Connect Burma

Connect Burma

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Connect Burma, Media/News Company, Kamayut township, Yangon.

A news media organization working for social and structural equality in Burma by uncovering unheard voices, resisting epistemic violence, and representing the daily struggles of the people from the perspective of political economy and political ecology . Connect Burma, an independent, non-profit media outlet founded in July 2019, is dedicated to delivering fresh local, regional, and global news ar

12/08/2026

ရန်ကုန်က မြို့နယ်အချို့မှာ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွား

Connect Burma | ဩဂုတ် ၁၂

ရန်ကုန်မြို့ရှိ ရန်ကုန်ဆေးရုံကြီးအပါအဝင် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေမှာ အခုရက်ပိုင်းအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ လာရောက်ကုသသူတွေများပြားနေပြီး လူနာအချို့မှာ တစ်ရက်အတွင်း ဝမ်းအကြိမ်ရေ ၁၀ ကြိမ်ကျော် သွားတဲ့အထိ ပြင်းထန်စွာ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေထံမှသိရပါတယ်။

လက်ရှိမှာ လသာ၊ လမ်းမတော်၊ အင်းစိန်၊ မရမ်းကုန်း၊ စမ်းချောင်းနဲ့ သာကေတမြို့နယ်အပါအဝင် ရန်ကုန်မြို့နယ်အချို့ဝမ်းပျက်ဝမ်းလျှောလူနာ ပိုမိုတွေ့ရှိနေရပြီး ဆေးရုံတွေမှာတစ်ရက်တည်း လူနာ (၄၀) နီးပါးလောက် ဆေးရုံတင်ခဲ့ရတယ်လို့ ဆိုပါတယ်။

“အောင်ရတနာက အရောက်မြန်လို့သာ အရေးပေါ်ကုသမှုရခဲ့တာ။ ဆေးသွင်း၊ ဆေးထိုးပြီး သွေးစစ်၊ ပိုးစစ်တာတွေ လုပ်ပေးတယ်။ ဒါပေမဲ့ ဆေးရုံအတက်တော့ မခံဘူး၊ ကူးစက် ရောဂါမို့လို့ဆိုပြီး ပြည်သူ့ဆေးရုံကို လွှတ်တယ်။ ပင်လုံဆေးရုံလည်း အတက်မခံဘူး။ လူနာတွေက ပုံနေတယ်” လို့ လူနာမိသားစုနဲ့နီးစပ်သူတစ်ဦးက Connect Burma ကိုပြောပါတယ်။

အဆိုပါလူနာမှာ တစ်နေ့အတွင်း ဝမ်း ၁၀ ကြိမ်ကျော် သွားခဲ့ပြီး ရေဓာတ်ခမ်းခြောက်မှုကြောင့် အခြေအနေပြင်းထန်လာသဖြင့် အောင်ရတနာပုဂ္ဂလိကဆေးရုံ အရေးပေါ်သွား ရောက်ကုသခဲ့ရကာ ဆေးသွင်း၊ ဆေးထိုးတာတွေပြုလုပ်ပေးပြီး သွေးစစ်ဆေးမှုနဲ့ ရောဂါပိုးစစ်ဆေးမှုတွေ ပြုလုပ်ပေးခဲ့သော်လည်း ကူးစက်ရောဂါဖြစ်သဖြင့် ဆေးရုံတက်ရောက်ကုသခွင့်မပြုဘဲ အစိုးရဆေးရုံသို့ လွှဲပြောင်းခဲ့ရတယ်လို့ ဆိုပါတယ်။

လက်ရှိ ရန်ကုန်ဆေးရုံကြီး ဝမ်းပျက်ဝမ်းလျှောလူနာများပြားနေသဖြင့် ရောဂါကူးစက်မှုထိန်းချုပ်ရေးအတွက် လူနာတွေကို လာရောက်တွေ့ဆုံတဲ့ ဧည့်သည်တွေကို ယာယီကန့်သတ်ထားပြီး ပြင်ပအလှူရှင်တွေကို လူနာတွေအတွက် အာဟာရလာရောက်လှူဒါန်းမှုတွေ ကိုလည်း ယာယီရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။

"ရေစီးရေလာမကောင်း၊လမ်းကြားရေမြောင်းတွေ က ပုတ်ပွနေတယ်၊ကြွက်၊ယင်တွေကနားညဖက်ဆိုင်ခုံတွေပေါ်တက်ပိုးသောင်းခြောက်ထောင်။ စားစရာထက် နောက်ဖေးလမ်းကြားတွေ၊ရေမြောင်းတွေသန့်ရှင်းရေးအရင်ကြပ်ကြပ်မတ်မတ်လုပ်ရမှာ။ ရေပိုက်တွေကမလုံအမှိုက်တွေပစ်ထားတော့မကောင်းတဲ့ရေတွေရေပိုက်ထဲ၀င်တော့ရောဂါတွေဖြစ်ကုန်တာပေါ့" လို့ လသာမြို့နယ်တွင်းနေထိုင်သူဒေသခံတစ်ဦးက ပြောပါတယ်။

