F&B Channel

F&B Channel

Share

Who are we? We are simply regular men who enjoy travelling to new places, trying new foods, and making new friends.

Our goal is to create a memorable catered experience through food presentation, personalized service, and customizable menus.

10/02/2026

1980 ပြည့်နှစ်များဆီက အရသာများဆီသို့ အလွမ်းပြေတစ်ခေါက်

#အရမ်းကောင်းတယ်

05/02/2026

ဘီးလင်း နှင်းပုလဲရွာလေးက နှင်းပုလဲဖက်ထမင်းပေါင်းစစ်စစ်ကို ရန်ကုန်မှာ စားလို့ရနေပါပီ။ ဖက်ထမင်းဆိုတဲ့အတိုင်း ဌက်ပျောဖက်ပေါ်မှာ ထမင်းပူပူလေးနဲ့ ဖက်ထမင်းပေါင်းရဲ့အသက် ကြက်သွန်နီအနှစ်ချက်လေးကို ဆားထောင်း၊ ချဉ်ပေါင်ကြော် လေးနဲ့ နယ်စားရတာကလဲ အလွန်မြိန်လှပါတယ်။ ဒီ ရွှေလက်ရာ ဆိုတဲ့ဆိုင်လေးမှာတော့ အဆင်သင့်ချက်ထားတဲ့ ဟင်းတွေအပြင် မှာမှ ပူပူလေးကြော်ပေးတဲ့ ကြက်ကြော်လေးနဲ့ စားမယ်ဆိုရင်ဖြင့် အာဂပါးစပ်လူဖြစ်ရကျိုးနပ်မှာ အသေချာပဲဗျာ။

#အရမ်းကောင်းတယ်

04/02/2026

“လူသားအားလုံးက ပျော်ရွှင်ခြင်းနဲ့ ထိုက်တန်ပါတယ်”

21/09/2025

ဟိုဘက်ရပ်ကွက်မှာ တင်ထားတဲ့ဟာလေး

https://www.facebook.com/share/v/16dSprA6ae/?mibextid=wwXIfr

02/09/2025

ဒီဆိုင်လေးကိုဖွင့်ထားတဲ့မိသားစုက စေတနာတော်တော်ကောင်းကြတာဗျ (အပေါ်ယံမဟုတ်ဘူးနော် ဆက်ကြည့်ရင်သိလိမ့်မယ်)။ ဆိုင်မှာလူစားများကြတာက ဇလုံကြီးထမင်းလို့ခေါ်တယ်၊ ငွေကျပ် ၄၀၀၀ နဲ့ အဝကိုမှ တစ်ကယ့်ကိုအဝ အသားဟင်း (၂) မျိုးနဲ့ ရွေးပြီးစားရမှာ။ ထမင်းစားချိန်ဆို ဝန်ထမ်းတွေအများကြီး တကူးတက ကိုဝင်စားကြတာ။ ဟင်းကလဲ တစ်နေကုန် နီးပါး တောက်လျှောက်ကို ချက်နေတာ၊ ပီးရင် ထမင်းကလဲ အလှူချက် ချက်သလို ပေါင်းအိုး အကြီးကြီးတွေနဲ့ချက်တာဆိုတော့ ထမင်းနဲ့တင် စားရတာကောင်းနေပီ။ တို့စရာဆိုလဲ အလျှံအပါယ်ပဲ။ ကျွန်တော်တို့လဲ မျက်စိတွေလည် လမ်းတွေပျောက်ပြီး နောက်ဆုံးမှာတော့ ဒေါ်မမလေးထမင်းဆိုင်ကို ရောက်ခဲ့တာ။

31/08/2025

ရှမ်းမြောက်အရသာစစ်စစ်ရတာကြောင့်လူကြိုက်များခဲ့တဲ့ ရွှေစယ်လန့် ဆိုတဲ့ဒီဆိုင်လေးကတော့ ဒီတစ်ခါမှာလဲ သူတို့ပိုင်နိုင်တဲ့ ယူနန်ဟော့ပေါ့အရသာစစ်ကို စားသုံးသူများထံယူဆောင်လာပြန်ပါပြီ။ ဟော့ပေါ့အရသာ (၅) မျိုးတိတိကို သူတို့ဆိုင်ရဲ့ထုံးစံအတိုင်း အသားများများနဲ့ အရသာရှိရှိစားရမှာဆိုတော့ ...

28/08/2025

ဖွင့်ထားတာ (၃) နေရာ - အရသာက (၁) မျိုးတည်း - အဲ့တာဘာလဲ?

25/08/2025

ကဲ လာပြန်ပါပီဗျာ ... ဒီတစ်ခါတော့ ဘာရယ်ညာရယ်မဟုတ် စံပြစျေးဘက် မိုးလွတ်လေလွတ်လေး ဖုတိုးတစ်ကြောင်းဆွဲထားလိုက်တယ်။ 😎

22/08/2025

ပုံမှန်ဆိုကြည့်ချင်ရင်လဲရတယ် မကြည့်ချင်ရင်လဲရတယ် ... ဒါပေမဲ့ ဒီ vlog လေးကိုတော့ကြည့်စေချင်တယ်ဗျာ။

Photos from F&B Channel's post 21/08/2025

အခုဆိုရင်တော့ဖြင့် မြန်မာကျပ်ငွေ ၁၂၀၀၀၀/-ကျပ်တန် တန်ဖိုးရှိ ယူနန်ဟော့ပေါ့အိုး ကို ရုပ်ပြောင်တိုက်ကာ ထိုက်ထိုက်တန်တန်ဆွတ်ခူးသွားသူ (၃) ဦးကတော့ 😂🤣🤭

1st - Ko Nay Myo Tun
2nd - Ma May Thu Khaing
3rd - Ma Soe Chit Chit Htay

ကျေးဇူးပြုပီး page messenger မှာ ပို့ရမဲ့ လိပ်စာနဲ့ ဖုန်းနံပါတ် လေးပို့ပေးပါအုံး။

ပါဝင်ပေးကြသူအားလုံးကိုလဲ အထူးကျေးဇူးတင်ရှိပါတယ်🙏🙏။

Photos from F&B Channel's post 21/08/2025

ကဲ ကဲ ကဲ … Foodies အပေါင်းသူတော်ကောင်းတို့ရေ၊ ဒီနေ့ည ၈:၀၀ တိတိမှာ ဟော့ပေါ့အိုးပူပူ ဘယ်သူယူသွားမလဲဆိုတာကတော့ ရင်ခုန်ဖို့ကောင်းနေပါပီ။ အနိုင်ရသွားတဲ့သူတွေကိုတော့ ကိုသူရနဲ့ ကိုစံကြီးက ဒီ သောကြောနေမှာတင်ပို့ပေးသွားမှာဆိုတော့ ပိုလို့တောင်မိုက်နေပါပီ။ မိုးရာသီထဲ ယူနန်ဟော့ပေါ့အိုးပူပူ အတွက် ဆက်ပီးပြိုင်လိုက်ကြရအောင် 🙌🙌

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon