You Matter Most

You Matter Most

Share

we listen,we care and we will advise you🍀

29/05/2026

အနာဂတ်မှာ ဘာဖြစ်ချင်လဲ "

ငယ်ငယ်ကတော့ အသက်ကြီးလာရင် ဖြစ်ချင်တာတွေ အများကြီးပဲ။ ဒါပေမဲ့ လက်ရှိဘဝရဲ့ ရုန်းကန်ရမှုတွေကြားထဲမှာ အိပ်မက်တွေက တဖြည်းဖြည်း မှေးမှိန်လာပြီး အခုအချိန်မှာတော့ "အနာဂတ်မှာ ဘာဖြစ်ချင်လဲ" လို့ မေးရင်...ကြီးကြီးမားမား အောင်မြင်မှုတွေလည်း အဆင်ပြေပြီး မတမ်းတရဲတော့ဘူး။

စီးပွားရေးအဆင်ပြေပီး အောင်မြင်တဲ့သူတစ်ယောက် ဖြစ်ဖို့ထက်... မနက်ဖြန်တွေမှာ စိတ်ပင်ပန်းမှုတွေ နည်းသွားဖို့ပဲ မျှော်လင့်မိတယ်။အောင်မြင်ကျော်ကြားတဲ့ ဘဝထက်... ညဘက်တွေမှာ အတွေးမများဘဲ အိပ်ပျော်နိုင်တဲ့ စိတ်အေးချမ်းမှုမျိုးပဲ လိုချင်တော့တယ်။

ဒါပေမယ့် တကယ်တော့ “ဘာဖြစ်ချင်လဲ” ဆိုတာထက်
“ဘယ်လိုလူဖြစ်ချင်လဲ” ဆိုတာက ပိုအရေးကြီးတယ်လို့ ထင်မိတယ်။

ကျွန်တော်ကတော့ အနာဂတ်မှာ
ကိုယ့်ဘဝကို ကိုယ်တိုင်ရွေးချယ်နိုင်တဲ့ လူတစ်ယောက်ဖြစ်ချင်တယ်။ပိးတော့လေ ကျတော်ပျော်ရွှင်ချင်တယ်။ အတုအယောင် တွေ စိတ်ညစ်စရာတွေမရှိဘဲ အမှန်တကယ်လူကော စိတ်ကော ပျော်ရွှင်တဲ့သူတယောက်ဖြစ်ချင်တယ်။

ပင်ပန်းခဲ့ပေမယ့် မလက်လျှော့ခဲ့တဲ့သူ…
အမှောင်တွေကြားထဲကနေတောင် ကိုယ့်အလင်းကို ကိုယ်ရှာနိုင်ခဲ့တဲ့သူ…
အဲ့လို လူတစ်ယောက်ဖြစ်ချင်တယ်။

အနာဂတ်ဆိုတာ ဝေးလွန်းသလို ထင်ရပေမယ့် ဒီနေ့ကြိုးစားမှုလေးတွေကပဲ
မနက်ဖြန်ကို တည်ဆောက်နေတာပါ။
ငါ့ရဲ့အနာဂတ်မာကော ငါဟာ ငါ့စိတ်ကူးထဲကအတိုင်းပျော်ရွှင်တဲ့ သူတယောက်ဖြစ်လာပါ့မလား...

27/05/2026

မိုးရေထဲက အလွမ်းညများ”

ငယ်ငယ်ကတော့ မိုးရွာရင် ရေဆော့ရမှာကိုပဲ ပျော်ခဲ့ဖူးတာ။ ဒါပေမဲ့ အရွယ်လေးရလာပြီး နှလုံးသားထဲမှာ "ချစ်ခြင်းတရား" ဆိုတဲ့အရာ နေရာယူလာတဲ့အခါမှာတော့ မိုးရာသီဟာ ပျော်စရာထက် လွမ်းမောစရာ အတိပြီးတဲ့ ရာသီတစ်ခု ဖြစ်လာခဲ့တယ်။

ညက တညလုံး မိုးတွေရွာနေခဲ့တယ်။
ပြတင်းပေါက်မှန်ပေါ်ကို တဖြည်းဖြည်း စီးကျလာတဲ့ မိုးရေစက်တွေက ငါ့စိတ်ထဲက အမှတ်တရတွေလိုပဲ… တိတ်တိတ်လေး နာကျင်စေတယ်။

လမ်းမီးအဝါရောင်ဖျော့ဖျော့အောက်မှာ မြင်နေရတဲ့ မိုးရေခိုးငွေ့တွေက တချိန်က မင်းနဲ့အတူ လမ်းလျှောက်ခဲ့ဖူးတဲ့ညတွေကို ပြန်သတိရစေတယ်။
“မိုးရွာရင် ငါ့ကို သတိရနော်” လို့ မင်းပြောခဲ့ဖူးတာကို ငါမေ့မရသေးဘူး။

အခုတော့ မိုးရွာတိုင်း…
မင်းကိုပဲ သတိရနေမိတယ်။

အခန်းလေးက မှောင်မှောင်နဲ့ တိတ်ဆိတ်နေတယ်။
ဖုန်း screen ပေါ်က မင်းနာမည်ကို ကြည့်ပြီး message ပို့ချင်စိတ်တွေ အကြိမ်ကြိမ် ဖြစ်လာပေမယ့် “last seen long ago” ဆိုတဲ့စာကြောင်းလေးက ငါ့ကို ပြန်တိတ်ဆိတ်စေတယ်။

မိုးရေစက်တွေက ကမ္ဘာမြေကို ဆေးကြောပေးနိုင်ပေမဲ့ ရင်ထဲက အလွမ်းတွေကိုတော့ ဘာလို့ ပိုပြီး ကြီးထွားလာစေရတာလဲဆိုတာ တွေးလို့မဆုံးနိုင်ပါဘူး။

မိုးသံတွေ တဖြည်းဖြည်း စဲသွားတဲ့အခါ ညဉ့်နက်သန်းခေါင်ရဲ့ အလွမ်းညဟာလည်း ကုန်ဆုံးခြင်းဆီကို ဦးတည်သွားပါလိမ့်မယ်။ မိုးလင်းလို့ နေရောင်ခြည်သစ်တွေ ဖြာကျလာတဲ့အခါမှာတော့ ညက လွမ်းခဲ့သမျှတွေကို ရင်ထဲမှာပဲ သေသေချာချာ ပြန်သိမ်းဆည်းပြီး ဘာမှမဖြစ်ခဲ့သလို မနက်ဖြန်ကို ပြန်စတင်လိုက်ပါအုန်းမယ်။

မိုးရေထဲက အဲ့ဒီအလွမ်းညတွေမှာ…
ငါဟာ တစ်ယောက်တည်း
မင်းကို တိတ်တိတ်လေး သတိရနေဆဲပါပဲ။

25/05/2026

မင်းနဲ့စတွေ့ခဲ့တဲ့နေ့ကို
ငါအခုထိ မှတ်မိနေတုန်းပဲ။
လူအများကြားထဲမှာတောင်မင်းရဲ့အသံ၊ မင်းရဲ့အပြုံး၊
မင်းမျက်လုံးထဲက နူးညံ့မှုတွေကငါ့ကို ထူးထူးခြားခြား ဆွဲဆောင်ခဲ့တယ်။

မင်းနဲ့စကားပြောရတာကို သဘောကျတယ်။
မင်းစိတ်ဆိုးရင် ချော့ပေးချင်တယ်။မင်းဝမ်းနည်းနေရင်
အနားမှာ ထိုင်ပေးချင်တယ်။မင်းပျော်နေရင်ငါပါ လိုက်ပျော်မိတယ်။

အဲ့ဒီအချိန်တုန်းကအချစ်ဆိုတာ ဒီလောက်တောင် နူးညံ့နိုင်တယ်လို့ငါမထင်ခဲ့ဖူးဘူး။

ဒါပေမဲ့
အချစ်တွေ အားလုံးကအဆုံးထိ လှပနေကြတာ မဟုတ်ဘူး။တဖြည်းဖြည်းနဲ့ငါတို့ကြားမှာ နားမလည်မှုတွေ ပေါ်လာတယ်။မပြောဖြစ်တဲ့ စကားတွေ များလာတယ်။
ဖုန်းခေါ်သံတွေ နည်းလာတယ်။“သတိရတယ်” ဆိုတဲ့ စကားလုံးတောင်အရင်လို မနွေးထွေးတော့ဘူး။

ငါသိလာခဲ့တယ်…လူနှစ်ယောက် ချစ်နေကြပေမဲ့
အမြဲတမ်း အတူတူနေလို့ မရနိုင်ဘူးဆိုတာ။

တနေ့မှာ
မင်းက ငါ့ကို မကြည့်တော့ဘဲတိတ်တိတ်လေး ပြောခဲ့တယ်။“ငါတို့ ဒီလောက်နဲ့ပဲ ရပ်လိုက်ရအောင်…”
အဲ့စကားကို ကြားတဲ့အချိန်ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်သွားသလိုပဲ။

ငါ မငိုချင်ခဲ့ဘူး။ဒါပေမဲ့ မင်းရှေ့မှာတင်
မျက်ရည်တွေ ကျလာခဲ့တယ်။တကယ်တော့
ငါဝမ်းနည်းခဲ့တာမင်းထွက်သွားလို့တင် မဟုတ်ဘူး။
တစ်ချိန်က“အဆုံးထိ ရှိပေးမယ်” လို့ ပြောခဲ့တဲ့လူက
နောက်ဆုံးမှာငါ့ကို ထားခဲ့တာကြောင့်ပဲ။

သီချင်းတွေ နားထောင်ရင် မင်းကို သတိရတယ်။
လမ်းဟောင်းတွေ ဖြတ်သွားရင် မင်းကို မြင်ယောင်တယ်။ဖုန်း notification တက်တိုင်း
မင်းများလားလို့ မျှော်မိတုန်းပဲ။
အတိတ်က အမှတ်တရတွေ အကုန်လုံးက အကျဥ်းထောင် တခုလို ငါ့ကို ပိတ်လှောင်ထားခဲ့တယ်။

တချို့လူတွေကဘဝထဲက ထွက်သွားကြပေမဲ့
နှလုံးသားထဲကတော့ဘယ်တော့မှ မထွက်သွားနိုင်ဘူး။

ငါတို့အချစ်ကပျော်ရွှင်စရာ အဆုံးသတ်မရခဲ့ပေမဲ့
ငါ့ဘဝမှာ အမှန်တကယ် ချစ်ခဲ့ဖူးတဲ့
အလှဆုံး အမှတ်တရတစ်ခုတော့ ဖြစ်ခဲ့တယ်။

အချိန်တွေ နောက်ပြန်လှည့်လို့ရရင်
မင်းကို ထပ်ချစ်မိဦးမှာပဲ…”

ရှင်ကွဲကွဲသော အချစ်ဆိုတာ
လူနှစ်ယောက် ခွဲသွားတာထက်
မေ့ချင်ပေမဲ့ မမေ့နိုင်သေးတဲ့
နှလုံးသားတစ်ခုရဲ့ နာကျင်မှု တခုအဖြစ်ကျန်ရှိနေအုန်းမှာပါ....

24/05/2026

တချို့ညတွေမှာ…
မြို့ကြီးရဲ့ ဆူညံသံတွေကြားထဲ
တိတ်တိတ်လေး အိမ်ကိုလွမ်းနေမိတယ်။

အဝေးကို ရောက်ခါစက "ငါ ဖြစ်အောင်လုပ်မယ်၊ ငါ ရုန်းကန်နိုင်တယ်" ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ အားတင်းခဲ့တာ။ ဒါပေမဲ့ အချိန်တွေ ကြာလာလေလေ၊ ရင်ထဲမှာ အိမ်ကို လွမ်းတဲ့စိတ်က ပိုပြီး ကြီးစိုးလာလေလေပဲ။ ဒီမှာ အရာရာက စက်ရုပ်တွေလို လည်ပတ်နေပြီး စိမ်းသက်လွန်းတယ်။ အိမ်မှာတုန်းက ခံစားခဲ့ရတဲ့ နွေးထွေးမှုမျိုး၊ လုံခြုံမှုမျိုးကို ဒီမြို့ကြီးရဲ့ ဘယ်နေရာမှာမှ ရှာလို့မရဘူး။

တခါတလေ
ဖုန်းထဲက အိမ်ပုံလေးတွေ ကြည့်ပြီး
အသံမထွက်ပဲ ငိုမိတယ်။
မိသားစုကို မစိုးရိမ်စေချင်လို့
“ဒီမှာအဆင်ပြေတယ်” လို့ပဲ ပြောနေမိတာ။
တကယ်တော့…
အိမ်ကို အရမ်းပြန်ချင်နေပြီ။

အမေချက်တဲ့ဟင်းနံ့ကို လွမ်းတယ်…
မနက်စောစော အဖေဖွင့်ထားတဲ့ ရေဒီယိုသံကို လွမ်းတယ်…
ညနေခင်း အိမ်ရှေ့မှာ ထိုင်ပြီး
ဘာအရေးကြီးစကားမှ မဟုတ်ပဲ
မိသားစုနဲ့ စကားပြောနေခဲ့တဲ့ အချိန်တွေကို လွမ်းတယ်။

အဝေးရောက်နေတဲ့သူတယောက်အတွက်
အိမ်ဆိုတာ နေရာတခုမဟုတ်ဘူး…
စိတ်ပင်ပန်းသွားတိုင်း ပြန်ခိုချင်တဲ့
နှလုံးသားရဲ့ အေးချမ်းမှုလေးတခုပဲ။🤍

23/05/2026

ဘယ်တုန်းက ငါလဲ..

မင်းငါ့ကိုချစ်တယ်​လို့ ပြောခဲ့တယ်နော်
ဒါပေမဲ့ ဘယ် ငါ ကို မင်းချစ်တာလဲ
အခုဒီစာကိုရေးနေတဲ့ငါလား
မနေ့ညက ဆေးကွဲပီး အရူးလိုထိုင်ငိုနေတဲ့ငါလား
တနေ့က မိုးရေထဲ ခြေဦးတည့်ရာသွားနေတဲ့ငါလား
မူယစ်ဆေးနဲ့ အရက် ကိုပိုပိးဆွဲလမ်းလာတဲ့ငါလား
ဘယ်နေရာမှာမှ လူရာမဝင်တဲ့ ငါလား
ဘယ် ငါ့ ကိုမင်းချစ်တာလဲ
ငါလည်းငါ့ကိုယ်ငါ ဘယ်သူလဲ ဆိုတာကို မမှတ်မိတော့ဘူး...

22/05/2026

ရှင်သန်ခြင်းဟာ အဓိပ္ပါယ်မဲ့..

တနေ့တနေ့ နိုးလာရတာတောင် ပင်ပန်းတယ်။
ဘာမှမလုပ်ရသေးခင်ကတည်းက စိတ်က
မောနေပြီးသား။
အကြောင်းမရှိဘဲ ဝမ်းနည်းတတ်လာတယ်၊
လူတွေအများကြီးကြားထဲမှာတောင်
တယောက်တည်းဖြစ်နေသလို ခံစားရတယ်။

အပြင်ပန်းကြည့်ရင်တော့ ငါဟာ တခြားသူတွေလိုပဲ သွားလာ လှုပ်ရှားနေပြီး ပုံမှန်အတိုင်း ရယ်မောပြနေတတ်တဲ့ လူငယ် တယောက်ပါ။ ဒါပေမယ့် အဲဒီအပြုံးတွေရဲ့ နောက်ကွယ်မှာတော့ စိတ်ကျရောဂါ (Depression) ဆိုတဲ့ အမှောင်ထုကြီးကို နေ့တိုင်း အသံတိတ် တိုက်ခိုက်နေရတယ်။

ညတွေဆို ဖုန်းကိုပဲကြည့်နေမိတယ်။
အိပ်မပျော်ဘူး။
ခေါင်းထဲမှာ အတွေးတွေများလွန်းလို့
တိတ်ဆိတ်တဲ့အချိန်တိုင်း
ကိုယ့်ကိုယ်ကို ပြန်နာကျင်စေမိတယ်။

“ငါအသက်ရှင်နေရတာဘာအတွက်လဲ”
“ငါဘာလို့ ဒီလိုဖြစ်နေတာလဲ”
“ငါပျောက်သွားရင် ဘယ်သူသတိထားမလဲ”
“ငါ့ကို တကယ်လိုအပ်တဲ့သူ ရှိသေးရဲ့လား”

တခါတလေ
ငါလိုချင်တာက
အကြံဉာဏ်တွေ မဟုတ်ဘူး။
“မင်းပင်ပန်းနေပြီဆိုတာ ငါသိတယ်” လို့
နားလည်ပေးမယ့် လူတယောက်ပဲ။
:::

22/05/2026

ငါဘယ်သူလဲ ....