ရန်ကုန်မြို့မှာ ဖြစ်ပွားနေတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေနဲ့ ပတ်သက်လို့ဖြစ်ပွားသူအရေအတွက်နဲ့ ရောဂါပိုးအမျိုးအစားကို သက်ဆိုင်ရာ ကျန်းမာရေးအာဏာပိုင်တွေအနေနဲ တရားဝင်ထုတ်ပြန်ထားတာမရှိသေးပါဘူး။

ဒါပြင် ပုဂ္ဂလိကဆေးရုံအချို့မှာလည်း ဝမ်းပျက်ဝမ်းလျှောလူနာများပြားလာသဖြင့် အရေးပေါ်ကုသမှုပေးပြီးနောက် အစိုးရဆေးရုံများသို့ လွှဲပြောင်းပေးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားပြီး ဝမ်းအကြိမ်ရေများပြားခြင်း၊ ဆက်တိုက်အော့အန်ခြင်း၊ မျက်တွင်းချိုင့်ဝင်ခြင်း၊ နှုတ်ခမ်းနှင့် ပါးစပ်ခြောက်သွေ့ခြင်း၊ ကြွက်တက်တာတို့ ဖြစ်ပေါ်ပါက ရေဓာတ်ခမ်းခြောက်မှု အန္တရာယ်ရှိနိုင်သဖြင့် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းအမြန်ဆုံးသွားရောက်ကုသဖို့ကိုလည်း ကျန်းမာရေးအသိုင်းအဝိုင်းကတိုက်တွန်းထားကြပါတယ်။

12/08/2026

စစ်အာဏာရှင်စနစ် မကုန်သရွေ့ နိုင်ငံ ငြိမ်းချမ်းရေးမရနိုင်ဘူးလို့ KNU ဥက္ကဌပြော

Connect Burma | ဩဂုတ် ၁၂

စစ်အာဏာရှင် အုပ်ချုပ်မှုစနစ် မကုန်ဆုံးသေးသရွေ့ နိုင်ငံက ငြိမ်းချမ်းရေးရနိုင်မှာ မဟုတ်သလို ဖွံ့ဖြိုးတိုးတက်လာမှာလည်း မဟုတ်ဘူးလို့ ကရင်အမျိုးသားအစည်းအရုံး -KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောဆိုလိုက်ပါတယ်။

ဒီကနေ့မှာ ကျရောက်တဲ့ ၇၆နှစ်ပြည့် ကရင်အမျိုးသားအာဇာနည်နေ့ မိန့်ခွန်းမှာ KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက က အခုလို ထည့်သွင်းပြောဆိုသွားတာပါ။

စစ်အာဏာရှင် အုပ်ချုပ်မှုစနစ်မကုန်ဆုံးသေးသရွေ့ ဒီနိုင်ငံက ငြိမ်းချမ်းရေးရရှိပြီး ဖွံဖြိုးတိုးတက်လာနိုင်မှာ မဟုတ်ဘူးလို့ သူကဆိုပါတယ်။

အာဏာသိမ်းစစ်အုပ်စုဟာ ပြည်သူလူထု အကျိုးရှိစေမယ့် အရာတွေ ရည်ရွယ်လုပ်ဆောင်တာမျိုးမရှိဘဲ သူတို့ အာဏာတည်မြဲရေးနဲ့ ကိုယ်ကျိုးစီးပွားအတွက်သာ အာရုံစိုက်နေတယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်တွေဟာ နယ်မြေအများအပြား၊ စခန်းကြီးငယ်နဲ့ မြို့ရွာ အများအပြား စွန့်လွှတ်ခဲ့ရပေမယ့် မာန်မလျော့သေးဘဲ နိုင်ငံရဲ့ အခက်အခဲပြဿနာကို နည်းမှန်လမ်းမှန်နဲ့ ဖြေရှင်းလိုစိတ်လည်း မရှိဘူးလို့ သူက ဆိုပါတယ်။

ဒီလို စစ်အာဏာရှင်အုပ်စုရဲ့ အာဏာလွှမ်းမိုးမှုကို အဆုံးသတ်ဖို့အတွက် လူမျိုးစုလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေ၊ ဒီမိုကရေစီအင်အားစုတွေနဲ့ ပြည်သူ့တော်လှန်ရေးအဖွဲ့အစည်းတွေအားလုံး စည်းလုံးညီညွတ်စွာ ပူးပေါင်းရမယ်လို့လည်း KNUဥက္ကဌက ပြောပါတယ်။

လက်ရှိမှာ KNUအနေနဲ့က လူမျိုးစု လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေ၊ ဒီမိုကရေစီအင်အားစုတွေနဲ့ ပူးပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ −SCEFကို ဖွဲ့စည်းထားပြီး နယ်ပယ်အသီးသီးမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် တွေ့ဆုံဆွေးနွေးတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

