Mo Mo Ice Cream

Mo Mo Ice Cream

Share

Mo Mo is one-stop ice cream shop solution provider. We sell ice cream machines, materials such as ice cream powder, cone and shop decoration.

22/11/2020

ရေခဲမုန့်လုပ်ငန်း post မှာ အနယ်နယ်အရပ်ရပ်က စိတ်ဝင်စားလို့ဆက်သွယ်လာသူရော၊ showroom လာကြည့်ပြီး ဝယ်သွားသူများတဦးချင်းစီကို ကျေးဇူးတင်ပါတယ်။ မေးခွန်းတွေကအများကြီး၊ သိချင်တာတွေလည်းတူနေတော့ ဒီ post မှာအမေးအဖြေပုံစံလေးနဲ့ ဖြေပေးလိုက်ပါတယ်ခင်ဗျ။
◾️ ရေခဲမုန့်ဆိုင်အတွက် ဘာတွေလိုအပ်မလဲ? စျေးတွေပါပြောပြပါ။
ပုံမှာပြထားတဲ့အတိုင်းဆို
🔹 ရေခဲမုန့်အပျော့ထုတ်စက် (၁နာရီ ၂၂-၂၆လီတာထွက်) ~၁၈သိန်း
🔹 ရေခဲသေတ္တာတလုံး (2 Doors) ~၁-၃သိန်းခန့်
🔹 ရေခဲမုန့်အမာမှန်ပုံးရေခဲသေတ္တာ (၂ပေ) ~၆သိန်းခွဲ
🔹 POS စက်၊ ဗောက်ချာ printer၊ ငွေသိမ်းအံဆွဲ ~၅သိန်းခွဲ
🔹 POS Software ~၉၇၀၀၀ကျပ်/တနှစ်
(online ဖြစ်လို့ ရောင်းအားကို ဖုန်းကနေလှမ်းကြည့်လို့ရပါတယ်)
🔹 Menu ပြတဲ့ LED မီးပုံး (မျက်နှာချက်ချိတ်) ~၅သောင်းကျပ်/၁ပုံး
🔹 ရေခဲမုန့် toppping ထည့်ခွက် (၅ကန့်ပါ) ~၈သောင်းကျပ်
◾️ရေခဲမုန့်ဆိုင်ပစ္စည်းအပြင် Decoration ပါ လုပ်ပေးလား?
🔹MoMo မှ ကိုယ်ပိုင် decoration team နဲ့ အစအဆုံးလုပ်ပေးပါတယ်
🔹မျက်နှာစာကောင်တာ (~၈ပေ) ~၈-၁၀သိန်းခန့်
🔹လက်ဆေးဘေစင်ကောင်တာ (ဘေစင်ပါ) ၃-၅သိန်းခန့်
🔹 ဆေးသုတ်၊ မီးဆင်၊ အခန်းကန့်၊ ဆိုင်းဘုတ် (ပစ္စည်းအမျိုးအစားပေါ်မူတည်) ~၁၅-၃၀သိန်း
◾️ ရေခဲမုန့်လုပ်နည်းတွေ သင်ပေးလား?
🔹 MoMo မှာ ရေခဲမုန့် အပျော့ကော အမာအတွက်ပါ အသင့်စပ်အထုပ်အရသာအစုံ ရှိပါတယ်။
🔹 အမာထုပ် - ၅၀၀၀/၅၅၀၀ ကျပ်
(1kg ပါ - ခွက် ၄၀ခန့်ရ - အရသာ၈မျိုးရှိ)
🔹 အပျော့ထုပ် - ၈၀၀၀/၁၃၀၀၀ ကျပ်
(1kg ပါ - ခွက် ၄၀ခန့်ရ - အရသာ၅မျိုးရှိ)
◾️အသင့်စပ်အထုပ်က စပ်ရလွယ်လား?
🔹အသင့်စပ်အမှုန့်ကို ရေ (သို့) နွားနို့ဖြင့် အချိုးအဆအတိုင်းရောမွေပြီး စက်ထဲထည့်ရုံဖြင့် ရေခဲမုန့်ရပါတယ်။
🔹အရသာရှယ်ဖြစ်ချင်ရင် အသီး/ နွားနို့/ အချို ကိုယ်ကြိုက်သလို ထပ်ပြင်ထည့်ရုံပါပဲ
◾️အခြားနေ့တဒူ၀လိုအပ်တဲ့ ကုန်ကြမ်းတွေက ဘာလဲ?
🔹 ဝေဖာခွက်၊ စက္ကူခွက်၊ ဇွန်း
◾️မီးလင်းရေခဲမုန့်အရုပ်က ဘယ်ဆိုဒ်တွေရတာလဲ? သူ့ချည်းပဲရောင်းလား?
🔹အသေး (၁၀လက်မ - အမြင့်) ၁၆၀၀၀ ကျပ်
🔹အလတ် (၃ပေ၂လက်မ - အမြင့်) ၁၃၀၀၀၀ ကျပ်
🔹အကြီး (၅ပေခွဲ - အမြင့်) ၁၉၅၀၀၀ ကျပ်
🔹အရုပ်ချည်းပဲသက်သက်လည်းရောင်းပေးပါတယ်။ ရောင်စုံမီးလည်းလင်းပြီး အကြီးဆုံးက လူအရပ်လောက်ရှိတာမို့ ဆိုင်ရှေ့ထားရင် အဝေးကြီးထဲက ထင်သာမြင်သာရှိလို့ ကိုယ့်ဆိုင်ကို အခြားဆိုင်ထက် ထင်းလင်းစေပါတယ်နော်။
တခြားသိလိုတာများရှိရင်လည်း comment မှာဖြစ်ဖြစ် cb မှာ ဖြစ်ဖြစ်မေးမြန်းနိုင်ပါတယ်။
MoMo Ice Cream Shop
No. 241, Ngu War St, Ahlone Township, Yangon, Myanmar.
09-450 888 440

