Thu Ri Ya
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thu Ri Ya, Publisher, 42 (A). Inyamyaing Road. Bahan Township, Yangon.
"သူရိယစာပေ" ကို နားလိုက်ပါပြီ...
အားပေးခဲ့ကြတဲ့ စာပေမိတ်ဆွေများ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ကာယသုခ၊စိတ္တသုခ နဲ့ ပြည့်ဝပါစေလို့လည်း ဆုတောင်းပေးပါတယ်။
12/07/2024
စာအုပ်ရောင်းရငွေနဲ့ သူရိယစာပေ အပေါ်ကို ကျေးဇူးရှိခဲ့ကြတဲ့ စာရေးဆရာများ ကျန်းမာရေး အတွက် လှူဒါန်းပေးခဲ့ ပါတယ်။
16/06/2024
"ဒေါက်တာမောင်မောင်" ရေးသားပြုစုခဲ့သော "နိုင်ငံတော် လုပ်ကြံမှု ( ပြည်ထောင်စု နှင့် ဦးစော)" စာအုပ်လေး ဖတ်ရှုချင်ရင် လက်ကျန်ရှိပါသေးတယ်ဗျ။
စျေးလေးလည်း မပြောင်းပါဘူး...၁၂၀၀၀ ကျပ် ပါ။
15/07/2023
"... နိုင်ငံတော် လုပ်ကြံမှုကြီးနှင့် ပတ်သက်၍
၂၁နှစ်တိုင်တိုင် ရေးခဲ့ကြ၊ပြောခဲ့ကြလှပြီ ဖြစ်သောကြောင့် အကြောင်းအရာတို့မှာ မထူးခြားတော့သယောင်ယောင် ထင်မှတ်ကြရ၏။သို့ရာတွင် မြင်တတ်ပြောတတ်သူထံမှ ကြားသိရသောအခါ အသစ်အဆန်းဖြစ်လာပြန်သည်။ဒေါက်တာမောင်မောင်ကား မြင်တတ် ပြောတတ် ရေးတတ်သူဖြစ်ပေသည်။..."
ကြေးမုံ-ကြီးမောင်
ကြေးမုံ (၂၅.၇.၆၈)
အောက်ဖော်ပြပါ နေရာတွင် ဝယ်ယူရရှိနိုင်တယ်...
ကိုလတ်စာပေ
အမှတ် ၂၂၀ ၊ မြေညီ ၊ ၃၁ လမ်း အထက်ဘလောက် ၊ ပန်းဘဲတန်းမြို့နယ် ၊ ရန်ကုန်မြို့ ၊ 018390421,
09265020068 , 09965020068 , 09885020068
30/06/2023
"... ဤကျမ်းကို ပြုသူသည် ခေတ်ကို သိသူလည်း ဖြစ်သည်။လုပ်ကြံမှုနှင့် စပ်လျဥ်း၍ သူကိုယ်တိုင် ခံစားမှုအတွေ့အကြုံရှိခဲ့သူလည်းဖြစ်သည်။အမှုသွား၊ အမှုလာကို လေ့လာခဲ့သူလည်း ဖြစ်သည်။သက်ဆိုင်ရာ အချက်တို့ကို စနစ်တကျ ရှာခဲ့သူလည်း ဖြစ်သည်။တဖန် စာရေးဆရာကောင်းတစ်ဦးအဖြစ်ဖြင့် ရသမျှဖြစ်သော အချက်တို့ကို စေတနာကောင်း အစည်းအရုံးကောင်းတို့ဖြင့် လမ်းကြောင်း ပြတတ်သူလည်း ဖြစ်ရာ..."
ဇော်ဂျီ
ဒေါက်တာ မောင်မောင် ရေးသားပြုစုခဲ့သော နိုင်ငံတော် လုပ်ကြံမှု ( ပြည်ထောင်စု နှင့် ဦးစော) စာအုပ်ကို အောက်ဖော်ပြပါ နေရာတွင် ဝယ်ယူရရှိနိုင်တယ်၊စာအုပ် တန်ဖိုး ကတော့ ၁၂၀၀၀ကျပ် ဖြစ်ပါတယ်...
ကိုလတ်စာပေ
အမှတ် ၂၂၀ ၊ မြေညီ ၊ ၃၁ လမ်း အထက်ဘလောက် ၊ ပန်းဘဲတန်းမြို့နယ် ၊ ရန်ကုန်မြို့ ၊ 018390421,
09265020068 , 09965020068 , 09885020068
11/03/2023
ရှေ့တစ်ပတ်အတွင်း ကိုလတ်စာပေ မှ တဆင့်
ဖြန်ချိသွားမှာပါ။ စာအုပ်စျေးနူန်းကတော့ ၁၂၀၀၀ကျပ် ဖြစ်ပါတယ်။
ကိုလတ်စာပေ ရဲ့ page လေးပါ...
https://www.facebook.com/kolattbookshop/?mibextid=ZbWKwL
06/03/2023
သူရိယ စာပေ မှ ထုတ်ဝေခဲ့သော ...
ဒေါက်တာမောင်မောင် ရဲ့ နိုင်ငံတော်လုပ်ကြံမှု
( ပြည်ထောင်စု နှင့် ဦးစော) စာအုပ် မျက်နှာဖုံးများ..
စာအုပ်တိုင်းကို ကိုအံဘွယ်ဇင် မှ ရေးဆွဲပေးပါတယ်။
04/03/2023
စာအုပ်လေးတွေကို 💕 ပါ...
စာရွက်လေးတွေကို မချိုးလိုက်ပါနဲ့...
ယခုထွက်ရှိမယ့် "နိုင်ငံတော်လုပ်ကြံမှု" စာအုပ်လေးတွေ မှာ bookmark လေး လက်ဆောင်
ထည့်ပေးထားပါတယ်။
01/03/2023
၂၀၂၃၊မတ်လ အတွင်းမှာ ယခု စာအုပ်လေးနဲ့ အတူတူ သူရိယ ပြန်လာပါပြီ...
( မျက်နှာဖုံးဒီဇိုင်း... အံ့ဘွယ်ဇင်)
17/02/2023
သူရိယစာပေ မှ ထုတ်ဝေခဲ့သော စာအုပ် အုပ်ရေ ၂၀၀ ကို မြန်မာနိုင်ငံ စာကြည့်တိုက် ဖောင်ဒေးရှင်း မှ ယခုလ ၁၅ရက်နေ့ က လှူဒါန်းပေးအပ်ခဲ့ ပါတယ်။
စာချစ်သူများ အတွက်...
https://www.facebook.com/475174922874452/posts/1647887358936530/
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
42 (A). Inyamyaing Road. Bahan Township
Yangon
11201