DigiLink

DigiLink

Share

Digital News Agency

27/01/2021

ပ္လသိုဝ် (ပြာသို)သည် မြန်မာပြက္ခဒိန်၏ ဒသမမြောက်လ ဖြစ်ပြီး ဒီဇင်ဘာ၊ ဇန်နဝါရီ အတွင်း ကျရောက်သည်။ ပြာသိုလတွင် ၃၀ ရက်ရှိသည်။ ရက်မစုံသောလ ဖြစ်သည်။ 'ပ္လ' ကို 'ပျ' ဟုရေးသားကာ 'ပျားကောင်' ကို ရည်ညွှန်းသည်။ 'သိုဝ်' မှာ 'စုဆောင်း သိုလှောင်ခြင်း' ဖြစ်ပါသည်။ ယခုလတွင် ပျားရည်နှင့် ပျားဖယောင်းများကို စုဆောင်းကြသည်ဟု ခန့်မှန်းနိုင်သည်။ ရှေးမြန်မာတို့သည် ပျားရည်ဖြင့်ပြုလုပ်သည့် ယနံ့ (ရနံ့) ကို ကြိုက်နှစ်သက်သဖြင့် ဤကဲ့သို့ စုဆောင်းခြင်းဖြစ်ပါသည်။ အထိမ်းအမှတ် ပန်းအနေဖြင့် ခွာညိုပန်း (Clematis smilacifolia) ကို သတ်မှတ်သည်။

Photos from DigiLink's post 15/01/2021

Backdrops creation for our regular customer

25/11/2020

ခုလိုကာလ မျိုးမှာ ကုန်ကျစရိတ် အသက်သာဆုံးနဲ့ ထိရောက်မှု အရှိဆုံးဖြစ်တဲ့ Online Sales တွေ Live Stream တွေကို Professional ကျကျ လိုချင်ပါသလား?
သင်တန်းကျောင်းတွေ၊ ကုန်ပနီတွေ အတွက်ကော Budget နဲနဲနဲ့ Idea မိုက်မိုက် ကြော်ငြာလေးတွေ ရိုက်ကူး ထုတ်လုပ်ချင်ပါသလား?
လူကြီးမင်းတို့သတ်မှတ်ထားတဲ့ ဘတ်ဂျက်ဘောင် အတွင်းဝင်အောင် အသက်သာဆုံးသောစျေးနှုန်း ကောင်းမွန်သော Quality များနဲ့ ဝန်ဆောင်မှုပေးဖို့ DigiLink က အသင့် ရှိနေပါတယ်။

အသေးစိတ်သိချင်ရင်တော့ Messenger သို့မဟုတ် 099 6148 9656 ကိုဆက်သွယ်လိုက်တော့နော်

Photos from DigiLink's post 07/05/2020

အောင်မြင်တဲ့စားသောက်ဆိုင် တခုဖြစ်လာဖို့🤩🤩

အရေးအကြီးဆုံးအချက်တွေထဲက တခုကတော့

မိမိရဲ့ အရသာရှိတဲ့အစားအသောက်တွေကို

စားသုံးသူဆီကို ချပြပေးမဲ့

ဓါတ်ပုံကောင်းတပုံပဲပေါ့📸🎞📽

အဲလို လှပတဲ့ဓါတ်ပုံကောင်းတခုဖန်တီးချင်တယ်ဆို

DigiLink ကိုဆက်သွယ်လိုက်ပါနော်

သက်သာတဲ့စျေးနှုန်း💰💰

ကောင်းမွန်တဲ့ Quality🥰🥰

ဆန်းသစ်တဲ့ဖန်တီးမှုတွေနဲ့ ဝန်ဆောင်မှုပေးသွားမှာပါ

Project for IndoChine Group (Singapore)

Photos from DigiLink's post 23/10/2017

Digi Link မွ Design, Printing & Installation အားလံုးကို
လုပ်ငန်းရှင် စိတ်တိုင်းကျသည်အထိ
ဆောင်ရွက်ပေးနေပါသည်။

ဆေးသားနှင့် ပိတ်သားကိုလည်း ၆လ ကွာလတီ ထုတ်ကုန်များကိုသာ
အသုံးပြုထားသဖြင့် အလွယ်တကူ အရောင်ကျခြင်း၊ စုတ်ပြဲခြင်းများမဖြစ်စေရန် အာမခံပါသည်။

04/09/2017

ဘေဘုတ်ကြော်ငြာတွေ တကယ် ထိရောက်မှုရှိလား

ယနေ့ခေတ် စီးပွားရေးလုပ်ငန်းတွေမှာ မိမိတို့ရဲ့ကုန်ပစ္စည်းအမှတ်တံဆိပ်ကို လူတွေသိလာအောင် ကြော်ငြာရာမှာ နည်းလမ်းတွေ အမျိုးမျိုးရှိနေပြီဆိုပေမယ့် ဘေဘုတ်ကြော်ငြာတွေကလည်းအရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေဆဲဖြစ်ပါတယ်။ မြို့ကြီးပြကြီးတွေဟာ လူဦးရေလည်း သိပ်သည်းလှပြီး လူတွေဟာလည်း နေ့ရောညပါ လမ်းပေါ်မှာသွားလာလှုပ်ရှားနေတာကြောင့် မိမိတို့ရဲ့ကုန်ပစ္စည်းအမှတ်တံဆိပ်ကို လူတွေနဲ့အမြဲထိတွေ့နေစေဖို့ အကောင်းဆုံးနည်းလမ်းက ဘေဘုတ်ကြော်ငြာတွေပဲဖြစ်ပါတယ်။

ဒါကြောင့် လမ်းဆုံလမ်းခွတွေ၊ လူစည်ကားရာနေရာတွေမှာဆိုရင် ကြော်ငြာဘေဘုတ်တွေဟာ မမြင်ချင်မှအဆုံး အများအပြားကိုရှိနေကြပြီး ပြည်တွင်း၊ ပြည်ပ နာမည်ကြီးကုန်ပစ္စည်းအမှတ်တံဆိပ်တွေကို နိုင်ငံကျော်မော်ဒယ်တွေ၊ မင်းသားတွေနဲ့ အပြိုင်အဆိုင်ကို ကြော်ငြာနေကြပါတယ်။

လေ့လာချက်တွေအရ အမေရိကန်လူမျိုးတစ်ဦးဟာ တစ်နေ့ကို ကြော်ငြာ ၄၀ဝ၀ ကနေ ၁၀ဝ၀ဝ အတွင်းမြင်တွေ့နေရတယ်လို့ သိရပြီး အဲ့ဒီထဲမှာ ဘေဘုတ်ကြော်ငြာတွေ၊ လူမှုကွန်ရက်ကကြော်ငြာတွေ၊ ဖုန်းမက်ဆေ့ကြော်ငြာတွေနဲ့ တီဗွီကြော်ငြာတွေ စသည်ဖြင့် အားလုံးပါဝင်ပါတယ်။ အခုခေတ်မှာ မိမိတို့ရဲ့ကုန်ပစ္စည်းကို လူတွေစိတ်ဝင်စားအောင်၊ သုံးစွဲလာအောင်ကြော်ငြာတဲ့နည်းလမ်းတွေ များစွာရှိပြီး အဲ့ဒီအထဲကမှ ဘေဘုတ်တွေမှာကြော်ငြာခြင်းဟာ ငွေကုန်ကြေးကျများပြားတဲ့နည်းလမ်းထဲမှာ ပါဝင်ပါတယ်။

ဒီကြော်ငြာတွေဟာ ထိရောက်မှုရှိရဲ့လား၊ လူတွေရဲ့အာရုံထဲကိုရော ရောက်ရှိရဲ့လား၊ ဘယ်လောက်အကျိုးသက်ရောက်မှုရှိလဲဆိုတာတိုင်းတာရ ခက်ခဲလှပါတယ်။ ဘေဘုတ်တစ်ခုပေါ်မှာ ကြော်ငြာဖို့ကုန်ကျစရိတ်ဟာ အလွန်ကိုများပြားလှပြီး ပြန်လည်ရရှိတဲ့ အကျိုးကျေးဇူးကရော ဘယ်လောက်ရှိနိုင်မလဲဆိုတာ သိရှိနိုင်ဖို့ အရေးကြီးပါတယ်။

