PC Box
Laptop,Desktop,Printer Sales & Service
10/05/2026
Desktop တစ်လုံးတပ်ဆင်တော့မယ်ဆိုရင် CPU ကို Intel လား AMD လား၊ i5 လား Ryzen 5 လား စတာတွေနဲ့ရှုပ်ထွေး🤔နေတတ်ပါတယ်။ ဒါကို ကျွန်တော်တို့ 𝐏𝐂 𝐁𝐨𝐱 ကနေ အသုံးပြုသူတွေနားလည်းလွယ်အောင်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။✨✨✨
ပထမဆုံးအနေနဲ့ Intel
Intel ကိုကြည့်ရင်တော့ အပိုင်း ( ၂ )ပိုင်းကိုအဓိကကြည့်ရပါမယ်။
1. Tier : i3, i5, i7, i9 ဆိုပြီး Tier အဆင့် ( ၄ )ဆင့်သတ်မှတ်ထားပြီး
• i3 : အခြေခံ ရုံးသုံး၊ကျောင်းသုံး အတွက်သင့်လျော်ပါတယ်။
• i5 : အလယ်အလတ် ဂိမ်းဆော့၊ Designs ဆွဲ အတွက်အဆင်ပြေပြီး
• i7 : High-performance ဂိမ်းဆော့တာ၊Video Editing လုပ်တာ စတာတွေအတွက်အဆင်ပြေပါတယ်။
• Note : CPU နဲ့တွဲဖက်ပီး သုံးတဲ့ GPU တို့ RAM တို့လည်းကြည့်ဖို့လိုပါတယ်..
• i9 : 4K, 8K video editing၊ 3D rendering၊ High-end gaming and streaming
စတာတွေအသုံးပြုမယ့်သူတွေနဲ့ High-end performance ကိုမှ
ကြိုက်ပါတယ်ဆိုတဲ့သူတွေ ရွေးချယ်သင့်ပါတယ်။👨💻👨💻👨💻
2. Generation : Model နံပါတ်ရဲ့ အရှေ့ဆုံးနံပါတ်ကိုကြည့်ပြီးခွဲခြားနိုင်
ပါတယ်။
e.g. Core i5-12400 ဆို 12th gen
Core i5-14600 ဆို 14th gen ဖြစ်ပါတယ်၊👌👌👌
AMD Ryzen series
AMD ရဲ့ CPU naming convention တွေက Intel ရဲ့ အမည်ပေးစနစ်နဲ့ တော်တော်လေးဆင်တူအောင်ဖန်တီးထားတာတွေ့ရပါတယ်။
1. Tier : Ryzen 3, Ryzen 5, Ryzen 7, Ryzen 9 ဆိုပြီးသတ်မှတ်ထားပါ
တယ်။
Ryzen 3 : Intel i3 နဲ့ ယှဥ်နိုင်ပြီးဈေးသက်သာတယ်
အခြေခံ ကျောင်းသုံး၊ရုံးသုံး အတွက်အဆင်ပြေပါတယ်။
Ryzen 5 : အလယ်အလတ် ဂိမ်းဆော့တာ၊video editing လုပ်တာ
အလုပ်ရောဂိမ်းပါအစုံသုံးလို့ရပါတယ်။
Ryzen 7,9 : High-end gaming နဲ့ Streaming အပြင်
High-performance video editing, 3D Animation
အသုံးပြုသူတွေအတွက်သင့်လျော်ပါတယ်။
2. Series : AMD မှာလည်း အရှေ့ဆုံးဂဏန်းနဲ့ ခွဲခြားထားပါတယ်။
e.g. Ryzen 5-5600 က 5000 series
Ryzen 5-7600 က 7000 series
( Suffix ) series တွေရဲ့အနောက်မှာပါတတ်တဲ့ English အက္ခရာလေးတွေအကြောင်းကိုထပ်မံရှင်းပြပေးသွားပါမယ်။🤗🤗🤗
👉👉👉Intel👈👈👈
1. Core i3-1215U(Laptop)
U ဆိုတာ (Ultra-low power) Battery အသုံးခံတဲ့အတွက် online class
တတ်တာ meeting ကြာကြာထိုင်ရတာမျိုးတွေမှာအဆင်ပြေပါတယ်။
2. Core i7-13700H (Laptop)
H (High-Performance) Gaming Laptop တွေမှာတွေ့ရပါတယ်။
3. Core i5-13400F
(F) series က Graphic Card သီးသန့်ပါမှ အသုံးပြုလို့ပါတယ်။
Graphic card မပါရင် အသုံးပြုလို့မရပါဘူး။
👉👉👉AMD👈👈👈
1. Ryzen 5 7530U (Laptop)
U (Ultra-low Power) Battery အသုံးခံဖို့အဓိကထားပါတယ်။
2. Ryzen 7 7735HS (Laptop)
HS (High Efficiency / Slim) Gaming Laptop အပါးတွေမှာသုံးတယ်
heat သိပ်မထွက်ဘဲ Performance ကောင်းအောင်လုပ်ထားပါတယ်။
3. Ryzen 5 5600G
G (Integrated Graphic) AMD ရဲ့ G ပါတဲ့ CPU တွေဟာ
Graphic Card သီးသန့်မရှိလည်း ဂိမ်းအသင့်သင့်ဆော့လို့ရအောင်
Built-in Graphic ထည့်ပေးထားပါတယ်။
🍀☘️🍀☘️🍀☘️🌲🎄🌳🌱🌿🪴🌴🍀☘️🎄🌲🌵🌵
𝐏𝐂 𝐁𝐨𝐱
𝐂𝐨𝐦𝐩𝐮𝐭𝐞𝐫, 𝐏𝐫𝐢𝐧𝐭𝐞𝐫 𝐒𝐚𝐥𝐞𝐬 & 𝐒𝐞𝐫𝐯𝐢𝐜𝐞
Address : Near Junction Square, Kyun Taw Street, (ကိုပေါက်ကားပစ္စည်းဆိုင်ဘေး) Kamaryut Tsp, Yangon.
Phone : 09-453628407, 09-956730030
Gmail : [email protected]
Google Map :
https://maps.app.goo.gl/ecoG8CZ2pHuFuVep8
🍀☘️🍀☘️🍀☘️🌲🎄🌳🌱🌿🪴🌴🍀☘️🎄🌲🌵🌵
Category
Website
Address
Near Junction Square, Kyun Taw Street (ကိုပေါက် ကားပစ္စည်းဆိုင်ဘေး), Kamaryut Tsp
Yangon
11041
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |
| Saturday | 09:00 - 17:30 |
| Sunday | 09:00 - 17:30 |
Alerts
Be the first to know and let us send you an email when PC Box posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.