Easter IGCSE Distance Learning

Easter IGCSE Distance Learning

Share

This is your Brilliant future 🎊

Photos from Easter IGCSE Distance Learning 's post 19/09/2026

ွေတန်ဖိုး_တကယ်ပျောက်သွားတဲ့အခါ

“ဈေးတွေတက်တယ်” ဆိုတာကို ကျွန်မတို့‌တွေနေ့စဉ်ဘဝမှာ ကြားဖူးကြမှာပါ...
ဒါပေမယ့် Hyperinflation ကတော့ ရိုးရိုး inflation ထက် အများကြီးပိုပြင်းထန်တဲ့အခြေအနေတစ်ခုပါ...

တစ်ချိန်တည်းမှာပဲ ကုန်ဈေးနှုန်းတွေ အလွန်မြန်မြန်တက်လာပြီး money loses its purchasing power ဖြစ်သွားတဲ့အခြေအနေကို hyperinflation လို့ ခေါ်ပါတယ်...

အဓိကပြဿနာက “ဈေးတက်တာ” တစ်ခုတည်းမဟုတ်ပါဘူးနော်...

ငွေကိုင်ထားရင် ကိုင်ထားလေလေ၊ အဲ့ဒီငွေရဲ့ ဝယ်ယူနိုင်စွမ်း (purchasing power) လျော့လေလေ ဖြစ်လာတာပါ...

🇿🇼 Real-life example -Zimbabwe

Hyperinflation ကို နားလည်ဖို့ဆိုရင် Zimbabwe ရဲ့ ဖြစ်ရပ်က အလွန်ကောင်းတဲ့ real-life example တစ်ခုဆိုလဲ မမှားပါဘူးရှင့်...

2000s နောက်ပိုင်းမှာ Zimbabwe ရဲ့ economy ဟာ ပြင်းထန်တဲ့ပြဿနာတွေ ကြုံတွေ့ခဲ့ရပါတယ်.. Agricultural production ကျဆင်းခြင်း၊ government finances အားနည်းလာခြင်းနဲ့ နောက်ဆုံးမှာ government က အသုံးစရိတ်တွေကို ဖြည့်ဆည်းဖို့ money supply တိုးပေးရတဲ့အခြေအနေတွေကြောင့် inflation ဟာ အလွန်အမင်း မြင့်တက်လာခဲ့ပါတယ်...

ဒီနေရာမှာ Economics concept တစ်ခုနဲ့ ချိတ်ကြည့်ရအောင်နော်

အစိုးရရဲ့ အသုံးစရိတ်တွေကို အခွန် နဲ့ ဖြေရှင်းသည်သာမကဘဲ အစိုးရ ချေးငွေ နဲ့ ဖြေရှင်းတာ‌ တောင် မလုံလောက်တော့တဲ့အခါ money creation ကို အသုံးပြုလာရပါတယ်...

Economics မှာ excessive growth in the money supply ဟာ inflation ဖြစ်စေတဲ့ အကြောင်းရင်းတစ်ခု ဖြစ်နိုင်ပါတယ်...

Money supply က economy ရဲ့ output (GDP)ထက် အလွန်မြန်မြန်တိုးလာမယ်ဆိုရင်-

Too much money chasing too few goods

ဆိုတဲ့အခြေအနေ ဖြစ်လာနိုင်ပါတယ်...

ကုန်ပစ္စည်းအရေအတွက်က မတိုးဘဲ လူတွေလက်ထဲမှာ ငွေပိုများလာရင် goods and services တွေရဲ့ price level တက်လာနိုင်ပါတယ်...

Zimbabwe မှာ ဒီပြဿနာက အလွန်ပြင်းထန်လာတဲ့အတွက် နောက်ဆုံးမှာ hyperinflation အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်...

💵 “$100 ရှိရင် မနက်ဖြန်လည်း $100 ပဲ မဟုတ်ဘူးလား?”

ငွေကြေးရဲ့ face value ကတော့ $100 ပဲ ဖြစ်နေပါလိမ့်မယ်...

ဒါပေမယ့် real value / purchasing power က မတူတော့ပါဘူး...

ဥပမာ-

ဒီနေ့ $100 နဲ့ groceries တစ်ပတ်စာ ဝယ်လို့ရတယ်ဆိုပါစို့...

Inflation အလွန်မြန်လာရင် နောက်ပိုင်းမှာ အဲ့ဒီ $100 နဲ့ groceries တစ်ပတ်စာမဝယ်နိုင်တော့ဘဲ တစ်ရက်စာတောင် မလုံလောက်နိုင်‌ တော့ပါဘူး...

ဒါကြောင့် hyperinflation ရဲ့ အဓိက effect က—

Purchasing power of money ကို ကျဆင်းစေတာဘဲ ဖြစ်ပါတယ်...

🏦 Why do people stop holding money?

ဒီနေရာက hyperinflation ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံး Economics concept တစ်ခုပါ...

ပုံမှန်အခြေအနေမှာ လူတွေဟာ ငွေကို store of value အနေနဲ့ ကိုင်ထားနိုင်ပါတယ်...

