Light Room

Light Room

Share

Defense & Tactical Insights

15/12/2025

ခွန်ဘီထူး
KNDF
ဥက္ကဌ

15/12/2025

နွေဦးတော်လှန်ရေး အခြေအ‌နေအောက်မှာ 1027 ကို ဆောင်ရွက်တာဖြစ်ပါတယ် ➖ ဗိုလ်ချုပ်တားဘုန်းကျော် TNLA ➖ တော်လှန်ရေးဆုံးခန်းတိုင်အောင် ပုံစံစုံနဲ့ ဆောင်ရွက်မယ်လို့ဆို

🔻 ပြီးခဲ့တဲ့ (၂၀၂၄) နိုဝင်ဘာ ၂၅ တုန်းကတော့ စကားပြောဆွေးနွေးမယ်ဆို အဆင်သင့်ဖြစ်တယ်ဆိုတဲ့ ‌သဘောထားထုတ်ပြန်ချက် ထုတ်ထားပါတယ်။ အဲ့ထုတ်ပြန်ချက်ကလည်း နိုင်ငံရေးအခြေအနေအရ၊ တရုတ်ရဲ့ တိုက်တွန်းမှုအခြေအနေအရ ထုတ်ရတာဖြစ်ပါတယ်။

🔻 ကျနော်တို့ စကားပြောဖို့ အဆင်သင့်ဖြစ်တယ်ဆိုတာက အခုရှိနေတဲ့ စစ်ရေးပဋိပက္ခကို ဖြေရှင်းဖို့ အဆင်သင့်ဖြစ်တယ်၊ စကားပြောဖို့ အဆင်သင့်ဖြစ်တယ်၊ တိုက်ပွဲတွေ ဘယ်လိုရပ်ကြမလဲ နှစ်ဖက်နည်းလမ်း ဘယ်လိုရှာကြမလဲ အဓိက ဆွေးနွေးဖို့ ရှိမယ်လို့ မြင်ပါတယ်။ ကျန်တဲ့ တခြားအပိုင်းတွေ ကျနော်တို့ သွားဖို့က အဝေးကြီးလိုဦးမယ်လို့ ထင်ပါတယ်။

🔻 စစ်ကောင်စီကို တိုက်ထုတ်တဲ့နေရာမှာ ကျနော်တို့အဖွဲ့တင်မဟုတ်ဘူး။ ကျနော်တို့ မဟာမိတ်တွေ ရှိတယ်။ ကျနော်တို့ နွေဦးတော်လှန်ရေးရဲဘော်တွေရှိတယ်။ ပြီးတော့ ပြည်သူလူထုတွေရှိတယ်။ ဒါတွေကို ပေးဆပ်မှုပေါင်းများစွာနဲ့ ကျနော်တို့က ဒီအဆင့်ကို ရောက်အောင် လုပ်ထားတဲ့ အခြေအနေတွေဖြစ်တော့ ကျနော်တို့ လွယ်လွယ်ကူကူတော့ တချို့ အပေးအယူတွေ လုပ်လို့တော့ မရဘူးလို့ မြင်ပါတယ်။ ဒါပေမဲ့ ဆွေးနွေးမှုရဲ့ သဘောသဘာ၀အရ အလျော့အတင်းဆိုတာ အမြဲတမ်းတော့ ရှိပါတယ်။ ခုနတုန်းက ကျနော်ပြောသလို ကျော်လို့ မရတဲ့စည်းတော့ ရှိမှာပါ။ နယ်မြေကိစ္စနဲ့ပတ်သက်ရင် တချို့ဟာတွေတော့ ကျနော်တို့ဘက်က တော်တော်လေး လျော့ဖို့ ခက်မဲ့အနေအထားတွေ ရှိနိုင်ပါတယ်။

🔻 အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးနဲ့အတူ တော်လှန်ရေးအရှိန်အဟုန် ပိုပြီး အားကောင်းလာတယ်။ ဒီအခြေအနေအောက်မှာ ကျနော်တို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က 1027 Operation ကို ဆောင်ရွက်တာ ဖြစ်ပါတယ်။

🔻 (တရုတ်) ဖိအားကတော့ နဂိုတည်းကလည်းရှိတယ်။ ပြင်းပြင်းထန်ထန်ရှိတယ်။ ပုံစံအမျိုးမျိုးနဲ့ ရှိနေတယ်။ ကျနော်တို့ ဒီ စကစဘက်က ဖိအား၊ တရုတ်အစိုးရရဲ့ဖိအား ဒါက နဂိုတည်းက တောက်လျှောက် ရှိနေတယ်။ ၂၀၁၄/၁၅/၁၆/၁၇/၁၈/၁၉ တည်းက။ ပြီးတော့ 1027 Operation လုပ်တဲ့အချိန်မှာ ဖိအားတွေက ပိုပြီး ကြီးလာတယ်။ ဒီဖိအားတွေကို ညီနောင် သုံးဖွဲ့လုံးနဲ့ တခြား KIA တို့ ဝ အဖွဲ့အစည်းတို့ တခြား SSPP တို့ မိုင်းလားအဖွဲ့အစည်းတို့မှာလည်း ဒီလိုပဲ ဖိအားတွေ တူတူပဲရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့က 1027 Operation ကို အဓိက ဦးဆောင်ပြီး အကောင်အထည်ဖော်တဲ့သူတွေ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ (အပေါ်) ဖိအားကတော့ တခြားအဖွဲ့တွေထက် ပိုပြီး ဆိုးတာပေါ့။ ကိုးကန့်ကတော့ ကျနော်တို့ထက် ဖိအားကတော့ တမျိုးတဖုံ ပိုပြီး ပြင်းကောင်း ပြင်းနိုင်ပါတယ်။ ဒါပေမဲ့လည်း ကျနော်တို့ ဒီတော်လှန်ရေးကာလမှာ ဒီဖိအားတွေကို ဘယ်လိုရင်ဆိုင် ကျော်လွှားမလဲ၊ အကောင်းဆုံးဘယ်လိုဖြေရှင်းကြမလဲ၊ အခုဖြစ်နေတဲ့ ဆုံးရှုံးနေတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအားလုံး၊ ကျနော်တို့ ပျောက်နေတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဒါတွေအားလုံး အကောင်အထည်ဖော်ဖို့က ကျနော်တို့ သုံးဖွဲ့ကြားတင်မကဘဲ FPNCC ကျန်တဲ့အဖွဲ့အစည်းတွေရော၊ ကျနော်တို့နဲ့ ထိစပ်နေတဲ့ ကချင်၊ ကျနော်တို့နဲ့ ထိစပ်နေတဲ့ တခြားသော လက်နက်ကိုင်အဖွဲ့အစည်းတွေရော ပြီးတော့ တောင်ပိုင်းမှာရှိတဲ့အဖွဲ့အစည်း ကျနော်တို့ အတတ်နိုင်ဆုံးတော့ ဟန်ချက်ညီအောင် အချင်းချင်း ဆက်သွယ်ညှိနှိုင်းပြီး ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ အလားတူပဲ ‌နွေဦးတော်လှန်ရေးနဲ့ ပေါက်ဖွားလာတဲ့ရဲဘော်တွေ အတူတူပါပဲ။ ကျနော်တို့ မပြီးဆုံးသေးတဲ့တော်လှန်ရေးကို အဆုံးစွန်ထိရောက်အောင် ပုံစံအမျိုးမျိုးနဲ့ဆောင်ရွက်ရမဲ့ အနေအထားဖြစ်ပါတယ်။

🔻 ကျနော်တို့ သေချာတာက ပြည်ထောင်စုမြန်မာနိုင်ငံမှာ တအောင်းပြည်နယ်ဆိုတာ ပလောင်ပြည်နယ်ဆိုတာ ရရှိဖို့ ကျနော်တို့ မလွဲမသွေ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီကနေ့ နွေဦးတော်လှန်ရေးနဲ့အတူ ပေါ်ပေါက်လာတဲ့ အခြေအနေမှာကျတော့ ရဲဘော်ရဲဘက်အားလုံး ပြည်သူလူထုအားလုံး ပူးပေါင်းဆောင်ရွက်မှုနဲ့ တော်လှန်ရေးဆောင်ရွက်ရတဲ့ အခြေအနေတွေကြားမှာတော့ အခုရှိတဲ့ မြို့တွေမှာ စစ်ကောင်စီကို ဖယ်ရှားရတာဖြစ်ပါတယ်။

🔻 အခုဆိုရင် ကျနော်တို့ မြို့ကြီး ၁၀ မြို့၊ ကျန်တဲ့ မြို့အသေးတွေလည်း ရှိပါတယ်။ စစ်‌ကောင်စီကို ဖယ်ရှားပြီးသွားပြီဆိုတော့ ပြည်သူလူထုရဲ့စား၀တ်နေရေး၊ အသက်အိုးအိမ်လုံခြုံရေးအတွက် ကျနော်တို့မှာ တာ၀န်ရှိတယ်။ သိပ်ရှုပ်ထွေးနေတဲ့အခြေအနေမှာ အဖွဲ့အစည်းပေါင်းစုံနဲ့ အုပ်ချုပ်ဖို့ မဖြစ်နိုင်ဘူး။ ဒါ့ကြောင့် ကျနော်တို့အဖွဲ့အစည်းက တော်လှန်ရေးတာ၀န်ရှိမှုအရ ဒီမြို့တွေကို ကျနော်တို့က စနစ်တကျ စီမံအုပ်ချုပ်ဖို့ တာ၀န်ရှိပါတယ်။ တကယ်လို့ ကျနော်တို့က မြန်မာနိုင်ငံတခုလုံးမှာ တော်လှန်ရေးအရှိန်အဟုန်အားကောင်းလာပြီး ဒီလို အုပ်ချုပ်မှုတွေ အားကောင်းလာပြီဆိုရင် အဲ့ကနေတဆင့် ဥပမာ ကျနော်ပြောတဲ့ လေကြောင်းစစ်ဆင်မှုတွေ မရှိတော့ဘူးဆိုရင် ကြားကာလမှာ အသွင်ကူးပြောင်းရေးအစိုးရ၊ ပြည်သူလူထုတွေ တကယ်ပါနိုင်တဲ့ အစိုးရပုံစံ ကျနော်တို့ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

🔻 တအောင်းပြည်နယ် နယ်မြေအနေအထား၊ ဘယ်အထိကျယ်မယ်၊ ဘယ်လောက်အထိ ပါမယ်ဆိုတဲ့ ကိစ္စကတော့ တချိန်မှာ နိုင်ငံရေးအရ စကားပြောရမဲ့ အနေအထားဖြစ်ပါတယ်။ လက်ရှိတော်လှန်ရေးအနေအထားမှာတော့ ကျနော်တို့က ဦးဆောင်ပြီးတော့ ဒီနယ်မြေတွေမှာ စစ်ကောင်စီကို ဖယ်ရှားထားတာဖြစ်လို့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးတွေ ကျနော်တို့မှာ တာ၀န်ရှိပါတယ်။

🔻 မြန်မာနိုင်ငံရဲ့ အခြေအနေက ခန့်မှန်းရတော့ တော်တော်လေးကို ခက်တဲ့အနေအထားဖြစ်ပါတယ်။ ကျနော်တို့ ပြဿနာတွေက နှစ်ပေါင်းများစွာ၊ နှစ်ပေါင်း ၆၀/၇၀ ကြာလာတဲ့ပြည်တွင်းစစ်ကြီးဖြစ်တဲ့အတွက် တခါတည်း အမြန်‌ဆုံး အဆုံးသတ်ဖို့တော့ ခက်ခဲတဲ့အနေအထားဖြစ်ပါတယ်။ ပြီးတော့ တရုတ်နိုင်ငံကလည်း တရုတ်အကျိုးစီးပွား၊ တရုတ်နိုင်ငံရဲ့နိုင်ငံရေးအမျှော်အမြင်နဲ့ ချဉ်းကပ်မှုမျိုးနဲ့ ဆောင်ရွက်နေတဲ့အနေအထားဖြစ်ပြီး ကျနော်တို့ကလည်း တရုတ်နဲ့ထိစပ်နေတဲ့ အနေအထားဖြစ်လို့ ကျနော်တို့ ဆက်ဆံရေးမပျက်ရအောင် ကြိုးပမ်းဆောင်ရွက်နေရတဲ့ အနေအထားဖြစ်တဲ့အတွက် တချို့ကျနော်တို့ဖြစ်ချင်တဲ့ ဆန္ဒ အပြည့်အ၀တော့ ကျနော်တို့ဖြစ်ဖို့ ခက်ပါတယ်။

🔻 ထပ်ရင်ဆိုင်ရမဲ့ ၂၀၂၅ နိုင်ငံရေးအခင်းအကျင်းကတော့ အခက်အခဲပေါင်းစုံထပ်ရှိနေသေးတယ်။ ထပ်ရင်ဆိုင်ရဦးမယ်။ အဲတာကို ကျနော်တို့ တော်လှန်ရေးမျိုးဆက်တွေက လိမ်မာပါးနပ်မှုရှိစွာ ကျနော်တို့ လိုချင်တဲ့ တော်လှန်ရေးပန်းတိုင်ဆီရောက်အောင် ချီတက်နိုင်လိမ့်မယ်လို့ မြင်ပါတယ်။ ပြီးတော့ ကျနော်တို့နဲ့ အိမ်နီးချင်း ထိစပ်နေတဲ့ တရုတ်နိုင်ငံကလည်း ကျနော်တို့ရဲ့ တော်လှန်ရေးအပေါ် သိမြင်နားလည်စာနာလာပြီးတော့မှ တရုတ်ရဲ့အကျိုးစီးပွား၊ သူတို့လိုချင်တဲ့အကျိုးစီးပွား လက်တွေ့ကျတဲ့ဟာတွေ ဖြစ်လာနိုင်အောင် နည်းလမ်းရှာသွားနိုင်မဲ့ အခင်းအကျင်းတွေ ရှာဖွေဖော်ဆောင်သွားဖို့ လိုတယ်။

🔻 ကျနော်တို့အနေနဲ့လည်း ပြည်တွင်းစစ်ကြီး အဆုံးသတ်ပြီးတော့မှ ဒီတိုင်းပြည်ကို တကယ် ဖက်ဒရယ်ပြည်ထောင်စု၊ ဒီမိုကရေစီ လူ့အခွင့်အရေး တကယ်ပြည့်၀တဲ့နိုင်ငံအဖြစ် တည်ဆောက်နိုင်မဲ့ အနေအထားကတော့ ကျနော်တို့ တော်လှန်ရေးအမြင့်ဆုံးရေချိန်တောင် ရောက်ပြီလို့ မြင်ပါတယ်။ အဲတာကို သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံး ပြီးတော့ ဒီ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးအခင်းအကျင်းမှာ ပါတဲ့ ခေါင်းဆောင်တွေ၊ အစုအဖွဲ့တွေအားလုံးက တော်လှန်ရေးသတိရှိရှိ တော်လှန်ရေးအမြင်ရှိရှိနဲ့ ဆောင်ရွက်မယ်ဆိုရင်တော့ ကျနော်တို့ ပြည်သူလူထုအတွက် အကောင်းဆုံး အဖြေ ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်
BBC မေးမြန်းခန်း
ဒီဇင်ဘာ ၂၄/၂၀၂၄

15/12/2025

Vero Nika ကိုတော့မနေ့တည်းက Follow ဖြုတ်ခဲ့လိုက်တယ်။ လက်ရှိအချိန်ကြည့်တာ သူ့မှာ 252K ပဲရှိတော့တဲ့အထိ Follow ဖြုတ်ကြတာတွေ့ရတယ်။ ( Page ကတော့ 1.1M ရှိနေတာပါ) edited

ပြည်သူ့ဆန္ဒကိုဆန့်ကျင်ပြီး စကမနဲ့ပူးပေါင်းတာ စကမပွဲတွေမှာပါဝင်တာ ပါဝင်တဲ့လူတွေနဲ့ပလူးတာ ထောက်ခံတာမျိုးတွေ့ရင်တော့ ဘယ်သူမဆိုဒီလမ်းလိုက်ရမှာပဲ။

Boycott လုပ်တယ် SP လုပ်တယ်ဆိုတာက ပြည်သူ့အားကိုထုနဲ့ထည်နဲ့မြင်ရတာမျိုးပဲ။ ဒါကြောင့် Boycott နဲ့ SP ကိုသေချာလုပ်ကြဖို့လိုတယ်။ follow ဖြုတ်တာလေးမှမလုပ်နိုင်ရင် ကျန်တဲ့ကြီးမားတာတွေကိုလုပ်ဖို့မလွယ်ဘူး။
ဒါလေးတော့လုပ်ပေးကြပါ။ တောင်းဆိုပါတယ်။

Thaye Gyi

Photos from Light Room's post 15/12/2025

ကရာတေး ချန်ပီယံ ၊ ဘူရှိဒိုရွှေတံဆိပ်ဆုရှင် CDM အားကစားသမား ရဲ့ ဗရော်နီကာသို့ ပေးစာ

==============================

ချစ်သော "ဗရော်နီကာ "

တိုက်ခိုက်ရေး ကစားသမားတစ်ဦးဆိုတာ
ခံယူချက်ပြင်းထန်ရပါတယ်
သစ္စာစောင့်သိမှုနဲ့ လေးစားမှုရှိရပါတယ် ။

ခင်ဗျားကျွန်တော့ကိုသိမှာပါ ခင်ဗျား နောင်ယား
အားကစားရုံလေးထဲကနေ စလို့
2013 seagmes Camp အထိ ကျွန်တော်တို့
မကြာမကြာဆိုသလို ဆုံဖူးပါတယ် ။

ဒီနေရာမှာ ( TT ) ကိုမေ့လို့မရပါ ။
သို့သော် ( TT ) ကိုလည်းထည့်မရေးတော့ပါ ။

ချစ်သော ဗရော်နီကာ တိုက်ခိုက်ရေးအားကစားသမား
တစ်ဦးဟာ ငွေနောက်လိုက်မိရင်
ကိုယ့်ရဲ့ဖြစ်တည်မှုအစ ကိုမေ့သွားတတ်ပါတယ်။
ကျွန်တော်ဟာ ကျွန်တော့ အားကစားနည်းမှာ
အောင်မြင်ကျော်ကြားတဲ့ ခုနှစ်တွေရှိခဲ့ဖူးပါတယ်
ကျွန်တော်အောက်ခြေလွတ်ဖူးပါတယ် ။
နည်းပြတွေရဲ့စကားကို ဆန့်ကျင်ဖူးပါတယ်
ကျွန်တော့ လေ့ကျင့်ဖော်တွေကို
အရိုအသေမဲ့ စွာ ဆက်ဆံဖူးပါတယ် ။

အဲ့ဒီနှစ်အပိုင်းအခြားမှာ ကျွန်တော်စကျရှုံးပါတယ်
ဒါဟာလူနည်းစုလေး အပေါ်ကိုပဲမာန်တက်ပြီး
ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမိတဲ့ပြဿနာပါ ။

ခင်ဗျား ဆုပ်လိုက်တဲ့ လက်သီးတွေတိုင်းမှာ
ပြည်သူတွေရဲ့ နှလုံးသားတွေပါတယ်
ခင်ဗျား လေ့ကျင့်လို့ ထွက်လာတဲ့ချွေးမှာ
ပြည်သူတွေရဲ့မေတ္တာပါတယ်
ခင်ဗျားရတဲ့ ဒဏ်ရာကလည်းပြည်သူတွေရဲ့နှလုံးသား
အနာရတဖွယ်ပါပဲ ..

ခင်ဗျားအောင်မြင်မှ ရောက်လာတယ်ဆိုတဲ့စကားထက်
ခင်ဗျား ကြိုးစားခဲ့တဲ့ ကြိုးစားမှုကို အသိအမှတ်ပြုဖို့
ရောက်လာကြတဲ့ ပြည်သူတွေပါ ။

အဲ့ဒီပြည်သူတွေထဲမှာ ခင်ဗျားကို လေယာဉ်ဗုံးဒဏ်တွေ
ထဲကနေ အားပေးနေကြတဲ့ ပြည်သူတွေရှိသလို
ခင်ဗျားပွဲတွေကို ကြည့်ဖို့ဖုန်းအားမရှိတဲ့ကြားက solar နဲ့
စတားလင့်လေးကို ပိုက်ဆံပေးသုံးတဲ့ ပြည်သူတွေပါပါတယ် ။

ဒါတင်မကပါဘူး ခင်ဗျားကို တိုက်ပွဲအပြန်မှာ
ဒီည ဘယ်ရောနီကာ ပွဲရှိတယ်ဆိုပြီး
ယူနီဖောင်းမချွတ်ဘဲ ထိုင်စောင့်အားပေးတဲ့
ရဲဘော်တွေအများကြီးရှိပါတယ် ။

မြို့ပေါ်မှာနေလည်း ပေါ်တာဆွဲမယ်မှန်းသိလျက်နဲ့
လက်ဖက်ရည်ဆိုင်က ပြတဲ့ TV ဖန်သားပြင်ပေါ်က
ခင်ဗျားပွဲကို အိမ်ပြန်နောက်ကျတဲ့အထိ
အားပေးခဲ့ကြတဲ့ ပြည်သူတွေလည်းရှိပါတယ် ။

ဆိုတော့ ဒီပြည်သူတွေဟာ ခက်ခဲပင်ပန်း
ဆင်းရဲကြပ်တည်းမှုတွေကြားက ခင်ဗျားကို
သည်းသည်းလှုပ် အားပေးခဲ့ကြသူတွေပါ ။

တိုက်ခိုက်ရေးသမားဆိုတာ ကိုယ့်အသားကို
အကြိမ်ရေ အများကြီးအနာခံပြီး
ထိုးကြိတ်ပြီးမှ ထမင်းစားသောက်ရတာပါ
ဒါကြောင့် သူများတွေကို အသားမနာစေချင်တဲ့
ဆန္ဒတွေပိုများပါတယ် ။ ဒါကို ကိုယ်ချင်းစာတရား
လို့ခေါ်ပါတယ် ။

ဒီလိုဆို အများပြည်သူကို နှလုံးသားနာစေတဲ့
ပြောဆိုမှုတွေ အလေးမထားမှုတွေကို
စိတ်လိုက်မာန်ပါ မလုပ်ဖို့ တိုက်တွန်းပါတယ် ။

ဒါနောက်ဆုံးပါပဲ ..

" တိုက်ခိုက်ရေးသမားဆိုတာ ပိုယဉ်ကျေးရတယ်
ပိုသိမ်မွေ့ရတယ် ပိုပြီး စောင့်ထိန်းရတယ်"

ပြည်သူတွေနဲ့တစ်သားတည်း ဖြစ်ကြောင်း
မထုတ်ပြနိုင်ရင်တောင်မှ အဓမ္မ တရားကို
ပိုခွဲခြားနိုင်တဲ့ နေရာက ပေါက်ဖွားလာတာ
ခင်ဗျားကိုယ်စောင့်နတ်သိပါတယ် ။

ဘုရားသခင်သိပါတယ် ။

ချစ်ခင်လေးစားသောအားဖြင့်
ကိုယ့် ဘဝကိုမမေ့ပါနဲ့ ပြည်သူတွေကိုမမေ့ပါနဲ့လို့
မှာချင်ပါတယ် ။

ဒါနောက်ဆုံးပါပဲ ။
ချစ်တဲ့စိတ်တွေကျန်နေလို့ သတိပေးတဲ့
သဘောပါ ခင်ဗျားကို ချစ်ခင်ကြလို့
အဖတ်လုပ်နေကြတဲ့လူတွေဆိုတာ
မမေ့ပါိနဲ့ ...

"ခင်ဗျားသိက္ခာကို အသပြာဖြင့်မလဲပါနဲ့
ပြည်သူတွေရဲ့နှလုံးသားကို နာကျင်မှုမမြောက်စေနဲ့"

11/12/2025

NUG ကာကွယ်ရေးဝန်ကြီးဌာန က လက်နက်ထပ်တိုးတပ်ဆင်မှုများကို တိုင်းအလိုက် မြန်မြန်ဆန်ဆန် လုပ်ဆောင်နေခြင်းတွေ့ရသည်။

ပဲခူးတိုင်း၊ နာဂဒေသနှင့် စစ်ကိုင်းတိုင်းတို့တွင် တပ်ဖွဲ့ပြန်လည်ဖွဲ့စည်းခြင်း၊ တိုးချဲ့သင်တန်းများ ပြုလုပ်ခြင်းတို့က တော်လှန်ရေးတပ်ဖွဲ့များ၏ စစ်ရှိန်မြင့်တင်ရေးအတွက် အရေးပါနေသည်ကိုတွေ့မြင်ရသည်။

Light Room – Defense & Tactical Insights
သည် မြန်မာနိုင်ငံရှိ စစ်ရေး၊ ကာကွယ်ရေးနှင့် တော်လှန်ရေးဆိုင်ရာ သတင်းအချက်အလက်များကို တိကျမြန်ဆန်စွာ ပေးနိုင်တဲ့ ယုံကြည်စိတ်ချရသော သုံးသပ်ရေးပလက်ဖောင်းတစ်ခု ဖြစ်လာရန် ရည်မှန်းကာ NUG MOD ၏ စစ်လက်နက်တပ်ဆင်ရေး များကို ပြန်လာ်စုစည်းကာ Infograph များဖြင့် ဖော်ပြရန် ရည်ရွယ်သည်။

Vol 1 . 001

Photos from Light Room's post 11/12/2025

လူ့အခွင့်အရေးနေ့မှာ ဗုံးကြံခံရတဲ့ မြောက်ဦး ဆေးရုံ

Photos from Light Room's post 05/10/2024

ဗုံးကျဲခံရပြီးနောက် လားရှိုး မြို့မ စျေး

Photos from Light Room's post 05/10/2024

မယ့်တန်တွင် ဆင်နှစ်ကောင် ရေနစ်သေဆုံး

ဧရာဝတီ ၊ အောက်တိုဘာ ၅ ၊ ၂၀၂၄

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် မယ့်တန်၌ ဆင်နှစ်ကောင် ရေနစ်သေဆုံးနေသည်ကို ယနေ့ နံနက်ပိုင်းတွင် တွေ့ရှိခဲ့ရကြောင်း Tha Nation Thailand သတင်းက ဖော်ပြသည်။

“ဖန်ဖာဆိုင်း”ဟု ယူဆရသည့် ဆင်တကောင်အလောင်းကို မယ့်တန်မြစ်ကမ်းအနီး ရှာဖွေတွေ့ရှိခဲ့ပြီး ကျန်တကောင်မှာ “ဖန်ဖဆိုင်”ဟု ယူဆရကာ မြစ်ကမ်းပါးမှ မီတာ ၂၀ ခန့်အကွာ အပျက်အစီးပုံများပေါ်တွင် လဲလျောင်းသေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။

အဆိုပါဆင်နှစ်ကောင်သည် ယမန်နေ့ ညနေပိုင်းက မယ့်တန်မြစ်အတွင်း ရုတ်တရက် ရေလွှမ်းမိုးမှုကြောင့် မျောပါသွားသည့် ဆင်စခန်းတခုရှိ ဆင်အဖွဲ့မှ ဖြစ်ပြီး ညလုံးပေါက် ရှာဖွေခဲ့ကြကြောင်း၊ အခြားသောဆင်နှစ်ကောင်၏ အလောင်းများကို ယမန်နေ့၌ တွေ့ရှိခဲ့ကြောင်း သိရသည်။

ပုံစာ- သေဆုံးနေသော ဆင်သေအလောင်းများ/ The Nation Thailand

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။

04/10/2024

ညီမကိုယ်ဝန် ၇လပါ ၆ လပိုင်းမွေးတော့မှာပါ ငွေသိန်း ၁၅၈ သိန်း အလိမ်ခံရလို့ပါ 😢
အိမ်မှာနေရင်း ကျွန်မငွေအပိုဝင်အောင် YouTube subscribed လုပ်ပေးရင်း ငွေလိမ်ခံရလို့ပါ🥀

ကျွန်မကိုယ်ဝန်ဆောင်သယ်ပါ ကိုယ့်ဘာသာအေးအေးလူလူအင်တာနက်သုံးပြီး ဘာအရှုပ်မှမရှိဘဝကိုရိုးရိုးသားသား ကလေး၂ယောက်၊ ၁ဗိုက်နဲ့ဖြတ်သန်းခဲ့ပေမယ့် မဖိတ်ထားပဲ ကံဆိုးမှုကြုံလာရပါတယ်။

ကျွန်မ အလိမ်ခံရတဲ့ ပုံစံ ပြောပြချင်လို့ပါ။
ပထမတော့ မိန်းကလေးတစ်ယောက် Viber ကနေ စကား လာပြောတယ်။ (အဓိက သူက လူစု‌ဆောင်ရတာ၊) ကျွန်မလဲ လက်ခံ စကားပြောမိတယ်။ YouTube scribers လိုချင်လို့ပေါ့ ၊ သူတို့က YouTube channel ချပေးရင် ကိုက လိုက်ပီး Scribe လုပ်ပေးရုံပဲ။ တစ်ခု တစ်ထောင်ရမယ်။ လုပ်မယ်ပေါ့၊ ကျွန်မ Kpay နဲ့ နာမည်ကို ပေးလိုက်တယ်။

ပထမရက် YouTube channel တွေ Scribe လုပ်တာ 3000 လောက်ရတယ်။

ဒုတိယရက် YouTube channel တွေ Scribe လုပ်တာ ၁၈,၀၀၀ ရပါတယ်။

ဒုတိယရက်ရောက်တော့ Crypto Exchange တွေနဲ့ချိတ်ပီး mission ဆိုပီး လုပ်ထားတယ်။ Mission 1 to 5 ရှိတယ်။ mission တစ်ခုစီမှာ ဈေးနှုန်းတွေ သတ်မှတ် ထားတယ် ။မတည်ငွေ ၄၀၀၀၀ အနည်းဆုံးကနေ ၁၂ သိန်း ၂ သောင်း ထိ ရှိတယ်။ အနည်းဆုံး ၄၀၀၀၀ က တစ်ခါပဲ ရတယ်။ မတည်ငွေ အလိုက် အမြတ် percent တွေလဲ ကွာတယ်။ အဲဒါနဲ့ ဒုတိယရက်ရောက်တော့ ၄၀,၀၀၀ Mission ကို စမ်းလိုက်တယ်။ သူတို့က magix1.cc ဆိုတဲ့ google address
ထဲ ဝင်ဝယ်ပေးရမယ်ံ Invitation code တွေ အကုန် လုပ်ပီးသားကို ဘယ်လောက် ‌amount ဘယ်‌လောက် Percentနဲ့ ဝယ်‌ပေးရမယ်ဆိုပီး ညွန်ကြားပေးတယ်။ တကယ်လဲ ဝယ်ပေးပြီးတော့ အမြတ်ပြန်ပေးတယ်။

(၂) အဆက်

တတိယရက်ကျတော့ ‌မှာ ၂၂၀,၀၀၀ Mission ကို ထမ်းစမ်းမိပါတယိ စမ်းချင်ရင် ပထမ ၄၀,၀၀၀ တုန်းကလိုပဲ သူတို့ညွန်းကြားတဲ့ အတိုင်း လုပ်ရုံပဲ။ ဒါပေမယ့် ထူခြားတာက sub-Mission လေးတွေ ထည့်ပေးထားတယ်။ အဲဒါ အဓိက ကစားချင်လို့ ထည့်ပေးထားတာ။ sub-Mission ပြီးမှ ငွေပြန်ထုတ်ရမှာ။ မပြီးရင်ထုတ်မရ။ ပထမ ၂၂၀,၀၀၀ တုန်းက Mission ကတော့ အမြတ်ပြန်ရတယ်။
အဲဒီရက်မှာပဲ နေ့လယ်ရောက်တော့ ၂၂၀,၀၀၀ နဲ့ ထပ်စမ်းတယ်။ ၂၂၀,၀၀၀ သိန်း mission ပေါ့။ sub-Mission က ၈၉၀,၀၀၀ တဲ့ အရမ်းများနေမှန်း သိပေးမယ့် ပထမ ၂၂၀,၀၀၀ Missionတုန်းက လိုပဲ ထင်ပြီး အဒေါ်ဆီကချေးပြီး ထည့်လိုက်တာ။
အဲဒီ၂၂၀,၀၀၀ Mission မှာပဲ sub-Mission တွေ နောက်ထပ်mission တစ်ခု ထပ်ထည့်လာတယ်။ ဒီ sub-Mission တစ်ခုရဲ့ မတည်ငွေ ပမာဏထက် အဆမတန် များပေးထားတယ် ၁,၉၅၀,၀၀၀ ပါ။ ကျွန်မလဲ အရင်ထည့်ထားတဲ့ ၁,၁၁၀,၀၀၀ ဆုံးမှာစိုးလို့ စုထားသမျှငွေ ၁,၉၅၀,၀၀၀ လုံးထပ်ပြီးထည့်မိပါတယ်။

ဒါနဲ့တင်မပြီးပဲ Premium အဆင့်အတွက်ဆိုပြီး ၄,၂၀၀,၀၀၀ ထပ်ထည့်ခိုင်းပြန်ပါတယ်။
ကျွန်မလဲ ထည့်ခဲ့သမျှ ၃,၀၆၀,၀၀၀ ဆုံးရှုံးမှာကြောက်တဲ့စိတ် ကလေး၂ယောက်အတွက်စုထားတာပါမှာကြောက်တဲ့စိတ်နဲ့ ၄,၂၀၀,၀၀၀ ကို မရရအောင် ထပ်ရှာပြီး ကလေးရွေးပေါင်ပေးပြီးထည့်ခဲ့ပေမယ့် ကံဆိုးမသွားမိုးလိုက်လို့ရွာဆိုသလိုပဲ သူတို့ညွန်ကြားတဲ့ အတိုင်း လုပ်ခိုင်းပေမယ့် crypto money ဆိုတာကို နားမလည် အစိမ်းသပ်သပ်ဖြစ်တဲ့ကိုယ့်ကို နဂိုနဲ့မတူတဲ့ ရွေးနည်းတစ်ခုကို ရွေးခိုင်းတဲ့အချိန်သတိမမူမိပဲရွေးနည်းမှားသွားလို့ mission failed သွားပါတယ်။
ထည့်ခဲ့သမျှ ၇,၂၆၀,၀၀၀ ဆုံးဖို့အခြေအနေဖြစ်လာလို့ ညွှန်ကြားသူကို ဘလိုလုပ်ရင်အကောင်းဆုံးဖြစ်မလဲမေးတဲ့အခါ နောက်ထပ် အစားထိုး ပြန်ဆယ်တဲ့ mission ကို ၈,၂၀၀,၀၀၀ နဲ့ပြန်ဆယ်ဖို့ ညွှန်ကြားတဲ့အခါ group ထဲက တခြား member (၃) ဦးလဲ ကိုယ့်ကြောင့်အမြတ်မထုတ်ရမှာစိုးရိမ်စိတ်ကြောင့် ၈,၂၀၀,၀၀၀ ကိုလဲရွှေတွေပေါင်ပေးခဲ့ပါတယ်။

ဒီအဆင့် ၈,၂၀၀,၀၀၀ ပြီးရင် mission အားလုံး ပြီးပြီလား ညီမအရင်ငွေတွေရောရမလားမေးတော့ ရမယ်ပဲဖြေခဲ့ပါတယ်။

ဒါနဲ့ညီမလဲ ကိုယ့်ငွေတွေပြန်ရလိုဇောနဲ့ ၈,၂၀၀,၀၀၀ ထပ်ထည့်ပေးခဲ့ပါတယ်။ စုစုပေါင်း ငွေပမာဏ (၁၅,၄၆၀,၀၀၀) ထည့်ပြီး သူတို့ညွန်ကြားတဲ့ အတိုင်း mission ကိုလုပ်လို့အောင်မြင်တယ်ပြောပြီး (၂ ရာ ခြောက်ဆယ့်၃သိန်းရှစ်သောင်းလေးထောင့်သုံးရာ) ထုတ်ယူနိုင်ဖို့ withdrawal code ကျလာပါတယ်။

၃ရက်တာပင်ပန်းခဲ့တဲ့အပူလုံးကျပြီး ငွေရပြီအထင်နဲ့ပျော်ခဲ့ပေမယ့် ညီမဟာ mission တစ်ခါ ကျရှုံးခဲ့လို့ credit score ၁၀၀ မှာ ၈၀ ပဲရှိလို့ ၂၀ ပြန်ဖြည့်ဖို့ ၁ score - ၆၅၀,၀၀၀ နဲ့ ၂၀ score စာ သိန်း ၁၃၀ လွှဲရင် ညီမကို အပေါ်ကငွေတွေအကုန်ထုတ်ပေးမယ်ပြောပါတယ်။

ညီမကိုယ်မှာ ရှိတဲ့တစ်ကိုယ်စာရွှေကလွဲကျန်ရွှေတွေလဲ ပေါင်ပြီးတော့ ငွေဖော်ဖို့ ကားစာအုပ်ပဲရှိတော့လို ဆက်မရူးမိုက်ရဲလို့ သိန်း ၁၃၀ ထပ်မလွှဲဖြစ်တော့ပါဘူး။

နောင်အခါမှရတဲ့ နောင်တပါ ၁၀ သိန်းကျော်မှာ အဒေါ်က ဆက်မလုပ်ဖို့ တားပေမယ့် ကိုယ်လဲ ဒီအခြေအနေထိ လိုက်ဆယ်လေမြုပ်လေဖြစ်မယ်မထင်ခဲ့တာပါ😭😭😭

ညီမသာ သူတို့တောင်းတဲ့ သိန်း ၁၃၀ ထပ်သွင်းခဲ့ရင် နဂိုသွင်းထားငွေ ၁၅၄ သိန်း ၆ သောင်းနဲ့ပေါင်း ၂၈၄ သိန်း ၆ သောင်းပါ သူတို့လက်ထဲရောက်ပြီး ပြန်ရနိုင်မရနိုင်မသေချာ ကတိမရှိတဲ့အခြေအနေမို့ ထပ်မလွှဲရဲတော့ပဲ လူလိမ်အဖွဲ့လို့သာ သတ်မှတ်မိပါတော့တယ်။

ပြီးမှ ပြန်စဉ်းစားကြည့်တော့ သူတို့က အဖွဲ့လိုက်လုပ်ဆောင်နေတာပါ။ နေအေးရဲ့ လိမ်နည်း ၁၀၀ မှာပါတဲ့ အချက်တွေလိုပါပဲ။ Mission ဂရုထဲပါဝင်တဲ့ တခြား member ၃ ဦးကတော့ သူတို့က mission မမှားလို့ သိန်း ၂၀၀ ကျော်ဝင်တယ်လို့ SS တွေပို့ကြပါတယ်။ တေ့တေ့ဆိုင်ဆိုင် telegram က ညီမဖုန်းဆက်ပြီး ဖုန်းမကိုင်ကြပါဘူး ညီမအထင်တော့ သူတို့လဲတစ်ဖွဲတည်းညီမကိုဝိုင်းလိမ်တာဖြစ်ဖို့များပါတယ်။

အထက်ပါ အကောင့်များကို စုစုပေါင်း ၁၅၄ သိန်း ၆ သောင်း လွှဲခဲ့ပါတယ်။ ( Kpay account number များအား telegram တွင် ကြည့်ပါရန်)

ပထမ စစချင်း Social Engineering နဲ့ စတယ်။ ငါးစာက လောဘ နဲ့ မျှားပါတယ်။ ညီမကတော့ ငါးစာပဲမြင်ပြီး ငါးမြှားချိတ်မမြင်တဲ့ လောဘသားကောင် အယုံလွယ်အရှိုက်ခက် ၁၅၄ သိန်း ၆ သောင်း အတွက် ပူပန်နေရတဲ့ဗိုက်ကြီးသယ်ပါ။

အဆင်ပြေရင် share ပေးခြင်းဖြင့်ကူညီပါ အမှန်တရားအတွက်တစ်ဦးဦးက ရပ်တည်ပေးရင် လူလိမ်တွေနည်းလာမှာပါ။
ညီမလိုတခြားသူတွေမခံစားရအောင်
တင်ပေးဖို့ တောင်းဆိုချင်လို့ပါ





( မိန်းကလေးတွေကို Target ထားပြီး
လိမ်တာမို့ လက်လှမ်းမှီသလောက်
လိုက်ဖြန့်ပြီး အလိမ်မခံရအောင်တားဆီးပေးတာပါ ။ )

ပုံတွေရော စာတွေရော

အကုန် ပါ ။ 🍀

အသိတစ်ယောက်ရဲ့Viberကိုလည်းပို့တယ်ဆိုပီး တင်ထားတာတွေ့လိုက်လို့ နောက်လူတွေအလိမ်မခံရအောင်တင်ပေးလိုက်တာပါရှင့်

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


205/E-2, ပထမထပ်, ဗညားဒလလမ်း (လမ်းကျယ်မှတ်တိုင်အနီး, Yangon 11211, Myanmar (Burma)
Yangon
11221