Boost Service by APS Technology
Boost Service
Call us : 09 2500 80324
30/05/2026
Meta ကုမ္ပဏီမှ Facebook၊ Instagram နှင့် WhatsApp တို့အတွက် လစဉ်ကြေးသုံး "Plus" Subscription စနစ်သစ်များ စတင်မိတ်ဆက်
Meta ကုမ္ပဏီသည် ၎င်းတို့၏ လူမှုကွန်ရက်ပလက်ဖောင်းများဖြစ်ကြသော Facebook, Instagram နှင့် WhatsApp တို့တွင် သုံးစွဲသူများ စိတ်ကြိုက်အဆင့်မြှင့်တင် အသုံးပြုနိုင်မည့် "Plus" လစဉ်ကြေးအစီအစဉ်များကို ကမ္ဘာတစ်ဝန်းလုံးသို့ စတင်ဖြန့်ချိလိုက်ပြီဖြစ်ကြောင်း နည်းပညာသတင်းဝက်ဘ်ဆိုက်များတွင် ဖော်ပြထားသည်။
ယခုမိတ်ဆက်လိုက်သော Plus Plan များသည် ပုံမှန် Free အသုံးပြုမှုကို ထိခိုက်မည်မဟုတ်ဘဲ သီးသန့် Features များနှင့် Customization ပိုင်းကို ပိုမိုလုပ်ဆောင်ချင်သူများအတွက် Optional (ရွေးချယ်နိုင်ခွင့်) အနေဖြင့် ထည့်သွင်းပေးထားခြင်းဖြစ်သည်။
ဝန်ဆောင်မှုနှုန်းထားများနှင့် ရရှိမည့် Features များမှာ အောက်ပါအတိုင်း ဖြစ်သည်။
Facebook Plus (တစ်လလျှင် ၃.၉၉ ဒေါ်လာ):
ပုံမှန် ၂၄ နာရီသာခံသည့် Story သက်တမ်းကို ၄၈ နာရီအထိ တိုးမြှင့်ထားနိုင်မည်။
မိမိတင်ထားသော Story ကို မည်သူက အကြိမ်ရေမည်မျှအထိ (Rewatch) ပြန်ကြည့်သည်ဆိုခြင်းကို အသေးစိတ်မြင်တွေ့နိုင်သည်။
Story များပေါ်တွင် ပိုမိုဆန်းသစ်လှပသည့် လှုပ်ရှားသက်ဝင်နေသော (Animated) Reactions များ ပေးနိုင်မည်။
ဖုန်း Home Screen ပေါ်ရှိ Facebook နှင့် Messenger App Icon များကို မိမိစိတ်ကြိုက် Theme များဖြင့် ပြောင်းလဲနိုင်မည့်အပြင် Profile နှင့် Bio Fonts များကိုပါ အဆင့်မြင့်မွမ်းမံပြင်ဆင်နိုင်သည်။
Instagram Plus (တစ်လလျှင် ၃.၉၉ ဒေါ်လာ):
တစ်ဖက်လူ မသိစေဘဲ Story များကို ခိုးကြည့်နိုင်မည့် Preview Option ပါဝင်လာသည်။
မိမိ Story ကို ဘယ်သူတွေ ပြန်ကြည့်လဲဆိုသည့် အချက်အလက်များကို ကြည့်ရှုနိုင်မည်။
Close Friends (ရင်းနှီးသူများစာရင်း) အပြင် စိတ်ကြိုက်အကန့်အသတ်မရှိ (Unlimited) စာရင်းများ ခွဲခြားသတ်မှတ်ပြီး ပို့စ်များ မျှဝေနိုင်သည်။
တစ်ပတ်လျှင် တစ်ကြိမ် မိမိ၏ Story ကို လူမြင်ပိုများအောင် Spotlight ပြုလုပ်နိုင်မည်။
WhatsApp Plus (တစ်လလျှင် ၂.၉၉ ဒေါ်လာ):
အရေးကြီးသော Chats မက်ဆေ့ချ်များကို ပုံမှန်ထက် ပိုမိုပြီး အပိုဆောင်း (အခု ၂၀ အထိ) Pin တွဲချိတ်ထားနိုင်သည်။
Premium စတစ်ကာများ၊ သီးသန့် Ringtone များနှင့် စိတ်ကြိုက် App Themes များကို အသုံးပြုခွင့်ရရှိမည်။
ထို့အပြင် Meta အနေဖြင့် ရှေ့ဆက်ပြီး Meta AI ဆိုင်ရာ လုပ်ဆောင်ချက်များနှင့် Creators/Business များအတွက် "Meta One" အမည်ရှိ အဆင့်မြင့် Subscription Plan များကိုပါ ဆက်လက်မိတ်ဆက်သွားရန် စီစဉ်နေကြောင်း သိရသည်။
(Source: The Verge / TechCrunch)🌐
28/05/2026
🚨 ၂၀၂၆ မှာ Facebook ကြော်ငြာ Run တော့မယ်ဆိုရင် သိထားသင့်တဲ့ အပြောင်းအလဲများ
"ကြော်ငြာခ (Budget) များများသုံးရင် လူများများဆီရောက်မယ်" ဆိုတဲ့ အယူအဆက အခုချိန်မှာ အလုပ်မဖြစ်တော့ပါဘူး။ လက်ရှိ Facebook Algorithm အသစ်မှာ ပိုက်ဆံထက် "အရည်အသွေး (Quality)" ကို ပိုပြီး ဦးစားပေး တွက်ချက်လာပါတယ်။
✅ Facebook က မျက်နှာသာပေးမယ့် အချက်များ
ဖန်တီးမှုအားကောင်းတဲ့ Content Quality
ကြော်ငြာကို မြင်တဲ့သူတွေရဲ့ တကယ့်စိတ်ဝင်စားမှု (Audience Interest)
သဘာဝကျကျ ဝင်လာတဲ့ တုံ့ပြန်မှု (Natural Engagement Quality)
Page ရဲ့ ယုံကြည်ရမှု အမှတ် (Account Trust Score)
❎ Reach ကျပြီး Reject ထိစေမယ့် အမှားများ
ဒီလိုအချက်တွေ ပါနေရင်တော့ ကြော်ငြာမတက်တဲ့အပြင် ပိုက်ဆံသာ အလကားကုန်သွားနိုင်ပါတယ်။
သူများဆီကနေ အတိအကျ ကူးချထားသော Post များ
"Share ပေးပါ", "Hi လို့ မန့်ခဲ့ပါ" စသဖြင့် အတင်းအကျပ် တောင်းဆိုသော စာသားများ (Engagement Bait)
ပုံထဲမှာ စာသားတွေ အရမ်းများနေခြင်း (Over Text Image)
အကောင့်တုတွေနဲ့ ဝင်လုပ်ထားတဲ့ ဖြတ်လမ်းနည်းများ (Fake Interactions)
ကြည်လင်ပြတ်သားမှုမရှိတဲ့ Low Quality Video များ
💚 ၂၀၂၆ အတွက် အထိရောက်ဆုံး Boost လုပ်နည်း
Originality ကို ဦးစားပေးပါ: ကိုယ်ပိုင်အိုင်ဒီယာနဲ့ ဖန်တီးထားတဲ့ စစ်မှန်တဲ့ Content တွေကိုပဲ အသုံးပြုပါ။
Quality ကို ဂရုစိုက်ပါ: Video တွေဆိုရင် ရုပ်ထွက်အကောင်းဆုံး ဖြစ်ပါစေ။
Target တိကျပါစေ: ကိုယ့်ပစ္စည်းကို တကယ်စိတ်ဝင်စားမယ့် သူတွေကိုပဲ သေချာရွေးချယ်ပါ။
Trust တည်ဆောက်ပါ: ကြော်ငြာချည်းပဲ အမြဲမ Run ဘဲ သာမန် (Organic) Post လေးတွေ ပုံမှန်တင်ပေးပါ။
အချိန်ကိုက်လုပ်ပါ: Post တင်တင်ချင်း ချက်ချင်း Boost မလုပ်ဘဲ Organic Reach လေး နည်းနည်းတက်လာတဲ့အထိ အရင်စောင့်ကြည့်ပါ။
💡 အနှစ်ချုပ်
ကိုယ့်ဘာသာ Run တာပဲဖြစ်ဖြစ်၊ ဝန်ဆောင်မှု အပ်တာပဲဖြစ်ဖြစ် အခုခေတ်မှာ “Budget ဘယ်လောက်ထည့်မလဲ” ဆိုတာထက် “ဘယ်လောက်ကောင်းတဲ့ Content လဲ” ဆိုတာက ပိုအရေးကြီးသွားပါပြီ။
Content အရည်အသွေးကောင်းရင် ဘတ်ဂျက်နည်းနည်းနဲ့ အလုပ်ဖြစ်နိုင်သလို၊ Content မကောင်းရင်တော့ ပိုက်ဆံဘယ်လောက်ထည့်ထည့် အလဟသဖြစ်သွားနိုင်တယ်ဆိုတာ ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ပါတယ်။
🗣️ မိမိတို့ လုပ်ငန်းအတွက် Quality ကောင်းမွန်သော Content များ ရေးသားရန်နှင့် စနစ်ကျသော Boost ဝန်ဆောင်မှုများ လိုအပ်ပါက APS Technology သို့ ယခုပဲ ဆက်သွယ်ဆွေးနွေး အပ်နှံနိုင်ပါတယ်ခင်ဗျာ။
12/05/2026
🚨 Boost ခလုတ်နှိပ်တိုင်း "Engagement" ကိုပဲ အမြဲရွေးနေမိလား? ဒါဆိုရင် သင် ပိုက်ဆံအလကား ကုန်နေနိုင်ပါတယ်။
Facebook Ads ပြုလုပ်တဲ့အခါ လူတော်တော်များများက Engagement ကို ရွေးရင် Like, Comment တွေများပြီး အရောင်းပါ တက်လာလိမ့်မယ်လို့ ထင်တတ်ကြပါတယ်။ တကယ်တမ်းကျတော့ Facebook Algorithm ရဲ့ အလုပ်လုပ်ပုံက အဲဒီလို မဟုတ်ပါဘူး။
🤔 Engagement ဆိုတာ တကယ်တော့ ဘာလဲ?
Facebook Algorithm က 'Engagement' လို့ ရွေးလိုက်တာနဲ့ သင့် Post ကို Like လုပ်မယ့်သူ၊ Comment ပေးမယ့်သူ၊ Share မယ့်သူနဲ့ Video ဆိုရင် ဝင်ကြည့်မယ့်သူတွေကိုပဲ သီးသန့် လိုက်ရှာပေးတာပါ။ လွယ်လွယ်ပြောရရင် "Like ပေးတတ်တဲ့သူတွေကိုပဲ ရှာပေးတာဖြစ်ပြီး၊ တကယ် ဝယ်မယ့်သူတွေကို ရှာပေးတာ မဟုတ်ပါဘူး။"
ဒါဆိုရင် ဘယ်လို အခြေအနေမျိုးမှာ Engagement ကို သုံးသင့်လဲ?
၁။ Page အသစ်ဖွင့်ခါစ (Social Proof လိုချင်သူများ)
Page အသစ်လေးတွေမှာ Like တွေ၊ Comment တွေ လုံးဝမရှိရင် Customer တွေက သိပ်မယုံကြည်တတ်ပါဘူး။ ဒါကြောင့် အစပိုင်းမှာ လူတွေရဲ့ ယုံကြည်မှု (Trust) ရအောင် ကိုယ့်ရဲ့ အကောင်းဆုံး Post တွေကို Engagement နဲ့ Boost ထားသင့်ပါတယ်။
၂။ Brand ကို လူသိများချင်သူများ (Brand Awareness)
ချက်ချင်းကြီး အရောင်းမလိုသေးဘဲ၊ ကိုယ့် Brand နာမည်ကို လူတွေ မျက်မှန်းတန်းမိသွားအောင် (သို့) ကိုယ့်ရဲ့ ပညာပေး ဗီဒီယိုတွေကို လူတွေ အများကြီး ကြည့်သွားအောင် လုပ်ချင်တဲ့ အချိန်မျိုးမှာ သုံးဖို့ အသင့်တော်ဆုံးပါ။
၃။ Retargeting ပြန်လုပ်ဖို့ ဖမ်းထားချင်သူများ
ပထမတစ်ခေါက်မှာ Engagement နဲ့ ပြပြီး စိတ်ဝင်စားလို့ ဝင်ကြည့်သွားတဲ့သူတွေကို မှတ်ထားမယ်။ နောက်တစ်ခေါက်ကျမှ အဲဒီလို ဝင်ကြည့်ဖူးသူတွေ (Custom Audience) ဆီကိုပဲ သီးသန့် Sales Ad တွေ ပြန်ပြပြီး ရောင်းအားဆွဲတင်မယ်ဆိုတဲ့ မဟာဗျူဟာ (Strategy) ရှိသူတွေ သုံးသင့်ပါတယ်။
❌ ဘယ်လိုလူတွေ Engagement ကို လုံးဝ (လုံးဝ) မသုံးသင့်ဘူးလဲ?
ပစ္စည်းတစ်ခုကို တင်လိုက်ပြီး "ချက်ချင်း Message ဝင်ချင်သူတွေ၊ ချက်ချင်း Order လိုချင်သူတွေ" ပါ။ အရောင်းလိုချင်ရင် Engagement ရွေးမယ့်အစား Objective မှာ "Sales" ဒါမှမဟုတ် "Engagement အောက်က Messaging Apps" ကို သေချာပြောင်းရွေးဖို့ လိုအပ်ပါတယ်။
💡 အနှစ်ချုပ်ပြောရရင် -
ကိုယ်လိုချင်တဲ့ ရလဒ်အပေါ်မူတည်ပြီး Objective ကို မှန်မှန်ကန်ကန် ရွေးချယ်တတ်ဖို့က အရေးအကြီးဆုံးပါ။
Like တွေချည်းပဲ များနေပြီး တကယ် Order မတက်လို့ စိတ်ညစ်နေတယ်ဆိုရင်တော့ Objective တွေ မှားရွေးနေမိလားဆိုတာ ပြန်စစ်ဆေးကြည့်ဖို့ အကြံပြုချင်ပါတယ်။ နောက်ထပ်လည်း Facebook Marketing နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို ဆက်ပြီး မျှဝေပေးသွားဦးမှာမို့ စောင့်မျှော်ဖတ်ရှုပေးပါဦး။
APS Technology
Digital Marketing & Boost Service
05/05/2026
သင် Ads ဘယ်လောက်ပဲ Boost လုပ်လုပ် ရောင်းအားမတက်လို့ စိတ်ညစ်နေရပြီလား?
တကယ်တော့ "Content is King" ပါ။ ပိုက်ဆံတွေပုံအောပြီး Boost နေပေမဲ့ Content က ဖတ်ရတာ ပျင်းစရာကောင်းနေရင် ဒါမှမဟုတ် ဝယ်သူ့ရဲ့ စိတ်ကို မလှုပ်နှိုးနိုင်ရင် သင့်ပိုက်ဆံတွေ အလကားဖြစ်နေမှာပါ။
ဒီပြဿနာကို ဖြေရှင်းဖို့ ကျွန်တော်တို့ရှိပါတယ်။
💸 Boost တိုင်း ထိရောက်ဖို့ဆိုရင် "စကားလုံး" တွေက စကားပြောရပါမယ်
လူတစ်ယောက်က ဖုန်းကို Scroll ဆွဲရင်း သင့်ပို့စ်ရောက်တဲ့အခါ ၃ စက္ကန့် အတွင်း ဖမ်းစားနိုင်ဖို့ လိုပါတယ်။ ကျွန်တော်တို့က သင့်ရဲ့ လက်ရှိ Content ကို အခြေခံပြီး-
Hook ပိုကောင်းအောင်: ဖတ်ဖတ်ချင်း ရပ်သွားစေမယ့် အစပျိုးစာသားတွေ သုံးမယ်။
Pain Point ကို ထိုးဆွမယ်: ဝယ်သူ တကယ်လိုအပ်နေတဲ့အချက်ကို ထိထိမိမိ ရေးပြမယ်။
Call to Action (CTA): ဖတ်ပြီးတာနဲ့ "ဝယ်မယ်" လို့ မပြောမနေနိုင်အောင် စည်းရုံးမယ်။
✨ ဘာကြောင့် ကျွန်တော်တို့ရဲ့ Content က ပိုထူးခြားတာလဲ?
၁။ ရိုးရှင်းတယ် ဒါပေမဲ့ ထိမိတယ်: ရှည်ရှည်ဝေးဝေးတွေ ရေးမနေဘဲ ဝယ်သူသိချင်တာကိုပဲ တည့်တည့်ပြောမှာပါ။
၂။ Psychology သုံးထားတယ်: လူတွေ ဘာကြောင့် ပစ္စည်းတစ်ခုကို ဝယ်ချင်စိတ်ပေါက်သလဲဆိုတဲ့ စိတ်ပညာအချက်အလက်တွေကို စာသားထဲမှာ ထည့်သွင်းပေးမှာပါ။
၃။ Ads Budget သက်သာစေတယ်: Content ကောင်းရင် စျေးကြီးပေး Boost စရာမလိုဘဲ Engagement တက်လာပါလိမ့်မယ်။
🎁 အထူး Promotion စျေးနှုန်း
လက်ရှိရေးထားတဲ့ Content ကို ပိုကောင်းအောင်၊ ပိုရောင်းရအောင် ပြန်ပြင်ပေးမယ့် ဝန်ဆောင်မှုကို ၁ ပုဒ်မှ (၁၀,၀၀၀) ကျပ် တည်းနဲ့ အမြန်ဆုံး လုပ်ဆောင်ပေးနေပါပြီ။
"ဒီနေ့ ၁ သောင်း ရင်းလိုက်တာက နောက်ရက်တွေမှာ သိန်းချီတဲ့ ရောင်းအားကို ပြန်ခေါ်ပေးပါလိမ့်မယ်။"
Ads Budget တွေ အလဟသ မဖြစ်စေချင်တော့ဘူးဆိုရင် အခုပဲ Messenger မှာ လာရောက် ဆွေးနွေးလိုက်ပါ! 📩
14/04/2026
APS Technology မှာ သင်္ကြန်ပိတ်ရက်မရှိပါဘူးဗျို့! 🌊✨
အမြဲအားပေးနေကျ Client တွေအတွက် သင်္ကြန်တွင်းမှာလည်း ပုံမှန်အတိုင်း (Facebook & Tiktok) Boost ဝန်ဆောင်မှုတွေ ရယူနိုင်ဖို့ အလုပ်မပိတ်ဘဲ စောင့်ကြိုနေမှာပါ။
🔥 သင်္ကြန်အထူးစျေးနှုန်း:
💰 $10 = 55,000 Ks သာ!
ပိတ်ရက်ရှည်မှာ Social Media ပေါ်မှာ လူတွေ အသုံးအများဆုံး အချိန်ဖြစ်တာကြောင့် အခုပဲ အမိအရ ဖမ်းဆွဲပြီး Boost လိုက်ပါ။ အကောင်းဆုံးသော Result တွေနဲ့အတူ လူကြီးမင်းတို့ရဲ့ အရောင်းကို မြှင့်တင်ပေးဖို့ အသင့်ရှိနေပါတယ်ခင်ဗျာ။ 🚀📈
ပျော်ရွှင်စရာ သင်္ကြန်ပိတ်ရက်လေး ဖြစ်ပါစေ... ✨💦
14/04/2026
ဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်စွာ ပေးနိုင်ရန်အတွက် ယခု Page အသစ်လေးသို့ ပြောင်းရွှေ့လိုက်ပြီ ဖြစ်ကြောင်း အသိပေးအပ်ပါတယ်ခင်ဗျာ။ ✨📢
ယခင် Page သည်၂၀၁၈ ခုနှစ်လောက်ကတင်ခဲ့သော ငွေလွှဲမှတ်တမ်း (Screenshot) များကြောင့် Policy ငြိတယ်ဆိုပြီး ကန့်သတ်လိုက်လို့ အသုံးပြု၍ မရတော့သဖြင့်၊ နောင်တွင် လုပ်ငန်းရှင် မိတ်ဆွေများ၏ Facebook နှင့် TikTok Boost ဝန်ဆောင်မှုများကို ယခု Page မှသာ တစိုက်မတ်မတ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
အမြဲယုံကြည်စွာ အားပေးကြသည့် Client တစ်ဦးချင်းစီကို ကျေးဇူးအထူးတင်ရှိပြီး၊ ပိုမိုမြန်ဆန် စိတ်ချရသော ဝန်ဆောင်မှုများဖြင့် စောင့်ကြိုနေပါမည်။ ✨🚀📈"
29/10/2025
၁ ဒေါ်လာမကုန်သေးဘူး အထည်ကုန်ပြီဆိုလို့ Boost Paused လုပ်ပေးလိုက်ရတယ်.. 😁
04/03/2025
Facebook's Video Storage Policy Is Changing: Download Your Old Live Videos
Facebook သည် Facebook Live ဗီဒီယိုများအတွက် ၎င်း၏ သိုလှောင်မှု မူဝါဒကို အပြောင်းအလဲများ စတင်လိုက်ပြီဖြစ်သည်။ ဖေဖော်ဝါရီ ၁၉ ရက်မှစတင်၍ Facebook Live ဗီဒီယိုများကို သင့် Facebook စာမျက်နှာ သို့မဟုတ် ပရိုဖိုင်တွင် ရက်ပေါင်း 30 ကြာ ထိန်းသိမ်းထားမည်ဖြစ်ပြီး ဗီဒီယိုကို ပြန်လည်ဖွင့်ခြင်း၊ ဖျက်ခြင်း သို့မဟုတ် ဒေါင်းလုဒ်လုပ်ခြင်းတို့ ပြုလုပ်နိုင်ပါသည်။ ရက် 30 ပြီးနောက်၊ သင်သည် သင်၏တိုက်ရိုက်ထုတ်လွှင့်မှုများကို ဝင်ရောက်ကြည့်ရှုနိုင်တော့မည်မဟုတ်သည့်အပြင် ၎င်းတို့ကို သင့်ပရိုဖိုင် သို့မဟုတ် စာမျက်နှာမှ အလိုအလျောက်ဖယ်ရှားပြီး Facebook ဆာဗာများမှ ဖျက်ပစ်မည်ဖြစ်သည်။
ဖေဖော်ဝါရီ 19 မတိုင်မီ လွှင့်ထားသည့် Live ဗီဒီယိုများကို သင့်စာမျက်နှာ သို့မဟုတ် ပရိုဖိုင်မှ ဖျက်ပစ်မည်ဖြစ်သော်လည်း ၎င်းတို့ကို ဇွန်လ 30 ရက်အထိ Download လုပ်နိုင်ပါသည်။
Click here to claim your Sponsored Listing.
Website
Address
Yangon