Apollo Agency

Apollo Agency

Share

Our Mrketing Agency creates effective marketing processes to promote your business in short time by the efforts of artists and marketers. We are APOLLO.

With the combination of artists and marketers, APOLLO creates effective marketing for promoting your business in short time. We are CREATIVE and TACTICS.

17/06/2019

ကျွန်တော်တို့ Apollo Agency က ဒီရက်ပိုင်းအတွင်း Brand တစ်ခုကို အစကနေအဆုံး စတင်ဖန်တီးသွားမှာ ဖြစ်ပါတယ်။

လုပ်ငန်းအပ်နှံသူကတော့ ရန်ကုန်မြို့အခြေစိုက် Tour Agency တစ်ခုဖြစ်တဲ့ Burma Travellers ဖြစ်ပြီး လုပ်ငန်းရှင်များရဲ့ ခွင့်ပြုချက်နဲ့ Branding Process များကို မျှဝေသွားပါမယ်။



https://m.facebook.com/burmatravellers/?ref=bookmarks

Burma Travellers Burma Travellers Tour - Official Page
We are one of the fastest growing Travel & Tour Companies in Myanmar. We’re running destination management throughout Myanmar with excellent services.

01/05/2019

F8 အရ​တော့ Facebook မှာ အပြာ​ရောင် အများအပြား ​တွေ့ရဖွယ်မရှိ​တော့ပါဘူး။ ဒီအ​ပြောင်းအလဲ​ကြောင့် Facebook အသုံးပြုသူ​တွေ ပိုပြီးရှင်းလင်းတဲ့ User Experience အသုံးပြုနိုင်ပါလိမ့်မယ်။

29/03/2019

Brand တစ်ခု ထိုးဖောက်ဖို့ကြိုးစားရတဲ့ ရည်ရွယ်ချက်က ကိုယ့်လုပ်ငန်းရဲ့ တန်ဖိုး Value ကို စားသုံးသူတွေသိသွားဖို့က အဓိကပါ။ အဲ့ဒီအတွက် ဘတ်ဂျက်တွေအများကြီးသုံးဖို့ ခေါင်းစားနေစရာမလိုပါဘူး။

ကိုယ့်လုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ ပစ္စည်းလေးတွေက စလိုက်ကြစို့လား။

MRA Travels ရဲ့ ခရီးဆောင်အိတ်အတွက် Tag ဒီဇိုင်းလေးကို Apollo က ဖန်တီးပေးထားတဲ့ပုံလေး ဖော်ပြလိုက်ပါတယ်။

Photos from Apollo Agency's post 22/03/2019

အလှအပအမှတ်တံဆိပ် Coty ဟာ “မတူကွဲပြားတဲ့ အလှအပတွေ အသိအမှတ်ပြုခံရခြင်း၊ ပိုမိုလွှတ်လပ်စွာ ထုတ်ဖော်နိုင်ခွင့် ရှိခြင်း” စတဲ့ ရည်ရွယ်ချက်တွေကို ဖော်ပြနိုင်ဖို့အတွက် မူရင်အမှတ်တံဆိပ်ကို စွန့်လွှတ်ပြီး အသစ်တစ်ဖန်ပြန်ဖန်တီးဖို့ Workroom agency ကို ၂၀၁၆ ခုနှစ်မှာ လုပ်ငန်းအပ်နှံခဲ့ပါတယ်။

Workroom agency ဟာ သဘာဝနဲ့ လူသားတွေကြား ကွဲပြားကြွယ်ဝလှတဲ့ အလှတရားကို ကိုယ်စားပြုဖို့ လိပ်ပြာသဏ္ဍန်ကို ရွေးချယ်ခဲ့ပြီး အရောင်စုံလင်တဲ့ graphical elements တွေကို အသုံးပြုပြီး Coty Brand အသစ်ကို ဖန်တီးခဲ့ပါတယ်။ ရလာတဲ့ ရလာဒ်ကတော့ အကောင်းဆုံး rebrand ပြုလုပ်နိုင်မှုအဖြစ် အများကအသိအမှတ်ပြုခြင်းခံရပြီး ကိန်းဂဏန်းတွေအရလည်း အောင်မြင်သွားပါတော့တယ်။

Presentation : http://workroom.co.uk/work/coty-rebrand/

01/12/2018

Professional Social Media Marketing Course
➖➖➖➖➖➖➖➖➖➖➖➖ ➖➖➖➖

ဘယ်လိုသင်တန်းလဲ ???
ရုံးချိန်လွတ် သင်တန်း (၂)ပတ် ကာလ၊ (၁၀) ရက်အတွင်း
ကိုယ်တိုင် စနစ်တကျ Page တစ်ခုကို ဖန်တီးပြီး
ထိရောက်တဲ့ Social Media Marketing ကို ဖော်ဆောင်နိုင်ရစေမယ့် သင်တန်း

➖➖➖➖➖➖➖➖➖➖➖➖ ➖➖➖➖

ဘယ်သူက သင်ပေးမှာလဲ ???
၂၀၁၈ ခုနှစ်အတွင်း Business လုပ်ငန်း ၂၃ ခုကို
ထိရောက်တဲ့ Facebook Marketing လုပ်ဆောင်ပေးနေသည့်
Apollo Digital Agency ၏ Digital Marketer မှ
လက်တွေ့လုပ်ငန်းခွင်သုံးနည်းစနစ်များကို သင်ကြားပေးပါမည်။

➖➖➖➖➖➖➖➖➖➖➖➖ ➖➖➖➖

ဘယ်သူတွေ တက်သင့်သလဲ ???
Professional Digital Marketer အဖြစ် လုပ်ကိုင်လိုသူများ
SME လုပ်ငန်းရှင်များ
ကိုယ့် Page ကို စနစ်တကျ တည်ဆောက်လိုသူများ
Sales & Marketing Supervisor / Manager များအနေနဲ့

ရုံးချိန်လွတ်လေ့လာသင်ယူလိုရင် တက်ရမယ့် သင်တန်း

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

ဘယ်သူတွေ မတက်သင့်ဘူးလဲ ???
သင်တန်းချိန် မှန်မှန်မလာနိုင်သူတွေ
(အတန်းချိန်ပျက်တာများရင် အချိတ်အဆက်မမိဘဲ နားမလည်ဖြစ်မယ်)

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

ဘာတွေကို ဘယ်လိုသင်မလဲ ???
လက်တွေ့အသုံးဝင်တဲ့ နည်းစနစ်တွေကို ရှင်းပြပြီး သင်တန်းကာလ ၂ ပတ်အတွင်း ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ဖန်တီးသွားရမယ် / ဖန်တီးနိုင်ရမယ်
စာတွေ့လက်တွေ့ မျှတစွာ သင်မယ့် သင်တန်းပါ

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

သင်တန်းက

နှစ်ပတ်ကာလ၊ (၁၀) ရက်သင်တန်း
ဒီဇင်ဘာ (၃) ရက်ကနေ (၁၄) ရက်အထိ
တနင်္လာကနေ့ သောကြာနေ့အထိ
ညနေ (၆) နာရီကနေ (၈) နာရီအထိ

သင်တန်းကြေးက
၁၀၀,၀၀၀ ကျပ်

သင်တန်းသူ/သား (၁၀) ဦးသာ
(အသက် ၂၁ နှစ်အထက်တွေအတွက် (၇) နေရာသာ)

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

Early Bird မရှိ
Promotion မရှိ

လူငယ်အချို့အတွက်တော့ အထူးအစီအစဉ်
၂၁ နှစ်အောက် (၃) ဦးကို
၃၀,၀၀၀ ကျပ်သာ ကောက်ခံပါမည်

➖➖➖➖ ➖➖➖➖ ➖➖➖➖ ➖➖➖

သင်ကြားမည့် Marketer
Oakkar Kyaw
Marketing Partner
Apollo Digital Agency

➖➖➖➖ ➖➖➖➖ ➖➖➖➖ ➖➖➖

သင်တန်းနေရာ
Learning Journey
လမ်း ၄၀၊ ၇၀ x ၇၁ ကြား၊
Dynasty လက်ဖက်ရည်ဆိုင်နှင့် ကပ်ရပ် အနောက်ဘက်တိုက်

ဖုန်း
၀၉ ၉၆ ၅၁၇ ၉ ၅၂၁

10/09/2018



[Unicode]
ခပ်ချာချာ အလုပ်လာအပ်တဲ့သူတွေနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ ဘာပြဿနာမှ မရှိခဲ့ဘူး။ မရှိဆို ပိန်းတဲ့ client ဆိုတာမှမရှိတာ။ ကျွန်တော့်တို့ အကောင်းဆုံးလုပ်ထားတဲ့ အလုပ်ကို အလုပ်အပ်သူတွေလက်ခံနားလည်လာအောင် ရှင်းပြရမှာက ကျွန်တော်တို့ လုပ်ငန်းရဲ့ အစိတ်အပိုင်းတစ်ခုပဲ။

Bob Gill (1999, President's Award, D&AD (British Design & Art Direction), UK)

07/09/2018



[Unicode]
Brand က ဘာကိုကိုယ်စားပြုသလဲ

မိတ်ဆွေတို့လုပ်ငန်းရဲ့ brand ဟာ ကိုယ့် စားသုံးသူ၊ လုပ်ငန်းအပ်နှံသူတွေကို ပေးတဲ့ ကတိပါ။ သူတို့အနေနဲ့ ဘယ်လိုထုတ်ကုန်တွေ ဝန်ဆောင်မှုတွေရနိုင်မယ်၊ သူများနဲ့မတူတဲ့ ဘာထူခြားမှုတွေရှိနေတယ် ဆိုတာကို brand က ပြောပြနိုင်ရပါမယ်။

05/09/2018


[Unicode]
ဈေးကွက်စီးပွားရေးစနစ် အသက်ဝင်လာတာနဲ့အမျှ market ကို ယှဉ်ပြိုင်ခြင်းနဲ့သာ ချဲ့ထွင်ကြရပါမယ်။ ဈေးကွက်ကို ထိရောက်တဲ့ စိန်ခေါ်မှုတွေလုပ်ဖို့၊ ပြိုင်ဘက်ထက် ခြေတစ်လှမ်းသာနေဖို့ သူငယ်ချင်းတို့ အဓိကလိုအပ်တာကတော့ Branding ပါပဲ။ နောင်လာမယ့် post တွေမှာ Branding ဘာလဲဆိုတာ ဆက်ဆွေးနွေးသွားကြမယ်။

ကုန်ပစ္စည်း အမှတ်တံဆိပ်တစ်ခုတွင် ရှိသင့်သည့် အချက်အလက်များ 19/06/2017

ထူးခြားကောင်းမွန်သော ကုန်ပစ္စည်း အမှတ်တံဆိပ်တစ်ခုသည် အခြားသောအမှတ်တံဆိပ်များထက်
ကွဲပြားခြားနားမှုရှိခြင်း ၊ သင့်လျော်မှန်ကန်မှုရှိခြင်း၊ လက်တွေ့ကျမှုရှိခြင်း၊ ရိုးရှင်းမှုရှိခြင်း နှင့် မိမိဖော်ပြလိုသော
အချက်အလက်အကြောင်းအရာများကို ကွက်ကွက်ကွင်းကွင်း ဖော်ပြပေးနိုင်မှုရှိခြင်း အစရှိသောအချက်
အလက်များနှင့်ပြုလုပ်ရပါမည်။

အမှတ်တံဆိပ် တစ်ခုပြုလုပ်မည်ဆိုလျှင် အောက်ဖော်ပြပါ အဓိကအချက် (၅) ချက်ကို မဖြစ်မနေဆောင်ရွက်
ပြုလုပ်ရမည်ဖြစ်ပါသည်။

(၁) ရိုးရှင်းမှုရှိခြင်း
(၂) အမှတ်တရရှိခြင်း
(၃) အချိန်မရွေး ထာဝရ ဖောက်ပြန်မှုမရှိခြင်း
(၄) လိုက်လျောညီထွေမှုရှိခြင်း
(၅) သင့်လျော်မှန်ကန်မှုရှိခြင်း တို့ဖြစ်ပါသည်။

ပုံများအား တစ်ပုံခြင်းစီဖိကြည့်ပေးပါရန်။

Want your business to be the top-listed Advertising & Marketing Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


Yangon
11052

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00