A Craft Design Studio

A Craft Design Studio

Share

A Craft မှ ဆန်းသစ်သော Architectural building design & decorations များ ၊ Architecture and construction knowledge sharing များအား ဖော်ပြ လျက်ရှိပါသည်။

11/02/2026
27/01/2026

အိမ်ခန်းတစ်ခု ခန့်ညားဖို့ဆိုတာ ပစ္စည်းအနည်းအများထက် Space (နေရာလွတ်) နဲ့ Light (အလင်း) ကို ဘယ်လိုပေါင်းစပ်မလဲဆိုတာက အဓိကပါ။ "Less is More" Concept အတိုင်း ပရိဘောဂတွေကို လျှော့ချပြီး ရလာတဲ့ နေရာလွတ်တွေကို အလင်းရောင်နဲ့ ဘယ်လိုပြန်လည်အသက်သွင်းမလဲဆိုတာက ပိုအရေးကြီးပါတယ်။

သင့်အိမ်ခန်းကို ပိုမိုကျယ်ဝန်း၊ သန့်ရှင်းပြီး ခန့်ညားသွားစေမယ့် နည်းလမ်း (၃) ခု ကို အတူတူ ကြည့်လိုက်ရအောင်။

၁။ သဘာဝအလင်းက ဖန်တီးပေးတဲ့ ကျယ်ဝန်းမှု (Natural Light Flow)
Minimalism မှာ နေရာလွတ် (Negative Space) ဆိုတာ မျက်စိအနားရစေဖို့ ဖန်တီးထားတာပါ။ ပရိဘောဂတွေကို အတားအဆီးမဖြစ်အောင် နေရာချ (Space Planning) ပြီး သဘာဝအလင်းကို အခန်းထဲ လွတ်လွတ်လပ်လပ် စီးဆင်းခွင့်ပေးလိုက်တဲ့အခါ အခန်းက အလိုလို ကျယ်ဝန်းပြီး လန်းဆန်းတဲ့ ခံစားချက်ကို ရရှိစေပါတယ်။

၂။ မျက်နှာကျက်ကို မြင့်သွားအောင် အရောင်နဲ့ လှည့်စားခြင်း (Raising the Ceiling)
မျက်နှာကျက်ကို နံရံထက် ပိုမိုဖျော့တဲ့အရောင် သုတ်ပေးခြင်းက အမြင်အာရုံကို အပေါ်ဘက်ကို ဆွဲတင်ပေးပါတယ်။ ဒါဟာ အခန်းကို ပိုမြင့်သွားသလို ထင်ရစေပြီး Minimalism ရဲ့ အနှစ်သာရဖြစ်တဲ့ "လွတ်လပ်ပေါ့ပါးမှု" ကို အပြည့်အဝ ပေါ်လွင်စေမှာပါ။

၃။ အစိမ်းရောင်နဲ့ ဖန်တီးတဲ့ စိတ်အေးချမ်းမှု (Healing with Green)
နောက်ဆုံးအဆင့်အနေနဲ့ စိတ်အေးချမ်းမှုကိုရရှိစေဖို့ အကုန်လုံးကို အစိမ်းရောင် သုတ်စရာမလိုပါဘူး။ စားပွဲတင်အပင်လေးတွေ 🪴 ဒါမှမဟုတ် အစိမ်းရောင်ရှိတဲ့ အသုံးအဆောင်လေးတွေ (Green Accents) ကို နေရာကွက်ပြီး သုံးပေးလိုက်ရုံနဲ့တင် အလုပ်ခွင်ရဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်ပြီး ပိုမိုအာရုံစိုက်နိုင်တဲ့ (Creative Zone) တစ်ခုဖြစ်လာပါလိမ့်မယ်။

A Craft Design Studio မှ
🏢 Layout planning
🏢Architectural and interior design
🏢Facade design
🏢Master planning တို့ကို အကောင်းဆုံး ဝန်ဆောင်မှုပေးနေပါပြီ😊

ဆက်သွယ်ရန်
09 96400 1821, 0945000 5196 or Chat box

Photos from A Craft Design Studio's post 24/01/2026

Existing Building ထဲမှ Private School အတွက် ဖန်တီးထားသော Contemporary Interior Design ✨

• Existing Structure ကို လိုက်လျောညီထွေဖြစ်အောင် Concept စဉ်းစားထားခြင်း
မူလရှိပြီးသား building အတွင်းမှာ private school ဖွင့်နိုင်အောင် client ရဲ့ တောင်းဆိုချက်အတိုင်း structure ကို မဖျက်ဆီးဘဲ circulation၊ function နဲ့ aesthetic ကို balance ဖြစ်အောင် စီမံဖန်တီးထားတဲ့ design ဖြစ်ပါတယ်။

• Double Volume Space ကို အကျိုးရှိအောင် အသုံးချထားခြင်း
ceiling height မြင့်တဲ့ double volume area ကို လူအဝင်အထွက်နဲ့ ဧည့်သည်တွေ အတွက် waiting lounge အဖြစ် သတ်မှတ်ထားပြီး space ရဲ့ openness ကို အပြည့်အဝ ခံစားနိုင်အောင် စီမံထားပါတယ်။

• Existing Column ကို Design Element အဖြစ် ပြောင်းလဲအသုံးချခြင်း
မူလရှိပြီးသား column ကို hack လုပ်ပြီး အဲ့ဒီ column ကို အခြေခံကာ reception counter ကို ပတ်လည်တည်ဆောက်ထားခြင်းက functional ဖြစ်သလို architectural focal point တစ်ခုအဖြစ်လည်း မြင်သာစေပါတယ်။

• Luxury Look နဲ့ Modern Color Palette
ဝင်လိုက်တာနဲ့ ခမ်းနားထည်ဝါတဲ့ ခံစားချက်ရစေဖို့ ceiling design ကို luxury look နဲ့ ဖန်တီးထားပြီး off-white နဲ့ အဝါဖျော့ကို အဓိကအသုံးပြုကာ navy blue ကို accent အဖြစ် ထည့်သွင်းထားတာကြောင့် clean ဖြစ်သလို boring မဖြစ်တဲ့ contemporary interior ဖြစ်လာပါတယ်။
Waiting lounge မှ logo ရှိရာ wall ကိုတော့ နံရံနဲ့ ceiling ကို ချိတ်ဆက်ပြီး လူအများ စိတ်ဝင်စားစေရန် highlight ပြုလုပ်၍ ဖန်တီးထားပါတယ်။

A Craft Design Studio မှ
🏢 Layout planning
🏢Architectural and interior design
🏢Facade design
🏢Master planning တို့ကို အကောင်းဆုံး ဝန်ဆောင်မှုပေးနေပါပြီ😊

ဆက်သွယ်ရန်
09 96400 1821, 0945000 5196 or Chat box

22/01/2026

Contemporary Design နဲ့ Function ကို ဦးစားပေးထားတဲ့ Residential Building 🏢

• Client ရဲ့ Budget နဲ့ ကိုက်ညီအောင် Design စဉ်းစားထားခြင်း
အလှအပတင်မကဘဲ construction cost ကိုပါ ထည့်သွင်းစဉ်းစားပြီး material selection နဲ့ form ကို balance လုပ်ထားတဲ့ design ဖြစ်ပါတယ်။

• Functionality ကို အဓိကထားပြီး Layout စီမံထားခြင်း
လူနေမှု အဆင်ပြေစေဖို့ ventilation, natural light နဲ့ circulation ကို ထိရောက်အောင် စီမံထားပြီး နေ့စဉ်အသုံးပြုမှုမှာ practical ဖြစ်အောင် ဒီဇိုင်းလုပ်ထားပါတယ်။

• Modern & Contemporary Look
အရောင် contrast၊ balcony rhythm နဲ့ façade composition ကို ခေတ်မီပုံစံနဲ့ ဖန်တီးထားပြီး မြို့ပြပတ်ဝန်းကျင်နဲ့လည်း ကိုက်ညီအောင် စဉ်းစားထားပါတယ်။

• Long-term Value ရှိစေမယ့် Architectural Concept
အချိန်ကြာလာတာနဲ့အမျှ ခေတ်မှိန်သွားတဲ့ design မဟုတ်ဘဲ အသုံးချနိုင်မှု၊ ထိန်းသိမ်းရ လွယ်ကူမှုတွေကိုပါ ထည့်သွင်းထားတဲ့ sustainable concept ဖြစ်ပါတယ်။

A Craft Design Studio မှ
🏢 Layout planning
🏢Architectural and interior design
🏢Facade design
🏢Master planning တို့ကို အကောင်းဆုံး ဝန်ဆောင်မှုပေးနေပါပြီ😊

ဆက်သွယ်ရန်
09 96400 1821, 0945000 5196 or Chat box

Photos from A Craft Design Studio's post 15/01/2026

A craft မှ ဖန်တီးခဲ့သော Solar Showroom Design Concept 💯

Option -1

ကျွန်တော်တို့ A Craft Teamအနေနဲ့ ဒီsolar showroomကို နည်းပညာနဲ့ဒီဇိုင်း ပေါင်းစပ်ထားတဲ့ အဆောက်အအုံအဖြစ် ဒီဇိုင်းရေးဆွဲဖြစ်ခဲ့ပါတယ်။
Solar panel တွေကို ဖုံးကွယ်ထားခြင်းမလုပ်ဘဲ အဆောက်အအုံရဲ့ မျက်နှာစာမှာ တိုက်ရိုက်အသုံးပြုထားပြီး renewable energy ဆိုတဲ့ အယူအဆကို ကြည့်လိုက်တာနဲ့ ခံစားနိုင်အောင် ဖန်တီးထားပါတယ်။
Facade မှာတော့ solar panels နဲ့ အရောင်ပါတဲ့ perforated screens တစ်နည်းအားဖြင့်ဆိုသော် အပေါက်ဖောက်ထားသော screen များကို ပေါင်းစပ်အသုံးပြုထားတဲ့အတွက် ပုံမှန်အဆောက်အအုံတွေလို မဟုတ်ဘဲ ခေတ်မီပြီး ဆန်းသစ်တဲ့ ပုံရိပ်တစ်ခုကို ဖြစ်စေပါတယ်။ ဒါ့အပြင် building အတွင်းပိုင်းသို့ natural lighting ရရှိစေရန် perforated screen တွေကိုလည်း အသုံးပြုပေးထားပါတယ်။
Color Conceptအတွက် dark grey tone ကို အခြေခံအသုံးပြုပြီး modern နဲ့ professional feeling ကို ပိုမိုထင်ရှားစေပါတယ်။
Entrance တွင်လည်း diagonal line ဒီဇိုင်းကို အထူးအလေးပေးထားပြီး လာရောက်သူတွေအတွက် အလွယ်တကူ သတိပြုမိစေတဲ့ အဓိက feature တစ်ခုအဖြစ် ဖန်တီးထားပါတယ်။
ဒီ solar showroom ဟာ ထုတ်ကုန်တွေကို ပြသရုံသာမက sustainable energy နဲ့ ခေတ်မီဒီဇိုင်းကို ကိုယ်စားပြုနိုင်တဲ့ အဆောက်အအုံတစ်ခု ဖြစ်အောင် ရည်ရွယ်ထားပါတယ်။

Option 2

ဒီ design ကတော့ solar showroom အတွက် နောက်ထပ် option တစ်ခု ဖြစ်ပြီး ပတ်ဝန်းကျင်မှာရှိနေတဲ့ ပုံမှန်အဆောက်အအုံဒီဇိုင်းတွေထဲကနေ ထင်ရှားစွာ ကွဲပြားပေါ်လွင်စေဖို့ ရည်ရွယ်ထားပါတယ်။
Facade မှာ အရောင်ပြင်းပြင်း yellow color paint ကို အသုံးပြုထားပြီး ပတ်ဝန်းကျင်ရှိ အဆောက်အအုံတွေနဲ့ နှိုင်းယှဉ်လိုက်ရင် မျက်စိထင်ရှားစေတဲ့ contrast ကို ဖန်တီးပေးပါတယ်။
အဆောက်အအုံကို ကြီးမားပြီး ခေတ်မီတဲ့ ပုံရိပ် ပေါ်လွင်စေဖို့အတွက် bronze အရောင်ရှိတဲ့ metal strips ကြီးတွေကို facade အနေနဲ့ ထည့်သွင်းအသုံးပြုထားပါတယ်။ ဒီ vertical elements တွေက အဆောက်အအုံကို ပိုမိုလေးနက်စေပြီး premium နဲ့ modern feeling ကို ပိုမို ခံစားရစေပါတယ်။
ဒီဇိုင်းတစ်ခုလုံးရဲ့ ရည်ရွယ်ချက်က showroom ကို ခေတ်မီ၊ မှတ်မိလွယ်ပြီး စွမ်းအင်နဲ့ ဆန်းသစ်မှုကို ကိုယ်စားပြုနိုင်တဲ့ အဆောက်အအုံတစ်ခု အဖြစ် ဖော်ဆောင်ခြင်း ဖြစ်ပါတယ်။

လူကြီးမင်းတို့ရဲ့ စိတ်တိုင်းကျ ခေတ်မီဆန်းသစ်သော အဆောက်အအုံဒီဇိုင်းများကို Design Concept မှအစ Working Drawingအထိ Exterior Interior Architectural Design များကို ကျွန်တော်တို့ A Craft Design Studioမှ ရေးဆွဲပေးလျက်ရှိပါသည်။
သိလိုသည်များကို Page Messenger သို့မဟုတ် ဖုန်း
09 96 400 1821, 09 45000 5196, 09 98518 1179 ကိုဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျာ။

Photos from A Craft Design Studio's post 14/01/2026

"Office Extension Building Design for Lucky Bag and Swallow Plastic Trading Company Limited"

Client ရဲ့ main requirements တစ်ခုဖြစ်တဲ့ မူလအဆောက်အဦးရဲ့ design ကိုမပျက်စီးစေပဲ လိုက်ဖက်ညီမယ့် Design လေး လုပ်ပေးပါဆိုတဲ့ အချက်ကို A Craft Design Studio team က သေသေချာချာလေး follow လုပ်ပေးခဲ့ပါတယ် 🤗

အခုလိုမျိုး စိတ်ကူးနဲ့လက်တွေ့ တစ်ထပ်တည်းကျတဲ့ Design လေးတွေ ဖန်တီးချင်တယ်ဆိုရင်တော့ A Craft ရှိပါတယ်နော် 😉

A Craft Design Studio မှ
🏢 Layout planning
🏢Architectural and interior design
🏢Facade design
🏢Master planning တို့ကို အကောင်းဆုံး ဝန်ဆောင်မှုပေးနေပါပြီရှင်😊

🚨A Craft မှကိုယ်ပိုင်ဆွဲသားထားတဲ့ မူပိုင် design ပုံများကို ခွင့်ပြုချက်မပါပဲ ယူသုံးခွင့် မပြုပါရှင့် 🚨

ဆက်သွယ်ရန်
09 96400 1821, 0945000 5196 or Chat box

Photos from A Craft Design Studio's post 10/01/2026

A Craft team's memory recap...
Thank you so much to all of you who made my day special...
Luv you, guys🥰

30/12/2025

⏩⏩⏩ A Craft Design Studio⏪⏪⏪

🎉🎉🎉 Goodbye 2025 Staff dinner🎉🎉🎉
နှစ်သစ်မှာ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပြီး လုပ်ငန်းဆောင်တာများ တိုးတက်အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါသည်။

25/12/2025

A Craft ရဲ့ Design တစ်ခု Sanchaung Link မှာ ရှိနေပြီနော် 😊
Design + Installation ကို ယုံယုံကြည်ကြည်အပ်နှံပေးတဲ့ Client အကို့ကိုလည်းကျေးဇူးပါရှင့်

စိတ်ကူးလေး‌တွေ အကောင်အထည်ပေါ်လာဖို့နဲ့ လူအများကိုဆွဲဆောင်နိုင်မယ့် Design လေးတွေကိုဖန်တီးဖို့ဆို A Craft Design Studio ကို သတိရလိုက်ပါနော် 🤗

Photos from A Craft Design Studio's post 19/12/2025

🚙🚗လမ်းမကြီးဘေးမှာ ထိုင်နေရသလို open to sky ပါဖြစ်နေတဲ့ feeling မျိုး
🌟⭐ကြယ်တွေပျောက်တဲ့ညမှာ မော့ကြည့်ရင်တော့ ကြယ်အစားထွန်းတောက်ပေးနေမယ့် LED star string light လေးတွေရှိတယ်
☔☔မိုးရွာခဲ့ရင်တောင် နေရာမရွှေ့ရပဲ အပေါ်ကို ထီးကအလိုလိုလာမိုးပေးမယ်
🌬️🌬️အိမ်သာသွားတဲ့လမ်းမှာတောင်အေးမြတဲ့ သဘာဝလေနုအေးလေးတွေက ဆီးကြိုမယ်
သာကေတ သုမနလမ်းမကြီးပေါ်မှာ စတင်တောက်ပနေပြီဖြစ်တဲ့ Rangoon Bar & Restaurant အတွက် ပီတိလေးတစ်ဖြတ်
နောက်ဆုံးမှာ Designer တွေရဲ့ပုံပါအဆစ်ထည့်ထားတယ် 🤭

Project name - Rangoon Bar & Restaurant
Project scope - Architectural design, Interior Design

Website

Alerts

Be the first to know and let us send you an email when A Craft Design Studio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.