Venture Institute

Venture Institute

Share

We provide 6 languages online classes, Digital Marketing Classes, Computer Classes, Excel Classes,Ad

20/03/2020

Covid-19 ကြောင့် Eps Examကို ခေတ္တရပ်ဆိုင်းလိုက်ပြီး POEAကလည်း ပိတ်သွားလို့ ​ဖောင်ထုတ်၊တင် ခြင်းကိုလဲ ခေတ္တ ရပ်ဆိုင်းထားပါတယ်

​ဖောင်ထုတ်၊တင် ကိစ္စရပ်များကို POEAမှ ကြေငြာလာတာနှင့်အမျှ Venture Instituteမှ ကျောင်းသားများအား ပြန်လည်လုပ်ဆောင်ပေးပါမည်။

အဲ့တော့ ကျောင်းသူ/သားများ ကျန်းမာ​ရေး အထူး ဂရိုက်စိုက်ကြပါရှင့်။

ယာယီရပ်ဆိုင်းထားတယ်ဆိုပေမယ့်လည်း စာကိုတော့ သေချာ လုပ်ကြပါနော်။

ဖောင်ထုတ်/ဖောင်တင် ကိစ္စရပ်အတွက် နာမည်စာရင် မပေးရသေးသူများ Page Message boxမှာ ထပ်မံ လာပေးကြပါအုံးနော်

19/03/2020

Venture Instituteမှ ကျောင်းသားများ~ Attention pls !!!

EPS ၁၄ကြိမ်မြောက် စာမေးပွဲ ဖြေဆိုရန်အတွက်

ဖောင်ထုတ်/ဖောင်တင်များကို Venture မှ ပြုလုပ်ပေးပါမည်။


Ventureမှ စာမေးပွဲဖြေမည့် ကျောင်းသားများ

~နာမည်နှင့် မိမိဖြေဆိုမည့် လုပ်ငန်းအမျိုးအစား(ကုန်ထုတ်/ဆောက်/စိုက်)အား

Page Messenger OR Teacher's Acc Messenger များတွင် 24.3.2020(Monday)နေ့တွင် နောက်ဆုံး ပေးပို့ပေးပါ

မသိသေးသော သူငယ်ချင်များအားလဲ အကြောင်းကြာလိုက်ပါ‌အုံးနော်😉

မှတ်ချက်။ ။ပတ်စ်ပို့စာအုပ် (PV ဖြစ်စေ / PJ ဖြစ်စေ )သက်တမ်း အနည်းဆုံး (၆လ)ကျန်ရှိမှသာ
ဖောင်ထုတ် ၊ ဖောင်တင်လုပ်လို့ရပါမယ်

ဖောင်တင်ဖို့အတွက် လိုအပ်အရာတွေကို 20.3.2020 နေ့တွင်မှ သတင်းစာများမှ
ကြေငြာပေးသွားမှာဖြစ်တဲ့အတွက် အဲ့နေ့ကျမှ ထပ်မံ ကြေငြာပေးပါမယ်

08/09/2019

စိုက်/မွေး ‌ဖြေမည့်ကျောင်းသားများ အောက်ပါအချက်များကို လက်ခံနိုင်မှ ‌ဖြေကြရန်
❗️ဖြေဆိုရန် စာအဆင်သင့် ဖြစ်မှသာ
❗️စိုက်မွေးအလုပ် တကယ်လုပ်နိုင်မှ လုပ်ချင်မှသာ
❗️စိုက်မွေး အားနည်းချက်တွေ လက်သင့်ခံနိုင်မှသာ
❗️ရာသီဥတု ဒဏ်ခံနိုင်မှသာ
❗️အိုတီမရရှိခြင်း
❗️အခြေခံလစာသာလျှင် ရနိုင်ခြင်း
❗️ အလုပ်ချိန် / နားချိန် ကန့်သတ်ချက် မရှိခြင်း
❗️အလုပ်သမား ဥပဒေ ခိုင်မာမှု မရြှိခင်း
စသဖြင့် အဘက်ဘက်က အားနည်းချက်များစွာကို ခံနိုင်ရည် ရှိမှသာ
ဝင်ဖြေကြပါရန်

06/06/2019

***Venture Instituteတွင် တက်ရောက်နေသော Eps Topik ကျောင်းသားများ ဖတ်ရန် ***

ကြားရက်အတန်း( Mon to Thurs ) အတန်း (10:00ုံto1:00),(1:00to3:00),(3:00to6:00) အတန်း 3တန်းလုံး Part-1,Part-2 သင်ရိုးများအားလုံး မနေ့ကဘဲ ပြီးဆုံးသွားပါပြီ။။

စာမေးပွဲ ‌ဖြေခါနီး 3လအလိုတွင် ကျောင်းသားများအားလုံး အတန်းပြန်လည်ကာ တက်ရောက်ရပါမယ်။ Part-1မြှပန်လည်စတင်ကာ သင်ကြားပေးမှာ ဖြစ်ပြီး မေးခွန်း2000နှင့်တကွ အင်တာနက်မှ မေးခွန်းဟောင်းများအားလဲ downlord ရယူ၍ စာမေးပွဲအတွက် လိုအပ်သမျှ အရာအားလုံးအား သေချာစွာ ပြန်လည်သင်ကြားပေးသွားမည် ဖြစ်ပါသည်။

သင်တန်းစဖွင့်ကတည်းက အခုလက်ရှိအချိန်ထိ EPS Topik စာများအား အွန်လိုင်းမှတဆင့် တိကျပြတ်သားပြီး သေသေချာချာ ဂရုတစိုက်ဖြင့်သင်ကြားထားသော Video များအား တင်ပေးခဲ့ပါသည်။ ခုလက်ရှိထိလဲ တင်ပေးနေပါသည်။အွန်လိုင်း အတန်း Part 2 ပြီး‌မြောက်သွားပါက မေးခွန်းဟောင်းများအားလဲ ဆက်လက်ပြီး Online Class များဖြင့် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ ကျောင်းသားများ Video များအား ကြည့်ရြှုပီး စာလေ့လာပေးမယ်လို့ မျှော်လင့်ပါတယ်ရှင့်။

Course မပြတ်သေး‌သော Sunday only class Eps ကျောင်းသားများလဲ ကျောင်းကို မှန်မှန်လာပေးဖို့ ‌ပြောပါရစေ။

*မှတ်ချက်။ ။ ကြားရက်အတန်းတွင် ကျောင်းပျက်သွားသော ကျောင်းသားများ Sunday Only အတန်းတွင် ထပ်မံ လာရောက်သင်ကြားနိုင်ပါတယ်။

23/05/2019

June လတွင် ဖွင့်လှစ်မည့် ကိုရီးယားဘာသာစကား အတန်းများ
1) ကိုရီးယား အ‌ခြေခံ သင်တန်း (Korean Basic Class)
2)Eps အောင်မြင်ထားသူများနှင့် Level 1 ပြီးထားသူများအတွက် စကား‌ပြောသင်တန်း
3) Korean Language ( Level 1 to 3 )သံရုံးစာမေးပွဲ

ကိုရီးယားစာအား ဝါသနာအရ သင်ကြားချင်သူများ၊ ကိုရီးယားစာကို လေ့လာချင်သူများ၊ ကိုရီးယားသို့ ကျောင်းသွားတတ်ချင်သူများ၊ စကားပြန် ဘာသာပြန် ဖြစ်ချင်သူများ အားလုံး တတ်ရောက်နိုင်ပါတယ်။ အခြေခံကနေစပြီးတော့ သေချာ လေ့လာချင်သူများအတွက် WiFi/ သက်သောင့်သက်ဖြစ်သော စာသင်ခန်းနှင့်အတူ ဈေးသက်သာစွာဖြင့် အတန်းများအား ဖွင့်လှစ်ထားပါသည် ။

ရုံးချိန်လွတ်အတန်းများလဲ ရှိသော‌ကြောင့် ဝန်ထမ်းများလဲ တက်ရောက်နိုင်ပါသည်

*အတန်းချိန်များ ညှိနှိုင်းနိုင်ပါသည် *

💢💢💢အပတ်စဉ် တန်းခွဲသစ်များ ရှိသည်💢💢💢

*ဈေးနှုန်းအလွန်သက်သာပြီး ထိရောက်သော သင်ကြားမှုစနစ်ဖြင့် သင်ကြားသော Korean Online Class များလဲ ရှိသည် *

အသေးစိတ်ကို အောက်က လင့်‌တွေထဲ ဝင်‌ကြည့်ပေးပါနော်
https://www.facebook.com/Venture-Institute-329485994327307/

https://www.facebook.com/Venture-English-and-Korean-online-classes-311016086249747/

💥သံရုံး စာမေးပွဲဆိုတာ ဘာလဲ? 💥

*တစ်နှစ်လုံးမှာ တစ်ကြိမ်သာ ဖြေဆိုခွင့်ရှိတဲ့ ကိုရီးယားဘာသာ အရည်အသွေးကို စစ်ဆေးတဲ့ စာမေးပွဲဖြစ်ပြီး ကိုရီးယား ဘာသာစကားကို စိတ်ဝင်စားသူ/ လေ့လာထားသူတိုင်း ၀င်ဖြေသင့်တဲ့ စာမေးပွဲ ဖြစ်ပါတယ်

