Dapa Power
Dapa Power supplies high-quality lithium batteries from China. Local service center in Yangon.
23/06/2026
Dapa Power ဘက်ထရီများအတွက် တပ်ဆင်ခြင်းလမ်းညွှန်၊ Specifications များနဲ့ Safety Practices များ ပါဝင်တဲ့ User Manual တွေကို Link ထဲမှာ ဝင်ရောက် Download လုပ်နိုင်ပါပြီ!🔔
🔻Installer ၊ Technician ၊ Project Manager တို့ လိုအပ်ချိန်တိုင်း ဖုန်းထဲကတဆင့် အလွယ်တကူ ကြည့်ရှုနိုင်ဖို့ PDF Version စီစဉ်ပေးထားပါတယ်
အောက်ပါ Link မှတစ်ဆင့် ဝင်ရောက် Download လုပ်နိုင်ပါပြီ!
📌Download link: https://linktr.ee/dapapower
Download လုပ်ဖို့ အခက်အခဲရှိပါက Comment မှာ မေးခဲ့နိုင်ပါတယ်ဗျ🙏
📲Hotline: 09956730700
📲Service: 09956730600
📍လိပ်စာ : အမှတ်-B11, ဘုရင့်နောင်လမ်း, (၂၇) ရပ်ကွက်, ရွှေပင်လုံအိမ်ရာ, မြောက်ဒဂုံမြို့နယ်, ရန်ကုန်မြို့။
20/06/2026
အိမ်သုံးလျှပ်စစ်ပစ္စည်းတွေထဲမှာ အားအသုံးဆုံးပစ္စည်းက AC အဲကွန်း💨 ဖြစ်တဲ့အတွက် မီးအားချွေတာဖို့ နည်းလမ်း နံပါတ် (၂) ကို မျှဝေလိုက်ပါတယ်✨
အများစုက အဲကွန်းကို (၁၈) ဒီဂရီ/ (၂၀) ဒီဂရီလောက်အထိ လျှော့ပြီး သုံးတတ်ကြပါတယ်။ ဒီလိုဖွင့်ခြင်းက အဲကွန်း Compressor ကို မနားတမ်း အလုပ်လုပ်စေပြီး LiFePO4 ဘက်ထရီအားကို မြန်မြန် ကုန်ဆုံးစေတဲ့ အဓိက အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်🪫
📌 ဒီအတွက် အထိရောက်ဆုံးနဲ့ စွမ်းအင်အချွေတာဆုံး ဖြေရှင်းနည်းကတော့ အဲကွန်းကို (၂၆) သို့ (၂၇) ဒီဂရီမှာထားပြီး ရိုးရိုးပန်ကာ (သို့) မျက်နှာကြက်ပန်ကာ တစ်လုံးနဲ့ တွဲဖွင့်ခြင်း ပဲ ဖြစ်ပါတယ်။
ဘာကြောင့်လဲ❓
▪️အဲကွန်းကို (၂၇) ဒီဂရီလောက်မှာပဲ ထားတဲ့အတွက် Compressor က အခန်းအပူချိန်ထိန်းညှိဖို့ မကြာခဏ နားခွင့်ရသွားပါတယ်
▪️ရိုးရိုးပန်ကာ တစ်လုံးရဲ့ မီးအားဆွဲနှုန်းက (ခန့်မှန်း 50W ခန့်)⚡️ ဟာ အဲကွန်း Compressor အလုပ်လုပ်ရတဲ့ ဝပ်အား (1000W အထက်) နဲ့ ယှဉ်ရင် အလွန်နည်းပါးတာကြောင့်၊ ဒီနည်းလမ်းဟာ မီးဆွဲအားကို သိသိသာသာ လျှော့ချပေးနိုင်ပြီး ဘက်ထရီ အသုံးပြုချိန်ကို အများကြီး ပိုမို ရှည်ကြာစေမှာ ဖြစ်ပါတယ်
▪️နောက်ပြီး ပန်ကာကနေလာတဲ့ လေက ခန္ဓာကိုယ် အပူချိန်ကို လျင်မြန်စွာ အငွေ့ပျံစေပြီး ၊ (၂၇) ဒီဂရီ အပူချိန်ကို (၂၂) ဒီဂရီလောက် အေးမြတယ်လို့ ခံစားရစေလို့ ဒီနည်းလမ်းက အများစုအတွက်အဆင်ပြေစေမှာပါ🩵
LiFePO4 ဘက်ထရီအားချွေတာဖို့ တစ်ခြား နည်းလမ်းကောင်းတွေရှိရင်လည်း မျှဝေပေးခဲ့ပါဦးခင်မျာ!☘️