SCEFအနေနဲ့ စစ်အာဏာရှင်တွေရဲ့လွှမ်းမိုးချုပ်ကိုင်မှုတွေကို အဆုံးသတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပြန်လည်တည်ဆောက်ရေးကို ဆောင်ရွက်သွားမယ်လို့လည်း KNU ဥက္ကဌက ပြောဆိုသွားပါတယ်။

12/08/2026

နွန်ထဘူရီ၊ စာသင်ကျောင်းပစ်ခတ်မှု ဖြစ်ပွားပြီးနောက် သေနတ် လိုင်စင်ထုတ်ပေးမှု ရပ်ဆိုင်းမယ်လို့ ထိုင်းဝန်ကြီးချုပ်ပြော

Connect Burma၊ ဩဂုတ် ၁၂

ထိုင်းနိုင်ငံ၊ နွန်ထဘူရီ စာသင်ကျောင်းပစ်ခတ်မှုဖြစ်ပွားပြီး ထိုင်းအစိုးရ က သေနတ် လိုင်စင်ထုတ်ပေးမှု ရပ်ဆိုင်းတော့မယ်လို့ ကြေညာလိုက်ပါတယ်။

ကျောင်းတွင်း ပစ်ခတ်မှုကြောင့် လူ ၉ ဦး သေဆုံးခဲ့ပြီးနောက် ဝန်ကြီးချုပ် အနုတင် ချာန်ဝီရကူလ် က ပိုမိုတင်းကျပ်တဲ့ သေနတ်ထိန်းချုပ်မှု မူဝါဒတွေ ချမှတ်သွားမှာဖြစ်ပြီး ပြတ်သားတဲ့ အပြစ်ပေးအရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံအတွင်း သေနတ် ပိုင်ဆိုင်ခွင့်၊ ဝယ်ယူခွင့် နဲ့ ကိုင်ဆောင်ခွင့် လိုင်စင် ထုတ်ပေးတာကို ရပ်ဆိုင်းဖို့ ပြညထဲရေး ဝန်ကြီးဌာန နဲ့ ရဲတပ်ဖွဲ့ ကို အမိန့်ပေးထားကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

ထိုင်းအစိုးရ အနေနဲ့ သေနတ် ထိန်းချုပ်ရေး ဥပဒေအသစ်တစ်ရပ် ရေးဆွဲဖို့ရှိပြီး ဥပဒေ မပေါ်ပေါက်မီကာလ အတွင်း တင်းကြပ်တဲ့ မူဝါဒ တစ်ရပ်ထုတ်ပြန်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ထိုင်း ရဲတပ်ဖွဲ့ ရဲ့ ဒုတိယ ရဲချုပ် ဌာန ချူဝေါင်း က လူမှုကွန်ရက် နဲ့ အခြား အွန်လိုင်း ပလပ်ဖောင်းတွေက တဆင့်တရားမဝင် လက်နက်ရောင်းချမှုတွေကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်နှိမ်နင်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၇ ရက်က နွန်ထဘူရီ Debsirin စာသင်ကျောင်းအတွင်း အသက် ၁၄ နှစ်အရွယ် ကိုးတန်းကျောင်းသားတစ်ဦး က ပစ္စတို သေနတ် တစ်လက်နဲ့ ကျည်အမြောက်အမြား ယူဆောင်လာကာ ကျောင်းတွင်းပစ်ခတ်မှုကျူးလွန်ခဲ့ပါတယ်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်အတွင်း ဆရာ ၄ ဦး၊ ကျောင်းဝန်ထမ်း ၁ ဦး သေဆုံးခဲ့သလို လွန်ခဲ့တဲ့ ပိုင်းမှာပဲ ညက အသက် ၁၂ နှစ်အရွယ် ကျောင်းသူတစ်ဦး ပြင်းထန်သော သေနတ်ဒဏ်ရာ နဲ့ ထပ်မံ သေဆုံးသွားခဲ့ပါတယ်။

အဆိုပါ သေနတ်သမားဟာ ကျောင်းကို မလာခင် နေမှာလည်း အဘိုးဖြစ်သူ နဲ့ အဘွားဖြစ်သူတို့ကို ပါ ပစ်ခတ်ခဲ့တာဖြစ်ပြီး သူ့ကိုယ်သူလည်း အဆုံးစီရင်သွားခဲ့တာဖြစ်ပါတယ်။

သေနတ်သမား အပါအဝင်စုစုပေါင်း လူ ၉ ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ က ဖြစ်နိုင်ချေ အရောင်းအရင်း အားလုံးကို စုံစမ်းဖော်ထုတ်နေတယ်လို့ ပြောကြားထားပါတယ်။

ဒါ့အပြင် ဩဂုတ်လ ၁၀ ရက်နေ့ကလည်း နွန်ထဘူရီ ခရိုင်မှာပဲ နွန်ထဘူရီ မှာ လွှတ်တော်အမတ်ဟောင်းတစ်ဦးက ခရိုင်အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌကို သေနတ်နဲ့ပစ်သတ်ခဲ့ပါတယ်။

လွှတ်တော်အမတ်ဟောင်း ချာလောင် ရီယူးရင်း က နွန်ထဘူရီခရိုင်အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ထုန်းချိုင်း ယန်ပရာဆတ်ကို ဩဂုတ်လ ၁၀ ရက်နေ့ မနက် ၁၁ နာရီ က ခရိုင်အုပ်ချုပ်ရေးရုံး အရှေ့မှာ ပစ်ခတ်ခဲ့လို့ သိရပါတယ်။

ကိုးကား - ဘန်‌ကောက်ပို့စ်

12/08/2026

ရုရှား - ယူကရိန်း စစ်ပွဲအဆုံးသတ်ရေး အဆိုပြုချက်အသစ် အမေရိကန်ထံ ပေးပို့ထားကြောင်း ဇလန်းစကီးပြော

Connect Burma၊ ဩဂုတ် ၁၂

ရုရှား - ယူကရိန်း စစ်ပွဲအဆုံးသတ်ရေး အဆိုပြုချက်အသစ် ကို အမေရိကန်အစိုးရ ထံ ပေးပို့ထားကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီး ကပြောကြားလိုက်ပါတယ်။

လေးနှစ်ခွဲကျော်ကြာမြင့်နေပြီဖြစ်တဲ့ စစ်ပွဲ အဆုံးသတ်ဖို့ ရည်ရွယ်တဲ့ အဆိုပြုချက်အသစ်ကို ယူကရိန်း အစိုးရ က ဝါရှင်တန်ဆီ ပို့ဆောင်ထားပြီဖြစ်တယ်လို့ ဇလန်းစကီး ကပြောပါတယ်။

ယူကရိန်း နဲ့ ရုရှား နှစ်နိုင်ငံစလုံးက စစ်ပြေငြိမ်းရေးအတွက် အမေရိကန်ကိုယ်စားလှယ်တွေ နဲ့ သီးခြားတွေ့ ဆုံကြောင်း ပြောကြားပြီး မကြာမီ ဗိုလိုဒီမီယာ ဇလန်းစကီး ကအခုလိုထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

"ကျနော်တို့ရဲ့ အဆိုပြုချက်တွေကို အမေရိကန်ဘက်ကို ပေးပို့ထားပြီးပါပြီ" လို့ ဇလန်းစကီး အင်္ဂါနေ့ည မိန့်ခွန်းပြောကြားတဲ့ အစီစဉ်မှာအခုလိုထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

စစ်ပွဲ အဆုံး သတ်ရေးဟာ ရုရှားဘက်က စစ်အင်အားစုဆောင်းဖို့ အနားယူတာမျိုးအဖြစ်စေဖို့ အမေရိကန် အနေနဲ့ ဖိအားပေးဖို့လိုအပ်ကြောင်းလည်း ဇလန်းစကီး ကပြောကြားခဲ့ပါတယ်။

အမေရိကန် ပေးပို့လိုက်တဲ့ အဆိုပြုချက်တွေမှာ ပါဝင်တဲ့ အချက်အလက်တွေကို ယူကရိန်း သမ္မတ က ထုတ်ဖော်ပြောဆိုခဲ့တာမရှိသေးပါဘူး။

ယူကရိန်း သမ္မတ ဇလန်းစကီး က ရုရှားဟာ နောက်လမှာ ကျင်းပမယ့် ပါလီမန် ရွေးကောက်ပွဲကို အကြောင်းပြုပြီး စစ်အင်အား ဖြည့်တင်း တာတွေ လုပ်ဆောင်နေတယ်လို့လည်း ဇလန်းစကီး ကပြောပါတယ်။

ကိုးကား - အယ်ဂျားဇီးယား

Photos from Connect Burma's post 12/08/2026

တီမောနိုင်ငံမှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကို NUGအစိုးရရဲ့ အားကစားသမား ၃ဦး မြန်မာကိုယ်စားပြု ဝင်ပြိုင်

Connect Burma | ဩဂုတ် ၁၂

တီမောလက်စ်တေ ဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ -NUGရဲ့ မြန်မာကိုယ်စားလှယ် အားကစားသမား ၃ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက သတင်းထုတ်ပြန်ပါတယ်။

