AHtin KaYa
သုတ/ရသ နှင့် Entertainment
19/11/2024
အထင်ကရ……ပြန်လာပါပီ
AHtin KaYa
ရန်ကုန် နဲ့ ကိုဗစ်(၁)
ကိုဗစ်တွေအဖြစ်များလာပါတယ်။
မနေ့က ၅၀၀၀ ကျော်၊ ဒီနေ့ည ၇၀၀၀ ကျော် ဆိုတော့ ထိတ်လန့်တုန်လှုပ်စရာကောင်းပါတယ်။
ပဲခူးတိုင်းမှာ ပိုးတွေ့လူနာ ၇၀၀၀ ကျော်နဲ့ အများဆုံးဖြစ်နေပြီး ရန်ကုန်က ၄၀၀၀ ကျော်နဲ့ ဒုတိယအများဆုံးပါ။
ပိုးတွေ့လူနာသစ်တွေ့နှုန်းကတော့ ရန်ကုန်ထိပ်ဆုံးဖြစ်နေပါပြီ။ ရန်ကုန်မှာ ပိုးတွေ့လူနာသစ် နေ့စဥ် ၁၀၀၀ ကျော်နေပါတယ်။ ပိုများလာဦးမယ်လို့လည်း ခန့်မှန်းထားကြပါတယ်။
ဒါတောင်မှ မစစ်ရသေးတဲ့ ကိုဗစ်လက္ခဏာရှိလူနာတွေ အများကြီးပါ။ မြို့နယ်ဒေသန္တရဆေးခန်းအ ချို့မှာစစ်ပေးနိူင်ပေမဲ့ အချို့မှာ စစ်မပေးနိူင်ပါဘူး။ ကိုဗစ်စစ်တဲ့ စင်တာတစ်ခု သူနာပြုတက္ကသိုလ် ကျောင်းဝင်းထဲမှာ ဖွင့်ထားပါတယ် ။ မစစ်နိူင်တဲ့ ဒေသန္တရတွေကလွှဲပေးရင်စစ်ပေးပါတယ်။
ပုဂ္ဂလိက ဆေးရုံဆေးခန်းမှာလည်း စစ်လို့ရပါတယ်။
N Health၊ Aye၊ YAML နဲ့ SML ဓါတ်ခွဲခန်းများနဲ့ ပန်းလှိုင်၊ Victoria ၊OSC နဲ့ Aryu ဆေးရုံတွေမှာလည်းစစ်ပေးတယ်လို့သိရပါတယ်။
Positive လူနာတွေကို ရောဂါသိပ်မဆိုးရင် ကုသရေးစင်တာတွေမှာထားပြီး ရောဂါ ပြင်းထန်ရင်တော့ ဆေးရုံတွေမှာထားပါတယ်။
စင်တာတွေထဲမှာ ရိုးမမှာ ၁၂၀၀ ကျော်၊ အင်းယားမှာ ၄၀၀ ကျော်၊ MCC မှာ ၂၀၀ ကျော်၊ ဖေါင်ကြီးမှာ ၂၀၀ လောက်ရှိပါတယ်။ ကုသရေးစင်တာတွေပါ။ Q စင်တာတွေမဟုတ်ပါ။
ဆေးရုံတွေမှာလည်းကိုဗစ်လူနာတွေကုတာ အဓိကဖြစ်လာပါတယ်။ အခြားရောဂါတွေအရေးပေါ်ကုသခြင်းကလွဲလို့ ကိုဗစ်ကို ပိုအားထည့်နေရပါတယ်။
ဆရာဝန် ဆရာမ အင်အား နည်းသွားတာဟာ ကုသရေးအတွက် အဓိကပြဿနာပါ။ volunteer တွေ ဝိုင်းကူကြဖို့လိုနေပါတယ်။ ရောဂါပြင်းထန်တဲ့လူနာတွေများလာတာကြောင့် oxygen မလုံလောက်မူတွေရှိနေတယ်လို့သိရပါတယ်။
စက်ရုံတွေကထုတ်တာရယ် ဆေးရုံတွေမှာ လျပ်စစ်နဲ့ oxygen ထုတ်ပေးတဲ့ plant တွေရယ်၊ ပြည်တွင်းရောပြည်ပကပါဝယ်ယူသုံးရတဲ့ liquid oxygen ကို အလျင်မပြတ်ရေး ဝိုင်းဝန်းကြိုးပမ်းနေကြပါတယ်။
01/02/2021
လတ်တလော ဖြစ်ပေါ်နေတဲ့ ဆက်သွယ်ရေး ပြတ်တောက်မှုတွေကြောင့် နာရေးကိစ္စတွေ နဲ့ အရေးပေါ် သူနာတင်ယာဉ် အကူအညီ တောင်းခံလိုပါက နာရေးကူညီမှုအသင်း ( ရန်ကုန် )၁၃/(က)၊ ဗိုလ်မှူးဗထူးလမ်း ၊ (၄၂)ရပ်ကွက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နဲ့ ရေဝေးသုသာန် ၊နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးခွဲ ကို လူကိုယ်တိုင် လာရောက် အကူအညီ တောင်းခံနိုင်တယ်လို့ နာရေးကူညီမှုအသင်း ( ရန်ကုန်) ကသတင်းထုတ်ပြန်ထားပါတယ်။
16/11/2020
💙🤍
ဧရာဝတီလင်းပိုင် ကာကွယ်ထိန်းသိမ်းရေး ရက်သတ္တပတ် (Save Irrawaddy Dolphin Week 2020) အထိမ်းအမှတ် ပန်းချီအနုပညာပြိုင်ပွဲ၊ ပြပွဲအား WWF-မြန်မာက Nature Advocacy အဖွဲ့နှင့် ပူးပေါင်း ကျင်းပမည်။
~~~~~~~~~~~~~~~~~~~~~~~~~
မြန်မာနိုင်ငံတစ်ဝန်းရှိ အနုပညာ ချစ်မြတ်နိုးသူများအတွက် ဧရာဝတီလင်းပိုင် ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းများတွင် မိမိအိမ်မှနေ၍ ပူးပေါင်းကူညီနိုင်မည့် အခွင့်အလမ်းတစ်ခုကို Nature Advocacy နှင့် WWF-မြန်မာ တို့က ပူးပေါင်း ဖော်ဆောင်လိုက်ပါသည်။ ဤအစီအစဉ်တွင် ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး သို့မဟုတ် ဧရာဝတီလင်းပိုင်များ ရည်ရှည်ရပ်တည်နိုင်ရေးအတွက် အရေးကြီးသည့် လင်းပိုင်များ မှီခိုကျက်စားရာ တောတောင် ရေမြေ၊ သဘာဝဂေဟစနစ်များအား ကာကွယ်ထိန်းသိမ်းရန် နှိုးဆော်သည့် traditional art ပန်းချီ၊ သို့မဟုတ် Digital Art စသည်တို့ အကျုံးဝင်သည်။ ပြိုင်ပွဲဝင် အနုပညာလက်ရာများကို အနာဂတ် လင်းပိုင်ထိန်းသိမ်းရေး လုပ်ငန်းများတွင် သင့်လျော်သလို ထည့်သွင်း အသုံးပြုသွားမည် ဖြစ်သည့်အတွက် Dolphin Protector ဖြစ်လိုသူ အနုပညာရှင်များ လာရောက်ယှဉ်ပြိုင်ရန်ဖိတ်ခေါ်ပါသည်။
ယှဉ်ပြိုင်သူတစ်ဦးအတွက် ပြိုင်ပွဲဝင်လက်ရာ အရေအတွက် ကန့်သတ်ထားခြင်းမရှိဘဲ တစ်ခုထက်ပိုသော အနုပညာလက်ရာများ ဖန်တီး၍ ယှဉ်ပြိုင်နိုင်ပါသည်။
****ပေးအပ်သွားမည့်ဆုများ****
WWF's Choice Award (1 each for traditional and digital art)
Nature Advocacy Award (1 each for traditional and digital art)
Popular Choice Award (1 each for traditional and digital art)
ဆု ၃ ခုစီ ပေးအပ်သွားမည်။ အနုပညာလက်ရာတစ်ခုအား အများဆုံး ဆုတစ်ခုတည်းသာ ချီးမြှင့်သွာမည်။
ရွေးချယ်ခံရသူများကို ဒီဇင်ဘာလ ၆ ရက်နေ့တွင် WWF-မြန်မာ နှင့် Nature Advocacy အဖွဲ့တို့၏ page များတွင် ကြေညာပေးသွားပါမည်။
******************************
----- ပါဝင်ယှဉ်ပြိုင်လိုသူများအတွက် စည်းကမ်းချက်များ------
၁။ Nature Advocacy official page, Save Irrawaddy Dolphin Campaign Page နှင့် WWF-Myanmar official page များကို Follow လုပ်ပါ။
၂။ ဖန်တီးထားသော အနုပညာလက်ရာကို မိမိကိုယ်ပိုင်အကောင့်တွင် public နှင့် တင်ပြီး ဟုရေးပါ။ Screen Shot ရိုက်ပြီး ဒီပို့စ်အောက်တွင် comment လာပို့ပေးပါ။
၃။ ဖန်တီးထားသော အနုပညာလက်ရာများကို Hi resolution file အဖြစ် [email protected] နှင့် (cc: [email protected]) တို့အား နိုဝင်ဘာလ ၂၈ ရက်နေ့ ညနေ 6:00 pm နောက်ဆုံးထားပေးပို့ပေးပါ။ ပို့ပေးသည့်အခါတွင် ညာအောက်ထောင့်တွင် မူလရေးဆွဲသူ၏ လက်မှတ်၊ အမှတ်အသား ပါသည့်ပုံတစ်ပုံ၊ ဘာအမှတ်အသားမှ မပါသောပုံတစ်ပုံ၊ ပုံနှစ်ပုံပို့ပေးပါ။ file အမည်ကို (Artist’sName(with/withoutSignature).ext) အမည်မှည့်၍ ပေးပို့ပေးပါ။ အကယ်၍ သင်ဆွဲထားသောပုံကို ဓာတ်ပုံရိုက်၍ ပို့မည်ဆိုပါက လေးထောင့်ကျပြီး အလင်းအမှောင် တစ်ပြေးတည်းဖြစ်အောင် ရိုက်ပေးပါ။
၄။ သင့်ဖန်တီးမှု အနုပညာလက်ရာတွင် လင်းပိုင်ရုပ်ပုံပါဝင်ပါက ထိုပုံသည် ဧရာဝတီလင်းပိုင်မျိုးဖြစ်ရမည်။ အခြား လင်းပိုင်မျိုးစိတ်များဖြစ်ပါက ဆုများအတွက် ထည့်သွင်းစဉ်းစားပေးမည်မဟုတ်ပါ။
၅။ လက်ခံရရှိသည့် အနုပညာလက်ရာများကို (အမည်၊အမှတ်အသားမပါသော version) ကို Save Irrawaddy Dolphin Campaign page တွင် နိုဝင်ဘာ ၂၉ ရက်နေ့မှစတင်၍ တစ်ပတ် ပြသသွားမည်။ ထို အနုပညာလက်ရာများအနက် ဒီဇင်ဘာလ ၅ ရက်နေ့တွင် “like” အများဆုံးရရှိသူအား “Popular Choice Award” ပေးအပ်သွားမည်။
၆။ ပါဝင်ယှဉ်ပြိုင်သည့် အနုပညာလက်ရာများသည် email မှ လက်ခံပြီးချိန်မှစ၍ WWF-Myanmar နှင့် Nature Advocacy အပိုင်ဖြစ်သည်။ ထိုအနုပညာလက်ရာများကို အနာဂတ်တွင် ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးနှင့် ပတ်သက်သည့် နေရာများတွင် ဖန်တီးသူ အနုပညာရှင်၏ အမည်ကို ဖော်ပြပြီး သင့်လျော်သလို ထည့်သွင်းအသုံးပြုသွားပါမည်။ ထိုသို့အဆင်ပြေချောမွေစွာ ဆောင်ရွက်နိုင်စေရန် မူလဖန်တီးသူ အနုပညာရှင်သည် ထိုအနုပညာလက်ရာပေါ်မှ ရယူနိုင်သည့် အခွင့်အရေး အားလုံးကို WWF-Myanmar နှင့် Nature Advocacy သို့ပေးအပ်ပါရန် သဘောတူပါသည်။ (ပါဝင်ယှဉ်ပြိုင်သည့် အနုပညာလက်ရာအား အခြားတစ်နေရာရာတွင် ငွေကြေးဖြင့် ရောင်းဝယ်ခြင်း၊ ကုန်ပစ္စည်းအမှတ်တံဆိပ်တစ်မျိုးမျိုးနှင့် တွဲဖက်၍ ကြော်ငြာခြင်း၊ အခကြေးငွေယူ၍ ပြသခြင်း စသည်တို့ မပြုလုပ်ရန် ကတိကဝတ်ပြုပါသည်)
၇။ အငြင်းပွားဖွယ်တစ်စုံတစ်ရာရှိပါက Nature Advocacy ၏ Campaign Director ၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်သည်။
16/11/2020
အားလုံးမင်္ဂလာပါ! ....
Myanmar Coastal Conservation Lab မှ
ဒီအပတ်မှာတော့ ဧရာဝတီလင်းပိုင် နဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာကောင်းတဲ့မေးခွန်းလေးကို
ဖြေကြည့်ကြရအောင်...
အဖြေကို မနက်ဖြန် မနက် ၁၀ နာရီမှာ ပြန်လည်
တင်ပေးသွားမှာဖြစ်ပါတယ်။
12/11/2020
November 22nd မှ 28th အထိကို Save Irrawaddy Dolphin Week အဖြစ် သတ်မှတ်ပြီး လင်းပိုင်ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းတွင် အထောက်အကူပြုမည့် လုပ်ငန်းများဆောင်ရွက်ရာတွင် "နေအိမ်မှနေ၍" ကိုယ်တိုင် ပူးပေါင်းပါဝင်ရန်ဖိတ်ခေါ်ခြင်း
------ အကျဉ်းချုံး------
၁။ ဧရာဝတီလင်းပိုင်များကို အလျင်အမြန် အရှိန်အဟုန်မြှင့် ကာကွယ်ထိန်းသိမ်းရန် လိုအပ်ကြောင်း မြန်မာတစ်နိုင်ငံလုံး လှည်းနေလှေအောင်း မြေဇောင်းမကျန်သိရှိနိုင်စေရန် နိုဝင်ဘာ ၂၂ - ၂၈ ရက်နေ့ကို Save Irrawaddy Dolphin Week သတ်မှတ်ပြီး Media Campaign ကျင်းပမည်။
၂။ Nature Advocacy အဖွဲ့မှ ဦးဆောင်စီစဉ်ပြီး နိုင်ငံတကာနှင့် ပြည်တွင်းမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့အစည်းကြီးများ၊ CSO များ၊ ပုဂ္ဂလိက လုပ်ငန်းများ၊ Travel Blogger များ၊ နိုင်ငံကျော်အားကစားသမားများ၊ ပြည်သူချစ် အနုပညာရှင်များနှင့် နယ်ပယ်မျိုးစုံမှ influencer များမှ လူတိုင်းအိမ်မှ ထိုင်ရာမထလုပ်နိုင်မည့် activity များကိုဖော်ဆောင်ပြီး ပူးပေါင်းပါဝင်သွားမည်။
၃။ ဧရာဝတီလင်းပိုင်များကို ကာကွယ်စေလိုသူများထံမှ ထောက်ခံမှုလက်မှတ်များကောက်ယူသွားပြီး ရက်သတ္တပတ်အဆုံးတွင် ဧရာဝတီလင်းပိုင်ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးပါရန် အသနားခံစာကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ပြည်ထောင်စု လွှတ်တော် ဉက္ကဌ ဦးတီခွန်မြတ်တို့ သုံးဦးထံ တိုက်ရိုက်ပေးပို့တောင်းဆို သွားမည်ဖြစ်ပါသည်။
------သတင်းအပြည့်အစုံ-----
ဧရာဝတီလင်းပိုင်များကို ကယ်တင်ရန် ရည်ရွယ်ချက်ဖြင့် Nature Advocacy အဖွဲ့မှ ဦးဆောင်၍ Save Irrawaddy Dolphin online campaign ကို July လဆန်းမှ စတင်၍ ဆောင်ရွက်ခဲ့သည်မှာ နယ်ပယ်မျိုးစုံမှ ပညာရှင်မျိုးစုံ၊ လူတန်းစားမျိုးစုံမှ ပူးပေါင်းပါဝင်ခဲ့သည့်အတွက် ယနေ့အချိန်တွင် ဧရာဝတီလင်းပိုင်များကို ကာကွယ်ထိန်းသိမ်းသင့်ကြောင့် နှိုးဆော်သည့် စာများ မြန်မာနိုင်ငံမှာ လူမှုကွန်ယက်အသုံးပြုသူ သန်းပေါင်းများစွာမှ မြင်တွေ့သိရှိပြီးဖြစ်သည်။
သို့ပါသော်လည်း လက်ရှိအချိန်ထိ ဧရာဝတီများ ထပ်မံသေဆုံးလျက်ရှိပါသည်။ အရင်လက ပခုက္ကူတွင် ဧရာဝတီလင်းပိုင် ၂ ကောင်အား မသမာသူများမှ လိုက်လံဖမ်းဆီးမှုမျိုးရှိခဲ့ကြောင်း Skynet Up To Date နှင့် DVB သတင်းဌာနများတွင် ဖော်ပြခဲ့ပါသည်။ လင်းပိုင်ထိန်းသိမ်းရေး ဧရိယာအတွင်း ကင်းလှည့်လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခဲ့သော်လည်း ရှော့တိုက်ငါးဖမ်းမှုများ ပပျောက်သွားခြင်းမရှိဘဲ မွေးပေါက်စ လင်းပိုင်ငယ်တစ်ကောင် ယခင်အပတ်က သတ်ဖြတ်ခံခဲ့ရသလို လင်းပိုင်ပေါက်စတစ်ကောင်ကို သတ်၍ Facebook တွင် ပုံတင်ကြွားခဲ့သည့် တရားခံကိုလည်း အမြန်ဆုံးဖော်ထုတ်နိုင်ရန် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများမှ အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်သင့်ပါသည်။
ထို့ကြောင့် လူတိုင်းပါဝင်နိုင်သည့် ဧရာဝတီလင်းပိုင်များကို အလျင်အမြန် အရှိန်အဟုန်မြှင့် ကာကွယ်ထိန်းသိမ်းရန် လိုအပ်ကြောင်း မြန်မာတစ်နိုင်ငံလုံး လှည်းနေလှေအောင်း မြေဇောင်းမကျန်သိရှိနိုင်စေရန် နိုဝင်ဘာလ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိကို Save Irrawaddy Dolphin Week အဖြစ် သတ်မှတ်ပြီး Media Campaign ကျင်းပပါမည်။ ကျင်းပရသည့် ရည်ရွယ်ချက်မှာ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးလုပ်ငန်းများ အရှိန်အဟုန်မြင့် စတင်လုပ်ဆောင်ရန် လိုအပ်နေပြီဖြစ်ကြောင်း၊ အချိန်ဆွဲနေပါက ကမ္ဘာက မြန်မာယဉ်ကျေးမှု စစ်စစ်အဖြစ် အသိအမှတ်ပြုခံရနိုင်သည့် လင်းပိုင်နှင့် ငါးဖမ်းသည့် အဖိုးတန် ယဉ်ကျေးမှုတစ်ခု မကြာမီအချိန်အတွင်း ပျောက်ပျက်သွားနိုင်ကြောင်း၊ တရားမဝင်သောနည်းလမ်းများဖြင့် ငါးဖမ်းသည့် မသမာသူများကြောင့် လင်းပိုင်အကူအညီဖြင့် ငါးဖမ်းနေသည့် ရေလုပ်သား အိမ်ထောင်စုများ စားဝတ်နေရေး အခက်အခဲဖြစ်နေကြောင်း၊ လင်းပိုင်မျိုးသုဉ်းသွားပါက လင်းပိုင်နှင့် ဆက်စပ်နေသည့် ဂေဟစနစ်များ၊ ဇီဝမျိုးကွဲများနှင့် လင်းပိုင်ကြည့်ခရီးသွားများအပေါ် မှီခိုအသက်မွေးသော ဒေသခံပြည်သူများ ရည်ရှည်ရပ်တည်နိုင်ရေးအတွက် အခက်အခဲများ ဖြစ်နိုင်ကြောင်း စသည်တို့ကို နိုင်ငံတော် အစိုးရထိပ်ပိုင်းမှ တာဝန်ရှိသူများ မြင်တွေ့သိရှိပြီး လိုအပ်သည့် အစီအမံများဆောင်ရွက်ပေးနိုင်စေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။ (****တားမြစ်ထားသည့် နည်းလမ်းများဖြင့် ငါးခိုးဖမ်းနေသူများမြင်တွေ့ပြီး ဆက်မလုပ်ရန် မျှော်လင့်ပါသည်။ သို့သော် ဤ campaign ၏ အဓိက ရည်ရွယ်ချက်သည် နိုင်ငံတော် အစိုးရထိပ်ပိုင်းမှ တာဝန်ရှိသူများ မြင်တွေ့သိရှိစေရန် ဖြစ်သည့်အတွက် အများပြည်သူများ ကူညီ မျှဝေပေးပါရန် တိုက်တွန်းပါသည် ****)။ ထိုအပတ်အတွင်း ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးနှင့် ပတ်သက်သည့် အသိပညာပေးဟောပြာပွဲများအပြင် ပန်းချီပြပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဌိပြိုင်ပွဲများလည်း ကျင်းပသွားမည်ဖြစ်သလို လင်းပိုင်ကာကွယ်ထိန်းသိမ်းရေးအတွက် ရန်ပုံငွေများလည်း အလှူခံသွားမည်ဖြစ်သည်။
Save Irrawaddy Dolphin Week ကို လက်ရှိအချိန်တွင် နိုင်ငံတကာ NGO အဖွဲ့ကြီးများဖြစ်သော World Wide Fund For Nature (WWF), Fauna and Flora International (FFI), Biodiversity and Nature Conservation Association (BANCA) နှင့် ပြည်တွင်းမှ အဖွဲ့အစည်းများဖြစ်သော Save the Tree, Green Age Film Production, AHtin Ka Ya Media တို့မှ Collaborator များအဖြစ် ပူးပေါင်းအားဖြည့်ထားပြီး အဖွဲ့အစည်းတစ်ခုချင်းစီသည် ၎င်းတို့နှင့် သက်ဆိုင်ရာ အဆက်အသွယ် follower များအကြား အသိပညာပေးလုပ်ငန်းများလုပ်ဆောင်သွားမည်ဖြစ်ပါသည်။ အဖွဲ့အစည်းတစ်ခုချင်းစီမှ လုပ်ဆောင်မည့် အစီအစဉ်များနှင့် ကျင်းပပေးမည့် ပြိုင်ပွဲ၊ ပြပွဲ၊ ဟောပြောပွဲများအကြောင်းကိုလည်း နောက်ရက်များတွင် ကြေငြာပေးသွားမည်ဖြစ်သဖြင့် activity များတွင် ပါဝင်လိုသူများ Nature Advocacy page နှင့် Save Irrawaddy Dolphin campaign page များကို like လုပ်၊ follow လုပ်ထားဖို့ ဖိတ်ခေါ်အပ်ပါသည်။
အရေးအကြီးဆုံး အစီအစဉ်အနေဖြင့် Save Irrawaddy Dolphin week ရက်သတ္တပတ်အဆုံးတွင် နိုင်ငံတော်အစိုးရထံသို့ ဧရာဝတီလင်းပိုင်ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးပါရန် အသနားခံစာပေးပို့သွားရန် အစီအစဉ်ရှိပြီး ထောက်ခံသူလက်မှတ်များ ကောက်ခံနေသည်မှာ လက်ရှိအချိန်တွင် လက်မှတ်ပေါင်း ၁၂,၀၀၀ ခန့်သာရရှိသေးသည်။ ထို့ကြောင့် Save Irrawaddy Dolphin Week အတွင်း ကြိုးစား၍ ဆက်လက်ကောက်ခံသွားမည်ဖြစ်ပြီး လက်မှတ်စုစုပေါင်း ၁၀၀,၀၀၀ ရရှိသည့်အချိန်တွင် လက်မှတ်ထိုးပေးသူများအား ကိုယ်စားပြု၍ အသနားခံစာတစ်စောင်ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ပြည်ထောင်စု လွှတ်တော် ဉက္ကဌ ဦးတီခွန်မြတ်တို့ထံ တိုက်ရိုက်ပေးပို့တောင်းဆိုသွားမည်ဖြစ်ပါသည်။
ထို့ကြောင့် ပူးပေါင်းပါဝင်လိုသူများအနေဖြင့် အောက်ပါအတိုင်း အဆင့်ဆင့်ဆောင်ရွက်ပါ။
၁။ Save Irrawaddy Dolphin Campaign page နှင့် Nature Advocacy page တို့ကို follow လုပ်ပါ။
၂။ Save Irrawaddy Dolphin Campaign page ၏ ထိပ်မှ “Sign up” button ကိုနှိပ်၍ လည်းကောင်း၊ သို့မဟုတ် အောက်ပါ link သို့သွား၍ လည်းကောင်း အသနားခံစာတွင် ပူးပေါင်းပါဝင် လက်မှတ်ထိုးပါ။