19/06/2026
ဟင်းချက်နေချိန်မှာ မီးဖိုချောင်ကနေ ပြင်းထန်တဲ့ အပူ♨️ နဲ့ စိုထိုင်းဆတွေ ထွက်လာပါတယ်
ဒီအချိန်မှာ အဲကွန်းကို တွဲဖွင့်ထားမယ်ဆိုရင် အဲကွန်းရဲ့ Compressor က ဒီအပူကို တိုက်ထုတ်ဖို့ အမြင့်ဆုံး စွမ်းဆောင်ရည်နဲ့ အဆက်မပြတ် အလုပ်လုပ်ရပါတယ်
ဒါ့အပြင်လေထဲက စိုထိုင်းဆကို စုပ်ယူဖို့ အားကုန်သုံးရတဲ့အတွက် LiFePO4 ဘက်ထရီအားကုန်မြန်စေပါတယ်🪫
⚠️ဒီအတွက်ဖြေရှင်းနည်းက ရိုးရှင်းပါတယ်
ဟင်းချက်နေချိန်မှာ အဲကွန်းကို ခဏပိတ်ထားပါ၊ အပူနဲ့ အငွေ့တွေကို ပန်ကာနဲ့ အပြင်သို့ စနစ်တကျ ထုတ်ပစ်ပါ အတတ်နိုင်ဆုံး ပြတင်းပေါက်များဖွင့်ထားပေးပါ
LiFePO4 ဘက်ထရီ အားကို အချိန်ကြာကြာထိရောက်စွာ အသုံးပြုနိုင်ဖို့ အပူချိန်နဲ့ စိုထိုင်းဆကို စနစ်တကျ စီမံခန့်ခွဲခြင်းက နည်းလမ်း(၁) ဖြစ်ပါတယ် ☘️
16/06/2026
အမျိုးစားစုံလင်တဲ့ Dapa Power lithium battery Specifications များနဲ့ အချက်လက်အသေးစိတ် Catalog ကို အောက်ပါ link မှတစ်ဆင့် download လုပ်ပြီး ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ 📢
📌 https://linktr.ee/dapapower
Link ဝင်ဖို့အခက်ခဲရှိရင်လည်း comment မှာမေးခဲ့နိုင်ပါတယ်ဗျ👇
📲Hotline: 09956730700
📲Service: 09956730600
📍လိပ်စာ : အမှတ်-B11, ဘုရင့်နောင်လမ်း, (၂၇) ရပ်ကွက်, ရွှေပင်လုံအိမ်ရာ, မြောက်ဒဂုံမြို့နယ်, ရန်ကုန်မြို့
11/06/2026
ဘောလုံးပွဲတွေ ကို ဘယ်နေရာမှာပဲဖြစ်ဖြစ် ပရီမီယံအဆင့်ရှိတဲ့ ကြည့်ရှုမှုအတွေ့အကြုံကို ဖန်တီးလိုက်ပါ
လျှပ်စစ်မီးပြတ်တောက်မှုတွေကြောင့် သင့်ရဲ့ အရေးကြီးတဲ့ အချိန်တွေကို အနှောင့်အယှက် မဖြစ်စေဖို့
Dapa Power က အသံတိတ်၊ ယုံကြည်စိတ်ချရတဲ့ စွမ်းအင်ကို ထောက်ပံ့ပေးပါတယ်…ဆူညံတဲ့ မီးစက်တွေမလိုဘဲ မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ အကောင်းဆုံးအချိန်တွေကို ဖြတ်သန်းလိုက်ပါ 🏟️
#ဆိုလာ #ဘက်ထရီ
10/06/2026
📣 Dapa Power ရဲ့ 𝟐𝟓.𝟔𝐕 𝐒𝐞𝐫𝐢𝐞𝐬 𝐏𝐫𝐨𝐝𝐮𝐜𝐭 အသစ်တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်⚡️
တိကျတဲ့ နောက်ဆုံးပေါ်နည်းပညာစံနှုန်းများနဲ့ ထုတ်လုပ်ထားတာဖြစ်လို့ အရည်သွေးပိုင်းကို လုံးဝစိတ်ချနိုင်ပါတယ်💯
ကောင်းမွန်တဲ့ Design နဲ့ Casing ကြောင့် နံရံပေါ်ကပ်မလား၊ ကြမ်းပြင်ပေါ်ပဲထားမလား အဆင်ပြေမယ့် product ဖြစ်ပါတယ်
💵 ကုန်ကျစရိတ်လဲသက်သာ၊ Service Warranty ပိုင်းလဲ ခိုင်မာတဲ့ Brand ကို ရှာနေတယ်ဆိုရင်တော့ အောက်ပါ အသေးစိတ် Specification တွေကို လေ့လာသွားနိုင်ပါတယ်✨
