Atom And Suit

Atom And Suit

Share

We are digital agency with extraordinary expertise and energy.We provide both of digital and traditio

05/09/2020

မိတ်ဆွေတို့ စီးပွါးရေးအခြေအနေကောင်းကြလား?

COVID-19 စလိုက်တဲ့ March လကုန်လောက်တည်းက စီးပွါးရေးနယ်ပယ်အသီးသီးမှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ကုန်ပစ္စည်းရောင်းချတဲ့သူတွေမှာလည်း Health Precautions တွေကြောင့် လူအဝင်အထွက်နည်းသွားသလို Service ပေးရတဲ့လုပ်ငန်းတွေမှာလည်း သိသိသာသာ လှုပ်ခတ်မှုတွေရှိလာပါတယ်။

ယခုလို Stay Home, Lockdown အခြေအနေတွေမှာ Customer တွေကိုယ့်ဆီ ဘယ်လိုလာမလဲဆိုတာထက် Customer တွေဆီ ကိုယ်ဘယ်လိုရောက်အောင် သွားမလဲဆိုတာ အင်မတန်အရေးပါလာပြီ။

ယနေ့ခေတ်မှာ စစ်တမ်းများအရ ၂၂ သန်းထက်မနည်းသော မြန်မာနိုင်ငံရှိလူဦးရေများက Social Media ကိုအသုံးပြုနေကြပြီး အဲ့ထဲမှာ ကိုယ့် Target Customer မပါနိုင်ဘူးလို့ မပြောနိုင်ပါဘူး။ ဒီနေရာမှာ ကိုယ့်ကုန်ပစ္စည်း ကိုယ့်ဝန်ဆောင်မှုကို Social Media Platform တွေကတစ်ဆင့် စျေးရောင်းချခြင်း၊ လူအများသိအောင်ကြော်ငြာခြင်းတွေကို သုံးရတဲ့ငွေနဲ့တန်အောင် မိမိစီးပွါးရေး ဆက်လက်ရှင်သန်အောင်မြင်ဖို့ အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုဖြစ်လာပါတယ်။

ကဲ မိတ်ဆွေတို့ရေး နောက်အပတ်တွေမှာ Atom and Suit ကနေ Digital Marketing ကတစ်ဆင့် Business အပေါ် ဘယ်လိုအကျိုးရှိတဲ့အရာတွေကို မျှဝေပေးသွားမလဲဆိုတာ သိရအောင် စောင့်ကြည့်ပေးကြပါဦးနော်။

See you in next sharing ❤️

04/09/2020

Atom and Suit ဆိုတာဘာလဲ ?
Atom and Suit (ANS) ဆိုတာ မတူညီတဲ့ Fields တွေထဲက Well Experienced လူငယ်တွေ စုစည်းထားတဲ့ Marketing Agency တစ်ခုပါ..

ANS က ဘယ်သူတွေအတွက်လဲ ?
ANS က များသောအားဖြင့် Marketing Department သီးခြားမထားနိုင်တဲ့ local SME လုပ်ငန်းတွေအတွက် အဓိက ရည်ရွယ်ထားပါတယ်.. အမြဲတမ်း ဝန်ထမ်း မခန့်နိုင်သေးခင် ANS နဲ့ လက်တွဲခြင်းကြောင့် ခိုင်မာတဲ့ စျေးကွက်တစ်ခုရရှိနိုင်မှာပါ..

မိတ်ဆွေတို့ ရုံးမှာပဲနေပါ..
Customer တွေဆီဆက်သွယ်ဖို့
ANS ကိုတာဝန်ပေးလိုက်ပါ..

ANS Page ကနေလည်း Marketing နဲ့ သက်ဆိုင်တဲ့ ဗဟုသုတတွေကို အပါတ်စဉ် တင်ဆက်ပေးသွားမှာမို့ စောင့်ကြည့်ပြီး ဖတ်ရှုပေးကြပါဥိး..

01/09/2020

လက်ရှိမှာ လူတိုင်းက Digital Marketing ဘက်ကိုပြောင်းလဲအသုံးပြုနေကြပြီဆိုတော့ သူ့ရဲ့ အားသာချက်တွေကို အတော်များများသတိထားမိနေကြပြီလို့ ယူဆရပါတယ်။
အဲ့ဒီတော့ Traditional Marketing ကရော ပျောက်ကွယ်သွားတော့မှာလား? သူ့ရဲ့ အားသာချက်၊ အားနည်းချက်တွေက ဘာတွေဖြစ်မလဲဆိုတာ ဆွေးနွေးကြည့်ရအောင်
မင်မင်က စဉ်းစားမိသလောက်လေးတွေကို အောက်မှာ တင်ပြပေးပါ့မယ် (ပို့စ်အရမ်းရှည်မှာစိုးလို့ ဒီတစ်ပတ်တော့ အားသာချက် ၃ခုပဲ ပြောသွားပါ့မယ်နော်)

Traditional Marketing ရဲ့ အားသာချက်များ
၁)မိမိကုန်ပစ္စည်းကို မှတ်မိလွယ်ခြင်း (creative ဖြစ်တဲ့ billboard၊ ဆွဲဆောင်မှုရှိတဲ့ TV commercial၊ ပါးစပ်ကနေ လိုက်ဆိုမိနေတဲ့ Radio ကကြေငြာသီချင်းတွေရဲ့အောင်မြင်မှုတွေဟာ online ပေါ်မှာ တွေ့မြင်နေရတဲ့ Sponsored Ads တွေထက်တော့ စိတ်ထဲပိုပြီးစွဲထင်နေတာ အမှန်ပါပဲ - creativity နဲ့လည်းဆိုင်သလို ကျော်သွားလို့မရဘဲ မြင်နေကြားနေရတာကြောင့်လည်း ပိုမှတ်မိတာလည်း ဖြစ်နိုင်တာပေ့ါနော် 😅😅)၊
၂) Printed Materials တွေက ပိုကြာကြာခံတယ် (နေ့စဉ်သတင်းစာမှာကြေငြာမလား၊ ဒါမှမဟုတ် လစဉ်ထုတ်မဂ္ဂဇင်းမှာပဲ ကြေငြာမလား; တကယ်တော့ အဲ့ဒီသတင်းစာ၊ မဂ္ဂဇင်းတွေကို လူတွေဖတ်နေသ၍၊ မစုတ်ပြဲသေးသ၍ ကိုယ့်ကြော်ငြာကို လူတွေမြင်နိုင်ဖို့ အခွင့်အလမ်းရှိနေတုန်းပဲလေ)၊
၃)နေ့စဉ်ဘဝရဲ့ တစ်စိတ်တစ်ပိုင်း (တချို့Radio ကြော်ငြာလေးတွေဆိုရင် ရုံးတက်ရုံးဆင်းချိန်တိုင်း ကားပေါ်မှာနားထောင်နေရလို့ နေ့စဉ်ဘဝရဲ့ တစ်စိတ်တစ်ပိုင်းလိုကို ဖြစ်နေပါပြီ 😂😂၊ TV ကြော်ငြာတွေဆိုလည်း အတူတူပါပဲ; Champions League ပွဲပြီးတာနဲ့ Heineken ကြော်ငြာကို မျှော်နေမိတာမျိုးပေါ့ 🍻)

ကဲ မင်မင်ပြောတဲ့ ဒီ(၃)ချက်ကို သဘောတူကြရဲ့လား၊ မတူတဲ့အမြင်လေးတွေရှိရင်လည်း ဆွေးနွေးပေးပါနော််

ကျန်နေသေးတဲ့ အချက်တွေကိုလည််း comment မှာ ဝင်ပြီး sharing လုပ်ပေးကြပါဦး။

27/08/2020

ကိုဗစ်ဒုတိယလှိုင်းနဲ့အတူ ANS ပြန်လာပါပြီ..

ခုဆိုရင် ကူးစက်မှုတွေ တကျော့ပြန်များလာတာမို့ Social Distancing ကအရေးကြီးပါတယ်.. ဒါ့ကြောင့် လူတိုင်း ဖုန်းကိုင်နေကြတဲ့ ခေတ်မှာ လုပ်ငန်းတွေအနေနဲ့ လူတွေဆီကို ကိုယ်တိုင်သွားနေမယ့်အစား Digital Channel ပေါ်ကနေ ဆက်သွယ်ဖို့လိုအပ်နေပါပြီ..

ဒီလို Digital Channel တွေကနေ ဆက်သွယ်နိုင်ဖို့ ဘာတွေ လိုအပ်မလဲဆိုတာ သိချင်ရင်တော့ ANS ကို Messenger ကနေဆက်သွယ်ပြီး အကြံဉာဏ်တောင်းလို့ရပါတယ်..

မိတ်ဆွေတို့ ရုံးမှာပဲနေပါ..
Customer တွေဆီဆက်သွယ်ဖို့
ANS ကိုတာဝန်ပေးလိုက်ပါ..

ANS Page ကနေလည်း Marketing နဲ့ သက်ဆိုင်တဲ့ ဗဟုသုတတွေကို အပါတ်စဉ် တင်ဆက်ပေးသွားမှာမို့ စောင့်ကြည့်ပြီး ဖတ်ရှုပေးကြပါဥိး..

14/03/2019

Facebook & Instagram ဒေါင်းနေကြောင်း Twitter မှာ အသိပေးထားပါတယ် . ဒီကိစ္စက အများပြောနေကြသလို Cyber Attack , DDoS တိုက်ခံရတာ မဟုတ်ဘူးလို့တော့ ငြင်းဆိုထားပါတယ် . ခုလတ်တလော ပြင်ဆင်မှုတွေ လုပ်နေပြီး မကြာခင် ပြန်ကောင်းမယ်လို့ ယူဆရပါတယ် .
ခင်ဗျားတို့ရော ဘယ်လိုထင်ကြလဲ ?

03/03/2019

🇲🇲 အစိုးရရုံးသုံး font ဖြစ်လာတော့မယ့် ပြည်ထောင်စု Font ဟာ ယူနီကုဒ်စံနှုန်းများကို လိုက်နာတဲ့ font စနစ်ဖြစ်ပါတယ်။
✅ Win Fonts ဆိုတာရယ် .
✅ Zawgyi Fonts ဆိုတာရယ် .
✅ UniCode Standard ဖြစ်တဲ့ Myanmar 2 ,
Myanmar 3 Fonts ဆိုတာရယ် . တိုင်ပါတ်နေတုန်းမှာပဲ ..
ပြည်ထောင်စု Font ဆိုပြီး ထွက်လာပါပြီ .

အောက်မှာ download လင်ခ့်တင်ပေးထားပါတယ်။
👇👇👇👇👇👇👇👇
http://mcf.org.mm/download-center/pyidaungsu-font.html

Digital Marketer တွေရော ဘာ Font သုံးကြမလဲ ??
အရင်လို Zawgyi Unicode တင်မက ပြည်ထောင်စု ဆိုပြီး ၃ ပိုင်းခွဲရေးကြမလား ?? အမြင်လေးတွေ ပြောသွားကြပါဦး ..

19/02/2019

IMF မှ South East Asia နိုင်ငံများအတွက် ထုတ်ပြန်သော နိုင်ငံအလိုက် GDP per Capita စာရင်းတွင် မြန်မာ ထိပ်ဆုံးမှ ရပ်တည်လျက်ရှိ ..
အဲလိုလေး ပြောင်းပြန်လှန်ထားတာပဲ စိတ်ချမ်းသာတယ် . စလုံးနဲ့ ယှဉ်ရင် ဘယ်နှစ်ဆ မှန်းတောင် မသိတော့ဖူး . :3 :3

Photos from Atom And Suit's post 13/02/2019

We Are Social က ထုတ်ပြန်တဲ့ မြန်မာ နိုင်ငံနဲ့ပါတ်သတ်တဲ့ ဒေတာပါ . အားလုံးသုံးလို့ရအောင် ပြန် Share ပေးလိုက်ပါတယ် .

07/02/2019

Facebook Messenger မှာ ပို့ပီးသားစာကိုဖျက်​လို့ရတဲ့ Unsend Feature ပါဝင်​လာပါပြီ .

ကိုယ်​ပို့ထားပြီး seen ဖြစ်​ပီးသား စာကို ဖျက်​လို့ရတာပါ . ဟိုဖက်​မှာ ​ရော ပျက်​တာပါ . Remove နှိပ်​လိုက်​မယ်​ဆိုရင်​ ကိုယ့်​ဖက်​ကပဲ ဖျက်မှာလား နှစ်​ဖက်​လုံးအတွက်​ ဖျက်​မလားဆိုပြီး 2 မျိုး ​ရွေးချယ်​နိုင်​ပါတယ်​ .

စာတွေမှားပို့တာ . CB မှားပို့တာတွေအတွက် အသုံးဝင်တာပေါ့ .

ဒါ​ပေမယ့်​ ကန့်သတ်ချက်လေးတော့ရှိပါတယ် . 10 min အတွင်းပို့ထားတဲ့ message ​တော့ဖြစ်​ရပါမယ်​. 10 မိနစ်ကျော်သွားရင်တော့ ကိုယ့်ဖက်ကပဲ ဖျက်လို့ရမှာပါ . အခုပဲ Messenger ကို Play Store နဲ့ App Store ​ပေါ်မှာ Update လုပ်​ပြီး စမ်းကြည့်​လိုက်​ပါတော့ .

11/12/2018

အလုပ်တွေမအားလို့ မရေးတာကြာလို့ ဖုန်တက်နေလောက်ရောပေါ့ .. ခုက ဖုန်လာခါတာပါလေ .. ပြန်ရေးဖို့ အားယူနေတုန်းမို့ပါ ..

ပုံလေးကတော့ ကြိုက်လို့ ကူးလာတာ ..

30/08/2018

Facebook က Video Ads တွေကို Mobile Optimize ဖြစ်ဖို့ Toolsအသစ်တွေဖန်တီးပေးလိုက်ပါပြီဗျ...

ဒီtoolsတွေက ကိုယ့်မှာရှိတဲ့ဓါတ်ပုံကို Videoအဖြစ်ကိုပြောင်းပေးမှာပဲဖြစ်ပြီးတော့စာသားတွေလည်းထည့်သွင်းနိုင်မှာပါ။ Facebook နဲ့ Instagramရဲ့ News Feed နဲ့ stories တွေအတွက်အဓိကရည်ရွယ်ထားတာလည်းဖြစ်ပါတယ်။

Facebook Ads Manager ရဲ့ Template အသစ် ၄မျိုးကိုသုံးပြီး Product Promotion ( အဓိက ရောင်းကုန်ကို 6 sec စာပြပြီး interest & sales generate လုပ်တာ), Multiple Product Selling ( ကိုယ်ကြေငြာချင်တဲ့ ရောင်းကုန်တွေကို 6 sec စာ ကြေငြာပြီး sales drive လုပ်တာ), Product Benefits ( ရောင်းကုန်ရဲ့ 15 sec စာ highlights တွေပြတာ), Product Discovery Driving ( ကိုယ့်ရောင်းကုန်ရဲ့ နေ့စဉ်ဘဝနဲ့ အံဝင်ခွင်ကျရှိမှုနဲ့ Uniqueဖြစ်တဲ့အချက်တွေကို 15 sec စာ ပြတာ) အစရှိသဖြင့် လုပ်ဆောင်နိုင်ပါတယ်။

လက်ရှိ Video adsရှိပြီးသားသူတွေအတွက်လည်း mobile optimize ဖြစ်ဖို့အတွက် Video Cropping Tools နဲ့ Simple Video Creation Tools တွေလည်း ထည့်သွင်းပေးမှာပါတဲ့။