ဩဂုတ်လ ၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ၂၀၂၆ ခုနှစ် ဒီလီအပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ ကို တီမောသမ္မတ ဒေါက်တာ ဂျိုဆေရာမို့စ်-အော်တာ (H.E. Dr José Ramos-Horta) ရဲ့ တရားဝင် ဖိတ်ကြားချက်အရ အမျိုးသားညီညွတ်ရေးအစိုးရက မြန်မာအားကစားသမား ကိုယ်စားလှယ်အဖွဲ့ဝင် သုံးဦး စေလွှတ်ခဲ့တာဖြစ်ပြီး အဲ့ဒီ အားကစားသမားတွေက ၂၁.၁ ကီလိုမီတာ အကွာအဝေး မာရသွန်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဆိုပါပြိုင်ပွဲမှာ NUGအစိုးရရဲ့ မြန်မာကိုယ်စားပြု အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားတစ်ဦး ပါဝင်တဲ့ အားကစားအဖွဲ့က ၂၁.၁ ကီလိုမီတာ (Half Marathon) ကို အောင်မြင်စွာ ပန်းဝင်နိုင်ခဲ့ကြပြီး တရားဝင်ရလဒ်တွေအရ အမျိုးသားအပြေးသမား ကိုအာသာ (Arthur)က ၁ နာရီ ၄၅ မိနစ် ၅၃ စက္ကန့်နဲ့ ပန်းဝင်ခဲ့ပြီး အသက် ၄၀-၄၉ နှစ် အမျိုးသားအုပ်စုမှာ ပထမနေရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသမီးအပြေးသမား နှစ်ဦးက ၁ နာရီ ၅၉ မိနစ် ၃၀ စက္ကန့် နဲ့ ၂ နာရီ ၂၉ မိနစ် ၄၅ စက္ကန့်တို့နဲ့ အသီးသီးပန်းဝင်ခဲ့ကြပြီး အမျိုးသမီးတန်း overall အဆင့်သတ်မှတ်ချက်မှာ အဆင့် (၁၅) နဲ့ အဆင့် (၃၉) နေရာ အသီးသီး ရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

ကျန်းမာရေး၊ ချစ်ကြည်ရင်းနှီးမှု၊ ဒေသတွင်း သွေးစည်းညီညွတ်မှု၊ အားကစားနဲ့ သံတမန်ရေးရာ တို့ကို မြှင့်တင်ဖို့ ရည်ရွယ်ကျင်းပတဲ့ ဒီပြိုင်ပွဲမှာ အားကစားသမားတွေက အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ပံ့ပိုးမှုနဲ့ မြန်မာနိုင်ငံကိုယ်စားပြု ပါ၀င်ခဲ့တာလို့ ဆိုပါတယ်။

သြဂုတ်လ ၉ ရက်နေ့ မနက်ပိုင်းမှာ တီမောလက်စ်တေ သမ္မတ ဒေါက်တာ ဟိုဆေး ရာမို့စ် ဟိုတာက မြန်မာနိုင်ငံကိုယ်စားပြု အားကစား သမား ၃ ဦးကို သမ္မတ နေအိမ်မှာ လက်ခံတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တွေ့ဆုံမှုမှာ ဒီလီမြို့အခြေစိုက် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မြန်မာနိုင်ငံ မစ်ရှင်ရုံး ဒုတိယအကြီးအကဲလည်းတက်ရောက်ခဲ့ပြီး အားကစားသမားတွေကို ဖိတ်ကြားပေးမှုနဲ့ တီမောလက်စ်တေနိုင်ငံရဲ့ မြန်မာပြည်သူတွေနဲ့အတူ ဆက်လက်ရပ်တည်ပေးမှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့တယ်လို့ NUGအစိုးရက ထုတ်ပြန်ထားပါတယ်။

12/08/2026

ရယောင်းက တရုတ် ဒေတာစင်တာ စီမံကိန်းမှာ အထောက်အထားမဲ့ မြန်မာ အလုပ်သမား ၂၀ ကျော်ဖမ်းဆီးခံရ

Connect Burma၊ ဩဂုတ် ၁၂

ထိုင်းနိုင်ငံ၊ ရရောင်းခရိုင် ရှိ တရုတ် ဒေတာ စင်တာ စီမံကိန်းမှာ အထောက်အထားမဲ့ မြန်မာ အလုပ်သမား ၂၀ ကျော်ဖမ်းဆီးခံရတယ်ထိုင်းသတင်းတွေ ကဖော်ပြထားပါတယ်။

တရုတ်ကုမ္ပဏီပိုင် ဒေတာ စင်တာ စီမံကိန်း ဆောက်လုပ်ရေးလုပ်ငန်းခွင်ကိုဝင်ရောက်စစ်ဆေးရာမှာ အထောက်အထားမဲ့ မြန်မာ နဲ့ တရုတ် အလုပ်သမား ၂၄ ဦးကို အင်္ဂါနေ့က ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လုပ်ငန်းခွင်ကို ထိုင်းရဲတပ်ဖွဲ့ ဝင်ရောက်စစ်ဆေးရာမှာ အများအပြား ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့လည်း ထိုင်းရဲတပ်ဖွဲ့ က တာဝန်ရှိသူတွေကပြောပါတယ်။

တရုတ်ရင်းနှီးမြှုပ်နှံသူတွေ ဦးစီးလုပ်ကိုင်နေတဲ့ ဒေတာ စင်တာ စီမံကိန်းဟာ လက်ရှိမှာ ဆောက်လက်စ ဖြစ်ပြီး လူပေါင်း ၄၀၀ ကျော်အလုပ်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့ နဲ့ ရယောင်းခရိုင် အလုပ်သမားဦးစီးဌာနက အရာရှိတွေဟာ ဩဂုတ်လ ၁၁ ရက်နေ့ မနက် ၁၀ နာရီခန့်မှာ ရယောင်းခရိုင် ၊ ဘန်ချမ်းမြို့မှာ ရှိတဲ့ အဆိုပါ စီမံကိန်းနေရာကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဝင်ရောက်စီးနင်းချိန်မှာ အလုပ်သမားအများအပြား ထွက်ပြေးခဲ့ ပြီး တချို့မှာ အနီးနားရှိ မြောင်းအတွင်းခုန်ဆင်းကာ ထွက်ပြေးသွားတာဖြစ်တယ်လို့ သိရှိရပါတယ်။

တရုတ် ပိုင် ဒေတာစင်တာ စီမံကိန်းကနေ မြန်မာနိုင်ငံသား ၂၀ ဦး နဲ့ တရုတ်နိုင်ငံသား ၄ ဦး တို့ ဖမ်းဆီးရမိခဲ့တာပါ။

ဖမ်းဆီးခံရတဲ့ အလုပ်သမားတွေမှာ လူဝင်မှုကြီးကြပ်ရေး နဲ့ အလုပ်သမား စာရွက်စာတမ်း အပြည့် အစုံ မရှိကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေကပြောပါတယ်။

အဲ့ဒီ အမှုနဲ့ ဆက်စပ်ပြီး ထိုင်းအာဏာပိုင်တွေဟာ ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားသား အလုပ်သမားတွေ ငှားရမ်းထားတဲ့ လုပ်ငန်းရှင် သုံးဦးကို လည်း အမှုဖွင့်ထားတယ်လို့ သိရှိရပါတယ်။

11/08/2026

သုံးလပတ်အတွင်း ဒေါ်နယ်ထရမ့် ရဲ့ မီဒီယာ ကုမ္ပဏီ ဒေါ်လာ ၂၃၈ သန်း အရှုံးပေါ်

Connect Burma၊ ဩဂုတ် ၁၁

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပိုင်ဆိုင်တဲ့ Trump Media & Technology Group ကုမ္ပဏီ ဟာ ၂၀၂၆ ခုနှစ် ဒုတိယ နှစ်ဝက်မှာ အမေရိကန် ဒေါ်လာ၂၃၈ သန်း အရှုံးပေါ် ခဲ့တယ်လို့ အမေရိကန် သတင်းဌာန တွေကဖော်ပြပါတယ်။

ဒေါ်နယ်ထရမ့် ရဲ့ TMTG မီဒီယာ ကုမ္ပဏီ လက်အောက်မှာ Truth Social လူမှုကွန်ရက်ပလပ်ဖောင်း၊ Truth+ ဗီဒီယို Streaming ဝန်ဆောင်မှု နဲ့ Truth (Fintech) တို့ ပါဝင်ပါတယ်။

TMTG မီဒီယာ ကုမ္ပဏီ က စီမံခန့်ခွဲနေတဲ့ အဆိုပါ လုပ်ငန်းအားလုံး ဟာ ၂၀၂၆ ခုနှစ် ဒုတိယသုံးလပတ်အတွင်း ဝင်ငွေ ဒေါ်လာ ၁.၇ သန်းသာ ရရှိခဲ့ပြီး အသားတင် ဆုံးရှုံးမှု ဒေါ်လာ ၂၃၈ သန်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

Trump Media & Technology Group (TMTG) က ယခုလို အရှုံးပေါ်နေတာဟာ အာမခံ ပေးသွင်းထားတဲ့ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုတွေ နဲ့ စတော့ခ်ရှယ်ယာ ဈေးကွက်ဝင်ရောက်ဖို့ ကြိုးပမ်းမှုတွေ ကြောင့် ဒေါ်လာ သန်း ၁၉၀ ကျော်ဆုံးရှုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကုမ္ပဏီ အတွက် ချေးယူထားတဲ့ မတည်ငွေ အတွက် ပြန်လည်ပေးသွင်းရတဲ့ အတိုး ဒေါ်လာ ၁၁.၇ သန်းရှယ်ယာ လျော်ကြေးငွေ ဒေါ်လာ ၈.၁ သန်း ဟာလည်း အရှုံးပေါ် စေတဲ့ အကြောင်းအရင်း ဖြစ်တယ်လို့ သိရပါတယ်။

ဒီပမာဏ ဟာ TMTG ရဲ့ ဧပြီလမှ ဇွန်လအထိ သုံးလပတ်အတွက် သာဖြစ်ပြီး တစ်နှစ်ပတ်လုံး အရှုံး ပေါ်တဲ့ ငွေပမာဏက ဒေါ်လာ ၆၄၄ သန်းအထိ ရှိလာခဲ့ပြီး ဝင်ငွေမှာမူ ဒေါ်လာ ၂.၅ သန်းသာ ရှိတယ်လို့ သိရပါတယ်။

