Train 4 Change Yangon

Train 4 Change Yangon

Share

Life Project 4 Youth is a professional organization that accompanies excluded youth adults towards social and professional integration.

Photos from Train 4 Change Yangon's post 24/10/2025

[English version below]

🗓️2025 ခုနှစ် အောက်တိုဘာလ 22ရက်နေ့တွင် LP4Y မှ Youths များသည် Myanmar innovative life science(MILS) မှ WYNDHAM Grand Yangon Hotel၌ကျင်းပသော Food System Forumပွဲ🕋သို့ volunteer 🧒အနေဖြင့် တက်ရောက်ကာ ပွဲစီစဉ်ကျင်းပရာတွင် အ‌ဆင်ပြေချောမွေ့စေရေးအတွက် အားတက်သရော ပါဝါအားဖြည့်ပေးခဲ့ကြပါသည်။
📌ထိုFood System Forum သို့ တက်ရောက်လာကြသော ဧည့်ပရိသတ်များအား ကျွန်တော်တို့လူငယ်များ အနေဖြင့်ပွဲစီစဉ်ကျင်းပနေစဉ်အတွင်းတက်ရောက်လာကြသောကုမ္ပဏီများ ၊ အဖွဲ့အစည်းများ၊ ပံ့ပိုးကူညီကြတဲ့ အကျိုးတော်ဆောင်များ၊ နိုင်ငံခြားဧည့်သည်များ၊ လာရောက်လေ့လာသူများ ကို register ဖြည့်ပေးခြင်း၊ စီစဉ်ပေးထားသော ခန်းမအသီးသီးသို့ လမ်းညွှန် ပို့ဆောင်ပေးခြင်း၊ လိုအပ်ချက် ဆောင်ရွက်လိုသည်များကို ကူညီဆောင်ရွက်ပေးခြင်း တို့ဖြင့် ပါဝင်အားဖြည့်ပေးထားပါသည်။
📌ထိုသို့ Food System Forum ပွဲသို့ volunteer အနေဖြင့် ပါဝင်အားဖြည့်ပေးရခြင်းကြောင့် ကျွန်တော်တို့လူငယ်များအနေဖြင့် ဆက်သွယ်ရေး နဲ့ ဝန်ဆောင်မှု ပိုင်းဆိုင်ရာ အသိပညာ အတွေ့အကြုံ✨💯များကို လက်တွေ့ကျစွာ လေ့လာမှတ်သားခဲ့ရခြင်းကြောင့် ပံ့ပို့ကူညီပေးပါသော Myanmar innovative life science(MILS) အား အထူးပင်ကျေးဇူးတင်ရှိပါသည်။ 🌐

🗓️ On October 22, 2025, the Youths from LP4Y participated as volunteers at the Food System Forum organized by Myanmar innovative life science(MILS), held at WYNDHAM Grand Yangon Hotel. During the event, they actively contributed to ensure that the forum was well-organized and ran smoothly. 🧒✨

📌 As part of their volunteer duties, the Youths assisted in registering attendees, guiding companies, organizations, supporters, international guests, and visitors to their designated areas and halls, and helping to fulfill any immediate needs or requests throughout the event.

📌 By participating as volunteers in the Food System Forum, the Youths had the valuable opportunity to gain hands-on experience and improve their communication and service skills. They would like to express their heartfelt gratitude to Myanmar innovative life science(MILS) for the meaningful support and learning opportunity provided. 🌐💯

21/10/2025

[English version below]

အားလုံးပဲမင်္ဂလာပါ ဒီနေ့မှာတော့ကျွန်တော်တို့ Life Project 4 Youth မှလူငယ်များအတွက်သတင်းကောင်းလေးတစ်ခုကို ပြောပြပေးချင်ပါတယ်။💁‍♂️🎉
ကျွန်တော်တို့ Program အကြောင်း မိတ်ဆက်ပေးချင်ပါတယ် ကျွန်တော်တို့ သင်တန်းဟာဆိုရင်ဖြင့် ကျောင်းမပြီးသေးသောလူငယ်များ၊ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းဆက်မတက်နိုင်တော့သည့်လူငယ်များ၊ လုပ်ငန်းခွင် အတွေ့အကြုံနည်းပါးသည့်သူများအတွက် အတွေ့အကြုံအခွင့်အလမ်းများစွာရရှိနိုင်မည့်သင်တန်းလေးဖြစ်ပါသည်။🍀✨
ဒီသင်တန်းလေးသည် အခမဲ့ ဖြစ်ပြီး အသက် 18 နှစ်မှ 24 နှစ်အတွင်း လူငယ်များ ပါဝင်နိုင်ပါသည်။🎂
သင်တန်းအချိန်လေးကတော့ Monday to Friday နံနက်8:45 မှ ညနေ 4:30 ထိဖြစ်ပါတယ်။🗓️
သင်တန်းကာလကတော့ 6လကြာမြင့်မှာဖြစ်ပြီး သင်တန်းပြီးမြှောက်ပါက ပြီးမြှောက်ကြောင်း certificate ပေးအပ်သွားမှာဖြစ်ပါသည်။🎊🎊
သင်တန်းသားသစ်များကိုလည်း တစ်လတစ်ခါခေါ်ယူပေးနေတာဖြစ်ပြီးတော့ လာမည့် နိုဝင်ဘာလ 3 ရက်နေ့အတွက်လည်း သင်တန်းသားသစ်များလက်ခံနေပြီဖြစ်သောကြောင့် လာရောက်စာရင်းပေးသွင်းနိုင်ပါပြီခင်ဗျာ။🙆‍♂️⚡
စိတ်ဝင်စားပါက ယခု page messenger တွင်လာရောက်မေးမြန်းနိုင်သလို အောက်ပါ ဖုန်းနံပါတ်ကိုလည်းဆက်သွယ်မေးမြန်းနိုင်ပါသည်။🙇‍♂️❣️

ဆက်သွယ်ရန် - 09 752 743 275 ☎️
____________________________________________________

Hello everyone! 🌟
Today, we from Life Project 4 Youth (LP4Y) are excited to share some good news for young people! 💁‍♂️

We’d like to introduce our training program, which is specially designed for:

- Youth who have not yet finished school,

- Those who, for various reasons, can no longer continue their education,

- And those with little or no work experience who wish to gain valuable opportunities and experience. 🍀✨

This program is completely free of charge and open to young people aged 18 to 24 years old. 🎂

📅 Class Schedule: Monday to Friday, from 8:45 AM to 4:30 PM.
⏳ Program Duration: 6 months.
Upon completion, participants will receive an official certificate of completion. 🎊🎊

We also accept new trainees every month, and we’re now open for registration for the upcoming batch starting on November 3rd. 🙆‍♂️⚡

If you’re interested, feel free to contact us via page Messenger or reach out through the phone number below for more information. 🙇‍♂️❣️

Contact - 09 752 743 275 ☎️

Photos from Train 4 Change Yangon's post 17/10/2025

[English version below]

🗓️2025 ခုနှစ်၊ အောက်တိုဘာလ 14 ရက်နေ့ တွင် External training အဖြစ် Dr.Chit Thet Khaing မှမြေနီကုန်း ပြင်သစ်ယဉ်ကျေးမှုဌာနမှာ ရှိတဲ့ LP4Y သို့ "Social & Management Skills Improvement For HR & Non-HR " ခေါင်းစဉ်ဖြင့် Youthsတွေအတွက်အရေးပါတဲ့HRဆိုင်ရာလုပ်ငန်းစဉ်များနဲ့ပတ်သက်ပြီးtrainingလာရောက်ပေးသွားတာဖြစ်ပါတယ်။📍

ဒီTrainingမှာဆိုရင်
📌Youthsတွေအတွက်အကျိုးရှိတဲ့လူမှုဆက်ဆံရေးSocial Skill)အထူးအရေးပါပုံ၊
📌Management skill ပိုမိုတိုးတက်လာအောင်အသေးစိတ်ကျကျplan ချမှတ်သင့်ပုံ၊
📌Teamwork များကို အပြုသဘော မဟုတ်ဘဲ တစိုက်မတ်မတ် တာဝန်ယူမှုတာဝန်ခံမှုရှိစွာ လုပ်ဆောင်သင့်ပုံ၊
📌Emotional intelligence အသုံးပြုပုံ
များကိုရှင်းလင်းစွာလေ့လာသင်ယူခဲ့ရတာပဲဖြစ်ပါတယ်။

🌐ယခုလို Youths တွေအတွက်အရေးပါလှတဲ့ managementပိုင်းဆိုင်ရာအသိပညာပေးဗဟုသုတများကို လာရောက် training ပေးပါ‌‌‌‌သော Dr. Chit Thet Khaing အား LP4Y လူငယ်များမှ အထူးပင် ကျေးဇူးတင်ရှိပါသည်။💭🧑‍🦱🧕

🗓️ On October 14, 2025, Dr. Chit Thet Khaing conducted an external training session at the French Institute, Myaynigone, for LP4Y Youths under the topic — “Social & Management Skills Improvement for HR & Non-HR.” 📍

During this training, the Youths had the opportunity to learn about:
📌 The importance of social skills in effective communication and relationships,
📌 How to strategically plan and enhance management skills,
📌 The value of teamwork — working with responsibility and accountability rather than obligation,
📌 And the use of emotional intelligence in workplace interactions.

🌐 The LP4Y Youths would like to express their heartfelt gratitude to Dr. Chit Thet Khaing for sharing such valuable knowledge and insights on essential management skills that are highly beneficial for young people. 💭🧑‍🦱🧕

Photos from Train 4 Change Yangon's post 17/10/2025

[English version below]

အောက်တိုဘာလ (၁၇) ရက်နေ့ဟာဆိုရင်တော့ တစ်ကမ္ဘာလုံးဆိုင်ရာဆင်းရဲမှု တိုက်ဖျက်ရေးနေ့ ဖြစ်ပါတယ်။
ဒီနေ့ဟာ လူတိုင်းအတွက်အခွင့်အလမ်းတူညီမှုရှိသင့်တယ်ဆိုတဲ့ သတိပေးမှုတစ်ခုပဲဖြစ်ပါတယ်။
ဆင်းရဲမှုဆိုတာ ငွေမရှိတာတစ်ခုပဲမဟုတ်ပါ။
တန်ဖိုးမထားခံရခြင်း၊ ပညာရေးမှ ခွဲခြားခံထားရခြင်း၊ ကျန်းမာရေးဝန်ဆောင်မှုများ တန်းတူညီစွာ မရရှိခြင်း—ဒါတွေအကုန်လုံးဟာ ဆင်းရဲမှုရဲ့မျက်နှာဖုံးတွေပဲဖြစ်ပါတယ်။