ဒါပေမယ့် inflation အရမ်းမြန်လာရင်...

Money loses value rapidly.

အဲ့ဒါကြောင့် လူတွေဟာ ငွေကို ကိုင်ထားမယ့်အစား ရနိုင်တဲ့အချိန်မှာပဲ goods and services တွေ ဝယ်ဖို့ ကြိုးစားလာကြပါတယ်...

ဒီလိုနဲ့ velocity of money လည်း မြင့်လာနိုင်ပါတယ်။

လူတွေက-

«“နောက်လမှာ ဈေးပိုတက်မယ်ဆိုရင် ဒီနေ့ပဲ ဝယ်ထားမယ်”». လို့ စဉ်းစားလာကြတာပါ...

ဒါက demand ကို ထပ်မံတိုးစေနိုင်ပြီး price level ကို ပိုမြင့်စေနိုင်ပါတယ်...

အဲ့ဒီအခြေအနေက hyperinflation ကို self-reinforcing cycle တစ်ခုလို ဖြစ်လာစေနိုင်ပါတယ်...

💰 Savings ရှိတဲ့သူတွေက ဘာဖြစ်သွားလဲ?

Hyperinflation က income မတူတဲ့လူတွေကိုလည်း မတူညီတဲ့နည်းနဲ့ သက်ရောက်နိုင်ပါတယ်။

ဥပမာ-

လူတစ်ယောက်မှာ savings $10,000 ရှိတယ်ဆိုပါစို့...

အဲ့ဒီငွေကို bank account ထဲမှာထားပြီး nominal amount က $10,000 အတိုင်းပဲ ရှိနေနိုင်ပါတယ်...

ဒါပေမယ့် prices တွေက အလွန်မြန်မြန်တက်နေရင် အဲ့ဒီ $10,000 ရဲ့ real purchasing power က အလွန်ကျဆင်းသွားနိုင်ပါတယ်...

ဒါကြောင့် hyperinflation ဟာ—

Savers → lose purchasing power

ဆိုတဲ့ ပြဿနာ ကို ဖြစ်စေနိုင်ပါတယ်...

အထူးသဖြင့် fixed-income earners တွေ၊ pensioners တွေလို ဝင်ငွေကို မြန်မြန်မတိုးနိုင်သူတွေအတွက် living standards ထိခိုက်နိုင်ပါတယ်...

👷 Workers တွေရဲ့ wages ကရော?

နောက်ထပ်ပြဿနာက wages may not rise as fast as prices ဆိုတာပါဘဲရှင့်...

ဥပမာ လစာက တစ်လတစ်ကြိမ်ပဲ တိုးပေးနိုင်ပေမယ့် ကုန်ဈေးနှုန်းတွေက နေ့စဉ်တက်နေမယ်ဆိုရင် nominal wage တိုးလာတာတောင် real wage ကျဆင်းနိုင်ပါတယ်...

ဒါကြောင့်-

Real income = Nominal income adjusted for price changes
ရှင်းပြရမယ်ဆိုရင်...လစာက တူနေ‌ ပေမဲ့လည်း...သုံးစွဲလို့ရတဲ့အခြေအနေခြင်းမတူတော့ပါဘူးရှင့်...

လစာတိုးလာတာတောင် prices တက်တဲ့နှုန်းထက် wages တက်တဲ့နှုန်း နိမ့်ရင် real income ကျဆင်းနိုင်ပါတယ်...

အကျိုးဆက်အနေနဲ့ လူတွေရဲ့ standard of living ကျဆင်းနိုင်ပါတယ်...
📉 Hyperinflation ရဲ့ Economic အကျိုးဆက်တွေကတော့...

Hyperinflation က “ကုန်ဈေးနှုန်းတက်တယ်” ဆိုတာထက် ပိုမိုနက်နဲပါတယ်...

1. Purchasing power falls

ငွေတန်ဖိုးကျသွားတဲ့အတွက် အတူတူငွေပမာဏနဲ့ ဝယ်ယူနိုင်တဲ့ goods and services ပမာဏ လျော့ကျသွားပါတယ်...

2. Savings lose real value

ငွေစုထားသူတွေရဲ့ wealth ရဲ့ real value ကျဆင်းနိုင်ပါတယ်...

3. Living standards fall

Real incomes ကျဆင်းပြီး essential goods တွေ ဝယ်ယူရခက်လာနိုင်ပါတယ်...

4. Businesses face uncertainty

ကုန်ကျစရိတ်၊ wages နဲ့ selling prices တွေကို ကြိုတင်ခန့်မှန်းရခက်လာပါတယ်...

5. Economic decisions become distorted

ပုံမှန်အခြေအနေမှာ investment လုပ်မယ့်အစား လူတွေက ငွေတန်ဖိုးမကျခင် goods တွေ ဝယ်ထားဖို့ ကြိုးစားလာနိုင်ပါတယ်...

6. Confidence in the currency falls

လူတွေက domestic currency ကို မယုံကြည်တော့ဘဲ foreign currency သို့မဟုတ် အခြား assets တွေကို ပိုမိုအသုံးပြုဖို့ ကြိုးစားလာနိုင်ပါတယ်...

