SolaRiseSys

SolaRiseSys

Share

Total Systems and Solutions for all the Solar related applications to give you LIVE RIGHT. LIVE BRIG

SRS is the best total solution provider for solar projects and renewable energy.

03/01/2024

“ချစ်ခင်လေးစားတန်ဖိုးထားရပါသော Customer များအား SolaRiseSys ၏ Facebook Business Page အသစ် မိတ်ဆက်ခြင်းနှင့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုဆိုင်ရာများ၊ ငွေပေးချေခြင်းဆိုင်ရာများအတွက် အသိပေးမေတ္တာရပ်ခံခြင်း”

2010 ခုနှစ်ထဲက စတင်တည်ထောင်ခဲ့သော SolaRiseSys သည် Customer များနှင့် အမြဲမပြတ် အချိတ်ဆက်မိစေရန်အတွက် Online Platforms များတွင် ရပ်တည်ခဲ့သည်မှာ 10 စုနှစ်ကျော် ကြာပြီဖြစ်ပါသည်။ မိဘပြည်သူတို့ ယုံကြည်စွာဖြင့် ဝယ်ယူအားပေးခဲ့ကြသော Follower (20K) ရှိသည့် မိမိတို့၏ SolaRiseSys page သည် နည်းပညာဆိုင်ရာအခက်အခဲအချို့ဖြစ်ပေါ်နေပြီး စိတ်ချလုံခြုံမှုမရှိတော့သည့်အတွက် SolaRiseSys ၏ ဤ page အသစ် ၁ ခုတည်းကိုသာ အသုံးပြုသွားမည်ဖြစ်ကြောင်း အသိပေးလိုပါသည်။

http://tiny.cc/ltkrvz

ဖော်ပြပါ မိမိတို့၏ SolaRiseSys page တွင် Solar Power System နှင့် ပတ်သက်သော Products များနှင့် Knowledge များအား ဝယ်ယူအားပေးသူများထံသို့ စဉ်ဆက်မပြတ်တင်ပြသွားမည်ဖြစ်ပါကြောင်း အသိပေး သတင်းကောင်းပါးအပ်ပါသည်။

သတိပေးချက်။ ။ ဖော်ပြပါ မိမိတို့ SolaRiseSys ၏ ဤ page အသစ်မှလွဲ၍ အခြား Page များမှ ဝယ်ယူရောင်းချသည့် ကိစ္စရပ်များအားလုံးနှင့် ငွေကြေးဆိုင်ရာကိစ္စရပ်များဖြစ်‌ပေါ်လာပါက မိမိတို့ SolaRiseSys နှင့် သက်ဆိုင်မှုမရှိပါကြောင်း လေးစားစွာအသိပေးတင်ပြအပ်ပါသည်။

အဆင်မပြေမှု တစ်စုံတစ်ရာ အတွက် အနူးအညွတ် တောင်းပန်အပ်ပါသည်။

𝗦𝗼𝗹𝗮𝗥𝗶𝘀𝗲𝗦𝘆𝘀 𝗖𝗼.,𝗟𝘁𝗱.

𝐂𝐨𝐧𝐭𝐚𝐜𝐭 𝐔𝐬

🏡 Room-501,503,601, Building-16, Myanmar ICT Park, Hlaing Township, Yangon, Myanmar.

☎ +95 1 230 5192, +95 1 230 5194,
+95 9 404 060 411, +95 9 404 060 433

📧 [email protected], [email protected], [email protected]

🌐 www.solarisesysmyanmar.com

25/11/2022

"သင့်စီးပွားရေးလုပ်ငန်းတွက် RBF-MYANMAR ရဲ့ထောက်ပံ့ကြေးငွေ အကူအညီဖြင့် SOLAR System တပ်ဆင်ချင်ပါသလား?"

မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း(MSMEs)များ ဖွံ့ဖြိုးတိုးတက်စေရန်တွက် RBF-MYANMAR မှဆဌမအကြိမ်မြောက် အဆိုပြုလွှာ ခေါ်ယူကာ (SOLAR SYSTEM) ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်စီမံကိန်းများအတွက် ထောက်ပံ့ငွေအဖြစ် ကုန်ကျစရိတ်ရဲ့ 25 ရာခိုင်နှုန်း အများဆုံးငွေကျပ်သိန်း 400 အထိ ထောက်ပံ့ကြေးငွေ ပေးအပ်သွားမည်ဟု သိရှိရပါသည်။

မိတ်ဆွေအနေနှင့် လစဥ်မီတာဘေနှင့် ဒီဇယ်အသုံးစရိတ်လျော့ချပေးနိုင်တဲ့ (SOLAR SYSTEM) ဆိုလာစနစ်ကို RBF-Myanmar ထောက်ပံ့မှုဖြင့် မိမိတို့ရဲ့ စက်ရုံအလုပ်မှာ တပ်ဆင်ချင်ရင် ဒီဇင်ဘာ ၅ ရက်နေ့ နေ့လည် ၁၂ ရက်နောက်ဆုံးထား လျှောက်လွှာတင်နိုင်မှသာ ဒီအခွင့်အရေးကို ရနိုင်မှာနော့်...

စိတ်၀င်စားလို့ RBF-MYANMAR အဆိုပြုလွှာ လျှောက်လွှာတင်ချင်ရင်တယ်ဆိုရင် RBF-MYANMAR ရဲ့ https://www.facebook.com/rbfmyanmar ကို မေးမြန်းလို့ရသလို Solarisesys ကိုလည်း ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

📲 +959 404 060 422
📲 +959 404 060 466
📲 +959 426 999 009

#ဆိုလာဗဟုသုတ #ဆိုလာတပ်ဆင်ရန်

06/11/2022

ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်တစ်ရက်ဖြစ်တဲ့ တန်ဆောင်မုန်းလပြည့်နေ့ မှာ မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်း အသက်ရှည်ကျန်းမာပါစေ၊ စိတ်ချမ်းသာပျော်ရွှင်ရပါစေ၊ လိုရာဆန္ဒများပြည့်ဝနိုင်ကြပါစေလို့ Solarisesys မိသားစုမှ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်။

#ဆိုလာ #တန်ဆောင်မုန်းလပြည့်နေ့

31/10/2022

🎉နှစ်ပေါင်း ၁၂ နှစ်တိတိ ရှိပြီဖြစ်တဲ့ Solarisesys မှ မိတ်ဆွေများကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ "အခု၀ယ် နောင်ပိုတန်မယ့် Latest Clearance Sales" အစီအစဥ်လေးကို ပြုလုပ်ပေးလိုက်ပါတယ်ရှင်...

🔰Half-cut solar cell technology ကိုအသုံးပြုထားမှုကြောင့် စွမ်းအင်ထုတ်လုပ်မှုပိုင်းနှင့် တာရှည်ခံမှုအတွက် ပြန်လှည့်ကြည့်စရာမလို Top 5 စာရင်း၀င် Good value , High quality လည်း ဖြစ်တဲ့ Canadian (Mono)- 445W ဆိုလာပြားများကို လက်ဦး ရယူထားချင်ရင်တော့

🔰အောက်တိုဘာ (၃၁) နေ့ မှ နို၀င်ဘာ (၃၀) ရက်နေ့အထိသာ ဖြစ်လို့ ဒီအခွင့်အရေးကို လက်လွတ် မခံသင့်ဘူးနော့်..

🔰စျေးနှုန်းလေးကတော့ 445 W တစ်ချပ်ကို 520,000 ကျပ် ဖြစ်ပြီး အများစျေးလည်း ရှိလို့ စိတ်၀င်စားရင် ဖုန်းဆက် မေးမြန်းလို့ရပါတယ်။

🔰လာရောက်၀ယ်ယူချင်ရင် ဒီကိုသာ တန်းသာ လာခဲ့လိုက်ပါနော်။
ရန်ကုန်မြို့ ၊ လှိုင်မြို့နယ် Bldg 14-303, 305 MICT Park, မှာလာကြည့် ၀ယ်လို့ရပါတယ်။

🔰cb ကနေလည်း စုံစမ်းမေးမြန်းလို့ ရသလို ဖုန်းဆက်မေးချင်ရင်တော့ ဖော်ပြပါဖုန်းများကို မေးလို့ရပါတယ်နော့်။
📲 +959 750 148 966
📲 +959 404 060 422

🔰Delivery လိုချင်ရင်လည်း ရန်ကုန်မြို့တွင်း အိမ်အရောက်ပို့ နှင့် နယ်‌တွေကိုလည်း ကားဂိတ်များမှတစ်ဆင့် ပို့ပေးပါတယ်။ ပို့ခလေးတော့ ရှိပါမယ်နော့် ။

Payment ကိုလည်း ငွေသားနဲ့ပဲရှင်းလို့ရတာမဟုတ်ပါဘူး။ AYA/KBZ/CB mobile banking များဖြင့်သာမက KPAY/AYAPAY တို့ကိုလည်း ( 0% ) ဖြင့်ပေးချေနိုင်အောင် ပြုလုပ်ပေးထားလို့ အိုကေမှာ စိုပြေပဲနော့်။

#ဆိုလာဗဟုသုတ #ဆိုလာတပ်ဆင်ရန်

SolaRiseSys Total Systems and Solutions for all the Solar related applications to give you LIVE RIGHT. LIVE BRIG

08/10/2022

" ၀ါလကင်းလွတ် သီတင်းကျွတ် အခါသမယမှာ ဘေးရန်မှန်သမျှ ကင်းရှင်းကြပြီး ကျန်းမာပျော်ရွှင် အေးချမ်း ကြပါစေလို့ Solarisesys မိသားစု မှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ရှင်... "❣️

#ဆိုလာ #သီတင်းကျွတ် #သီတင်းကျွတ်လပြည့်နေ့

20/09/2022

"ခု တစ်မျိုး တော်ကြာတစ်မျိုး မလုပ်ဘူး ။ 😉"

စက္ကန့်နှင့် အမျှ စျေးတွေတက်နေပေမယ့် စက်တင်ဘာ ၂၁ ရက်နေ့ မှ အောက်တိုဘာ ၂၁ ရက်နေ့ ၂၀၂၂ အထိ 📍"သီတင်းကျွတ် အထူး ပရိုမိုးရှင်း "📍 အနေဖြင့် မပြောင်းလဲသော စျေးနှုန်းများနှင့် ဆိုလာပစ္စည်းများ နဲ့ UV Sterilizer Device များကို ရောင်းချပေးသွားမှာဖြစ်ပါတယ်။ 🥳

စျေးနှုန်းတွေက

✨ 60W (Poly Type) ̶6̶5̶,̶2̶0̶0̶ ̶ကျပ် 👉 53,000 ကျပ်
✨ 100W (Poly Type) ̶1̶0̶9̶,̶0̶0̶0̶ ကျပ် 👉 91,300 ကျပ်
✨ 130W (Poly Type) ̶1̶0̶7̶,̶3̶0̶0̶ ကျပ် 👉 93,500 ကျပ်
✨ 260W (Poly Type) ̶2̶1̶4̶,̶5̶0̶0̶ ကျပ် 👉 187,000 ကျပ်
✨ 520W (Poly Type) ̶4̶2̶9̶,̶0̶0̶0̶ ကျပ် 👉 374,000 ကျပ်
✨ UV Sterilizer Device ̶3̶9̶,̶5̶0̶0̶ ကျပ် 👉 35,000 ကျပ်
✨ Freezer ̶8̶7̶5̶,̶0̶0̶0̶ ကျပ် 👉 450,000 ကျပ်

လာရောက်၀ယ်ယူချင်ရင် ?
ရန်ကုန်မြို့ ၊ လှိုင်မြို့နယ် Bldg 14-303, 305 MICT Park, မှာလာကြည့် ၀ယ်လို့ရပါတယ်။

cb ကနေလည်း စုံစမ်းမေးမြန်းလို့ ရသလို ဖုန်းဆက်မေးချင်ရင်တော့ ဒီကိုမေးနော်။
📲 +959 750 148 966
📲 +959 404 060 422
📲 +959 426 999 003

Delivery ရှိလား?
ရန်ကုန်မြို့တွင်း အိမ်အရောက်ပို့ နှင့် နယ်‌တွေကိုလည်း ကားဂိတ်များမှတစ်ဆင့် ပို့ပေးပါတယ်။
အဲ ... ပို့ခတော့ ရှိပါမယ်နော့် ....

ငွေသားနဲ့ ရှင်းရမှာလား?
ငွေသားနဲ့ပဲရှင်းလို့ရတာမဟုတ်ပါဘူး။ AYA/KBZ/CB mobile banking များဖြင့်သာမက KPAY/AYAPAY တို့ကိုလည်း ( 0% ) ဖြင့်ပေးချေနိုင်အောင် ပြုလုပ်ပေးထားတာဖြစ်လို့ တန်ပြီးရင်းတန်ဖြစ်နေပါပြီနော် ။

#ဆိုလာဗဟုသုတ #ဆိုလာတပ်ဆင်ရန်

Photos from SolaRiseSys's post 06/09/2022

ဒီရက်ပိုင်း " Zawgyi Premier Co., Ltd" မှာ တပ်ဆင်ပေးဖြစ်ခဲ့တဲ့ 8 KWp Hybrid Solar System ကို တစ်ချက်ရှိုးလို့ ရအောင် ရှယ်ပေးလိုက်တယ်နော့်..

System Size : 8 KWp Hybrid Solar System
===========================
Inverter : 3.5 KW - 3 Pcs
Battery : 12V- 200 ah - 12 Pcs
Panel : Canadian 445 W - 18 Pcs

စိတ်၀င်စားတယ်ဆို SolaRiseSys ၏ Page CB အပြင် ဖုန်း

📲 +959 404 060 433
📲 +959 404 060 422
📲 +959 426 999 003 တို့တွင် တိုင်ပင်ဆွေးနွေးလို့ ရပါပြီနော် ။
▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂
#ဆိုလာမြန်မာ #အကောင်းဆုံး #ဆိုလာပစ္စည်းရောင်းကုမ္ပဏီ #ဆိုလာ

Photos from SolaRiseSys's post 01/09/2022

ဒီရက်ပိုင်း " Early Dawn Microfinance" မှာ တပ်ဆင်ပေးဖြစ်ခဲ့တဲ့ 10 KWp Hybrid Solar System ကို တစ်ချက်ရှိုးလို့ ရအောင် ရှယ်ပေးလိုက်တယ်နော့်....🥳😎

System Size : 10 kWp Hybrid Solar System
===========================
Inverter : 5 KW - 2 Pcs
Battery : 12V- 200 ah - 16 Pcs
Panel : Canadian 445 W - 18 Pcs

မိုးရာသီ ကာလမှာတောင် အခု လျှပ်စစ်မီးရရှိမှုက မမှန်နေဘူး.. မကြာခင်ရောက်ရှိလာတော့မယ့် ဆောင်းရာသီ နဲ့ နွေရာသီ ကာလအတွင်း လျှပ်စစ်မီး ပုံမှန် ရဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူးဆိုတော့

မိတ်ဆွေရေ ... ဘယ်လိုပြင်ဆင်ထားကြမလဲ?

ဒီဇယ်ဈေးးကလည်း ဒေါ်လာဈေးကဲ့သို့ နေ့တိုင်းတက်နေတာဆိုတော့ မီးစက်နဲ့ပဲ ဆက်သုံးကြမလား မိုးအကုန် ပွင့်လင်းရာသီလည်း ရောက်ပြီဆိုတော့ နေရောင်ရရှိမှု စိတ်ချရတဲ့အတွက် ဆိုလာစနစ်ကို ဝယ်ယူတပ်ဆင်၍ ပြင်ဆင်ထားကြပါ မိတ်ဆွေတို့ရေ.....

နောင်ရေးစိတ်အေးရလေအောင် ကျွန်တော်တို့ SolaRiseSys ၏ Page CB အပြင် ဖုန်း

📲 +959 750 148 966
📲 +959 404 060 422
📲 +959 426 999 003 တို့တွင် တိုင်ပင်ဆွေးနွေးလို့ ရပါပြီနော် ။
▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂
#ဆိုလာမြန်မာ #အကောင်းဆုံး #ဆိုလာပစ္စည်းရောင်းကုမ္ပဏီ #ဆိုလာ

29/08/2022

🔰အင်ဗာတာအကြောင်း တစ်စေ့တစ်စောင်း🔰

အင်ဗာတာဆိုတာ ဘက်ထရီကလာတဲ့ DC ကိုဖြစ်စေ Solar က ထွက်တဲ့ DC ကိုဖြစ်စေ အိမ်သုံးလျှပ်စစ် ပစ္စည်းများအတွက် အသုံးပြုနိုင်တဲ့ AC အဖြစ် ပြောင်းပေးနိုင်တဲ့ ပစ္စည်းတခု ဖြစ်ပါတယ်။ ဆိုလာနဲ့ တွဲသုံးဖို့ အင်ဗာတာဆိုရင် များသောအားဖြင့် Modified Sine Wave Inverter နဲ့ Pure Sine Wave Inverter ဆိုပြီး နှစ်မျိုးရှိပါတယ်။

✅Modified sine wave inverter

Modified sine wave inverter ရဲ့ Output က တကယ့် Sine Wave စစ်စစ် မဟုတ်ပေမယ့် Wave Form လှေခါးထစ်ပုံစံလေးတွေဖြစ်ပြီး Upfront Cost အရ စျေးသက်တာကြောင့် တချို့ Budgeted သမားတွေကတော့ အသုံးပြုကြပါတယ်။ ရေရှည်တွက်ဆိုရင်တော့ အိမ်သုံးလျှပ်စစ်ပစ္စည်းများရဲ့ Life Time တိုစေပါတယ်။ အထူးသဖြင့် AC Motorized မဟုတ်တဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းများတွက်ဆိုရင်တော့ သုံးနိုင် ပါတယ်။

✔️ Lighting/Phone/Kettle တွက်ဆိုရင် Modified sine wave inverter ကို အသုံးပြုသင့် ပါတယ်။

✅Pure sine wave inverter

Utility များသည် Sine Wave output ပဲ ထုတ်ပေးတာကြောင့် ကိုယ်က Grid နှင့်လည်း ချိပ်ဆက်ထား တယ်ဆိုရင်တော့ Pure sine wave inverter လိုအပ်မှာ ဖြစ်ပါတယ်။ အားသာချက်ကတော့ တကယ့် Sine wave/AC wave form ကို ထုတ်လုပ်ပေးနိုင်ပြီး လိုအပ်သော အနီးစပ်ဆုံးကိုက်ညီတဲ့ AC Power ကို ထုတ်ပေးနိုင်တာဖြစ်သလို Upfront Cost အရ Modified sine wave inverter ထက်တော့ စျေးများပါတယ်။ ရေရှည်တွက် လျှပ်စစ်ပစ္စည်း Life Time လည်း ထိခိုက်မှု မဖြစ်စေချင်ဘူး၊ အသုံးပြုတဲ့ လျှပ်စစ် ပစ္စည်းတွေကလည်း AC motorized ဖြစ်တဲ့ လျှပ်စစ်ပစ္စည်းများ ဖြစ်နေမယ်ဆိုရင်တော့ စျေးများပေမယ့် Pure Sine Wave Inverter ကို သုံးသင့်ပါတယ်။

စျေးကွက်မှာ နာမည်ရတဲ့ အင်ဗာတာတံဆိပ်တွေကတော့ GrowWatt, Revo VM, Suoer, Must, Deye, Solic, SMA, Huiwei စတဲ့ တံဆိပ်တွေ ဖြစ်ပြီး ကိုယ့် system နဲ့ ကိုက်ညီမယ့် budget အရလည်း သင့်တော်မယ့် အင်ဗာတာကို ရွေးချယ်အသုံးပြုလို့ရပါတယ်။

✔️Newer TV/Fan/refrigerator/microwave/Water Pumps/Laster Printer စသည်တို့တွက် ဆို Pure Sine Wave Inverter ကို အသုံးပြုသင့်ပါတယ်။

#ဆိုလာမြန်မာ #အကောင်းဆုံး #ဆိုလာပစ္စည်းရောင်းကုမ္ပဏီ #ဆိုလာ

19/08/2022

📌ဘာကိုင်ထားရင်ကောင်းမလဲ?📌

၁) တရိပ်ရိပ် ခုန်တက်နေတဲ့ ဒေါ်လာကို ရင်တထိတ်ထိတ်နဲ့ ကိုင်မလား။
၂) မိနစ်အလိုက်အတက်အကျ မြန်လွန်းတဲ့ ရွှေ၀ယ်ကိုင်မလား။

လက်ရှိအချိန်မှာ ကိုင်ထားသင့်ဆုံးအရာက 👇👇👇

☑️"မီတာခ သက်သာပြီး တရပ်ကွက်လုံး မီးပျက်နေရင်တောင် ဆိုလာစွမ်းအင်နဲ့ ချေချေမိုးမိုး ထိန်ထိန်သာလင်းချင်တယ်၊ မသေချာမရေရာတာတွေလည်း မကိုင်ထားချင်ဘူးဆိုရင်တော့ အရှုံးလုံး၀မရှိ နေသာတိုင်း အမြတ်ထွက်နေမှာ သေချာတဲ့ ဆိုလာကိုပဲ ကိုင်ဖို့ အကြံပြုလိုက်ပါတယ်" 😎

မိတ်ဆွေတို့ အခုချက်ချင်း စိတ်အေးရလေအောင် အာမခံချက် အပြည့်အ၀၊ အသာလွန်ဆုံး ၀န်ဆောင်မှု၊ အကောင်းဆုံး quality တို့ ပေါင်းစပ်ခြင်းနဲ့အတူ ၁၀ နှစ် ကျော် အတွေ့အကြုံရှိတဲ့ ကျွမ်းကျင် အင်ဂျင်နီယာချောချောလေးများက တာ၀န်ယူဆောင်ရွက်ပေးဖို့ စောင့်ကြိုနေပါမယ်ဗျာ...

ဆိုလာကိုင် ထားချင်သူများ ဖော်ပြပါ ဖုန်းနံပါတ်တွေကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
📲 +959 750 148 966
📲 +959 404 060 422
📲 +959 426 999 003

#ဆိုလာဗဟုသုတ #ဆိုလာတပ်ဆင်ရန်

16/08/2022

📌ဆိုလာဘက်ထရီအကြောင်း တစ်စေ့တစ်စောင်း📌
=================================

လက်ရှိ စျေးကွက်ထဲမှာတော့
1. အင်ဗာတာ ဘက်ထရီ
2. Tubular maintenance free ဘက်ထရီ
3. Sealed Lead acid ဘက်ထရီ အမျိုးအစားတွေဖြစ်တဲ့ VRLA AGM ဘက်ထရီနဲ့ Gel VRLA ဘက်ထရီ
4. Lithium LifePO4 ဘက်ထရီတွေရှိပါတယ်။

ဆိုလာနဲ့ တွဲသုံးမယ်ဆိုရင် ဘက်ထရီတွေ များသောအားဖြင့် Charging Rate C10/C20 တို့ ဖြစ်ပါတယ်။ C Rating ဆိုတာက ဥပမာ ဘက်ထရီ 100 Ah မှာ C10 လို့ရေးထားတယ်ဆိုပါစို့ လက်ရှိ ဘက်ထရီအိုးထဲက အားကို 10 Ah နှုန်းနဲ့ ထုတ်သုံးရမှာဖြစ်ပြီး 10 နာရီ ကြာခံမယ်လို့ ပြောတာပါ။ အားသွင်းရင်လည်း ဥပမာ 100 Ah အိုး C10 rate ပြောထားတာကို အားသွင်းရင် 10 Ah အားသွင်းစက်နဲ့ သွင်းရပါမယ်။

