Yangon-MCIA

Yangon-MCIA

Share

Yangon Region Computer Industry Association (Yangon-MCIA)
http://mcia-yangon.org.mm ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း

06/05/2026

📣 ဖိတ်ကြားလွှာ - MCIA Member Day (အသင်းသားစုံညီပွဲတော်) သို့ ကြွရောက်ချီးမြှင့်ပေးပါရန် 📣

မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း၏ အသင်းဝင်ကုမ္ပဏီများအားလုံး ရင်းနှီးနွေးထွေးစွာ ဆုံတွေ့ကြမည့် "MCIA Member Day (အသင်းသားစုံညီပွဲတော်)" ကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသဖြင့် တက်ရောက်နိုင်ပါရန်ဖိတ်ကြားအပ်ပါသည်။ 🤝✨

ဒီပွဲလေးမှာ အသင်းဝင်အချင်းချင်း ချိတ်ဆက်မှုတွေ ပိုမိုအားကောင်းလာစေဖို့နဲ့ နည်းပညာနယ်ပယ်က လုပ်ငန်းရှင်များအကြား အမြင်ဖလှယ် ဆွေးနွေးနိုင်ဖို့ ရည်ရွယ်ကျင်းပတာဖြစ်လို့ မပျက်မကွက် တက်ရောက်ပေးကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။

🗓 ကျင်းပမည့်ရက်စွဲ - ၁၆ မေလ ၂၀၂၆
⏰ အချိန် - ညနေ ၅:၃၀ မှ ည ၈:၃၀ အထိ
📍 နေရာ - Conference Hall, MICT Park, ရန်ကုန်မြို့

🎟 တက်ရောက်ခွင့်နှင့် ဧည့်ခံကျွေးမွေးမှု 🍽
ပွဲသို့တက်ရောက်လာမည့် အသင်းဝင်ကုမ္ပဏီတစ်ခုလျှင် အစားအသောက်များအတွက် အခမဲ့လက်မှတ် (၃) စောင် စီစဉ်ပေးထားပြီး၊ စုံလင်လှတဲ့ အစားအသောက်များစွာဖြင့် တည်ခင်းဧည့်ခံသွားမှာ ဖြစ်ပါတယ်။ 😋
(လက်မှတ် ၃ စောင်ထက် ပိုမိုလိုအပ်မည့် အသင်းဝင်ကုမ္ပဏီများအနေဖြင့် အောက်ပါ ရုံးအဖွဲ့ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။)

👕 တူညီဝတ်စုံ 🎁
ပွဲသို့တက်ရောက်လာမည့် အသင်းဝင်များအားလုံး MCIA မိသားစုဝင်များအဖြစ် တစ်သားတည်းဖြစ်မှုကို ပြသနိုင်ရန်အတွက် တူညီဝတ်စုံအဖြစ် ဝတ်ဆင်ရန် T-Shirt များကိုလည်း MCIA မှ အမှတ်တရလက်ဆောင်အနေဖြင့် ပံ့ပိုးပေးသွားမည် ဖြစ်ပါသည်။

🎭 အထူးအစီအစဉ် (Performances)
ပွဲကို ပိုမိုစည်ကားသိုက်မြိုက်စေရန်အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ကွန်ပျူတာလုပ်ငန်းရှင်အသင်းများမှလည်း မိမိတို့၏ အနုပညာ စွမ်းရည် (Performances) များဖြင့် အကြိတ်အနယ် ယှဉ်ပြိုင်တင်ဆက်သွားမည့် အစီအစဉ်များလည်း ပါဝင်မှာဖြစ်လို့ လုံးဝ လက်မလွတ်သင့်တဲ့ ပွဲလေးတစ်ခုဖြစ်ပါတယ်။ 🌟

