Engineering Express
Construction.Decoration & Real Estate Services
19/05/2026
‼️ငလျင်ဒဏ်ခံနိုင်ဖို့ဆိုတာ Engineer တွေချည်းတာဝန်မဟုတ်ဘူး။
✅အိမ်ရှင်ကိုယ်တိုင်ကလည်း Structural Safety ကို တကယ်အရေးထားဖို့လိုတယ်။
-အခုများများတွေ့နေရတာက Archi Design လှရင်ရပြီ၊ Column လျော့၊ Beam ဖျောက်၊ Open Space များများလိုချင် ဆိုတဲ့ mindset တွေပါ။ ဒါပေမယ့် ငလျင်ဖြစ်လာတဲ့အချိန်မှာ အလှအပက အသက်မကယ်ပေးနိုင်ဘူး။ Structural System ကပဲ အသက်ကယ်ပေးနိုင်တာ။
-Engineer က seismic detailing အတိုင်း splice location, beam-column joint, shear wall position တွေ သေချာပေးထားပေမယ့် site ရောက်တော့ contractor convenience နဲ့ ပြောင်းပစ်တာတွေက အရမ်းအန္တရာယ်များတယ်။
-“ဒီလောက်လေးတော့ရပါတယ်” ဆိုတဲ့ culture က ငလျင်ဒဏ်မှာ အကြီးဆုံးပြဿနာဖြစ်လာနိုင်တယ်။
အိမ်ဆောက်မယ့်သူတွေ သိထားသင့်တာက —
✨Design fee သက်သာတာထက် design quality အရေးကြီးတယ်
‼️Structural drawing ကို site မှာ arbitrary ပြောင်းလို့မရဘူး
❌Supervision မရှိတဲ့ construction က drawing ကောင်းလည်း အန္တရာယ်ရှိနိုင်တယ်
‼️“Magnitude 8 ခံနိုင်တယ်” ဆိုတဲ့ marketing စကားထက် calculation နဲ့ detailing က ပိုအရေးကြီးတယ်
❌ငလျင်ဒဏ်ခံနိုင်မှုဆိုတာ အင်း၊ဂါထာ၊မန္တန် ကပ်ထားလို့မရဘူး၊ နှုတ်နဲ့ ပြောလို့မရဘူး။
✅Design + Construction + Owner awareness သုံးခုလုံးမှန်မှပဲ risk ကိုလျှော့နိုင်တာ။
💥 Engineering Express မှာ Construction Project Management Services ကို အပိုင်းလိုက် ရယူနိုင်ပါတယ် ခင်ဗျာ။
Photo from BBC News.
Disclaimer:
This article is shared for educational purposes only. Its aim is to help readers better understand and systematically use pages. No harmful or misleading intent is intended. The goal is to promote knowledge and responsible usage
18/05/2026
🏡 ကျွန်းပါကေးခင်းခြင်းရဲ့ အကျိုးအပြစ်
အိမ်ဆောက်တဲ့အခါ Flooring ရွေးချယ်မှုက aesthetics တင်မကဘဲ durability, maintenance, comfort အထိ သက်ရောက်မှုရှိပါတယ်။
အထူးသဖြင့် “ကျွန်းပါကေး” က မြန်မာလူကြိုက်များတဲ့ flooring type တစ်ခုပါ။
ဒါဆို…ကျွန်းပါကေးခင်းခြင်းရဲ့ အားသာချက် / အားနည်းချက်တွေက ဘာတွေလဲ?
✅ အားသာချက်များ
🌳 Natural Beautyကျွန်းသစ်ရဲ့ natural grain နဲ့ color tone ကြောင့် luxury & warm feeling ပေးနိုင်ပါတယ်။
💪 Durable & Strongကျွန်းသစ်က hard wood ဖြစ်တဲ့အတွက် အသုံးခံပြီး long-term use အတွက်ကောင်းပါတယ်။
🌡️ Heat Insulation BetterTile flooring တွေထက် ခြေထောက်အေးလွန်းတာနည်းပြီး comfort ပိုရှိတတ်ပါတယ်။
🔇 Noise ReductionWood flooring က sound absorption ပိုကောင်းလို့ walking sound တွေကို လျော့ချပေးနိုင်ပါတယ်။
♻️ Refinish လုပ်လို့ရScratch ဖြစ်သွားရင် sanding & polishing ပြန်လုပ်ပြီး အသစ်နီးပါး restore လုပ်နိုင်ပါတယ်။
⚠️ အားနည်းချက်များ
💧 Moisture Sensitiveရေစို၊ humidity များတဲ့နေရာတွေမှာ expansion / warping ဖြစ်နိုင်ပါတယ်။
💰 Cost မြင့်Tile, vinyl flooring တွေထက် material + installation cost ပိုများတတ်ပါတယ်။
🧹 Maintenance လိုအပ်Regular polishing နဲ့ care လုပ်ပေးဖို့လိုပါတယ်။
☀️ Sunlight Effectနေရောင်တိုက်ရိုက်ကျတဲ့နေရာတွေမှာ color fading ဖြစ်နိုင်ပါတယ်။
📌 Engineering / Interior Tip
ကျွန်းပါကေးခင်းမယ်ဆိုရင် —
✔️ Moisture level စစ်ထားတဲ့ wood သုံးဖို့
✔️ Underlayer / leveling ကောင်းဖို့
✔️ Skilled installer နဲ့လုပ်ဖို့
✔️ Ventilation ကောင်းဖို့အရေးကြီးပါတယ်။
Material ကောင်းတာတစ်ခုတည်းမလုံလောက်ဘဲInstallation Quality ကလည်း lifespan ကို တိုက်ရိုက်သက်ရောက်ပါတယ်။
💥💥Engineering Express မှာ ကျွန်းပါကေးခင်းပေးတဲ့ ဝန်ဆောင်မှုရှိပါတယ်။
လိုအပ်ရင် ဆက်သွယ်လိုက်ပါခင်ဗျာ။
18/05/2026
ဒီနေ့ ရန်ကုန်ငလျင်သတင်းတွေကြားပြီး “အထပ်မြင့်တိုက်တွေက ပိုအန္တရာယ်ရှိလား?” ဆိုတဲ့ မေးခွန်းကို လူတော်တော်များများ စဉ်းစားနေကြတယ်။
တကယ်တော့ Engineering Perspective အရ — “အထပ်မြင့်” ဖြစ်တာက အန္တရာယ်မဟုတ်ဘဲ
“ဘယ်လို Design / Construction လုပ်ထားလဲ” ဆိုတာက ပိုအရေးကြီးပါတယ်။
Earthquake Engineering မှာ အဓိကစဉ်းစားတာတွေက —
1-Structural System
Shear Wall ပါလား
Moment Resisting Frame သုံးထားလား
Load Path continuous ဖြစ်လား
Seismic Design
ငလျင်အချိန် lateral force ကို building က ဘယ်လို dissipate လုပ်မလဲ ဆိုတာ design stage မှာတွက်ထားရပါတယ်။
2-Resonance & Sway
အထပ်မြင့်တိုက်တွေက ငလျင်အချိန် sway ဖြစ်နိုင်တယ်။
ဒါပေမယ့် controlled flexibility နဲ့ design လုပ်ထားတဲ့ building တွေက rigid building တွေထက်တောင် safer ဖြစ်နိုင်ပါတယ်။
3- Soft Story Risk
Ground floor parking area ကြီးပြီး column ပဲကျန်တဲ့ building တွေမှာ soft story failure risk မြင့်တတ်ပါတယ်။
4-Construction Quality
Design ကောင်းတာတစ်ခုတည်းမလုံလောက်ပါဘူး။
Rebar detailing, concrete quality, workmanship, supervision — အားလုံးက life safety ကို directly သက်ရောက်ပါတယ်။
အရေးကြီးဆုံးက — “Building တစ်လုံး safe ဖြစ်မဖြစ်” ဆိုတာ
အမြင့်နဲ့မဆုံးဖြတ်နိုင်ပါဘူး။
Code compliance
Engineering ethics
Quality control
Maintenance
ဒီ ၄ ခုက ပိုအရေးကြီးပါတယ်။
ငလျင်ဆိုတာ မတားနိုင်တဲ့ Natural Hazard ဖြစ်ပေမယ့် Engineering နဲ့တော့ Damage ကို လျှော့ချနိုင်ပါတယ်။
Civil/Structural Engineers တွေအတွက်လည်း
Public Awareness ပိုလုပ်ပေးဖို့ အချိန်ရောက်လာပြီထင်ပါတယ်။
Disclaimer:
This article is shared for educational purposes only. Its aim is to help readers better understand and systematically use pages. No harmful or misleading intent is intended. The goal is to promote knowledge and responsible usage.
12/05/2026
🏡 တောင်ဥက္ကလာပ (၁၁ ရပ်ကွက်) – အေးချမ်းစွာနေထိုင်ဖို့လည်းကောင်း၊ တန်ဖိုးထားရင်းနှီးမြှုပ်နှံဖို့လည်း သင့်တော်တဲ့ အိမ် + မြေ
ဒီအိမ်လေးက ရိုးရိုးရှင်းရှင်းနဲ့ နွေးထွေးတဲ့ Story တစ်ခုရှိပါတယ်။ အိမ်ရှင်အဒေါ်က အပျိုကြီးတစ်ယောက်တည်း နေထိုင်လာခဲ့သူပါ။အသက် အရွယ် ရလာတော့ အိမ်ကြီးကို ဆက်မထိန်းသိမ်းနိုင်တော့လို့ Condo လေးပြောင်းနေဖို့ စဉ်းစားထားတာပါ။ ဒါကြောင့် -
“တကယ်တန်ဖိုးထားနေထိုင်မယ့်သူ”
“ထိုက်တန်တဲ့သူ”
ရသွားစေချင်တဲ့ စိတ်နဲ့ ရောင်းချင်တာဖြစ်ပါတယ်။
📍 တောင်ဥက္ကလာ ၁၁ ရပ်ကွက်ဆိုတာ
လူနေလိုအပ်ချက် အမြဲရှိတဲ့ Location ဖြစ်ပြီး
လမ်းသန့်၊ ပတ်ဝန်းကျင်ကောင်း၊ လူနေအဆင့်မြင့်တဲ့ ရပ်ကွက်တစ်ခုပါ။
အထူးသဖြင့်
✔ လုံးချင်း ၂ထပ် / ၃ထပ်အိမ်များသာရှိ
✔ တိတ်ဆိတ်အေးချမ်း
✔ မြေအသစ် မထပ်ဖော်နိုင်တော့တဲ့ Area
✔ Property အရောင်းတင်မှု အရမ်းနည်းတဲ့ Location
ဒါပေမယ့် နေချင်တဲ့သူတွေကတော့ အမြဲရှိနေဆဲပါပဲ။
🔑 Property Details
📐 မြေအရွယ် – ၂၀ x ၆၀ ပေ
📐 နောက်ဘက် မြေပို – ၃၀ ပေ
🏡 အိမ် + မြေ + မြေပို ပါရှိ
🚗 လမ်းသန့်၊ သွားလာရေးကောင်း
💰 ခေါ်ဈေး – သိန်း ၈၅၀၀ (ညှိနှိုင်းနိုင်)
ကိုယ်တိုင်အေးချမ်းစွာ နေထိုင်ဖို့လည်းကောင်း
Rebuild လုပ်ပြီး Value တိုးဖို့လည်းကောင်း
Long-term Hold ထားရင် Future Value ကောင်းနိုင်တဲ့ Property ပါ။
ကျမတို့ဘက်ကလည်း
ယုံကြည်စွာ အရောင်းအပ်နှံထားတဲ့အတွက်
အမှန်တကယ်လိုအပ်တဲ့သူဆီ ရောက်သွားစေချင်တဲ့ စိတ်နဲ့ ဝန်ဆောင်မှုပေးနေပါတယ်။
ထိုက်တန်တဲ့သူ ရပါစေလို့ ဆန္ဒပြုပါတယ် 🙏
📞 စိတ်ဝင်စားပါက အချိန်ညှိပြီး ကြည့်ရှုနိုင်ပါတယ်
Agent K – 09957301976
07/05/2026
📣တိုက်ခန်းရောင်း/ဝယ်/ငှား Services
မင်မင်တို့ဆီမှာ တာမွေမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ပုဇွန်တောင်မြို့နယ်၊ဗိုလ်တထောင်မြို့နယ် စတဲ့ နေရာတွေအတွက် တိုက်ခန်း ရောင်း/ဝယ်/ငှား ဝန်ဆောင်မှုတွေ ရရှိနိုင်ပါပြီနော်။
📣တိုက်ခန်းတွေအတွက် Renovation Services
အခန်းပြင်၊အခန်းဖွဲ့၊အခန်းဖျက်၊ဆေးသုတ်၊ပါကေးခင်း၊Kitchen Counterစတဲ့လုပ်ငန်းလေးတွေအတွက် Service ရရှိနိုင်ပါပြီနော်။
📣ကာကာတို့အခု ဆောက်လုပ်နေဆဲ အိမ်အတွက်စီမံခန့်ခွဲမှုအပိုင်းအတွက် Consulting Service လည်းရယူနိုင်ပါပြီနော်။
☎️09957301976
07/05/2026
‼️‼️Fuse မထားဘဲ တိုက်ရိုက်မပြောပါနဲ့
လုံးချင်းအိမ် Project တစ်ခုကို Contractor နဲ့ စာချုပ်စာတမ်းမပြင်ဆင်ဘဲ နှုတ်နဲ့ပဲ အလုပ်လုပ်မယ်ဆိုရင် နောက်မှ ကြုံရနိုင်တဲ့ ပြဿနာတွေက အများကြီးပါ 👇
👉ကုန်ကျစရိတ်မတည်ငြိမ်မှု
အစပိုင်းမှာ ပြောထားတဲ့ စျေးနဲ့ အပြီးသတ်မှာ တက်သွားနိုင်ပါတယ်။ “ဒါမပါဘူး၊ အဲ့ဒါထပ်ထည့်ရမယ်” ဆိုပြီး ပိုက်ဆံတိုးတောင်းနိုင်ပါတယ်။
👉အလုပ်အရည်အသွေး မတိကျခြင်း
ဘယ်လို standard နဲ့လုပ်ရမယ်ဆိုတာ မရေးထားတော့ contractor ဘက်က ကိုယ့်စိတ်ကြိုက်လုပ်နိုင်ပါတယ်။ နောက်မှ မကျေနပ်လို့ ပြန်ပြင်ချင်ရင် အခက်အခဲဖြစ်တတ်ပါတယ်။
👉အချိန်မီမပြီးခြင်း
ပြီးစီးရမည့် deadline မသတ်မှတ်ထားလို့ အလုပ်ရှည်လျားသွားနိုင်ပါတယ်။ Contractor ဘက်က delay ဖြစ်တာကို တာဝန်ယူမယ့်အခြေအနေ မရှိနိုင်ပါဘူး။
👉အငြင်းပွားမှုများ ဖြစ်လာခြင်း
“ဒီလိုပြောထားတာ မဟုတ်ဘူး” ဆိုပြီး နှစ်ဖက်အမြင်မတူတာတွေ ဖြစ်လာနိုင်ပါတယ်။ စာရွက်စာတမ်းမရှိလို့ ဘယ်သူမှန် ဘယ်သူမှား သက်သေပြရခက်ပါတယ်။
👉ပစ္စည်းအရည်အသွေး လျော့နည်းနိုင်ခြင်း
အသုံးပြုမယ့် material အမျိုးအစား မသတ်မှတ်ထားရင် contractor က စျေးသက်သာတဲ့ပစ္စည်းတွေ အသုံးပြုနိုင်ပါတယ်။
👉ငွေပေးချေမှု ပြဿနာများ
ဘယ်အဆင့်မှာ ဘယ်လောက်ပေးမယ်ဆိုတာ မသတ်မှတ်ထားလို့ တစ်ဖက်တည်း အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။
👉Third Party Monitor မရှိခြင်းကြောင့် ထိန်းချုပ်မှုလျော့နည်းခြင်း။
Project ကို လက်တွေ့ကြီးကြပ်ပေးမယ့် Engineer/👉Consultant တစ်ယောက်မရှိရင်—
အလုပ်အဆင့်တိုင်းကို စစ်ဆေးမယ့်သူ မရှိတော့ပါဘူး။
Quality Control လျော့နည်းနိုင်ပါတယ်။
Contractor ဘက်က shortcut လုပ်တာတွေ မမြင်မိနိုင်ပါဘူး။
Owner ဘက်က technical မသိရင် ပိုပြီး ဆုံးရှုံးနိုင်ပါတယ်။
📌 လုံးချင်းအိမ် Project လုပ်မယ်ဆိုရင်—
✔️ Contract စာချုပ်တိတိကျကျ ရေးပါ
✔️ Drawing, BOQ, Timeline တွေ သတ်မှတ်ပါ
✔️ Payment Scheduleကိုရှင်းလင်းစွာသတ်မှတ်ပါ
✔️ Third Party (Engineer/Consultant) တစ်ယောက်နဲ့ Monitor လုပ်ပါ
💬 “အချက်အလက် စုံလင်တဲ့ စာချုပ်တစ်စောင်နဲ့ Professional Monitor တစ်ယောက်က Project ကို အောင်မြင်စေတဲ့ အရေးကြီးဆုံးကာကွယ်ရေးပါ”
Disclaimer:
This article is shared for educational purposes only. Its aim is to help readers better understand and systematically use pages. No harmful or misleading intent is intended. The goal is to promote knowledge and responsible usage.
06/05/2026
တိုက်ခန်း/ကွန်ဒို ဝယ်ပြီးမှ👉 “ဒီလိုနေလို့ မဖြစ်ဘူး…” လို့ ခံစားဖူးလား?
❌ အခန်းဖွဲ့မထားတော့ Privacy မရှိ❌ တံခါးတွေ မခိုင်၊ ❌ အိမ်ရှေ့ပုံစံမလှ၊ စိတ်ကျေနပ်မှုမရှိ
❌ အုတ်နံရံတွေ မညီ၊ ❌ဆေးသုတ်လည်း လက်ရာမကောင်း
အိမ်ဝယ်ပြီးပေမယ့် “စိတ်တိုင်းကျနေထိုင်လို့ မရသေးတဲ့အခြေအနေ” က တကယ်စိတ်ပင်ပန်းစရာပါနော်။
ဒါကြောင့် 👇
လူကြီးမင်းတို့ရဲ့ ဆိုင်ခန်း၊ နေအိမ်၊ တိုက်ခန်း၊ လုပ်ငန်းခွင်များကိုစိတ်ချလက်ချ ပြန်လည်ပြုပြင်မွမ်းမံနိုင်ဖို့ ကျွန်တော်တို့ရှိပါတယ်။
🔧 ဝန်ဆောင်မှုများ
✔ အုတ်ဖြင့် အခန်းဖွဲ့ခြင်း + တံခါးတပ်ဆင်ခြင်း
✔ Aluminum Light Partition ဖြင့် အခန်းဖွဲ့ခြင်း
✔ တံခါးများပြန်လည်ပြုပြင်ခြင်း/တပ်ဆင်ခြင်း
✔ အိမ်ရှေ့အုတ်နံရံကာရံခြင်း
✔ သံပန်း တံခါးများတပ်ဆင်ခြင်း
✔ အုတ်စီချောလုပ်ငန်း
✔ကြွေပြားကပ်ခြင်းလုပ်ငန်း
✔ ပါကေးခင်းခြင်းလုပ်ငန်း
✔ မျက်နှာကြက်တပ်ဆင်ခြင်းလုပ်ငန်း
✔ မီးဖိုချောင်၊ရေချိုးခန်း၊အိမ်သာ ရေပိုက်များပြုပြင်တပ်ဆင်ခြင်း
✔ ဆေးသုတ်လုပ်ငန်း စသည်တို့ကို စနစ်တကျဆောင်ရွက်ပေးတယ် ခင်ဗျာ။
ရန်ကုန်မြို့ဧရိယာပတ်ချာလည်
✔ အခမဲ့ တိုင်ပင်ဆွေးနွေးပေးခြင်း
✔ အခမဲ့ Site Survey ဆင်းပေးခြင်း
👉 အိမ်ကို “ဝယ်ပြီးနေ” အဆင့်ကနေ👉 “စိတ်တိုင်းကျနေထိုင်နိုင်တဲ့အိမ်” ဖြစ်အောင် ကျွန်တော်တို့နဲ့လက်တွဲပြီး ပြောင်းလဲလိုက်ပါ။
📩 Message Box မှာ ဆက်သွယ်လိုက်ပါ။
05/05/2026
⚠️ ဆေးသုတ်လုပ်ငန်း မတိုးတက်သေးတဲ့အချက်တွေများစွာထဲက တစ်ချို့ကို ပြောပြပေးပါမယ်။
❌ 1. Standard မညီခြင်း
➡️ တချို့ contractor တွေက sealer skip, coat လျှော့ လုပ်တတ်ကြတယ်။
➡️ Quality inconsistent ဖြစ်နေတတ်
❌ 2. Skilled Labour နည်းခြင်း
➡️ Professional painter (training ရှိသူ) မလုံလောက်တဲ့အခါ လိုက်လံမကြီးကြပ်နိုင်ရင် အချိန်မတိုင်မှီ ပျက်စီးတတ်ပါတယ်
➡️ Experience မရှိဘဲ လုပ်တဲ့သူတွေရှိလာတဲ့အတွက် လုပ်ငန်းခွင် ကြပ်မတ်နိုင်ဖို့လိုပါတယ်။
❌ 3. Material Quality Mix ဖြစ်နေခြင်း
➡️ Original / fake / low quality paint တွေ mix ဖြစ်နေတာ ဈေးကွက်မှာ အများကြီးပါနော်။အခုဆိုရင် နိုင်ငံခြားဆေးတွေကိုတောင် မသုံးနိုင်တော့ဘဲ Chemical နဲ့ ကိုယ်ပိုင်ဆေးဖျော်တာတွေတောင် ရှိနေတော့ စိတ်ချရဖို့ ရာခိုင်နှုန်းက အပြည့်မဖြစ်နိုင်ပါဘူးနော်။
➡️ Customer တချို့ မခွဲခြားတတ်တော့ အင်း... အင်း နဲ့ ပဲ ထိုက်တန်တဲ့ Quality မရလိုက်တာတွေ ကြုံနေရပါတယ်။
❌ 4. Pricing Competition မမှန်ကန်ခြင်း
➡️ ဈေးသက်သာအောင် shortcut လုပ်တာများတော့ Ex*****on Process မမှန်ပါ။ အဲဒီတော့ သေချာတယ် မကောင်းနိုင်ဘူး။
➡️ Long-term quality ကျသွားတတ်တာကြောင့် durability မှာ အားနည်းတတ်ပါတယ်။
💥ဒါ့ကြောင့် တကယ်စိတ်ချရပြီး Trusted Team ဖြစ်တဲ့ Engineering Express ကိုပဲရွေးချယ်ပါလို့ အကြံဉာဏ်ပေးပါရစေ။
💥အသေးစိတ်ကို Cb Please.....