ဒီနေ့မှာ မေတ္တာ၊ မျှဝေမှုနဲ့ တန်ဖိုးထားမှုတို့ဖြင့် တစ်ဦးချင်းစီကနေ ပြောင်းလဲမှုကို စတင်နိုင်ဖို့အတွက်
အခြားသူတစ်ဦးရဲ့ အသံကို လေးနက်စွာနားထောင်ကြစို့။
အခွင့်အလမ်းမရှိသူတစ်ဦးအတွက် လှုပ်ရှားကြစို့။
အတူတကွ ဆင်းရဲမှုမရှိတဲ့ ကမ္ဘာကို တည်ဆောက်ကြစို့။☘️

ဆင်းရဲခြင်းဆိုတာ ဘာလဲ။

ဆင်းရဲခြင်းဆိုတာဟာ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ ‘နေထိုင်စရာ အဆောက်အအုံ၊ စားသောက်ဖို့ရာ အစားအစာ၊ ဝတ်ဖို့ရာ အဝတ်အစား’ ထိုအရာများတောင်

မပိုင်ဆိုင်ထားခြင်းပဲဖြစ်ပါတယ်။

ထိုကဲ့သို့ဆင်းရဲနေသော်လည်း ဘယ်တော့မှလက်မလျှော့ပါနဲ့။ ကိုယ့်ရဲ့အိမ်မက်တွေ၊ က်ိုယ့်မျှော်လင့်ချက်တွေနဲ့

ကိုယ့်တက်လမ်းတွေက်ိုအရှုံးမပေးဘဲ ကြိုးစားကြဖို့လိုအပ်ပါတယ်။

ဆိုရိုးတစ်ခုရှိသလိုပေါ့ “ ဆင်းဆင်းရဲရဲနဲ့မွေးလာခြင်းသည် ကိုယ့်အပြစ်မဟုတ်

ဆင်းဆင်းရဲရဲဖြင့်သေသွားရခြင်းသည်သာ ကိုယ့်အပြစ်ဖြစ်သည်။” ထို့အတွက် ဆင်းရဲခြင်းကို အံတုပြီးကြိုးစားကြပါစို့။

October 17 is the International Day for the Eradication of Poverty.
This day serves as a reminder that everyone deserves equal opportunities.
Poverty is not only about lacking money.
Being devalued, being denied access to education, and being unable to receive proper healthcare — all of these are different faces of poverty.
On this day, let’s begin to change through kindness, sharing, and respect.
Let’s listen deeply to the voices of others.
Let’s take action for someone who has no opportunity.
Together, let’s build a world free from poverty. ☘️

What is Poverty?
Poverty means not having even the basic necessities of life ‘shelter to live in, food to eat, and clothes to wear’.
Even if you are living in poverty, never give up.
Hold on to your dreams, your hopes, and your path forward and keep striving.
As the saying goes,
“Being born poor is not your fault,
but dying poor is.”
So, let’s face poverty with determination
and work hard to overcome it together.

Photos from Train 4 Change Yangon's post 16/10/2025

English version below]

13.10.2025 ရက်နေ့တွင် LP4Y လူငယ်များမှ Dayamit Community College တွင် “Goal Setting” နဲ့ ပတ်သက်တဲ့ Community Training တစ်ခုကို ကျင်းပခဲ့ပါတယ်။

ဒီ Trainingလေးမှာဆိုရင်တော့ လူငယ်တွေအတွက်
✨ ကိုယ့်ရဲ့ အနာဂတ်အတွက် Vision တစ်ခုတည်ဆောက်ခြင်း
✨ ရည်မှန်းချက် (Goals) ကို SMART method နဲ့ သတ်မှတ်နည်း
✨ လက်တွေ့ကျင့်သုံးနိုင်တဲ့ Plan တစ်ခုပြုလုပ်နည်း
✨ အောင်မြင်ဖို့အတွက် Motivation တည်ဆောက်နည်း
စတာတွေကို activities လေးတွေနဲ့အတူ sharing လုပ်ခဲ့ကြပါတယ်။

Organization တစ်ခုအနေနဲ့ ဒီလို Training တွေဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှု တိုးတက်စေဖို့၊ ကိုယ့်လမ်းကြောင်းကို ပိုမိုပြတ်သားအောင် ချမှတ်နိုင်ဖို့ အတွက် အထောက်အကူဖြစ်မယ်လို့လည်း ယုံကြည်ပါတယ်။

💡 ယခုလို တက်ကြွစွာ ပါဝင်ပေးခဲ့ကြတဲ့ Dayamit မှ လူငယ်တွေအားလုံးကိုလည်း LP4Y လူငယ်များမှ အထူးကျေးဇူးတင်ရှိပါတယ်!

On October 13, 2025, the youth from LP4Y organized a Community Training on “Goal Setting” at Dayamit Community College.

During this training, the youth had the opportunity to:
✨ Build a clear vision for their future
✨ Learn how to set goals using the SMART method
✨ Create a practical action plan they can apply in real life
✨ Understand how to stay motivated on the path to success

Through fun and interactive activities, the participants were able to share ideas and experiences with one another.

As an organization, we believe that such training sessions help young people build self-confidence and gain clarity about their personal and professional paths.

💡 The LP4Y youth would also like to express their heartfelt gratitude to all the young participants from Dayamit who actively joined and contributed to this meaningful session!

Photos from Train 4 Change Yangon's post 10/10/2025

World Mental Health Day 💚

October 10th 2025 🗓️

အချိန်နဲ့ တပြေးညီ အလျင်တစ်ခုနဲ့ ပြေးလွှားလှုပ်ရှားနေရတဲ့ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ… ကျွန်တော်တို့အမှန်တကယ် ဂရုစိုက်နေတဲ့အရာတွေက ဘာတွေဖြစ်မလဲ
အလုပ်ကိုအချိန်မီရောက်ဖို့လား၊ deadline ကပ်နေတဲ့ project တွေလား၊ အိမ်စာတွေ၊ စာမေးပွဲတွေလား၊ ဗလာဖြစ်နေတဲ့ပိုက်ဆံအိတ်နဲ့ တိုးတက်နေတဲ့ကုန်ဈေးနှုန်းတွေလား ...

ကျွန်တော်တို့ဟာ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ မိသားစုအရေး အမျိုးမျိုးနဲ့ ရုန်းကန်နေကြရင်း တစ်စုံတစ်ခုကို မေ့လျော့နေကြတတ်ပါတယ်။ ဒါကတော့ — 👉 ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့မသိလိုက်မသိဘာသာနဲ့ နေ့စဉ် လောကဒဏ်ရဲ့ရိုက်ခတ်မှု တွေကြား ကျွန်တော် တို့ရဲ့စိတ်မှာ ဖိစီးမှုတွေ၊ ပင်ပန်းနွမ်းနယ်မှုတွေ နဲ့အတူ လေးလံနေတာကိုရော သတိထားမိရဲ့လား။

ခန္ဓာကိုယ် ပင်ပန်းရင်အနားယူဖို့လိုသလို ခန္ဓာကိုယ် နဲ့အတူပြေးလွှားရုန်းကန်နေခဲ့ရတဲ့ကျွန်တော်တို့ရဲ့စိတ်ကလေးကိုလည်း အနားပေးဖို့ လိုပါတယ်နော်။

October 10ရက်နေ့ ဒီနေ့လေးကတော့ ကျွန်တော်တို့အချိန် အတော်ကြာလစ်လျူရှု ထားခဲ့မိတဲ့ စိတ်ကျန်းမာရေးအကြောင်းလေးကို remind လုပ်ပေးဖို့ရည်ရွယ်တဲ့နေ့လေးဖြစ်ပါတယ်။

🩵 ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါနော်...
ငါ အဆင်ပြေရဲ့လား။
ငါ့အတွက်ငါ အချိန်ဘယ်လောက်ပေးပြီးပြီလဲ။
ငါ့စိတ်ထဲမှာ နာကျင်မှုတွေ၊ ထိခိုက်မှုတွေ ဘယ်လောက်ကိန်းအောင်းနေပြီလဲ။
ငါ့ကိုယ်ငါ လစ်လျူရှုထားတာ ဘယ်လောက်ကြာပြီလဲ။
ဂရုစိုက်ရမယ့်အရာတွေသိပ်များလွန်းတာကြောင့် ကိုယ့်စိတ်ကို ဂရုစိုက်ဖို့မေ့လျော့နေတတ်ကြပါတယ်။
တခဏအနားယူပါ... ကိုယ့်စိတ်ကို နားလည်ဖို့ 💚
Seit Mate Swe - mental health စိတ်မိတ်ဆွေ mental wellbeing counseling corner ကလည်းသင့်အတွက်အမြဲရှိနေပါတယ်။

In our daily lives, where we are constantly rushing and moving at the speed of time itself… what are the things we truly care about?

Is it making it to work on time? Meeting project deadlines? Homework and exams? Or is it our empty wallets and the rising prices of goods…

Caught up in the struggles of economics, society, education, and family matters, we often forget something very important — 👉 to take care of ourselves.

Have you noticed that, without realizing it, our minds are burdened every day with stress, exhaustion, and heaviness?

Just as our bodies need rest when they are tired, our minds—constantly running alongside our bodies—also need rest.
Today, October 10, is a day meant to remind us of something we’ve long overlooked: mental health.

🩵 Take a moment to ask yourself…
Am I really okay?
How much time have I actually given myself?
How many pains and wounds are buried deep inside my heart?
How long have I been neglecting myself?
Because there are so many things we think we must take care of, we often forget to take care of ourselves.
So, take a pause… and try to truly understand your own mind 💚
And remember, Seit Mate Swe Mental Wellbeing Counseling Corner is always here for you.

Photos from Train 4 Change Yangon's post 10/10/2025

[English version below]

📅2025ခုနှစ် အောက်တိုဘာလ ၃ရက်နေ့တွင် LP4Y မှ youthများက Canal+ paytv channel companyသို့သွားရောက်လည်ပတ်ခွင့်ရခဲ့ပါတယ်🏨✨။
Canal+ဆိုတာ အားလုံးသိထားကြတဲ့အတိုင်းပဲ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အောင်မြင်နေတဲ့ ရုပ်သံchannel တစ်ခုဖြစ်ပါတယ် 📺။ ဒါ့အပြင် နိုင်ငံတကာမှာလည်း canal+ ရုပ်သံလှိုင်းပေါင်းများစွာလည်းရှိပါသေးတယ် 💁‍♂️။

Canal+ ဟာဆိုရင် ကိုယ်တိုင် produceလုပ်ထားတဲ့ ဇာတ်ကားများနဲ့ ရုပ်သံအစီအစဉ်များအပြင် နိုင်ငံတကာ ဇာတ်လမ်းများကိုလည်း ဝယ်ယူထုတ်လွှင့်ပြသနေတဲ့ TV channel ဖြစ်ပါတယ် 🗺️။
LP4Y လူငယ်များက canal+ မှ HR manager Kinsnar Thu၊ LP4Yရဲ့ star1ယောက်ဖြစ်သူ မအမရာတိုးမိုး ၊ Graphic design creator တစ်ယောက်ဖြစ်တဲ့ ကိုဇင်မင်းနိုင် နှင့် payTVရဲ့ copy right ပြသနာတွေကို တာဝန်ယူဖြေရှင်းသူ မဖြိုးသီရိမွန်တို့နဲ့ တွေ့ဆုံပြီး ဗဟုသုတများစွာကို ရရှိခဲ့ပါတယ် 📢။ ဆွေးနွေးပေးတဲ့အကိုအမတွေနဲ့ အမေးအဖြေကဏ္ဍလည်းပါဝင်ခဲ့ပြီး စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာများစွာကို သိရှိခဲ့ရပါတယ် 🎊။

Lunch စားပြီးနောက်မှာတော့ canal + မှာ‌နောက်ပြသတော့မည့် ဇာတ်လမ်းတွဲအသစ်ရဲ့ ရိုက်ကူးရေးကိုလည်းသွားရောက်လည်ပတ်ခဲ့ပါတယ် 🚌။ ဇာတ်ကားရဲ့ဇာတ်ဆောင်များဖြစ်တဲ့ အောင်ရေချမ်း၊ စည်သူဝင်းနဲ့ မင်းသမီးလင်းလပြည့်ထက်တို့နဲ့လည်း တွေ့ဆုံ ခဲ့ကြပါတယ်🙆‍♂️။
လူငယ်တွေအတွက် ဗဟုသုတတွေရရှိစေပြီး အလွန်စိတ်ဝင်စားစရာကောင်းတဲ့ visitလေး ဖြစ်ခဲ့ပါတယ်။ လာရောက်လည်ပတ်ခွင့်ပေးတဲ့ canal+ကိုလည်းLP4Yလူငယ်များမှအထူးကျေးဇူးတင်ရှိပါတယ် 🙇‍♂️🎀။

📅 On October 3rd, 2025, LP4Y youths had the opportunity to visit the Canal+ Pay TV Channel company 🏨✨.
As everyone knows, Canal+ is one of the most successful television channels nationwide 📺. Moreover, there are also many Canal+ channels broadcasting internationally 💁‍♂️.

Canal+ is a TV channel that not only produces its own movies and TV programs but also purchases and broadcasts international shows 🗺️.

During the visit, LP4Y youths met with the Canal+ HR Manager Kinsnar Thu , LP4Y Star member — Ms. Amara Toe Moe, Graphic Design Creator Mr. Zin Min Naing, and Ms. Phyo Thiri Mone, who is responsible for handling copyright issues at Pay TV. They gained a lot of valuable knowledge from the discussion 📢.
There was also a Q&A session with the speakers, where the youths learned many interesting and insightful topics 🎊.
For the lunchtime, Canal+ kindly provided for LP4Y ☑️.
After Happy lunch, they also had the chance to visit the filming set of a new TV series soon to be aired on Canal+ 🚌.
They met with the cast members — actor Aung Yay Chan, actor Sithu Win, and actress Lynn La Pyae Htet 🙆‍♂️.

It was an educational and exciting visit that provided valuable experiences for the youths.
The LP4Y youths would like to express their heartfelt gratitude to Canal+ for the wonderful opportunity 🙇‍♂️🎀.

Photos from Train 4 Change Yangon's post 02/10/2025

[English version below]

LP4Y လူငယ်များမှ “Reduce Waste, Love Nature” ခေါင်းစဉ်ဖြင့် Community Training အစီအစဉ်ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလလ ၃၀ ရက်နေ့🗓️တွင် 📍အမှတ် ၃၄၀၊ ပြည်လမ်း မြေနီကုန်း မဟာမြိုင် မှတ်တိုင် အနီးမှာရှိတဲ့ Institut Français de Birmanie (IFB) မှာ ပြုလုပ်ပေးသွားခဲ့တာဖြစ်ပါတယ်။ 📍
ဒီတစ်ခေါက် Training မှာဆိုရင်တော့ -
⭐ အမှိုက်ဆိုတာဘာလဲ
⭐ အမှိုက်တွေကိုဘယ်လိုလျှော့ချကြမလဲ
⭐သန့်ရှင်းလှပတဲ့ ပတ်ဝန်းကျင်တစ်ခုကိုဘယ်လိုဖန်တီးကြမလဲ
စတဲ့ အကြောင်းအရာများကို အဓိက ဆွေးနွေးပေးသွားခဲ့တာဖြစ်ပါတယ်။အမှိုက်‌တွေကို လျော့ချပြီး ပိုမိုကောင်းမွန်သော ပတ်ဝန်းကျင်ကို တည်ဆောက်ရန်နှင့် ထိရောက်စွာ အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်ရေးဆိုတဲ့ အသိပညာများအားLP4Y လူငယ်များမှ Training ပေးခဲ့ပါတယ်။🎉💢 နောက်အခါလဲ ဒီလိုမျိူး community ကို အကျိုးရှိစေသော Training session များကိုလဲ Lp4y က Youth တွေနဲ့အတူပါဝင်ဖို့အတွက် ဖိတ်ခေါ်လိုက်ပါတယ်။

On September 30, 2025, LP4Y youth organized a Community Training Program under the theme “Reduce Waste, Love Nature” at the Institut Français de Birmanie (IFB), No. 340, Pyay Road, near Myaynigone Mahamyain bus stop. 🗓️📍

In this training, the main discussion topics included:
⭐ What is waste?
⭐ How can we reduce waste?
⭐ How can we create a clean and beautiful environment?

The LP4Y youth provided training to share knowledge on reducing waste, building a better environment, and working together effectively to achieve this. 🎉💢

For the future, LP4Y warmly invites everyone to join upcoming training sessions like this, which will continue to benefit the community together with the youth.

Photos from Train 4 Change Yangon's post 02/10/2025

[English version below]
📅 ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၆ ရက်နေ့မှာ
LP4Y လူငယ်များမှ ရန်ကင်း မြို့နယ်မှာရှိတဲ့ Melia (Hotels and Resorts) သို့ သွားရောက်လေ့လာခဲ့ကြပါတယ် 🏨✨။
Melia Hotel ဟာ စပိန်အခြေစိုက် ဟိုတယ်လုပ်ငန်း ဖြစ်ပြီး ယခုအချိန်မှာ နိုင်ငံပေါင်း ၄၀ မှာ Hotel အလုံးပေါင်း ၃၅၀ ကျော်ကို ဖွင့်လှစ်ထားပါတယ် 🌍။
Yangon မှာရှိတဲ့ Melia hotel ကို ၂၀၁၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပါတယ် 🏢။
Melia ကုမ္ပဏီဟာ နိုင်ငံတကာ Hospitality Organization Group ကြီးဖြစ်ပြီး Customer type အပေါ်မူတည်၍ Brand ၉ မျိုးခွဲထားပြီး ယနေ့ LP4Y လူငယ်များ သွားရောက်လည်ပတ်ခဲ့တာကတော့ Premium brand, Melia (Hotels and Resorts) ဖြစ်ပါတယ်။
Melia Yangon ရဲ့ Training Manager ဒေါ်ခိုင်မြဥ္ဇူထွန်း က Melia Hotel နဲ့ပတ်သက်ပြီး အကြောင်းအရာတွေကို သေချာရှင်းပြပေးခဲ့ပြီး Hotel Industry နဲ့ပတ်သက်ပြီး knowledge တွေလည်း share ပေးခဲ့ပါတယ် 📚။
HR Training Coordinator တွေဖြစ်တဲ့ မမေသူခိုင် နှင့် မနိုင်အေးခက် တို့ကလည်း လူငယ်တွေကို ဟိုတယ်အတွင်းကို လည်ပတ်စေပြီး ဟိုတယ်ဒီဇိုင်းနဲ့အဆောက်အဦပုံစံတွေကို လိုက်ပြပေးခဲ့ပါတယ် 🏨။
Melia Hotel (Yangon) ဟာ အလွှာပေါင်း၂၄ လွှာ၊ အခန်းပေါင်း ၄၂၀ ရှိတဲ့ Hotelကြီး ဖြစ်ကြောင်းလည်း သိရှိခဲ့ရပါတယ် 🏢🛏️။
Hotel ရဲ့ HR Manager ဖြစ်တဲ့ ဦးမာမိုးမှလည်း လူငယ်များကို အားပေးစကားများ ပြောကြား ပေးခဲ့ပြီး Q&A session လည်းပြုလုပ်ပေးခဲ့ပါတယ်။❓💬။
နောက်ဆုံးမှာတော့ Hotel ဘက်မှ Quiz လေးတွေ မေးပြီး လက်ဆောင်လေးတွေပေးကာ Hotel visit ကို အဆုံးသတ်ခဲ့ကြပါတယ် 🎁။
ဒီ Hotel visit လေးဟာ လူငယ်တွေအတွက် အမှန်တကယ် အဖိုးတန်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ အတွေ့အကြုံ တစ်ခု ဖြစ်ခဲ့ပါတယ် ။
LP4Y လူငယ်များမှ Melia Hotel တာဝန်ရှိသူများအား ဟိုတယ်သို့လာရောက် လေ့လာခွင့်ပေးပြီး အတွေ့အကြုံများကိုဝေမျှပေးတဲ့အတွက် ကျေးဇူးအထူးပင်တင်ရှိပါသည် 🙇‍♂️
📅 On September 26, 2025, LP4Y youth visited Melia Hotels and Resorts in Yankin Township 🏨✨.

Melia Hotel is a Spain-based hotel chain, and currently it operates over 350 hotels in more than 40 countries worldwide 🌍.
Melia Hotel Yangon was officially opened in 2016 🏢.

Melia is a large international hospitality organization with 9 different brands depending on customer type. The brand visited by LP4Y youth today was the Premium brand: Melia Hotels & Resorts.

Ms. Khaing Myintzu Htun, Training Manager of Melia Yangon, gave a detailed presentation about the hotel and shared knowledge related to the hotel industry 📚.