12/11/2020

ရာသီဥတုနဲ့အံကိုက် ရေခဲမုန့်ဆိုင်လေးဖွင့်ဖို့ဆိုရင် MoMo ကိုသတိရလိုက်ပါ

🍦ရေခဲမုန့်စက် [ရေခဲမုန့်သားအပျော့/အမာ]
🍦အသင့်စပ် ရေခဲမုန့်အထုပ် [အရသာမျိုးစုံ]
🍦ဝေဖာခွက်/စက္ကူခွက်/ဇွန်း
🍦မီးလင်းတဲ့ရေခဲမုန့်အရုပ် [အမြင့်-၁၀လက်မ၊ ၃ပေ၊ ၅ပေ]
🍦စာရင်းအတွက် POS System

ဒါတွေအားလုံးကို တစ်နေရာတည်းမှာရတယ်ဆိုတော့
🍨 စက်နဲ့ပစ္စည်းပိုအတွက်လည်း စိတ်မပူရဘူး။
🍨 ရေခဲမုန့်သင်တန်းလည်းပြေးတတ်စရာမလို
🍨 မီးအားကလည်း အိမ်ကရေခဲသေတ္တာတလုံးစာပဲရှိတယ်။
🍨 stock နဲ့ ငွေတွေမထိန်းနိုင်မှာလည်း စိုးရိမ်စရာမလိုဘူးနော်

🔹MoMo Ice Cream Shop
🔹No. 241, ငုဝါလမ်း၊ အလုံမြို့နယ်၊ ရန်ကုန် (ဝိုက်တောမှတ်တိုင်အနီး)
🔹09450888440
နယ်မြို့များကို ဂိတ်တင်ပေးပါသည်။

Edit: အသင့်စပ်အမှုန့်ထုပ်
◾️ အမာထုပ် - 5000/5500 ကျပ်
(1kg ပါ - ခွက် ၄၀ခန့်ရ) အရသာ၈မျိုးရှိ
◾️ အပျော့ထုပ် - 8000/13000 ကျပ်
(1kg ပါ - ခွက် ၄၀ခန့်ရ) အရသာ၅မျိုးရှိ
အသင့်စပ်အမှုန့်ကို ရေ (သို့) နွားနို့ဖြင့် အချိုးအဆအတိုင်းရောမွေပြီး စက်ထဲထည့်ရုံဖြင့် ရေခဲမုန့်ရပါတယ်။ အရသာရှယ်ဖြစ်ချင်ရင် အသီး/ နွားနို့/ အချို ကိုယ်ကြိုက်သလို ထပ်ပြင်ထည့်ရုံပါပဲ

31/10/2020

🎁 သီတင်းကျွတ် Promotion 🎁
▪️ MoMo မှ ရေခဲမုန့်စက် (အမာ) တစ်လုံးဝယ်ယူတာနဲ့ အသင့်သုံးရေခဲမုန့်အထုပ်တွေလက်ဆောင်ပေးမှာနော်။
▪️ အသင့်သုံးအမှုန့် 1kg တထုပ် ၅၅၀၀ ကျပ်နဲ့ ၁၀ထုပ် လက်ဆောင်ပေးမှာ ၅၅၀၀၀ကျပ်ဖိုး လက်ဆောင်ပေးမှာပါနော်။
အရသာတွေကတော့
၁) နို့
၂) စတော်ဘယ်ရီ
၃) ချောကလက်
၄) ပိန်းဥ
၅) သရက်
၆) ဘလူးဘယ်ရီ
၇) ဒူရင်း
၈) သခွားမွှေး
ကြိုက်သည့်အရသာ ၁၀ထုတ်ကိုလက်ဆောင်အဖြစ်ပြန်လည်ပေးသွားမှာဖြစ်ပါတယ်။ အရေအတွက်ကန့်သတ်ထားလို့ အမြန်ဆုံးဆက်သွယ်မှာယူနိုင်ပါပြီ။
စျေးနှုန်း = ကျပ် ၈သိန်းခွဲ
တစ်နာရီအထွက်နှုန်း = ၄ဂါလံ
မီးအား = ၂၃၀၀ ဝပ်
MoMo Ice Cream Shop
No. 241, Ngu War St, Ahlone Township, Yangon, Myanmar.
09-450 888 440

18/09/2020

MoMo အသင့်သုံးရေခဲမှုန့်အထုပ်လေးတွေနဲ့ လုပ်လို့ရတဲ့ idea လေးတွေပါ
😋 မခဲခင် အသီးလေးတွေရောထည့်လို့ရတယ်
😋 အရောင်စပ်ပြီးလည်း လုပ်လို့ရတယ်

ကဲ.. ဘယ်လောက်မိုက်လဲ

1kg ထုပ် - 5500ကျပ် (အချောင်း ၄၀ ခန့် ရ)
◾️အထုပ်လေးတွေက လိုသလောက်သုံးပြီးပြန်ပိတ်လို့ရတဲ့ ဇစ်လေးနဲ့ဆိုတော့ ပိုအဆင်ပြေတာပေါ့

◾️ရေ၊ နွားနို့၊ အချိုနဲ့ အသီးအနည်းအများကလည်း ကိုယ်စိတ်ကြိုက်ညှိယူလို့ရတော့ ဆိမ့်ဆိမ့်လား ဆိမ့်ချိုလား.. ရှယ်လား၊ ရိုးရိုးလား သဘောရှိပဲပေါ့

🏠 အမှတ် 241၊ ငုဝါလမ်း အလုံမြို့နယ်၊ ရန်ကုန်မြို့ (ဝိုက်တောမှတ်တိုင်)
📞 09 450 888 440
◾️လက်ကားစျေး သီးသန့်ရှိပါသည်။

