Market Rays

Market Rays

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Market Rays, Advertising/Marketing, Yangon.

Photos from Market Rays's post 23/02/2021

ကျွန်တော်တို့ MR မိသာစုနှင့်အတူ
မိတ်ဖက် မိတ်ဆွေအပေါင်းအသင်းများ စုပေါင်း၍....
တစ်ရက်ခြားစီအလိုက် သူရဲကောင်းလူထုကြီးထံ..
ပသျှူးထမင်းကြော်၊ဖရဲသီးဖျော်ရည်၊ ဖာလူဒါ၊ ရွှေရင်အေး များကို...
" လှူဒါန်းနေဆဲ လှူဒါန်းနေမြဲ လှူဒါန်းနေအုံံ" မှာ
ဖြစ်ပါတယ်....။

31/12/2020
30/11/2020

Hello! Sweet December!❤
နှစ်တနှစ်ရဲ့ နောက်ဆုံးလ ဖြစ်ပါတယ်...။
အေးချမ်းပျော်ရွှင်ရတဲ့ ဒီဇင်ဘာလလေးကို နှုတ်ခွန်းဆတ်သလိုက်ပါတယ်.....💖

10/11/2020

NLD ကအစိုးရဖွဲ့ရန်လိုအပ်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်နေရာ ၃၂၂ ထက် ကျော်လွန်အနိုင်ရရှိ
======================================

NLD က အစိုးရဖွဲ့နိုင်ရန်လိုအပ်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်နေရာ ၃၂၂ ထက် ကျော်လွန်အနိုင်ရရှိနေပြီဖြစ်ကြောင်း Chair NLD ဖေ့စ်ဘွန်စာမျက်နှာ၏ ယနေ့ညနေပိုင်း ထုတ်ပြန်ချက်အရသိရပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ ကနဦးအတည်ပြုကိုယ်စားလှယ်စာရင်းများကိုသာ ထုတ်ပြန်ဆဲဖြစ်ပါသည်။

07/11/2020

ကျွန်တော်တို့အားလုံး အတူတကွ မဲပေးကြပါစို့.....



#2020

05/10/2020

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
အမိန့်အမှတ် ၁၁၃/၂၀၂၀
(၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၅ ရက်)
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗

Photos from Market Rays's post 01/10/2020

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၁-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
(၃၀-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီမှ (၁-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၅,၃၅၂) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၀၁၀)ဦး တွေ့ရှိရပါသည်။

, , , #ကိုရိုနာဗိုင်းရပ်စ်, #ဓာတ်ခွဲအဖြေ
https://www.mohs.gov.mm/

Photos from Market Rays's post 27/09/2020

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ မြို့နယ်ကျော်ဖို့အတွက် ခိုင်လုံတဲ့‌အထောက်အထားဖြင့် QR CODE လျှောက်ထားပေးမှ အဆင်ပြေမှာပါ...။
https://qrpass.sawsawshar.gov.mm/ #/registration

Ref:
Photo: FB

23/09/2020

ရန်ကုန်ကို အခြေခံစားကုန် ရာရှင်စနစ်ပေးရန် ပြင်ထား
=================================
ရန်ကုန်တိုင်းဒေသကြီးမှာ အခြေခံစားသောက်ကုန်တွေကို ရာရှင်(Ration)စနစ်နဲ့ ဖြန့်ဖြူးပေးနိုင်ဖို့ ပြင်ဆင်ထားရေး COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ညွှန်ကြားလိုက်ပါတယ်။

Stay at Home ပြုလုပ်ထားတာမှာ လိုအပ်ပါက တိုင်းဒေသကြီးအတွင်း ပြည်သူ (၇) သန်းခန့်ကို နေ့စဉ်စားသောက်ရေးအတွက် ရာရှင်စနစ်နဲ့ အခြေခံစားသောက်ကုန်တွေကို အိမ်ထောင်စုအလိုက် ဖြန့်ဖြူးပေးနိုင်ရေး ပြင်ဆင်ထားဖို့အတွက် အခုလိုညွှန်ကြားလိုက်တာပါ။

COVID -19 ကူးစက်မှုနှုန်း ထိန်းချုပ်ဖို့ ကန့်သတ်ချက်တွေ ရှိလာတဲ့အတွက် Stay at Home အမိန့်ကို ထပ်မံထုတ်ပြန်ဖို့ လိုအပ်လာရင် ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေအတွက် ဖြစ်တယ်လို့ သိရပါတယ်။

ဒါနဲ့ပတ်သက်လို့ ပြည်သူတွေ နေ့စဥ်စားသောက်ရေး အဆင်ပြေစေဖို့ အခြေခံစားသောက်ကုန်တွေ ကို ဖြန့်ဖြူးပေးနိုင်ရေး စီစဥ်ဆောင်ရွက်ထားတယ်လို့ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက အတည်ပြုပြောပါတယ်။

အဲဒီလို စီမံဆောင်ရွက်ထားတာမှာ မြို့နယ်အားလုံး လမ်းအလိုက် အခြေခံစားသောက်ကုန်တွေကို အိမ်တိုင်ရာရောက်ပေးသွားမှာ ဖြစ်တယ်လို့ မရမ်းကုန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းချစ်က ပြော ပါတယ်။

Stay at Home ကာလမှာ ပြည်သူ့အားလုံး စားဝတ်နေရေးအခက်အခဲ မဖြစ်စေဖို့ စီစဥ်တာ ဖြစ်တဲ့ အတွက် အကျိုးရှိမှာ ဖြစ်တယ်လို့ ဦးထွန်းချစ်က ပြောပါတယ်။

လက်ရှိမှာ အခြေခံစားသောက်ကုန်တွေကို ဖြန့်ဖြူးတဲ့အခါ လူစုလူဝေးနဲ့ မဟုတ်ဘဲ စနစ်တကျဖြစ် စေဖို့ စီမံဆောင်ရွက်ထားပြီး ဖြစ်တယ်လို့ ကမာရွတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးကလည်း ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း Stay at home မြို့နယ် (၄၄) မြို့နယ်မှာ နေထိုင်တဲ့ အိမ်ထောင်စု တ်စစုချင်းစီအလိုက် ထောက်ပံပေးဖို့ လိုအပ်တဲ့ အဓိက ရိက္ခာအမယ် အရေအတွက် ၊ ဖြန့်ဖြူးပေးနိုင်ရေးအတွက် စုပုံ / ထုပ်ပိုးတဲ့ ကြာချိန် ၊ အိမ်ထောင်စုအားလုံးကို ဖြန့်ဝေပေးဖို့ ကြာမြင့်တဲ့ အချိန်နဲ့ ဖြန့်ဖြူးတဲ့ အခါ လူစုလူဝေးမဖြစ်စေရေး ဆောင်ရွက်မယ့် အစီအမံတွေကို ကြိုတင်တွက်ချက် ပြင်ဆင်ထားဖို့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက လမ်းညွှန်ထားပါတယ်။

News Myanmar
မှ ကူးယူဝေမျှဖော်ပြပါသည်။

Photos from Market Rays's post 21/09/2020

Covid-19 ရောဂါကုသရေးဌာန(သုဝဏ္ဏ) မှာ တာဝန်ထမ်းဆောင်ရန် စေတနာ့ဝန်ထမ်းများဖိတ်ခေါ်နေ..

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့လမ်းညွှန်မှုနဲ့ ယာယီဖွင့်လှစ်ထားတဲ့ Covid-19 ရောဂါကုသရေးဌာန(သုဝဏ္ဏ) မှာ Covid-19 ရောဂါ ကာကွယ်ထိန်းချူပ်၊ ကုသရေး၊ လုပ်ငန်းစဉ်တွေမှာ မိမိဆန္ဒအလျောက် စေတနာ့ဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်ရန် ဧရာဝတီဖောင်ဒေးရှင်းမှ ဖိတ်ခေါ်နေပါတယ်။

တာဝန်ထမ်းဆောင်ကြမယ့် စေတနာဝန်ထမ်းတွေရဲ့ စားသသောက်ရေး၊ နေထိုင်ရေးနဲ့ လိုအပ်တဲ့ ကာကွယ်ရေးပစ္စည်း(PPE ဝတ်စုံများ၊ နှာခေါင်းစည်းများ၊ အခြားလိုအပ်ချက်တွေ) ကို ဧရာဝတီဖောင်ဒေးရှင်းက တာဝန်ယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဒီကနေ့ စက်တင်ဘာ (၂၁) ရက်နေ့ ဖိတ်ခေါ်စာမှာ ဖော်ပြထားပါတယ်။

