Khit khit
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Khit khit, Photography Videography, nn, Yangon.
23/05/2025
Kpay center Hledan ထိ သွားဖွင့်တယ်. မရဘူး. ဝန်ထမ်းတွေလည်း အတော်ချေတယ်. Customer ကို စောက်ဖတ်ကို မလုပ်တာ.
အချေမသေးတဲ့ ကေပေး(KBZ pay)
စင်တာ...
၁......
ခေတ်ပျက်နေသည့်အခါ
အရာရာသည်ပြည်သူအတွက်ဒုက္ခတွေချည့်။
မလွယ်သောအရာများပို၍ခက်လာကြသည်။
လူတိုင်းလိုလိုအတွက်ကေပေး
သည်လိုအပ်လာသည်။
ကေပေးအသစ်ပြန်ဖွင့်ရသောဒုက္ခကို
အခြားသူများသိနိုင်ရန်သာရည်ရွယ်
ပါသည်။
လိုရင်းပြောရလျှင် ဖုန်းပျက်။
ဖုန်းအသစ်မှာကေပေးဖွင့်ထားသော
ဖုန်းနံပတ်ထည့်။မရ။
အနီးဆုံးကေဘီဇက်ဘဏ်ကိုသွား။
လျှောက်လွှာတင်။အရင်ကသုံးလေးရက်သည်အခုနှစ်ပတ်သုံးပတ်ကြာမည်
ပြော။ဘဏ်နှင့်မဆိုင်တော့ကေပေးစင်တာကဖုန်းဆက်ပြီးအချက်အလက်အတည်ပြုမည်ပြော။
ကံအားလျှော်စွာ ၁၀ရက်လောက်
အကြာဖုန်းဝင်လာ။မေးမြန်းအတည်ပြုပြီးရပြီ ဆယ်မိနစ်အကြာပွင့်မည်ဟုပြော။
နာရီဝက်လောက်အကြာဖွင့်ကြည့်မရ။
ဘဏ်ပြန်သွားမေး။သူတို့က
ပေးစင်တာကိုဆက်မေး။
ဆယ်မိနစ်အတွင်းမဖွင့်လို့ နောက်
လျှောက်လွှာအသစ်တင်ခိုင်း။
ဘဏ်ကဝန်ထမ်းလေးတွေက အမြန်ဆိုပြီးထပ်တင်ပေး။
ထပ်စောင့်။အရင်ကသုံးလေးရက်အခုတော့သုံးလေးပတ်ပေါ့။စောင့်။
၂
အဲဒီအကြောင်းသူငယ်ချင်းနဲ့ဆုံတော့ပြောဖြစ်။
သူငယ်ချင်းကအဲဒီဘဏ်ကအကြီးဆုံးဆိုသောလူကြီးတွေနဲ့ခင်။လူကြီးတစ်ယောက်ကိုပြောပြ။နှစ်ရက်သုံးရက်မထူး။အားနာလို့သူငယ်ချင်းကိုမမေး။
သူငယ်ချင်းကဆက်မေးလာတော့
မထူးသေးတာပြော။သူထပ်ပြောမယ်
လို့ဆိုပြီးမကြာခင်မှာဖုန်းစိမ်းတလုံးဝင်လာ။ဘယ်လူကြီးရယ့်ပီအေပါတဲ့။
အဲဒီဘဏ်နံပါတ်နဲ့ထပ်တင်တဲ့နေ့စွဲ
မေးတော့မဖြေတတ်။
ဒါနဲ့ဘဏ်ကိုပြေး။ဝန်ထမ်းလေးတွေအကူညီတောင်း။အဲဒီပီအေကြီးမေးသမျှဖြေပေးခိုင်း။
ပြီးတော့ ကေပေးစင်တာကိုသူအခုပဲဆက်ပြီးအကူညီတောင်းလိုက်မယ်တဲ့
ဒီတခါဆယ်မိနစ်မဟုတ်ဘူးနှစ်နာရီအတွင်းဖွင့်ပေးပါတဲ့။
အချိန်က နေ့လည်၁၂ ဝန်းကျင်။
၃
ဘယ်လုပ်ရမယ်မသိ။လူကြီးပီအေ
စကားကလူကြီးစကားပေါ့။
ချက်ချင်းကြီးများဖုန်းဆက်မလားပေါ့။အိမ်ပြန်နေတုန်းလမ်းမှာဆက်နေမလား။ဘဏ်မှာပဲနာရီဝက်လောက်ထိုင်စောင့်။နောက်လဘက်
ရည်ဆိုင်ပြောင်းပြီးထိုင်။အခုထိတော့
ဖုန်းမဆက်သေး။
လူကြီးဆီကပြောသမျှကိုချက်ချင်းပျာယာမခတ်။ခတ်ချေချေ ကေပေးဝန်
ထမ်းတွေပါလားလေးစားရမလို။
ပြည်သူတွေကအကြီးအမားအရာ
ရာဆုံးရှုံးနေတဲ့ကာလ။ကေပေးလေးပျောက်တာလောက်ကတော့စာမဖွဲ့သာ။
ပျောက်လျှင်ပျက်လျှင်ဒီလောက်ဒီလိုအလုပ်ရှုတ်တယ်လို့အသိပေးရုံသက်သက်။
စဉ်းစားလို့မရနိုင်တာက
သုံးစွဲသူတွေကိုဒီလောက်တင်းကြပ်
ခက်ခဲအောင်လုပ်ထားပါလျှက်
ကေပေးထဲကငွေတွေကမသမာသူတွေလက်ထဲဘယ်လိုရောက်နိုင်ပါသလဲဆိုတာပါ။
ခတ်ချေချေကေပေးဝန်းထမ်းများ
အတွက်ဂုဏ်ယူလေးစားပါကြောင်း။
မောင်စိန်ဝင်း(ပုတီးကုန်း)
20/5/25
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Nn
Yangon