Photo Credit

Photos from Mo Mo Ice Cream's post 17/09/2020

ရာသီဥတုပူလာပြီဆိုတော့ ရေခဲမုန့် အမာအထုတ်တွေအတွက် အခုလက်ရှိ အရသာ 8 မျိုးရနေပါပြီနော်။
၁) နို့
၂) စတော်ဘယ်ရီ
၃) ချောကလက်
၄) ပိန်းဥ
၅) သရက်
၆) ဘလူးဘယ်ရီ
၇) ဒူရင်း
၈) သခွားမွှေး

◾️ 1kg ထုပ်စျေး - 5500 ကျပ် (ခွက် ၄၀ခန့်ရ)

ပြုလုပ်နည်း
-တစ်ထုတ်ကို ရေနွေး 2.5လီတာထည့်ပြီး ပျော်အောင် 10 မိနစ်ခန့်မွှေပေးပါ။ ရေခဲမုန့်အမှုန့်လုံးဝပျော်သွားပြီးမပူတော့လျှင် ရေခဲမုန့်စက်ထဲထည့်ရုံဖြင့် ရေခဲမုန့်ရရှိမှာဖြစ်ပါတယ်။
-ပိုမိုကောင်းမွန်သော အရသာစားချင်သူများအနေဖြင့် ရေနွေး 2လီတာနှင့် နွားနို့ 0.5လီတာအသုံးပြုနိုင်ပါတယ်။
🏠 အမှတ် 241၊ ငုဝါလမ်း အလုံမြို့နယ်၊ ရန်ကုန်မြို့ (ဝိုက်တောမှတ်တိုင်)
📞 09 450 888 440
◾️လက်ကားစျေး သီးသန့်ရှိပါသည်။

Photos from Mo Mo Ice Cream's post 08/09/2020

ချစ်စရာ အကောင်ရုပ်ပုံလေးတွေနှင့် ice cream cup ရေခဲမုန့်ထည့်တဲ့ခွက်ကလေးတွေရနေပါပြီနော်။ ခွက်အရွယ်အစားနှစ်မျိုးရှိပါတယ်။
1) 90ml ဝင်တဲ့ခွက်ရဲ့အတိုင်းအထွာမှာ
အောက်ခြေအကျယ် = 6.0cm
အမြင့် = 4.5cm
နှုတ်ခမ်း၀အကျယ် = 7.5cm
စျေးနှုန်း = 45ကျပ် (အဖုံးအကြည်ပါပါတယ်)
အနည်းဆုံး ၁၀၀၀ မှစယူပေးပါ။
2) 150ml ဝင်တဲ့ခွက်ရဲ့အတိုင်းအထွာမှာ
အောက်ခြေအကျယ် = 7.0cm
အမြင့် = 5.0cm
နှုတ်ခမ်း၀အကျယ် = 8.5cm
စျေးနှုန်း = 55ကျပ် (အဖုံးအကြည်ပါပါတယ်)
အနည်းဆုံး ၁၀၀၀ မှစယူပေးပါ။
ရေခဲမုန့်စားတဲ့ သစ်သားဇွန်းလေးတွေလည်းရပါတယ်။ တစ်ခုခြင်းဆီကို စက္ကူအိတ်လေးတွေနှင့်သပ်သပ်ရပ်ရပ်ထည့်ထားလို့ စားသုံးသူအတွက် စိတ်သန့်စေမှာပါ။ ဇွန်းပုံစံကို ပုံ ၃ မှာ ကြည့်ပါ။
အရှည် = 7.5cm
အနံ = 1.5cm
အထူ = 2mm
စျေးနှုန်း = 10ကျပ်
အနည်းဆုံး ၆၀၀ မှစယူပေးပါ။
ဆက်သွယ်ရန်
အမှတ် 241 ငုဝါလမ်း အလုံမြို့နယ် ရန်ကုန်မြို့။
ဖုန်းနံပါတ် 09 450 888 440

10/06/2020

မိတ်ဟောင်းမိတ်သစ်များခင်ဗျ။ MoMo ဆိုင်ကို နေရာသစ်သို့ပြောင်းရွှေ့ဖွင့်လှစ်ထားပါတယ်။ ရေခဲမုန့်စက်များနှင့် အခြားဆက်စပ်ပစ္စည်းများလာရောက် ကြည့်ရှုလိုပါက အောက်ပါလိပ်စာသို့လာရောက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အမှတ် 241 ငုဝါလမ်း အလုံမြို့နယ် ရန်ကုန်မြို့။
ဖုန်းနံပါတ် 09 450 888 440

ဘတ်စကားနှင့်လာရောက်ပါက အောက်ကြည့်မြင်တိုင်လမ်း ဝိုက်တောမှတ်တိုင်မှာဆင်း၍ 5 မိနစ်ခန့်လမ်းလျှောက်ရင်ရောက်ပါတယ်။

Photos from Mo Mo Ice Cream's post 03/03/2020

နွေရောက်ပြန်ပြီလေ။
☀️
ပူပြင်းတဲ့ နေအောက်ကနေ လူကြီးမင်းတို့စားသောက်ဆိုင်၊ HOTPOT ဆိုင်ကိုလာရောက်ကြမယ့် Customer များတောင်းဆိုလာမယ့် ဆိုင်တော်တော်များများမှာမရှိသေးတဲ့ ရေခဲမုန့်အပျော့စက်ကို ရှိပြီလား။
🎁
ယခု မတ်လ အတွင်းရေခဲ့မုန့်အပျော့စက်ဝယ်ယူပြီး
1) လက်ဆောင်အမှုန့်ထုတ် ၅ ထုတ် (၄၀၀၀၀ကျပ်ဖိုး)
2) ဆိုင်အထိပို့ဆောင်ပြီးတပ်ဆင်ပေးမယ့်အခွင့်ရေးရယူနိုင်ပါပြီ။ (ရန်ကုန်မြို့အတွင်းသာ)
❗️
စက်အမျိုးအစားအနေဖြင့်
1) ကောင်တာပေါ်တင်လို့ရမဲ့စက်အနိမ့်က ၁၄သိန်း
2) ကြမ်းခင်းပေါ်တွင်ချထားပြီးရွှေ့လို့ပြုလို့ရတဲ့စက်အမြင့်က ၁၅သိန်းခွဲပါ။
👇
ဆက်သွယ်ရန်
MoMo Ice Cream Shop
No.31/003၊ လှိုင်ဘူတာရုံလမ်း၊ လှိုင် ၅ရပ်ကွက်၊ ရန်ကုန်မြို့။
09-450 888 440

Photos from Mo Mo Ice Cream's post 14/01/2020

ချစ်စရာကောင်းတဲ့ ရေခဲမုန့်လုပ်နည်းလေး အိမ်မှာလုပ်စားလို့ရအောင် လို့ရေးပေးလိုက်ပါတယ်နော်။ လိုအပ်တဲ့ပစ္စည်းလေးတွေကတော့
၁) ရေခဲမုန့်အမာထုတ်
၂) နွားနို့
၃) ပုံစံခွက်
-
ရေခဲမုန့်လုပ်နည်း
၁) ရေခဲမုန့် အမာထုတ် ၅၀ဂရမ် ကို နွားနို့ ၁၅၀ ml နှင့်ရောပြီး သမနှံစပ်အောင်မွှေပေးပါ။ ချိန်စရာချိန်ခွင်မရှိလျှင် ရေခဲမုန့်အမာမှုန့်ကို ဆန်ချင်ခွက် တစ်ဝက်ယူပါ။ ပြီးလျှင် နွားနို့ကို ဆန်ချင်ခွက် ၁ခွက်ခွဲ ချိန်ပြီးရောပေးပါ။
-
၂) သမအောင်မွှေထားတဲ့ အရည်ကို ပုံစံခွက်ထဲ လေမခိုအောင်ထည့်ပါ။ ပြီးလျှင် မျက်နှာပြင်ကိုသေချာညိပေးပါ။
-
၃) ရေခဲသေတ္တာအခဲခန်းမှာ တစ်ညသိပ်ထားပြီး ထုတ်ယူစားသုံးနိုင်ပါပြီ။

ပစ္စည်းစျေးနှုန်းများ
၁) ရေခဲမုန့် အမာထုတ် (1kg) 5000 ကျပ်။ အခု ၂၀ လုပ်စားလို့ရတယ်နော်။
၂) ခွေးကလေး နှင့် ဝက်ကလေးပုံနှစ်မျိုးရှိပါတယ်။ တစ်ခု ၈၀၀၀ကျပ်။

MoMo Ice Cream
No. 31/003, Hlaing Budaryone St, Hlaing 5, Yangon.
09-450 888 440

09/01/2020

🏠တနိုင်တပိုင် ကိုယ်ပိုင်ရေခဲမုန့်စီးပွားရေး ဘယ်လိုလုပ်မလဲ။
-
ကိုယ်ပိုင်စီးပွားရေးလေး လုပ်မယ်ဆိုရင် အရင်ဆုံး ကိုယ်နှင့် ကိုယ့်ပတ်ဝန်းကျင် အခြေအနေဘယ်လိုရှိလဲ လေ့လာပြီးအောက်က နည်းလမ်း နှစ်နည်းမှ အဆင်ပြေမယ့်နည်းလမ်းလေးရွေးပြီး လုပ်လို့ရပါတယ်။
-
1) ရေခဲမုန့်အပျော့ 🍦
- လူစည်ကားရာနေရာလေးတစ်ခုပိုင်ဆိုင်ထားမယ်။ (ဥပမာ-စတိုးဆိုင်)
- ပါတ်ဝန်းကျင်မှာလည်း ရေခဲမုန့်အပျော့ဆိုင်မရှိဘူး။
- ရာသီဥတုကလည်း အမြဲအေးတဲ့နေရာမဟုတ်ဘူး။
ဆိုရင် ရေခဲမုန့်အပျော့စက်ကလေးတစ်လုံးရင်းထားရုံနှင့် တစ်နေ့အပိုဝင်ငွေ ၁၀၀၀၀ မှ ၁၅၀၀၀ (တစ်လ ၃သိန်းမှ ၄သိန်းခွဲ) ရမှာဖြစ်ပါတယ်။
-
2) ရေခဲမုန့်အမာ 🍨
- ရေခဲမုန့်ထုတ်လုပ်ဖို့အတွက် ၁၀ပေပတ်လည်နေရာရှိမယ်။
- ထုတ်လုပ်ပြီးရေခဲမုန့်များသိမ်းဆည်းဖို့ ရေခဲသေတ္တာရှိမယ်။
ဆိုရင် ရေခဲမုန့်များကို ခွက်လေးများနှင့်ထည့်ပြီး စတိုးဆိုင်များကို ဖြန့်လို့ရပါတယ်။ ဒါအပြင် ဂါလံပုံးများနှင့် ထည့်ပြီး စက်ဘီးနှင့် လှည့်ရောင်းသောသူများကို လက်ကားပြန်လည်ပေးခြင်း၊ အလှူမင်္ဂလာပွဲ အော်ဒါများလိုက်ခြင်းများ လုပ်လို့ရပါသေးတယ်။
-
ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးပါ။
သိချင်တာရှိရင်လည်း စာပို့ပြီး မေးမြန်းလို့ရပါတယ်။

MoMo Ice Cream Shop
No.31/003, Hlaing Budaryone St, Hlaing 5, Yangon.
09-450 888 440

Want your restaurant to be the top-listed Restaurant in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No. 248, ကံ့ကော်လမ်းသွယ် 2 လမ်း၊ ဘုရင့်နောင်ပွဲရုံ၊
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 14:00