ့ရ ပါတယ်။ ကျဆုံးခဲ့ကြတဲ့ အာဇာနည်ကိုးဦးကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ ဗိုလ်ချုပ်အောင်ဆန်း- ဘုရင်ခံကောင်စီဒု-ဥက္ကဌ၊ ကာကွယ်ရေး နှင့် နိုင်ငံခြားရေး ဌာန
၂။ သခင်မြ- ဘဏ္ဍရေးနှင့် အခွန်တော်ဌာန
၃။ ဦးဘ၀င်း-ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံရေး ဌာန၊
၎။ ဒီးဒုတ်ဦးဘချို-ပြန်ကြားရေးဌာန
၅။ အဗ္ဗဒူရာဇတ်- ပညာရေးနှင့် အမျိုးသား စီမံကိန်း ဌာန၊
၆။ မန်းဘခိုင် - စက်မှုလက်မှုနှင့် အလုပ်သမား ဌာန၊
၇။ မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်း-တောင်တန်းရေးရာဌာန၊
၈။ ဦးအုံးမောင် -ဒုတိယ အတွင်းဝန် လမ်းပန်းဆက်သွယ်ရေး ဌာန
၉။ ရဲဘော်-ကိုထွေး

အဲဒီနောက်မှာတော့ တစ်တိုင်းပြည်လုံး ကြိမ်မီးအုံးလို ကြိတ်မနိုင် ခဲမရ ဝမ်းနည်းတသနဲ့ ငိုကြွေးခဲ့ကြရတာ ခုဆိုရင် (၇၁) နှစ် တိုင်ခဲ့ပါပြီ။ ဇူလိုင်(၁၉)မျက်ရည်မိုး၊ (၁၉)ဇူလိုင်မမေ့နိုင်လို့ပဲ တင်စားပြီး အာဇာနည်နေ့ သမိုင်း ကြောင်းကို မျိုးဆက်သစ်လူငယ်တွေသိအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ကိုယ့်သူငယ်ချင်းတွေ သိအောင် တဆင့်ပြန်လည်မျှဝေပြီးတော့ အာဇာနည်နေ့ကို ဂုဏ်ပြုကြဖို့လည်း တိုက်တွန်းချင်ပါတယ်။



#အာဇာနည်နေ့

10/07/2018

🚌🚐🚙 Car Rental လုပ်ကိုင်နေကြသော လုပ်ငန်းရှင်များအားလုံး မင်္ဂလာပါခင်ဗျာ..။

ကျွန်တော်တို့ Hello Rental အနေဖြင့် 🚌🚐🚙 Car Rental လုပ်ငန်းကို
🏘🏘 ရန်ကုန်မြို့သာမကဘဲ နေပြည်တော်၊ မန္တလေး၊ မုံရွာ၊ ပုဂံ၊ ထားဝယ်၊
တောင်ကြီး၊ မြစ်ကြီးနားအစရှိသည့် မြို့များမှာပါ ၀န်ဆောင်မှုပေးနေတာဖြစ်တဲ့အတွက် အစရှိသည့်မြို့များ၊ အထူးသဖြင့် ရန်ကုန်မြို့ရှိ 🚌🚐🚙 Car Rental လုပ်ငန်းရှင်များကို 🤝🤝🤝 အကျိုးတူပူးပေါင်းလုပ်ဆောင်ရန်
ဖိတ်ခေါ်လိုက်ရပါတယ်နော်..။

ဆက်သွယ်ရန်
Hello Rental 🤙🤙
Ph – Ph – 09-26 25 222 00, 09 26 25 222 11
Email- [email protected]

06/07/2018

မင်္ဂလာပါခင်ဗျာ..။

🏞🏞 မြို့တွင်း(Half Day/Full Day) နဲ့ 🛣🛣 နယ်ဝေးခရီးစဉ်များအတွက် Hello Rental ကိုအစဉ်အမြဲအသုံးပြုနေကြတဲ့ Customer များကားငှားဖို့အတွက် ကျွန်တော်တို့ 🚎🚌🚘 Hello Rental ကို 🤙🤙 ဖုန်းဆက်တဲ့အခါ ပိုမိုအဆင်ပြေစေရန်အောက်ပါအတိုင်း ပြောင်းလဲလိုက်ပြီဖြစ်ပါကြောင်း လေးစားစွာဖြင့် အသိပေးအကြောင်းကြားလိုက်ရပါတယ်ခင်ဗျာ...။

Hello Rental New Contact 📞📞
Ph – 09-26 25 222 00, 09 26 25 222 11
Email- [email protected]

05/07/2018

🤵🙋လူကြီးမင်းတို့အတွက် ရုံးအကြို/အပို့ ခရီးစဉ်များအတွက် 🚙🚙Brand New (2018) Taxi များဖြင့် Ferry ၀န်ဆောင်မှုပေးနေပါတယ်နော်…။ 🏨🏨 ဟိုတယ်များနှင့် 🏗🏗 တစ်ခြားလုပ်ငန်းများအတွက်လည်း လုပ်ငန်း လိုအပ်ချက်များအတိုင်း အဆိုပါ 🚙🚙 Taxi များဖြင့် ၀န်ဆောင်မှုရရှိနိုင်ပါသေးတယ်ခင်ဗျာ…။

ဒီဝန်ဆောင်မှုလေးရဲ့ အားသာချက်များကတော့-
(၁) 😎😎ကားအသစ်များဖြင့် ၀န်ဆောင်မှုပေးလို့
သန့်ရှင်းသပ်ရပ်မှုရှိခြင်း
(၂) 😍😍 သက်တောင့်သက်သာရှိခြင်း
(၃) 🛡🛡 လုံခြုံစိတ်ချရခြင်း
(၄) ⏱⏱အချိန်ကုန်သက်သာခြင်း
(၅) 👌👌 Cancel ဖြစ်ပြီးကားမရမှာ စိတ်မပူရခြင်း

စသည့်တို့အပြင် အခြားအားသာချက်များလဲရှိပါသေးတယ်နော်….
အသေးစိတ်စုံစမ်းချင်တယ်ဆိုရင် - 📞📞 01-9339 111 ကိုရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ..။

03/07/2018

အပြင်မှာ 💦💦 မိုးတွေရွာနေတဲ့အခါ 🚕🚕 Taxi ငှားဖို့ လမ်းပေါ်ထွက်ရတာ၊ မိမိတားလိုက်တဲ့ကားနဲ့ အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေလို့ တစ်စီးပြီးတစ်စီး စောင့်ပြီးတားစီးရတာ လူကြီးမင်းအတွက်
အဆင်ပြေမှုရှိနိုင်ပါ့မလား… ?

🚕🚕 Taxi တစ်စီးရဖို့ မိုးရွာထဲမှာ အဲလောက် ဒုက္ခခံစရာမလိုပါဘူးနော်… !!!

Hello Cabs On Call Meter Taxi ရှိနေပြီပဲ 01-9339 111 ကို
ဖုန်းဆက်ပြီးခေါ်လိုက်ယုံပါပဲ (9 AM to 5 PM)
(09 26533 1166, 09 26533 1199 သို့လည်းခေါ်လို့ရပါတယ်)

- Mobile App (Android & iOS) မှလည်း Booking လုပ်လို့ရပါတယ်။ (24hrs)

Mobile App မရှိသေးဘူးဆိုရင်လည်း အောက်ကလင့်များမှာ Download ဆွဲပြီးရယူနိုင်ပါတယ်နော်..။

For Android

https://play.google.com/store/apps/details?id=com.hellocabs&hl=en

For iOS

https://itunes.apple.com/in/app/hello-cabs-myanmar/id1193902093?mt=8

18/06/2018

မင်္ဂလာပါခင်ဗျာ…။ Hello Rental မှာ ရန်ကုန်မြို့တွင်းအတွက် ( 4 ယောက်စီးမှ 45 ယောက်စီးထိ) ကားမျိုးစုံလင်စွာ Car Rental ၀န်ဆောင်မှုရရှိနိုင်ပါတယ်နော်..။

Hello Rental Contact 📞 📞
Ph – Ph – 09-26 25 222 00, 09 26 25 222 11
Email- [email protected]

ကားအချို့ရဲ့ ဈေးနှုန်းများကိုလည်း ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ…။

ရန်ကုန်မြို့တွင်း (၅)နာရီ (သို့မဟုတ်) (၁၀)နာရီ ခရီးစဉ်များ

Saloon Type (၄ ယောက်စီး) (Mark II, Belta, Nissan Tiida)
=> 30,000 Ks. (၅နာရီ)၊ 45,000 Ks. (၁၀နာရီ)

Alphard (၇/၈ ယောက်စီး)
=> 45,000 Ks. (၅နာရီ)၊ 85,000 Ks. (၁၀နာရီ)

Hiace (၉/၁၃/၁၅ ယောက်စီး)
=> 50,000 Ks. (၅နာရီ)၊ 95,000 Ks. (၁၀နာရီ)

18/06/2018

မင်္ဂလာပါခင်ဗျာ...။ ဒီအစီအစဉ်လေးကို အရင်က အပတ်စဉ် ဗုဒ္ဓဟူးနေ့နဲ့ သောကြာနေ့များမှာပြုလုပ်ခဲ့ပင်မယ့် Customer များပိုမိုအဆင်ပြေစေရန်နှင့် အချို့ Customer များရဲ့တောင်းဆိုချက်များကြောင့် ယခင်ရက်များအစား အပတ်စဉ် တနင်္လာနေ့နဲ့ ကြာသာပတေးရက်များကို ပြောင်းလိုက်ပါပြီဆိုတဲ့အကြောင်း သတင်းကောင်းပါး လိုက်ပါတယ်နော်..။