📝 စာရင်းပေးသွင်းရန် (Registration)
ပွဲတက်ရောက်မည့် ကိုယ်စားလှယ်များအနေဖြင့် အောက်ပါ Link (သို့မဟုတ်) ပိုစတာပါ QR Code မှတစ်ဆင့် ကြိုတင်စာရင်းပေးသွင်းပေးပါရန် (၁၀.၅.၂၀၂၆) ရက်နေ့ နောက်ဆုံးထား၍ ဖြည့်စွက်ပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။
👉 Registration Link [ https://docs.google.com/forms/d/e/1FAIpQLSdZ17SvPF95IN-qGa2-O35ugVjYQErAai-7JqRx50G48H1xpA/viewform?usp=preview ]

📞 ဆက်သွယ်စုံစမ်းရန်
အပိုလက်မှတ်ကိစ္စနှင့် အခြားအသေးစိတ်သိရှိလိုပါက MCIA ရုံးအဖွဲ့ ဖုန်းနံပါတ်များဖြစ်သည့် 09-5067174 နှင့် 01-8652238 သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

MCIA မိသားစုဝင်များအားလုံး စုံစုံလင်လင်နဲ့ ဝမ်းမြောက်ဝမ်းသာ ဆုံတွေ့ခွင့်ရဖို့ မျှော်လင့်နေပါတယ်ခင်ဗျာ...။ 🙌💻

01/05/2026

မေလ (၁) ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့အလုပ်သမားနေ့ အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း

Photos from Yangon-MCIA's post 30/04/2026

ယနေ့ ၂၀၂၆ ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့တွင်ကျရောက်သော ကဆုန်လပြည့်​နေ့၌ ရန်ကုန်တိုင်း​ဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ အလုပ်အမှု​ဆောင်ဆရာ၊ ဆရာမများစု​ပေါင်းကာ အိမ်တော်ရာဘုရားသို့သွားရောက်၍ ညောင်ရေသွန်းကုသိုလ်အမှုပြုပြီး၊ ဘုရားသို့လာရောက်ဖူးမျှော်ကြသည့်ဘုရားဖူးဧည့်သည် (၁၂၀၀) ကျော်အား ကျောက်ကျောအအေး သွားရောက်လှူဒါန်းခဲ့ကြပါသည်။

#ကဆုန်လပြည့်
#အအေးလှူ
#ညောင်ရေသွန်းပွဲ

30/04/2026

(၂၀၂၆) ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့တွင်ကျရောက်သော ကဆုန်လပြည့် (ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲတော် အခါသမယတွင် အသင်းဝင်လူကြီးမင်းများနှင့် မိသားစုဝင်များအားလုံး အေးချမ်းသာယာမှုရှိကြပါစေကြောင်း ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။

17/04/2026

" မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် ၊ မြန်မာနှစ်သစ်ကူး (နှစ်ဆန်းတစ်ရက်နေ့) တွင် မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပြီး လုံခြုံ ​အေးချမ်း ​ပျော်ရွှင် ချမ်း​မြေ့ကြပါ​စေ​ကြောင်း နှင့် ​ကောင်းကျိုးမင်္ဂလာ ကျက်သ​ရေအဖြာဖြာ ပြည့်ဝကြပါ​စေ​​ကြောင်း ရန်ကုန်တိုင်း​ဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ နှစ်သစ်ဆု​တောင်း ​မေတ္တာ ပို့သအပ်ပါသည် ။

13/04/2026

မြန်မာသက္ကရာဇ် (၁၃၈၈) ခုနှစ်၊ တန်ခူးလ၊ မဟာသင်္ကြန်အကြိုနေ့ (ဧပြီ ၁၃ ရက်နေ့) မှ မဟာသင်္ကြန်အတက်နေ့ (ဧပြီ ၁၆ ရက်နေ့) တွင် ကျရောက်သော အတာသင်္ကြန်အခါသမယ၌ ဘေးဘယာများဝေးကွာပြီး အေးချမ်းပျော်ရွှင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း

Photos from Yangon-MCIA's post 06/04/2026

*"The Future Of Finance" (One Day Training) ဖွင့်လှစ်ခြင်း။*

*The Future Of Finance" (One Day Training)* အား ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း (Yangon-MCIA) မှ ၂၀၂၆ ခုနှစ်၊ ဧပြီလ (၅) ရက်၊ တနင်္ဂနွေနေ့တွင် နံနက် (၉) နာရီမှ ညနေ (၅) နာရီအချိန်အထိ Hlaing Township, Building (14), 4th Floor, Kanaung Hub Hall ၌ ဖွင့်လှစ်ခဲ့ပါသည်။

ပထမဦးစွာ ရန်ကုန်တိုင်း‌ဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း ဒု-ဥက္ကဌ၊ ဦးသိန်းဆွေမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။

သင်ကြားပေးသည့်ဆရာမမှာ.

