Pinlon Baptist Church

Pinlon Baptist Church

Share

Pinlon Baptist Church is a Spirit moving Church which serves the Lord faithfully......

25/05/2026

နူးညံ့သိမ်မွေ့ခြင်းဆိုတာ ပျော့ညံ့ခြင်း မဟုတ်ပါဘူး။
ထိန်းချူပ်ထားနိုင်တဲ့ စွမ်းအားဖြစ်ပါတယ်။
ခရစ်တော်က ကျောက်ခဲကို မရွေးချယ်ပဲ
ကျေးဇူးတော်ကိုသာ ရွေးချယ်ခဲ့ပါတယ်။​
အခက်ခဲဆုံးအချိန်၊ အရှုပ်ထွေးဆုံးအချိန်၊ အဆူပူဆုံးအချိန်မှာ
နူးညံ့သိမ်မွေ့ခြင်းနဲ့ ငြိမ်သက်ခြင်း တန်ခိုးကို စီးထွက်စေပါ။

Share By: Pastor Thurein Tun Lin

24/05/2026

(၈) နူးညံ့သိမ်မွေ့ခြင်း

ဒေါသထွက်နေတဲ့ လူအုပ်ကြီးက မတရားသောမေထုန် ကျူးလွန်တဲ့ အမျိုးသမီးတဦးကို ကျောက်ခဲနဲ့ ပေါက်သတ်ဖို့ သခင်ယေရှုခရစ်တော်ဆီကို ခေါ်ဆောင်လာခဲ့ပါတယ်။ ဒေါသထွက်နေတဲ့ လူအုပ်ကြီးကို ခရစ်တော်က နူးညံ့သိမ်မွေ့ခြင်းနဲ့ တုန့်ပြန်ခဲ့ပါတယ်။
နူးညံ့သိမ်မွေ့ခြင်းဆိုတာ ပျော့ညံ့ခြင်း မဟုတ်ပါဘူး။ ထိန်းချူပ်ထားနိုင်တဲ့ စွမ်းအားဖြစ်ပါတယ်။ ခရစ်တော်က ကျောက်ခဲကို မရွေးချယ်ပဲ ကျေးဇူးတော်ကိုသာ ရွေးချယ်ခဲ့ပါတယ်။​
ခရစ်တော်က လူအုပ်ကြီးကို အော်ဟစ် မောင်းထုတ်ခြင်း၊ ပြစ်တင်ခြင်း မလုပ်ပဲ မိမိတို့ရဲ့ အသက်တာနဲ့ နှလုံးသားကိုသာ ပြန်လည်ဆင်ခြင်စေခဲ့ပါတယ်။ ထိုနှလုံးသားကျိုးပဲ့နေတဲ့ အမျိုးသမီးကိုလည်း စီရင်ခြင်းမပြုပဲ နောက်တဖန် ဒုစရိုက်ကို မပြုဖို့ နူးညံ့စွာ မိန့်တော်မူခဲ့သေးတာပါ။​
လောကကြီးက သင့်ကို အပြစ်စီရင်ခြင်း၊ ဒေါသထွက်ခြင်း၊​ စိတ်မရှည်ခြင်းနဲ့ လက်တုန့်ပြန်ခြင်း ဆိုတဲ့ ကျောက်ခဲတွေနဲ့ ပစ်ပေါက်ဖို့ တွန်းအားပေးလာခဲ့ရင် ခရစ်တော်ရဲ့ ပုံသက်သေကို အတုယူပါ။
အခက်ခဲဆုံးအချိန်၊ အရှုပ်ထွေးဆုံးအချိန်၊ အဆူပူဆုံးအချိန်မှာ နူးညံ့သိမ်မွေ့ခြင်းနဲ့ ငြိမ်သက်ခြင်း တန်ခိုးကို စီးထွက်စေပါ။

လူအပေါင်းတို့ရှေ့၌ သင်တို့၏ ဖြည့်ညှင်းခြင်း သဘောကို ထင်ရှားစေကြလော့။ သခင်ဘုရားသည် အနီးအပါး၌ ရှိတော်မူ၏။
ဖိလိပ္ပိ၊ ၄:၅

သခင်ယေရှုခရစ်တော် ဘုရား ကျွန်ုပ်ကို ခရစ်တော်နှင့် တူလာစေရန် ပြုပြင်ပေးပါ။ ခရစ်တော်ရဲ့ နူးညံ့ခြင်း၊ သိမ်မွေ့ခြင်း၊ သည်းခံခြင်း ကို ကျွန်ုပ်အထဲမှာ ကြီးထွားစေပါ။ မနူးညံ့နိုင်သော အခြေအနေ၊ မနူးညံ့သင့်သော အခြေအနေများ လို့ လူတွေသတ်မှတ်ချိန်များ မှာပင်လျှင် ခရစ်တော်ရဲ့ နူးညံ့သိမ်မွေ့ခြင်း ကျွန်ုပ်အထဲမှ သီးပွင့်စေပါ။ သခင်ယေရှုခရစ်တော် နာမဖြင့် ဆုတောင်းပါ၏။ အာမင်။

Share By: Pastor Thurein Tun Lin

Photos from Pinlon Baptist Church's post 24/05/2026

"ဝိညာဉ်တော်သွန်းလောင်းခြင်းမှ အသက်တာပြောင်းလဲခြင်းသို့"

The Celebration of Jesus Christ's Victory
Pinlon Baptist Church, Myanmar
24 May 2026

24/05/2026

ကျွန်ုပ်တို့ ခရစ်တော်ယေရှုကို ကယ်တင်ရှင်အဖြစ်
လက်ခံရရှိခြင်းဟာ အခမဲ့ ကျေးဇူးတော်သက်သက် ဖြစ်သလို၊
ခရစ်တော်ကတိပေးတော်မူခဲ့တဲ့ "သန့်ရှင်းသော ဝိညာဉ်တော်ဘုရား"
ကို ရရှိဖို့ဆိုတာကလည်း ကျွန်ုပ်တို့ရဲ့ ကြိုးစားအားထုတ်မှုကြောင့် မဟုတ်ဘဲ၊ ဘုရားသခင်ရဲ့ ကျေးဇူးတော်သက်သက်ကြောင့်သာ အခမဲ့ရရှိနိုင်တဲ့ ဆုကျေးဇူးတော် ဖြစ်ပါတယ်။
လောကမှာ တကယ်ဗိုက်ဆာနေတဲ့သူဟာ ဗိုက်ဆာနေတဲ့
အမူအရာနဲ့ ခံစားချက်အတိုင်း ပြသတတ်ကြပါတယ်။
ထို့အတူပဲ ကျွန်ုပ်တို့ဟာလည်း ဝိညာဉ်တော်ဘုရားကို တကယ်ပဲ တောင့်တဆာငတ်တယ်ဆိုရင်... အခုချက်ချင်းပဲ မိမိနှလုံးသားတံခါးကို ဖွင့်ပြီး ဝိညာဉ်တော်ဘုရားကို စစ်မှန်စွာ နေရာပေး
ခေါ်ဖိတ်လိုက်ကြပါစို့။

