ZINBO
I'm just a Graphic Designer.
16/03/2026
လေးနက်ဖောင့်ရပြီ
Black weight and square shape မို့လေးနက်ဖောင့်လိုပဲ နာမည်ပေးထားပါတယ်၊ ရှေ့မှာပြောခဲ့သလိုပါပဲ သူ့ဟာသူရှုပ်နေလို့ သွားရှုပ်လို့မရတဲ့ typeface ပါ၊ ရိုးရိုးရှင်းရှင်း၊ စာတိုတိုနဲ့ အရွယ်ကြီးကြီး သုံးတာအတွက် ပိုကောင်းပါတယ်၊ မြန်မာစာလုံးတွေရဲ့ဖွဲစည်းဟန်ကြောင့် စာလုံးတွေကို လိုချင်သလောက်ထူဖို့ခက်ပါတယ်၊ အထူးသဖြင့် ဖောင့်ဖန်တီးတဲ့နေရာမှာ ခုလိုထူလိုက်တဲ့အတွက် ဖြစ်လာနိုင်တဲ့ပြဿနာတွေက အတော်များပါတယ်၊ ဒီဖောင့်မှာတော့ ပြဿနာတွေကို စာလုံးဟန်တွေနဲ့တမျိုး feature တွေနဲ့တဖုံ မျိုးစုံဖြေရှင်းထားပါတယ်၊ ကိုယ်အသုံးပြုတဲ့စာလုံးပေါ်မူတည်ပြီး စာလုံးတွေကို အရုပ်ဆက်သလိုထပ်ရတာလဲ စိတ်ဝင်စားဖို့ကောင်းပါတယ်၊ သုံးပျော်တဲ့ဖောင့်လေးဖြစ်မယ်လို့ မျှော်လင့်ပါတယ်ခဗျ
ဈေးနုန်းကတော့ ၁သောင်းကျပ် ဖြစ်ပါတယ်၊ 09254212529 ( Wave, Kpay ) သို့ငွေလွှဲပြီး Page messenger မှာ Screenshot ပို့ကာဝယ်ယူနိုင်ပါတယ်ခဗျ။
အားလုံးပဲအဆင်ပြေကြပါစေ... 🙏🙏🙏
09/03/2026
ကျောက်စာစက်ရုံသို့ (အမှတ်တရ)
CNC Stone Carving Machine တွေနဲ့ စကျင်ကျောက်တွေကို ရုပ်ထုတွေ၊ ပုံတော်တွေ၊ အခြားအစုံထုတ်လုပ်နေတဲ့ လုပ်ငန်းခွင်ကိုသွားလေ့လာဖြစ်ခဲ့ပါတယ်၊ အဓိကကတော့ ကျောက်စာထွင်းတဲ့အပိုင်းမှာ typeface တွေ ဖောင့်တွေ ဘယ်လိုအသုံးပြုလဲ၊ ဘယ်လိုအလုပ်လုပ်လဲ၊ လက်တွေ့ထုတ်တဲ့နေရာမှာ ဘယ်လိုပြဿနာတွေရှိလဲ၊ ဘာတွေဖြေရှင်းပေးလို့ရမလဲ စသဖြင့်သိချင်တာလေးတွေ သွားလေ့လာဖြစ်ပါတယ်၊ အချိန်သိပ်မရတော့ လိုအပ်တာလောက်ပဲ ဦးစားပေးလေ့လာခဲ့ပါတယ်၊ ကိုယ့်စက်ဆိုရင်တော့ လုပ်ချင်တာတွေ စမ်းကြည့်ချင်တာတွေအများကြီးပါပဲ... 😊
အားလုံးပဲ အဆင်ပြေကြပါစေခဗျာ... 🙏🙏🙏
03/03/2026
သွားရှုပ်လို့မရတဲ့ typeface
ရှေ့မှာအဝိုင်းကိုဘယ်လောက်ထူလို့ရသလဲဆိုပြီး ကာတွန်းဖောင့်လေးရေးခဲ့သလိုပဲ ခုဟာကတော့ လေးထောင့်ကိုဘယ်လောက်ထူလို့ရနိုင်လဲ စမ်းရေးကြည့်တဲ့ဟာလေးပါပဲ၊ သူကတော့ သွားရှုပ်လို့မရတဲ့ typeface ထဲမှာပါပါတယ် ဘာဖြစ်လို့လဲဆို သူ့ဟာသူကိုရှုပ်နေလို့ပါ 😁 အဲ့ဒါကြောင့် ရိုးရိုးရှင်းရှင်းစာသားနဲ့ ခပ်တိုတိုစာကြောင်းတွေအတွက်ပဲကောင်းပါလိမ့်မယ်။ ပုံစံကိုလဲ အရမ်းမရှုပ်ထွေးအောင် ပေါ့ပေါ့ပါးပါးလေးတွေပဲဆွဲထားပါတယ်။ များများကြာမည် အဲ များမကြာမီထွက်ပါမည် 😁
အားလုံးပဲအဆင်ပြေကြပါစေခဗျာ... 🙏🙏🙏
update; ပြန်ရပါပီခဗျ 🙏
Kpay အရပ်ခံထားရလို့ လောလောဆယ် မရသေးပါဘူးခဗျ အရောင်းခဏရပ်ထားပါရစေ 😟🙏
15/02/2026
မဇ္ဈိမဖောင့် ရပြီ
ခေါင်းစီးအလှစာလုံးတွေမှာသုံးဖို့ အထူအပါးကိုမျှတစွာရောစပ်ဖန်တီးထားတာမို့ မဇ္ဈိမလို့ နာမည်ပေးထားပါတယ်။ ပျော့ပြောင်းမှုနဲ့ ပြတ်သာမှု၊ ခွန်အားရှိမှုနဲ့ ပေါ့ပါးမှုတို့ကို ခံစားရမယ့် ဖောင့်လေးပဲဖြစ်ပါတယ်။ ရှေ့က Donation မှာ all package ဝယ်ထားတဲ့သူတွေကို လက်ဆောင်အဖြစ် ပို့ပေးထားပါတယ်၊ ကျန်ရှိနေသေးရင်လဲ အသိလေးပေးပေးပါခဗျ။
ဈေးနုန်းကတော့ ၁သောင်းကျပ် ဖြစ်ပါတယ်၊ 09254212529 ( Wave, Kpay ) သို့ငွေလွှဲပြီး Page messenger မှာ Screenshot ပို့ကာဝယ်ယူနိုင်ပါတယ်ခဗျ။
အားလုံးပဲ အဆင်ပြေကြပါစေခဗျာ... 🙏🙏🙏
07/02/2026
Typeface အသုံးပြုမှုကဏ္ဍ (ZeeKwek)
ဒီမှာသုံးထားတာကိုတော့ တွေ့တာအတော်ကြာပါပီ၊ သူ့မှာသုံးထားတဲ့ အတွဲစပ်ကတော့ Z11-MyanSans နဲ့ Z09-LatYaySat အတွဲလေးပဲဖြစ်ပါတယ်၊ nothing မှာတုန်းကတော့ ဖုန်း brand ဖြစ်တာနဲ့အညီ လက်ရေးဆက်ဖောင့်ကို နည်းပညာဆန်ပြီး ခေတ်မှီဆန်းသစ်တဲ့အရသာရတဲ့ Z06-Walone နဲ့တွဲသုံးထားတာတွေ့ရမှာပါ၊ ဒီမှာကျတော့ sale နဲ့ ဝန်ဆောင်မှုအသားပေးမို့ ရင်းနှီးဖော်ရွေတယ်၊ နွေထွေးတယ်၊ ယုံကြည့်ရတယ်ဆိုတဲ့ အရသာရအောင် အနားလုံးလုံးနဲ့ ပျော့ပြောင်းတဲ့ဟန်ရှိတဲ့ မြန်ဆန်ဖောင့်ကို ခပ်ထူထူလေးသုံးထားပြီး လက်ရေးဆက်ကိုလဲ သူနဲ့လိုက်အောင် အနည်းငယ်ထူပြီးသုံးထားတာတွေ့နိုင်ပါတယ်။
ဒါလေးတွေကတော့ ကျနော့်အတွေးမြင်မျှသာဖြစ်လို့ သက်ဆိုင်ရာ brand တွေရဲ့ရည်ရွယ်ချက်နဲ့တော့ ထပ်တူမကျနိုင်ပါဘူးခဗျ။
အားလုံးပဲ အဆင်ပြေကြပါစေခဗျာ... 🙏🙏🙏
01/02/2026
ငှက်ကဥ
ဒါလေးကတော့ နောက်ထွက်မယ့် display typeface လေးပါ၊ ထုံစံတိုင်း နည်းနည်းတော့ကြာပါအုံးမယ်ခဗျ 😁၊ ရေးထားတဲ့စာကတော့ ဆရာတယောက် ပြောဖူးတဲ့ ဥက္ကဋ္ဌ ကို ငှက္ကဥ လို့ မှားရေးမိတယ်ဆိုတဲ့အကြောင်းလေး သတိရတာရယ် နောက် အချို့စာရိုက်တဲ့နေရာတွေမှာ ငှ အစား ဌ ကိုသုံးနေကြတာလေးတွေ တွေ့မိလို့ပါ၊ ငှက် ဆို ဌက်၊ ငှား ဆို ဌား ဆိုပြီး၊ နောက်ပြီး ဦး ကိုလဲ ဉ လေးနဲ့ သုံးကြတာမျိုးလေးတွေ စသဖြင့် အလွယ်ရေးကြတာလေးတွေတွေ့လို့ပါ ပေါ့ပေါ့ပါးပါးရေးတဲ့နေရာမှာတော့ ပြဿနာမရှိပါဘူး အချက်လက်တွေသေချာရေးတဲ့အခါမျိုးတော့ မသုံးတာကောင်းပါတယ်၊ ဘာသာပြန်တာတို့ ဖောင့်ပြောင်းတာတို့ စသဖြင့် နေရာပေါ်မူတည်ပြီး တော့ ပြဿနာတက်နိုင်တာလေးတွေရှိတာတော့ သတိထားဖို့လောက်ပါပဲ...
အားလုံးပဲ အဆင်ပြေကြပါစေခဗျာ... 🙏🙏🙏
29/01/2026
ဖောင့်ဝယ်ရင်း ကူညီပါ
ကျွန်တော့်နယ်က ကလေးတယောက် နှလုံးခွဲစိတ်ဖို့ အရေးပေါ်လိုအပ်နေတဲ့အတွက်ပါ။ ပုံမှန်ဆို ကျနော် ဒီလိုတင်လေ့မရှိပေမယ့် အခြေနေကလဲ အရမ်းခက်ခဲနေတာမို့၊ ကျနော်တတ်နိုင်တာကလဲ ဒါလေးပဲရှိတာမို့ ဖောင့်ဝယ်ရင်း ကူညီပေးနိုင်ပါတယ်ခဗျ။
29.01.2026 ကနေ 1.02.2026 အတွင်း ကြိုက်ရာဖောင့်ဝယ် ထက်ဝက်လျှော့ဈေး ၅၀% ပဲကျသင့်ပါမယ်၊ အားလုံးယူမယ်ဆို ၁၈၀၀၀၀ကျပ် ကို ၉သောင်းကျပ် ပဲကျမှာဖြစ်ပြီး နောက်ထွက်မယ် Display ဖောင့်တစ်ခုပါ ရရှိမှာဖြစ်ပါတယ်။
ဝယ်ယူကူညီချင်တယ်ဆိုရင်တော့ 09254212529 (Wave, Kpay) သို့ ငွေလွှဲ ပြီး Messenger မှာ screenshot ပို့ကာ ဝယ်ယူနိုင်ပါတယ်ခဗျ။ အောက်ကလင့်မှာ ဖောင့်တစ်ခုချင်းစီနဲ့ ဈေးနှုန်းလေးတွေ ပါရှိပြီး ၎င်းဈေးရဲ့ ထက်ဝက်ပဲကျသင်မှာ ဖြစ်ပါတယ်။
အားလုံးပဲ အဆင်ပြေကြပါစေခဗျ 🙏🙏🙏
https://www.facebook.com/share/p/18MvfrqYa4/
26/01/2026
Typeface အသုံးပြုမှုကဏ္ဍ (Shwe Myay Khit Real Estate)
ကျနော့် typeface တွေထဲက အသုံးအများဆုံး အတွဲကတော့ Z08-Strong နဲ့ Z06-Walone ပါပဲ၊ Eng က Serif, San serif အတွဲလိုပဲ မြန်မာမှာဆို shape အရ contrast ဖြစ်နေတဲ့ လေးထောင့်ဟန်နဲ့ အဝိုင်းအခြေခံအတွဲဟာလဲ အတော်လေး အတွေ့ရများတဲ့ အတွဲပါပဲ။
ဒီမှာတော့ လုပ်ငန်းနဲ့လိုက်ဖက်တဲ့ ယုံကြည့်ရတယ်၊ လေးနက်တယ်၊ ခိုင်မာတယ်ဆိုတဲ့ လေးထောင့်ဟန်ဖောင့်နဲ့ သူ့ကို အထောက်ပံပေးနိုင်တဲ့ တိကျတဲ့ဖွဲ့စည်းပုံနဲ့ ပြတ်သားတဲ့ အနားတွေပါတဲ့ ဝလုံးဖောင့်ကို တွဲထားတာတွေရပါလိမ့်မယ်။ ဒီမှာ ကျနော်သတိထားမိတာလေးကတော့ leading ဆိုတဲ့ စာကြောင်းအကွာဝေးတွေပါပဲ၊ မြန်မာစာဟာ ဒေါင်လိုက်ကော အလျှားလိုက်ပါ ရှည်တဲ့စာလုံးတွေဖြစ်ပါတယ် ခုလေးထောင့်မှာဆိုရင် ဒေါင်လိုက်အမြင့်ဟာပိုများပါတယ် ဒါကြောင့် စာကြောင်းတွေကို ရှင်းရှင်းလင်းလင်း လွတ်အောင်ထားမယ်ဆို အကွာဝေးဟာ ကျဲသွားပြီး စာကြောင်းတွေကြားက အချိတ်ဆက်ကို လျော့သွားစေတတ်ပါတယ် အဲ့ဒါကို အကြောင်းအရာနဲ့ စာလုံးဖွဲစည်းပုံပေါ်လိုက်ပြီး ချိန်ညှိသုံးထားတာလေးတွေ အတော်သဘောကျမိပါတယ်၊ ပထမဆုံးပုံမှာဆို text effect ပါးပါးနဲ့ gradient အနုအရင့်သုံးထားတာက စာကြောင်း ၂ခုထပ်သွားလို့ ရှုပ်သွားမယ့်နေရာကို အတော်လေး ပြေပြစ်သွားစေပါတယ်၊ ကျန်တဲ့ပုံတွေမှာလည် အခြေနေလိုက် ညှိထားတာလေးတွေ တွေ့နိုင်ပါတယ်။ ဒါလေးတွေကတော့ ကျနော်လေ့လာ သိရှိသလောက်လေး ပြန်လည်မျှဝေတာဖြစ်ပါတယ်။
အားလုံးပဲ အဆင်ပြေကြပါစေခဗျာ... 🙏🙏🙏
23/01/2026
Update Typefaces and Price
၂၀၂၁ ကနေ ၂၀၂၅ထိ ထွက်ထားသမျှဖောင့်လေးတွေ စုတင်လိုက်ပါတယ်၊ ဈေးနှုန်း အတိုးလျော့လေးလည်း နည်းနည်းရှိပါတယ် 😁ဟုတ်ပါတယ် ဈေးလျော့ပေးလိုက်တာတွေလည်းပါပါတယ်ခဗျ, တပုံချင်းစီအောက်မှာ ဈေးနှုန်းလေးတွေ ရေးပေးထားပါတယ်၊ စရောင်းကတည်းက ၃ထောင်လောက်နဲ့ရောင်းတာလေးတွေ ၅ထောင်လောက်ဖြစ်သွားပြီး, weight ပါတာလေးတွေ ၁သောင်းလောက်ဖြစ်သွားသလို ၆/၈ထောင်လောက်ဖြစ်နေတာလေးတွေလဲ ၅ထောင်လောက် ပြန်လျော့ပေးထားပါတယ်, နောက်ဆုံးထွက်တာတွေကတော့ ပုံမှန်နောက်ဈေးအတိုင်းပဲ မတက်ထားပါဘူးခဗျ။ နောက်ပိုင်းထွက်လားတာတွေမှာ ဈေးပဲတက်သွားတာမျိုးတော့ မဟုတ်ပါဘူး ဖောင့်အရည်သွေးကိုလဲ ၂ဆလောက်ပိုကောင်းအောင်း ကြိုးစားထားတာကြောင့်ပါခဗျ၊ ပိုမိုကောင်းမွန်ပြီး အသုံးဝင်တဲ့ဖောင့်တွေ ဖန်တီးနိုင်အောင် ကြိုးစားသွားပါ့မယ်။
အားလုံးပဲ အဆင်ပြေကြပါစေခဗျ
15/01/2026
Typeface အသုံးပြုမှုကဏ္ဍ (Nothing Phone)
ကိုယ့် typeface လေးတွေသုံးထားတာတွေထဲက သဘောကျတာလေးတွေနဲ့အခြားတွေ့မိတာလေးတွေအကြောင်း ပေါ့ပေါ့ပါးပါးရေးမယ့်ကဏ္ဍလေးပါ။ ရှေ့မှာတွေ့မိတာလေးတွေရှိပေမယ့် ခုသတိထားမိတာကတော့ Nothing Myanmar မှာသုံးထားတဲ့ဟာလေးပါ၊ သုံးထားတဲ့ typeface ၂ခုကတော့ Z06-Walone နဲ့ Z09-LatYaySat ပါ ဆစ်ဆတီနိုင်း အတွဲလေးလို့ပြောရမယ် 😁 စတာပါ။ ဝလုံးဖောင့်ကတော့ geometric and modern ပုံစံဖန်တီးထားပြီး တိကျပြတ်သားတဲ့၊ နည်းပညာဆန်တဲ့ အရသာရတာမို့ ဖုန်း brand တွေမှာအသုံးများတာလဲတွေ့မိပါတယ်၊ ဒီမှာတော့ ဝလုံးရဲ့ regular ကိုပဲ ခပ်ပါးပါးရှင်းရှင်းလေးသုံးထားတာက Nothing နဲ့အတော်လိုက်ပါတယ်၊ တည်ငြိမ်တယ် အရည်သွေးရှိတယ် တန်ဖိုးမြင့်တယ် အဲ့ဒါကိုမှ လက်ရေးဆက်နဲ့ တွဲသုံးထားတဲ့ပုံစံကြောင့် ပိုပြီး ခေတ်မီဆန်းသစ်သွားတယ်လို့မြင်မိတယ်။ Brand typeface အနေနဲ့ consistent ရှိရှိသုံးထားတာလေးတွေ သဘောကျလို့ တင်လိုက်ပါတယ်။
အားလုံးပဲ အဆင်ပြေကြပါစေခဗျာ... 🙏🙏🙏
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
Opening Hours
| Tuesday | 11:00 - 17:30 |
| Wednesday | 11:00 - 17:30 |
| Thursday | 11:00 - 17:30 |
| Friday | 11:00 - 17:30 |
| Saturday | 11:00 - 17:30 |
| Sunday | 11:00 - 17:30 |