ဝင်ငွေ အားလုံးဟာ Truth Social လူမှုကွန်ရက်ပလပ်ဖောင်း က ရတဲ့ ကြော်ညာငွေ နဲ့ subscription ကြေး တွေ ရရှိတဲ့ ငွေ အများစုဖြစ်တယ်လို့ သိရပါတယ်။

ဒေါ်နယ်ထရမ့် ဟာ ၂၀၂၂ ခုနှစ် Truth Social လူမှုကွန်ရက် ကိုစတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။

ကိုးကား - အယ်ဂျားဇီးယား

11/08/2026

ကိုလံဘီယာ မှာ ငလျင်ကြောင့် လူပေါင် ၂,၇၀၀ ကျော်ပျောက်ဆုံး

Connect Burma၊ ဩဂုတ် ၁၁

ကိုလံဘီယာနိုင်ငံ အနောက်ပိုင်းကို ဗဟိုပြုလုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် လူပေါင်း ၂,၇၀၀ ကျော်ပျောက်ဆုံး နေတယ်လို့ ကိုလံဘီယာ အစိုးရ ကထုတ်ပြန်လိုက်ပါတယ်။

ကိုလံဘီယာ နိုင်ငံ အနောက်ပိုင်း ကိုဗဟိုပြုပြီး ဒေသစံတနင်္လာနေ့ နံနက် ၇ နာရီ ၃၄ မိနစ် က ပြင်းအား ၇.၄ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။

ငလျင်ကြောင့် သေဆုံးသူ အနည်းဆုံး ၁၃၂ ဦးအထိရှိလာပြီး လူပေါင်း ၉၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ငလျင်ကြောင့် လူဦးရေ ၁ ဒသမ ၅ သန်းလောက်ဟာ အရမ်းပြင်းထန်တဲ့ မြေငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရတယ်လို့ အမေရိကန် ဘူမိဗေဒလေ့လာရေးဌာန USGS က ထုတ်ပြန်ပါတယ်။

မနေ့ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ရာစုနှစ်တစ်ခုအတွင်း အပြင်းထန်ဆုံး ငလျင်ဖြစ်ပြီး ကာလီမြို့ နဲ့ ပီရေးရား အပါအဝင် မြို့ကြီးတချို့မှာ အဆောက်အအုံအမြောက်အများ ပြင်းပြင်းထန်ထန် ပျက်စီးခဲ့တယ်လို့ ကိုလံဘီယာ အစိုးရ က ဆိုပါတယ်။

Photos from Connect Burma's post 11/08/2026

ရေဘေးသင့်ဒေသ ခင်ဦးမြို့နယ်၊ကွမ်းတိုင်းကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်

Connect Burma | ဩဂုတ် ၁၁

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ မူးမြစ်ရေလျှံမှုကြောင့် ကျေးရွာအများအပြား ရေဘေးကြုံနေရချိန် ဩဂုတ် ၁၁ ရက် နေ့လယ်ပိုင်းကစစ်ကောင်စီက ကွမ်းတိုင်းကျေးရွာအတွင်း လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့ နေ့လယ် ၂ နာရီခွဲခန့် ကွမ်းတိုင်းကျေးရွာရှိ ဈေးဆိုင်နဲ့နေအိမ်တစ်လုံးကို ဂျက်ဖိုက်တာဖြင့် ၃ ကြိမ်တိတိ လာရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် နွားခြံထိခိုက်ကာ နွားတစ်ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း ပြည်သူတွေထိခိုက်မှုမရှိခဲ့ဘူးလို့ဆိုပါတယ်။

“လေယာဉ်က သုံးကြိမ်လာပစ်တာပါ။ ဈေးဆိုင်အိမ်ဘက်ကို ကျတာ။ နွားခြံလည်း ထိသွားပြီး နွားတစ်ကောင် ထိခိုက်တယ်။ လူတော့ ထိခိုက်တာမရှိဘူး” လို့ ကွမ်းတိုင်းကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။

ကွမ်းတိုင်းကျေးရွာမှာ ခင်ဦးမြို့အရှေ့ဘက် ၂ မိုင်ခန့်အကွာတည်ရှိပြီး လက်ရှိ ကျေးရွာအနီးဝန်းကျင် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတာပါ။

ဩဂုတ်လ ၇ ရက် နံနက် ၁ နာရီခန့်မှစတင်ကာခင်ဦးမြို့နယ်အတွင်း မူးမြစ်ရေကြီးမှုကြောင့် ရေဝင်ရောက်ခဲ့တဲ့ ကျေးရွာအချို့ဩဂုတ်လ ၁၁ ရက်အထိ ရေပြန်ကျလာနေသော်လည်း ကျေးရွာအချို့မှာ ရွာလုံးကျွတ်နီးပါး ရေနစ်မြုပ်နေဆဲဖြစ်တယ်လို့ ဒေသခံတွေထံမှသိရပါတယ်။