Atom and Suit
Digital Subway
Digital Marketing Agency Myanmar

29/08/2018

"SME များအတွက် စီးပွားရေး ကျားဖြစ်လာစေမယ့် တွန်းအား"
👉ကိုယ့်လုပ်ငန်းက ခု မှ စမှာ ဖြစ်လို့ အသုံးစရိတ်တွေ အစစအရာရာ ချွေတာနေရတာ ခေါင်းကိုက်နေပြီလား။
👉Marketing စရိတ် တွေ အရမ်းသုံးရပြီး ပြန်ရမယ့် ရလဒ် ကို စိုးရိမ်နေတာလား။
👉ကိုယ့်လုပ်ငန်းအတွက် Marketing တွေ လုပ်ရမှာတော့သိတယ်။ ဘယ် Marketing နဲ့ ဘယ်လို ၀င်ရမလဲ တွေးရတာ စိတ်ရှုတ်နေပြီလား။
😎😎 Email Marketing ကို အခုပဲ ထိုင်ရာ က စ လုပ်လိုက်ပါ။
ကုန်ကျစရိတ် အထူး သက်သာတယ်။ ထိေ၇ာက်တယ်။ စ ဖို့ လွယ်ကူတယ်။ SME တွေ အတွက်ဆို ပိုလို့တောင် သင်တော် သေး..။
😊😊အဲ့တော့ သြဂုတ်လ ပထမအပတ်က သင့်လုပ်ငန်းအတွက် Email Marketing ကို တိုးချဲ့ လုပ်ဆောင်မလား။ Facebook တစ်ခုတည်းနဲ့ လုံလောက်ပြီလား မေးခဲ့တာ... ၆၆% ကတော့ Email Marketing ကို မဲပေးခဲ့ပြီး 34% ကတော့ Facebook နဲ့ တင်လုံလောက်တယ် ဖြေခဲ့ပါတယ်။ 😮😮
အဲ့တော့ မြန်မာနိုင်ငံအနေအထားနဲ့ Email Marketing မလိုတဲ့ လုပ်ငန်းမျိုးတွေရှိနေ နိုင်ပေမယ့်…. Email Marketing ရဲ့ အရေးပါပုံလေး "တစ်ချို့" ကို ပြောချင်ပါတယ်။
💻ပထမဆုံး ပြောချင်တာကတော့ တကယ်ကို Purchasing Power ကြီးတဲ့ လုပ်ငန်းရှင်တွေ Busy Professional တွေ ဟာ သူတို့ ရဲ့ အလုပ်ချိန်တွေ မှာ Facebook ထက် Email ကို အလုပ်သဘောအတွက် ပိုသုံးကြတာပဲ ဖြစ်တယ်။ ဒါ ဟာ ဘာကို ဆိုလိုလည်းဆိုရင် အလုပ်ချိန် ဆိုတာဟာ သူရဲ့ လုပ်ငန်းအတွက် လိုတာတွေ ၀ယ်ဖို့ Plan နေတဲ့ အဓိက အချိန် ဖြစ်ပါတယ်။ ပြောချင်တာက Email ဟာ ဒီလို လူတွေရဲ့ touch point အများဆုံး Moment ကိုရရှိပါတယ်။ လူတစ်ထောင် ကို လှည့်ရောင်းမယ့်အစား ဒီလိုလူ တစ်ယောက်ကို Target ထားရတာ အကျိုးအမြတ် ပိုများနိုင်သလို အချိန် ကုန် လူပန်း သက်သာပါမယ်။
💻 မြန်မာနိုင်ငံအတွက် တော့ Data မရှိသေးပေမယ့် Global Level မှာ Email Marketing ဟာ the best ROI ကို ရရှိနေပါတယ်။ ဒီတော့ သင့် လုပ်ငန်းရဲ့ target audience တွေမှာ နိုင်ငံခြားသားတွေပါနေရင် Email Marketing ဟာ ၀င်ငွေတိုးဖို့ မရှိမဖြစ်ထဲ က တစ်ခုပါ။
💻 Personalized email messages တွေ ဖန်တီးဖို့ ဈေးကွက်ထဲမှာ Software ပေါင်းစုံး အများအပြားလည်း အလွယ်တကူ ရနေပါတယ်။
💻 (social မဆန်ပဲ) ပိုပြီး အလုပ် သဘောဆန်ဆန် နဲ့ One to One Marketing လုပ်လို့ရပါတယ်။ Email သောင်း၊သိန်းချီ တာကို Marketing လုပ်လို့ရသလို ဦး ဖြူ ဆီ၊ ဒေါ်ဝါဆီ ဆိုပြီး တစ်ဦးချင်းဆီ ကို Marketing ဆင်းလို့ရပါတယ်။
💻 လိုသလို အုပ်စု ခွဲပြီး Customized Message တွေပို့လို့ရပါတယ်။ ပို့ မယ့် Email address တွေကို လည်း (ကို အချိန်ပေးနိုင်ရင်) ဖြုတ် လို့ ပေါင်းထည့် လို့ ရပါတယ်။
💻 ကိုယ် ပို့လိုက်တဲ့ Email Message ကို ကိုယ့်ရဲ့ target audience က အခြား လူတစ်ယောက်ကို လည်း ထပ်မံ ပြန်ရှယ်ဖို့ လွယ်ကူပြီး အချိန် တွေ ကြာသွားရင် လည်း ပြန်ရှာရတာ လွယ်ကူပါတယ်။
💻 နောက် SME တွေ အတွက် Email Marketing သုံးရင် Credibility ပိုမိုတက်စေမှာဖြစ်ပါတယ်။ ကိုယ့်လုပ်ငန်းသေးလို့ဆိုပြီး အ၀င် မတတ် ဖြစ်နေရင် . email marketing လေးနဲ့ စကြည့်လိုက်ပါ။
ဥပမာပေးရရင်... သင်ဟာ သွားဆေးခန်းရှိတဲ့ သွားဆရာဝန်ဆိုပါဆို့ Email Marketing လေး လုပ်ကြည့်လိုက်ပါ။ လူတိုင်းမှာတော့ သွားရှိတာပဲလေနော်.. :D .... သင်ပို့ တဲ့ လူ တစ်ထောင်မှာ လူ ၅၀ က သွားပြသနာ ရှိနေတယ်ဆို... သင်တော့ အိုစကေပြီ..။ Phone Call တွေ တောက်လျှောက် ၀င်လာမယ်လို့ ယုံကြည်ပါတယ်။ သင် ရင်းလိုက်ရတဲ့ ငွေက (ကိုယ့်ဘာကိုလုပ်တတ်မယ်ဆို) သင့်ရဲ့ ထမင်း တရက်စာ စရိတ်လောက်ပဲ ကုန်မှာဖြစ်ပါတယ်။ အချိန်အားဖြင့်လည်း တစ်နာရီတောင် မကြာပါဘူး....။ လုပ်နေကြသွားရင် less than 30 mins ပေါ့။
ခုမှ စ တာပဲ ပြောပြော၊ စတာကြာနေပြီပဲပြောပြော Design and Printing, Restaurants, any Services (e.g. air con servicing, ticketing, Clinic, any home made productions, furniture, interior decoration, online shops and pages အားလုံး .. Email Marketing လေး စမ်းကြည့်ပါ. .. အရှုံးမရှိပါဘူး။ SME က နေ စီးပွားရေး ကျားဖြစ်လာအောင် လုပ်ပေးမယ့် တွန်းအားတစ်ခု အဖြစ်ပါဝင်လို့ အားလုံး ကြီးပွားစေဖို့ အကြံပြုရေးသားလိုက်ပါတယ်ဗျာ..။
အယ် ကြီးပွားသွားရင်တော့ အနော့် ဆီ ဖုန်း လှမ်းဆက်ဦးနော်.. :D
Atom and Suit
Digital Subway
Digital Marketing in Myanmar

Want your business to be the top-listed Advertising & Marketing Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Sein Lei Yeik Thar 2nd Street
Yangon
11201

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00