🧠 So, what is the key Economics lesson?

Hyperinflation က Economics မှာ သင်တဲ့ concept တွေဟာ textbook ထဲမှာပဲ ရှိတာမဟုတ်ဘူးဆိုတာ ပြသတဲ့ real-life example တစ်ခုဘဲဖြစ်ပါတယ်...

အထူးသဖြင့် hyperinflation မှာ-

ÂŤWhen people lose confidence in money, money stops performing its functions effectively.Âť

Money ဟာ medium of exchange, measure of value, store of value ဆိုတဲ့ functions တွေကို ထမ်းဆောင်ဖို့ ခက်ခဲလာ‌ စေပါတယ်...

ဒါကြောင့် hyperinflation ရဲ့ အကြီးမားဆုံး lesson က “prices are rising” ဆိုတာထက်-

“The value and usefulness of money itself can break down when confidence in the economy and currency collapses.” ဆိုတာပဲ ဖြစ်ပါတယ်...
Sharing is caring 🫧 🫧 🫧
By Tr Easter 🪸🦭🪼
Easter IGCSE Distance Learning

18/09/2026

📚 0455 IGCSE Economics Tutorial

✨Check your answers
✨ Identify your mistakes
✨ Understand why your answer is wrong
✨ Learn how to improve your answers and gain more marks

Not just getting the answer right -
understanding how to answer for full marks.

Easter IGCSE Distance Learning

15/09/2026

ှာ_Gross_Profit_နဲ့_Net_Profit_ဘာကွာလဲ?

Accounting စလေ့လာတဲ့အချိန်မှာ Gross Profit နဲ့ Net Profit ကို ရောထွေးတတ်ကြပါတယ်...
နှစ်ခုလုံးက “Profit” ဖြစ်ပေမယ့် တွက်တဲ့အဆင့်နဲ့ ထည့်သွင်းစဉ်းစားတဲ့ expense တွေ မတူပါဘူး...

💰 1. Gross Profit

Gross Profit = Revenue − Cost of Sales

လုပ်ငန်းက ပစ္စည်းတွေကို ဝယ်ယူ/ထုတ်လုပ်ပြီး ပြန်ရောင်းတဲ့အခါ ပစ္စည်းရောင်းရငွေကနေ အဲဒီပစ္စည်းတွေရဲ့ cost ကို နုတ်ပြီး ကျန်တဲ့အမြတ် ဖြစ်ပါတယ်...

ဥပမာ-

Sales = $10,000
Cost of Sales = $6,000

🌿 Gross Profit = $10,000 − $6,000 = $4,000

ဒါကြောင့် Gross Profit က လုပ်ငန်းရဲ့ trading performance ကို ပြသပေးပါတယ်...

---

💵 2. Net Profit

Gross Profit ရပြီးတဲ့နောက် လုပ်ငန်းလည်ပတ်ဖို့ ကုန်ကျတဲ့ expenses တွေကို ထပ်နုတ်ရပါတယ်။

Net Profit = Gross Profit + Other Income − Expenses

ဥပမာ-

Gross Profit = $4,000
Other Income = $500
Expenses = $2,000

🍀 Net Profit = $4,000 + $500 − $2,000 = $2,500

ဒါကြောင့် Net Profit က လုပ်ငန်းရဲ့ overall profitability ကို ပိုပြီးပြသပေးပါတယ်...

🔑 Exam မှာ မမေ့သင့်တဲ့အချက်က

Gross Profit → Cost of Sales နဲ့ပတ်သက်ပြီး တွက်တယ်...

Net Profit → Gross Profit ကနေ operating expenses နဲ့ အခြားသက်ဆိုင်ရာ expenses တွေကို ထပ်နုတ်ပြီး တွက်တယ်...

⭐ အလွယ်မှတ်မယ်ဆိုရင်-

Sales → Gross Profit → Net Profit

Revenue − Cost of Sales = Gross Profit

Gross Profit + Other Income − Expenses = Net Profit

💫 Exam Tip:
Question မှာ “Calculate the gross profit” လို့မေးရင် expenses အားလုံးကို မနုတ်ပါနဲ့...
“Calculate the net profit” လို့မေးရင်တော့ Gross Profit ရပြီးနောက် သက်ဆိုင်တဲ့ expenses တွေကို ထည့်တွက်ဖို့ မမေ့ပါနဲ့...

✨ Accounting မှာ formula ကို အလွတ်ကျက်ထားတာထက်
“ဘယ်အဆင့်မှာ ဘာကို နုတ်ရမလဲ” ဆိုတာ နားလည်ထားခြင်းက exam မှာ ပိုအရေးကြီးပါတယ်...

ဒီ post ကို Accounting လေ့လာနေတဲ့သူငယ်ချင်းတစ်ယောက်ဆီ Share ထားလိုက်ပါနော် 📖✏️
Sharing is caring 🫧🫧🫧
Tr Easter 🪼🦭🪸

21/08/2026

💰 #လစာတိုးပေမယ့်_ဘာကြောင့်_ပိုမချမ်းသာလာသလို_ခံစားရတာလဲ?

“ဒီနှစ် လစာတိုးလာပြီ… ဒါပေမယ့် အရင်နှစ်ကထက် ပိုပြီး ငွေမလောက်သလိုပဲ…”

ဒီလိုခံစားဖူးကြပါသလား?

🌟တကယ်တော့ လစာတိုးလာတာနဲ့ ကိုယ့်ရဲ့ ဝယ်ယူနိုင်စွမ်း (Purchasing Power) တိုးလာတယ်လို့ မဆိုနိုင်ပါဘူး...

✨အဓိကအကြောင်းရင်းကတော့ Inflation (ငွေ‌ကြေး ဖောင်းပွမှု) ပါ...

ဥပမာ—

✨မနှစ်က လစဉ်လစာ 500,000 ကျပ် ရပြီး
ဒီနှစ်မှာ 600,000 ကျပ် ဖြစ်လာတယ်ဆိုပါစို့...

ကြည့်လိုက်ရင် လစာက 100,000 ကျပ် (20%) တိုးလာပါတယ်...

✨ဒါပေမယ့် တစ်ချိန်တည်းမှာပဲ အစားအသောက်၊ အိမ်ငှားခ၊ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်မီးနဲ့ နေ့စဉ်အသုံးစရိတ်တွေက 25% တိုးလာခဲ့ရင်...

✨လစာက 20% တိုးပေမယ့်
ကုန်ကျစရိတ်က 25% တိုးနေတဲ့အတွက်
လက်တွေ့မှာ ကိုယ်ဝယ်ယူနိုင်တဲ့ ပစ္စည်းနဲ့ဝန်ဆောင်မှုပမာဏက လျော့သွားနိုင်ပါတယ်...

✨ဒါကြောင့် Economics မှာ Nominal Income နဲ့ Real Income ကို ခွဲခြားကြည့်ဖို့ အရေးကြီးပါတယ်...

🔹 Nominal Income ဆိုတာ ကိုယ်ရရှိတဲ့ ငွေပမာဏကို တိုက်ရိုက်ကြည့်တာပါ...

🔹 Real Income ဆိုတာ အဲဒီငွေပမာဏနဲ့ လက်တွေ့မှာ ဘယ်လောက်အထိ ပစ္စည်းနဲ့ဝန်ဆောင်မှုတွေ ဝယ်ယူနိုင်သလဲဆိုတာကို ပြောတာပါ...

အရေးကြီးတာက🫧🫧🫧

🌟လစာဘယ်လောက်တိုးသွားလဲဆိုတာထက်၊ လစာတိုးနှုန်းက ဈေးနှုန်းတိုးနှုန်းထက် မြန်သလားဆိုတာက ပိုအရေးကြီးပါတယ်🌟

ဥပမာ
လစာ 10% တိုးပြီး ဈေးနှုန်း 5% ပဲတက်ရင် → ဝယ်ယူနိုင်စွမ်း တိုးလာနိုင်ပါတယ်...

ဒါပေမယ့်
လစာ 10% တိုးပြီး ဈေးနှုန်း 15% တက်ရင် → လစာတိုးပေမယ့် လက်တွေ့ဝယ်ယူနိုင်စွမ်း လျော့သွားနိုင်ပါတယ်...

ဒါကြောင့် တစ်ခါတလေ “လစာတိုးလာပေမယ့် ငွေမလောက်တော့ဘူး” ဆိုတဲ့ ခံစားချက်ဟာ စိတ်ထဲကထင်ယောင်ထင်မှားဖြစ်နေတာ မဟုတ်ပါဘူး...

ကိုယ့်ဝင်ငွေတိုးလာမှုနဲ့ ကိုယ်နေ့စဉ်ဝယ်ယူနေရတဲ့ ပစ္စည်းတွေရဲ့ ဈေးနှုန်းတိုးလာမှုကို နှိုင်းယှဉ်ကြည့်လိုက်ရင် အဖြေကို တွေ့နိုင်ပါတယ်...

📚 Economics ဆိုတာ စာအုပ်ထဲမှာပဲရှိတာမဟုတ်ပါဘူး...
နေ့စဉ်ဘဝမှာ ကိုယ်ကြုံတွေ့နေရတဲ့ အရာတိုင်းနီးပါးနဲ့ ဆက်စပ်နေပါတယ်...

Sharing is caring 🫧🫧🫧
by Tr Easter 🪸🦭🪼

Easter IGCSE Distance Learning

18/07/2026

#ဒီရက်ပိုင်း_စူပါမားကတ်သွားရင်_ကုန်ဈေးနှုန်းတွေ_တက်နေတာ_သတိထားမိကြလား?

☘️လူအများစုက "Inflation တက်နေလို့ပေါ့" လို့ ဖြေကြပါတယ်... ဒါပေမယ့် အဲဒါတစ်ခုတည်းတော့ မဟုတ်ပါဘူး...

🌿ဥပမာ နိုင်ငံတစ်နိုင်ငံက သွင်းကုန်အခွန် (Import Tariff) ကို တိုးလိုက်ရင် နိုင်ငံခြားက တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေ ကုန်ကျစရိတ် ပိုများလာပါတယ်...

🍀လုပ်ငန်းတွေက အဲဒီကုန်ကျစရိတ်ကို ကိုယ်တိုင်မခံနိုင်တဲ့အတွက် ရောင်းဈေးထဲ ထည့်တွက်လိုက်ကြပါတယ်...
နောက်ဆုံးမှာတော့ ဈေးပိုပေးရတာက စားသုံးသူတွေပါပဲ...

🌲ဒါကြောင့် ကုန်ဈေးနှုန်းတက်တိုင်း Inflation ကိုပဲ အရင်စဉ်းစားမယ့်အစား Tariff၊ ထုတ်လုပ်မှုကုန်ကျစရိတ်၊ လုပ်သားခ၊ လောင်စာဆီဈေးနဲ့ Supply Chain ပြဿနာတွေကိုလည်း ထည့်စဉ်းစားဖို့ လိုပါတယ်...

🪴Economics က စာမေးပွဲအတွက်သာ မဟုတ်ပါဘူး... နေ့စဉ်ဘဝမှာ ဖြစ်နေတဲ့ စီးပွားရေးဖြစ်စဉ်တွေကို နားလည်ဖို့လည်း အရေးကြီးပါတယ်...

သင်ရော... လက်ရှိ ကုန်ဈေးနှုန်းတက်နေတာရဲ့ အဓိကအကြောင်းရင်းက ဘာလို့ထင်ပါသလဲ?

Sharing is caring 🫧🫧🫧
By Tr Easter 🪸🦭🪼
Easter IGCSE Distance Learning

12/06/2026

** IGCSE CIE & Edexcel 2027 May June Exam preparation group class**

**IGCSE CIE & Edexcel 2027 Oct Nov Exam preparation group class**

💐 Subject-Business Studies, Economics and Accounting
💐 Course book+ work book +summarized notes ဖြင့်နားလည်အောင်စာသင်ကြားပေးပါတယ်
💐 Exam တွေ ဖြေနိုင်စေရန် မေးနိုင်သည့် သင်ခန်းစာများကို အသေးစိတ်သင်ကြားပေးပါတယ်
💐 Past paper မှထုတ်ယူထားသော topic related questions များဖြင့်လေ့ကျင့်ပေးပါတယ်
💐 Monthly tests များပုံမှန်စစ်ပေးပါတယ်
💐 Exam နီးတော့ revision and past paper တခါထဲလေ့ကျင့်ပေးပါတယ်
💐 ကလေးဘက်ကစာသေချာလိုက်လုပ်ရင် A* ရအောင်ထိသေချာလုပ်ပေးနိုင်ပါတယ်
Only 5 students per class
One-on-one classes are also available.

For more details

Phone 📲 viber & telegram 09791596806
Page messenger 📧 Easter IGCSE Distance Learning

Tr Easter
Master of Economics [M.Econ(Eco)] YUeco
Bachelor of Economics (Qualify)
ACCA Diploma in Accounting and Business (RQF level 4) UK
Group Diploma in Management Accounting (LCCI level 3)UK

29/05/2026

?” 💭

🫧လူတော်တော်များများက “ငွေက ပျော်ရွှင်မှုကို မဝယ်နိုင်ဘူး” လို့ပြောကြပါတယ်...
🫧ဒါပေမယ့် တကယ့်ဘဝမှာတော့ Money without happiness ဆိုတာထက်…
🫧No money, more stress ဆိုတဲ့ situation ကို လူအများစု ကြုံဖူးကြမှာပါ...

🫧Economics မှာ “Unlimited wants, limited resources” ဆိုတဲ့ concept ရှိပါတယ်...
🫧လူတွေရဲ့လိုချင်မှုက မဆုံးနိုင်ပါဘူး...
🫧ဒါပေမယ့် resources တွေ၊ income တွေက အကန့်အသတ်ဖြစ်ပါတယ်...
🫧ဒါကြောင့် basic needs ဖြစ်တဲ့ food, shelter, healthcare, education တွေကို ဖြည့်ဆည်းဖို့ money က အရေးကြီးလာတယ်...

ဥပမာ…
🫧နေမကောင်းတဲ့အချိန် ဆေးကုဖို့ပိုက်ဆံရှိတာ၊
မိသားစုကို အဆင်ပြေတဲ့အိမ်မှာထားနိုင်တာ၊
ကလေးကို quality education ပေးနိုင်တာ —
ဒီအရာတွေက happiness နဲ့ peace of mind ကို တိုက်ရိုက်ဆက်စပ်နေတတ်ပါတယ်...

🫧Management concept အရကြည့်ရင်လည်း
Maslow’s Hierarchy of Needs theory မှာ basic physiological needs နဲ့ safety needs မပြည့်စုံသေးရင် higher-level happiness ကို ရဖို့ခက်တယ်လို့ ဖော်ပြထားပါတယ်...

🫧တကယ်တော့ money က happiness ကို “တိုက်ရိုက်” မဝယ်နိုင်ပေမယ့်…
🫧stress လျော့စေတဲ့ opportunities, security, freedom တွေကိုတော့ ဝယ်ပေးနိုင်ပါတယ်...