Dr. Mya Mya Lwin

Founder, MBCSD Co., Ltd.
Recipient of the ASOCIO Women in Tech Award
Expert in ERP Systems, Cloud Technology & Digital Transformation ဖြစ်ပါသည်။

- အဆိုပါသင်တန်းတွင် ဆရာဦးအောင်ပြည့်ဖြိုး နှင့် ဆရာဒေါက်တာကျော်ဖြိုးလင်း တို့မှလည်း AI နှင့်ပတ်သက်သော ဗဟုသုတများကိုလည်း ထပ်မံမျှဝေသင်ကြားပေးခဲ့ကြပါသည်။

*The Future Of Finance" (One Day Training)* သို့ သင်တန်းသား (၅၃) ဦး တက်ရောက်ခဲ့ပါသည်။

သင်တန်းဖြစ်မြောက်စေရန် အဖက်ဖက်မှဝိုင်းဝန်းကူညီ‌ဆောင်ရွက်ပေးခဲ့ကြသူများနှင့် အလုပ်အမှုဆောင် ဆရာ/မများအား ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း ( Yangon-MCIA ) မှ အထူးပင်ကျေးဇူးတင်ရှိပါသည်။🙏🙏🙏

01/04/2026

ရုံးအဖွဲ့ဝင် (စာရင်းအင်း) (Office Staff, Account)

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းတွင် ရုံးအဖွဲ့ဝင် (စာရင်းအင်း) တာဝန်ထမ်းဆောင်ရန် အတွက် ဝန်ထမ်းအလိုရှိပါသည်။

ရုံးအဖွဲ့ဝင် (စာရင်းအင်း) တာဝန်ထမ်းဆောင်ရန်အတွက် အောက်ပါအရည်အချင်းများနှင့်ပြည့်စုံရပါမည်။

- တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိပြီးသူဖြစ်ရပါမည်။

- Computer (Microsoft Office Applications, , internet & email) ကိုကောင်းမွန်ကျွမ်းကျင်စွာ အသုံးပြုနိုင်သူဖြစ်ရပါမည်။

- Computerized Accounting Software ကိုအသုံးပြု၍ စာရင်းရေးသွင်းဖူးသူဖြစ်ရပါမည်။

- ရုံးလုပ်ငန်း(စာရင်းအင်း) အတွေ့အကြုံ အနည်းဆုံး ၂ နှစ်ရှိရပါမည်။

- ငွေကြေးကိုင်တွယ်ရာတွင် တိကျမှန်ကန်မှုရှိပြီး စာရင်းများကို တိကျစွာမှတ်သား ဆောင်ရွက်နိုင်သူ ဖြစ်ရပါမည်။

စိတ်ဝင်စား၍ လျှောက်ထားလိုပါက CV Form အား Email ( [email protected]) နှင့် Viber No. 09-428655612 သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။ Yangon-MCIA အသင်းရုံးခန်းသို့ ကိုယ်တိုင်လာ‌ရောက်၍ လျှောက်ထားနိုင်ပါသည်။

Yangon-MCIA Office Address
Room.604, 5th Floor, Building 14, MICT Park.

30/03/2026

⛰2026 ခုနှစ် Yangon-MCIA Retreat (Hpa-An)⛰

မအားလပ်သည့်ကြားမှ Retreat ခရီးစဥ်သို့ လိုက်ပါပေးခဲ့ကြသော အလုပ်အမှုဆောင် ဆရာ/မများ၊ Retreat ခရီးစဥ်​ဖြစ်မြောက်စေရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြသော အလုပ်အမှု​ဆောင်ဆရာ/ဆရာမများအားလုံးနှင့် Retreat Vlog Video ရိုက်ကူး/ ဖန်တီးပေးပါသော ဆရာဦးအောင်ပြည့်ဖြိုးတို့အား ကျေးဇူးအထူးပင်တင်ရှိပါသည်ခင်ဗျာ။🙏🙏🙏

Photos from Yangon-MCIA's post 20/03/2026

Print 2.0: Empowering the Printing Industry with AI (Mandalay) Training - Batch-2 ဖွင့်လှစ်ခြင်း။

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း (Yangon-MCIA) နှင့် မြန်မာနိုင်ငံပုံနှိပ်နှင့်ထုတ်ဝေသူလုပ်ငန်းရှင်များအသင်း (MPPA) တို့ ပူးပေါင်းကာ Print 2.0: Empowering the Printing Industry with AI ခေါင်းစဉ်ဖြင့် AI Training (Batch-2) အား ၂၀၂၆ ခုနှစ်၊ မတ်လ (၁၆- ၁၇) ရက်နေ့တို့တွင် နံနက် (၈) နာရီမှ ညနေ (၅) နာရီအထိ မန္တေလးမြို့ရှိ Hotel HAZEL Mandalay ၌ အောင်မြင်စွာ ပူးပေါင်းဖွင့်လှစ်နိုင်ခဲ့ပါသည်။

ပထမဦးစွာ Yangon-MCIA အသင်း ဥက္ကဌ၊ ဒေါ်ခင်တိုးယဉ် နှင့် MPPA အသင်း၏ ဥက္ကဌဖြစ်သူ ဦးသူရိန်ထွန်းတို့မှ သင်တန်း ဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်နှင့် ကြိုဆိုနှုတ်ခွန်းဆက်စကားတို့အား ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အသင်းနှစ်သင်း (MPPA & Yangon-MCIA) ပူးပေါင်းကာ ဖွင့်လှစ်သည့် Print 2.0: Empowering the Printing Industry with AI (Mandalay) သင်တန်းပို့ချမှုအတွက် မြန်မာနိုင်ငံပုံနှိပ်နှင့်ထုတ်ဝေသူလုပ်ငန်းရှင်များအသင်း (MPPA) မှ ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း (Yangon-MCIA) အား အလှူငွေ သိန်း (၁၀၀) ကျပ်ကို လှူဒါန်းခဲ့ပါသည်။

သင်ကြားပေးသည့် ဆရာ/ဆရာမများမှာ..
- ဦးအောင်ပြည့်ဖြိုး
- ဒေါက်တာမြမြလွင်
- ဒေါက်တာကျော်ဖြိုးလင်း နှင့်
- ဦးသူရိန်ထွန်း တို့ဖြစ်ပါသည်။

သင်တန်း၏ ရည်ရွယ်ချက်မှာ ပုံနှိပ်နှင့်ထုတ်ဝေရေးလုပ်ငန်းများတွင် AI နည်းပညာအား အသုံးပြုပြီး လုပ်ငန်းခွင်၌ ပိုမိုမြန်ဆန်၊ လွယ်ကူစေရန်အတွက် ဖြစ်ပါသည်။

တက်ရောက်သင်ကြားသည့် သင်တန်းသားဦးရေ (၂၀၀) ရှိပြီး၊ သိလိုသည့်မေးခွန်းများကိုလည်း ဆရာ/မများမှ စာတွေ့၊ လက်တွေ့နှင့်တကွ ပြန်လည်ရှင်းလင်းဖြေကြား ပေးခဲ့ပါသည်။

သင်တန်းဖြစ်မြောက်စေရန် ကူညီဆောင်ရွက်ပေးခဲ့ကြသော နှစ်ဖက်အသင်းမှ ဥက္ကဋ္ဌများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များနှင့် MPPA Office Team အား ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း ( Yangon-MCIA ) မှ အထူးပင်ကျေးဇူးတင်ရှိပါသည်။🙏🙏🙏

17/03/2026

The Future Of Finance (One Day Training)

Manual Accounting ခေတ်ကနေ AI နဲ့ ERP အသုံးပြုတဲ့ Intelligent Finance ခေတ်ကို ကူးပြောင်းဖို့ အဆင်သင့်ဖြစ်ပြီလား?

နည်းပညာတွေ အရှိန်အဟုန်နဲ့ တိုးတက်လာတဲ့ ဒီနေ့ခေတ်မှာ Finance ခေါင်းဆောင်တစ်ယောက်အနေနဲ့ Excel တစ်ခုတည်းနဲ့တင် မလုံလောက်တော့ပါဘူး။ သင့်ရဲ့ လုပ်ငန်းလည်ပတ်မှုတွေကို ပိုမိုမြန်ဆန်၊ တိကျပြီး စမတ်ကျလာစေဖို့ "The Future of Finance" သင်တန်းမှ ကြိုဆိုလိုက်ပါတယ်။

ဒီသင်တန်းမှာ ဘာတွေလေ့လာရမလဲ?

Manual စနစ်ကနေ Digital Finance ကို ဘယ်လိုပြောင်းမလဲ?

ခေတ်သစ် Finance အတွက် ERP ရဲ့ အခန်းကဏ္ဍ
Finance ကဏ္ဍမှာ AI ကို လက်တွေ့ဘယ်လို အသုံးချမလဲ?

Digital Finance Ecosystem တစ်ခုကို ဘယ်လိုတည်ဆောက်မလဲ?

ဘယ်သူတွေ တက်ရောက်သင့်သလဲ?
✅ Chief Accountants & Finance Managers
✅ Senior Accountants & Internal Auditors
✅ Business Owners & Finance Team Leaders

သင်ကြားပေးမည့်ဆရာမမှာ.
Dr. Mya Mya Lwin
Founder, MBCSD Co., Ltd.
Recipient of the ASOCIO Women in Tech Award
Expert in ERP Systems, Cloud Technology & Digital Transformation

📅 Date: April 5, 2026
🕘 Time: 9 am - 5 pm
📍 Location: Kanaung Hub Hall, Building-14, 4th Floor, Hlaing Township.
💰 Fees: 100,000 Ks
သင်တန်းအမျိုးအစား - Physical Class

Physical Class: လက်ခံနိုင်သောသင်တန်းသားအရေအတွက်မှာ (၅၀) ဦး ဖြစ်ပါသည်။

(တက်ရောက်လိုသော သင်တန်းသားများမှာ မိမိ ကိုယ်ပိုင် Laptop ယူဆောင်လာရမည်ဖြစ်ပြီး အသင်းမှ Lunch Box နှင့် Coffee စီစဉ်ထားရှိပါမည်။)

စိတ်ပါဝင်စားသူများအနေဖြင့် (၃- ၄-၂၀၂၆) ရက်နေ့ နောက်ဆုံးထား၍ အောက်ပါ Google Form Link သို့ ဝင်ရောက်၍ စာရင်းပေးသွင်းနိုင်ပါသည်။

Google Form Link- https://forms.gle/9qskW86bhkfvi7FJ9

Payment Method:
AYA (A/C Name: Yangon Region Computer Industry Association AYA A/C No: 4000 2310 486),
KBZ (A/C Name: Yangon Region Computer Industry Association KBZ A/C No: 0213 0402 1053 7570 1)
KBZ Quick Pay: Yangon-MCIA

#လူဦးရေကန့်သတ်ထားပါသဖြင့် မြန်မြန်စာရင်း​ပေးသွင်းပါရန် #

အသေးစိတ်သိရှိလိုပါက 📞 Contact: 09-428655612, 09-425022976 သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Building (14), Room (604), MICT Park, Hlaing Universities' Campus, Hlaing Tsp
Yangon
11052

Opening Hours

Monday 09:00 - 16:30
Tuesday 09:00 - 16:30
Wednesday 09:00 - 16:30
Thursday 09:00 - 16:30
Friday 09:00 - 16:30
Saturday 09:00 - 16:30