05/05/2026
🏠 နံရံတွေမှာ Sealer မသုတ်ရင် ဖြစ်တတ်တဲ့ ပြဿနာများ
🙏Knowledge Sharing Post တွေ တင်သွားမှာမို့ဗဟုသုတတစ်စုံတစ်ရာရရှိခဲ့ရင် မင်တို့ Page ကို Follow လုပ်ခဲ့ပေးပါဦးနော်။♥️
Sealer (primer) ကို မသုံးဘဲ putty / paint တိုက်ရိုက်လုပ်မယ်ဆိုရင် အောက်ပါပြဿနာတွေ ဖြစ်တတ်ပါတယ်👇
❌ Paint / Putty မကပ်ခြင်း
➡️ နံရံနဲ့ adhesion မကောင်းလို့ ကွာထွက်လွယ်ပါတယ်။
❌ Peeling (အလွှာကွာထွက်ခြင်း)
➡️ အချိန်ကြာလာရင် paint အလွှာတွေ ကွာကျလာတတ်ပါတယ်။
❌ အရောင်မညီ (Patchy Finish)
➡️ နံရံက paint ကို စုပ်ယူမှုအား မညီညာတော့လို့ အရောင်မညီညာမှုတွေဖြစ်နိုင်ပါတယ်။
❌ စိုထိုင်းမှု ပြဿနာ (Damp Issues)
➡️ Paint ဖောင်းတက်၊ အစက်အပြောက်တွေ ဖြစ်နိုင်ပါတယ်။
❌ Efflorescence (ဆားဖြူပြောက်)
➡️ နံရံထဲက ဆားဓာတ်တွေ အပေါ်တက်လာပြီး အဖြူပြောက်တွေ ဖြစ်ပေါ်စေပါတယ်။
❌ Putty Finish မချောမွတ်ခြင်း
➡️ Surface rough ဖြစ်ပြီး ချောမွေ့လှပမှု
အားနည်းပါတယ်။
❌ Paint အသုံးပိုကုန်ခြင်း
➡️ နံရံက paint ကို အများကြီးစုပ်ယူတဲ့အတွက် ဆေးပိုကုန်နိုင်ပါတယ်။
✅ Sealer သုံးရင်
✔️ Adhesion ကောင်းစေတယ်
✔️ Moisture ကိုကာကွယ်တယ်
✔️ Finish ကို ချောမွတ်လှပစေတယ်
✨ Sealer မသုတ်ဘဲ ဆေးသုတ်လုပ်ငန်းလုပ်တာ = နောက်ပိုင်းပြန်ပြင်ရတဲ့ကုန်ကျစရိတ်တိုးလာနိုင်ပါတယ် ✨
#ဆေးသုတ်လုပ်ငန်း
05/05/2026
💼 Professional Tender Support Services
Project တင်ဒါလုပ်ငန်းများအတွက် အစမှအဆုံးထိ စနစ်တကျ၊ လွယ်ကူအဆင်ပြေစေရန် One-Stop Service ဖြင့် ဝန်ဆောင်မှုပေးနေပါသည်။
📌 Tender Submission အတွက် လိုအပ်သော အချက်များကို အပြည့်အစုံ ပြင်ဆင်ပေးပါသည်
▪️ Technical Proposal (Envelope A)
▪️ Financial / Price Proposal (Envelope B)
🛠 Engineering & Documentation Services
▪️ Architectural / Structural / M&E Drawings
▪️ Detailed Cost Estimation
▪️ Method Statement
▪️ Project Work Schedule
▪️ Safety Management Plan
▪️ Material Planning Schedule
▪️ Maintenance Guidelines
▪️ Work Progress & Completion Reports
🌟 ဘာကြောင့် ကျွန်ုပ်တို့ကို ရွေးချယ်သင့်သလဲ ✔️ တင်ဒါစည်းမျဉ်းများနှင့် ကိုက်ညီစွာ ပြင်ဆင်ပေးခြင်း
✔️ အရည်အသွေးမြင့်ပြီး ဈေးနှုန်းသင့်တင့်ခြင်း
✔️ သတ်မှတ်ထားသော အချိန်အတွင်း အတိအကျ ပေးပို့နိုင်ခြင်း
📩 တင်ဒါဆိုင်ရာ ဝန်ဆောင်မှုများကို စနစ်တကျ၊ တစ်နေရာတည်းမှာ ပြီးပြည့်စုံစေရန် အဆင်ပြေစွာ ဆောင်ရွက်ပေးနေပါသည်။
📞 ဆက်သွယ်ရန် – 09957301976
👉 သင့် Project အောင်မြင်ဖို့ ကျွန်ုပ်တို့က အကူအညီပေးပါရစေ။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon