Power Paradise

Power Paradise

Share

Power Paradise is safe and smart electric solution, with centralize control system, electric shock s

Power Paradise ဆိုတာ လျှပ်စစ်ဓာတ်အားလိုင်းများစွာကို တစ်နေရာတည်းမှ ကွန်ပျူတာ သို့မဟုတ် စမတ်ဖုန်းဖြင့် ထိန်းချုပ် အလုပ်လုပ်ပေးနိုင်တဲ့ ပစ္စည်းဖြစ်ပါတယ်။ Wire Shock ဖြစ်လျှင် ဖြစ်ပေါ်နေသောနေရာကို အလိုလျောက် ဓာတ်အား ဖြတ်တောက်ပေးထားမှာဖြစ်ပြီး မည်သည့်နေရာတွင် ဖြစ်ပေါ်နေကြောင်းကို ကွန်ပျူတာ သို့ မဟုတ် စမတ်ဖုန်းပေါ်တွင် Alarm အသံနှင့် အတူ ချက်ချင်း ဖော်ပြပေးမည် ဖြစ်ပါသည်။ မလိုအပ်သော Power သုံးစွဲမှုများကို

17/04/2024

"သူစုံလျှင် စုံ ၊ သူမစုံလျှင် မစုံ" ကြားဖူးကြလား ။ ဒီ အလင်္ကာ ကို။

ကျွန်တော်တို့တတွေဟာ "ရက် ၃၀ မှာ စက်တင်ဘာ ဧပြီ ဇွန် နှင့် နိုဝင်ဘာ...... " အဲဒါ စဆုံး လူတိုင်းနီးပါး အလွတ်ရကြတယ် ။ ဒါက အင်္ဂလိပ် ပြက္ခဒိန် ရဲ့ လ တွေမှာ ရှိတဲ့ ရက် အရေအတွက်နှင့် ခြွင်းချက် ကို သိစေနိုင်တဲ့ အလင်္ကာ ။

မြန်မာ ပြက္ခဒိန် မှာ ရှိတဲ့ တန်ခူး အစ တပေါင်းလ အထိ ၁၂ လ မှာ လည်း တစ်လနှင့် တစ်လ ရက် အရေအတွက် မတူကြဘူး ။ ဒီလို မတူတဲ့ အကြောင်းကို "သူစုံလျှင် စုံ ၊ သူမစုံလျှင် မစုံ" ဆိုတဲ့ အလင်္ကာလေးနဲ့ ဖွဲ့ ထားပါတယ် ။

မြန်မာ ပြက္ခဒိန် / မြန်မာလ တွေ အားလုံးမှာ လပြည့်နေ့သည် လစဥ် လဆန်း ၁၅ ရက်နေ့တွင် ဖြစ်ပြီး လကွယ်နေ့သည် ၁၄ ရက်နေ့တွင် ကွယ်သော လ နှင့် ၁၅ ရက်နေ့တွင် ကွယ်သော လ ဟူ၍ ၂ မျိုးရှိသည် ကို ဦးစွာ သတိထားကြည့်ရပါမယ် ။ ၁၄ ရက်တွင် လကွယ် ပါက အဲဒီလမှာ ၂၉ ရက် သာရှိပီး ၁၅ ရက်တွင် လကွယ်ပါက အဲဒီလမှာ ရက် ၃၀ ရှိပါတယ် ။ ၂၉ သည် "မ" ဂဏန်း ။ တစ်နည်းအားဖြင့် "မစုံ" ဟုမှတ် သားပေးပါ။ ၃၀ သည် "စုံ" ဂဏန်း ။

ပြက္ခဒိန် က ၁၂ လ မှာ တန်ခူးလ သည် ပထမဆုံး လ ။ တစ်နည်းအားဖြင့် အမှတ်စဉ် ၁ ။ ကဆုန်လ သည် အမှတ်စဉ် ၂ ။ ဒါကြောင့် တန်ခူးလ သည် "မ" လ (မစုံ) ၊ ကဆုန်လ သည် "စုံ" လ ။

ဟုတ်ပီ "သူစုံလျှင် စုံ " ဆိုတာ က ဘာကိုပြောသလဲဆိုရင် စုံ လ ဖြစ်တဲ့ ကဆုန် ၊ ဝါဆို ၊ တော်သလင်း ၊ တန်ဆောင်မုန်း ၊ ပြာသို ၊ တပေါင်း လ တွေမှာ လကွယ် ရက်သည် ၁၅ ရက်နေ့ ။ တစ်နည်းအားဖြင့် ၁၅ ရက်မှာ လကွယ်တယ် ။ ဒါကြောင့် အဲဒီ လ မှာ ရက်ပေါင်း ၃၀ ရှိတယ် ဗျာ ။

"သူမစုံလျှင် မစုံ" ဆိုတာကလည်း ဒီသဘောပဲ ။ "မ" လ (မစုံ) တွေ ဖြစ်တဲ့ တန်ခူး ၊ နယုန် ၊ ဝါခေါင် ၊ သီတင်းကျွတ် ၊ နတ်တော် ၊ တပို့တွဲ လ တွေ မှာ ၁၄ ရက်မှာလကွယ်တဲ့ အတွက် အဲဒီလတွေမှာ ၂၉ ရက်သာ ရှိပါတယ် ။ ဆိုတော့ သူ မစုံ တော့ မစုံ ဘူးဆိုတဲ့ သဘော ပေါ့ ။ ရှင်းမယ် ထင်ပါတယ် ။

"သူစုံလျှင် စုံ ၊ သူမစုံလျှင် မစုံ"
"သူစုံလျှင် စုံ ၊ သူမစုံလျှင် မစုံ" ဆိုတဲ့အလင်္ကာလေးကို ကျွန်တော်တို့ ၄ တန်းတုန်းက သင်ပေး ရှင်းပြပေးခဲ့တဲ့ ကျောင်းအုပ်ဆရာကြီး ဦးလှစိုး ကို ရိုသေစွာ ဂါရဝ ပြုပါတယ် ။ ဆရာကြီး ကောင်းရာဘုံဘဝမှာ ရှိနေမယ် လို့ ကျွန်တော် ယုံကြည်ပါတယ် ။ ။

မှတ်ချက်။ ဝါထပ်နှစ်မှာ ပထမဝါဆို ရော ဒုတိယဝါဆို ရော ၁၅ မှာ လကွယ်ပါတယ် ။

လာပြန်ပီ ဝါထပ်နှစ်? what? ဝါထပ်နှစ် ။

မြန်မာ ပြက္ခဒိန် ၁၂ လမှာ ၂၉ ရက် က ၆ လ ၊ ရက် ၃၀ က ၆ လ စုစုပေါင်း ရက်ပေါင်း ဘယ်လောက်ရှိလဲ ။ ??? ။ ၃၅၄ ရက် ။ အင်္ဂလိပ်ပြက္ခဒိန် နဲ့ ဘယ်နှရက် ကွာလဲ ။ ၁၁ ရက် ။ ဒါ သာမန် နှစ် မှာ ၁၁ ရက် ကွာတာ ။ ဖေဖော်ဝါရီ ၂၉ နှစ်မှာ ဆိုရင် ၁၂ ရက် ကွာမယ် ။ ထားပါတော့ ၁၁ ရက် ကွာ နဲ့ တွက်ကြရအောင် ။ ၁ နှစ်မှာ ၁၁ ရက် ၊ ၃ နှစ်မှာ ၃၃ ရက် ကွာသွားပီ ။ သတိထားကြည့်လိုက်တော့ ဝါထပ်နှစ် သည် ၃ နှစ် ၁ ကြိမ် ဖြစ်နေတယ် ။ ၃ နှစ် ၁ ကြိမ် ဝါထပ်တာ များပီး ၂ နှစ် နဲ့ ဝါ ထပ်တာလည်း ရှိတယ် ။ နည်းနည်းကျဲပါတယ် ။ ဒါကတော့ တော်တော်နက်နဲ သွားပီ၊ ကျွန်တော်လည်း လိုက်မမီတော့ဘူး ။ ဥပမာ ၂၀၀၁၈ မှာ ဝါထပ်တယ် ၊ ၂၀၂၀ မှာ ဝါထပ်တယ် ။ ၂၀၁၀ မှာ ဝါထပ်၊ ၂၀၁၂ မှာ ဝါထပ်၊ ၁၉၉၆ မှာ ဝါထပ်၊ ၁၉၉၈ မှာ ဝါထပ်၊ သူ့ ရှေ့နောက်နှစ်တွေက ပုံမှန် ၃ နှစ် ၁ ကြိမ် ဝါထပ်တာကို တွေ့ရတယ် ။
ဝါထပ်နှစ် မှာ မြန်မာပြက္ခဒိန်မှာ ၁၃ လ ရှိပီး အင်္ဂလိပ်ပြက္ခဒိန်မှာ ၁၂ ပုံမှန်ပါပဲ ။
မည်သို့ပင်ဖြစ်စေကာမူ လပြည့် လကွယ် သည် အမြဲမှန်ပီး လဆန်း လဆုတ် ရက်တွေ အားလုံး လဝင်ချိန် လ ထွက်ချိန်အားလုံး အတူတူပဲ ဖြစ်ပါတယ်။ ဒီအချက်ကတော့ ကျွန်တော် အရမ်းကို အံ့သြလေးစားတဲ့ အချက်ဖြစ်ပါတယ် ။

ဝမ်းနည်းစရာကောင်းတာက ကျွန်တော်တို့ မြန်မာနိုင်ငံထဲနေထိုင်ကြတဲ့ မြန်မာပါဆိုတဲ့ မြန်မာလူမျိုးတွေ မြန်မာ့ပြက္ခဒိန် အကြောင်း ၊ နေဝင်/ နေထွက်၊ လဝင်/လထွက် အကြောင်း မသိကြတာများပါတယ် ။ တကယ်ဆိုရင် ၂၀၂၄ သင်္ကြန် မဟုတ်ပါဘူး ။ ၁၃၈၅ ခုနှစ် သင်္ကြန် ပါ ။ မြန်မာ ပြက္ခဒိန် မတိမ်ကောပါစေနဲ့လို့ ဆုတောင်းပါတယ် ။

#ကျွန်တော်ကြားဖူးတာလေးတွေ လေ့လာမိတာလေးတွေ ဗဟုသုတ အဖြစ်တင်ပြခြင်းသာဖြစ်ပါတယ် ။ ပိုမိုတတ်ကျွမ်းနားလည်သူများရှိရင် / အမှားပါရင် ထောက်ပြ ပြင်ဆင်ပေးနိုင်ပါတယ် ခင်ဗျ ။

လောကီလူသားမောင်စိုင်း

Photos from Power Paradise's post 04/03/2024

စာရေးဆရာ ဆိုတာ တိုင်းပြည်ရဲ့ ရတနာ တစ်မျိုးပါ ။

သာမန်လူတွေ မသိတာ၊ မတတ်တာ၊ မတွေးနိုင်မမြင်နိုင်တာ၊ မလေ့လာနိုင်တာ၊ နားမလည်တာတွေ သိအောင် တတ်အောင် နားလည်ကျွမ်းကျင်အောင် လုပ်ပီး သူငယ်တန်း မှ သမ္မတ အထိ လူတွေ သိအောင် တတ်အောင် နားလည်အောင် ရေးနိုင်၊ ပြောနိုင်၊ လမ်းပြနိုင်တဲ့ အနန္တဂိုဏ်းဝင် ပါ ။

ဇနပုဒ် တောရွာလေး က တောသား ကျွန်တော့်ကို ဆရာကြီး ရဲ့ "မိုးထိအောင် ​လှေခါးထောင်" ဆိုတဲ့ စာအုပ်လေးက ဒီဘဝ ဒီအခြေအနေ ဖြစ်အောင် အစပျိုး လမ်းပြပေးခဲ့ပါတယ် ။

ကျွန်တော် ရန်ကုန် ရောက်တိုင်း ဆရာကြီး ဆီ သွားပီး ရိုသေစွာ ကန်တော့၊ ဆုံးမသြဝါဒများ ကို နာခံပါတယ် ။ ဆရာကြီး ရဲ့ သားအကြီးဆုံး ကိုနေဦး နဲ့ တူလို့ဆိုပီး ကျွန်တော့် ကို တကယ့်သားအရင်းတစ်ယောက်လို ချစ်ကြတယ် ။ ကျွန်တော် ကလည်း မိသားစုလိုပဲ ရောက်တာနဲ့ အိမ်မှာ လိုအပ်တာလုပ်ပေး၊ စာအုပ်တွေ ၊ ရှေးဟောင်း ပေစာတွေ ၊ အုတ်ခွက်တွေ လိုအပ်သလို နေရာချပေး ။ တစ်ခါတစ်လေ ဆို အချိန်ရသလောက် မိုးချုပ်တဲ့ အထိ စကားပြောရင်း စာဖတ်ရင်း ဆရာကြီး အိမ်မှာ နေဖြစ်တယ် ။

မရောက်တာကြာပီ ဖြစ်လို့ မနေ့က ဖုန်းဆက်ပီး ညီလေးတစ်ယောက်ကို သွားရောက်တွေ့ဆုံဂါရဝ ပြုစေလိုက်တာ ကျွန်တော်ဖတ်ဖို့ စာအုပ်တွေ အများကြီး ပြန်ပေးလိုက်တယ် ။

ဆရာကြီး က အခု အသက် ၈၅ နှစ် ၊ ဆရာမကြီး က ၇၉ နှစ် ။

စာရေးဆရာကြီးချစ်စံဝင်း နှင့် စာရေးဆရာမကြီး လမင်းအိမ်(ဒေါ်မော်မော်) တို့ ကျန်းမာ အသက်ရှည်ကြပါစေလို့ အဝေးကနေ ဆုတောင်းလိုက်ပါတယ် ။

မိုးထိအောင်လှေခါးထောင်
စိုင်းအောင်အောင်

28/10/2022
01/04/2022
Photos from Electrical Engineering Discoveries's post 29/10/2021
14/09/2021

မီးဖိုချောင်သုံး Kitchen Safeguard ပါ ခင်ဗျား ။

အသုံးပြုနေတဲ့ Ampere ကို Digital ဂဏန်းနဲ့ပြပေး
ပီး I ဗို့အား အဝင်ကိုတော့ လက်တံ ဖြင့် ပြပေးထားပါတယ် ။

လျှပ်စစ်ပစ္စည်းတစ်ခုခု အသုံးပြုနေစဉ် Ampere တွင် ဂဏန်း နံပါတ် တစ်ခုခု ပေါ်နေမည် ။ ထို
ဖော်ပြနေတဲ့ Ampere နံပါတ်ကို ၁ ပေါင်းပီး လှည့်ခလုတ်ကိုချိန်ညှိ အသုံးပြုရမှာ ဖြစ်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ချက်ပြုတ်ထားသော အိုးများအားမေ့လျော့ပီး over ampere ဖြစ်ပေါ်လာပါက ချိန်ညှိထားတဲ့ Ampere ကို ရောက်ချိန်တွင်
power စီးဆင်းမှုကိုဖြတ်တောက်ပေးပီး အသံမြည်မှာဖြစ်ပါတယ်၊

မေမေ ဒေါ်ဒေါ် မမ များ အသည်းခိုက်ပါစေသား

ဒယ်အိုးနီ ဒယ်အိုးပြာ အသုံးပြုသူများ သိထားရမည့် အချက် (၇) ချက် 31/07/2020

ဒယ်အိုးနီ ဒယ်အိုးပြာ အသုံးပြုသူများ သိထားရမည့် အချက် (၇) ချက် မိတ်ဆွေကောင်းတို့ အိမ်အများစုမှာ ဒယ်နီ ဒယ်ပြာ ဒယ်ခရမ်း တို့ကို တော်တော်များများ အသုံးပြုကြမှာပါ။အလုံးပေါ.....

16/04/2020

မကျန်းမာသူများ အမြန်ကျန်းမာကြပါစေ

ကျန်းမာသူများ မကျန်းမမာ မဖြစ်ကြပါစေနဲ့

ဝါယာရှော့စ်ကြောင့်ဖြစ်သော မီးဘေးကာကွယ်နိုင်ဖို့ အချိန်သုံးမိနစ်ဖြင့် မဖြစ်မနေဖတ်ရှု 03/03/2020

ဝါယာရှော့စ်ကြောင့်ဖြစ်သော မီးဘေးကာကွယ်နိုင်ဖို့ အချိန်သုံးမိနစ်ဖြင့် မဖြစ်မနေဖတ်ရှု ၀ါယာရှော့စ်ကြောင့်ဖြစ်သော မီးဘေးကာကွယ်နိုင်ဖို့ အချိန်သုံးမိနစ်ဖြင့် မဖြစ်မနေဖတ်ရှု့ပေးကြပါ…. March 3, 2020 admin Kn...

Want your business to be the top-listed Contractor in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon