Bright Life Insurance

Bright Life Insurance

Share

No One Can Save You But You.....

17/04/2026
13/04/2026

💦🌼 Team Nae Thit မှ သင်္ကြန်အကြိုနေ့ ဆုတောင်း 🌼💦

သင်္ကြန်အကြိုနေ့ရောက်ရှိလာတဲ့ အချိန်မှာ
ပျော်ရွှင်စရာ နှစ်သစ်ကို စောင့်မျှော်နေတဲ့ စိတ်လှုပ်ရှားမှုများနဲ့အတူ
လူကြီးမင်းတို့နှင့် မိသားစုဝင်များအားလုံးအတွက်
မင်္ဂလာဆန္ဒမွန်များ ပို့သအပ်ပါသည်။

AIA Myanmar – Team Nae Thit မှ
နှစ်ဟောင်းရဲ့ ပင်ပန်းနွမ်းနယ်မှုများ၊ စိုးရိမ်ပူပန်မှုများအားလုံး
သင်္ကြန်ရေချမ်းများနဲ့အတူ ပျောက်ကွယ်သွားပြီး
နှစ်သစ်ကို စိတ်ချမ်းသာပျော်ရွှင်စွာ ကြိုဆိုနိုင်ကြပါစေကြောင်း ဆုတောင်းအပ်ပါသည်။

🌼 အကြိုနေ့မှ စတင်၍ ပျော်ရွှင်မှုများ တိုးပွားပါစေ
🌼 ချစ်ခြင်းမေတ္တာများ ပိုမိုခိုင်မာပါစေ
🌼 ကံကောင်းခြင်းများ နီးကပ်လာပါစေ
🌼 နှစ်သစ်အတွက် အခွင့်အလမ်းကောင်းများ ဖွင့်လှစ်လာပါစေ

သင်္ကြန်အကြိုနေ့ကစပြီး
ပျော်ရွှင်မှုများ၊ မင်္ဂလာများနဲ့ ပြည့်စုံသော နှစ်သစ်ကို
နွေးထွေးစွာ ကြိုဆိုနိုင်ကြပါစေရှင် 💛

Happy Thingyan Eve 💦

11/04/2026

ပြင်းထန်ရောဂါနဲ့ကြုံတွေ့လာတဲ့အခါ တစ်လုံးတည်းပေးငွေ အကျိုးခံစားခွင့်က ဘာကြောင့်အရေးကြီးလဲဆိုတာ စဥ်းစားဖူးပါသလား။

ပြင်းထန်ရောဂါဖြစ်လာတဲ့အခါမှာ များပြားလှတဲ့ ဆေးကုသမှုကုန်ကျစရိတ်တွေအပြင် နေ့စဉ်အသုံးစရိတ်တွေကြောင့် အချိန်တိုအတွင်း ဝင်ငွေဆုံးရှုံးမှုဖြစ်လာနိုင်ပြီး အထူးသဖြင့် အချိန်ကြာမြင့်စွာ အလုပ်မလုပ်နိုင်တဲ့အခါ ငွေကြေးဆိုင်ရာ စိတ်ဖိစီးမှုတွေပါ ဖြစ်လာနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ တစ်လုံးတည်းပေးငွေရရှိခြင်းက များစွာအထောက်အကူဖြစ်စေပါတယ်။

AIA Critical Illness Care နဲ့သာဆိုရင် အကာအကွယ်ပေးထားတဲ့ ပြင်းထန်ရောဂါတစ်မျိုးမျိုးဖြစ်လာတဲ့အခါ တစ်လုံးတည်းပေးငွေအကျိုးခံစားခွင့်ကို တိုက်ရိုက်ရရှိနိုင်တာကြောင့် ငွေကြေးဆိုင်ရာ စိတ်သက်သာမှုရှိစေပြီး ရေရှည်ဆေးကုသမှု ခံယူတဲ့အခါမှာပဲဖြစ်ဖြစ်၊ မိသားစုအနာဂတ်ကို ကြိုတင်ကာကွယ်တဲ့အခါမှာပဲဖြစ်ဖြစ် စိတ်ကြိုက် စီမံခန့်ခွဲနိုင်မှာ ဖြစ်ပါတယ်။