စေတနာ့ဝန်ထမ်းတွေအနေနဲ့ ယာယီကုသရေးစင်တာအတွင်းက လူနာတွေကို ကြိုဆိုနေရာချထားပေးခြင်း၊ လူနာတွေရဲ့ဝေယျာဝစ္စလုပ်ငန်းတွေ၊ သန့်ရှင်းရေးလုပ်ငန်းတွေ၊ ကုသရေလုပ်ငန်းစဉ်တစ်လျေှက် လိုအပ်ချက်တွေကို ကူညီဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။
စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရန် ရက်သတ္တပတ် အနည်းဆုံး (၄)ပတ်မှ အများဆုံး (၆)ပတ်အထိ ကြာမြင့်မှာဖြစ်ပြီးဖြစ်ပါတယ်။

ဒါပြင့်စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်တဲ့ ကာလမှ လုပ်ငန်းတာဝန်ထမ်းဆောင်ကာ စောင့်ကြည့် (Quarantine) ကာလအထိ ပါမှာဖြစ်ပြီး ဧရာဝတီဖောင်ဒေးရှင်းမှ အပြည့်အဝ တာဝန်ယူပေးမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှဖော်ပြထားပါတယ်။

သတ်မှတ်ချက်များ
• အသက် (၂၀) နှစ်မှ (၃၅) နှစ်အတွင်း
• နာတာရှည်ရောဂါအခံမရှိသူ
• ကျန်းမာရေးအထူးကောင်းမွန်သူ
• ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိသူ
• ဆေးလိပ်၊ အရက်သေစာမသောက်သုံးသူ
• သတ်မှတ်ထားသော ညွှန်ကြားချက်များကို အတိအကျလိုက်နာနိုင်သူ
• နိုးကြားတက်ကြွသူ
• လူနာများကို လေးစားဂရုစိုက်နိုင်သူ
• သတ်မှတ်ထားသောနေရာတွင် သတ်မှတ်ထားသော အချိန်အတိုင်း အတိအကျ အပြည့်အဝ နေထိုင်နိုင်သူ
လျှောက်ထားရန်
စေတနာ့ဝန်ထမ်းလျှောက်ထားရန် စိတ်ပါဝင်စားသူများသည် မိမိ၏ ကိုယ်ရေးအချက်အလက်များနှင့် မိမိသဘောဖြင့် ပါဝင်ဆောင်ရွက်လိုကြောင်းကို ကိုယ်ရေးအချက်အလက်များကို အောက်ပါ link တွင် ဖြည့်စွက်ပြီး လျှောက်ထားနိုင်ပါသည်။
https://forms.office.com/Pages/ResponsePage.aspx?id=LhXcJEI26Uq-jduwqcfsHcO5DUWSIbJNsiWovDFLXGVUQ1lIMzlMUVZMM1pZSkpPWk9ZN1NWWFVGTC4u&fbclid=IwAR0MKOTWAve7RpiOCRF4vvfCe6RxZ1-QssfHsQNtouKWYSgsoB7IwRYXT-M
စေတနာ့ဝန်ထမ်းရွေးချယ်ခံရသူများကို ပြန်လည်ဆက်သွယ်သွားမည်ဖြစ်ပါသည်။

အသေးစိတ် ဆက်သွယ်မေးမြန်လိုပါက 09 78 5114511 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Photos- Ayeyarwady Foundation
Credit - Information
Team(ရိုးရာလေး)

Photos from Market Rays's post 21/09/2020

၂၀-၂၁ ကစလို့ အခွန်စာအုပ်စနစ်ကနေ Application စနစ်သို့ ပြောင်းလဲလိုက်ပါပြီး။
💵 လစာအခွန်​ဆောင်ဖို့ ပိုလွယ်ကူသွားပါပြီ။ 💵

www.ird.gov.mm

Want your business to be the top-listed Advertising & Marketing Company in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon