Inno Lab

Inno Lab

Share

We will give vaccine information and enhance awareness of accessing vaccines, especially for migrant workers in Thailand.

Our target audience would be mostly from Myanmar, Laos, Cambodia, and Vietnam.

30/01/2021

"လုပ်ငန်းတစ်ခု စတင်လိုက်ရင် အစပိုင်းနဲ့ အလယ်ပိုင်းမှာ​တော့ သင်ဟာ ဆုံးရှုံးမှု​၊ကျရှုံးမှု​တွေ ကြုံရနိုင်ပါတယ်။ ဒါ​ပေမယ့် အဲ့ဒီကျရှုံးမှု​တွေ​တော့ ​နောက်ဆုံးထိ လက်သင့်မခံပါနဲ့ "

ဒီ quote ​လေးက​တော့ "သင်ဟာ သင်လုပ်ချင်တာ​တွေ ဖြစ်ချင်တာ​တွေကို စတင် အ​ကောင်ထည်​ဖော်ချိန်မှာ​တော့ ဒုက္ခ ပင်ပန်းမှု ​တွေ မိမိပိုင်ဆိုင်ရာ အချို့ကို စွန့်လွှတ်ရတာမျိုး​တွေ ရှိလာပါလိမ့်မယ်။ လိုအပ်​ချက်​တွေ ​လေ့လာစရာ​တွေလည်း များ​ကောင်းများ​နေပါလိမ့်မယ်။ ဒါ​ပေမယ့် အဲ့ဒီအားနည်းချက် လိုအပ်ချက်​​ကြောင့် သင့်ရဲ့ အိပ်မက်​တွေ ကို မဆုံးရှုံးပါ​စေနဲ့ ။ ပြင်ဆင်မွန်းမံမှသာ သင်လိုချင်တဲ့ ​အောင်မြင်မှုကို ရနိုင်မှာပါ" ဆိုတဲ့ အဓိပ္ပါယ်​လေးကို ​ဖော်​ဆောင်ထားပါတယ်လို့ မင်မင်က​တော့ ​ကောက်နုတ်ထားပါတယ် 🤓

ကဲ.... အားနည်းချက်​တွေ အားသာချက်​ပြောင်းကာ စတင်စရာ ရှိတဲ့ အိပ်မက်​တွေကို စတင် အ​ကောင်ထည် ​ဖော်လိုက်ပါ inno laber တို့...🤩

29/01/2021

ကိုယ့်ရဲ့ တနေ့တာကို better dayလေးဖြစ်ဗအာင် ဘယ်လိုလုပ်ရမလဲဆိုတာ ဒီ video လေးကို တူတူကြည့်လိုက် အောင်နော်😉😉😉

28/01/2021

Alibaba ကုမ္ပဏီရဲ့ founder Jack Ma ရဲ့ "You need the right people with you,not the best people" ဆိုတဲ့ quote လေးကို ချပြချင်ပါတယ်!

ကျောင်းတက်ရင်ပဲဖြစ်ဖြစ်၊ အလုပ်ဝင်ရင်ပဲဖြစ်ဖြစ်၊ ဘဝအတွက်ပဲဖြစ်ဖြစ် ကိုယ့်ဘေးနားမှာ ကိုယ်နဲ့ goals တွေကိုဖြည့်စွက်နိုင်မယ့်သူ၊ ရည်မှန်းချက်တူတဲ့သူ၊ ကိုယ်နဲ့အပေးအယူမျှတတဲ့သူရှိရင် အောင်မြင်မှုရာခိုင်နှုန်းများပါတယ်။

"Friends are all about quality,not quantity" ဆိုတာလည်းကြားဖူးကြမှာပါ! သူငယ်ချင်းများများရှိတာထက်ကိုယ်ယုံကြည်မှုပေးနိုင်တဲ့သူ၊ ကိုယ့်ရဲ့အခက်အခဲတွေကို ဝေမျှနိုင်တဲ့သူငယ်ချင်း အနည်းအကျဥ်းရှိရုံနဲ့လုံလောက်ပါတယ်!

လုပ်ငန်းခွင်မှာလည်း "သင့်တော်သောလူများကိုရွေးချယ်
သင့်ပါတယ်။ စျေးကွက်ထဲမှာ 'အကောင်းဆုံးလူ' မရှိဘူး၊ မင်းအတွက်အကောင်းဆုံးလူတွေကသင်ကိုယ်တိုင်လေ့ကျင့်ပေးတဲ့သူတွေပဲ" ဆိုပြီး Jack Ma ကအကြံပေးခဲ့ပါသေးတယ်!

27/01/2021

ဒီဘက်ခေတ်မှာ လူငယ်တွေက သူများစီးပွားရေးတွေမှာ ဝင်ရောက်လုပ်ကိုင်တာထက် ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်ချင်တဲ့ စိတ်တွေ ပိုမိုများပြားလာကြပါတယ်။

ဒါ့အတွက် ဒီနေ့မှာတော့ entrepreneur တစ်ယောက်အတွက် လိုအပ်မယ့် Key တချို့ကို ပြောပြပေးသွားချင်ပါတယ်။🤩

ဒါတွေကတော့

1. Effective communication skill
2. Sell
3. Focus
4. Learn
5. Strategize

ဒါတွေအပြင် နောက်ထပ်လိုအပ်တဲ့အချက်တစ်ခု
ကတော့ continuous learning လို့ခေါ်တဲ့ အဆက်မပြတ်သင်ယူလေ့လာနေခြင်း ပဲဖြစ်ပါတယ်။
Continuous learning က မရှိမဖြစ်လိုအပ်တဲ့ skill တစ်ခုတော့မဟုတ်ပေမယ့် ဒီအချက်က အပေါ်မှာပြောပြခဲ့တဲ့ (၅)ချက်ကို အပြည့်အဝအထောက်အကူပြုတာဖြစ်တဲ့အတွက် မေ့ထားမလို့မရတဲ့ Key Factor တစ်ခုဖြစ်ပါတယ် 💯 ဒါတွေအပြင် စီးပွားရေးအမြင်ရှိဖို့လည်း တကယ်လိုအပ်ပါသေးတယ်။

ဒါနဲ့ Inno Laber တို့အတွက် တကယ်အကျိုးရှိစေမယ့် program လေးတစ်ခု Inno Lab ကဖန်တီးပေးသွားမှာဖြစ်တဲ့အတွက် pageလေးကို စောင့်ကြည့်နေပေးဖို့ ပြောချင်ပါတယ် 🙆‍♀️

26/01/2021

သင်သိပါသလား?အောင်မြင်နေတဲ့သူတွေဟာ
တနေ့တာ productive ဖြစ်ဖို့အတွက် မနက်မှာဘာတွေလုပ်ကြလဲ?🤔🤔

သူတို့ဟာမနက် (၄)နာရီပုံမှန်ထလေ့ရှိကြပါတယ်။ Why?
✨အကြောင်းအရင်းကတော့သူတို့ဟာဦးနှောက်ရဲ့အလုပ်လုပ်ချိန်ကိုသိရှိတဲ့အတွက် ဒီအခွင့်ကောင်းကို ကောင်းစွာအသုံးချချင်လို့ပါပဲ!✨

မနက် (၄)နာရီ အချိန်မှာ ဦးနှောက်ဟာ Alpha နဲ့ Theta stage ကြားထဲမှာရှိနေတဲ့အတွက်ကြောင့်
အာရုံစူးစိုက်မှုအား အလွန်ကောင်းပြီး တွေ့သမျှအရာကိုအလွယ်တကူ မှတ်နိုင်စွမ်းရှိတဲ့အချိန် ဖြစ်ကြောင်း UK ရဲ့နာမည်ကြီးသတင်း website ဖြစ်တဲ့ The Guardian အပြင်၊ အခြားသော လေ့လာချက်တွေမှာလည်းဖော်ပြထားပါတယ်!!🤓
Apple ကုမ္ပဏီ ရဲ့CEO ဖြစ်တဲ့ Tim Cook ဟာဆိုရင် မနက် ၃:၄၅ alarm ပေးပြီး မနက် ၄ နာရီထတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်!!👨‍💻

မနက် ၄ နာရီထတယ်ဆိုတာလူငယ်တွေအတွက်လွယ်တဲ့အလုပ်မဟုတ်ပါဘူး...
ဒါပေမယ့်မဖြစ်နိုင်တာမရှိပါဘူး!😉
✨ alarm ကိုထမယ့်အချိန်ထက် ၁၅ မိနစ်စောပေးပါ! (Tip 💡 :Snooze တတ်တဲ့သူဆိုရင်တော့အိပ်ခန်း တံခါးနားမှာ alarm ကိုထားစေချင်ပါတယ်!)
✨ ထထပြီးချင်း social media တို့၊ ဖုန်းကြည့်တာတို့မလုပ်ပါနဲ့
✨အလုပ်စလုပ်ခင် work out ဒါမှမဟုတ် meditation ကို အနည်းဆုံး နာရီဝက်လောက်အချိန်ပေးပါ!
✨ပြီးသွားရင်တော့ ရေအေးအေးနဲ့ရေချိုးလိုက်ပါ!
(ဒီလိုမနက်ပိုင်းရေအေးနဲ့ချိုးခြင်းက ဦးနှောက်ရဲ့မှတ်ဉာဏ်အားကိုတိုးတက်စေတဲ့အပြင် တနေ့တာအတွက် alert ဖြစ်စေလို့ပါ)
✨နောက်ဆုံး Daily Tasks ကိုစတင်ပါ🤗
(Tip💡:အချိန်ဆွဲတတ်တဲ့သူတွေအတွက် ညဘက်မအိပ်ခင်(၁၅) မိနစ်လောက် မနက်ဖြန်အတွက် tasks လေးတွေလုပ်ပေးပါ)

Covid ကာလအတွင်းကျောင်းတွေပိတ်ထားတယ် လူကလည်း productive မရှိရင်တော့ဒီ Billionaire's morning routine ကို Challenge လေးပေးပြီး
(၃)ရက်စမ်းလုပ်ကြည့်သင့်ပါတယ်နော်🤩

25/01/2021

"Don's just follow your dreams, Chase them.."
အိပ်မက်​တွေပဲ မက်မ​နေပါနဲ့... လက်​တွေ့ အ​ကောင်ထည်​ဖော်လိုက်ပါ...

ကျွန်ုပ်တို့ လူသား​တွေဟာ ​မျှော်လင့်ချက်​တွေနဲ့ အသက်ရှင်​နေကြရတာပါ...

မျှော်လင့်ချက် အိပ်မက်​တွေ ရှိမှသာလည်း ရှင်သန်ရာ အဓိပ္ပါယ်​တွေက ပြည့်စုံ​နေမှာပါ..

​မျှော်လင့်ချက်​တွေက ဒီတိုင်း ထိုင်ပြီး စိတ်ကူးယဥ်​နေရုံနဲ့ ဖြစ်လာမှာ မဟုတ်သလို စိတ်ကူးရုံနဲ့ ​ပျှော်ရွှင်​နေတာကိုလည်း ​​ကျေနပ်မ​နေကြပါနဲ့​နော်...

အိပ်မက်​တွေကို မက်​နေရာက ထပြီး ခုပဲ လက်​တွေအ​ကောင်ထည်​ဖော် ​ဆောင်ရွက်လိုက်ကြပါ Inno laber တို့.....

06/01/2021

လောကဒဏ်ကလူတိုင်းကိုတိုက်သည်
အများစုကပြိုလဲကြသည်
လူနည်းစုကကြံ့ကြံ့ခံကြသည်
ထိုလူနည်းစုသာ အောင်မြင်ကြသည်

Dan Lok ရဲ့ အဆိုစကားလေးပါ

အခုတွေ့နေရသောအခက်အခဲဆိုတာလူတိုင်းနီးပါး
တစ်ချိန်မဟုတ်တစ်ချိန်မှာ တစ်နည်းနည်းနဲ့ တွေ့ကြတာပါပဲ

ပြဿနာကတူချင်မှတူမယ် ဒါပေမယ့် တွေ့ကြုံရင်ဆိုင်ရတာပါပဲ

ဒါပေမဲ့ အများစုကပြဿနာ ၁ ခါ ၂ ခါနဲ့တွေ့ရင် အရှုံးပေးကြတာများတယ်

ဇွဲရှိတဲ့သူတွေက ၅ ခါ ၆ ခါလောက်ဆို ပြိုလဲကြတယ်

အနည်းစု 1% လောက်ကသာ ကြံ့ကြံ့ခံကြတယ်

ဒီနေရာမှာ 1% ဖြစ်ဖို့ ကြံ့ကြံ့ခံရမယ်ဆိုတာထက် ပြိုလဲသွားလဲပြန်ထနိုင်မှ 1% ထဲကို inno labers တို့ရောက်ဖို့ကပိုလွယ်ကူပြီးလက်တွေ့ကျလိမ့်မယ်။

04/01/2021

🇲🇲 ၇၃နှစ်မြောက် လွတ်လပ်ရေးနေ့ 🇲🇲

လွတ်လပ်ရေးနေ့ဆိုတာ အရင်နှစ်တွေကဆိုရင် အထိမ်းအမှတ်ပွဲတွေ၊ အားကစားပွဲတွေကို ရပ်ကွက်တွေ လမ်းတွေ အဖွဲ့အစည်းတွေနဲ့ ကျောင်းတွေမှာ ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ကြပေမယ့် ဒီနှစ်လို new normal life မျိုးမှာ
ဒီလိုပွဲမျိုးတွေမကျင်းပနိုင်ပေမယ့် လွတ်လပ်ရေးနေ့ အမှတ်တရတွေကို ပြန်တမ်းတမိရင်း အမိမြန်မာနိုင်ငံကို လွတ်လပ်ရေးရယူပေးခဲ့တဲ့ နိုင်ငံခေါင်းဆောင်ကြီးများကို လေးစားဂုဏ်ယူရင်းဖြင့် ဒီနေ့မှာကျရောက်တဲ့ ၇၃ နှစ်မြောက် လွတ်လပ်ရေးနေ့ကို Inno Lab team မှ လေးစားဂုဏ်ပြုလိုက်ရပါတယ် 🇲🇲

02/01/2021

5 Tips to an Awesome Meeting

01/01/2021

နှစ်ဟောင်းကအကျင့်ဆိုးတွေကိုဖျောက်ပြီး
နှစ်သစ်မှာ glow ဖို့အဆင်သင့်ပဲလား inno laber တို့ရှင်

ဖြစ်ခဲ့တာတွေကိုမေ့ပြီး
စာမျက်နှာအသစ်ကိုစလှန်လိုက်ပါတော့နော်
ခုကစပြီး စာမျက်နှာ အသစ် ၃၆၅ ရွက်ရှိတယ်
ဒီမှာ inno laber တို့ကတစ်ရက်တစ်ရက်ကို
ဘယ်လိုရေးခြယ်ကြမှာလဲ??

ငါဒီနေ့တော့အကျိုးရှိတာလုပ်ခဲ့တယ်
စသဖြင့်ရေးကြမှာလား
or ငါဒီနေ့ကောင်လေးကောင်မလေးနဲ့ရန်ဖြစ်တယ်
ပျင်းလိုက်တာ လွမ်းလိုက်တာ လမ်းပျောက်လိုက်တာ
စသဖြင့်ရေးကြမှာလား??

ဒါနဲ့အဖြေကအပေါ်ကဟာကိုရေးချင်တယ်ဆိုတဲ့
ဆန္ဒရှိတဲ့ inno labers တို့အတွက် inno lab က
အရေးကြီးပြီး အသုံးလည်းဝင်တဲ့
ပျော်စရာလည်းကောင်းပြီး ဈေးလဲသင့်တဲ့ သင်တန်းအသစ်အသစ်တွေနဲ့
လာနေပြီမို့ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ဆက်လက်စောင့်ကြည့်ပေးပါဦးနော်

31/12/2020

Let’s Relax a bit and Reflect on our year!!

နှစ်ဆုံးကိုရောက်လို့ နှစ်သစ်မကူးခင်မှာ
ကိုယ်မလုပ်ချင်လို့ မသိချင်လို့ မရင်ဆိုင်ချင်လို့
ရှောင်လွှဲပြီးလျစ်လျှူရှုခဲ့တဲ့ အရာတွေကို
ပြန်သုံးသပ်ကြည့်ရအောင်နော်

သုံးသပ်တဲ့နေရာမှာမျိုးစုံဖြစ်နိုင်ပါတယ်
ကိုယ့် Studies ပိုင်းမှာပဲဖြစ်ဖြစ်
Relationships ပိုင်းမှာပဲဖြစ်ဖြစ်
Finance ပိုင်းမှာပဲဖြစ်ဖြစ်
Health ပဲဖြစ်ဖြစ် ကိုယ်နဲ့သက်ဆိုင်တဲ့နယ်ပယ်တွေကို
စိတ်အေးအေးလေးထားပြီး
လက်ခံတတ်တဲ့စိတ်
အပြုသဘောနဲ့ပဲကြည့်တဲ့စိတ်
ကိုယ့်ဟာကိုရှောင်တာမျိုးမလုပ်တော့ဘဲ
ရင်ဆိုင်မယ်ဆိုတဲ့စိတ်နဲ့ စာရွက်တစ်ရွက်ပေါ်ဖြစ်ဖြစ်
ချရေးလိုက်ပါ

For example:
Stuides - “ငါကွာဒီနှစ်အချိန်တွေဒီလောက်ပိုနေတာကို language ဖြစ်ဖြစ် soft skills တွေဖြစ်ဖြစ် digital marketing skills ဖြစ်ဖြစ် လေ့လာလို့ရနေတာကို မလုပ်ဖြစ်ဘူး”
ဒါက reflect လို့ထွက်လာတဲ့ result ပါ
အဲ့တာကို excuse တွေရှာနေမယ့် အစားစိတ်အေးအေးထား relax လုပ်ပြီး why ဆိုတာပြန်မေးလိုက်ပါ
ဘာလို့မလုပ်ဖြစ်တာလဲ
ပြီးရင်တော့ နောက်နှစ်ရောက်ရင်ဒီလိုအမှားမျိုးထပ်မဖြစ်အောင် ဘယ်လိုလုပ်ရမလဲ planning ပြန်လုပ်ပါ။

ဒါဆိုရင်တော့
မှန်ကန်သော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်တဲ့အရည်အချင်းတွေနဲ့ မနေ့ကထက်ပိုသာပိုတော်ပိုထက်မြတ်ပိုအောင်မြင်တဲ့ လူတွေဖြစ်နိုင်ကြပါစေလို့ INNOLAB အဖွဲ့ကဆုတောင်းပေးလိုက်ရင်း Happy New Year ပါလို့နှုတ်ဆက်လိုက်ပါတယ်ရှင်။

30/12/2020

Hello Inno Labersလေးတို့ရေ !

Inno Lab ကနေ နှစ်သစ်မှာ အသစ်ဖွင့်မယ် YEDP ဆိုတဲ့ သင်တန်းလေးအကြောင်း အနည်းငယ်တော့ သိပြီးကြပြီထင်တယ်နော်

သင်တန်းလေးနဲ့ ပတ်သက်ပြီး Inno Laber လေးတို့ရဲ့ အထင်အမြင်တွေ၊ တခြားသောအကြောင်းအရာလေးတွေကိုလည်း သိချင်တဲ့အတွက်Survey လေးတစ်ခုလုပ်ထားပါတယ်

ဒါ့ကြောင့် ဒီsurvey လေးထဲဝင်ပြီး ဖြည့်ပေးကြပါအုံးနော်

Survey Link
https://forms.gle/D19kfHgTtbFprJQZA

သင်တန်းနဲ့ပတ်သက်တဲ့အကြောင်းအရာ အပြည့်အစုံကို မကြာခင် အသေးစိတ် တင်ဆက်ပေးသွားဖို့ရှိတာကြောင့် page လေးကို စောင့်ကြည့်နေပေးဖို့ မမေ့ပါနဲ့နော်

Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Website

Address


No. 819B, Inno Lab, Marga 10 Street, 12th Qr, S/Ookalapa Township
Yangon
11091

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 21:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 21:00