My Doctor
Bridging Myanmar to Healthier Society myDoctor is Myanmar’s pioneer digital healthcare service established since 2016.
Our Vision is “Bridging Myanmar to Healthier Society”
In early days, myDoctor started with supporting people with the right medical information on their fingertips and empowering people with proper medical knowledge and healthcare contents. As a leader in healthcare content, we also help healthcare brands connect to their customers. We started to gain momentum in digitalization with Booking Apps
30/05/2026
နယုန်လပြည့်နေ့မှာ ကျေးဇူးတော်ရှင် မြတ်စွာဘုရားသခင်ဟာ များပြားလှစွာသော နတ်ဗြဟ္မာ ပရိသတ်တို့ကို မဟာသမယ သုတ် တရားတော် ကိုဟောကြားတော်မူခဲ့တဲ့နေ့ဖြစ်ပါတယ်။
ယနေ့ကျရောက်တဲ့ နယုန်လပြည့် (မဟာသမယ)နေ့မှာ ကိုယ်စိတ်နှစ်ဖြာအေးချမ်းသာယာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။
28/05/2026
🕌 Happy Eid Mubarak 🕌
ယနေ့ကျရောက်သော အစ္စလာမ်ဘာသာဝင်များ၏ နေ့ထူးနေ့မြတ်တစ်ရက်ဖြစ်တဲ့ အိဒုလ်အဿွဟာ (ကုရ်ဘာနီအီးဒ်)အခါသမယမှစ၍ စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။✨🌙
23/05/2026
အိုင်အိုဒင်းကြွယ်ဝတဲ့အစားအစာများ
အိုင်အိုဒင်းက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်များနဲ့ သိုင်းရွိုက်ဟော်မုန်းများ မှန်ကန်စွာ ထုတ်လုပ်နိုင်ရန်အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်တစ်မျိုး ဖြစ်ပါတယ်။
အိုင်အိုဒင်း လုံလောက်စွာရရှိဖို့အတွက်
တူနာငါး၊ ဆာဒင်းငါး၊ ကော့ဒ် (Cod) ငါးနှင့် ပုစွန် စတဲ့ ပင်လယ်စာများနဲ့
ဓါတ်တိုးဆန့်ကျင်အာနိသင်၊ ဗီတာမင် နဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်နေပြီး ကယ်လ်လိုရီပါဝင်မှုနည်းတာကြောင့် ကျန်းမာရေးနဲ့ညီညွတ်သလို အိုင်အိုဒင်းလည်း ကြွယ်ဝစွာပါဝင်နေတဲ့ ပင်လယ်ရေညှိ
နေ့စဉ်ချက်ပြုတ်ရာတွင် အသုံးပြုသော ဆားများထဲသို့ အိုင်အိုဒင်းဓာတ် ထပ်မံဖြည့်စွက်ထားသောဆား
နွားနို့၊ ဒိန်ချဉ်နှင့် ဒိန်ခဲ တို့အပြင် ကြက်ဥအနှစ်တွင် အိုင်အိုဒင်းတင်မကဘဲ ခန္ဓာကိုယ်အတွက် အကျိုးပြုသော အာဟာရဓာတ်များစွာ ပါဝင်တာကြောင့် ပုံမှန်စားသုံးပေးဖို့ လိုအပ်ပါတယ်။
ဒီလိုမျိုး ကျန်းမာရေးဗဟုသုတတွေ နေ့စဉ်ဖတ်ရှုနိုင်ဖို့ My Doctor Page ကို Like & Follow လုပ်ပေးထားဖို့ မမေ့လိုက်နဲ့ဦးနော်။ 🥰🌠
22/05/2026
ဆီးချိုကြောင့် ဖြစ်တဲ့ ခြေထောက်အနာ
ဆီးချိုရှိသူတွေဟာ အမျိုးမျိုးသော ခြေထောက်အနာနဲ့ ပတ်သက်တဲ့ ပြသနာပေါင်းစုံ ဖြစ်လာနိုင်ပါတယ်။ ရိုးရိုးထိခိုက်ဒဏ်ရာ သေးသေးကနေ ပိုဆိုးလာကာ ဆိုးရွားတဲ့ နောက်ဆက်တွဲ ပြသနာတွေဆီကို ဦးတည်နိုင်ပါတယ်။ ခြေထောက်အနာတွေဟာ ဆီးချိုကြောင့်ဖြစ်တဲ့ neuropathy လို့ခေါ်တဲ့ အာရုံကြောထိခိုက်မှုခံစားရတဲ့အခါ အများဆုံး ဖြစ်တတ်ပါတယ်။
ဆီးချိုကြောင့် ဖြစ်တဲ့ ခြေထောက်အနာတွေဟာ အားနည်း ထုံကျင်ပြီး ပူတဲ့ စူးတဲ့ နာကျင်မှုကို ခံစားရပါတယ်။ ဒါကြောင့် ခြေထောက်မှာ ခံစားမှုပျောက်ဆုံး နေတတ်ပြီး ဒဏ်ရာရလွယ်ကာ ရလျှင်လည်း မသိဖြစ်နေတတ်ပါတယ်။ သွေးလှည့်ပတ်မှု မကောင်းခြင်းနဲ့ ခြေထောက်၊ခြေချောင်းတွေရဲ့ ပုံစံပြောင်းလဲလာခြင်းကလည်း ပြသနာတွေများစွာ ဖြစ်လာနိုင်ပါတယ်။
အသားပုပ်ခြင်း (သို့) အသားမျှင်များသေခြင်း ဟာဆိုရင် ပြန်ကောင်းလာအောင် လုပ်ပေးလို့ မရတော့ပါဘူး။ သို့သော် ခြောက်သွေ့တဲ့ အနာအမျိုးအစားကြောင့် ပုပ်သွားတဲ့ အသားတွေကို ပိုးဝင်ပြီး ဆက် မပြန့်ဖို့ရာ ကာကွယ်ကုသရမှာ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ ပိုးဆက်ဝင်လာပါက အနာဟာ စိုတဲ့ အမျိုးအစားကို ပြောင်းပြီး ပုပ်တာ ပိုဆိုးလာမှာဖြစ်ပါတယ်။
ပုပ်သွားတဲ့အပိုင်းတွေကို ခွဲစိတ်ဖယ်ရှားပစ်လိုက်ခြင်းဟာ အမှန်တကယ်ကို လိုအပ်ပါတယ်။ ဒါ့အပြင် ဒီပုပ်နေတဲ့အပိုင်းတွေကနေ အန္တရာယ်ရှိတဲ့ပိုးဝင်ခြင်း တွေ ဆက်မဖြစ်အောင် ပိုးသတ်ဆေးတွေသုံးပြီး ကာကွယ်ရမှာ ဖြစ်ပါတယ်။ အရမ်းဆိုးဝါးတဲ့ ခြေထောက်ပုပ်ခြင်းတွေမှာဆိုရင် ဖြစ်နေတဲ့အပိုင်းကို ဖြတ်တောက်လိုက်ခြင်းထိတောင် လိုအပ်လာနိုင်ပါတယ်။
အခြားခြေထောက် ပြသနာတွေကို သင့်လျော်မှန်ကန်တဲ့ ဖိနပ်စီးပေးခြင်းဖြင့် သက်သာစေသလို တစ်ခါတစ်ရံမှာ အရိုးထောက်ကူပစ္စည်းတွေ သုံးပြီးလည်း ခြေထောက်ကို သက်သာအောင် လုပ်လို့ရပါတယ်။ အချို့ပြသနာတွေဖြစ်တဲ့ ခြေမအမြဲအောက်ကို ကျိုးကျနေတဲ့အခြေအနေတွေ၊ ခြေထောက်ရောင်တာတွေ၊ ခြေသည်းမရှည်တော့တာတွေ ဖြစ်လာပြီဆိုရင်တော့ ခွဲစိတ်ကုသခြင်းလိုအပ်လာ နိုင်ပါတယ်။
ဒီလိုမျိုး ကျန်းမာရေးဗဟုသုတတွေ နေ့စဉ်ဖတ်ရှုနိုင်ဖို့ My Doctor Page ကို Like & Follow လုပ်ပေးထားဖို့ မမေ့လိုက်နဲ့ဦးနော်။ 🥰🌠
21/05/2026
အမျိုးသမီးဖြစ်လို့ စိတ်ညစ်နေတုန်းလား?
မိန်းကလေး ဖြစ်ရလို့ စိတ်ညစ်လိုက်တာ ယောက်ျားလေး ဖြစ်ချင်တာဆိုပြီး မိန်းကလေးဆိုတဲ့ ဖြစ်တည်မှုကို သဘောမကျ ဖြစ်နေတာများ ရှိလား !ဒါဆိုရင်တော့ မိန်းကလေး ဖြစ်ရတာကို စိတ်ညစ်မနေပါနဲ့လို့ ပြောချင်ပါတယ်။
အမျိုးသမီးဖြစ်ရခြင်းကြောင့် ကျန်းမာရေးအကျိုးကျေးဇူးများစွာရှိပါတယ်...အဲ့ဒါတွေကတော့
အမျိုးသမီးတွေမှာ ရှိတဲ့ မဟော်မုန်းတွေက အမျိုးသမီးတွေကို အမျိုးသားတွေထက် ကျန်းမာစေဖို့ ထောက်ကူအားဖြည့်ပေးပါတယ်။
အမျိုးသမီးတွေက မိတ်ဆွေသူငယ်ချင်းတွေ မိသားစုဝင်တွေနဲ့ နွေးထွေးတဲ့ ဆက်ဆံရေးကို တည်ဆောက်ထားတတ်ကြပြီး ပျော်ရွှင်တဲ့ နေထိုင်မှု ပုံစံတွေကြောင့် ပိုကျန်းမာကြပြီး ပို အသက်ရှည် ကြပါတယ်။
အမျိုးသမီးတွေရဲ့ အီစထရိုဂျင် ဟော်မုန်းက နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ထားပေးနိုင်ပါတယ်။
ရာသီလာရင် နာကျင်ကိုက်ခဲတာတွေကို ခံရတာ၊ ကိုယ်ဝန်ဆောင်ချိန်မှာ နာကျင်မှုတွေကို ခံစားရတာတွေကြောင့်ရော ခန္ဓာကိုယ်ရဲ့ ဖွဲ့စည်းမှုကြောင့်ပါ မိန်းကလေးတွေက နာကျင်မှုကို ခံနိုင်စွမ်း ပိုရှိကြပါတယ်။
အမျိုးသမီးတွေက အမျိုးသားတွေထက် အာရုံခံစားနိုင်တဲ့ ဆဲလ်အရေအတွက် ပိုများတာကြောင့်လည်း အနံ့ခံ အာရုံ ပိုကောင်းပါတယ်။
အကျိုးပြု ကိုလက်စထရောက နှလုံးကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် အကျိုးပြု ကိုလက်စထရော ပိုများနေတာကြောင့်လည်း နှလုံးနဲ့ သွေးကြောတွေ ကျန်းမာကြတာပါ။ အမျိုးသမီးဖြစ်ရတာက အခုလို ကျန်းမာရေးကောင်းကျိုးတွေ ပိုများတာကြောင့် စိတ်ညစ်မနေနဲ့တော့နော်....
ဒီလိုမျိုး ကျန်းမာရေးဗဟုသုတတွေ နေ့စဉ်ဖတ်ရှုနိုင်ဖို့ My Doctor Page ကို Like & Follow လုပ်ပေးထားဖို့ မမေ့လိုက်နဲ့ဦးနော်။ 🥰🌠
20/05/2026
သရက်သီးမှည့် စားတဲ့အခါ ကျန်းမာရေးကို မထိခိုက်ဖို့
သရက်သီးမှည့်က ဗီတာမင်စီ၊ အေနှင့် အမျှင်ဓာတ်များ ကြွယ်ဝသော်လည်း ဆီးချိုတက်ခြင်း၊ အစာမကြေခြင်းနှင့် ဝမ်းပျက်ခြင်းတို့ မဖြစ်စေရန် အထူးသတိပြု စားသုံးသင့်ပါတယ်။
သရက်သီးတွင် သဘာဝသကြားဓာတ်နှင့် ကစီဓာတ် မြင့်မားစွာပါဝင်တာကြောင့် ဆီးချိုရောဂါရှိသူများအနေဖြင့် တစ်ကြိမ်လျှင် လက်သီးဆုပ်စာခန့် (သို့) တစ်စိတ်၊ နှစ်စိတ်ခန့်သာ အကန့်အသတ်ဖြင့် စားသုံးသင့်ပါတယ်။ ထမင်းစားပြီးပြီးချင်း အချိုပွဲအဖြစ်စားမည့်အစား ထမင်းစားချိန်နှင့် ၂ နာရီခန့် ခြားပြီးမှ သီးသန့်စားပေးသင့်ပါတယ်။
သရက်သီးများကို အမှည့်မြန်စေရန် ကယ်လ်စီယမ်ကာဗိုက် (Calcium Carbide) ကဲ့သို့ ဓာတုပစ္စည်းများ သုံးစွဲထားတတ်ကြပါတယ်။ ဓာတုဆေးများဖြင့် မှည့်ထားသော သရက်သီးများ စားမိပါက ခေါင်းကိုက်ခြင်း၊ အော့အန်ခြင်းနှင့် အစာအိမ်ထိခိုက်ခြင်းများ ဖြစ်တတ်သောကြောင့် သဘာဝအတိုင်း မှည့်သောသရက်သီးများကိုသာ ဦးစားပေး ရွေးချယ်စားသင့်ပါတယ်။
ဒီလိုမျိုး ကျန်းမာရေးဗဟုသုတတွေ နေ့စဉ်ဖတ်ရှုနိုင်ဖို့ My Doctor Page ကို Like & Follow လုပ်ပေးထားဖို့ မမေ့လိုက်နဲ့ဦးနော်။ 🥰🌠
19/05/2026
အမျိုးသားတွေမှာ သုက်မလွှတ်တာ ကြာတဲ့အခါ
အမျိုးသားတွေမှာ သုက်လွှတ်တယ်ဆိုတာ ခန္ဓာကိုယ်ရဲ့ သဘာဝဖြစ်စဉ် တစ်ခုပါ။ လိင်ဆက်ဆံလို့ပဲဖြစ်ဖြစ်၊ တစ်ကိုယ်ရည်အာသာဖြေလို့ပဲဖြစ်ဖြစ် အိပ်နေချိန် မသိလိုက်ဘဲ သုက်လွှတ်တာကလည်း သုက်လွှတ်ခြင်းတစ်မျိုးပါပဲ။
သုက်လွှတ်ခြင်းက သာမန်ကိစ္စတစ်ခုပဲ ဖြစ်တာကြောင့် သုက်လွှတ်ခြင်း၊ မလွှတ်ခြင်းက ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်ပါ။ တချို့ကလည်း ကျန်းမာရေး အကျိုးကျေးဇူးတစ်ခုခု ရှိမယ်လို့ ထင်တာကြောင့် ဒါမှမဟုတ် ယုံကြည်ကိုးကွယ်မှုတွေကြောင့် သုက်လွှတ်ခြင်းကို ရှောင်ကြပါတယ်။
ဒါ့ပြင် No Nut November လို လမျိုးတွေဆို တစ်လလုံးလုံး လိင်လည်း မဆက်ဆံ၊ အာသာဖြေတာလည်း မလုပ်ဘဲ သုက်လွှတ်တာကို လုံးဝအနားပေးလိုက်တာလည်းရှိပါတယ်။
ဥပမာ ပြောရရင် သုက်မလွှတ်တာ ကြာတဲ့အခါ
အမျိုးသားစွမ်းဆောင်ရည် ပိုကောင်းလာမယ်
ကြွက်သားတွေ တက်လာမယ်
ယောကျာ်းပိုပီသလာမယ်
သုက်ကောင်ရဲ့ အရည်အသွေးပိုကောင်းလာမယ်
လိင်စိတ်ပြီးမြောက်မှု ပိုကောင်းလာမယ်လို့ ယုံကြည်ကြပါတယ်။
စိတ်ပိုင်းဆိုင်ရာမှာဆိုရင်လည်း
စိတ်ဖိစီးမှုနဲ့ စိုးရိမ်စိတ်တွေ သက်သာလို့
စိတ်အားတက်ကြွလိူ့
ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိလာလို့
စုံတွဲကြား ဆက်ဆံရေးတွေ ပိုကောင်းလာလို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အချိန်အတော်ကြာ သုက်မလွှတ်ဘဲ နေကြတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ကိုယ့်စိတ်နဲ့ကိုယ် သုက်လွှတ်တာ၊ မလွှတ်တာက ပြဿနာမဟုတ်ပေမဲ့ သုက်လွှတ်ချင်ရက်နဲ့ လွှတ်လို့ မရရင်တော့ သတိထားသင့်ပါတယ်။ ဥပမာ တချို့အမျိုးသားတွေက သုက်လွှတ်ရင် နာတာကြောင့် သုက်မလွှတ်ဘဲ ထိန်းထားတာတွေ ရှိပါတယ်။ ဒီလိုပြဿနာဆိုရင်တော့ ထိန်းထားရုံနဲ့ ပြီးသွားမှာ မဟုတ်ဘဲဘာကြောင့်နာရတာလဲဆိုတာကို ရှာဖွေကုသမှ ရမှာ ဖြစ်ပါတယ်။
တချို့တွေကျတော့လည်း သုက်လွှတ်ချင်တာကို မလွှတ်အောင် လိင်တံကို အတင်းညှစ်ပြီး ပိတ်ထားတတ်တဲ့အကျင့်ရှိပါတယ်။ ဒါကလည်း မလုပ်သင့်ပါဘူး။ လိင်တံကို ထိခိုက်တာ၊ လိင်တံရဲ့
သွေးကြောကို ထိခိုက်တာတွေ ဖြစ်နိုင်ပါတယ်။
ဒီလိုမျိုး ကျန်းမာရေးဗဟုသုတတွေ နေ့စဉ်ဖတ်ရှုနိုင်ဖို့ My Doctor Page ကို Like & Follow လုပ်ပေးထားဖို့ မမေ့လိုက်နဲ့ဦးနော်။ 🥰🌠
14/05/2026
တနေ့လုံး ကွန်ပြူတာကြည့်နေရလို မျက်စိမထိခိုက်စေဖို့
အဲကွန်းခန်းလေးထဲမှာ အလုပ်လုပ်နေတဲ့ သူတွေတိုင်း ဇိမ်ကျပြီး အရမ်း သက်သာမှာပဲလို့ ထင်တတ်ကြပေမဲ့ အဲ့လို အလုပ်လုပ်နေရတဲ့ သူတွေမှာလည်း ကြုံရတတ်တဲ့ အခက်အခဲတွေ ရှိပါတယ်။ တစ်နေ့လုံး ထိုင်ပြီး အလုပ်လုပ်နေရတာကြောင့် အဝလွန်လာခြင်း၊ အဆီကယ်လိုရီတွေ လောင်ကျွမ်းနှုန်းနှေးသွားခြင်း၊ အိုမင်းရင့်ရော်လာခြင်း၊ အသားခြောက်ခြင်း၊ သွေးတိုး၊ဆီးချိုဖြစ်တာတွေတင်မကဘဲ မျက်လုံးအောင့်ခြင်း၊ မျက်ရိုးကိုက်ခြင်း၊ တစ်နေ့လုံး ကွန်ပြူတာကြည့်ထားတဲ့အရှိန်ကြောင့် မျက်စိကြောင်ပြီး အိပ်မပျော်ခြင်း နဲ့ ဇက်ကြောတက်ခြင်း စတဲ့ ကျန်းမာရေးပြဿနာတွေကို ကြုံတွေ့ရတတ်ပါတယ်။
ဒါကြောင့် တနေ့လုံး ကွန်ပြူတာကြည့်နေရလို့ မျက်စိမထိခိုက်စေဖို့ နည်းလမ်းလေးတွေကို ဖော်ပြလိုက်ရပါတယ်။
ကွန်ပြူတာပဲ ကြည့်ကြည့်၊ ဖုန်းပဲ သုံးသုံး အနည်းဆုံး တစ်ပေမှ နှစ်ပေအကွာကနေ ခွာပြီး အသုံးပြုပေးခြင်း
ကွန်ပြူတာက လာတဲ့ အလင်းရောင်တွေဟာ မျက်လုံးအတွင်းသားထဲက ရေဓာတ်၊ အဆီဓာတ်တွေကို ခန်းခြောက်သွားစေလို့ တစ်နေ့ကို တစ်ကြိမ်တော့ မျက်စဉ်းခတ်ပေးခြင်း
ကွန်ပြူတာကနေ ပြန်လာတဲ့အလင်းဟာ မျက်လုံးစူးလောက်တဲ့အထိ ပြင်းထန်တာမျိုး မလုပ်သင့်ပါဘူး။ ကိုယ့်မျက်စိက ကောင်းကောင်းလည်း မြင်နိုင်ရမယ်၊ အလင်းကြီး အရမ်းစူးတာမျိုးလည်း မဖြစ်စေဖို့ သင့်တော်သလောက် ဆက်တင်ချိန်ထားခြင်း
နာရီဝက်လောက် အလုပ်လုပ်၊ ၁၀ မိနစ်လောက် ကိုယ့်မျက်စိကို မှိတ်ထားတာ၊ တစ်နေရာရာ ထသွားတာ၊ လမ်းလျှောက်တာ၊ သဘာဝ အလင်း၊ ပတ်ဝန်းကျင်ကို ကြည့်တာမျိုး လုပ်ပေးခြင်း
အလုပ်များလို့ဆိုပြီး ရေမသောက်ဘဲ မေ့နေတာမျိုး မဖြစ်ရလေအောင် ကိုယ့်ကိုယ်ကိုယ် အမြဲသတိပေးပါ။ တခြား အစာအာဟာရ အနေနဲ့ အသီးအနှံ၊ ငါး၊ အစေ့အဆန်တွေကိုလည်း စားပေးခြင်း စတာတွေကို ပြုလုပ်ခြင်းဖြင့် ကွန်ပျူတာအကြည့်များခြင်းကြောင့် ကြုံလာနိုင်တဲ့ မျက်လုံး ပြဿနာတွေကို အနည်းငယ်တော့ လျော့သွားစေနိုင်ပါတယ်။
ဒီလိုမျိုး ကျန်းမာရေးဗဟုသုတတွေ နေ့စဉ်ဖတ်ရှုနိုင်ဖို့ My Doctor Page ကို Like & Follow လုပ်ပေးထားဖို့ မမေ့လိုက်နဲ့ဦးနော်။ 🥰🌠
01/05/2026
အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ကို နှစ်စဥ် မေလ (၁) ရက်နေ့တွင် အလုပ်သမားတွေရဲ့ စည်းလုံးမှု၊ သစ္စာရှိမှုတွေကို ဂုဏ်ပြုသောအားဖြင့် ကမ္ဘာတစ်ဝှမ်းမှာ ကျင်းပပြုလုပ်လေ့ရှိပါတယ်။ ယနေ့ ကျရောက်တဲ့ International Labour Day ကို ဂုဏ်ပြုကြိုဆိုလိုက်ပါသည်။
30/04/2026
“ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန် မှတ်ရန် ဗုဒ္ဓနေ့” ဆိုတဲ့အတိုင်း ကဆုန်လပြည့်နေ့ထူးနေ့မြတ်မှာ ကျက်သရေမင်္ဂလာအပေါင်းနှင့် ခညောင်းကြပါစေ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
K/18, Nwe Thar Gi Street , Bayint Naung Warehouses, Mayangone
Yangon
11061
Opening Hours
| Monday | 08:00 - 23:45 |
| Tuesday | 08:00 - 23:45 |
| Wednesday | 08:00 - 23:45 |
| Thursday | 08:00 - 23:45 |
| Friday | 08:00 - 23:45 |
| Saturday | 08:00 - 23:45 |
| Sunday | 08:00 - 23:00 |