▪️Battery Type: LiFePO4 🔋
▪️Nominal Voltage: 25.6V
▪️Nominal Capacity: 200Ah (5.12 kWh Energy), 280 Ah (7.16 kWh Energy)
▪️DOD: 80%
▪️Cycle Life: 6000+ Cycles 🔄
▪️Expansion: Max 4 units in parallel, Max 2 units in series
▪️Warranty: 3+2 years
▪️Installation: Wall mounted/ floor mounted
📲Hotline: 09956730700
📲Service: 09956730600
📍လိပ်စာ : အမှတ်-B11, ဘုရင့်နောင်လမ်း, (၂၇) ရပ်ကွက်, ရွှေပင်လုံအိမ်ရာ, မြောက်ဒဂုံမြို့နယ်, ရန်ကုန်မြို့
05/06/2026
ယနေ့ ဇွန်လ ၅ ရက်နေ့ဟာ World Environment Day ဖြစ်ပါတယ်🌳🍃
ဒီနေ့မှာ Solar နဲ့ Energy လောကက အင်ဂျင်နီယာတွေ၊ Installer တွေနဲ့ မိတ်ဆွေတွေအားလုံးရဲ့ ကာဗွန်လျှော့ချရေးနဲ့ Sustainable Energy System တွေအတွက် တစ်ရက်တည်းမဟုတ်တဲ့ အစဉ်တစိုက် ကြိုးပမ်းမှုတွေကို ဂုဏ်ပြုချင်ပါတယ်🩵✨
03/06/2026
(EV) လျှပ်စစ်ကား⚡️အပြင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေအတွက် တစ်ပြိုင်တည်း💡လုံလောက်တဲ့ ဝန်ကို တည်တည်ငြိမ်ငြိမ် Run နိုင်ဖို့
Dapa Power ရဲ့ DP-512314 မော်ဒယ် (၂) လုံးကို ချိတ်ဆက်ထားတဲ့ system က အကောင်းဆုံးပါ 💯
ဘက်ထရီတစ်လုံးမှာ 51.2 V 314Ah (16.08 kWh) ပါဝင်ပြီး(၂) လုံးချိတ်ဆက်အသုံးပြုတဲ့အခါ စုစုပေါင်း 32.16 kWh အထိ အားသိုလှောင်နိုင်ပါတယ်🔋
Top Tier Grade A Cell ✨တွေနဲ့ အဆင့်မြင့် Pace BMS စနစ်ကြောင့် ဝန်အားများချိန်မှာတောင် လုံခြုံစွာ အလုပ်လုပ်ပေးနိုင်ပါတယ်
▫️Life Cycle အကြိမ်ရေ 8000 ကျော် အထိ အသုံးခံမဲ့အပြင်၊
▫️အာမခံသက်တမ်း (5+5 Years Warranty) အပြည့်
▫️နေရာမယူဘဲ သပ်ရပ်တဲ့ Bauhaus ဒီဇိုင်း
တို့ကြောင့် မိတ်ဆွေတို့ အိမ်၊ ကား၊ lifestyle အတွက် အကောင်းဆုံး ရေရှည်ရင်းနှီးမြှုပ်နှံမှု တစ်ခုပါ ☘️
📲Hotline: 09956730700, 09 784 295916
📲Service: 09956730600 �
📍လိပ်စာ : အမှတ်-B11, ဘုရင့်နောင်လမ်း, (၂၇) ရပ်ကွက်, ရွှေပင်လုံအိမ်ရာ, မြောက်ဒဂုံမြို့နယ်, ရန်ကုန်မြို့
#ဆိုလာ
02/06/2026
မိတ်ဆွေတို့ကော ဘယ်လောက် (A) Amphere နဲ့သွင်းလဲ
ဘက်ထရီအားသွင်းဖို့ 30 A နဲ့ သွင်းရမလား 50 A နဲ့သွင်းရမလား ❓❓
(A- အမ်ပီယာ)
💡မီးလာချိန်မှာ inverter နဲ့ အားသွင်းဖို့ 30 A, 40A, 50 A ဆိုပြီး ဆက်တင်ချိန်ထားတတ် ကြပါတယ် အိမ်မှာရှိတဲ့ Breaker ပေါ်မူတည်ပြီး ပိုကြီးတဲ့ နှုန်းနဲ့လဲ သုံးကြပါတယ်
30 A နဲ့အားသွင်းရင် ⬇
🔋314 A ဘက်ထရီတစ်လုံးကို ၁၀ နာရီကျော်ကျော် သွင်းရပါတယ်
🔋280 A ဘက်ထရီဆိုရင်တော့ ၉ နာရီကျော် သွင်းရပါတယ်
🔋200 A ဘက်ထရီကိုတော့ ၆ နာရီကျော်သွင်း ရင်ရပါတယ်
အားပြည့်သွင်းတဲ့ ကြာချိန်အတွက် battery ရဲ့ capacity ကို သွင်းတဲ့နှုန်းနဲ့ စားလိုက်ရင် ခန့်မှန်းကြာချိန် ရပါတယ် ⏱️
ဥပမာ. 200/30= 6.6 နာရီ
ဘက်ထရီတွေကို 50 A ဆက်တင်နဲ့ အားသွင်းမယ်ဆိုရင်တော့ ⬇️
➣ 314 A ဘက်ထရီကို 6 နာရီကျော်
➣ 280 A ဘက်ထရီကို 5 နာရီကျော်
➣ 200 A ဘက်ထရီကိုတော့ 4 နာရီကျော် သွင်းရင်လုံလောက်ပါတယ်⚡️
Dapa Power ရဲ့ LiFePO4 ဘက်ထရီတွေက 120 A ( 51.2V 200 A model ), 150 A ( 51.2 V 280 A/314 A model ) အထိ သွင်းနိုင်တာကြောင့် အိမ်သုံးနဲ့ လုပ်ငန်းသုံးများအတွက်ပါ အဆင်ပြေပါတယ် 👌
မိတ်ဆွေတို့ အိမ်သုံး လုပ်ငန်းသုံးလိုအပ်ချက်တွေအတွက် သင့်လျှော်တဲ့ ဘက်ထရီ၊ တပ်ဆင်မှုတွေကို Dapa Power ရဲ့ Service Center မှ အင်ဂျင်နီယာများနဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ် 👨🔧
☎️ Hotline : 09956730700
🛠 Service : 09956730600
📍 Service Center: အမှတ် (၈၅၂), ရပ်ကွက် (၂၈), ပြည်ထောင်စုလမ်း, မြောက်ဒဂုံမြို့နယ် (ရန်ကုန်)
29/05/2026
Dapa Power ရဲ့ DP-512100 (P1) က နေရာယူသက်သာပြီး လိုသလိုတိုးချဲ့နိုင်တဲ့ Rack Model ပါ🔋
43 kg သာလေးတဲ့ Battery တစ်လုံးက 5.1kWh (51.2 V,100 Ah) ရှိပြီး Rack စနစ်တစ်ခုမှာ ၁၅ လုံးထိ🔗 (76.8 kW) အလွယ်တကူ တိုးချဲ့နိုင်ပါတယ်
စျေးကွက်ထဲက အင်ဗာတာတိုင်းနဲ့ တွဲဆက်လို့ရပြီး 🛜 Communication အတွက် CAN.RS485 စနစ်ကို သုံးပြုထားပါတယ်
လုပ်ငန်းငယ်၊ ရုံးခန်း၊ ဒီဇိုင်းစတူဒီယို၊ ဆာဗာခန်း၊ဆေးခန်း၊ သိုလှောင်ရုံ တွေအတွက် အထူးသင့်တော်ပြီး သပ်သပ်ရပ်ရပ်နဲ့ နေရာမယူတဲ့အပြင် Reliable ဖြစ်တဲ့ Power System တစ်ခုပါ💥
Life Cycle 6000 ကျော် ၊ တရားဝင်အာမခံ (၅) နှစ် အပြည့်ပါဝင်တာကြောင့်လည်း လုပ်ငန်းတစ်ခုရဲ့ ရေရှည်ရင်းနှီးမြှုပ်နှံမှုအတွက် လုံး၀စိတ်ချရပါတယ်!💯
📲Hotline: 09956730700
📲Service: 09956730600
📍လိပ်စာ : အမှတ်-B11, ဘုရင့်နောင်လမ်း, (၂၇) ရပ်ကွက်, ရွှေပင်လုံအိမ်ရာ, မြောက်ဒဂုံမြို့နယ်, ရန်ကုန်မြို့။
#ဆိုလာ
Click here to claim your Sponsored Listing.
Website
Address
No. B11, Bayint Naung Road, 27 Ward, Shwe Pinlon Housing, North Dagon Township
Yangon
11181
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 15:00 |