Future Life ICT Solution

Future Life ICT Solution

Share

Customize Software Packages
Customize Web Application / Website
Mobile Application ( Android / iOS)

Photos from Kiddo Snack Bar's post 24/07/2025

Snack လေးတွေလိုရင် ဒီ page လေးမှာ အားပေးလို့ရပါတယ်ရှင့် ❤️

https://www.facebook.com/share/16bjmRzDcY/?mibextid=wwXIfr

19/11/2014

တစ်နှစ်ဆိုတဲ့ အချိန်ကာလအတွင်းမှာ စိတ်တူကိုယ်တူ ညီညီညွတ်ညွတ် လက်တွဲပေးကြတဲ့ company partner များကို အထူးပင်ကျေးဇူးတင်ပါတယ်

CEO

Photos 09/04/2014

How to Choose the Right Career !

www.wikiHow.com မှာ ဖတ်ရတဲ့ article တစ်ခုကို ပြန် share ချင်ပါတယ်..
"How to Choose the Right Career" ပါ..

Career တခုကို မရွေးခင် အချက်လေးချက်ကို အရင် စဉ်းစားရမယ်လို့ဆိုပါတယ်..
(1) Consider Your Interests
မိမိစိတ်ပါဝင်စားရာ မိမိအလုပ်ချင်ဆုံးအလုပ်ရဲ့နယ်ပယ်ကို ဦးစားပေး စဉ်းစားရမှာဖြစ်ပါတယ်..အဆင်ပြေချောမွေ့အောင်မြင်တဲ့ အသက်မွေးဝမ်းကျောင်းမှု ဖြစ်စေဖို့အတွက် မိမိ ဝါသနာပေါ်မူတည်ပြီး ရွေးချယ်ဖို့လဲ လိုအပ်ပါတယ်..
ဝါသနာပေါ်မူတည်တဲ့ career ဟာ အကျိုးသက်ရောက်မှုများစွာ ဖြစ်စေပါတယ်.
ဂီတနဲ့ပတ်သက်ပြီး စိတ်ဝင်စားသည်ဆိုလျှင်ပင် audio engineering, composing အစရှိသဖြင့် မည်သည့်အပိုင်းကို အဓိက လုပ်ဆောင်ချင်သည်ကို သေချာစွာရွေးဖို့လိုအပ်ပါတယ်..

(2) Consider Your Skills
စာသင်ခန်းအတွင်းမှာ ဘယ်ဘာသာရပ်တွေကို စိတ်ပါဝင်စားစွာနဲ့ ရလဒ်ကောင်းတွေရအောင် စွမ်းဆောင်နိုင်ခဲ့ပါသလဲ .. မည်သည့်ဘာသာရပ်ကို လွယ်ကူစွာ လေ့လာနိုင်ပါသလဲ
ဒါမှမဟုတ် နှစ်ခြိုက်စွာလုပ်ဆောင်တတ်တဲ့ အရာတွေ ပေါ်မူတည်ပြီး career ရွေးရမှာဖြစ်ပါတယ်.. မိမိအရည်အချင်းပြည့်မီစွာ လုပ်ဆောင်နိုင်သည့်အရာကို ရွေးခြင်းဖြင့် မှန်ကန်တဲ့ career လမ်းကြောင်းပေါ်ရောက်ရှိမှာဖြစ်ပါတယ်.

(3) Consider Your Current State
မိမိကိုယ် မိမိ ဆန်းစစ်ခြင်းဖြင့် အဖြေရှာရပါမယ်..ဒီနည်းဟာ အကောင်းဆုံးပါပဲ. မိမိရွေးချယ်ထားတဲ့ career ကို ပျော်ရွှင်စွာလုပ်ကိုင်ချင်တယ်ဆိုရင်တော့ မိမိကိုယ်မိမိ နားလည်ပြီး မိမိဘယ်အရာကို ကြိုက်နှစ်သက်တယ်ဆိုတာ သိထားဖို့လိုပါတယ်.
ကိုယ်ရွေးချယ်တဲ့ career ဟာ ပညာရေးပိုင်းဆိုင်ရာထောက်ပံ့မှုအများကြီးလိုတဲ့အတွက် ငွေကြေးအထောက်အပံ့လိုတယ်ဆိုရင် shcolarships, grants ရအောင် ကြိုးစားရမယ်လို့ ဆိုပါတယ်..
အရေးကြီးတဲ့အချက်တစ်ခုကတော့ ကိုယ်ရွေးချယ်တဲ့ career အတွက် လုံလောက်တဲ့ education background ရှိရပါမယ်.
များများရှာဖွေ..များများစဉ်းစားပြီး မိမိသင်ရမယ့် ပညာ.. ရွေးရမယ့် career ကို သတ်မှတ်ရပါမယ်..

(4) Consider Your Future
အရေးကြီးတာတွေထဲက တစ်ချက်ကတော့ မိမိရွေးလိုက်တဲ့ career ဟာ ကိုယ်တိုင် နှစ်သက်ပြီး အောင်မြင်ချင်စိတ်ရှိရမယ်..မိမိဘဝအဆင်ပြေစေလောက်တဲ့ ဝင်ငွေရမယ့် career မျိုး ဖြစ်ရမယ်ဆိုတာပါပဲ.. တနည်းအားဖြင့်ဆိုရရင်တော့ မိမိကိုယ်တိုင်အပြင် မိသားစုကိုပါထောက်ပံပေးနိုင်တဲ့ career မျိုးဖြစ်ရပါမယ်.
မိမိရွေးချယ်တဲ့ career ဟာ ရေရှည်အဆင်ပြေစေနိုင်ရဲ့လား ရပ်တည်နေနိုင်မှာလားဆိုတာလဲ စဉ်းစားရပါမယ်
freelance အလုပ်မျိုးလုပ်တယ်ဆိုကြပါဆို့..အလုပ်မရှိတဲ့အချိန်ဆိုတာလဲဖြစ်နိုင်ပါတ်ယ. ဒါတွေကိုလဲ ထည့်တွေးသင့်ပါတယ်..
လမ်းညွှန်စာအုပ်တွေလဲ ဖတ်သင့်ပါတယ်. လုပ်ငန်းအမျိုးမျိုးအတွက် ဘယ်လို education မျိုးလိုအပ်တယ်ဆိုတာမျိုး ဖော်ပြထားတာဖြစ်ပါတယ်.

ဒါကတော့ article မှာ ဖော်ပြထားတဲ့အချက်တွေပါ.. လွဲမှားတဲ့ အယူအဆတွေနဲ့ မိမိ career အတွက် မလိုအပ်တဲ့ သင်တန်းတွေကို အချိန်ကုန်ခံ..ငွေကြေးအကုန်အကျခံ လေ့လာနေမယ့်အစား မိမိ ဘယ် career ကိုရွေးချယ်မယ် ဘယ်လို education background ကိုလေ့လာမယ်ဆိုတာ သေချာရွေးပြီးမှ မှန်ကန်တဲ့လမ်းကြောင်းပေါ် ဆက်လက်လျှောက်လှမ်းကြပါစို့....

Photos 02/04/2014

May new year brings joy, hope and wisdom to you all. Wishing you the best APRIL, Happy & prospect Myanmar New Year, Water Festival.

FROM - Future Life ICT Solution

01/04/2014

Happy April Fool Day to you all ! Wishing to get wonderful time :)

Photos 25/03/2014

Media & Advertising

မိမိတို့ရဲ့လုပ်ငန်းနဲ့ပတ်သက်ပြီး customer များသိအောင် ၊ ဈေးကွက်ဝင်အောင် ကြေငြာကြပါတယ်...
ဒီလိုကြေငြာတဲ့နေရာမှာ အရင်တုန်းကတော့ offline media advertising တွေဖြစ်တဲ့ flyer, billboard, vinyl, phamplet, poster အစရှိတာတွေကို အသုံးပြုပြီး customer သိအောင်ပြုလုပ်လေ့ရှိပါတယ်..
တိုးတက်ပြောင်းလဲလာတဲ့ခေတ်နဲ့အညီ 2014 မှာ ဘယ်လို advertising မျိုး သုံးသင့်ပြီလဲ ???
လက်ရှိအရှိန်အဟုန်အကောင်းဆုံးကတော့ Interactive Media ဖြစ်တဲ့ Internet ရဲ့ အကျိုးကျေးဇူးကို အသုံးချပြီး မိမိလုပ်ငန်းအကြောင်းကို 24/7 ကြေငြာဖို့ပါပဲ..
အသက်အပိုင်းအခြားမရွေး Internet ကို အသုံးပြုလာကြပြီဖြစ်ပြီး online ကတဆင့် မိမိလုပ်ငန်းအကြောင်းကြေငြာနိုင်ရုံမက ထုတ်ကုန်ပစ္စည်းများရောင်းချခြင်း.. customer enquiry , customer feed back များ လက်ခံနိုင်ခြင်း အစရှိတာတွေကို website ကနေ တဆင့် အလွယ်တကူ ပြုလုပ်နိုင်ပါတယ်..
မြန်မာနိုင်ငံအနေနဲ့ကြည့်မယ်ဆိုရင်လဲ online marketing ကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပါပြီ..
ဒါ့ကြောင့် 2014 ကနေစလို့ မိမိလုပ်ငန်းအတွက် website တစ်ခု တည်ထောင်ရင်း online marketing ကို အကျိုးရှိရှိပြုလုပ်သင့်ပါတယ်..

Photos 23/03/2014

Country Level Domain Name ဆိုတာကတော့ မိမိ Business တည်ရှိတဲ့ country code ကို Domain Name မှာ ယှဉ်တွဲသုံးတာမျိုးပါ..
Domain Name တွေဟာ unique ဖြစ်ဖို့လိုတဲ့အတွက် မိမိလိုချင်တဲ့ Domain name ဟာ တခြားသူ register လုပ်ပြီးသားဖြစ်နေခဲ့ရင် country code top level domain သုံးမယ်ဆိုရင်တော့ ရနိုင်ချေရှိပါတယ်..
မြန်မာနိုင်ငံအတွက်ကတော့ .mm ဖြစ်ပါတယ် ..
Eg. www.president-office.gov.mm
မိမိသိချင်တဲ့ country code တွေကိုတော့
www.wipo.int/amc/en/domains/cctld
www.thrall.org/domains.htm တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်..

Photos 19/03/2014

လုပ်ငန်းပေါ်မူတည်ပြီး သုံးသင့်တဲ့ Domain Name Extension ရွေးရအောင်...
com - စီးပွားရေးလုပ်ငန်းများအတွက်သုံးပါတယ်. အသုံးများဆုံး အတွင်ကျယ်ဆုံးလို့လဲ ပြောလို့ရပါတယ်..
eg. www.bbc.com
net - network ကိုရည်ရွယ်တာဖြစ်ပါတယ်.. network နဲ့ပတ်သက်တာတွေအတွက် သုံးပါတယ်..
eg. www.asp.net
org - စီးပွားရေးနဲ့ မသက်ဆိုင်တဲ့ အဖွဲ့အစည်းတွေအတွက် သုံးပါတယ်..
eg. http://en.wikipedia.org
edu - ပညာရေးနဲ့ဆိုင်တဲ့ website တွေအတွက် သုံးပါတယ်..
eg. http://www.harvard.edu
gov - အစိုးရနဲ့ပတ်သက်တဲ့ website တွေအတွက် သုံးပါတယ်..
eg. http://burma.usembassy.gov
biz - သေးငယ်တဲ့ စီးပွားရေးလုပ်ငန်းတွေအတွက်သုံးပါတယ်..
eg. http://www.irco.biz
info - သတင်းအချက်အလက် အရင်းမြစ်ကို ဆိုလိုတာဖြစ်ပါတယ်..
eg. http://yanukovich.info/
mil - Military အတွက်သုံးတာဖြစ်ပါတယ်..
eg. http://www.marines.mil
mobi - mobile ရဲ့ အတိုကောက်ဖြစ်ပါတယ်..mobile device တွေအတွက် အဆင်ပြေလွယ်ကူစေပါတယ်.
eg.http://www.dotmobi.mobi

Country Level Domain အကြောင်းကိုတော့ နောက်နေ့မှာ ဆက်ရေးပေးသွားပါမယ်...

Photos 18/03/2014

Domain ရွေးချယ်ဝယ်ယူခြင်း....

Website တစ်ခုတည်ထောင်ရင် Domain နဲ့ Hosting ဆိုတာလိုအပ်ပါတယ်..
အလွယ်ပြောရရင် Domain ဆိုတာကတော့ Online Address ပါ.. မိမိတို့လုပ်ငန်းအကြောင်းတင်ထားတဲ့ website ကိုကြည့်ရှုချင်တယ်ဆိုရင် Domain Name လို့ခေါ်တဲ့ online address ကို မိမိ အသုံးပြုတဲ့ Browser ( Mozilla Firefox, Chrome, IE, Safari, etc) တွေရဲ့ address bar မှာ မိမိတို့ရဲ့ Domain Name ကို ရိုက်ထည့်ရမှာဖြစ်ပါတယ်.. ဥပမာအနေနဲ့...Google company ရဲ့ Domain Name ဟာ www.google.com ဖြစ်ပြီး yahoo company ကတော့ www.yahoo.com ဖြစ်ပါတယ်..

ဒီတော့ Domain Name တွေကို ဘယ်ကရနိုင်ပါသလဲ????
Register လုပ်ရပါတယ်.. Domain Name ရွေးချယ်ဝယ်ယူတဲ့အခါမှာ -
(၁) အမည်တူတာယူလို့မရပါဘူး.တခြားသူ register လုပ်ထားပြီးသား name ကို ပြန်သုံးလို့မရပါဘူး..
(၂) မိမိလုပ်ငန်းအမည် (သို့) မိမိထုတ်ကုန်၏ Brand အမည် စတာတွေ ပေးသင့်ပါတယ်..
(၃) Numbers and Hyphens တွေကို ရှောင်ပြီး ရွေးသင့်ပါတယ်.. မှတ်မိလွယ်တဲ့ နာမည်မျိုးဖြစ်ရင် ပိုကောင်းပါတယ်..
(၄) စာလုံးရေရှည်တဲ့ နာမည်မျိုးလဲ မဖြစ်သင့်ပါဘူး..
(၅) သင့်တော်တဲ့ Domain Name Extension မျိုးကို သုံးသင့်ပါတယ်..
eg - eg - .co, .info, .net, .org, .biz, etc
(၆) Domain Name ကို သက်တမ်းတိုးဖို့လိုအပ်ပါတယ်.. Register လုပ်စဉ်ထဲက မိမိဝယ်ယူတဲ့ Domian Name ကို ဘယ်နှစ်နှစ်သုံးမယ်ဆိုတာ သတ်မှတ်ရတဲ့အတွက် သက်တမ်းပြည့်တဲ့အချိန်မှာ သက်တမ်းပြန်တိုးဖို့လိုအပ်ပါတယ်..
ဒါတွေကတော့ Domain Name တစ်ခု ဝယ်တော့မယ်ဆိုရင် အခြေခံသိထားသင့်တဲ့ အကြောင်းအရာတွေပါ.. ဗဟုသုတရပြီး အသုံးဝင်ဖို့ မျှော်လင့်ပါတယ်...
လုပ်ငန်းပေါ်မူတည်ပြီး သုံးသင့်တဲ့ Domain Name Extension တွေကိုတော့ နောက်နေ့မှာ ဆက်ရေးပေးသွားပါ့မယ်...

Photos 13/03/2014

ဒီနေ့ဟာ World Wide Web ရဲ့ 25 နှစ်ပြည့်ပါ..
World Wide Web ကို Sir Tim Berners-Lee က တီထွင်ခဲ့တာဖြစ်ပါတယ်..
"Happy Birthday 25th World Wide Web".
Original Link : http://googleblog.blogspot.com/2014/03/on-25th-anniversary-of-web-lets-keep-it.html

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No. 522, ThanThuMar Road, KyeePwarYae Quarter, Thingungyunn Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00