မကြာသေးမီရက်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကွမ်းတိုင်းကျေးရွာထိပ်ရှိ ချောင်းရေလျှံခဲ့သလို ကျေးရွာမြောက်ဘက်ရှိ ပင်တင်းရေလှောင်ကန်နဲ့ တောင်ဘက်ရှိ မင်းကန်ကြီးရေလှောင်ကန်တို့ရေပြည့်လုနီးပါးဖြစ်လာသဖြင့် ရေပိုလွှဲကတစ်ဆင့် ရေလွှတ်ချထားတာလို့လည်းသိရပါတယ်။

“ရွာဘက်မှာလည်း ရေက တော်တော်များနေတာ။ ရေလှောင်ကန်တွေ ရေပြည့်လာလို့ ရေပိုလွှဲကနေ ရေလွှတ်ထားရတာ။ ဒီလို ရေဘေးအခြေအနေရှိနေတဲ့ကြားမှာ လေယာဉ်နဲ့ပါ လာတိုက်တာဆိုတော့ ဒေသခံတွေအတွက် စိုးရိမ်စရာပိုဖြစ်တယ်” လို့ အဆိုပါဒေသခံက ဆက်ပြောပါတယ်။

ဒါပြင်ဒီ‌ေန့ထိခင်ဦးမြို့နယ် အနောက်ဘက်ခြမ်း မူးမြစ်ကမ်းအနီးရှိ တာတိုင်၊ ကျွန်းတောကြီး၊ မူးသာ၊ ယာတော်နဲ့သက်သာပန်းတောင်း (ကားဆိပ်) ကျေးရွာတို့မှာ ရေပြန်လည်ကျဆင်းခြင်းမရှိသေးဘဲ ရေကြီးနစ်မြုပ်နေဆဲဖြစ်ပါတယ်။

အလားတူဘဲရေဘေးသင့်ကျေးရွာတွေမှာ လက်ရှိအချိန်အထိ ဒေသခံတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်နေရပြီး စားနပ်ရိက္ခာနဲ့ အခြေခံလိုအပ်ချက်တွေအတွက်လည်း အကူအညီတွေ လိုအပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

Photo - ရေဘေးသင့်နေတဲ့ ခင်ဦးမြို့နယ်၊ကွမ်းတိုင်းကျေးရွာ

Photos from Connect Burma's post 11/08/2026

ကိုလံဘီယာ မှာ ငလျင်ကြောင့် လူပေါင်း ၁၃၀ ကျော်သေဆုံး

Connect Burma၊ ဩဂုတ် ၁၁

ကိုလံဘီယာနိုင်ငံ အနောက်ပိုင်း ဆန်ဟိုဆေး ဒယ်လ်ပါးမားဒေသ ကာလီမြို့မှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် လူပေါင်း ၁၃၀ ကျော်သေဆုံး ခဲ့တယ်လို့ ကိုလံဘီယာ သမ္မတ က ကြေညာပါတယ်။

ကိုလံဘီယာ နိုင်ငံ အနောက်ပိုင်း ကိုဗဟိုပြုပြီး ဒေသစံတနင်္လာနေ့ နံနက် ၇ နာရီ ၃၄ မိနစ် က ပြင်းအား ၇.၄ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။

ငလျင်ကြောင့် သေဆုံးသူ အနည်းဆုံး ၁၃၂ ဦးအထိရှိလာပြီး လူပေါင်း ၉၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ငလျင်ကြောင့် လူဦးရေ ၁ ဒသမ ၅ သန်းလောက်ဟာ အရမ်းပြင်းထန်တဲ့ မြေငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရတယ်လို့ အမေရိကန် ဘူမိဗေဒလေ့လာရေးဌာန USGS က ထုတ်ပြန်ပါတယ်။

ပြင်းထန်တဲ့ ငလျင်ကြောင့် ကာလီမြို့ နဲ့ ပီရေးရား အပါအဝင် မြို့ကြီးတချို့မှာ အဆောက်အအုံအမြောက်အများ ပြင်းပြင်းထန်ထန် ပျက်စီးခဲ့တယ်လို့ ကိုလံဘီယာ အစိုးရ က ဆိုပါတယ်။

ငလျင်လှုပ်ခတ်ခဲ့တဲ့ ဒေသတွေမှာ အရေး ပေါ်ကယ်ဆယ်ရေး လုပ်ငန်း တွေနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ အမေရိကန် အစိုးရ က ဒေါ်လာ ၁၅ သန်း ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီယို က ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ လကလည်း ကိုလံဘီယာ ရဲ့ အိမ်နီးချင်နိုင်ငံ ဗင်နီဇွဲလား မြောက်ဘက်ကမ်းရိုးတန်း ဒေသမှာ အင်အားပြင်းထန်တဲ့ ငလျင် နှစ်ကြိမ် လှုပ်ခတ်ခဲ့ပြီး လူပေါင်း ၆,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Address


Kamayut Township
Yangon