🫧ဒါပေမယ့် ပြဿနာ ကတော့ —
လူတော်တော်များများဟာ money ကို happiness အတွက် tool အဖြစ်မမြင်တော့ဘဲ…
🫧happiness itself လို့ထင်လာကြတာပါပဲ...

🫧Luxury car ရှိလည်း peace of mind မရှိနိုင်ပါဘူး...
🫧High salary ရှိလည်း family time မရှိနိုင်ပါဘူး...
🫧Big house ရှိလည်း genuine relationships မရှိနိုင်ပါဘူး...

🫧Economics မှာ “Diminishing Marginal Utility” ဆိုတဲ့ idea တစ်ခုရှိတယ်...
🫧ပထမ salary များလာတာ က ပျော်ရွှင်မှုအများကြီးပေးနိုင်ပေမယ့်…
🫧income ပိုများလာတဲ့အချိန်မှာ အရင် ေလာက် ပျော်ရွှင်မှုမျိုး မခံစားရတာ ကြုံတွေ့နိုင်ပါတယ်...

နောက်ဆုံးမှာတော့ —
🫧Money is important.
But how we use money determines whether it creates happiness or pressure.

🫧ပိုက်ဆံက ဘဝကို အဆင်ပြေစေနိုင်တယ်...
🫧ဒါပေမယ့် meaningful relationships, health, peace of mind, and purpose —
🫧ဒီအရာတွေကိုတော့ money တစ်ခုတည်းနဲ့ မဝယ်နိုင်ဘူး ဆိုတာပါဘဲ...

So…
Do you think money can really buy happiness? 💬
Sharing is caring 🫧🫧🫧
By Tr Easter 🦭🪼🪸

Easter IGCSE Distance Learning

Photos from Easter IGCSE Distance Learning 's post 25/05/2026

🌍 Globalisation ရဲ့ အကျိုးကျေးဇူးများနှင့် ဆိုးကျိုးများ 🌍

✨ယနေ့ခေတ်မှာ Globalisation ဟာ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများ၊ စီးပွားရေးလုပ်ငန်းများနဲ့ လူမှုဘဝတွေကို အရင်ကထက် ပိုမိုချိတ်ဆက်ပေးလာတဲ့ အရေးကြီးသော ဖြစ်စဉ်တစ်ခုဖြစ်လာပါတယ်...
✨ နိုင်ငံတစ်နိုင်ငံမှာ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းကို အခြားနိုင်ငံများသို့ အလွယ်တကူ ရောင်းချနိုင်သလို၊ နည်းပညာနဲ့ အင်တာနက်တိုးတက်မှုကြောင့် လူတွေဟာ ကမ္ဘာအနှံ့ ဆက်သွယ်နိုင်လာကြပါတယ်...

✨Globalisation ရဲ့ အကြီးမားဆုံး အကျိုးကျေးဇူးတစ်ခုက စီးပွားရေးအခွင့်အလမ်းများ ပိုမိုတိုးလာခြင်းဖြစ်ပါတယ်...
✨ဥပမာအားဖြင့် မြန်မာနိုင်ငံက clothing business သေးသေးလေးတစ်ခုတောင် social media နဲ့ online shopping platforms တွေကနေ တခြားနိုင်ငံက customers တွေဆီကို ရောင်းချနိုင်လာပါတယ်...
✨ ဒီလိုအခွင့်အရေးတွေက လုပ်ငန်းတိုးတက်စေပြီး အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ပိုမိုဖန်တီးပေးနိုင်ပါတယ်...

✨ဒါ့အပြင် Globalisation ကြောင့် လူတွေဟာ နိုင်ငံခြားနည်းပညာ၊ ပညာရေးနဲ့ quality products တွေကို ပိုမိုအသုံးပြုနိုင်လာကြပါတယ်...
✨ ယနေ့ခေတ် ကျောင်းသားတွေဟာ online learning platforms တွေကနေ နိုင်ငံတကာပညာရေးကို လေ့လာနိုင်သလို၊ businesses တွေလည်း modern technology တွေကို အသုံးပြုပြီး productivity ပိုမိုတိုးတက်လာစေနိုင်ပါတယ်...

✨သို့သော် Globalisation မှာ ဆိုးကျိုးတွေလည်း ရှိနေပါတယ်။ Local businesses သေးသေးလေးတွေဟာ multinational companies ကြီးတွေနဲ့ ယှဉ်ပြိုင်ရခက်ခဲလာနိုင်ပါတယ်...
✨ဥပမာအားဖြင့် local coffee shop တစ်ခုဟာ နိုင်ငံတကာ brand coffee shops တွေ ဝင်ရောက်လာတဲ့အခါ customers လျော့နည်းသွားနိုင်ပါတယ်...