AIA Critical Illness Care နဲ့အတူ မခန့်မှန်းနိုင်တဲ့ ဘဝအလှည့်အပြောင်းတွေအတွက် အခုပဲ ကြိုတင်ပြင်ဆင်ထားလိုက်ပါ။ AIA Critical Illness Care အကြောင်း အသေးစိတ်သိရှိလိုပါက https://bit.ly/4oO5PiA မှာ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။

Have you ever wondered why a lump sum payout for critical illness matters?

When a critical illness is diagnosed, life can take an unexpected turn. Beyond medical treatment, daily living expenses and the potential loss of regular income can place significant financial strain on individuals. In such circumstances, a lump‑sum payout can provide vital support.

AIA Critical Illness Care provides a lump‑sum payout directly to you upon diagnosis of a covered critical illness. This allows greater flexibility in managing what matters most, whether it is immediate financial relief, long‑term treatment, safeguarding a family’s future, or addressing other priority needs.

When uncertainty arises, having the right protection can make a meaningful difference. Being prepared for life’s uncertainties starts with thoughtful planning through AIA Critical Illness Care.

Learn more about AIA Critical Illness Care here: https://bit.ly/4oJJliJ

07/04/2026

ကျန်းမာရေးအသိပညာတွေ မြှင့်တင်တဲ့ အပြည်ပြည်ဆိုင်ရာနေ့တစ်နေ့ဖြစ်တဲ့ “ကမ္ဘာ့ကျန်းမာရေးနေ့” ကို အစွဲပြုပြီး ကိုယ်ပိုင်ခံယူထားတဲ့ ကျန်းမာခြင်းရဲ့ အဓိပ္ပါယ်တွေကို ပြန်လည်သုံးသပ်ကြည့်ရအောင်။

တကယ်တော့ ကျန်းမာခြင်းဆိုတာ ရောဂါဘယကင်းဝေးခြင်းတစ်ခုတည်းကိုသာ ဆိုလိုခြင်းမဟုတ်ပါဘူး။ နေ့စဉ်နဲ့အမျှ ကိုယ်ရော၊ စိတ်ပါ အားအင်အပြည့်နဲ့ ဖြတ်သန်းနိုင်ခြင်းဟာ စစ်မှန်တဲ့ကျန်းမာသုခဖြစ်တယ်ဆိုတာကို သတိပြုမိစေချင်ပါတယ်။

ဒါ့အပြင် ကျန်းမာဖို့အတွက် လူမှုအသိုင်းအဝိုင်းတွေက ချမှတ်ထားတဲ့ ပုံသေစံနှုန်း၊ အယူအဆတွေဟာလည်း လူတိုင်းနဲ့ ကိုက်ညီမှုရှိမှာမဟုတ်ပါဘူး။ နေ့စဉ်နဲ့အမျှ လုပ်ဆောင်မှုတွေ၊ ဆုံးဖြတ်ချက်တွေဟာ ကျန်းမာရေးနဲ့ နက်နက်ရှိုင်းရှိုင်းဆက်နွယ်နေတာကြောင့် ရိုးရှင်းပြီး အစဉ်တစိုက်လုပ်ဆောင်နိုင်တဲ့ အလေ့အကျင့်ကောင်းတွေနဲ့အတူ မိမိနဲ့ကိုက်ညီမှုရှိတဲ့ ကျန်းမာအောင်နေထိုင်နိုင်မဲ့ နည်းလမ်းတွေကို ရှာဖွေကြဖို့ အကြံပြုပါတယ်။

၂၀၃၀ ပြည့်နှစ်အမီ အာရှတစ်ဝှမ်းရှိ လူဦးရေ‌ ၁ ဘီလီယံခန့်ကို ကျန်းမာ၊ သက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ဘဝများ ရရှိပိုင်ဆိုင်နိုင်စေဖို့ AIA က ပံ့ပိုး၊ လုပ်ဆောင်ပေးလျက်ရှိတာကြောင့် ဒီခရီးစဉ်မှာအတူလိုက်ပါရင်း ကျန်းမာခြင်းကို ဘဝရဲ့အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ဖန်တီးကြဖို့ ဖိတ်ခေါ်ပါတယ်။

This World Health Day, AIA Myanmar invites you to take a moment to reflect on what health truly means to each of us.

Being healthy is more than simply not being unwell. True wellness is about living each day with energy, balance, and a healthy body and mind.

Health is not a one‑size‑fits‑all concept, and traditional stereotypes about how to live healthily do not work for everyone. In reality, health is all around us and it’s in our everyday and in who we are. That is why AIA Myanmar encourages everyone to rethink healthy in a way that feels truly right for them, through simple and consistent habits that fit into their life and bring them happiness.

Driven by our AIA One Billion ambition across Asia by 2030, our brand commitment to helping people live Healthier, Longer, Better Lives, we invite you to continue this journey with us, where health is an important milestone along the way.

05/04/2026

နှစ်သစ်ဦးမှာ ချစ်ရသူတွေအတွက် အကောင်းဆုံး "ကျန်းမာရေးလက်ဆောင်" ပေးကြစို့ 🎁✨

ပန်းပိတောက်ရနံ့တွေနဲ့အတူ မြန်မာတို့ရဲ့ နှစ်သစ်ကူးအချိန်ခါသမယကို မကြာခင်မှာ ရောက်ရှိတော့မှာပါ။ 🌸💦 တစ်နှစ်တာရဲ့ အစမှာ မိမိကိုယ်တိုင်နဲ့ မိသားစုဝင်တွေအတွက် "ကျန်းမာခြင်း" ထက် ပိုမိုတန်ဖိုးရှိတဲ့ လက်ဆောင်ဆိုတာ မရှိနိုင်ပါဘူး။ ❤️🏥

"ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်သည်" ဆိုတဲ့အတိုင်း နှစ်သစ်ကို ကျန်းမာပျော်ရွှင်စွာနဲ့ ကြိုဆိုနိုင်ဖို့ OSC ဆေးရုံကြီး ကနေ (𝟐𝟎%) အထူးလျှော့ဈေး အစီအစဉ်ကို ပြင်ဆင်ပေးထားပါတယ်။ 🏷️🩺

သင်္ကြန်အထူးအစီအစဉ် (၅.၄.၂၀၂၆ မှ ၁၁.၄.၂၀၂၆ အထိ) 🗓️ အောက်ပါ 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐡𝐞𝐜𝐤𝐮𝐩 𝐏𝐚𝐜𝐤𝐚𝐠𝐞 များကို (𝟐𝟎%) သက်သာသောနှုန်းထားဖြင့် စစ်ဆေးနိုင်ပါပြီ - ✅

• 𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐋𝐢𝐟𝐞 🏃‍♂️
• 𝐄𝐱𝐞𝐜𝐮𝐭𝐢𝐯𝐞 𝐋𝐢𝐟𝐞 🏃‍♂️🏃‍♂️
• 𝐂𝐨𝐦𝐩𝐫𝐞𝐡𝐞𝐧𝐬𝐢𝐯𝐞 𝐋𝐢𝐟𝐞 🌟
• 𝐂𝐨𝐦𝐩𝐫𝐞𝐡𝐞𝐧𝐬𝐢𝐯𝐞 𝐏𝐥𝐮𝐬 ✨
• 𝐂𝐨𝐦𝐩𝐫𝐞𝐡𝐞𝐧𝐬𝐢𝐯𝐞 𝐏𝐥𝐮𝐬 (𝐔𝐥𝐭𝐫𝐚) 💎

နှစ်ဟောင်းက အညစ်အကြေးတွေကို သင်္ကြန်ရေနဲ့ ဆေးကြောပြီး၊ နှစ်သစ်မှာ စိတ်သစ်၊ လူသစ်၊ ကျန်းမာရေးအသစ်နဲ့ ရှေ့ဆက်လိုက်ကြစို့။ 💦🙏

၁။ 𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐋𝐢𝐟𝐞 🏃‍♂️ (အသက် ၄၀ နှစ်နှင့်အောက်) 🧒
• မူရင်းစျေး: ၂၃၁,၀၀၀ ကျပ်
• ၂၀% လျှော့စျေး: ၁၈၄,၈၀၀ ကျပ် 💰

၂။ 𝐄𝐱𝐞𝐜𝐮𝐭𝐢𝐯𝐞 𝐋𝐢𝐟𝐞 🏃‍♂️🏃‍♂️ (အသက် ၄၀ နှစ်အထက်) 👨‍💼
• မူရင်းစျေး: ၃၂၄,၀၀၀ ကျပ်
• ၂၀% လျှော့စျေး: ၂၅၉,၂၀၀ ကျပ် 💰

၃။ 𝐂𝐨𝐦𝐩𝐫𝐞𝐡𝐞𝐧𝐬𝐢𝐯𝐞 𝐋𝐢𝐟𝐞 🌟 (အသက် ၅၀ နှစ်အထက်) 👴👵
• အမျိုးသား (မူရင်းစျေး): ၄၂၉,၀၀၀ ကျပ် /
• ၂၀% လျှော့စျေး: ၃၄၃,၂၀၀ ကျပ်
• အမျိုးသမီး (မူရင်းစျေး): ၄၇၄,၀၀၀ ကျပ် /
• ၂၀% လျှော့စျေး: ၃၇၉,၂၀၀ ကျပ်

၄။ 𝐂𝐨𝐦𝐩𝐫𝐞𝐡𝐞𝐧𝐬𝐢𝐯𝐞 𝐏𝐥𝐮𝐬 ✨ (ခန္ဓာကိုယ်တစ်ခုလုံး စစ်ဆေးခြင်း) 📋🔍
• အမျိုးသား (မူရင်းစျေး): ၆၇၆,၀၀၀ ကျပ် /
• ၂၀% လျှော့စျေး: ၅၄၀,၈၀၀ ကျပ်
• အမျိုးသမီး (မူရင်းစျေး): ၇၄၂,၀၀၀ ကျပ် /
• ၂၀% လျှော့စျေး: ၅၉၃,၆၀၀ ကျပ်

၅။ 𝐂𝐨𝐦𝐩𝐫𝐞𝐡𝐞𝐧𝐬𝐢𝐯𝐞 𝐏𝐥𝐮𝐬 (𝐔𝐥𝐭𝐫𝐚) 💎🔬🔍
(ခန္ဓာကိုယ်တစ်ခုလုံး အသေးစိတ် စစ်ဆေးခြင်း)
• အမျိုးသား (မူရင်းစျေး): ၁,၃၀၉,၀၀၀ ကျပ် /
• ၂၀% လျှော့စျေး: ၁,၀၄၇,၂၀၀ ကျပ်
• အမျိုးသမီး (မူရင်းစျေး): ၁,၃၇၅,၀၀၀ ကျပ် /
• ၂၀% လျှော့စျေး: ၁,၁၀၀,၀၀၀ ကျပ်

သင့်ရဲ့ကျန်းမာရေးအတွက် အပြည့်အဝတာဝန်ယူပေးမည့် OSC ဆေးရုံကြီးသို့ ပရိုမိုးရှင်းကာလ မကုန်ခင် အမြန်ဆုံး လာရောက်စစ်ဆေးလိုက်ပါနော်။ 🤗🏥

