OEC Polyclinic

OEC Polyclinic

Share

OEC Specialty Clinic and Endoscopy Center was the first private endoscopy center in Myanmar and established since 1994.

We are specialized in Gastroenterology, Hepatology and Respiratory.

Photos from 𝗖𝗟𝗟 𝗛𝗘𝗔𝗟𝗧𝗛's post 18/08/2025

𝐂𝐋𝐋 𝐇𝐄𝐀𝐋𝐓𝐇 အနေဖြင့် မိဘပြည်သူများအတွက် ရောဂါရှာဖွေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို မိသားစုသဖွယ် ဖော်ရွေနွေးထွေးပျူငှာစွာဖြင့် ဝန်ဆောင်မှုများပေးလျက်ရှိပါတယ်။


ယခုလက်ရှိ ကျန်းမာရေးဝန်ဆောင်မှုတွေပေးနေတဲ့ “𝐂𝐋𝐋 𝐇𝐄𝐀𝐋𝐓𝐇 ရောဂါရှာဖွေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ”နှင့်ပတ်သက်ပြီး အသေးစိတ်မေးမြန်းစုံစမ်းနိုင်ရန်အတွက် ဆက်သွယ်ရန်အချက်အလက်တွေကို မျှဝေဖော်ပြပေးလိုက်ပါတယ်။

10/04/2025

အတာသင်္ကြန်ကာလ ဆေးခန်းပိတ်ရက် ကြိုတင်ကြေညာခြင်း

𝐂𝐋𝐋 𝐇𝐞𝐚𝐥𝐭𝐡 𝐎𝐄𝐂 𝐏𝐨𝐥𝐲𝐜𝐥𝐢𝐧𝐢𝐜

🏥 91, Anawrahta Road, Latha, Yangon
📧 [email protected]
☎️ +95 1 838 5700, +95 9 799 699 112, +95 9 799 699 113

02/03/2025

ယနေ့ မတ်လ (၂) ရက်နေ့တွင် ကျရောက်သော “တောင်သူလယ်သမားနေ့” အား ဂုဏ်ပြုကြိုဆိုပါသည်။

တောင်သူလယ်သမားများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့ဖြင့် ကျန်းမာပြည့်စုံကြပါစေကြောင်း CLL Health မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

25/02/2025

𝐕𝐢𝐫𝐚𝐥 𝐡𝐞𝐩𝐚𝐭𝐢𝐭𝐢𝐬 𝐀
အသည်းရောင်အသားဝါ အေ ရောဂါ

________________________________________

CLL Health အိုအီးစီအထူးကုဆေးခန်း

🏥 ၉၁/၉၃ ၊ ၁၄၅/၁၄၇၊ အနော်ရထာလမ်းနှင့် လမ်း ၂၀ ထောင့်၊ လသာမြို့နယ်၊ ရန်ကုန်မြို့
☎️ +95 (0)9 799 699 112, +95 (0)9 799 699 113

𝐕𝐢𝐫𝐚𝐥 𝐡𝐞𝐩𝐚𝐭𝐢𝐭𝐢𝐬 𝐀
အသည်းရောင်အသားဝါ အေ ရောဂါ

🦠 အသည်းရောင်အသားဝါ အေ ရောဂါသည် HAV ဗိုင်းရပ်စ်ပိုး (Hepatitis A virus) ကူးစက်ခံရခြင်းကြောင့် အသည်းရောင်ရမ်းပြီး အသည်း၏ လုပ်ငန်းစွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်သော ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။

🍀 ရောဂါပိုးကူးစက်ခံရသူ အများစုသည် အလိုအလျောက် ပြန်လည်သက်သာကောင်းမွန်လာပြီး ရာသက်ပန် ကိုယ်ခံစွမ်းအားကို ရရှိစေနိုင်သည်။ သို့သော် လူအနည်းစုသည် ပြင်းထန်ဆိုးရွားသော အသည်းရောင်ခြင်းမှတစ်ဆင့် အသက်သေဆုံးသည်အထိဖြစ်ပေါ်နိုင်သည်။ တစ်ကိုယ်ရေသန့်ရှင်းမှု၊ အစားအသောက်နှင့် ရေသန့်ရှင်းမှုတို့ရှိအောင် နေထိုင်စားသောက်ခြင်းနှင့် ကာကွယ်ဆေးထိုးခြင်းတို့ဖြင့် အသည်းရောင်အသားဝါ အေ ရောဂါကို ကာကွယ်နိုင်သည်။

