Myanmar Android Crazy
အန်းဒရွုက် os ကို ကြွေသူ များအတွက် သီး
11/04/2014
Page ကို လက်ရှိ မိုဘိုင်း အခြေအနေ တွေ ကို ပိုမို ထင်ဟပ် ပြနိုင် ဖို့ ရယ်
ပြီး တော့ မြန်မာ မိုဘိုင်း ပလက်ဖောင်း မှာ ခေတ် စား တဲ့
သို့ တည်းမဟုတ်
ခေတ်စား လာ မယ့် device တွေ တော်တော် များများ အကြောင်း ကို ပို ပြီး ကျယ်ဝန်း စွာ တင် ပြ ချင်တဲ့ အတွက်
Page ရဲ့ အမည်ကို
MYANMAR MOBILE CRAZY
လို့ ပြောင်း ချင် ပါတယ်
ဘယ်လို သဘောရပါသလဲ ခင်ဗျား
ပို့စ် အသစ်တွေ မတင်ဖြစ် ခဲ့ တဲ့
အချိန်တွေ အတွက် လည်း တောင်းပန်ပါတယ် ခင်ဗျ။
မကြာ ခင် အချိန်တွေထဲမှာ ပဲ
ဆက်လက် ပြီး မြန်မာ မိုဘိုင်း နှစ်ချိုက်သူ အများ အတွက်
အကျိုး ရှိ စေ မယ့် post တွေ ကို
ရေးသား တင် ပြသွား မှာ ဖြစ်တဲ့
အကြောင်း သတင်း ကောင်း ပါး ပါရစေ ဗျာ။
နှစ်သစ် သင်္ကြန် မှာ အေးမြချမ်းသာ စွာ ပျော်ရွှင်စေ ကြောင်း ဆု မွန် တောင်း ပေး လိုက်ပါတယ် ခင်ဗျား။
ကျေးဇူး တင် ပါတယ် ခင်ဗျာ။
30/10/2013
ပြီးခဲ့တဲ့ တစ်ခေါက်က ဖော်ပြပေးသွားတဲ့ Sony Xperia C နဲ့ Huawei G610S အကြောင်း ဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်...
ဘယ်ဖုန်းကို ရွေးချယ်သင့်သလဲဆိုတာကို နှိုင်းယှဉ်ပြပေးမှာပါ....
ဈေးတန်းအရ ကြည့်မယ်ဆိုရင်တော့ ဈေးက နှစ်ဆလောက်ကွာတာကိုတွေ့ရမှာပါ....
ဒါပေမယ့် ဘာကြောင့် ၂ဆ ကွာရပါသလဲ.....
ရှင်းရှင်း လင်းလင်းကြည့်မယ်ဆိုရင်တော့ Brand ကြောင့်လို့ ပြောလို့ရပါတယ်...
့ performance ပိုင်းအရ ကြည့်မယ်ဆိုရင်တော့ သုံးထားတဲ့ chipset တွေက တူနေတဲ့ အတွက် ကွာမှာဟုတ်ပါဘူး..
Features ပိုင်း နဲ့ အခြားကွာနေတာတွေတော့ရှိပါတယ်..
- ပထမဆုံးနေနဲ့ Display ကိုယှဉ်ကြည့်မယ်ဆိုရင် ၅'' လက်မချင်း resolution နဲ့ pixels အရေအတွက်ကလည်းအတူတူပါပဲ
ဒါပေမယ့် sony က bravia engine သုံးထားတဲ့အတွက် colours ပိုကောင်းစေပါတယ်....
body ပိုင်းအရ ကြည့်မယ်ဆိုရင်တော့ Sony ကပိုကောင်းပြီးအကြမ်းခံနိုင်တဲ့ body မျိုးသုံးထားတာတွေ့ရမှာပါ...နောက်ပြီးရေဆိုလည်းခံမယ့်ပုံပါ....
huawei ရဲ့ body တည်ဆောက်ပုံကတော့ SONY လောက် အကြမ်းခံမယ်ပုံမပေါ်ပါဘူး...design နဲ့ အထူကတော့ သိပ်မကွာပါဘူး Smart ကျပြီး ၂ခုလုံးကိုင်လို့အဆင်ပြေမယ့်ပုံပါပဲ..
- သိမ်းဆည်းနိုင်မယ့် storage့  4G နဲ့ လုပ်ဆောင်နိုင်စွမ်း Cpu 1.2G QuadCore & Ram 1G ကတော့၂ခုလုံးတူတူပဲ ဖြစ်တဲ့အတွက် application နဲ့ games
များကိုလျင်မြန်စွာလုပ်ဆောင်နိုင်မှာပါ...wifi , 3G ,GPS ,Blutooth function တွေကိုတော့ sony ကော huawei devices ၂ခုလုံးသုံးလို့ရပါတယ်.....
အကြမ်းခံတာကြိုက်သူများအနေနဲ့ကတော sony ကိုေ၇ွးနိုင်ပါတယ်..
- တကယ်ကွာတယ့်အချက်ကတော့ Camera ပိုင်းမှာပါ....
Sony က Camera ပိုင်းမှာ အားသာတဲ့အတိုင်းပဲ 8 Mega Pixels [resolution 3264 x 2448] ရုပ်ထွက်နဲ့ autofocus ,LED flash ,ရှေ့ camera တို့ပါမှာပါ....
Huawei ၀ယ်မယ်ဆိုရင်တော့ 5 Mega Pixels [resolution 2592x1944]့ autofocus ,LED flash ,ရှေ့ camera တို့ပဲပါမှာပါ...
ယှဉ်ကြည့်မယ်ဆိုရင်တော့ sony က huawei ထက် camera ပိုင်းမှာပိုကောင်းတဲ့ sensor သုံးထားပြီးတော့ flash ကလည်းညဘက်ရိုက်တဲ့ အခါမှာ ပိုကောင်းတဲ့ရုပ်ထွက်မျိုးရရှိမှာပါ..
features အနေနဲ့လည်း sony က Geo-tagging, touch focus, face and smile detection, HDR တို့ပိုပြီးစုံစုံလင်လင်ပါ ပါတယ်...Huawei မှာကတော့ sony လောက်
features စုံတာမတွေ့ရပါဘူး...Geo-tagging တခုတည်းပါပါတယ်...
နောက်ပြီး vedio ရိုက်တဲ့အခါမှာလည်း sony က 1080p ကို video stabilization ပါတဲ့အတွက်တည်ငြိမ်တဲ့ ရုပ်ထွက်ကိုရရှိမှာပါ..
ံ့huawei မှာတော့ 720p အဆင့်ရှိတဲ video ရုပ်ထွက်သာ ရနိုင်ပြီးတော့ video stabilization လည်း sony လောက်မကောင်းပါဘူး..
Camera နဲ့ video ရိုက်တာ ကြိုက်သူများအနေနဲ့ကတော sony ကိုရွေးနိုင်ပါတယ်...
အသံ ပိုင်းနေနဲ့လည်း Sony က walkman features ပါဝင်တဲ့ အတွက် ပိုကောင်းမှာပါ....
- သုံ့းထားတဲ့ Operating System အနေနဲ့ကတော့ sony ကော huawei ကော Andriod Version 4.2.2(Jelly Bean) သုံးထားတဲ့ အတွက်သုံးရတာ
လွယ်ကူပြီး လျင်မြန်စေမှာပါ...
ဒါပေမယ့်ံHuawei 610s မှာတော့ sony လို google service ရမှာမဟုတ်ပါဘူး...
google services မရတဲ့ အတွက် gtalk ,gmail ,google playstore ,google earth စတဲ့ google နဲ့ပတ်သတ်တဲ့ application တွေသုံးလို့ရမှာ မဟုတ်ပါဘူး..
သူက China က service သုံးထားတဲ့အတွက် ဖြစ်ပါတယ်...google ရအောင်သွင်းလို့တော့ ရပါတယ်...ဒါပေမယ့် အလုပ်တော့ နဲနဲရှုပ်တာပေါ့....
ဒီလိုဆိုရင် အလုပ်မရှုပ်ပဲ google service တန်းသုံးပြီး playstore က gmaes application နဲ games တွေကို သုံးချင်ရင်တော့ sony ပိုကောင်းပါတယ်..
- Sensor အနေနဲ့ကတေှာ့sony မှာ Accelerometer, proximity, compass ၃ခုပါပြီး huawei မှာတော့ Accelerometer & proximity ၂ခုတည်းပါမှာပါ...
GPS support နဲ့ FM radio တော့ဖုန်း ၂ခုလုံးမှာ ဖမ်းယူနိုင်မှာပါ..
Media ပိုင်းကတော့ MP4/H.263/H.264 player
- MP3/eAAC+/WAV player စတာတွေကို ၂ခုလုံးသုံးလို့ရမှာပါ..
(6)ဖုန်းတလုံးမှာအဓိကကျတဲ့ Battery ပိုင်းအနေနဲ့ကတော့ Sony မှာ က Li-Ion 2390 mAh battery ကိုသုံးထားပြီးတော့ Huawei ကတော့ Li-Ion 2150 mAh battery ရှိတဲ့သုံးထားတဲ့အတွက်
ထူးထူးခြားခြားတော့ ကွာခြားမှုမရှိပါဘူး...internet သုံး၊ Phone ပြော ၊Game ဆော့ဖို့အတွက်ကောင်းကောင်းလုံလောက်ပါတယ်...
ဒီလောက်ဆိုရင် ဘယ် phone ကိုရွေးသင့်သလဲ ဆိုတာ ဆုံးဖြတ်ဲပီးလောက်ပီထင်ပါတယ်....
ဈေးကတော့ ၂ဆကွာတဲအတွက် ဈေးကြီးတာကတော့ ကောင်းတာလေးတွေပိုသာမှာပါ....
Camera နဲ့ သီချင်းကောင်းကောင်းနားထောင်ချင်ပြီး brand ကိုမှကိုင်ချင်သူတွေ အတွက် Sony Xperia C ကိုရွေးချယ်နိုင်ပြီး ...ပုံမှန် Smart Phone တလုံးအနေနဲ့ performance
ကောင်းကောင်းသုံးချင်သူများနေနဲ့ကတော့Huawei G610s ကို ရွေးချယ်နိုင်ပါတယ်...
ဒါပေမယ့် နှိုင်းယှဉ်ချက်အရဆိုရင်တော့ ကွာခြားချက်သိပ်မတွေ့ရပါဘူး...Huawei G610 ကလည်းသာမန်ဖုန်းတွေထဲမှာ performance မြင့်မြင့်နဲ့သုံးလို့အဆင်ပြေတဲ့ဖုန်းပါ..
Huawei G610 ကသူ့ဈေးတန်းထဲ မှာဆိုအကောင်းဆုံး လို့တောင်ပြောလို့ရပါတယ်....
အရောင်တွေကတော့ Sony ဆိုရင် Black, White, Purple အရောင် ၃မျိုး ရနိုင်ပြီးတော့ Huawei ဆိုရင် Black, White ၂မျိုးရနိုင်ပါတယ်....
price = Huawei G610s - 135,000-150,000 , Sony Xperia C - 300,000-320,000
နောင်လည်းဆက်လက်ဖော်ပြ ပေးသွားပါဦးမယ်...ကျေးဇူးတင်ပါတယ်.......
26/09/2013
Semiconductor Product တပိုင်းလျှပ်ကူးထုတ်ကုန်
Smart Phone များ၏ CPU (Central Processing Unit) သမိုင်းအကျဉ်း မှအဆက်…
Seminconductor ဆိုသော တပိုင်းလျှပ်ကူး Chip များကို ၁၉၈၀ ခုနှစ်များတွင် လျှပ်စစ်ထုတ်ကုန်များ၏ အခြေခံအကျဆုံး အခန်းမှ ပါဝင်ခဲ့ပါသည်။ အစပိုင်းတွင် ဆက်သွယ်ရေးကဏ္ဍ (Telecommunication) ၊ ကွန်ပျူတာနှင့်ကွန်ယက်အခြေပြု ပစ္စည်းများ (Computer & Networking Devices) နှင့် အခြားလူ့အသုံးအဆောင်လျှပ်စစ်ပစ္စည်းများ (ဥပမာ ကင်မရာ၊ တီဗီ၊ ဒစ်ဂျစ်တယ် နာရီ ၊ ဂဏန်းပေါင်းစက်) စသည်အထိ ပါဝင်ပါသည်။
၂၀ ရာစုအကုန် ၂၁ ရာစုအစပိုင်းအထိ Computer နှင့် Mobile ထုတ်ကုန်များတွင် Semiconductor ပါဝင်နေသော်လည်း နည်းပညာတည်ဆောက်မှုအရ လုပ်ဆောင်နိုင်စွမ်းမှာ များစွာခြားနားလေသည်။
အစောပိုင်း Mobile လောက၏ ARM အခြေပြု SoC စနစ်ပါဝင်သော Semiconductor များမှာ Hardware ထိန်းချုပ်မှုအပိုင်းတွင် ကောင်းမွန်နေသော်လည်း စက်အတွင်းပိုင်းလည်ပတ်မှုစနစ် Java OS (Operating System) မှာ Computer ရှိ OS များကဲ့သို့ စွမ်းဆောင်နိုင်စွမ်းမရှိပေ။ ယခင် အသုံးပြုခဲ့သော Nokia, Sony Ericsson, Blackberry….etc အစရှိသော Mobile Handset ကုမ္မဏီကြီးများ၏ OS များမှာ နာမည်အခေါ်အဝေါ် တူညီမှုမရှိကြသော်လည်း Java အခြေပြု OS များသာ ဖြစ်ကြပါသည်။
ယနေ့ခေတ် အသုံးပြုနေသော Mobile Handset, Tablet အများစု၏ Android OS မှာ Linux ၏ Kernel ပေါ်တွင် အခြေခံ၍ Mobile OS အသွင်ဖြင့် ပြောင်းလဲရေးသားခဲ့ပါသည်။ (Android ၏သမိုင်းကိုမူ Android OS သီးသန့် ကဏ္ဍအနေနှင့် ဆက်လက်ရေးသားသွားမည်ဟု တောင်းပန်အပ်ပါသည်။)
ဤနေရာတွင် Android OS ၏ GUI ပြောင်းလဲမှုနှင့်အတူ Semiconductor များ၏ GPU များကို ထပ်ဆင့်မွမ်းမံကာ Semiconductor ထုတ်လုပ်သူများက ပြောင်းလဲထုတ်လုပ်ခဲ့ကြသည်။ ထုတ်လုပ်မှုအရ Semiconductor များကို အကြမ်းဖျဉ်း ဤသို့ (CPU+GPU=Chipset Name) လေ့လာနိုင်သည်။
မြန်မာနိုင်ငံဈေးကွက်အတွင်း ၀င်ရောက်လာသော နောက်ဆုံးပေါ် Mobile Handsets များအတွင်း အသုံးပြုထားသော Mobile Chipset များကို အောက်ပါကုမ္မဏီခေါင်းစဉ်များအောက်တွင် လွယ်ကူစွာ နားလည်စေရန် ဥပမာပေးဖော်ပြသွားပါမည်။
Qualcomm (Snapdragon 800)
Technology CPU Set (Speed) Core (4) GPU
28nm ARMv7 2.3GHz Quard Adreno 330
NVidia (Tegra 4)
Technology CPU Set (Speed) Core (4) GPU
28nm Cortex-A15 1.9GHz Quard Wayne T114
Samsung (Exynos 5)
Technology CPU Set (Speed) Core (8) GPU
28nm Cortex-A15&A7 1.9&1.3GHz Octa Mali-T626
ကုမ္မဏီ တစ်ခုချင်းစီအလိုက် အကြောင်းအရာများကို ကဏ္ဍခွဲ၍ ခေါင်းစဉ်အလိုက် ဆက်လက်ဖော်ပြပေးသွားပါဦးမည်။
အစဉ်ကြိုးစားလျှက်....
22/09/2013
မင်္ဂလာပါ android ချစ်သူများခင်ဗျား ။
ခုအချိန် မှာ မြန်မာပြည်ဈေးကွက်ထဲ နောက်ဆုံး ရောက်လာတဲ့ သုံး ပျော် တဲ့ ဟန်း ဆက်တစ်ချို့ အကြောင်း ဆွေးနွေးချင်ပါတယ်။ တန်းဘိုး တစ်သိန်း နဲ့ သုံးသိန်း ဝန်းကျင်ရှိ ဟန်း ဆက်များ အကြောင်းအဓိကပြောပြချင်ပါတယ်။
ခုဖြစ်နေတာက ဈေးတွေက တော်တော်များများကွာပေမဲ့ ကမ္ဘာ့ နာမည်ကြီး brand (samsung , sony , htc) တွေရဲ့ သုံးသိန်းဝန်းကျင်ရှိ အလယ်အလတ်အဆင့် စက်တွေက တစ်ချို့ဈေးသက် သာ တဲ့ huawei လို ဟန်းဆက် တွေ နဲ့hardware specs တွေ သိပ်မကွာကြပါဘူး။
ဒါဆို သူတို့က ဘာကြောင့်ဈေးကွာနေ ရပါသလဲ ။ ကျွန်တော်တို့ ကရော တစ်သိန်း နဲ့ သုံးသိန်းကြား မှာ ဘယ်လို တွေးဆ ချက်တွေနဲ့ ရွေးချယ် သင့်ပါသလဲ။
ကျွန်တော် က ဒီ ပြဿနာ ကို ဥ ပမာ ပေး ဖို့ huawei G 610s နဲ့ sony xperia C ကို ရွေးချယ် လိုက်ပါတယ်။ သူတို့ ဟာ ခု လူ ပြောများနေ တဲ့ quad core processor , ram 1gb , screen size 5 လက်မ ချင်းတူပါတယ် ။
ဘယ်ထိအောင် တူ သလဲ ဆို ရင်
-540 * 960 resolution ,220 ppi
-Internal rom 4gb , ram 1 gb
-Chipset...MTK MT6589M quad core 1.2
-GPU powerVR SGX 544 mp
-Dual sim
-android os V 4.2 ဆိုပြီးတော့ကို တူပါတယ်...... ပူးတွဲ ပါ compare လုပ်ထားတဲ့ ပုံတွေကိုကြည့် ပါ......