ဘာအတွက် ကြော်ငြာဘေဘုတ်တွေသုံးတာလဲ
များပြားလှတဲ့ ကုန်ကျစရိတ်ကြောင့် ကြော်ငြာဘေဘုတ်တွေကို စီးပွားရေးလုပ်ငန်းကြီးတွေသာ အများအပြားအသုံးပြုနိုင်ပါတယ်။သုတေသနပြုလုပ်ချက်တွေအရ ဘေဘုတ်တစ်ခုကို လူတစ်ယောက်ကြည့်လိုက်တဲ့အချိန်ဟာ ၄စက္ကန့်ခန့်သာရှိတာကြောင့် ဘေဘုတ်တွေနဲ့ကြော်ငြာခြင်းဟာ မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုလူတွေသုံးစွဲဖို့ တိုက်ရိုက်ဆွဲဆောင်တာမဟုတ်သလို ကုန်ပစ္စည်းနဲ့ပတ်သတ်တဲ့သတင်းအချက်အလက်တွေပေးဖို့လည်း မဟုတ်ပါဘူး။ မိမိတို့ရဲ့ Brand ရဲ့ပုံရိပ်ကို လူတွေ မျက်စိထဲစွဲနေစေဖို့၊ လူတွေအသိအမှတ်ပြုဖို့၊ Brand ရဲ့ power ကြီးမားလာစေဖို့ သိစိတ်က သတိမထားမိရင်အောင် နေရာပေါင်းစုံမှာ ဒီအရောင်၊ ဒီဇိုင်း၊ ဒီအမှတ်တံဆိပ်ကို မြင်ပါများလာရင် မသိစိတ်ကနေ သတိထားမိနေစေဖို့၊ လူတွေနဲ့ ကိုယ့်ရဲ့အမှတ်တံဆိပ် အမြဲတမ်းရင်းနှီးနေဖို့ ဘေဘုတ်တွေက မရှိမဖြစ်လိုအပ်လှပါတယ်။

ဘေဘုတ်ကြော်ငြာတွေရဲ့ထိရောက်မှုကို ဘယ်လိုတိုင်းတာမလဲ
ဘေဘုတ်ကြော်ငြာတွေရဲ့ထိရောက်မှုကိုတော့ ဖေ့စ်ဘွတ်ခ်ကဲ့သို့ လူမှုကွန်ရက်တွေမှာ ကြော်ငြာသလို လူဘယ်လောက်မြင်သွားလဲ၊ လူဘယ်နှစ်ယောက်စိတ်ဝင်စားလဲဆိုတာကို အတိအကျတိုင်းတာလို့တော့ မရနိုင်ပါဘူး။ အကြမ်းဖျင်းအားဖြင့် မိမိတို့အမှတ်တံဆိပ်ကို လူတွေဘယ်လောက်ရင်းနှီးသွားလဲ၊ မိမိတို့ရဲ့ရောင်းအားဘယ်လောက်တက်လာသလဲဖြင့် တိုင်းတာနိုင်ပြီး ဒါတွေဟာလည်း ချက်ချင်းသိရနိုင်တဲ့ အချက်အလက်တွေတော့ မဟုတ်ပါဘူး။ထို့အပြင် ဘေဘုတ်ကြော်ငြာဝန်ဆောင်မှုလုပ်ငန်းတွေကပေးထားတဲ့ အချက်အလက်တွေကိုကြည့်ပြီးတော့လည်း မိမိတို့ကြော်ငြာကိုလူဘယ်နှစ်ယောက်မြင်နိုင်မလဲ၊ ဘယ်အသက်အရွယ်အပိုင်းအခြားတွေမြင်နိုင်မလဲဆိုတာ အကြမ်းဖျင်းသိနိုင်ပါသေးတယ်။ မိမိတို့ကြော်ငြာဘေဘုတ်ရှိတဲ့နေရာဟာ တစ်ရက်မှာ (သို့မဟတ်) တစ်လမှာ ပျမ်းမျှ လူဘယ်နှစ်ယောက်ဖြတ်သန်းသွားသလဲ၊ ကားဘယ်နှစ်စီးဖြတ်သန်းသွားလဲ စသည်ဖြင့်အကြမ်းဖျင်းတိုင်းတာနိုင်ပြီး ဘေဘုတ်တိုင်းတာတဲ့ယူနစ်ကိုတော့ DEC (Daily Effective Circulation) လို့ခေါ်ဆိုပါတယ်။ အဆိုပါယူနစ်ဟာ နေ့စဉ်ဘေဘုတ်အနီးမှာဖြတ်သန်းသွားတဲ့ ကားနဲ့ လူဦးရေကို ကိုယ်စားပြုပါတယ်။ ကြော်ငြာဘေဘုတ်ကုမ္မဏီလုပ်ငန်းကြီးတွေမှာတော့ မိမိတို့ဘေဘုတ်အနီး ဖြတ်သန်းသွားတဲ့လူဦးရေ၊ ကားအစီးရေတွေကို အတိအကျ စစ်တမ်းကောက်ယူထားတာတွေရှိကြပါတယ်။

ကြော်ငြာဘေဘုတ်တွေဟာ ဖြတ်သန်းသွားတဲ့လူတွေရဲ့တခြားအရာတွေအပေါ်မှာ အာရုံမရောက်တဲ့အချိန်အတွင်း အာရုံထားစရာအရာတွေဖြစ်ပြီး လူတွေကို မိမိတို့အမှတ်တံဆိပ်နဲ့ ရင်းနှီးနေစေမယ့် အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုအဖြစ် ယနေ့တိုင် အရေးပါနေဆဲပဲဖြစ်ပါတယ်။

လင်းထက်မော် (Digital Parmaukkha)

Crd:

31/08/2017

Digital Marketing အားသာချက်များ

ဒီဘက်ခေတ် အနေအထားမှာတော့ Digital Marketing ရဲ့ အခန်းကဏ္ဍဟာ အတော်ကို အရေးပါလာပြီး လုပ်ငန်းတိုင်းဟာ ဒီနယ်ပယ်ကို အာရုံစိုက်လာကြပါပြီ။ Industry ထဲမှာလည်း Professional Digital Marketer တွေ တစ်စထက်တစ်စ ပေါ်ပေါက်လာပြီး လူငယ်တွေအနေနဲ့လည်း ဒီလမ်းကြောင်းကို လျှောက်ဖို့ စိတ်ပါဝင်စားလာကြပါပြီ။ ဒီနှုန်းအတိုင်းဆိုရင် Digital Marketing ဟာ လူငယ်တွေရဲ့ အသက်မွေးဝမ်းကြောင်းအနေနဲ့သာမကဘဲ လုပ်ငန်းတွေအတွက်ပါ ရေရှည်မှာ မြှုပ်နှံ့သင့်တဲ့ အကျိုးဖြစ်ထွန်းစေမယ့် နယ်ပယ်ဖြစ်လာဖို့ ရှိပါတယ်။ ဒါဖြင့် Digital Marketing ဟာ ဘယ်လို အားသာချက်တွေရှိလို့ Traditional Marketing ကို တုပယှဉ်ပြိုင် လာနိုင်တာလဲ? ဘယ်လို အားနည်းချက်တွေရှိလို့ Traditional Marketing ကို ပစ်ပယ်လို့မရသေးတာလဲ?
နည်းနည်းလောက် ကြည့်ကြရအောင်!

YOU MAY ALSO LIKE : “Social Media ပေါ်မှာ Personal Branding တစ်ခုတည်ဆောက်မယ်” ဆောင်းပါးကို ဖတ်ရှုရန်နှိပ်ပါ

ဘာတွေအားသာလဲ

(၁) ကုန်ကျစရိတ်သက်သာတယ်
သေချာတာပေါ့။ ဒါဟာ အခြေခံအကျဆုံးနဲ့ လုပ်ငန်းတွေအတွက် မျက်စိကျဖို့ဖြစ်လာတဲ့ အခြေခံအကြောင်းရင်းပဲ။ Digital Marketing ဟာ တခြားသော Marketing Channel တွေနဲ့ နှိုင်းစာမယ်ဆိုရင် သိပ်ကို ကုန်ကျစရိတ်သက်သာတယ်။ နောက်ပြီး ကုန်သလောက်လည်း ထိရောက်တယ်။

(၂) လူအများကြီးဆီ ပို့နိုင်တယ်
တစ်နေရာထဲမှာ ထိုင်ရာကမထဘဲ လူတွေသန်းနဲ့ချီဆီကို ကိုယ့်ရဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်ကို ပို့နိုင်မယ့်လမ်းကြောင်းဟာ Digital Marketing အပြင် တခြားလမ်းကြောင်းတွေ မယ်မယ်ရရမရှိသေးပါဘူး။ ဘယ်နေရာဒေသမှာ နေထိုင်မယ့် လူဦးရေ ဘယ်နှစ်ရောက်ဆီပို့မလဲ? သိပ်ခေါင်းစားမနေဘဲ ပို့လို့ရတယ်။

(၃) အချိန်ကုန်သက်သာတယ်
ပြောနေစရာကိုမလိုတဲ့ အခြေခံအကြောင်းရင်းတစ်ချက်ပါ။ Digital Marketing မှာလည်း လိုအပ်သလောက်တော့ အချိန်ပေးရပါတယ်။ ဥပမာ – Market Research လုပ်တာတွေ၊ Digital Trending ကို စောင့်ကြည့်လေ့လာတာတွေ.. စသဖြင့်ပေါ့။ ဒါပေမယ့် Marketing Channel အနေနဲ့ဆိုရင်တော့ အချိန်ကုန်သက်သာတဲ့ထဲမှာ ပါဝင်ပါတယ်။