Share By: Pastor Thurein Tun Lin

23/05/2026

ပင်တေကုတ္တေ တနင်္ဂနွေ

မင်္ဂလာပါဗျာ။ ယနေ့ဟာ ထူးမြတ်လှတဲ့ ပင်တေကုတ္တေနေ့ ဖြစ်ပါတယ်။ “ဒီနေ့မှာ ငါတို့ ဘာလုပ်ရမှာလဲ” ဆိုတဲ့ မေးခွန်းမျိုး အားလုံးရဲ့ စိတ်ထဲမှာ မေးနေကြမှာပါ။
ကျွန်ုပ်တို့ ခရစ်တော်ယေရှုကို ကယ်တင်ရှင်အဖြစ် လက်ခံရရှိခြင်းဟာ အခမဲ့ ကျေးဇူးတော်သက်သက် ဖြစ်သလို၊ ခရစ်တော်ကတိပေးတော်
မူခဲ့တဲ့ "သန့်ရှင်းသော ဝိညာဉ်တော်ဘုရား" ကို ရရှိဖို့ဆိုတာကလည်း ကျွန်ုပ်တို့ရဲ့ ကြိုးစားအားထုတ်မှုကြောင့် မဟုတ်ဘဲ၊ ဘုရားသခင်ရဲ့ ကျေးဇူးတော်သက်သက်ကြောင့်သာ အခမဲ့ရရှိနိုင်တဲ့
ဆုကျေးဇူးတော် ဖြစ်ပါတယ်။
ဒီကနေ့ ဝိညာဉ်တော်ဘုရားကို မိမိအသက်တာထဲမှာ ဘယ်လိုလက်ခံမလဲဆိုတာ လက်တွေ့ကျကျ ဆင်ခြင်ကြည့်ကြရအောင်ပါ -
ပထမဦးစွာ “ယုံကြည်ခြင်းဖြင့် လက်ခံပါ” ခရစ်တော် ကတိပေးတော်မူခဲ့တဲ့အတိုင်း "တောင်းသောသူမည်သည်ကားရ၏" ဆိုတာကို ရိုးရိုးရှင်းရှင်း လုံးဝယုံကြည်ပြီး စိတ်နှလုံးထဲကနေ နှုတ်ကပါတ်တော်အတိုင်း ဝန်ခံဆုတောင်းပါ။
ဒုတိယအချက် “၁၀၀% လုံးလုံး ပုံအပ်လိုက်ပါ” ဝိညာဉ်တော်ဘုရားကို မိမိဘဝအတွက် စရန် အဆင့်မျှသာ နေရာပေးတာမျိုး မဟုတ်ဘဲ၊ မိမိရဲ့ အသက်တာတစ်ခုလုံးကို အုပ်စိုးခွင့်ပေးလိုက်ပါ။ “ကျွန်ုပ်အသက်တာရဲ့ ၁၀၀% အပြည့်အဝကို ကိုယ်တော်တိုင် သိမ်းပိုက်ပါ” လို့ စိတ်နှလုံးမှရော၊ နှုတ်လျှာပါးစပ်အားဖြင့်ပါ ဝန်ခံပြီး နေရာပေး လက်ခံရပါမယ်။
နောက်ဆုံးအချက် “ဝိညာဉ်ရေးရာ ဆာငတ်မှုကို ဖော်ပြပါ” “အကျွန်ုပ် အသက်တာသည် ကိုယ်တော်ကို ဆာငတ်ပါသည်။ ဝိညာဉ်တော်ဘုရား
မရှိရင် မဖြစ်ပါ၊ မပါရင် မဖြစ်ပါ" လို့ မိမိရဲ့ အားနည်းချက်ကို ဝန်ခံပြီး ဝိညာဉ်တော်ဘုရားရဲ့ ဘိသိက်ခြင်းကို စစ်မှန်သော နှလုံးသားဖြင့် တောင်းခံပါ။
လောကမှာ တကယ်ဗိုက်ဆာနေတဲ့သူဟာ ဗိုက်ဆာနေတဲ့ အမူအရာနဲ့
ခံစားချက်အတိုင်း ပြသတတ်ကြပါတယ်။ ထို့အတူပဲ ကျွန်ုပ်တို့ဟာလည်း ဝိညာဉ်တော်ဘုရားကို တကယ်ပဲ တောင့်တဆာငတ်တယ်ဆိုရင်... အခုချက်ချင်းပဲ မိမိနှလုံးသားတံခါးကို ဖွင့်ပြီး ဝိညာဉ်တော်ဘုရားကို စစ်မှန်စွာ နေရာပေး ခေါ်ဖိတ်လိုက်ကြပါစို့။