✨ဒါ့အပြင် နိုင်ငံခြားယဉ်ကျေးမှုများ ပိုမိုလွှမ်းမိုးလာခြင်းကြောင့် local culture နဲ့ traditional products တွေ အာရုံစိုက်မှုလျော့နည်းလာနိုင်ပါတယ်...
✨စက်ရုံများ ပိုမိုတိုးပွားလာခြင်း၊ သယ်ယူပို့ဆောင်ရေးများ တိုးလာခြင်းတို့ကြောင့် environmental pollution ပြဿနာများလည်း ဖြစ်ပေါ်လာနိုင်ပါတယ်...

✨Globalisation ဟာ ကောင်းကျိုးနဲ့ ဆိုးကျိုး နှစ်မျိုးလုံးရှိပေမယ့် ယနေ့ခေတ် business world ကို အလွန်အရေးကြီးစွာ သက်ရောက်နေဆဲဖြစ်ပါတယ်...
✨ ထို့ကြောင့် စီးပွားရေးတိုးတက်မှု၊ local businesses များ မပျောက်ကွယ်သွားအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ နဲ့ ယဉ်ကျေးမှုထိန်းသိမ်းရေးတို့ကို balance ဖြစ်အောင် ကောင်းမွန်တဲ့နည်းလမ်းများ ရှာဖွေရန် အရေးကြီးလာပါတယ်...

📚 Globalisation ကို နားလည်ခြင်းက ယနေ့ခေတ် ကမ္ဘာ့စီးပွားရေးစနစ် ဘယ်လောက်အထိ ချိတ်ဆက်နေပြီဆိုတာကို ပိုမိုမြင်နိုင်စေပါတယ်...
Sharing is caring 🫧🫧🫧
By Tr Easter 🦭🪼🪸

Easter IGCSE Distance Learning

23/05/2026

. 📚

Business Studies ဆိုတာ textbook ထဲက theory တွေကို အလွတ်ကျက်ရုံမဟုတ်ပါဘူး... Businesses တွေ ဘယ်လိုဆုံးဖြတ်ချက်ချကြသလဲ?
ဘာကြောင့်အောင်မြင်ကြသလဲ?
ဘာကြောင့်ကျရှုံးကြသလဲ?
ဆိုတာကို နားလည်သဘောပေါက်ဖို့ အရေးကြီးပါတယ်...

Real business examples တွေနဲ့ case studies တွေကို လေ့လာရင်း analytical thinking, problem-solving skills နဲ့ decision-making skills တွေကို တဖြည်းဖြည်း တိုးတက်လာစေပါတယ်...

Exam အတွက် marks ကောင်းဖို့သာမက future career နဲ့ everyday life မှာပါ အသုံးဝင်တဲ့ subject တစ်ခုဖြစ်တာကြောင့် Business Studies ကို understanding နဲ့လေ့လာဖို့ အရေးကြီးပါတယ် ✨✨✨
Sharing is caring 🫧🫧🫧
By Tr Easter 🦭🪼🪸

Easter IGCSE Distance Learning

Photos from Easter IGCSE Distance Learning 's post 30/04/2026

ှိပေမယ့်_Business_ဘာကြောင့်_Fail_ဖြစ်နိုင်လဲ?
လူတော်တော်များများက “Profit ရှိရင် business က အဆင်ပြေနေပြီ” လို့ ထင်တတ်ကြပါတယ်…
ဒါပေမယ့် လက်တွေ့မှာတော့ profit ရှိနေပေမဲ့လည်း business ပျက်သွားတဲ့ case တွေ အများကြီးတွေ့ရပါတယ်…
အဲ့ဒါက ဘာကြောင့်လဲဆိုတာကို သေချာလေးနားလည်အောင် ရှင်းပြပါမယ်နော်…

💸 ောင်းရင်_profit_ရှိလည်း_Business_ဟာမတည်မြဲနိုင်ပါဘူး
Business တစ်ခုမှာ profit ရှိတယ်ဆိုတာက စာရင်းပေါ်မှာပဲ ဖြစ်နိုင်ပါတယ်…
အမှန်တကယ် လုပ်ငန်းလည်ပတ်ဖို့လိုတာက cash ဖြစ်ပါတယ်…
ဥပမာ customer တွေကို credit နဲ့ရောင်းထားလို့ profit တွက်ချက်လိုက်ရင် ရှိနေတယ်ဆိုပေမယ့် ငွေမဝင်သေးပါဘူး…
ဒါကြောင့် rent၊ လစာ၊ supplier တွေကို ပေးချေရမယ့်အချိန်မှာ cash မလောက်ဖြစ်သွားစေနိုင်ပါတယ်…
ဒီလိုအခြေအနေမျိုးမှာ profit ရှိပေမယ့် business ပိတ်သိမ်းရနိုင်ပါတယ်…

 လုပ်ငန်းကိုမြန်မြန်ဆန်ဆန် ချဲ့ထွင်လိုက်တာက အန္တရာယ်ရှိလာနိုင်ပါတယ်
Business ကောင်းနေတယ်ဆိုပြီး တစ်ခါတည်း branch တွေအများကြီးဖွင့်လိုက်တာမျိုး၊ production တိုးလိုက်တာမျိုးတွေ လုပ်တတ်ကြပါတယ်…
ဒါပေမယ့် expansion လုပ်တာနဲ့တပြိုင်နက် staff စရိတ်၊ နေရာခ စရိတ်၊ stock စရိတ်တွေ အရမ်းတိုးလာပါတယ်…
အဲ့ဒီ growth ကို မထိန်းနိုင်ဘူးဆိုရင် quality ကျသွားနိုင်ပြီး customers တွေလည်း မလာတော့ပါဘူးရှင့်
အဲ့လိုဖြစ်သွားတာနဲ့ revenue လျော့ပြီး business ပျက်သွားနိုင်ပါတယ်…

😱 ို_အမှီမလိုက်နိုင်ရင်လဲ_အရှုံးဖြစ်လာနိုင်ပါတယ်
Market ဆိုတာ အမြဲပြောင်းနေပါတယ်…
Customer တွေရဲ့ အကြိုက်နဲ့ နှစ်သက်မှုတွေ၊ technology တွေ၊ trend တွေက ပုံသေတွက်ထားလို့ မရပါဘူးရှင့်…
အရင်တုန်းက profit ကောင်းတဲ့ product တစ်ခုဟာ နောက်ပိုင်းမှာ demand မရှိတော့တာမျိုးဖြစ်လာနိုင်ပါတယ်… ဥပမာအားဖြင့် Blockbuster လို business က အရင်တုန်းက အရမ်းအောင်မြင်ခဲ့ပေမယ့် online streaming ပေါ်လာတဲ့အခါ မပြောင်းလဲနိုင်ခဲ့တာကြောင့် နောက်ကျကျန်သွားခဲ့ရပါတယ်…
ဒါက “အရင်ကအောင်မြင်ခဲ့တာ” က အမြဲတမ်းအောင်မြင်မယ်လို့ တွက်ထားလို့မရဘူး ဆိုလိုတာကို ပြလိုက်တာပါဘဲရှင့်…

😶‍🌫️ ောင်းရင်လဲ_business_ကို_ထိခိုက်စေပါတယ်
Business တစ်ခုအတွက် management က အရမ်းအရေးကြီးပါတယ်…
Owner or manager ရဲ့ ဆုံးဖြတ်ချက်တွေ မမှန်ကန်ရင် profit ရှိနေပေမဲ့လည်း အနာဂတ်မှာ ပြဿနာတွေတက်လာနိုင်ပါတယ်…
ဥပမာ stock မထိန်းနိုင်လို့ မရောင်းရတဲ့ပစ္စည်းတွေ အများကြီးကျန်နေမယ်ဆိုရင် ငွေတွေဟာ stock ထဲမှာပိတ်သွားပါတယ်…
ဒီလိုနဲ့ cash flow ပြဿနာဖြစ်ပြီး business ကျဆင်းသွားနိုင်ပါတယ်ရှင့်…

🤯 ဲ့_Debt_များလွန်းရင်_ဖိအားတိုးလာပါတယ်
Business တစ်ခုမှာ rent၊ လစာ၊ loan repayment လို fixed costs တွေ အမြဲပေးရပါတယ်…
Profit ရှိတယ်ဆိုပေမယ့် အဲ့ဒီကုန်ကျစရိတ်တွေကို cash နဲ့ပေးရတာဖြစ်လို့ တချို့အချိန်မှာ ငွေကြပ် ပြီး မလုံလောက်ဖြစ်သွား နိုင်ပါတယ်…
Loan များလွန်းရင်လည်း interest payment တွေကနေလည်း burden တိုးစေပါနိုင်တယ်…
Sales နည်းသွားတဲ့အချိန်မှာ ဒီလိုကုန်ကျစရိတ်တွေကို မထိန်းနိုင်တော့ရင် business ကျဆုံးနိုင်ခြေ မြင့်ပါတယ်ရှင့်…

👎 ်ခုတည်းကိုဘဲ_ကြည့်တာမျိုး_မဖြစ်သင့်ပါဘူး
Profit ဆိုတာ accounting figure တစ်ခုပါ…
တချို့အချိန်မှာ depreciation လို cash မထွက်တဲ့ item တွေပါဝင်နေတတ်ပါတယ်…
ဒါကြောင့် profit ရှိတယ်ဆိုတာ တစ်ခုတည်း နဲ့ business က အဆင်ပြေနေတယ်လို့ မသတ်မှတ်နိုင်ပါဘူးနော်…
တကယ်ကြည့်ရမှာက cash flow၊ liquidity နဲ့ overall financial position ပါ…

💥Noted
🩵Profit ရှိတာတစ်ခုတည်းနဲ့ business မအောင်မြင်ပါဘူး…
💚Cash flow ကောင်းရမယ်၊ management ကောင်းရမယ်၊ market trends ကိုလိုက်နိုင်ရမယ်၊ costs ကို သေချာ control လုပ်နိုင်ရမယ်…
💜 ဒီအချက်တွေမရှိရင် profit ရှိနေပေမယ့်လည်း business ကျဆင်းနိုင်ပါတယ်ရှင့်…
Sharing is caring
Tr Easter 🦭🪼🪸

Easter IGCSE Distance Learning

Category

Telephone

Website

Address


Yangon