သူတို့ဘာတွေကွာခြားသွားမလဲ ဘယ်လို သူတွေက ဘယ် ဖုန်းကိုရွေးသင့်လည်း ဆိုတာကို ဆက်လက်တင်ဆက်ပေးသွားပါမယ်....
( http://www.gsmarena.com/compare.php3?idPhone1=5699&idPhone2=5541 )
ကျေးဇူးတင်ပါတယ်....
22/09/2013
ကမ္ဘာပေါ်မှာ ပထမဆုံး Android Os ကို အသုံးပြု ခဲ့တဲ့ ဖုန်းဟာ HTC Dream ဖြစ်ပြီး September 23 2008 မှာစတင်ကြေညာခဲ့ ပါတယ်။
21/09/2013
Smart Phone များ၏ CPU (Central Processing Unit) သမိုင်းအကျဉ်း
CPU ဆိုသည့် အစိတ်အပိုင်းမှာဖုန်းတစ်လုံးအတွက် အဓိကလုပ်ဆောင်ပေးသည့် အရာပင်ဖြစ်သည်။ ခေတ်ဦး Computer သမားများ၊ IT ပညာရှင်များသိရှိထားသော CPU ဆိုသော ဝေါဟာရ နှင့် ရှုပ်ထွေးမသွားစေရန် Computer CPU နှင့် Mobile CPU တို့၏ ခြားနားချက်ကိုရှင်းလင်းအပ်ပါသည်။
Computer CPU မှာMotherboard ပေါ်ရှိ လျှပ်စီးပတ်လမ်းမှ တဆင့် North Bridge နှင့် South Bridge များနှင့် ဆက်သွယ်၍ Memory, Graphic (GPU), Sound Card, Network Card…etc အစရှိသော Chip set များအားလုံးကောင်းမွန်စွာအလုပ်လုပ်နိုင်ရန် ပင်မထိန်းချုပ်ပေးသောအရာဖြစ်သည်။
Mobile CPU မှာSoC (System-on-a-Chip) နည်းပညာပေါ်တွင် အခြေခံ၍ Chip set များကိုMobile Circuit Board ပေါ်တွင် တည်ဆောက်ထားခြင်းမဟုတ်ဘဲ CPU ၏ အတွင်းတွင် စုပေါင်းကာတည်ဆောက်ထားခြင်းဖြစ်သည်။ (ဥပမာWifi, GPS/GLONASS, Bluetooth, Wireless Radio (GSM/CDMA) Network Baseband, CPU and GPU… etc စသည်တို့ကိုစနစ်တကျ တည်ဆောက်ထားသော Chip ပင်ဖြစ်သည်။)
လက်ရှိအသုံးပြုနေသော Smart Phone များတွင် ထည့်သွင်းအသုံးပြုထားသော CPU များ၏ ၉၅% ကို ARM (Advance RISC Machine) နှင့် ၅% ကို Atom by Intel တို့ကအသီးသီးပိုင်ဆိုင်ထားကြသည်။
ဦးစွာပထမARM (Arcon RISC Machine) ကိုArcon Computer Ltd မှ ၁၉၈၀ပြည့်နှစ်တွင် စတင်တည်ထောင်၍ ၁၉၉၀တွင် ဗြိတိသျှအခြေစိုက် BBC Mirco Computer သို့ ရောင်းချခဲ့ပြီးARM (Advance RISC Machine) အဖြစ်သို့ ရောက်ရှိလာသည်။ ARM Holdings ကုမ္မဏီသည် အစောပိုင်းကာလများတွင် Apple, DEC, Intel, Marvell… အစရှိသောကုမ္မဏီများသို့ Chip set နည်းပညာမူပိုင်ခွင့် လိုင်စင်တင်၍ ရောင်းချခဲ့ပြီးနောက် SoC (System-on-a-Chip)ဒီဇိုင်းကိုရေးဆွဲခဲ့သည်။ ARM Holdings ကုမ္မဏီသည် Cambridge တက္ကသိုလ်နှင့် ပူးပေါင်းကာ SoC အခြေပြု microprocessor များကို ARMv1 (ARM1), ARMv2 (ARM2, ARM3), ARMv3 (ARM6,ARM7),…… ARMv6 (ARM11), ARMv7-A (ARM Cortex-A5, Cortex-A7, A8, A9, A12, A15) တို့ တဆင့်ပြီးတဆင့် ရေးဆွဲခဲ့ကြသော်လည်းထုတ်လုပ်မှုကိုမူမပြုကြပဲနည်းပညာမူပိုင်ခွင့် တင်ကာSemiconductor ထုတ်လုပ်သည့် Qualcomm, Samsung, NVidia…..အစရှိသောကုမ္မဏီများသို့ရောင်းချခဲ့သည်။
ယနေ့အသုံးပြုနေသော ARM အနွယ်ဝင်microprocessorများကို Semiconductor ကုမ္မဏီများမှ အပြိုင်အဆိုင်ထုတ်လုပ်ခဲ့ကြသည်မှာ၁၉၉၇ မှ ၂၀၁၂ အထိစာရင်းများအရ ၄၁.၀၉၄ဘီလီယံတိုင်ထုတ်လုပ်ရောင်းချ နိုင်ခဲ့ပေပြီ။ ARM Holding ၏ အနာဂါတ်ရည်မှန်းချက်မှာ ၂၀၁၅တွင် အားလုံးသော tablets, mini notebooks နှင့် အခြားသော mobile PC များ၏ ထက်ဝက်အကျော်သည် သူ၏ ARM အခြေပြု လျှပ်စစ်ထုတ်ကုန်များဖြစ်ရေးပင်ဖြစ်သည်။
ဆက်ရန်….
Third Party (Qualcomm, Samsung, NVidia) SemiconductorProduct တပိုင်းလျှပ်ကူးထုတ်ကုန်
20/09/2013
ပထမဆုံး အနေ နဲ့ ခု 2013 မှာ ခေတ်အစား ဆုံး android handset များ ရဲ့ cpu များ အကြောင်းကိုပြောပြ ပေး ချင်ပါ တယ် ။ cpu တွေဟာ handset တစ်လုံး ရဲ့ performance ပိုင်း battery စားသုံးမှူ အပိုင်းနဲ့ သူ့ ရဲ့ feature တွေအ တွက် အရေးပါ လှတာမို့ android handset ကိုင် ဆောင် မည့် သူ များအနေ နဲ့သိထားသင့်ပါတယ်။ ဒါမှသာ ရွေးချယ် ဝယ်ယူ ရာ မှာ ပိုပြီးကောင်း၂ မွန်၂ ဝယ်ယူနိုင်မှာဖြစ်ပါတယ် ။ မကြာ မီတင်ဆက်ပေး သွားမှာဖြစ်ပါတယ်။
18/09/2013
Android သမားတွေ အားလုံး မင်္ဂလာပါ။ သည်ပေ့ဂ်ျ မှာ android os နဲ့ပတ်သက်တဲ့သတင်းတွေ ပြီးတော့ android os သုံး ဟန်းဆက်တွေရဲ့ spec တွေ သင်သုံးမယ့် ငွေပမာဏ နဲ့ ကိုက်ညီမယ့် ဝယ်သင့်တဲ့ ဟန်းဆက် အကြောင်းတွေ လိုအပ်လာမယ့်သတင်းအချက်အလက် တွေကို ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ ကျေးဇူးပြုပြီး like လုပ်ပေးဖို့ တောင်းဆိုပါရစေ android ချစ်သူများ ခင်ဗျာ
Click here to claim your Sponsored Listing.
Category
Website
Address
Yangon