နောက်တစ်ချက်က ဘက်ထရီတွေ ကြာရှည်ခံခြင်းက Cycle Time အနည်းအများပေါ်မူတည်ပါတယ်။ Cycle Time ဆိုတာက ဘက်ထရီကို အားအပြည့်သွင်းပြီး သွင်းထားတဲ့အားကို ပြန်ထုတ်သုံးတဲ့ အကြိမ်အရေတွက်ကို ဆိုလိုပါတယ်။ ဆိုလာနဲ့ တွဲဘက်ထရီများက များသော အားဖြင့် ထုတ်လုပ်သူ၊ ဘက်ထရီအမျိုးအစားအများအပေါ် မူတည်ပြီး 500 cycle ကနေ 8000 cycle အထိ ရှိကြပါတယ်။ Cycle Time များရင်များသလို စျေးလည်းကြီးပါတယ်။

Tubular maintenance free ဘက်ထရီဆို VRLA AGM ဘက်ထရီထက် Cycle Time ပိုများလာခြင်းကြောင့် စျေးကွက်မှာတောင် ပစည်းပြတ် သွားတဲ့အထိ ဖြစ်သွားပါသေးတယ်။ Gel VRLA ဘက်ထရီတွေလည်း VRLA AGM ဘက်ထရီထက်တော့ ပိုကောင်းတယ်လို့ ဆိုကြပါတယ်။ LifePO4 ကတော့ စျေးလည်းကောင်းသလို တော်တော်လေး ကောင်းပြီး အသုံးခံပါတယ်။

ဘက်ထရီအိုးက သတ်မှတ်ထားတဲ့ Depth of Discharge (DoD) ရာခိုင်နှုန်းပဲ ထုတ်သုံးတာကတော့ အကောင်းဆုံးပါ။ ကောက်နှုတ်ပြုစုထားတဲ့ ဘက်ထရီ အမျိုးအစား အလိုက် ထုတ်သုံးနိုင်တဲ့ DoD ရာခိုင်နှုန်းများကို ဖော်ပြပေးလိုက်ပါတယ်။
• Lead Carbon Battery - 50%
• VRLA AGM Battery - 30% – 40%
• Gel VRLA Battery - 50%
• Lithium Battery - 80%

ဒါကြောင့် ကိုယ်အသုံးပြုနိုင်မယ့် budget အရ ဖော်ပြပါ ဘက်ထရီအမျိုးအစားများကို ရွေးချယ်၀ယ် ယူလို့ ရပါတယ်။ ဘက်ထရီကို ထားသိုရာမှာလည်း ပူလွန်းသော နေရာတွေမှာ မထားဘဲ လေ၀င်လေထွက် ကောင်းတဲ့ နေရာတို့မှာပဲ Battery Rack တို့လို စင်/ခုံတို့ အပေါ်မှာ တင်ထားသင့်ပါတယ်။ စနစ်တကျနဲ့ ဆောင်ရန်၊ရှောင်ရန်လေးတွေကို လိုက်နာပြီး ဆိုလာဘက်ထရီကို အသုံးပြုမယ်ဆိုရင် သတ်မှတ်ထားတဲ့ အချိန်ကာလ သက်ထမ်းအထိ အေးအေးလူလူ သုံးလို့ရမှာ ဖြစ်ပါတယ်။

#ဆိုလာမြန်မာ #အကောင်းဆုံး #ဆိုလာပစ္စည်းရောင်းကုမ္ပဏီ #ဆိုလာ

Want your business to be the top-listed Contractor in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Bldg 16-501, MICT Park, Hlaing Campus
Yangon
1551

Opening Hours

Monday 08:30 - 15:30
Tuesday 09:30 - 15:30
Wednesday 09:30 - 15:30
Thursday 09:30 - 15:30
Friday 09:30 - 15:30