မင်္ဂလာပါခင်ဗျာ…။ Hello Cabs ရဲ့ မိတ်ဟောင်းမိတ်သစ် Customer များအားလုံးအတွက် အစီစဉ်လေးတစ်ခု စီစဉ်ပေးထားပါတယ်နော်…။

အဲဒါလေးကတော့ (13-June-2018) ကနေ (30-June-2018) အတွင်း အပတ်စဉ် ဗုဒ္ဓဟူးနေ့နဲ့ သောကြောနေ့များမှာ Hello Cabs ကိုအသုံးပြုပြီး လိုရာခရီးကို သွားကြတဲ့ Customer များထဲမှ အချို့ကို Random စနစ်ဖြင့်ရွေးချယ်ပြီး ရွေးချယ်ခံရတဲ့ သူအနေနဲ့ ခရီးစဉ်ပြီးဆုံးတဲ့အခါ ကျသင့်ငွေကို လုံးဝပေးစရာမလိုတဲ့ အစီအစဉ်လေးပဲဖြစ်ပါတယ်ခင်ဗျာ..။

အရွေးချယ်ခံရကြောင်း ဘယ်လိုသိနိုင်မှာလဲ ?

အရွေးချယ်ခံရတဲ့ Customer များကို ခရီးသွားနေစဉ်အတွင်းမှာပဲ ၄င်း လူကြီးမင်းတို့၏ဖုန်းထဲသို့ Congratulation ! You get the free charges for this trip. ဆိုတဲ့ Message လေးကို Hello Cabs မှကနဦး ပို့ပေးမှာဖြစ်ပြီး အဆိုပါ Customer ထံလဲ ဖုန်းဆက်ပြီး ပြောပြ ပေးအုံးမှာဖြစ်ပါတယ်နော်..။

ဘယ်လို Customer တွေခံစားခွင့်ရရှိမှာလဲ ?

Hello Ride Mobile App ကိုအသုံးပြုပြီးပဲဖြစ်ဖြစ် Call Center သို့ဖုန်းဆက်ပြီးပဲဖြစ်ဖြစ် Booking တင်ကြတဲ့ Customer များအားလုံးခံစားခွင့်ရှိပါတယ်နော်..။

14/06/2018

မင်္ဂလာပါခင်ဗျာ...။ မနက်ဖြန် သောကြာနေ့မှလဲ ဒီအစဉ်အလေးရှိပါတယ်နော်..။

မင်္ဂလာပါခင်ဗျာ…။ Hello Cabs ရဲ့ မိတ်ဟောင်းမိတ်သစ် Customer များအားလုံးအတွက် အစီစဉ်လေးတစ်ခု စီစဉ်ပေးထားပါတယ်နော်…။

အဲဒါလေးကတော့ (13-June-2018) ကနေ (30-June-2018) အတွင်း အပတ်စဉ် ဗုဒ္ဓဟူးနေ့နဲ့ သောကြောနေ့များမှာ Hello Cabs ကိုအသုံးပြုပြီး လိုရာခရီးကို သွားကြတဲ့ Customer များထဲမှ အချို့ကို Random စနစ်ဖြင့်ရွေးချယ်ပြီး ရွေးချယ်ခံရတဲ့ သူအနေနဲ့ ခရီးစဉ်ပြီးဆုံးတဲ့အခါ ကျသင့်ငွေကို လုံးဝပေးစရာမလိုတဲ့ အစီအစဉ်လေးပဲဖြစ်ပါတယ်ခင်ဗျာ..။

အရွေးချယ်ခံရကြောင်း ဘယ်လိုသိနိုင်မှာလဲ ?

အရွေးချယ်ခံရတဲ့ Customer များကို ခရီးသွားနေစဉ်အတွင်းမှာပဲ ၄င်း လူကြီးမင်းတို့၏ဖုန်းထဲသို့ Congratulation ! You get the free charges for this trip. ဆိုတဲ့ Message လေးကို Hello Cabs မှကနဦး ပို့ပေးမှာဖြစ်ပြီး အဆိုပါ Customer ထံလဲ ဖုန်းဆက်ပြီး ပြောပြ ပေးအုံးမှာဖြစ်ပါတယ်နော်..။

ဘယ်လို Customer တွေခံစားခွင့်ရရှိမှာလဲ ?

Hello Ride Mobile App ကိုအသုံးပြုပြီးပဲဖြစ်ဖြစ် Call Center သို့ဖုန်းဆက်ပြီးပဲဖြစ်ဖြစ် Booking တင်ကြတဲ့ Customer များအားလုံးခံစားခွင့်ရှိပါတယ်နော်..။

Want your business to be the top-listed Taxi in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Yangon
11051