လူတွေက ငါ့ကို ပျော်ပျော်နေတက်တယ်လို့ ထင်ကြတယ်။
ခင်ဖို့ကောင်းတယ်
အဆင်ပြေနေသလို နေတတ်တယ်
ဒါပေမဲ့ တကယ်တော့
ငါ့ခေါင်းထဲမှာ ဘယ်သူမှမကြားတဲ့ အသံတွေ အမြဲရန်ဖြစ်နေကြတယ်။

“မင်းက ဘာမှမဟုတ်ဘူး…”
“မင်းကို ဘယ်သူမှ တကယ်မချစ်ဘူး…”
“အဲ့ဒီအပြုံးတွေ အကုန် အတုယောင်တွေ…”

တစ်ခါတစ်လေ
ကိုယ့်ကိုယ်ကို မှန်ထဲ ကြည့်ရင်း“ဒီ ခန္ဓာကိုယ်ထဲမှာ နေတဲ့သူက ငါတကယ်လား…” ဆိုပြီး ကြောက်လာတယ်။
တခြားသူတွေရှေ့မှာတော့ ပုံမှန်လူတစ်ယောက်လိုပဲ နေတယ်ဆိုပေမဲ့ တစ်ယောက်တည်းဖြစ်သွားတဲ့အချိန်တိုင်း
စိတ်ထဲက အမှောင်ထု က ဖြည်းဖြည်းချင်း အခန်းတစ်ခုလုံးကို လှိုက်စားသွားတယ်။

ငါဟာ လူတွေအတွက် သူငယ်ချင်းတစ်ယောက် ဖြစ်နိုင်တယ်။
တချို့အတွက် ချစ်သူ
တချို့အတွက် မိသားစု

ဒါပေမဲ့ ငါ့ကိုယ်ငါ ပြန်မိတ်ဆက်ရမယ်ဆိုရင်
ဘာပြောရမလဲ မသိတော့ဘူး။ ဘာလို့လဲဆိုတော့
နေ့တိုင်း မတူညီတဲ့မျက်နှာဖုံးတွေ ဝတ်ပြီး နေနေရတာ ကြာလာတော့ ငါ့ပုံစံအမှန် ကိုတောင် မမှတ်မိတော့ဘူး။

တချို့ညတွေမှာ
ငါ့စိတ်ထဲက အမှောင်တွေကို နားထောင်ရင်း
“တကယ်လို့ ငါပျောက်သွားရင် ဘယ်သူသတိထားမလဲ…” ဆိုတဲ့ အတွေးက
အသက်ရှူသံထက်တောင် ပိုကျယ်လာတယ်။

အဆိုးဆုံးက
ငါက အကူအညီလိုနေတယ်ဆိုတာ သိနေပြီး
ဘယ်သူ့ဆီမှ လက်မလှမ်းနိုင်တာပဲ။

ငါ အဆင်ပြေပါတယ်” ဆိုတဲ့ လိမ်ညာမှုနဲ့
နောက်တစ်နေ့ကို ထပ်ရှင်သန်ရအုန်းမယ်။

ဒါပေမဲ့ အမှန်တရားကတော့

ငါ့ကိုယ်ငါတောင်
“ငါ ဘယ်သူလဲ” ဆိုတာ
မသိတော့ဘူး။

21/05/2026

မင်းတကယ်အဆင်ပြေနေရဲ့လား 🤍

ဖုန်း screen ပေါ်က Notification တွေ၊ အလုပ်ခွင်က တာဝန်တွေနဲ့ ပတ်ဝန်းကျင်က ဝေဖန်မှူတွေကြားမှာ ကျွန်တော်တို့တွေဟာ "နေကောင်းလား" လို့ အမေးခံရတိုင်း "အဆင်ပြေပါတယ်" ဆိုတဲ့ စကားလုံးနောက်ကွယ်မှာ ပုန်းကွယ်နေတတ်ကြပါတယ်။ အဲဒီစကားစုဟာ တကယ်တော့ ကမ္ဘာပေါ်မှာ အသုံးအများဆုံးနဲ့ အထီးကျန်ဆုံး လိမ်ညာမှုတစ်ခုမှန်း ကိုယ်တိုင်လည်း သိနေတာပဲ မဟုတ်လား။လူတွေကြားမှာ ရယ်မောနေပြီး
တစ်ယောက်တည်းဖြစ်သွားတဲ့အချိန် ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်သွားတဲ့အခါမှကိုယ့်နှလုံးသားဆီက တိုးတိုးလေး ထွက်လာတဲ့ ဒီမေးခွန်းကို မင်း ကြားဖူးရဲ့လား။