________________________________________

🎯 ဖြစ်ပေါ်ရသောအကြောင်းရင်းများ

HAV ဗိုင်းရပ်စ်ပိုးသည် ရောဂါပိုးရှိသူ၏ မစင်နှင့် တိုက်ရိုက် (သို့) သွယ်ဝိုက်သော တစ်နည်းနည်းဖြင့် ထိတွေ့ထားမိသော အစားအသောက်များကို အခြားသူတစ်ယောက်မှ စားသုံးမိခြင်းကြောင့် ပါးစပ်မှတစ်ဆင့် အူလမ်းကြောင်းအတွင်းသို့ ရောဂါပိုးဝင်‌ရောက်ကာ ကူးစက်ခြင်း (f***l oral transmission) ဖြစ်သည်။ ထို့အပြင် ရောဂါပိုးရှိသူနှင့် နီးကပ်စွာ ထိတွေ့မှုရှိခြင်းကြောင့်လည်း ကူးစက်နိုင်သည်။ သို့သော် နှာချေခြင်း၊ ချောင်းဆိုးခြင်းတို့ကြောင့် လေထဲမှတစ်ဆင့် မကူးစက်နိုင်ပါ။

________________________________________

📌 ကူးစက်နိုင်သော နည်းလမ်းများမှာ

⬩ ရောဂါပိုးရှိသူ၏ မစင်နှင့် တိုက်ရိုက် (သို့) သွယ်ဝိုက်သော တစ်နည်းနည်းဖြင့် ထိတွေ့ထားမိသော အစားအသောက်များကို စားသောက်မိခြင်း
(အညစ်အကြေးစွန့်ပြီးနောက် လက်ကို စင်ကြယ်စွာမဆေးကြောဘဲ အစားအသောက် ချက်ပြုတ်ပြင်ဆင်ခြင်း၊ စားသောက်ခြင်းမှတစ်ဆင့် ရောဂါပိုး ကူးစက်နိုင်သည်)

⬩ မသန့်ရှင်းသော သောက်သုံးရေများကို အသုံးပြုခြင်း

⬩ ညစ်ညမ်းသော စွန့်ပစ်ရေများမှ ဖမ်းယူထားသည့် ပင်လယ်စာများကို ကောင်းစွာ ချက်ပြုတ်ဆေးကြောခြင်း မပြုဘဲ အစိမ်းစားခြင်း

⬩ ရောဂါပိုးရှိသူနှင့် လိင်ဆက်ဆံခြင်း (အထူးသဖြင့် စအိုလမ်းကြောင်း၊ ပါးစပ်တို့ဖြင့် လိင်ဆက်ဆံမှု ပြုလုပ်သူများ)

⬩ ရောဂါပိုးရှိနေသော အရာဝတ္တုတစ်ခုခုကို ကိုင်တွယ်ပြီးနောက် ပါးစပ်ကို လက်ဖြင့်ထိမိခြင်း
(ဗိုင်းရပ်စ်ပိုးသည် အရာဝတ္တုမျက်နှာပြင်များပေါ်တွင် လပေါင်းအနည်းငယ်ကြာအောင် အသက်ရှင်နေနိုင်သည်)
________________________________________

🚨 အသည်း‌ရောင်အသားဝါ အေ ရောဂါပိုးကူးစက်နိုင်ခြေများသူများမှာ

⬩ ရောဂါပိုးရှိသူနှင့် တစ်အိမ်တည်းအတူနေသူများ
⬩ ‌ရောဂါပိုးရှိသူကို အနီးကပ် ပြုစုစောင့်ရှောက်နေရသူများ
⬩ လူဦး‌ရေထူထပ်များပြားသော နေရာဒေသတွင် နေထိုင်သူများ
⬩ အိမ်ယာမဲ့နေထိုင်သူများ
⬩ အိတ်ချ်အိုင်ဗွီရောဂါရှိသူများ
⬩ အညစ်အကြေးစွန့်ပစ်သည့်စနစ် လုံလောက်အောင် သန့်ရှင်းမှု မရှိသော၊ သန့်စင်ဆေးကြောရမည့် ရေအလွယ်တကူ မရရှိနိုင်သော နေရာဒေသများတွင် နေထိုင်လုပ်ကိုင်ကြသူများ
⬩ လိင်တူဆက်ဆံသူများ
⬩ အသည်းရောင် အသားဝါ အေ အဖြစ်များသော နေရာဒေသများသို့ ခရီးသွားသူများ၊ အလုပ်လုပ်သူများ
⬩ မူးယစ်ဆေးဝါး အသုံးပြုသူများ
⬩ ကျန်းမာရေးဝန်ထမ်းများ
________________________________________

⚠️ ရောဂါလက္ခဏာများ

အဖြစ်များသောရောဂါလက္ခဏာများမှာ

● ပုံမှန်မဟုတ်သော နုံးချည့်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း
● ပျို့အန်ခြင်း
● ဗိုက်အောင့်ဗိုက်နာဖြစ်ခြင်း၊ ဝမ်းလျှောခြင်း
● အစာစားချင်စိတ်မရှိခြင်း
● အရေပြားနှင့် မျက်လုံးဝါခြင်း
● ကိုယ်ပူခြင်း၊ ဆီးအရောင်ရင့်ရင့်သွားခြင်း၊
● ဝမ်းအရောင်ဖျော့ခြင်း တို့ဖြစ်ကြသည်။

🚫 ထိုရောဂါလက္ခဏာများသည် သာမန််မျှသာဖြစ်လေ့ရှိပြီး ရက်သတ္တပတ်အနည်းငယ်ကြာလျှင် အလိုအလျောက် သက်သာသွားနိုင်သော်လည်း လူအနည်းစုတွင် အသည်းလုပ်ငန်း စွမ်းဆောင်ရည် ရုတ်တရက် ထိခိုက်ပျက်စီးနိုင်သည်။ 🚫

________________________________________

💡 ရောဂါရှာဖွေခြင်း

အထက်ပါ ရောဂါလက္ခဏာများ ခံစားရလျှင် မိသားစုဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်၍ လိုအပ်လျှင် သွေးစစ်ဆေးခြင်း (HAV ဗိုင်းရပ်စ်ပိုး ပဋိပစ္စည်း စစ်ဆေးခြင်း၊ ဗိုင်းရပ်စ်ပိုးကောင်စစ်ဆေးခြင်း (RT-PCR)၊ အသည်းလုပ်ငန်းစွမ်းဆောင်ရည်စစ်ဆေးခြင်း) ပြုလုပ်၍ ရောဂါရှာဖွေပြီး ကုသမှုခံယူနိုင်သည်။

________________________________________

🏥 ကုသခြင်း

အသည်းရောင်အသားဝါ အေ ရောဂါအတွက် သီးသန့် ကုသမှုမရှိသော်လည်း ခံစားရသော ရောဂါလက္ခဏာများကို သက်သာစေရန် အောက်ပါနည်းလမ်းများဖြင့် နေအိမ်၌ပင် ကုသမှုခံယူနိုင်သည်။

● လုံလောက်အောင် အနားယူခြင်း
● အာဟာရပြည့်ဝ၍ ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ စားသောက်ခြင်း
● ရေဓာတ်ခန်းခြောက်ခြင်းကို ကာကွယ်ရန် အရည်များများ သောက်ခြင်း
● အရက်သောက်ခြင်းနှင့် မလိုအပ်သော ဆေးဝါးများသောက်ခြင်းမှ ရှောင်ကြဥ်ခြင်း

⚠️ ရောဂါပိုးဝင်‌ရောက်ပြီးနောက် ရောဂါလက္ခဏာများသည် တဖြည်းဖြည်းချင်း သက်သာလာသော်လည်း အပြည့်အဝ သက်သာပျောက်ကင်းနိုင်ရန် ရက်သတ္တပတ်များစွာ သို့မဟုတ် လပေါင်းများစွာ ကြာမြင့်နိုင်သည်။ ရောဂါလက္ခဏာများ ပိုမိုပြင်းထန်လာလျှင် သို့မဟုတ် ရုတ်တရက် အသည်းလုပ်ငန်း ပျက်စီးခြင်းလက္ခဏာများ (ဥပမာ - မှိန်းခြင်း၊ သတိလစ်ခြင်း၊ သွေးအန်ခြင်းစသည်များ) ဖြစ်ပေါ်လာလျှင် ဆေးရုံတက်၍ စောင့်ကြည့်ကုသမှုခံယူရန် လိုအပ်သည်။ ⚠️

________________________________________

🛡️ ကာကွယ်ခြင်း

အသည်းရောင်အသားဝါ အေ ရောဂါကို ကာကွယ်နိုင်ရန်

● ပတ်ဝန်းကျင်နှင့် တစ်ကိုယ်‌ရေသန့်ရှင်းမှု ကောင်းအောင်နေထိုင်ခြင်း

● သန့်ရှင်းသော အစားအစာနှင့် ရေများကိုသာ စားသောက်ခြင်း

● ဘေးကင်းလုံခြုံစိတ်ချရသော လိင်ဆက်ဆံမှုနည်းလမ်းများကို အသုံးပြုခြင်း

● ကာကွယ်ဆေးထိုးခြင်းတို့သည် အထိရောက်ဆုံးသော ကာကွယ်ရေးနည်းလမ်းများ ဖြစ်သည်။
________________________________________

💉 ကာကွယ်ဆေးထိုးခြင်း

အသည်းရောင်အသားဝါ အေ ရောဂါပိုးနှင့် ထိတွေ့မှုမရှိခင် ကြိုတင်ကာကွယ်ဆေးထိုးပြီး ကာကွယ်နိုင်သည့်အပြင် ကာကွယ်‌ဆေးမထိုးထားသောသူများတွင် ရောဂါပိုးနှင့် ထိတွေ့မှုရှိပါက (၂)ပတ်အတွင်းတွင် ကာကွယ်ဆေး (သို့မဟုတ်) ကာကွယ်ဆေးနှင့်အတူ ပဋိပစ္စည်းပူးတွဲထိုးခြင်းဖြင့်လည်း ကာကွယ်နိုင်သည်။

________________________________________

𝗘𝘅𝗽𝗹𝗼𝗿𝗲 𝘄𝗶𝘁𝗵 𝘂𝘀:

𝗪𝗲𝗯𝘀𝗶𝘁𝗲 : https://www.cllhealth.com/
𝗟𝗶𝗻𝗸𝗲𝗱𝗜𝗻 : https://www.linkedin.com/company/cll-health/
𝗬𝗼𝘂𝗧𝘂𝗯𝗲 : https://www.youtube.com/



#အသည်းရောင်အသားဝါ‌အေ #အသည်းရောင်

04/02/2025

𝐖𝐨𝐫𝐥𝐝 𝐂𝐚𝐧𝐜𝐞𝐫 𝐃𝐚𝐲

🌍💜 ကမ္ဘာ့ကင်ဆာရောဂါနေ့ 💜🌍

ကင်ဆာရောဂါသည် လူမှုနေ့စဉ်ဘဝနှင့် ကျန်းမာရေးအတွက် ကြီးမားသော စိန်ခေါ်မှုတစ်ခုဖြစ်ပါသည်။ ကင်ဆာရောဂါသည် ကမ္ဘာကြီး၏မည်သည့်နေရာတွင် နေထိုင်သူမဆို လူမျိုးဘာသာ၊ နေရာဒေသမရွေး၊ ဆင်းရဲချမ်းသာအဆင့်အတန်းမခွဲခြားဘဲ လူတိုင်းတွင် ဖြစ်နိုင်သည်။ လူသားအားလုံးနီးပါးသည် တိုက်ရိုက်ဖြစ်စေ၊ အနီးအနား ပတ်ဝန်းကျင်ရှိသူများမှတစ်ဆင့်ဖြစ်စေ ကင်ဆာရောဂါနှင့် ထိတွေ့ကြုံတွေ့ရနိုင်ပါသည်။

ကင်ဆာရောဂါကို တိုက်ဖျက်နိုင်ရန် အကောင်းဆုံးသောကုထုံးမှာ ကြိုတင်ကာကွယ်ခြင်းဖြစ်သည်။ ကင်ဆာရောဂါကို စဖြစ်ခါစ အစောပိုင်းအဆင့်၊ အကြိုအဆင့်များတွင် စမ်းသပ်ရှာဖွေတွေ့ရှိနိုင်ခြင်းက ထိရောက်သောကုသမှုများခံယူနိုင်ရန်အတွက် အရေးကြီးသည်။ ကျန်းမာရေးစစ်ဆေးမှုများ ပုံမှန်ပြုလုပ်ခြင်းဖြင့် ရောဂါကို စောစောသိရှိနိုင်စေပြီး စနစ်တကျကုသမှုများဖြင့် အချိန်မီကုသမှုခံယူနိုင်ကာ ရောဂါပျောက်ကင်းနိုင်ချေကို တိုးမြှင့်နိုင်ပါသည်။ထို့ကြောင့် ကင်ဆာ‌ရောဂါပျောက်ကင်းနိုင်ခြေကို မြှင့်တင်နိုင်စေဖို့ ကျန်းမာရေးစစ်ဆေးမှုများကို နှစ်စဉ်ပုံမှန်လုပ်ဆောင်ခြင်းနှင့် ကင်ဆာရောဂါ တွေ့ရှိပါက လျင်မြန်စွာ ကုသမှုခံယူခြင်းက အလွန်အရေးကြီးပါသည်။

💜 ကင်ဆာရောဂါကို တိုက်ဖျက်နိုင်ရန် တွဲလက်များဖြင့် အတူတကွ ရပ်တည်ကာ အချင်းချင်း အားပေးကူညီ ပံ့ပိုးဖေးမကြရင်းဖြင့် ကင်ဆာရောဂါကင်းစင်ပြီး ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်သော အနာဂတ်ဘဝခရီးများစီသို့ အတူတူလျှောက်လှမ်းကြပါစို့။ 💪🎗️



#ကင်ဆာရောဂါ #ကင်ဆာ

Photos from 𝗖𝗟𝗟 𝗛𝗘𝗔𝗟𝗧𝗛's post 24/01/2025

ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးထိုးခြင်း (Rabies vaccine and Immunoglobulin)

Photos from 𝗖𝗟𝗟 𝗛𝗘𝗔𝗟𝗧𝗛's post 08/01/2025

HMPV ဗိုင်းရပ်စ်ကူးစက်ရောဂါ

25/12/2024

🎄✨ Merry Christmas to you all! 🎅❤️

🎄✨ Jingle bells, Jingle bells 🎶 We wish you all a season filled with good health, joy, laughter, and love. Merry Christmas to you all! 🎅❤️

11/12/2024

စိတ်ဖိစီးမှု လျော့ချခြင်း

🌟 စိတ်ဖိစီးမှုသည် သဘာဝတရားအရ လူတွင်ဖြစ်ပေါ်လာသော သာမန်စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာတုံ့ပြန်မှုတစ်ခုဖြစ်သည်။ စိတ်ဖိအား အနည်းငယ်ရှိခြင်းက မိမိဘဝကို ကောင်းမွန်စေပြီး ကောင်းမွန်စွာလုပ်ဆောင်ဖို့ လှုံ့ဆော်ပေးနိုင်သည်။

🔥 သို့သော် လူတစ်ဦးတွင် နေ့စဉ်စိန်ခေါ်မှုများစွာကြောင့် မိမိလက်ခံနိုင်သော စိတ်ဖိစီးမှုပမာဏထက် ကျော်လွန်သွားပြီး နာတာရှည် စိတ်ဖိစီးလာသောအခါ ထိုတုံ့ပြန်မှုများကြောင့် ခန္ဓာကိုယ်တွင် ထိခိုက်မှုများနှင့် ဝေဒနာများကို ခံစားရစေသည်။ ထိုခံစားမှုများတွင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် အပြုအမူဆိုင်ရာ လက္ခဏာများ ဖြစ်ပေါ်လာသည်။

📌 စိတ်ဖိစီးမှု၏ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများ

‣ ခန္ဓာကိုယ်တွင် ကိုက်ခဲနာကျင်ခြင်း
‣ ရင်ဘတ်အောင့်ခြင်း (သို့) နှလုံးခုန်၊ ရင်တုန်နေသကဲ့သို့ ခံစားရခြင်း
‣ ပင်ပန်းနွမ်းနယ်ခြင်း (သို့) အိပ်ရေးပျက်ခြင်း
‣ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း (သို့) တုန်လှုပ်ခြင်း
‣ သွေးပေါင်တက်ခြင်း
‣ ကြွက်သားတင်းမာခြင်း (သို့) မေးရိုးတင်းခြင်း
‣ အစာအိမ် (သို့) အစာခြေပြဿနာများ
‣ လိင်ဆက်ဆံရာတွင် အခက်အခဲရှိခြင်း
‣ ကိုယ်ခံအားစနစ် အားနည်းခြင်း

📌 စိတ်ပိုင်းဆိုင်ရာ လက္ခဏာများ

‣ စိုးရိမ်စိတ် (သို့) စိတ်တိုခြင်း
‣ စိတ်ဓာတ်ကျခြင်း
‣ အထိတ်တလန့်ဖြစ်ခြင်း
‣ စိတ်ပျက် ဝမ်းနည်းမှုဖြစ်ခြင်း

📌 မကြာခဏဆိုသလို၊ နာတာရှည် စိတ်ဖိစီးနေသူများသည် ကျန်းမာရေးနှင့်မညီညွတ်သော အမူအကျင့်များဖြင့် စီမံဖြေရှင်းရန် ကြိုးစားမိတတ်ကြသည်။ ဥပမာ –

‣ အရက်အလွန်အကျွံသောက်ခြင်း (သို့) မကြာခဏသောက်ခြင်း
‣ လောင်းကစားပြုလုပ်ခြင်း
‣ အလွန်အကျွံအစာစားခြင်း (သို့) အစားအသောက်ပုံမမှန်ခြင်း
‣ လိင်ဆက်ဆံခြင်း၊ ဈေးဝယ်ခြင်း (သို့) အင်တာနက်ရှာဖွေခြင်းတွင် အလွန်အကျူး ပါဝင်ခြင်း
‣ ဆေးလိပ်သောက်ခြင်း
‣ မူးယစ်ဆေးဝါးသုံးစွဲခြင်း စသည်တို့ဖြစ်သည်။
ထို့ကြောင့် စိတ်ဖိစီးမှုကို မှန်ကန်သောနည်းလမ်းများဖြင့် လျှော့ချရန် လိုအပ်သည်။

________________________________________

🌈 စိတ်ဖိစီးမှု လျှော့ချရန် နည်းလမ်းများ 🌈

လူတို့၏ အသက်အရွယ်၊ ကျားမ၊ အလုပ်အကိုင်၊ နေ့စဉ်လူနေမှုပုံစံ၊ ဘဝစံနှုန်းခံယူချက်များ၊ လိင်ဆက်ဆံမှုပုံစံ၊ ပညာရေးနောက်ခံ၊ ကိုးကွယ်သည့် ဘာသာရေးနောက်ခံ ကွဲပြားမှုပေါ်မူတည်၍ လူတစ်ဦးနှင့်တစ်ဦး စိတ်ဖိစီးမှု လျှော့ချသည့်နည်းလမ်းများ ကွဲပြားသည်။

အများအားဖြင့်

● မိမိတစ်ကိုယ်တည်း စိတ်ဖိစီးမှုလျှော့ချသည့် နည်းလမ်း (Self Help Practice) နှင့်
● အခြားသူထံမှ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု အကူအညီရယူခြင်း (Psychological Support) တို့ဖြစ်သည်။

________________________________________

💖 အောက်ပါ မိမိတစ်ကိုယ်တည်း စိတ်ဖိစီးမှုလျှော့ချသည့် နည်းလမ်းများသည် အလုပ်ရှုပ်သော ဘဝတွင် စိတ်ငြိမ်သက်အေးချမ်းမှုကို ပြန်လည်ရရှိစေရန်ကူညီပေးနိုင်သည်။ စိတ်ဖိစီးမှု သက်သာစေသော နည်းလမ်းများသည် အချိန်အများကြီးယူရန် မလိုအပ်ပါ။

1️⃣ မိမိကို စိတ်ဖိစီးစေသည့်အရာ (Stressor) များကို ဖော်ထုတ်ပါ၊ ပြီးလျှင် ရှောင်ကြဉ်ပါ
2️⃣ ပျော်ရွှင်ရယ်မောပါ
3️⃣ ဝင်လေထွက်လေကို သတိကပ်သည့် သတိပဌာန် တရားရှုမှတ်ပါ
4️⃣ ရုပ်ပိုင်းဆိုင်ရာအရ တက်ကြွလှုပ်ရှားသွက်လက်စွာနေပါ
5️⃣ ကောင်းစွာအနားယူပါ၊ အိပ်ရေးဝအောင် အိပ်စက်ပါ
6️⃣ ကျန်းမာရေးနှင့်ညီညွတ်သော အစာအာဟာရများကို စားသုံးပေးပါ
7️⃣ မိမိ၏ စိတ်ဖိစီးမှုဆိုင်ရာအကြောင်းများ၊ စိတ်ဖိစီးစေသော အတွေးများကို မှတ်တမ်းပြုစုထားပါ
8️⃣ လူမှုကွန်ရက် Social Media ကို လျှော့ချအနားပေးပါ
9️⃣ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါးတို့ကို လျှော့ချပါ၊ ရှောင်ကြဉ်ပါ
🔟 မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းများဖြင့် ပြင်ပတွင်တွေ့ဆုံပါ

❗ စိတ်ဖိစီးမှုကို ထိန်းချုပ်ရန် အထက်ဖော်ပြပါ အချက်များကို လုပ်ဆောင်ခဲ့သော်လည်း စိတ်ဖိစီးမှုလက္ခဏာများ ဆက်လက်ရှိနေပါက မိမိ၏ မိသားစုဆရာဝန်နှင့် တိုင်ပင်ပြသနိုင်သည်။

📞 မိမိကိုယ်မိမိနှင့် အခြားသူတစ်ဦးဦးကို ထိခိုက်အောင်၊ အနာတရဖြစ်အောင် အန္တရာယ်ပြုမည့် အတွေးစိတ်ကူးများ ပေါ်လာလျှင်ဖြစ်စေ၊ ကြံစည်နေလျှင်ဖြစ်စေ နီးစပ်ရာ အရေးပေါ်ဌာနသို့ဆက်သွယ်ပါ။ အကူအညီရယူပါ။

________________________________________

𝗘𝘅𝗽𝗹𝗼𝗿𝗲 𝘄𝗶𝘁𝗵 𝘂𝘀:
𝗪𝗲𝗯𝘀𝗶𝘁𝗲 : https://www.cllhealth.com/
𝗟𝗶𝗻𝗸𝗲𝗱𝗜𝗻 : https://www.linkedin.com/company/cll-health/
𝗬𝗼𝘂𝗧𝘂𝗯𝗲 : https://www.youtube.com/



#စိတ်ဖိစီးမှု #စိတ်ကျန်းမာရေး

CLL Health Talks - Food For Health by Prof. Khin Mar Cho - 1 16/11/2024

CLL Health Talks - Food For Health by Prof. Khin Mar Cho - 1 brought to you by CLL HEALTH, CLL HEALTH is dedicated to helping you and your loved ones live a happy and healthy life together. www.cllhealth.com #...

14/11/2024

🍂 Vitamin C, Vitamin D နဲ့ Zinc အာဟာရဓာတ်တွေ ရရှိနိုင်တဲ့ အစားအစာတွေကိုစုံလင်အောင်စားပါ 🍂

🍂 Vitamin C, Vitamin D နဲ့ Zinc အာဟာရဓာတ်တွေ ရရှိနိုင်တဲ့ အစားအစာတွေကိုစုံလင်အောင်စားပါ 🍂

● အသီးအရွက်၊ အသားငါး၊ ကြက်ဥဘဲဥ၊ ပဲအမျိုးမျိုး၊ ထမင်း၊ ခေါက်ဆွဲ၊ ပေါင်မုန့် စသည်တို့ကို တစ်မျိုးထဲအများကြီး စားသုံးခြင်းကိုရှောင်ပါ

● အချို၊ အငန်၊ ဆီ စားသုံးမှုလျှော့ချပါ

● မလိုလားအပ်တဲ့ ဆိုးကျိုးတွေ မရရှိနိုင်အောင် အားဆေးတွေနဲ့ ဆေးအပြင်းတွေကို မလိုအပ်ဘဲ မသောက်သုံးသင့်ပါ

● အစားအစာချက်ပြုတ်စားသောက်တဲ့အခါမှာ လတ်လတ်ဆတ်ဆတ် သဘာဝအတိုင်း သန့်ရှင်းစွာ ချက်ပြုတ်စားသောက်ပါ

________________________________________________

📌 ဗီတာမင်စီကြွယ်ဝသောအသီးများ

မာလကာသီး၊ သင်္ဘောသီ:၊ စတော်ဘယ်ရီသီး၊ လိမ္မော်သီး၊ ကျွဲကောသီး၊ ဂရိတ်ဖရုသီး၊ သရက်သီး၊ သံပုရာသီး၊ ရှောက်သီး၊ ဂွေးသီး၊ စောင်းလျားသီး၊ သခွားမွှေးသီး၊ နာနတ်သီး၊ ဆီးဖြူသီး၊ မင်းဂွတ်သီး

🔍 တစ်နေ့အနည်းဆုံး လက်ခုပ်(၂)ခုပ်စာ အနည်းဆုံးစားပါ

________________________________________________

📌 ဗီတာမင်စီကြွယ်ဝသော ဟင်းသီးဟင်းရွက်များ

ပန်းဂေါ်ဖီအစိမ်း၊ ဆူးပုပ်ရွက်၊ ဒန့်သလွန်သီးနှင့်အရွက်၊ ပေါက်ပန်းဖြူရွက်၊ နံနံပင်၊ ရဲယိုရွက်၊ မဲဇလီရွက်၊ လယ်ပဒူရွက်၊ ဖန်ခါးသီး၊ ငရုပ်ပွသီး (ဝါစိမ်းနီ)၊ ဘူးညွန့်၊ ဖရုံညွန့်၊ ဂေါ်ရခါးညွန့်၊ ကင်းမွန်ရွက်၊ ဖလန်တောင်ဝှေး၊ ကညွှတ်၊ ချဉ်ပေါင်ရွက်၊ ကင်မွန်းချဉ်ရွက်၊မန်ကျည်းရွက်၊ ပန်းဂေါ်ဖီ/ပန်းမုန်လာ၊ ဂေါ်ဖီထုပ်၊ ပဲပင်ပေါက်၊ ဟင်းနုနွယ်ရွက်၊ ကန်စွန်းရွက်၊ အာလူး၊ ခရမ်းချဉ်သီး

🔍 တစ်နေ့အနည်းဆုံး လက်ခုပ်(၃)ခုပ်စာ အနည်းဆုံးစားပါ

________________________________________________

📌 ဗီတာမင်ဒီကြွယ်ဝသော အစားအစာများ

ကြက်ဥအနှစ်၊ အဆီများတဲ့ငါးအမျိုးမျိုးနှင့်ပင်လယ်စာများ၊ နို့နှင့်နို့ထွက်ပစွည်းများ (နွားနို့၊ပဲနို့၊နို့ခဲ၊ဒိန်ခဲ၊ဒိန်ချဉ်)၊ ပဲမျိုးစုံ၊ အစေ့အဆံမျိုးစုံ၊ အဆီမပါတဲ့အသားမျိုးစုံ၊ သွေးရဲနေတဲ့အသား၊ အမဲသား၊ အသည်း၊ မှို၊ ဟင်းနုနွယ်၊ ကိုက်လန်ရွက်

🔍 ကိုလက်စထရောဟာ တစ်နေ့ကို ၃၀၀မီလီဂရမ်ထက်မကျော်သင့်ပါ။ ကြက်ဥပြုတ်တစ်လုံးရဲ့အနှစ်ထဲမှာ ကိုလက်စထရော ၁၈၇ မီလီဂရမ်ပါနေတဲ့အတွက် တစ်နေ့ကို ကြက်ဥ၂လုံးထက်ပိုပြီးမစားမိအောင်ဂရုစိုက်ပါ

________________________________________________

📌 ဇင့်ဓာတ်ကြွယ်ဝသော အစားအစာများ

ကျောက်ပုစွန်၊ ပြည်ကြီးငါး၊ ကင်းမွန်၊ ဂုံး၊ ငါးအမျိုးမျိုးနှင့်ပင်လယ်စာများ၊ ဝက်နံရိုးသား၊ ပဲသီး၊ ပဲမျိုးစုံပြုတ်/ကြော်ဟင်းများ၊ ကြက်သား၊ ဖရုံစေ့၊ သီဟိုဠ်စေ့ ၊ ဒိန်ချဉ်၊ ကုလားပဲဟင်း၊ ထောပတ်သီး၊ ဟင်းနုနွယ်၊ ဒိန်ခဲ၊ အုတ်ဂျုံ၊ နွားနို့၊ ဗာဒံ(ဗန်ဒါ)စေ့၊ ပဲကတ္တီပါပြုတ်/ကြော်၊ နို့ခဲဟင်း

🔍 တစ်နေ့လက်ဖဝါး၂ဖဝါးစာ အနည်းဆုံးအသားငါးပင်လယ်စာများစားပါ

________________________________________________

🩺 အာဟာရလုံလောက်အောင် မစားဖြစ်ဘူးဆိုရင် ခုခံအားကျမသွားအောင် အစားအစာနဲ့ ဖြည့်စွက်အားဆေးကို ကလေးတွေအတွက် တစ်ရက်ကို ဗီတာမင် (စီ) 400-1800 mg နဲ့ ဗီတာမင်(ဒီ) 1000-4000 IU ၊ လူကြီးတွေအတွက် တစ်ရက်ကို ဗီတာမင်(စီ) 2000mg နဲ့ ဗီတာမင်(ဒီ) 4000 IU၊ ဇင့်ဓာတ်ကို ကလေးတွေအတွက် တစ်ရက်ကို 4-34 mg နဲ့ လူကြီးတွေအတွက် 40mg-50mgအများဆုံးထားပြီး သောက်သုံးနိုင်ပါတယ်

အမေရိကန်နိုင်ငံ နယူးယောက်မြို့ ကော်နဲလ်တက္ကသိုလ်၏ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး၊ အစားအစာနှင့် အာဟာရပညာပါရဂူတစ်ဦးဖြစ်ပြီး CLL Health ၏ Senior Technical Advisor for Nutrition ဆရာမကြီးဒေါက်တာခင်မာချို၏ ကျန်းမာရေးဆွေးနွေးပွဲတို့မှ ကောက်နုတ်တင်ပြထားပါသည်။

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


91/93, 145/147, Corner Of Anawrahta Street & 20th Street Latha
Yangon
11141

Opening Hours

Monday 06:30 - 18:00
Tuesday 06:30 - 18:00
Wednesday 06:30 - 18:00
Thursday 06:30 - 18:00
Friday 06:30 - 18:00
Saturday 06:30 - 18:00
Sunday 06:30 - 18:00