💥သံရုံး စာမေးပွဲ အောင်ရင် ဘာတွေ လုပ်လို့ရလဲ ?💥

🔹သံရုံးစာမေးပွဲ အောင်လက်မှတ်သည် နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ် ဖြစ်သည့်အတွက် ကိုရီးယားcompany များတွင် လွယ်လင့်တကူ အလုပ်ရရှိနိုင်ပါသည်
🔹စကားပြန်/ဘာသာပြန်/ဧည့်လမ်းညွှန်လုပ်မယ့်သူများလဲ မဖြစ်မနေ ရှိထားသင့်တဲ့ လက်မှတ်ပါ ။
🔹ကိုရီးယားနိုင်ငံတော်သို့ ကျောင်းသွားတက်မည့်သူများလဲ မဖြစ်မနေ ‌ဖြေသင့်တဲ့ စာမေးပွဲပါ။ Topik Level 3နှင့် အထက်များအားလဲ စကော်လားရှစ် ပေးသော တက္ကသိုလ်များ အလွန်များပြားသည်။

Venture Institute
Korean, English Languages
အမှတ်(၁၄၁).ဒုတိယထပ်A3.ကျွန်းတောလမ်း.စမ်းချောင်းမြို့နယ်.
Ph...09 42111 0195 , 09 2542 65225 09 50 73632

04/04/2019

13 ကြိမ်မြောက် ဖြေဆိုမဲ့ Venture ကျောင်းသားများရှင့်

ဒီနေ့ အစိုးရ POEA ၈မိုင် အလုပ်သမားရုံးက ကြေငြာချက်အရ ~ 2019 ဒီနှစ်တွင် ၁၃ကြိမ်မြောက် စာမေးပွဲကို နားထားပါတယ်ဆိုတဲ့ သတင်းပါပဲရှင့်...

အကြောင်းရင်းက ခေါ်မယ့် လူဦးရေနည်းပီး ဖြေမယ့်သူ များနေလို့ ယခုနှစ် ၁ နှစ်ကို ရပ်ဆိုင်းလိုက်တာပါပဲရှင်..

EPS စနစ် မရှိတော့တာ လုံးဝ လုံးဝ မဟုတ်လို့ စိတ်မပူပါနဲ့နော်
နောက်နှစ်ကျရင်တော့ ဖြေကို ဖြေရမှာပါ

Venture ကျောင်းသားများ...သင်တန်း တက်တာ အချည်းနှီး မဟုတ်ပါဘူးနော်..နောက် စာမေးပွဲအတွက် ပြင်ဆင်ချိန် ပိုမိုရှိလာတယ်လို့ဘဲ အခွင့်အရေး တခုအနေနဲ့ မြင်စေချင်ပါတယ်ရှင်...

ကျမတို့ Venture သင်တန်းမှ ဘာမှ ပြောင်းလဲခြင်း ရှိမှာမဟုတ်ဘဲ အတန်းများကို ပုံမှန်အတိုင်းဘဲ ဖွင့်နေမှာပါ

တစ်နိုင်လုံးအနေနဲ့ ခံရတာ ဖြစ်တဲ့ အတွက်ကြောင့် စိတ်ဓာတ်တွေ မကျစေချင်ပါဘူး ... ဖိုက်တင်းပါနော်

အခု လက်ရှိ သင်တန်း တက်နေတဲ့ ကျောင်းသားများလည်း စာကို စိတ်အေးချမ်းစွာဖြင့် အဆုံးထိ သင်ယူကြပါဖို့ တိုက်တွန်းပါရစေနော်

အဲ့တော့ သင်တန်းသားအနေဖြင့် သင်တန်းကို ပြီးအောင် တက်သွားဖို့သာ ကျမတို့ သင်တန်းကျောင်းမှ အကြံပြူပါရစေ

တခုသိထားရမှာက ~ ကိုးရီးယားမှ အလုပ်လုပ်ပြီး ပြန်လာသော သူများလဲ အမြဲတမ်း ရှိနေမည်ဖြစ်သောကြောင့်..လုပ်သားဦးရေလဲ အမြဲတမ်းလိုအပ်နေမှာပါ .. Eps စနစ်ကလဲ ဘယ်တော့မှ ပျောက်ကွယ်မည်မဟုတ်ပါ.. တစ်နှစ်ဘဲ နားလိုက်တာမို့လို့ပါ.

2020 မှာ ဖြေမဲ့ စာမေးပွဲအတွက် အောင်မြင်ဖို့ စာကျက်ချိန် ပိုများသွားတယ်လို့သာ သတ်မှတ်ပါနော်..

27/03/2019

မတ်လ ၁၁ရက်နေ့က စခဲ့တဲ့ အတန်းလေးပါ 😍

Want your business to be the top-listed Travel Agency in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


19th Floor, Ahlone Street, Orchid Condominium, Ahlone Tsp
Yangon