၃။ Dolphin protector တစ်ဦး အနေဖြင့် Save Irrawaddy Dolphin Week တွင် ပါဝင်မည်ဖြစ်ကြောင်းကို Save Irrawaddy Dolphin Week profile picture frame (Search for: SaveIRDolphinsWeek) ပြောင်းပြီး မိမိ၏ အသိမိတ်ဆွေများကို အသိပေးလိုက်ပါ။
07/11/2020
✨AHtin KaYa look book new episode✨
Model. - Beauty
Make up - Jessica Han
Designer - Khon Ngon Chit(KNOT Fabric & Fashion)
Photo. - Min Mon Chan(Chan Photography)
ပြိုင်ကားတွေ ရဲ့ feature တွေ နဲ့ ကိုင်တွယ်မောင်းနှင်ပုံတွေ၊ drift ဆွဲနည်းတွေကို တင်ဆက်ပေးနေတဲ့.... Auto culture By Ye' Mon
-ယခုတစ်ပတ်တင်ဆက်မယ့် ep 9 မှာ "Car ဘီး Size & Rim Size တွေက Drift ဆွဲတဲ့အခါ ဘယ်လိုတွေ သက်ရောက်မှု ရှိလဲ" ဆိုတာတွေကို Host ဖြစ်သူ ရဲမွန်သီဟ က ပြည့်ပြည့်စုံစုံတင်ဆက်ပေးထားပါတယ်။
ပြိုင်ကားနဲ့ပတ်သက်တာတွေ,Drift Lesson တွေအကြောင်း သိရှိလိုတာတွေရှိရင်လဲ comment မှာရေးသားနိုင်ပါတယ်
ကျွန်တော်တို့ ပြန်လည်တင်ဆက်ဖန်တီးပေးပါ့မယ်🤩
ပိုမိုကောင်းမွန်သောကွာလတီဖြင့်ကြည့်ရှုလိုလျှင် - https://youtu.be/5cLAWx5Hk_Y
Auto culture By Ye' Mon ကို အထင်ကရမီဒီယာ ရဲ့ ဖေ့ဘွတ်စာမျက်နှာ မှာ အပတ်စဉ် အင်္ဂါနေ့ တိုင်း စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်...
ရှေ့ဖြစ်နောက်ကြောင်း
"မြန်မာလူမျိုးအများစု သတိပြုသင့်တဲ့ လုပ်ငန်းခွင် Teamworkဆိုတာဘာလဲ ?"
ပိုမိုကောင်းမွန်သောကွာလတီဖြင့်ကြည့်ရှုလိုလျှင် - https://youtu.be/S2qplZh0jLY
Sai Khung Noung
(Managing Director)
Sai Khung Noung Real Estate and Law Firm
ပြိုင်ကားတွေ ရဲ့ feature တွေ နဲ့ ကိုင်တွယ်မောင်းနှင်ပုံတွေ၊ drift ဆွဲနည်းတွေကို တင်ဆက်ပေးနေတဲ့.... Auto culture By Ye' Mon
-ယခုတစ်ပတ်တင်ဆက်မယ့် ep 8 မှာ Clutch (ကလပ်) Kick ပြီး Drift ဆွဲမဲ့အကြောင်း နှင့် Handbrake ဆွဲပြီး Driftလို့ရမဲ့ သင်ခန်းစာလေးတွေကို Host ဖြစ်သူ ရဲမွန်သီဟ က ပြည့်ပြည့်စုံစုံတင်ဆက်ပေးထားပါတယ်။
ပြိုင်ကားနဲ့ပတ်သက်တာတွေ,Drift Lesson တွေအကြောင်း သိရှိလိုတာတွေရှိရင်လဲ comment မှာရေးသားနိုင်ပါတယ်
ကျွန်တော်တို့ ပြန်လည်တင်ဆက်ဖန်တီးပေးပါ့မယ်🤩
ပိုမိုကောင်းမွန်သောကွာလတီဖြင့်ကြည့်ရှုလိုလျှင် -https://youtu.be/DPuUGhqAoxE
Auto culture By Ye' Mon ကို အထင်ကရမီဒီယာ ရဲ့ ဖေ့ဘွတ်စာမျက်နှာ မှာ အပတ်စဉ် အင်္ဂါနေ့ တိုင်း စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်...
“ရှေ့ဖြစ်နောက်ကြောင်း”
“Teamwork လေးတွေလုပ်တတ်ဖို့ ငယ်ငယ်လေးကတည်းကမူလတန်းကျောင်းတွေမှာ အစပြုပျိုးထောင်ပေးစေချင်ပါတယ်” စိုင်းခွန်နောင်
“ကိုယ့် ဝါသနာကိုတွေ့အောင်ရှာပါ.... ပြီးတော့အဲ့ဒီဝါသနာနဲ့အသက်မွေးဝမ်းကြောင်းပြုနိုင်အောင်လုပ်ပါလို့တိုက်တွန်းချင်ပါတယ်” မေမွန်သူ
“ကုမ္ပဏီတစ်ခုကောင်းမွန်စွာလည်ပတ်နိုင်ဖို့ Policies နဲ့ systems တွေကောင်းကောင်းတည်ဆောက်နိုင်ဖို့လိုတယ်” ပွင့်အိဖြူ
အထင်ကရမီဒီယာနဲ့ စိုင်းခွန်နောင်း(Real Estate & Law Firm)တို့ ပူးပေါင်းပြီးအပတ်စဉ်တင်ဆက်နေကြရှေ့ဖြစ်နောက်ကြောင်း စီးပွါးရေးစကားဝိုင်းအစီအစဉ်ကို Mamper (merchandising service), Chill Corner (Art & Craft, food cafe)တို့ရဲ့ ပဲ့ကိုင်ရှင် မမေမွန်သူ နှင့် ရေဆိုးသန့်စင်ခြင်းလုပ်ငန်း(Myanmar Water Engineering & Products) ရဲ့ Managing Director မပွင့်အိဖြူ တို့ကဒီတစ်ပတ်အတွက်ကူညီအာည့်ထားပါတယ်။
လူငယ်တွေအတွက် စိတ်တိုင်းကျဘဝတည်ဆောက်နိုင်ဖို့ခွန်းအားတစ်ခု (သို့မဟုတ်) အထင်ကရ ရဲ့ "ရှေးဖြစ်နောက်ကြောင်း"အစီအစဉ်....
Episode-2 (part-2)
ကိုယ့်ထူးကိုယ်ချွန်လူငယ်လေးများအတွက် ဘဝရဲ့ပထမခြေလှမ်းအစကနေအောင်မြင်တဲ့လုပ်ငန်ခွင်အထိဖြတ်သန်းခဲ့ရပုံအဆင့်ဆင့်ကိုမေးမြန်တင်ဆက်ပေးသွားမယ့်အင်တာဗျူးအစီအစဉ်လေးပဲဖြစ်ပါတယ်။ အစီအစဉ်တင်ဆက်သူအနေနဲ့ စိုင်ခွန်နောင် အိမ်၊ ခြံ၊ မြေအကျိုးဆောင်ရဲ့ပဲ့ကိုင်ရှင် ဦးစိုင်ခွန်နောင်ကလစဉ်တာဝန်ယူတင်ဆက်သွားမှာပါ။ ဒီတစ်ပတ်မှာတော့ ဝန်ထမ်းဘဝအစကနေ အောင်မြင်တဲ့စီးပွါးရေးလုပ်ငန်းရှင်၊ အတတ်ပညာရှင်တွေဖြစ်အောင်ဖန်တီးယူနိုင်စွမ်းရှိခဲ့တဲ့ Y-Max College ရဲ့CEO ကိုဖြိုးအာကာ၊ Trophy Studio CEO ကိုသန့်စင်ဦးတို့က ပါဝင်ဆွေးနွေးပြောကြားပေးသွားမှာဖြစ်ပါတယ်။ သူတို့ဖြတ်သန်းခဲ့ရတဲ့လှေကားထစ် အချိုးအကွေ့တွေအကြောင်းကိုအထင်ကရပရိတ်ဩတ်အတွက်တင်ဆက်ပေးလိုက်ပါရစေ.....❤️☺️
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
449, New University Avenue Street, Bahan Township
Yangon