"ငါ... တကယ်ကော အဆင်ပြေနေရဲ့လား..."တဲ့

ငါတို့အားလုံးမှာ
ဘယ်သူမှ မမြင်ရတဲ့ ဒဏ်ရာတွေရှိတယ်။
ဘယ်သူမှ မသိတဲ့ ဖိအားတွေရှိတယ်။
“ငါအဆင်ပြေပါတယ်” ဆိုတဲ့ စကားနောက်ကွယ်မှာ
မျက်ရည်တွေ အများကြီး ဖုံးကွယ်ထားရတတ်တယ်။
ဒါပေမဲ့ ငါတို့ သဘောပေါက်ထားရမှာက "အမြဲတမ်း အဆင်ပြေနေဖို့ မလိုပါဘူး"။ လူသားတစ်ယောက်ဖြစ်တဲ့အတွက် စိတ်ဓာတ်ကျတာ၊ ပင်ပန်းတာ၊ ငိုချင်တာဟာ သဘာဝပါပဲ။
အဆင်မပြေတာကို အဆင်ပြေပါတယ်လို့ အတင်းအဓမ္မ ဖိနှိပ်ချုပ်ချယ်ထားတဲ့အခါ ရေရှည်မှာ စိတ်ဒဏ်ရာတွေ ပိုကြီးလာတတ်ပါတယ်။ ကိုယ်က AI စက်ရုပ်တစ်ရုပ်မဟုတ်တဲ့အတွက် တစ်ခါတလေကျရင် လက်လျှော့လိုက်ချင်တာ၊ အနားယူချင်တာဟာ အပြစ်
မဟုတ်ပါဘူး။ငါတို့ဘာမှမမှားပါဘူး။

မနက်ဖြန်တွေမှာ ဒီထက်ပိုပြီး ကောင်းမွန်တဲ့ နေ့ရက်တွေ ဖြစ်လာမှာပါ။ ကိုယ့်ကိုယ်ကိုယ် အရမ်းကြီး အားမနာပါနဲ့၊ မင်းရဲ့ စိတ်ကျန်းမာရေးက အရာအားလုံးထက် ပိုအရေးကြီးပါတယ်။ဒါမဲ့ငါတို့လုံးဝအ
ရှုံးပေးလို့တော့မရဘူးနော်။

ဒီနေ့တော့ အဆင်မပြေလည်း ရပါတယ်... မနက်ဖြန်ကျရင် ငါတို့ ပြန်ကြိုးစားကြတာပေါ့။🤍

20/05/2026

အားလုံးပဲ မင်္ဂလာပါ။🙏
ဒီpage ဟာ မိသားစု၊သူငယ်ချင်းတွေကို ပြောပြချင်ပေမဲ့ ပြောပြလို့မရတဲ့ ကိစ္စတွေ ပြသနာတွေကို လွပ်လွပ်လပ်လပ် ရင်ဖွင့်နိုင်ဖို့နဲ့ လိုအပ်တဲ့အားပေးစကားတွေပြောပေးဖို့ ရည်ရွယ်ပါတယ်။🍀
ကျန်းမာရေး ၊လူမှုရေး ၊အချစ်ရေး ၊စီးပွားရေး ၊မိသားစုရေးရာ ၊ LGBTအချစ်ရေး ၊အလှပရေးရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကိစ္စအားလုံးကို အသေးစိတ်အားမနာတမ်းမေးနိုင်ပါတယ်၊
မင်မင်တို့ နယ်ပယ်ပေါင်းစုံက Volunteer သူငယ်ချင်းတွေစုပိး ပရဟိတ လုပ်ထားပေးတဲ့ page လေးဖြစ်လို့ မေးခွန်းတိုင်းနဲ့ဆွေးနွေးမှုတိုင်းဟာ မှန်ကန်ပိး အခမဲ့ဖြစ်ပါတယ်။ ကိုယ်ရေးကိုယ်တာလုံခြုံမှုကိုလည်း 100% အာမခံပါတယ်။
နောက်ပိုင်းမှာ ရီးစားရှာပေးတဲ့ post လေးတွေအပြင် motivationဆိုင်ရာ post တွေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ပြင်ဆင်ရေးကိစ္စတွေကိုပါတင်ပေးမှာမို့လို့ page လေးကို follow လုပ်ပေးခဲ့ပါအုန်းနော်
🤗🤗

Telephone

Website

Address


Yangon
1111