VIP Travels and Tours
VIP Travels and Tours
Share
Photos from VIP Travels and Tours's post 13/04/2019
🌏ကမ္ဘာသူ ကမ္ဘာသား
👨‍👩‍👧‍👦ခရီးသွားမိသားစုအပေါင်း
💦မြန်မာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်မှာ ပျော်ရွှင်ငြိမ်းချမ်းပြီးအောင်မြင်မှုများနှင့်ပြည့်စုံပါစေကြောင်း
👑VIP Travels & Tours မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။🙏
➡️VIP Travels & Tours ၏မဟာသင်္ကြန်ပိတ်ရက်များမှာ ဧပြီလ ၁၃ ရက် မှ ၁၇ ရက်အထိ ဖြစ်ပါသည်။ဧပြီလ ၁၈ရက်မှစ၍ပုံမှန်ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်းအသိပေးပါသည်။
မြန်မာ့နှစ်သစ်ကူးအတာသင်္ကြန်အချိန်အခါသမယတွင်မိသားစုများကျန်းမာ၊ရွှင်လန်းကြပါစေ။😇
👑Customer များရဲ့စိတ်ကျေနပ်မှု VIP ရဲ့ဖြစ်တည်မှု
👑Everyone is VIP
VIP Travels & Tours Co.,Ltd.,
🏠No(33),First Floor,13th Street, Lower Block, Lanmadaw Township,Yangon.
☎️09788508000,‎09788509000
📧[email protected]
31/03/2019
To Our Valued Clients and Correspondents:
We would like to inform you that VIP Travels & Tours has relocated to:
"No(33),First Floor, 13th Street, Lower Block, Lanmadaw Township,Yangon".
Telephone: (+959)788508000,788509000,(+951)211088
Email: [email protected]
We are thankful for your continued support as we grow to serve you even better.
လေးစားချစ်ခင်ရပါသောဧည့်သည်များရှင့်။
VIP Travels & Tours ၏ရုံးခန်းလိပ်စာအားအောက်ပါအတိုင်းရွှေ့ပြောင်းဖွင့်လှစ်ထားကြောင်းအသိပေးအပ်ပါတယ်ရှင်။
"အမှတ်(၃၃)၊ပထမထပ်၊၁၃ လမ်း၊အောက်ဘလောက်၊လမ်းမတော်မြို့နယ်၊ရန်ကုန်မြို့။"
ဖုန်းနံပါတ်: (+၉၅၉)၇၈၈၅၀၈၀၀၀၊၇၈၈၅၀၉၀၀၀၊(+၉၅၁)၂၁၁၀၈၈။
အီးမေးလ်: [email protected]
VIP အားဆက်လက်ထောက်ခံအားပေးမှုများအတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။
👑Customer များရဲ့စိတ်ကျေနပ်မှု VIP ရဲ့ဖြစ်တည်မှု
👑Everyone is VIP
VIP Travels & Tours Co.,Ltd.,
🏠No(33),First Floor,13th Street, Lower Block, Lanmadaw Township,Yangon.
☎️01-211088,‎09788508000,‎09788509000
📧[email protected]
Photos from VIP Travels and Tours's post 21/02/2019
🌊မွန်းကြပ်မှုတွေကိုပင်လယ်ရေနဲ့ဆေးကြောကြစို့။🌊
➡️➡️နွေရာသီကမ်းခြေအထူးခရီးစဉ်⬅️⬅️
👉တစ်ဦးဈေးနှုန်း 60,000 ကျပ်👈
မိသားစု၊မိတ်ဆွေ၊သူငယ်ချင်း၊လုပ်ဖော်ကိုင်ဖက်များနှင့်ကြိုက်တဲ့အချိန်၊အချိန်မရွေးသွားနိုင်မယ့်(သင်္ကြန်ပိတ်ရက်မပါပါ) !
အနည်းဆုံး(၂)ဦးရှိတာနဲ့သွားလို့ရပြီနော်
👑ပါဝင်သောဝန်ဆောင်မှုများ👑
🚌ရန်ကုန်-ငပလီ-ရန်ကုန် အသွားအပြန် ကားလက်မှတ်။
🏨ကမ်းခြေရှိဘန်ဂလိုတွင်တစ်ညတာ။
🍚မနက်စာဖြင့်တည်ခင်းကျွေးမွေးမှု။
🏝️ပုလဲကျွန်းသို့ပို့ဆောင်ပေးခြင်း။
🔎ခရီးစဉ်အသေးစိတ်သိရှိလိုပါက VIP Travels and Tours သို့ဆက်သွယ်စုံစမ်းမေမြန်းနိုင်ပါတယ်။🔍
👑Customer များရဲ့စိတ်ကျေနပ်မှု VIP ရဲ့ဖြစ်တည်မှု
👑Everyone is VIP
VIP Travels & Tours Co.,Ltd.,
🏠No(198/A),First Floor,Anawrahta Road,Corner of 13th Street,Lanmadaw Township,Yangon.
☎️09788508000,09788509000
📧[email protected]
👑VIP Travels & Tours မှရရှိနိုင်သောဝန်ဆောင်မှုများမှာ-
🚍ပြည်တွင်း၊ပြည်ပ ခရီးစဉ်များအားစိတ်ကြိုက်စီစဉ်ပေးခြင်း၊
🏨ပြည်တွင်း၊ပြည်ပ ဟိုတယ်များစီစဉ်ပေးခြင်း၊
🚌ပြည်တွင်းအဝေးပြေးကားလက်မှတ်၊
🚐ကားစင်းလုံးငှားဝန်ဆောင်မှုပေးခြင်း၊
📕နိုင်ငံတကာပြည်ဝင်ခွင့်ဗီဇာလျှောက်ထားပေးခြင်း၊
📕ပတ်စ်ပို့စာအုပ်လျှောက်ထားပေးခြင်း၊
💁🏻‍♂️ခရီးသွားဧည့်လမ်းညွှန်ဝန်ဆောင်မှုပေးခြင်း၊
💑ဟန်းနီးမွန်းခရီးစဉ်သီးသန့်စီစဉ်ပေးခြင်း၊
🚙လေဆိပ်အကြိုအပို့များစီစဉ်ပေးခြင်း၊
🏥ကျန်းမာရေးစစ်ဆေးမှုပြုလုပ်လိုသူများအတွက် သီးသန့်စီစဉ်ပေးခြင်း၊
👨‍👩‍👧‍👦မိသားစု၊ကုမ္ပဏီ၊အဖွဲ့အစည်းများအတွက် အထူးခရီးစဉ်များကို သက်သာသောနှုန်းထားဖြင့်စီစဉ်ပေးခြင်း၊
စသည့်ဝန်ဆောင်မှုများကို ဈေးနှုန်းသက်သာစွာဖြင့်စီစဉ်ပေးနေပါပြီ။
19/02/2019
📢Air Asia Promotion 20% Off!!!📢
၂၀၁၉ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့အထိ ဝယ်ယူသူတိုင်းကို Air Asia က အထူးဈေးနှုန်း 20% လျှော့ချပေးသွားမှာဖြစ်ပါတယ်။
✈️ Booking Period ➡️18 Feb - 24 Feb 2019
✈️ Travel Period ➡️25 Feb - 31 Feb 2019
⚠️တစ်ပတ်ပဲရောင်းချပေးသွားမယ့် Promotionမို့မြန်မြန်လေးဝယ်လိုက်ကြစို့။
⚠️Seats are limited and may not available on all flights during the public holiday, long weekends and during the peak period.⚠️
👑Customer များရဲ့စိတ်ကျေနပ်မှု VIP ရဲ့ဖြစ်တည်မှု
👑Everyone is VIP
VIP Travels & Tours Co., Ltd.,
🏠No(198/A), First Floor, Anawrahta Road, Corner of 13th Street, Lanmadaw Township, Yangon.
☎️01-211088,09788508000,09788509000
📧[email protected]
Photos from VIP Travels and Tours's post 12/02/2019
ယနေ့ကျရောက်လာသော (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အား VIP Travels and Tours မိသားစုမှလေးနက် လှိုက်လှဲဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုအပ်ပါသည်။
ပြည်ထောင်စုနေ့
**************
ပြည်ထောင်စုနေ့သည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင် အရေးပါ အရာရောက်သော နေ့ထူးနေ့မြတ် ဖြစ်သည်။ နှစ်စဉ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့အဖြစ်သတ်မှတ်ထားပြီး ရုံးများ၊ကျောင်း များပိတ်ကာ အထိန်းအမှတ်ပွဲများကျင်းပကြသည်။
ပြည်ထောင်စုနေ့သမိုင်း
********************
မြန်မာ့သမိုင်း တစ်လျှောက်လုံး၌ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းမင်းတရား ဤမင်းသုံးပါး လက်ထက်တွင်သာ မြန်မာတနိုင်ငံလုံး တစ်ပေါင်းတစ် စည်းတည်းရှိခဲ့ဖူသည်။ဗြိတိသျှအစိုးရလက်အောက်တွင်မူ တိုင်းရင်းသားများအား ခွဲခြားအုပ်ချုပ်ခဲ့သည်။
ဗြိတိသျှတို့၏ အုပ်ချုပ်ရေး ပရိယာယ်ကြောင့် တိုင်းရင်း သားအချင်းချင်း ရင်းရင်းနှီးနှီးမရှိပဲသွေးကွဲမှုပင်ရှိခဲ့သည်။
ဗြိတိသျှတို့လက်အောက်မှ လွတ်မြောက်ရေးကို အနှစ် ၇၀ မျှကာလပတ်လုံး အမျိုးမျိုး အဖုံဖုံ ကြိုးပမ်းရာ၌ လွင်ပြင် သားနှင့် တောင်တန်းသားတို့ တစ်ကြိမ်မျှ ပူးပေါင်းဆောင် ရွက်ခဲ့ဖူးသည် မရှိပေ။
သို့သော် ဖက်ဆစ်ဂျပန်ကို တော်လှန်ကြရာတွင် တိုင်းရင်းသားအားလုံး ညီညွတ်ခဲ့ သည်။သွေးစည်းပူးပေါင်း၍ဂျပန်ကိုတွန်းထုတ်နိုင်ခဲ့သည်။
ဂျပန်တို့လက်အောက်မှ လွတ်မြောက်ပြီးနောက်လွတ်လပ် ရေးကို ဆက်လက်ကြိုးပမ်းသည့်အခါတွင်လည်း လွင်ပြင် သား၊ တောင်တန်းသား မခွဲခြားပဲ တိုင်းရင်းသားပေါင်းစုံ သွေးစည်းမှုကို ရှာကြံခဲ့ကြသည်။
ဤသို့ဖြင့် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာ့ခေါင်းဆောင်ကြီးများ၏ ကြိုးပမ်းမှုကြောင့် မြန်မာ့လွတ်လပ်ရေးကို မျှော်မှန်းနိုင်သည့်အခါသို့ပင်ဆိုက် ရာက်ခဲ့လေသည်။ သို့တိုင်အောင် ဗြိတိသျှနယ်ချဲ့တို့သည် တောင်တန်းသားများအား မိမိတို့လက်အောက်မှ မလွတ် စေလိုသေးပေ။ ထို့ကြောင့် တောင်တန်းသားများအား အမျိုးမျိုး နားလှည့်ခဲ့ကြသည်။
၁၉၄၆-ခုနှစ် ဇန္နဝါရီလအတွင်း ရွှေတိဂုံဘုရား ကုန်းတော် အလယ်ပစ္စယံ၌ ကျင်းပသော ဖဆပလညီလာခံကြီးက မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် တိုင်းရင်းသား အား လုံး လက်တွဲ၍ ဆောင်ရွက်ပြီးလျှင် အတူတကွ လွတ်လပ် သော ပြည်ထောင်စုနိုင်ငံ ထူထောင်ရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။ ထိုဆုံးဖြတ်ချက်အတိုင်း ဖြစ်မြောက်နိုင်ရန် မြန်မာခေါင်းဆောင်ကြီးများ ကြိုးပမ်းခဲ့ကြသည်။
ရှမ်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်း ဗဟိုချက်တွင်ရှိသော ပင်လုံမြို့ကလေးတွင် ရှမ်းစော်ဘွားများ ညီလာခံကို ၁၉၄၆ ခုနှစ် ဇန္နဝါရီလအတွင်းမှာပင် ကျင်းပခဲ့ရာ မြန်မာ ခေါင်းဆောင်ကြီးများဖြစ်သော သခင်နု၊ ဦးဘဂျမ်းနှင့် မန်းဘခိုင်တို့ တက်ရောက်ခဲ့ကြသည်။
ဗြိတိသျှနယ်ချဲ့တို့၏ ဝါဒဖြန့်မှုကြောင့် တွေဝေနားယောင် နေသော ရှမ်းအမျိုးသားများအား ပြတ်ပြတ်သားသား ရှင်းလင်း ပြောဆိုခဲ့ကြသည်။
၁၉၄၇ ခုနှစ် ဇန္နဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်တော်အဖွဲ့သည့် ဗြိတိန်နိုင်ငံသို့ မြန်မာ့လွတ်လပ်ရေးအတွက် သွားရောက် အရေးဆိုကြရာ ပြည်မကြီးရော တောင်တန်းဒေသများပါ လွတ်လပ်ရေးပေးရန် တောင်းဆိုခဲ့ကြသည်။
ဗြိတိသျှတို့ကမူ ပြည်မကြီးကိုသာလွတ်လပ်ရေးပေးပြီး
လျှင် တောင်တန်းဒေသများကို ဆက်လက် သိမ်းပိုက်ထား ရန် အကြံအစည်ရှိခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းတို့ကမူ တောင်တန်းဒေသများ မပါ သော လွတ်လပ်ရေးသည် မြန်မာနိုင်ငံအတွက် အဓိပ္ပာယ် မရှိသော လွတ်လပ်ရေး ဖြစ်သဖြင့် တောင်တန်းဒေသများ ကို ပြည်မကြီးနှင့်တပြိုင်တည်း လွတ်လပ်ရေးပေးရန် အရေးဆိုခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် ဗြိတိသျှအစိုးရတို့ ဘိလပ်၌ ဆွေးနွေးနေစဉ် ဗြိတိသျှနယ်ချဲ့တို့က မြန်မာနိုင်ငံတွင် တောင်တန်းသားများ နှင့် လွင်ပြင်သားများ အစေးမကပ် ကြသယောင် ဝါဒဖြန့်ကြသည်။
ထို့ကြောင့် မြန်မာ့ခေါင်းဆောင်ကြီးများသည် တောင်တန်း ဒေသများသို့ သွားရောက်ကာ တိုင်းရင်းသား စည်းလုံးရေး ကို ဟောပြောလှုံးဆော်ခဲ့ကြသည်။
ဘိလပ်တွင် ဆွေးနွေးလျက်ရှိသော လွတ်လပ်ရေးကိစ္စတွင် ဗြိတိသျှတို့က ပရိယာယ်သုံးကာ တောင်တန်းဒေသများက ပြည်မကြီးနှင့် ပူးပေါင်းရန် သဘောတူပါက ပြည်မကြီး
ရော တောင်တန်းဒေသများပါ တပြိုင်တည်း လွတ်လပ် ရေးပေးမည်၊ ပြည်မနှင့် တောင်တန်းဒေသများ ပူးပေါင်း ရေးကို တောင်တန်းသားများက ယင်းတို့ဘာသာ ဆုံးဖြတ် ပါစေဟု ပြောဆိုပြီးလျှင် ယင်းသဘောတရပ်သက်ဝင်
သော အောင်ဆန်း အက်တလီ စာချုပ်ကို ချုပ်ဆိုခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် အဖွဲ့ဝင်များသည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ဆိုက်ရောက်လာသည်။ ထို့နောက် ဖေဖော်ဝါရီ ၈ ရက်နေ့ တွင် ပင်လုံညီလာခံကြီးသို့ တက်ရောက်၍ ပြည်မနှင့် တောင်တန်းဒေသ ပူးပေါင်းရေးကို ဆွေးနွေးကြသည်။
ဖေဖော်ဝါရီ ၁၁ ရက်နေ့ညနေတွင် မြန်မာတိုင်းရင်းသား ပေါင်းစုံ ညီညွတ်မှုကို ရရှိခဲ့သည်။ နောက်တစ်နေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းဒေသ ကိုယ်စားလှယ် (၂၁)ဦးတို့သည် တိုင်းရင်းသား သွေးစည်းမှု အဆောက် အအုံကို တည်ဆောက်ပေးသည့် တောင်တန်းဒေသများက ပြည်မကြီးနှင့် ပူးပေါင်းရန် သဘောတူညီသော ပင်လုံ စာချုပ်ကြီးကို လက်မှတ်ရေးထိုးကြသည်။
ယင်းသို့ တစ်ပြည်ထောင်လုံးရှိ တိုင်းရင်းသားပေါင်းစုံ၏ သွေးစည်းညီညွတ်မှုကို ပြသနိုင်ခဲ့သော ထိုနေ့ကို ‘‘ပြည်ထောင်စုနေ့’’ ဟူ၍ ခေါ်ဝေါ်သမုတ်ခဲ့သည်မှာ ယနေ့အထိ ဖြစ်သည်။
ဗြိတိသျှအစိုးရသည်လည်း ပြည်မကြီးရော တောင်တန်း ဒေသများပါ တပြိုင်တည်း လွတ်လပ်ရေးပေးရန် သဘော တူညီရလေသည်။
ဤသို့လျှင် ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖြစ်မြောက်ရေးကို ထိုနေ့တွင် အုတ်မြစ်ချခဲ့သဖြင့် ပြည်ထောင်စု တိုင်းရင်းသားတိုင်း မမေ့လျော့အပ်သော နေ့ထူးနေ့မြတ်တစ်ခု ဖြစ်လာသည်။
အထိမ်းအမှတ်ပွဲများ ကျင်းပ
************************
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ‘‘ပြည်ထောင်စုနေ့’‘ဟူ၍ မြန်မာနိုင်ငံတော် အစိုးရက အသိအမှတ်ပြုပြီး ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားသည်။
‘‘ပြည်ထောင်စုနေ့’’ အခမ်းအနားကို နှစ်စဉ်နှစ်တိုင်း ဆင်ယင်ကျင်းပခဲ့သည်။ ၁၉၄၈ နှင့် ၄၉ ခုနှစ်များတွင် ‘‘ပြည်ထောင်စုနေ့’‘ သဘင်ကိုပင်လုံမြို့၌ကျင်းပခဲ့ပြီးလျှင် ၁၉၅၀ ပြည့်နှစ်မှစ ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။
ပြည်ထောင်စုနေ့သဘင်ကို ကျင်းပသည့်အခါ ကချင်၊ ရှမ်း၊ ကရင်၊ ချင်း၊ နာဂ၊ ကယား၊ ဆလုံစသော ပြည်နယ် အသီးသီးမှဧည့်သည်တော်များကို ဖိတ်ကြားတက်ရောက် စေသည်။ ထိုဧည့်သည်တော်များကလည်း မိမိတို့၏ ယဉ်ကျေးမှု အကများဖြင့် ပြန်လည်ဧည့်ခံကြသည်။
၁၉၅၄ ခုနှစ်မှစတင်၍ ထူးခြားချက်မှာ ပြည်ထောင်စု အလံတော်ကို အလှည့်ကျရာ ပြည်နယ်အသီးသီးမှ ပြည်ထောင်စုနေ့သဘင် ကျင်းပချိန်အမီ ရန်ကုန်မြို့သို့ အရောက် လက်ဆင့်ကမ်း သယ်ယူစေခြင်းပင်ဖြစ်သည်။
ထိုနှစ်တွင် တိုင်းရင်းသား လူမျိုးစုတို့ ပူးပေါင်းသွေးစည်း ရာ ပင်လုံမြို့မှ ပြည်ထောင်စုအလံတော်ကို ပြည်ထောင်စု နေ့အမီ ရန်ကုန်မြို့သို့အရောက် လက်ဆင့်ကမ်း သယ်ယူ လာပြီးလျှင်နိုင်ငံတော်ဝန်ကြီးချုပ်လက်သို့ပေးအပ်ခဲ့သည်။
Copy Credit-မြန်ပြည်သား
Photos from VIP Travels and Tours's post 04/02/2019
㊗️福大家 新年快乐🏮🧧
身体健康,万事如意,工作顺利,事业有成,福如东海,寿比南山,金榜题名,吉星高照,家庭幸福,合家欢乐、吉祥如意。
🧧Happy Chinese New Year 2019🧧
Photos from VIP Travels and Tours's post 25/01/2019
👑VIP ချစ်ဧည့်သည်များ၏ ထိုင်ဝမ်ခရီးစဉ် မှ ပျော်ရွှင်ဖွယ် အမှတ်တရပုံရိပ်များ🥰
ချစ်ဧည့်သည်များ အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်😍
Photos from VIP Travels and Tours's post 04/01/2019
၎.၁.၂၀၁၉
(၇၁) နှစ်မြောက်လွတ်လပ်ရေးနေ့ကို
ဂုဏ်ပြုကြိုဆိုပါ၏
Photos from VIP Travels and Tours's post 31/12/2018
🎉🎉Happy New Year🎉🎉
2019 နှစ်သစ်မှာ စိတ်ချမ်းသာ၊ကိုယ်ကျန်းမာခြင်းတွေနဲ့ပြည့်စုံပြီး၊ စီးပွားလာဘ်လာဘတွေတိုးတက်အောင်မြင်ပါစေရှင်။
Want your business to be the top-listed Travel Agency in Yangon?
Click here to claim your Sponsored Listing.
Category
Telephone
Address
No. 24/B, 13th Street, Lower Block, Lanmadaw Township
Yangon
11131
Opening Hours
Thursday 09:00 - 17:00
Friday 09:00 - 17:00