HR Training Coordinators, Ms. May Thu Khaing and Ms. Naing Aye Khet, also guided the youth around the hotel, showing them the design and facilities 🏨.

They learned that Melia Hotel Yangon is a 24-story hotel with 420 rooms 🏢🛏️.

The HR Manager, U Ma Moe, gave words of encouragement to the youth and also conducted a Q&A session ❓💬.

Finally, the hotel concluded the visit with a fun quiz and presented small gifts to the youth 🎁.

This hotel visit was truly a valuable and inspiring experience for the youth.
LP4Y youth would like to express sincere thanks to the Melia Hotel team for warmly welcoming them and sharing this meaningful experience 🙇‍♂️.

25/09/2025

[English version below]

LP4Y လူငယ်များမှ “Reduce Waste, Love Nature” ခေါင်းစဥ်ဖြင့် Community Training အစီအစဥ်ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ 30 ရက်နေ့ 🗓️ တွင် အမှတ်၃၄၀၊ပြည်လမ်း၊ မြေနီကုန်း၊မဟာမြိုင်မှတ်တိုင်နှင့် ဟံသာဝတီမှတ်တိုင်ကြားမှာရှိတဲ့ IFB(Institut Français de Birmanie) ပြင်သစ်ယဉ်ကျေးမှု ဌာနမှာ​ မှာပြုလုပ်ပေးသွားမှာပဲ ဖြစ်ပါတယ်။✨
ဒီတစ်ခေါက် Training မှာတော့ -
⭐ အမှိုက်ဆိုတာဘာလဲ
⭐ အမှိုက်တွေကိုဘယ်လိုလျှော့ချ​ကြမလဲ
⭐ သန့်ရှင်းလှပတဲ့ ဝန်းကျင်တစ်ခုကို ဘယ်လိုဖန်တီးကြမလဲ စတဲ့ အကြောင်းအရာများကို အဓိက ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။📝

ဒီ Training မှာဆိုရင် ပတ်ဝန်းကျင်ရဲ့ အလှတရားကိုပျက်ဆီး​စေတဲ့ စနစ်မကျတဲ့ အမှိုက်စွန့်ပစ်မှုတွေနှင့် အမှိုက်တွေရဲ့ပြသနာကို ဘယ်လိုဖြေရှင်း ကြမလဲ ၊ ပိုမို​ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခုကို ဘယ်လိုဖန်တီးကြမလဲ ဆိုတာတွေကို လေ့လာသိရှိခွင့်ရပြီး အတူတကွ ဆွေးနွေးအ​ဖြေရှာနိုင်ဖို့ ကျွန် တော်တို့ရဲ့ Training ေလးကို လာရောက်လေ့လာကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။🤝
LP4Y youth are organizing a Community Training
event called “Reduce Waste, Love Nature” on September 30, 2025 🗓️ at the Institut Français de Birmanie (IFB), located between 340 Pyay Road, Myayni gone , Between Maha Myaing bus stop and Hanthawaddy bus stop.✨

In this training, we will discuss:
⭐ What is waste?
⭐ How can we reduce waste?
⭐ How to create a clean and beautiful environment?

We will focus on the harmful effects of improper waste disposal and how to solve the waste problems. Participants will also learn how to create a better environment and have the opportunity to discuss solutions together.

We invite you all to join and learn with us at this valuable training! 🤝

Photos from Train 4 Change Yangon's post 25/09/2025

(English version below)

📅 ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ 24 ရက်နေ့တွင် Train4Change TDC-Yangon မှ ကျွန်တော်တို့ရဲ့ LP4Yလူငယ်တွေနဲ့ နည်းပြတွေဟာ တောင်ဒဂုံမြို့နယ် ၊၂၂ ရပ်ကွက်နှင့် ၇၆ ရပ်ကွက်များသို့ သွားရောက်ပြီး "Life Project for Youth (LP4Y)" အစီအစဉ်ကို မိတ်ဆက်ပေးခဲ့ကြပါတယ်။
🤝✨LP4Y ဆိုတဲ့ သင်တန်းလေးဟာ အသက် ၁၈ ကနေ ၂၄ နှစ်အတွင်းရှိပြီး၊ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြီးဆုံးအောင်မတက်နိုင်ခဲ့တဲ့လူငယ်တွေ၊ အလုပ်အကိုင်ရှာဖွေနေတဲ့ လူငယ်တွေနဲ့ အလုပ်အကိုင်ကောင်းကောင်းရရှိလိုတဲ့ လူငယ်တွေအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ 🎓💼
ကျွန်တော်တို့ သင်တန်းမှာဆိုရင် လုပ်ငန်းခွင်အတွေ့အကြုံတွေနဲ့ လုပ်ငန်းခွင်ဝင်ဖို့ လိုအပ်တဲ့ အရည်အချင်းတွေအားလုံးကို ကိုယ်တိုင်ကိုယ်ကျလေ့လာနိုင်မှာလည်းဖြစ်ပါတယ်
လူငယ်တွေရဲ့ဘဝကို အကောင်းဆုံးဖြစ်အောင် ပြောင်းလဲပေးနိုင်မယ့် ဒီအခွင့်အရေးကို သိရှိနိုင်ဖို့အတွက် သွားရောက် မိတ်ဆက်ပေးခဲ့ခြင်းဖြစ်ပါတယ်။

📅On September 24th, 2025, the youth of LP4Y and coaches from Train4Change TDC-Yangon went to the South Dagon Township,22 ward and 76 ward, to introduce the "Life Project for Youth (LP4Y)" program.
This training program, known as LP4Y, is designed for young people aged 18 to 24 who were unable to finish school for various reasons, those who are looking for a job, and those who want to get a successful career. 🎓💼
In our training, you can learn all the skills and qualifications needed to enter the workforce through hands-on experience and self-study.
The purpose of this visit was to inform young people about this opportunity that can change their lives for the better. 🤝✨

23/09/2025

[English version below]

✨ အားလုံးပဲမင်္ဂလာပါ ဒီနေ့မှာတော့ကျွန်တော်တို့ LP4Y (Life Project 4 Youth) မှ လူငယ်များအတွက်သတင်းကောင်းလေးတစ်ခုကို ပြောပြပေးချင်ပါတယ်။ ကျွန်တော်တို့ Program အကြောင်း မိတ်ဆက်ပေးချင်ပါတယ်။ ကျွန်တော်တို့ သင်တန်းဟာဆိုရင်ဖြင့် ကျောင်းမပြီးသေးသောလူငယ်များ၊ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းဆက်မတက်နိုင်တော့တဲ့လူငယ်များ၊ လုပ်ငန်းခွင်အတွက် အတွေ့အကြုံနည်းပါးသည့်လူငယ်များအတွက် လုပ်ငန်းခွင်အတွေ့အကြုံအခွင့်အလမ်းများစွာရရှိနိုင်မည့်သင်တန်းလေးဖြစ်ပါတယ်။ ဒီသင်တန်းလေးကတော့ အခမဲ့ ဖြစ်ပြီး အသက် 18 နှစ်မှ 24 နှစ်အတွင်းရှိတဲ့ လူငယ်များ တက်ရောက်နိုင်ပါတယ်။ အလုပ်ကောင်း တစ်ခုရချင်သောလူငယ်များအတွက် အထူးသင့်တော်တဲ့ သင်တန်းတစ်ခုလည်းဖြစ်ပါတယ်။

📅 သင်တန်းအချိန် - Monday to Friday( မနက် ၈:၄၅ မှ ညနေ ၄:၃၀ ထိ)
⏳ သင်တန်းကာလ - ၆လ

📜 သင်တန်းပြီးမြောက်ပါက ပြီးမြောက်ကြောင်း Certificate လည်းပေးအပ်သွားမှာဖြစ်ပါတယ်။
📍သင်တန်းနေရာလေးကတော့ စမ်းချောင်းမြို့နယ်၊ပြည်လမ်းမကြီးပေါ်မှာ ရှိတဲ့ မဟာမြိုင်မှတ်တိုင်နှင့် ဟံသာဝတီမှတ်တိုင် ကြားမှာရှိတဲ့ "ပြင်သစ်ယဥ်ကျေးမှုဌာန" မှာဘဲ ဖြစ်ပါတယ်။
👉 သင်တန်းဘက်မှလည်း သင်တန်းသားသစ်များ တစ်လတစ်ခါ လစဥ်ခေါ်ယူလျက်ရှိပါတယ်။
📍ေရှ့လ ၁၀ လပိုင်းအတွက်လည်း သင်တန်းသားသစ်များကို ယခုမှ စတင်ခေါ်ယူနေပြီ ဖြစ်တာ ကြောင့်တက်ရောက်လိုသူများ ကြိုတင်စာရင်းပေးသွင်းနိုင်ပြီလည်း ဖြစ်ပါတယ်။
သင်တန်းအကြောင်း စိတ်ဝင်စားပြီး အသေးစိတ် ဆက်သွယ်မေးမြန်းလိုပါက ယခု page messenger တွင်လာရောက်မေးမြန်းနိုင်သလို အောက်ပါ ဖုန်းနံပါတ်များကိုလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ သင်တန်းနေရာ "ပြင်သစ်ယဥ်ကျေးမှုဌာန" သို့လည်း လူကိုယ်တိုင်လာရောက် လေ့လာစုံစမ်းနိုင်ပါတယ်။

Ph - 09-971 296 297
09-693 360 594

✨ Hello everyone! Today we would like to share some good news from LP4Y (Life Project 4 Youth) for young people.

We want to introduce our program. Our training is made for young people who did not finish school, cannot continue studying for different reasons, or have little experience in the professional world. Here, you can get many opportunities to learn and practice for your future job.

This program is free of charge and open for young people between 18 and 24 years old. It is especially good for those who want to get a good job in the future.

📅 Class schedule: Monday to Friday, from 8:45 AM to 4:30 PM
⏳ Duration: 6 months
📜 At the end of the training, you will receive a Certificate.

📍 Location: French Institute (Institut Français), Pyay Road, between Maha Myaing bus stop and Hanthawaddy bus stop, Sanchaung Township.

👉 We welcome new trainees every month.

📍For the coming October, we have already started accepting new students. Anyone who is interested can now register in advance.

If you are interested and want more information, you can contact us through our page messenger or by calling the phone numbers below. You can also come and visit our training place in person.

Ph - 09-971 296 297
09-693 360 594

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon

Opening Hours

Monday 08:45 - 16:30
Tuesday 08:45 - 16:30
Wednesday 08:45 - 16:30
Thursday 08:45 - 16:30
Friday 08:45 - 16:30