ပင်တေကုတ္တေပွဲနေ့ရောက်သောအခါ ထိုသူအပေါင်းတို့သည် တညီတညွတ်တည်းစည်းဝေး၍နေကြ၏
ထိုအခါ လေပြင်းမုန်တိုင်းကဲ့သို့သောအသံသည်တခဏခြင်းတွင် ကောင်းကင်မှလာ၍၊ ထိုသူတို့ နေ ထိုင်သောအိမ်ကိုဖြည့်လေ၏။
ထိုခဏခြင်းတွင်ကွဲပြားသော လျှာတို့သည်မီးလျှာကဲ့သို့ထင်ရှား၍၊ ထိုသူအသီးသီးတို့အပေါ်၌ တည် နေကြ၏။
ထိုသူအပေါင်းတို့သည်လည်းသန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်၍၊ ဝိညာဉ်တော်သည်ဟောပြောသော အခွင့်ကို ပေးတော်မူသည်အတိုင်း အမျိုးမျိုးသောဘာသာစကားအားဖြင့်ဟောပြောကြ၏။
တမန်တော် ၂:၁-၄

သန့်ရှင်းသောဝိညာဥ်တော်ဘုရား ယခု ကျွန်ပ်၊​ မိသားစုနဲ့ အသင်းတော် အပေါ်မှာ သန့်ရှင်းသောဝိညာဥ်တော် ကို အတိုင်းအဆ မရှိ သွန်းလောင်းတော်မူပါ။ သန့်ရှင်းသော ဝိညာဥ်တော် ဘုရား အတိုင်းအဆမရှိ လှုပ်ရှားတော်မူပါ။ ယနေ့မှ စ၍ ဝိညာဥ်ဆုကျေးဇူး၊​ ဝိညာဥ်လက်နက်၊ ဝိညာဥ်တော်ရဲ့ နိိမိတ်လက္ခဏာများ ကျွန်ုပ် အသက်တာထဲမှာ စတင် မြင်တွေ့ အသုံးပြုပါပြီ။ ဝိညာဥ်တော်ဘုရား လျှံထွက်သည်အထိ သွန်းလောင်းတော်မူပါ။ သခင်ယေရှုခရစ်တော်ဘုရားနာမဖြင့် ဆုတောင်းပါ၏။
အာမင်။

Share By: Pastor Thurein Tun Lin

23/05/2026

သန့်ရှင်းသော ဝိညာဉ်တော်ဘုရားရဲ့ အသစ်တစ်ဖန်
သွန်းလာင်းခြင်း နှင့် ဘဝအသက်တာကို ပြောင်းလဲ စေသော “ဝိညာဉ်တော်မီးလျှံ” ကို မျှော်လင့်လျက်
တောင်း​လျောက်ရ​အောင်။

Share By: Pastor Thurein Tun Lin

22/05/2026

(ပင်တေကုတ္တေပွဲ)

မနက်ဖြန်ဟာ ပင်တေကုတ္တေတနင်္ဂနွေနေ့ (Pentecost Sunday) ဖြစ်ပါတယ်။ ဒီလိုထူးမြတ်တဲ့ နေ့ရက်မျိုးမှာ— “ငါတို့ဘာကို မျှော်လင့်ရမှာလဲ”၊ “ဘာကို တောင်းလျှောက်ရမှာလဲ”၊ “ဘယ်လို ဆုတောင်းရမှာလဲ”၊ “ဆုတောင်းရင်ကော ဘာတွေရရှိလာမှာလဲ၊ ဘာတွေထူးခြားလာမှာလဲ” ဆိုတဲ့ မေးခွန်းပေါင်းများစွာ သင်တို့ရဲ့ စိတ်နှလုံးထဲမှာ ရှိနေကြမှာပါ။
ပထမအချက်အနေနဲ့ “ဘာကို မျှော်လင့်ရမလဲ” ဆိုလျှင် - သန့်ရှင်းသော ဝိညာဉ်တော်ဘုရားရဲ့ အသစ်တစ်ဖန် ကိန်းဝပ်ခြင်းနှင့် ဘဝအသက်တာကို ပြောင်းလဲစေတတ်သော ‘ဝိညာဉ်တော်မီးလျှံ’ ကို မျှော်လင့်ရပါမယ်။
ဒုတိယအချက် “ဘာကို တောင်းလျှောက်ရမလဲ” ဆိုလျှင် - အပေါ်ယံ လောကီကောင်းချီးတွေထက် ကျွန်ုပ်တို့အထဲမှာ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ သစ္စာရှိခြင်း စတဲ့ ‘ဝိညာဉ်အသီး’ တွေဟာ လူမြင်ကောင်းရုံ သက်သေပြခြင်းမျိုးမဟုတ်ဘဲ၊ အသက်တာထဲမှာ စစ်မှန်စွာ သီးပွင့်လာဖို့ တောင်းလျှောက်ရပါမယ်။
တတိယအချက် “ဘယ်လို တောင်းရမလဲ” ဆိုလျှင် - ကနဦးအသင်းတော်တုန်းက တပည့်တော်တွေ တညီတညွတ်တည်း ဆုတောင်းခဲ့ကြသလိုမျိုး (တမန်တော် ၁:၁၄)၊ ကိုယ်ကျိုးရှာစိတ်မပါဘဲ စိတ်နှလုံးနှိမ့်ချစွာနဲ့ စွဲစွဲမြဲမြဲ တညီတညွတ်တည်း တောင်းလျှောက်ရပါမယ်။
စတုတ္ထအချက် “ဘာရမလဲ” လို့ မေးလာခဲ့ရင် - ပတ်ဝန်းကျင် အခြေအနေတွေကို ကျော်လွန်ပြီး ခရစ်တော်ရဲ့ အလင်းကို ထွန်းလင်းစေနိုင်မယ့် ‘ဝိညာဉ်ရေးရာ တန်ခိုးတော်’ နဲ့ ‘စစ်မှန်တဲ့ ငြိမ်သက်ခြင်း’ ကို ရရှိမှာဖြစ်ပါတယ်။
ခရစ်တော် ကတိပေးတော်မူခဲ့တဲ့ သန့်ရှင်းသောဝိညာဉ်တော်ကို စရန်အဖြစ် (စပေါ်ငွေအဆင့်မျှသာ) မဟုတ်ဘဲ ၁၀၀% အပြည့်အဝ ခံစားရရှိတဲ့အခါ၊ ကျွန်ုပ်တို့ဟာ မြေကြီးစွန်းတိုင်အောင် ခရစ်တော်ရဲ့ သက်သေအဖြစ် နှုတ်ကပတ်တော်ကို ရဲရင့်စွာ သယ်ဆောင်သွားနိုင်သူများ ဖြစ်လာပါလိမ့်မယ်။

ထိုတမန်တော်တို့ကို စုဝေးစေတော်မူပြီးလျှင်၊ ယေရုရှလင်မြို့မှမထွက်မသွားဘဲ ခမည်းတော်၏ ဂတိ ကိုငံ့နေမည်အကြောင်း မှာတော်မူ၍၊ ထိုဂတိတော်ကို ငါဟောပြောသဖြင့် သင်တို့သည်ကြားသိရကြပြီ။
တမန်တော် ၁:၄

အဖခမည်းတော်... ကျွန်ုပ်သည် ကိုယ်တော့်ကို စောင့်ဆိုင်းနေပါသည်။ ကျွန်ုပ်၏ အသက်တာနှင့် မိသားစုထဲတွင် ဝိညာဉ်တော်၏ လှုပ်ရှားမှုအသစ်ကို ဆာငတ်ပါသည်။ အာမင်။

Share By: Pastor Thurein Tun Lin

22/05/2026

သစ္စာရှိခြင်းဆိုတာ ကိုယ်ကြုံတွေ့နေရတဲ့ လက်ရှိအခြေအနေအပေါ်မှာ မူတည်ပြီး အလိုက်အထိုက် နေထိုင်ခြင်းမဟုတ်ဘဲ၊
မိမိကို ဖန်ဆင်းတော်မူသော ဘုရားသခင်အပေါ်၌သာ စစ်စစ်မှန်မှန် သစ္စာစောင့်သိခြင်း ဖြစ်ပါတယ်။

Share By: Pastor Thurein Tun Lin

21/05/2026

(၇) သစ္စာစောင့်ခြင်း

သစ္စာရှိခြင်းဆိုတာ ကိုယ်ကြုံတွေ့နေရတဲ့ လက်ရှိအခြေအနေအပေါ်မှာ မူတည်ပြီး အလိုက်အထိုက် နေထိုင်ခြင်းမဟုတ်ဘဲ၊ မိမိကို ဖန်ဆင်းတော်မူသော ဘုရားသခင်အပေါ်၌သာ စစ်စစ်မှန်မှန် သစ္စာစောင့်သိခြင်း ဖြစ်ပါတယ်။ ဒံယေလဟာ သူ့ကို ထောင်ချောက်ဆင် ဖမ်းဆီးဖို့ ကြိုးစားနေတဲ့သူတွေရဲ့ရှေ့မှာ အပြစ်ရှာစရာ ဘာအကျင့်ပျက်ခြစားမှုမှ မရှိခဲ့သူ ဖြစ်ပါတယ်။ ဘုရားသခင်ထံ နေ့စဉ် သစ္စာရှိရှိ တိုးဝင်ခြင်း၊ အပြုအမူ၊ အနေအထိုင်၊ အသွားအလာမှသည် အစားအသောက်အဆုံး... ရန်သူတွေတောင်မှ ဒံယေလရဲ့ နေ့စဉ်ဝိညာဉ်ရေးရာ အလေ့အထကို ကြိုတင်တွက်ချက်နိုင်ခဲ့ကြပါတယ်။ ဒံယေလရဲ့ သစ္စာရှိခြင်းဆိုတာ ခဏတာ လုပ်ယူခြင်းမဟုတ်ဘဲ သူ့ရဲ့ ‘အသက်တာ နေထိုင်မှုပုံစံ’ (Lifestyle) ဖြစ်နေလို့ပါပဲ။ ဘုရားသခင်ထံ ဆုမတောင်းရဘူးလို့ အမိန့်အာဏာ ထွက်လာတဲ့အခါမှာလည်း သူဟာ ပုန်းလျှိုးကွယ်လျှိုး ခိုးပြီး ဆုတောင်းတဲ့နည်းလမ်းကို မရွေးချယ်ဘဲ ဘုရားသခင်အပေါ် ရဲရင့်စွာ သစ္စာရှိဖို့ကိုပဲ ရွေးချယ်ခဲ့ပါတယ်။ ခြင်္သေ့တွေကို ကြောက်တဲ့စိတ်ထက် ဘုရားသခင်အပေါ် သစ္စာရှိတဲ့စိတ်က ပိုမိုထင်ရှားခဲ့တယ် မဟုတ်ပါလား။ တစ်ပတ်၊ တစ်လ၊ ဒါမှမဟုတ် တစ်နှစ်လောက် သစ္စာရှိပြဖို့က လွယ်ကူကောင်း လွယ်ကူနိုင်ပေမယ့်၊ သစ္စာရှိခြင်း ဝိညာဉ်အသီးကတော့ တစ်သက်တာလုံး မြဲမြံစွာ ရိတ်သိမ်းရမယ့် အသီးအနှံ ဖြစ်ပါတယ်။

အရှင်ကလည်း၊ သာဓု၊ သစ္စာရှိသော ငယ်သားကောင်း။ သင်သည် အမှုငယ်၌သစ္စာစောင့်လေပြီ။ များ စွာသော အမှုအခွင့်ကို သင်၌ငါအပ်ပေးမည်။ သင်၏သခင်နှင့်အတူ စည်းစိမ်ကိုဝင်စားလော့ဟု မိန့်တော် မူ၏။ မဿဲ ၂၅:၂၁

သန့်ရှင်းသော ဝိညာဥ်တော်ဘုရား ကျွန်ပ်အထဲမှ သစ္စာရှိခြင်း အသီးကို ခိုင်ခံ့မြဲမြံစွာ သီးစေပါ။ ပတ်ဝန်းကျင် အခြေအနေများထက် သခင့်ကို သစ္စာရှိသောသူ ဖြစ်စေပါ။​ နေ့စဥ် အပြုအမူ၊ အပြောအဆို၊ အနေအထိုင်၊ အသွားအလာ၊ အစားအသောက်၊ မှစ၍ ရင်ခုန်သံတစ်ချက်စီတိုင်းမှာ
သခင့်ကို သစ္စာရှိသော အသက်တာဖြစ်စေပါ။ ကျွန်ပ်ရဲ့ အသက်တာ
တစ်ခုလုံး သစ္စာစောင့်ခြင်း ဝိညာဥ်အသီးကို မြဲမြံစွာ ရိတ်သိမ်းစေပါ။ သခင်ယေရှုခရစ်တော်ဘုရား၏ နာမတော်မြတ်ဖြင့် ဆုတောင်းပါ၏။
အာမင်။

Share By: Pastor Thurein Tun Lin

21/05/2026

သန့်ရှင်းသော ဝိညာဉ်တော်သည် ကျွန်ုပ်တို့အတွင်း၌
ဤကောင်းမြတ်ခြင်းကို သီးပွင့်စေပြီး၊ ကတိတည်စေရန်၊
ကျိုးပဲ့ကြေမွနေသူများကို မစထူမတ်ပေးနိုင်ရန်နှင့်
မိမိအပေါ် ခါးသီးစွာပြုမူခဲ့သူများကိုပင်
ချိုမြိန်သော တုံ့ပြန်မှု ပေးနိုင်ရန် ခွန်အားပေးပါတယ်။

Share By: Pastor Thurein Tun Lin

21/05/2026

🔔ယနေ့ သင့်အတွက်ကြီးမားလွန်းတဲ့အခွင့်အရေးတစ်ခု🔔
အရာခပ်သိမ်းကို ဖန်ဆင်းပိုင်သ အုပ်စိုးသော ထာဝရဘုရားနှင့်အတူခရစ်တော်၏အောင်ပွဲကိုခံဖို့ရန် သင့်ကိုအသင်းတော်မှ
စောင့်ကြိုနေပါတယ်။
💒 ထာဝရဘုရားရဲ့တံတိုင်းတော်ထဲမှာ အတူတကွ ပျော်မွေ့စွာကိုးကွယ်ရန်အယောက်စီတိုင်းကို ကြိုဆိုပါတယ်။
⏩ Sunday Morning Service⏩
💢သန့်ရှင်းသောဝိညာဥ်တော်ဖွင့်ပြသော ဗျာဒိတ်တော် အသံ
🩸 အတွင်းဝိညာဥ်ကို ​ကုသပြောင်းလဲ လွတ်မြောက်စေသော နှုတ်ကပတ်တော်များကို ကြားနာရမှာဖြစ်ပါတယ်။
🩸YOUTH SERVICE🩸
❤ အသက်ပျိုသောလူငယ်များ အတူတကွ စုစည်းလျက် ဘုရားရဲ့မျက်မှောက်တော်ထဲသို့တိုးဝင်ခြင်း၊ အပြန်အလှန်ရင်းနှီးစွာမိဿဟာယဖွဲ့ခြင်း၊တစ်ဦး၏အခက်ခဲကို တစ်ဦးက ကူညီဖြေရှင်းပေးခြင်း၊
လူငယ် GROUP များတွင် သင့်အားပါဝင်ရန် ​နွေးထွေးစွာ
ကြိုဆိုခေါ်ဖိတ်ပါတယ်
💒 အသင်းတော်ကျောင်း (CHURCH SCHOOL)💒
သူငယ်သွားရာလမ်းတွင် တည့်မတ်နေဖို့ရန် နှုတ်ကပတ်တော်ကို
သန့်ရှင်းသော ဝိညာဥ်တော်အားဖြင့် လေးလေးနက်နက်သင်ကြားပေးသော အစီအစဥ်မှရင်သွေးငယ်များကိုစောင့်ကြိုနေပါသည်။
📍Join us in person or online
အောက်ပါဖုန်းများမှာသိလိုသမျှမေးမြန်းနိုင်တယ်နော်
📞📞 01 584133
📞📞 09 5342806
👉🏻Tune in LIVE on
YouTube : PINLON BAPTIST CHURCH

Want your place of worship to be the top-listed Place Of Worship in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


146 Pinlon Street, , Dagon North
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 00:00
17:00 - 20:00