CarsVend-EP Myanmar

CarsVend-EP Myanmar

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from CarsVend-EP Myanmar, Car dealership, No17, Kabaaye Pagoda Road , Yankin, Yangon.

Photos from CarsVend-EP Myanmar's post 22/12/2025

Engine Power ကောင်းကောင်းကိုမှ အိမ်သုံးရုံးသုံးအတွက် သင့်တော်ပြီး မည်သည့်လမ်းမျိုးမဆိုမောင်းနှင်နိုင်တဲ့ ကားမျိုးရှာနေတဲ့ မိတ်ဆွေတွေအတွက် ကျွန်တော်တို့ EP Vend မှ ထပ်မံရောက်ရှိလာတဲ့ Ford Ranger နဲ့မိတ်ဆက်ပေးပါရစေ။ အဆင့်အတန်းမြင့်သော ပုံရိပ်များနှင့် စွမ်းဆောင်ရည်ပြည့်ဝမှုတို့ကြောင့် မိတ်ဆွေတို့ စိတ်တိုင်းကျမှာ သေချာပါတယ်။

Ford Ranger
2014 Model
Left Hand Drive
Color White
Engine Power – 2198CC
၂၀၂၆ ၁၁လပိုင်း ၃၀ရက်နေ့အထိ သက်တမ်းကျန်

09-427389907

Photos from CarsVend-EP Myanmar's post 02/12/2025

ဈေးနှုန်းလဲသက်သာ ဆီစားမများပဲ လူ၆ယောက်ယောက်အေးဆေးသက်သာစွာ စီးနှင်းလို့ရတဲ့ ကားကိုရှာဖွေနေပါသလား? ဒါဆို EP Vend ကအခုမိတ်ဆက်ပေးမဲ့ Suzuki Ertiga Type 2 ( 2017 ) modelလေးနဲ့ မိတ်ဆက်ပေးပါရစေ။ လူကြည့်ခံတဲ့အရောင် , မြို့တွင်းမြို့ပြင် လမ်းမရွေးပဲအသုံးပြုနိုင်ခြင်းကြောင့် လူကြီးမင်းတို့ စိတ်ကျေနပ်မှုရနိုင်မှာ အသေအချာပဲ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့သိန်း၁၀၀၀ကိုမှ အလျော့အတင်းရှိအုံးမှာပါ။ စိတ်ဝင်စားပါက 09427389907ကို ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ

Suzuki Ertiga Type 2 ( 2017 )
Gray Color
Engine Power 1373CC
Left hand drive
7 Seater
၂၀၂၆ ၈လပိုင်းကုန်ထိ သက်တမ်းကျန်

09427389907

Photos from CarsVend-EP Myanmar's post 25/06/2025

Kia Carnival လေး ရောင်းပါ မယ်
ပိုင်ရှင် ကိုယ်တိုင် တိုက်ရိုက် ပါ

2016 model
7R -

Smart key , push start
Power slide ၂ ချပ်
Sunroof, Moon Roof
Steering Volume Control,
Cruise Control
2.2 Diesel
Auto- Manual Gear Position
ထိုင်ခုံအပူအအေး ၊ စတီယာရင်အပူပေး
Eco mode, Parking Sonar
around စကပ် နဲ့

ကားလေးသန့် လေး ပါ

Round အဲကွန်းလည်းအေးစိမ့်

လိုင်စင်အသစ်စက်စက် (2027 မေလ အထိပါ)
ကား လက်တင် စီး
error ကင်း ပါ တယ်

14**သိန်း (nego)
09427389907

ကား ကြည့် ရန် ရန်ကင်း

11/12/2024

ဒီနေ့မှာတော့ Car Brand name များကို မှန်ကန်စွာ အသံဘယ်လိုထွက်လဲဆိုတာ Videoနှင့်တကွ ပြောပြပေးမှာဖြစ်ပါတယ်။
အခုလိုကားနှင့်ပက်သက်သော ဗဟုသုတအကြောင်းအရာများကို အခါအားလျော်စွာ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

09427389907 , 09677729907

14/11/2024

Used Carများကို အသိမိတ်ဆွေတွေဆီက ( သို့ ) ကားပွဲစားတန်းမှာဝယ်ယူတာနဲ့ Car Dealership တွေမှာဝယ်ယူရခြင်း၏ အကျိုးကျေးဇူးကွာြခားမှုကိုဒီနေ့မှာပြောပြမှာဖြစ်ပါတယ်။
Car Dealership မှာဝယ်ရခြင်းကြောင့် ကားကြံ့ခိုင်ရေးနဲ့ပတ်သက်သမျှ ကိစ္စအဝဝကို စိတ်မပူရသည့်အပြင် Warranty ပေးခြင်း After Sales Serviceများကြောင့် စိတ်ချမ်းသာမှုရရှိနိုင်ပါတယ်။ အသိမိတ်ဆွေများ ကားပွဲစားတန်းများမှ ဝယ်ယူခြင်းသည် Car Dealershipများမှဝယ်ယူခြင်းထက် ဈေးများစွာ သက်သာပါတယ်။ ဒါအပြင်ကားအကြောင်းသေချာနားလည်တတ်ကျွမ်းသူဖြစ်ပါက လိုချင်သော ကားအမျိုးအစားကို သေချာအချိန်ပေး ရွေးခြယ်နိုင်ပြီး ရောင်းသူ ဝယ်သူဈေးအလျှော့အတင်း လုပ်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမှာ ဖြစ်ပါတယ်။ အခုလိုကားနှင့်ပက်သက်သော ဗဟုသုတအကြောင်းအရာများကို အခါအားလျော်စွာ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

06/11/2024

Used Car နှင့် Brand New Car များကိုဝယ်ယူခြင်း၏ ကောင်းကျိုး ဆိုးကျိုးများ ( pros & cons )ကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ်။

1. ဈေးနှုန်းအားဖြင့် Used Carများသည် Brand New Carများထက်များစွာသက်သာပြီး ဈေးကွက်အတွင်းတွင် Used Car များအတွက် ကားအပိုပစ္စည်းရှာ‌ဖွေရလွယ်ပြီး ဈေးသက်သာနိုင်ပါတယ်။

2. Brand New Car များသည် ဝယ်ယူသည့် ကားအမျိုးအစားပေါ်မူတည်ပြီး စက်ပိုင်းဆိုင်ရာ အာမခံမှုများရှိသောကြောင့် ကားတစ်စုံတစ်ရာ ချို့ယွင်းချက်များရှိလာပါက Used Car များကဲ့သို့ ငွေကုန်ကြေးကျခံစရာမလိုပဲ အခမဲ့ပြင်ဆင်ခြင်းဝန်ဆောင်မှုများကို ရယူနိုင်ပါတယ်။

3. Brand New Car များသည် Used Carများလိုမဟုတ်ပဲ Latest Feature များစွာပါသောကြောင့် Luxurious Experiences ကိုအပြည့်အဝခံစားနိုင်ပါတယ်။

4. Used Car များသည် Insurance Costနည်းသောကြောင့် Brand New Car များနှင့်ယှဥ်ပါက ရေရှည်ကုန်ကျစရိတ်ကို များစွာသက်သာစေပါတယ်။

အခုလိုကားနှင့်ပက်သက်သော ဗဟုသုတအကြောင်းအရာများကို အခါအားလျော်စွာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

31/10/2024

၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ( ၁ ) ရက်နေ့မှာ ကျရောက်တဲ့ ဟိန္ဒူဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာ မီးထွန်းပွဲတော် ဒေဝါလီနေ့မှာ ဆီမီးထွန်းညှိပူဇော်ခြင်းဖြင့် ဘဝရဲ့နေ့ရက်တိုင်းမှာ အလင်းရောင်များ ထွန်းလင်းတောက်ပလာပြီး အညံ့အဆိုးများပျောက်ကင်းကာ ကောင်းမြတ်ခြင်းမင်္ဂလာများ ရောက်ရှိလာပါစေကြောင်း CarsVend-EP Myanmar မိသားစုမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

30/10/2024

ဒီနေ့မှာတော့ ကားရှိတဲ့မိတ်ဆွေတွေကို ဘယ်လိုလက်ဆောင်မျိုးပေးလို့ရမလဲဆိုတာ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
1. Microfiber clothes ( ကားများသုတ်ရန် အဝတ်စ )
2. Air Fresheners
3. Phone Mount or Phone Holder
4. Tire Pressure Gauge ( လေပေါင်ချိန်စက် )
5. Travel Mug ( အပူ အအေးခံ ရေဗူး )
6. Emergency Kit ( A first AID Kit )
7. Car Charger တို့ပဲဖြစ်ပါတယ်။
အခုလိုကားနှင့်ပက်သက်သော ဗဟုသုတအကြောင်းအရာများကို အခါအားလျော်စွာ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Photos from CarsVend-EP Myanmar's post 25/10/2024

တစ်ပတ်ရစ်ကားများကို ဝယ်ယူခြင်းသည် သင့်အား ပိုက်ဆံအကုန်အကျ သက်သာစေပါတယ်။ Second hand vehicle များမဝယ်ယူခင် သိသင့်သော အခြေခံအချက်များကို အောက်တွင်ဖော်ပြပေးထားပါတယ်။
၁. သုံးစွဲမည့်ငွေပမာဏကို ကြိုတွက်ချက်ပါ
ဈေးနှုန်းနဲ့ ကားအမျိုးအစားများစွာရှိတဲ့အထဲမှ ကိုယ်တတ်နိုင်သော Budget အားသတ်မှတ်လိုက်ပါက ဝယ်ယူမည့်ကားများကို လွယ်လွယ်ကူကူရွေးချယ်နိုင်မှာဖြစ်ပြီး မှန်ကန်သောရွေးခြယ်မှုများ ချမှတ်နိုင်မှာ ဖြစ်ပါတယ်။
၂. ဝယ်ယူမည့်ကားကိုကြိုတင်လေ့လာပါ
ဝယ်ယူမည့်ကားအမျိုးအစားရဲ့ ကောင်းမွန်တဲ့အချက်နှင့် ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ပြဿနာ ( သို့ ) အားနည်းချက်တွေကို သိအောင်လုပ်ထားပါ။ အလောတကြီးမဆုံးဖြတ်ပါနဲ့
၃. ဝယ်မဲ့ကားရဲ့ နောက်ကြောင်းကိုစုံစမ်းစစ်ဆေးပါ
ဝယ်မဲ့ကားနှင့်ဈေးနှုန်းအဆင်ပြေတယ်ဆိုရင်တောင် သင့်အနေနဲ့ကား၏ နောက်ကြောင်းရာဇဝင်ကို သိထားဖို့ လိုအပ်ပါသေးတယ်။ ကားသည် တိုက်ခိုက်ခဲ့ခြင်းရှိမရှိ အင်ဂျင်အတွင်းပိုင်း လဲလှယ်ထားမှုရှိမရှိ အရင်ကားownerဘယ်လို အသုံးပြုခဲ့လဲဆိုတာပါ သိရန်လိုအပ်ပါတယ်။ ထိုမှပြင်ဆင်စရိတ်မည်မျှအထိ ကုန်ကျနိုင်မလဲ ဘာတွေချို့ယွင်းချက်ရှိလဲဆိုတာပါသိနိုင်ပါလိမ့်မယ်။
၄. စမ်းသပ်ပြီးမောင်းနှင်ပါ။
ကားကိုစမ်းသပ်ပြီးမောင်းနှင်ခြင်းသည် Handlingကောင်းမကောင်း Brakeအလုပ်လုပ်မလုပ် Performance ကောင်းမကောင်း စစ်ဆေးနိုင်ပြီး ပုံမှန်မဟုတ်သော အင်ဂျင်သံထွက်ခြင်း ကားအင်ဂျင်အချက်ပြမီးများ လင်းလာခြင်း၊ အတွင်းခန်းထိုင်ခုံများ ချို့ယွင်းချက်ရှိခြင်း ဖြစ်ပါက ရောင်းသူအား မဝယ်ယူခင်ပြင်ဆင်ခိုင်းနိုင်ပါတယ်။
၅. ဈေးဆစ်ပါ။
မိမိအနေနဲ့ ဝယ်ယူမည့်ကားသည် တလက်ကိုင်ဖြစ်သောကြောင့် ဝယ်ယူပြီးသည့်အခါ ပြင်ဆင်ရမည့်စရိတ်များရှိသောကြောင့် ဈေးကွက်ပေါက်ဈေးများကို ချိန်ဆပြီး ဈေးဆစ်ပါ။
အခုလိုကားနှင့်ပက်သက်သော ဗဟုသုတအကြောင်းအရာများကို အခါအားလျော်စွာ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

23/10/2024

လူကြီးမင်း၏ ကားအင်ဂျင်အပူချိန်လွန်ကဲလာပါက လုပ်ဆောင်ရမည့်အချက်များကို ဖော်ပြပေးလိုက်ပါတယ်။

ကားမောင်းနေစဉ် Heat တတ်ပြီဟု အချက်ပြ သင်္ကေတပေါ်လာပါက ပထမဆုံးအနေဖြင့် လမ်းဘေးချပြီး ကားရပ်ပါ။ Parkingထိုးပြီး၅မိနစ်နေလျှင် ကားစက်သတ်ပြီး စက်ဖုံးဖွင့်ပါ။ ထို့နောက် အဝတ်စုတ်တခုအား ရေစွတ်ပြီး ကားရေတိုင်ကီဖုံးကို ဖြေးညည်းစွာ ဖွင့်ပါ ( အလျှင်အမြန်ဖွင့်ပါက ရေတိုင်ကီထဲရှိ ရေနွေးငွေ့များ စုပြုံထွက်လာပြီး လက်အပူလောင်ခြင်း၊ မျက်စိထိခိုက်စေခြင်းစသည့် ဆိုးကျိုးများ ဖြစ်ပေါ်စေတတ်ပါတယ်။ ) ထို့နောက် ရေကိုတိုင်ကီထဲသို့ ရေလုံလုံလောက်လောက်ထည့်ပေးပါ။ ရေထည့်နေသည့်အချိန် လက်နှင့်တိုင်ကီကို အကွာအဝေးတခုမှာထားပြီးထည့်ပေးခြင်းသည် သင့်အား အပူလောင်ခြင်း အန္တရာယ်မှ ကာကွယ်ပေးနိုင်ပါလိမ့်မည်။ Heat Sensor ပျောက်တဲ့အချိန်ထိ ( သို့ ) ကျွမ်းကျင်သောစစ်ဆေးသူ အတည်ပြုပြီးမှ ကားပြန်မောင်းခြင်းသည် အန္တရာယ်အကင်းဆုံး လုပ်ဆောင်ချက်ဖြစ်ပါတယ်။ ဒါကြောင့်မလို့ မိတ်တွေတို့အနေဖြင့်‌ ကားမမောင်းခင် ရေတိုင်ကီစစ်ဆေးခြင်း၊ ကားထဲတွင်ရေသန့်ဗူးတစ်ကဒ် အနဲဆုံးဆောင်ထားခြင်း၊ Heat Sensor အလုပ်လုပ်ခြင်းရှိ၊မရှိစစ်ဆေးခြင်း စသော အခြေခံလုပ်ဆောင်ချက်များကို အနည်းဆုံး ၆လတကြိမ်ဖြစ်ဖြစ် ခရီးဝေးသွားခံနီးတိုင်းဖြစ်ဖြစ် စစ်ဆေးသင့်ပါတယ်။ အခုလိုကားနှင့်ပက်သက်သော ဗဟုသုတအကြောင်းအရာများကို အခါအားလျော်စွာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

16/10/2024

ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယမှာ မြန်မာပြည်သူပြည်သားအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့နှင့် ပြည့်စုံ၍ စီးပွားလာဘ်လာဘများလည်း တိုးတက်ပါစေကြောင်း EP Vend မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ္

09/10/2024

ယာဉ်မောင်းလိုင်စင်ရတိုင်း ကားမောင်းတတ်တယ်လို့ထင်ရင် အမှားကြီးမှားသွားနိုင်ပါတယ်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများသိရန်လည်း လိုအပ်ပါတယ်။ ဒါကြောင့် ကားတစ်စီးကို ကျွမ်းကျင်စွာ မောင်းနှင်တတ်ဖို့အတွက် မသိမဖြစ်သိထားရမယ့် အခြေခံအကြောင်းအရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

◼️လက်ကိုင်ဂွေကို မှားယွင်းစွာ ကိုင်ဆောင်ခြင်း

မြို့တွင်းမှာမောင်းမယ်ဆိုရင်တော့ ၃ နာရီနဲ့ ၉ နာရီ အနေအထားတွေကို ကိုင်ရမှာဖြစ်ပြီး၊ အမြန်လမ်းမှာဆိုရင်တော့ ၄ နာရီနဲ့ ၈ နာရီ အနေအထားတွေကိုင်ပြီး မောင်းနှင်ရင် လူသက်သာပါတယ်။ လက်ကိုင်ဂွေကို လက်ဖဝါးနဲ့တွန်းထားတာမျိုးတွေဟာ လက်ချော်တတ်တာကြောင့် လက်နှစ်ဖက်နဲ့ ခိုင်မြဲစွာဆုပ်ကိုင်ပြီး မောင်းပါ။

◼️လက်ကိုင်ဂွေ နှင့် နီးကပ်စွာထိုင်ခြင်း

လူအများစု အမှုမဲ့ အမှတ်မဲ့ ဖြစ်တတ်ကြတဲ့ အကြောင်းအရာလေးတစ်ခုကတော့ လေအိတ်ပါပဲ။ ယာဉ်မတော်တဆမှုဖြစ်လို့ လေအိတ်ပွင့်လာခဲ့ရင် လက်ကိုင်ဂွေနဲ့နီးကပ်စွာ ရှိနေခဲ့ပါက နံရိုးကျိုးတာတွေ၊ မီးလောင်သလို အပူလောင်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကားတစ်စီးကိုမောင်းနှင်တော့မယ်ဆိုရင် လက်ကိုင်ဂွေနဲ့ အနည်းဆုံး တစ်ပေခွဲလောက် အကွာအဝေးရှိနေရပါမယ်။

◼️တာယာလေပေါင် ပုံမှန်မစစ်ဆေးခြင်း

ယာဉ်မောင်းသမား အများစုဟာ လေချိန်ဖို့ အနည်းငယ်ပျင်းတတ်ကြလေ့ရှိပါတယ်။ အခြားနိုင်ငံတွေမှာလည်း ဆီဆိုင်တွေမှာ လေချိန်လို့ရတာတောင် ချိန်ဖို့ပျင်းနေတတ်ကြပါတယ်။ ကျွန်တော်တို့နိုင်ငံမှာကတော့ လမ်းမကြုံရင် (သို့) ကားမောင်းနေရင်း ဆိုင်တွေ့မှ ဝင်ချိန်တတ်ကြပါတယ်။ တာယာဟာ သင့်ကားရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက် ပုံမှန်လေချိန်တာမျိုးတွေပြုလုပ်ပေးသင့်ပြီး ခရီးဝေးသွားမယ့် အခါမျိုးတွေမှာ နိုက်ထရိုဂျင်လေထိုးသွားကြဖို့ အကြံပေးလိုက်ပါရစေ။

◼️ဘေးမှန်များ အချိန်အဆလွဲနေခြင်း

လမ်းပြောင်းခါနီးနဲ့ ဘက်ဆုတ်တဲ့ အချိန်တွေမှာ ဘေးမှန်က အချိန်အဆလွဲနေရင် မျက်လုံးကန်းနေတဲ့လူ ကားမောင်းနေသလိုပါပဲ။ အခန့်မသင့်ရင် နောက်ဆုတ်တုန်း လူတိုက်မိတာတို့ ၊လမ်းပြောင်းတုန်း သူများကား သွားပွတ်မိတာတို့ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဘေးမှန်နှစ်ဖက်လုံးကို နောက်ကော ဘေးကော နှစ်ဘက်စလုံး ထင်မြင်အောင် သေချာချိန်ထားဖို့လိုအပ်ပါတယ်ခင်ဗျ။
အခုလိုကားနှင့်ပက်သက်သော ဗဟုသုတအကြောင်းအရာများကို အခါအားလျော်စွာ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Want your business to be the top-listed Autos & Automotive Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No17, Kabaaye Pagoda Road , Yankin
Yangon