ကျန်းမာရေးစစ်ဆေးခြင်း (Medical Checkup) ဌာနအား
နေ့စဉ် ပိတ်ရက်မရှိ နံနက် (8:00) နာရီမှ ညနေ (5:00) နာရီထိ 🕒
ဖွင့်လှစ်ထားရှိပါတယ်ရှင်။ 👩‍⚕️🤝
===============================
အသေးစိတ်သိရှိလိုပါက

01-4706622
09-43208326
09-880441013 သို့ ဆက်သွယ်စုံးစမ်းမေးမြန်းနိုင်ပါသည်။ 📱💬
===============================


.oschospitalmm.com

Photos from AIA Myanmar's post 30/03/2026
28/03/2026

၂၀၂၅ ခုနှစ်၊ မတ်လမှာ ဖြစ်ပွားခဲ့တဲ့ ငလျင်ကြောင့် မြန်မာနိုင်ငံ လူမှုအသိုင်းအဝိုင်းများစွာရဲ့ အသက်အိုးအိမ်၊ စည်းစိမ်များ နစ်နာဆုံးရှုံးခဲ့တာဆိုရင် ဒီနေ့၊ မတ်လ ၂၈ ရက်မှာ တစ်နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

AIA Myanmar အနေနဲ့ ငလျင်ဘေးသင့် မိဘပြည်သူများရဲ့ လူနေမှုဘဝများ ပုံမှန်အခြေအနေအတိုင်း အမြန်ဆုံးဖြစ်လာစေရေးကို များစွာမျှော်လင့်လျက်ရှိတဲ့အတွက် ငလျင်ဘေးသင့်ခံရသော ‌ဒေသများရှိ လူမှုအသိုင်းအဝိုင်းများနဲ့အတူ ယနေ့ထိတိုင် တစ်သားတည်းအတူရှိနေပါတယ်။

လုံခြုံတဲ့နေအိမ်၊ ကောင်းမွန်စွာ ပညာသင်ကြားနိုင်ခြင်း၊ ကောင်းမွန်တဲ့ အလုပ်အကိုင်နဲ့ ဝင်ငွေရရှိခြင်းတို့ဟာ လူနေမှုဘဝဆိုင်ရာ အခြေခံလိုအပ်ချက်တွေဖြစ်တာကြောင့် AIA Myanmar အနေနဲ့ အင်း‌လေးကန်၊ ကြာအင်းကျေးရွာရှိ ဒေသခံများအတွက် နေအိမ်များ၊ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ကလေးငယ် (၇၀၀) ဝန်းကျင်ခန့် ပညာသင်ကြားနိုင်မဲ့ စာသင်ကျောင်းဆောင်များ အပါအဝင် အင်းလေးနဲ့ အမရပူရဒေသများရှိ လက်မှုပညာရှင်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးခြင်း စသည်တို့ကို ဒေသတွင်း အဖွဲ့အစည်းများနဲ့ ပူးပေါင်းကာ ကူညီပံ့ပိုးပေးခဲ့ပါတယ်။

လူမှုအသိုင်းအဝိုင်းများနဲ့အတူ နောင်နှစ်ပေါင်းများစွာတိုင် တစ်သားတည်း အမြဲအတူရှိနေပြီး ဆက်လက် ပံ့ပိုး၊ လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ ကျန်းမာ၊ သက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ဘဝကို AIA Myanmar နဲ့အတူ လျှောက်လှမ်းကြပါစို့။

On this day, 28 March, it has been a year since the earthquake that brought severe loss to homes and livelihoods across many communities in Myanmar.

Guided by a strong desire to stand with those affected, AIA Myanmar has remained united in purpose and in heart with communities across the country.

At AIA Myanmar, we believe that safe housing, quality education, and sustainable livelihoods are essential foundations for a better life. From rebuilding resilient homes in Kyar Taw Village at Inle Lake, to supporting the construction of schools in Pyi Gyi Takhon, Mandalay, where around 700 students can learn in a safe environment, and to creating livelihood opportunities in Inle and Amarapura, our commitment has always been to stand alongside our communities.

We remain steadfast in our commitment to supporting communities for many years to come. Together, let us continue moving forward towards Healthier, Longer, Better Lives for all.

26/03/2026

AIA Myanmar ၏ ငွေသားမလိုသည့် အိမ်တိုင်ရာရောက် ကျန်းမာရေးစစ်ဆေးနိုင်သည့် ဝန်ဆောင်မှု (Cashless Home Service Medical Examination) ကို ပထမဦးဆုံးအကြိမ်အဖြစ် ဂုဏ်ယူစွာ မိတ်ဆက်လိုက်သည်။

၂၀၂၆ ခုနှစ်၊ မတ် လ ၂၆ ရက် မှစတင်ကာ ပေါ်လစီဝယ်ယူရန် ကျန်းမာရေးစစ်ဆေးမှုလိုအပ်သည့် Member များအနေနှင့် လမ်းပန်းဆက်သွယ်မှု၊ စောင့်ဆိုင်းသည့်ကြာချိန် စသည်တို့ကို စိတ်ပူပန်စရာမလိုတော့ဘဲ နေအိမ်၌ပင် လွယ်ကူ၊ ရိုးရှင်းစွာ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်နိုင်မည် ဖြစ်ပါသည်။

ငွေသားမလို အိမ်တိုင်ရာရောက် ကျန်းမာရေးစစ်ဆေးနိုင်သည့် ဝန်ဆောင်မှု

AIA Myanmar ၏ Panel Hospital ဖြစ်သည့် Sakura ဆေးရုံနှင့် ပူးပေါင်းကာ အကျုံးဝင်သော Member များအတွက် ငွေသားမလိုဘဲ Medical Examination ဆိုင်ရာဝန်ဆောင်မှုရယူနိုင်သည့် အစီအစဉ်ဖြစ်ပါတယ်

Sakura ဆေးရုံ၏ အရည်အချင်းပြည့်မီသော ကျွမ်းကျင်ဆရာဝန်နှင့် ဆေးဘက်ဆိုင်ရာအဖွဲ့က အရည်အသွေးမြင့် ကျန်းမာရေးဝန်ဆောင်မှုများကို အိမ်တိုင်ရာရောက် ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။

👉အကျုံးဝင်သော Member များ

အောက်ဖော်ပြပါ သတ်မှတ်ချက်တစ်ခုခုနှင့် ကိုက်ညီမှုရှိပါက အိမ်တိုင်ရာရောက် ကျန်းမာရေးစစ်ဆေးသည့် ဝန်ဆောင်မှု ရယူရန် အကျုံးဝင်သည်ဟု သတ်မှတ်သည်။

၁။ RUBY Club Member များ

၂။ ANP ကျပ် ၁၀၀ သိန်းနှင့်အထက်ရှိသော Member များ

ရယူနိုင်သော ဝန်ဆောင်မှုများ

Medical Examination
Urine Test
Blood Test
ECG
ဝန်ဆောင်မှုရယူရန် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ

ယခင် ကျန်းမာရေးစစ်ဆေးခြင်း ဝန်ဆောင်မှုရယူသည့် လုပ်ငန်းစဉ်အတိုင်း ပြောင်းလဲခြင်းမရှိသော်လည်း ဝန်ဆောင်မှုရယူလိုပါက အောက်ပါအချက်များကို သတိပြု၊ လိုက်နာရန် လိုအပ်ပါသည်။

ဝန်ဆောင်မှု ရယူလိုသည့် Member ကိုယ်တိုင်ဖြစ်စေ၊ သက်ဆိုင်ရာ ငွေကြေးအတိုင်ပင်ခံမှကိုယ်စားဖြစ်စေ အနည်းဆုံး ရုံးဖွင့်ရက် ၄ ရက် ကြိုတင်ကာ ရက်ချိန်းရယူရမည်ဖြစ်ပါသည်။

👉ဝန်ဆောင်မှုရယူနိုင်မည့် မြို့နယ်များ
ရန်ကုန်မြို့တွင်း မြို့နယ်များ (မင်္ဂလာဒုံမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာမြို့နယ်များမှအပ)
လှိုင်သာယာမြို့နယ်ရှိ FMI City တွင် နေထိုင်ပါက ဝန်ဆောင်မှု ရယူနိုင်ပါသည်။
👉ဝန်ဆောင်မှုရယူနိုင်မည့် အချိန်
တနင်္လာနေ့မှ သောကြာနေ့အတွင်း (စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များမှအပ)
မနက် ၈း၀၀ နာရီမှ နေ့လယ် ၁၂း၀၀ နာရီအတွင်း ဝန်ဆောင်မှုရယူနိုင်ပါသည်။

မှတ်ချက် - လက်ရှိသည် စက်သုံးဆီရှားပါးမှုကြိုတင်ကာကွယ်ရေးကာလဖြစ်သည့်အတွက် အိမ်တိုင်ရာရောက် ကျန်းမာရေးစစ်ဆေးနိုင်သည့် ဝန်ဆောင်မှုသည် အကန့်အသတ်များရှိနိုင်ကြောင်း သတိပြုပါ။ သို့သော် ပေါ်လစီစတင် ဝယ်ယူမည့် Member များအနေနှင့် Sakura ဆေးရုံသို့ ကိုယ်တိုင်သွားရောက်ကာ ငွေသားမလိုဘဲ ကျန်းမာရေးစစ်ဆေးနိုင်မည်

Photos from Bright Life Insurance's post 26/03/2026

မင်္ဂလာပါ။
AIA Myanmar ၏ Member များ ပရီမီယံကြေးပေးချေရာတွင် ပိုမိုလွယ်ကူအဆင်ပြေမှုရှိစေရန် AIA Myanmar ဝက်ဘ်ဆိုက်ဒ်တွင် MPU ကတ်ဖြင့် ပရီမီယံကြေးပေးသွင်းနိုင်ပြီဖြစ်ကြောင်း အကြောင်းကြားအပ်ပါသည်။

Member များအနေနှင့် AIA Myanmar ဝက်ဘ်ဆိုက်ဒ်မှတစ်ဆင့် အာမခံအကာအကွယ်ဆိုင်ရာ အချက်အလက်များ၊ Member များ၏ အကျိုးခံစားခွင့်များနှင့် ဝန်ဆောင်မှုများအကြောင်း အလွယ်တကူကြည့်ရှုနိုင်မည့်အပြင် ယခုကဲ့သို့ MPU ကတ်ဖြင့် တိုက်ရိုက်‌ပေးသွင်းနိုင်သည့်အတွက် အာမခံအကာအကွယ်နှင့် အကျိုးခံစားခွင့်များကို ဆက်လက်တည်မြဲစေရန် လွယ်ကူစွာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။

AIA Myanmar ဝက်ဘ်ဆိုက်ဒ်တွင် MPU ကတ်ဖြင့် အွန်လိုင်းပရီမီယံကြေးပေးသွင်းရန် - https://bit.ly/4sBJx6q

မှတ်ချက် - အသုံးပြုမည့် MPU ကတ်သည် MPU E-commerce Service အသုံးပြုခွင့် ရရှိပြီးဖြစ်ရမည်။

Want your business to be the top-listed Accountant in Yangon?
Click here to claim your Sponsored Listing.

Website

Address


22nd Floor, Junction City Tower, Bogyoke Aung San Road
Yangon
11143