(၄) တိုင်းတာရလွယ်ကူတယ်
ကိုယ့်ရဲ့ ကြော်ငြာ Campaign ဟာ ဘယ်လောက်ထိရောက်လဲဆိုတာ အလွယ်တကူ တိုင်းတာလို့ရတယ်။ လူအင်အားမလို၊ ကုန်ကျစရိတ်မလိုဘဲ အလွယ်တကူ တိုင်းတာလို့ရတယ်ဆိုတာကတော့ လုပ်ငန်းရှင်တွေ အကြိုက်တွေ့တဲ့ Digital Marketing ရဲ့ အားသာချက်ပါပဲ။

(၅) ထိရောက်တဲ့ Campaign တွေ ဖန်တီးလို့ရတယ်
Traditional Marketing မှာဆိုရင် ကိုယ့်ရဲ့ ကုန်ပစ္စည်းနဲ့ကိုက်ညီတဲ့ Customer တွေဆီ သွားဖို့ဆိုရင် ဘယ်လိုသွားကြမလဲ၊ ဘယ်လို Campaign တွေ လုပ်ကြမလဲဆိုတာ ခေါင်းစားရပါတယ်။ ငွေကုန်ကြေးကျခံပြီး Research တွေလည်း လုပ်ရပါတယ်။ Campaign ပေါ်မူတည်ပြီးတော့လည်း ထပ်ဆောင်း ကုန်ကျစရိတ်တွေ ရှိတတ်ပါတယ်။ ဒါပေမယ့် Digital Marketing မှာတော့ ကိုယ့်ကုန်ပစ္စည်းကို သိစေချင်တဲ့ အသက်အရွယ်၊ နေရာဒေသ၊ စိတ်ဝင်စားမှု စတာတွေကို အလွယ်တကူ သတ်မှတ်ပေးပြီး Digital Campaign အမျိုးမျိုးကို Run လို့ရပါတယ်။

(၆) Feedback တွေ အလွယ်တကူရနိုင်တယ်
ကိုယ့်ရဲ့ Customer Feedback တွေကို ရဖို့ဆိုရင် အပြင်မှာဆိုရင် မလွယ်ကူပါဘူး။ ဒါပေမယ့် Digital Marketing အနေနဲ့ဆိုရင်တော့ သူတို့ ကိုယ့်အပေါ်မြင်တဲ့ အမြင်တွေ၊ အကြိုက်တွေ၊ မကြိုက်တာတွေကို အလွယ်တကူ သိနိုင်ပါတယ်။ ဒါဟာ လုပ်ငန်းရှင်တွေအတွက်တော့ အရမ်းကို တန်ဖိုးထားသင့်တဲ့ အားသာချက်တစ်ခုပါ။

(၇) SME တွေအတွက် အဆင်ပြေတယ်
ကိုယ့်လုပ်ငန်းဟာ Marketing အတွက် ငွေကုန်ကြေးရအများကြီး သုံလို့မရဘူးဆိုရင် Digital Marketing ကို ပင်တိုင်ထားပြီး Market ကို ဖောက်လို့ရပါတယ်။ ဒါဟာ SME သမားတွေအတွက် တစ်ချိန်တုန်းက မရခဲ့တဲ့ အခွင့်အရေးတစ်ခုပါ။ ကိုယ့်မှာသာ Digital Marketing နဲ့ ပတ်သက်ပြီး Skillful ဖြစ်မယ်ဆိုရင် လုပ်ငန်းကြီးတွေထက် မသာရင်တောင် မလျော့တဲ့ Activites တွေကို လုပ်ဆောင်လို့ရပါတယ်။

(၈) Content အားသာချက်တွေ
Content Marketing ဟာ Digital Marketing နယ်ပယ်မှာ ပိုပြီးတော့ အစွမ်းထက်တဲ့ Tool တစ်ခု ဖြစ်လာပါပြီ။ လူတွေရဲ့ စိတ်ပါဝင်စားမှုကို Content အမျိုးအစား အမျိုးမျိုးနဲ့ ဖမ်းစားနိုင်လာပါပြီ။

Credit : digitalparmaukka

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


Yangon