Authentic Myanmar Outbound Tours

Authentic Myanmar Outbound Tours

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Authentic Myanmar Outbound Tours, Travel and transport, No-001, Building C, Thazinminn Avenue, Thumingalar Housing, P. O, Thin Gan Gyun Township, Yangon.

Since 2017
🔗 https://linktr.ee/authenticmyanmaroutbound
“Comfort to destination"
Since 2011
🔗 https://linktr.ee/authentique_myanmar
Since 2025
🔗 https://linktr.ee/hilaireexperiences သုဝဏ္ဏ VIP -1
သံသုမ္မာလမ်းမကြီးအတိုင်းလာပါ။
စရည်းပင်လမ်းလမ်းထဲ ချိုးကွေ့ပါ။
ယင်းမာမြိုင်လမ်း ဆိုင်းဘုတ်တွေ့ရင် ညာဘက်ကိုချိုးပါ။ ယင်းမာမြိုင်လမ်း နဲ့ ကံကော်မြိုင်လမ်းထောင့်မှ ခြံအမှတ်-၂၅၂ နှင့် ရုံးဆိုင်းဘုတ်ကို တွေ့လျှင် ရောက်ပါပြီ။

31/12/2025

🙏 နှစ်သစ်မှာ ပျော်ရွှင် ချမ်းမြှေ့ကြပါစေ 🙏

06/11/2025

🌴 ခရီးသွားခြင်းကို နှစ်သက်သူများ မင်္ဂလာပါရှင့်! 🌴

Visa on Arrival ရရှိနိုင်ပြီး ✈️
အွန်လိုင်းမှတဆင့် ဗီဇာယူပြီး လွယ်ကူစွာ သွားရောက်နိုင်တဲ့ အေးချမ်းလှပတဲ့ Maldives 🇲🇻 ကျွန်းနိုင်ငံသို့
အပန်းဖြေခရီး တစ်ခုထွက်လိုပါသလား? 🌅

🏝️ အလှပဆုံး ဟိုတယ်မှာ တည်းခိုပြီး
လေယာဉ်လက်မှတ် အပါအဝင်ကို စျေးနှုန်းချိုသာတဲ့ ခရီးစဉ်များ ကို နိုင်ငံကူး လက်မှတ် နဲ့ လက်ဆွဲအိတ်ဆွဲပြီး ချက်ချင်းကို သွားနိုင်ဖို့
လူဦးရေ ၂ ယောက်မှ စတင်ပြီး စီစဉ်ပေးနေပါပြီ။

✨ သင့်အပန်းဖြေခရီးကို အမှတ်တရ ဖြစ်လိုပါက Authentic Myanmar Outbound ကို ယုံကြည်စွာ ဆက်သွယ်လိုက်ပါ။

📍 France 🇫🇷
📱 WhatsApp Business: +33 7 76 58 90 00 (Swam)
📧 Email: [email protected]
https://linktr.ee/hilaireexperiences

📍 Myanmar 🇲🇲
📱 Viber: +95 9 500 7447 (Chaw Chaw Kye Mon)
📧 Email: [email protected]

: https://linktr.ee/authentique_myanmar

Photos from Authentic Myanmar Outbound Tours's post 04/11/2025

🌍 ခရီးသွား မိတ်ဟောင်း မိတ်သစ်များအားလုံး မင်္ဂလာပါရှင့်!

🌝 ယနေ့ တန်ဆောင်မုန်း လပြည့် အခါသမယမှာ
မင်္ဂလာ သတင်းကောင်းတစ်ခု ကြေညာပါရစေ ….

Authentic Myanmar Co.Ltd, Myanmar မှ အသစ်မွေးဖွားလိုက်တဲ့ new brand ကို မိတ်ဆက်ပေးချင်ပါတယ်။

🎉 "Hilaire Experiences"
www.hilaireexperiences.com
အမည်တွင်သော ကျွန်မတို့၏ ကုမ္ပဏီသစ် ကို
ပြင်သစ်နိုင်ငံ 🇫🇷 တွင် တရားဝင် မှတ်ပုံတင်ထားပြီးဖြစ်ပါကြောင်း ခရီးသွား မိတ်ဟောင်း မိတ်သစ် များကို အသိပေး ကြေညာအပ်ပါတယ်။

ဥရောပ စံချိန်မှီ ✨ Hilaire Experiences Travel Atelier ✨ အနေနဲ့ ဖက်ရှင်၊ ယဉ်ကျေးမှု၊ အနုပညာနှင့် ဒေသထွက် အစားအစာ ထုတ်ကုန်များ မြည်းစမ်း လေ့လာရေး ကဲ့သို့ Hands-on ပေါင်းစပ်ထားသော သီးသန့် ခရီးစဉ်များကို စီစဉ် ပေးပါတယ်။

🇪🇺 ဥရောပတစ်ဝိုက်မှာ...
👗 ဖက်ရှင် ခရီးသွား
🍷 ဒေသ အစားအစာ & ဝိုင် မြည်းစမ်း အတွေ့အကြုံ
🏰 ရဲတိုက် လေ့လာရေးခရီး
🚁 ဟယ်လီကော်ပတာ ခရီးစဉ်
💍 မင်္ဂလာဦး & ပျားရည်ဆမ်း ခရီးစဉ်
🛍️ သီးသန့် စျေးဝယ်ခရီးစဉ်များကို
ဥရောပ စံချိန်မှီ စီစဉ်ပေးသွားပါမယ်။

📅 Fixed Departure ခရီးစဉ်များကို မိတ်ဆက်ပေးမယ့် အစီအစဉ်တွေ ရေးဆွဲမှာ ဖြစ်ပြီး
ထွက်ခွါမည့်ရက်စွဲများကို Hilaire Expériences website နှင့် Link Tree တွင် ကြေညာမှာ ဖြစ်ပါတယ်။

👍 အုပ်စုတိုးထဲမှာ လိုက်ပါလိုတဲ့ SIC (Seat in Coach) ခရီးစဉ် နေရာ ဝယ်ယူလိုပါကလည်း စုံစမ်းနိုင်ပါတယ်။

🌅 သီးသန့် ခရီးစဉ်များအတွက် အာဖရိက၊ မြေထဲပင်လယ်ဒေသများ၊ အရှေ့တောင် အာရှ ဒေသများကို လည်ပတ်ချင်သော ခရီးစဉ်များကို စျေးနှုန်းသက်သာစွာဖြင့် Tailor-made ပြုလုပ်ပေးနိုင်ပါတယ်။

🚆 ဥရောပအတွင်း ပြတိုက် သီးသန့် လည်ပတ်မှု့၊ ကျည်ဆံ ရထားခရီးစဉ်များ နှင့် ဘက်စ်ကား ခရီးစဉ်များကိုလည်း စျေးနှုန်းသက်သာစွာ ဖြန့်ချိပေးပါမယ်။

🤝 B2B rate မေးမြန်းလိုပါက သက်ဆိုင်ရာ DICA နံပါတ်ဖြင့် ဆက်သွယ်နိုင်ပါတယ်။ Corporate Rates လည်း ရှိပါတယ်။

📍 France 🇫🇷
📱 WhatsApp Business: +33 7 76 58 90 00 (Swam)
📧 Email: [email protected]

📍 Myanmar 🇲🇲
📱 Viber: +95 9 500 7447
(Chaw Chaw Kye Mon)
📧 Email: [email protected]

06/09/2025

🥁

Photos from Authentic Myanmar Outbound Tours's post 11/08/2025

ခရီးစဉ် နောက်ဆုံးနေ့

🇪🇪 ESTONIA

Tallinn မြို့ဟာ မြို့ဟောင်း နဲ့ မြို့သစ် ၂ ပိုင်း တည်ရှိနေတဲ့ မြို့ပေါ့

Toompea Hill ပေါ်မှာ တည်ရှိတဲ့ သမ္မတ နန်းတော်ဘက်ကို လည်ပတ်ရင်း ကျွန်မတို့ တနေ့တာ လည်ပတ်မှု့ စတင်ပါတယ်
ပန်းခြံကျယ်ကြီးထဲမှာ ထည်ထည်ဝါဝါ တည်ရှိနေတဲ့ နန်းတော် အဝင်ဝမှာထဲက တစ်အားကို လှပတဲ့ ပန်းခင်းတွေကို အပေါ်စီးကနေပြီး မြင်ရတယ်

အနားယူဖို့ ထိုင်ခုံလေးတွေ အမှတ်တရ ဆိုင်ခန်းလေး နဲ့ ဆင်ဝင်လေးက တစ်ကယ်ကို ပနံ့ရပါတယ်
ရေပန်းတွေ အများကြီး နဲ့ ရေကန် ကြီးရယ် လျှောက်လမ်းတစ်လျှောက် ကျွန်မတို့ ဖြတ်လျှောက်ကြတယ်

အဲ့ဒီ့ကနေမှ ကျွန်မတို့ဟာ ရှေးခေတ်ကျောက်တုံး ဟောင်းတွေ နဲ့ လမ်းဖန်တီးထားတဲ့ UNESCO စာရင်းဝင် မြို့ဟောင်း တစ်လျှောက်မှာ အရောင်မျိုးစုံ နဲ့ အိမ်တွေ အမိုးချွန်ရှိတဲ့ ဘုရားကျောင်းတွေကို လှည့်ပတ် လေ့လာကြတယ်
တချို့ ဘုရားကျောင်း အမိုးခုံး အလုံးတွေဟာ မူဆလင် ဘုရားကျောင်း ခေါင်မိုးတွေ နဲ့ ဆင်တူသလို ထင်ရတယ် သို့ပေမယ့် အတွင်းပိုင်း ဗိသုကာကတော့ ဥရောပ အရှေ့ပိုင်း ဗိသုကာဆန်တာ တွေ့ရတယ်

မြို့ဟောင်းထဲမှာ ပျားရည် သဘာဝ ချည်ထည်တွေ ဒေသထွက် ပေါင်မုန့်မဲ အရောင်းဆိုင်တွေ ရှိတယ်

မြို့ဟောင်းကို ဖြတ်သန်းတဲ့ ရထားတွေလည်း တွေ့ရတယ် ။ ဘူတာကြီးကိုလည်း တွေ့ရတော့ မြို့ကြီးတွေ တစ်ခုနဲ့တစ်ခုနဲ့ ဒီရထားတွေနဲ့ပဲ သွားလာကြတာ သိရတယ်

Estonia နိုင်ငံက ဥရောပ အလယ်ပိုင်း နဲ့ အရှေ့ပိုင်း ဒေသတွေထဲမှာ စီးပွါးရေး အမြင့်ဆုံး နိုင်ငံဖြစ်တယ် လို့ သိရတယ်
မြို့သစ်ထဲမှာကို မိုးမျှော်တိုက်တွေ တွေ့နေတာပဲလေ

မြို့လယ်ကောင်မှာလည်း ယူကရိန်းအလံ နဲ့ အစ္စတိုးနီးယား အလံ အကြီးကြီး ၂ ခု တွဲရပ်ကို အဆောက်အဦးတစ်ခုပေါ်မှာ ကပ်ထားပါတယ်

ယူကရိန်း ရရှား စစ်ပွဲ မပြီးဆုံးသရွေ့ နယ်မြေနီးစပ်တဲ့ တိုင်းပြည်တွေ အကုန်လုံးက သတိထား နေထိုင်နေကြရတဲ့ သဘောပါပဲ

ဒီနိုင်ငံဟာ Digital marketing, financial services တွေ နဲ့ information technology အလွန် ဖွံ့ဖြိုးတဲ့ နိုင်ငံ တစ်ခုလို့ သိရတယ်

အစိုးရ အဆက်ဆက်က ခရီးသွား လုပ်ငန်းအတွက် အဓိက ထားပြီး သစ်တော ထိမ်းသိမ်းမှု့တွေ ရှေးဟောင်း အဆောက်အဦး ထိမ်း သိမ်းမှု့တွေ အစဉ်တစိုက် ပြုလုပ်လေ့ ရှိတယ်လို့ သိရတယ်။

ကမ်းခြေတွေ ကျွန်းတွေ ပန်းခြံတွေ ကို ဂရုတစိုက် သန့်ရှင်းအောင် ထားတာတွေ တွေ့ခဲ့ရပါတယ်

Baltic triangle ခရီးစဉ် ပြီးဆုံးပါပြီ



နောက်ထပ် ခရီးစဉ်သစ်တွေကို မိတ်ဆက်ပေးမှာ ဖြစ်လို့ Authentic Myanmar Outbound Page ကို Like ပြုလုပ်ထားနိုင်ပါတယ်

Check our website for more information 👉
www.authenticmyanmar-outbound.com

သီးသန့် ခရီးစဉ်များအတွက် ဆက်သွယ်ရန်
What’s up business
သတိုးသူဇာအောင်
+33 6 10 14 23 81

Photos from Authentic Myanmar Outbound Tours's post 10/08/2025

🇱🇻 Turaida Museum, Latvia

ဒီနေ့ မနက်ပိုင်းက အထင်ကရ ရဲတိုက်ကြီးကို လည်ပတ်တာနဲ့ စပါတယ်
ရဲတိုက် ပတ်ပတ်လည်မှာ ပန်းခြံကျယ်ကြီးမှာ အပန်းဖြေ အနားယူလို့ ရပါတယ်

ခေတ် အဆက်ဆက်မှာ လူတွေက စစ်တိုက်ရတာ ကြိုက်ကြတယ်မလား

ဒီရဲတိုက်မှာလည်း စစ်ပွဲ တစ်ခုနဲ့ ဆက်စပ်တဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဇာတ်လမ်း တစ်ပုဒ် ရှိခဲ့တယ်

၁၆၀၁ ခုနှစ်က တူရာဒါ ရဲတိုက်နားမှာ ဖြစ်ခဲ့တဲ့ စစ်ပွဲတစ်ခုပေါ့

“ပိုလန်–ဆွီဒင် စစ်ပွဲ” (၁၆၀၀-၁၆၂၉)အစပိုင်းကာလက ဇာတ်လမ်းပေါ့

၁၆၀၁ ခုနှစ်မှာ ဆွီဒင်နဲ့ ပိုလန်-လစ်သူဝေးနီးယား တပ်တွေ တိုက်ခိုက်ပြီးတဲ့နောက်မှာ ရဲတိုက် အဆောက်အဦး ပျက်စီးနေရာမှာ အသက်ရှင်ကျန်ရစ်သူ မိန်းကလေးတစ်ဦးကို ဆွီဒင် စစ်သားတွေ ရှာတွေ့ ခဲ့ကြတယ်။

ဆွီဒင် စစ်တပ်ခေါင်းဆောင် Michel က သူမကို မွေးစားပြီး Maija လို့ အမည်ပေးခဲ့တယ်။ အလွန်လှပတဲ့ မိန်းကလေးမို့ ဇာတ်လမ်းထဲမှာ သူမကို “ Turaidas Roze” လို့လည်း တင်စား ခေါ်ဝေါ်ပါတယ်။

Maija အရွယ်ရောက်လာတော့ ရဲတိုက်က ဥယျာဉ်မှုး
Viktor နဲ့ ချစ်သူတွေ ဖြစ်ကြတယ်တဲ့။ မကြာခင် လက်ထပ် ထိမ်းမြှားဖို့ စီစဉ်ထားခဲ့တယ်တဲ့

Maija ရဲ့ အလှကို ယစ်မူးနေတဲ့ ပိုလန်တပ်သားဟောင်း Adam Jakubowski က လူမိုက်တစ်ယောက်က Maija ကို လိမ်လည် ပေါင်းသင်းဖို့ ကြံစည်တယ်

သူက Viktor က တွေ့ချင်လို့ခေါ်တာပါလို့ ဆိုပြီး Maija ကို Gutmanis Cave ကို ဖျားယောင်း ခေါ်ဆောင်လာတယ်။ Maija က သူ့ရဲ့ အကြံကို ရိပ်မိပြီး သူမဂုဏ်သိက္ခာကို ကာကွယ်ဖို့ ဆုံးဖြတ်ခဲ့တယ်။

သူမရဲ့ ခန္တာကိုယ်ကို ပုဝါနီအောက်မှာ ကွယ်ပြီး တန်ခိုးနဲ့ ဖျောက်ပလိုက်တယ် ဆိုပဲ … Adam ရဲ့ ဓါးလက်နက်ရဲ့ အစွမ်းကို သိဖို့ ထိုးသွင်း စမ်းသပ်ကြည့်ဖို့ တောင်းဆိုတယ်
Maija ရဲ့ စကားကို ယုံကြည်ခဲ့တဲ့ ပိုလန်စစ်သားဟာ သူ့ရဲ့ ဓါးချက်နဲ့ Maija ကို အသေသတ်မိလိုက်ပါတယ်

နောက်ပိုင်းမှာ ပိုလန် စစ်သား Adam Jakubowski ကို တရားရုံးက အပြစ်ပေးခဲ့တယ်။ Maija ရဲ့ ခန္တာကိုယ် ကို အခု ရဲတိုက်ကြီးနားမှာ မြုပ်နှံလိုက်ကြတယ်

ယနေ့ အချိန်ထိအောင် Maija ရဲ့ အုတ်ဂူပေါ်မှာ
ချစ်စုံတွဲတွေ လာရောက်ပြီး ပန်းအလှလေးတွေ တင်ပေးကြတယ်။

သူမရဲ့ ဇာတ်လမ်းဟာ သစ္စာတရား သတ္တိနဲ့ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုလို့ ဒီနိုင်ငံရဲ့ Juillet လို့တင်စားခေါ်ဝေါ်ကြတယ်။

ပုံပြင်လေး ပြီးပါပြီ …

ဆက်လက် လေ့လာခဲ့ရတဲ့ ချစ်စဖွယ် ရိုးရာ မင်္ဂလာဆောင် ပုံစံကို ရှင်းပြပါမယ်

💍 ဒေသခံရိုးရာမှာတော့ မင်္ဂလာပွဲနေ့မှာ ဘုရားကျောင်းထဲမှာ အမျိုးသမီးတွေက ဘုရားကျောင်းထဲ အဝင် ဘယ်ဘက်ခြမ်းမှာ ထိုင်ကြရပြီး အမျိးသားတွေက ညဘက် အခြမ်းမှာ ထိုင်ကြရပါတယ်

သတို့သမီးဟာ ပန်းတွေနဲ့ အလှဆင်ထားတဲ့ သရဖူကို
ခေါင်းပေါ်မှာ ညာဘက်ခြမ်းကို ယိမ်းပြီး ဆောင်းထားပါတယ် မင်္ဂလာဆောင်ပြီးတဲ့နောက်မှာတောြ ခင်ပွန်းရဲ့နှလုံးသားဘက်ဖြစ်တဲ့ ဘယ်ဘက်ကို ယိမ်းပြီးဆောင်းကြပါသတဲ့

ဆက်လက်ပြီးတော့ ကျွန်မတို့ Estonia နိုင်ငံကို
ခရီးထွက်ကြပါတယ်

🚜 Estonia ကို သွားတဲ့ လမ်းက ယာတော တစ်ခုမှာ နေ့လည်စာ စားကြပါတယ်

လယ်ပိုင်ရှင်က သူတို့ ရိုးရာ အိမ်အမိုးတပ်ဖို့ သစ်သားတွေ ဖြတ်တာ အမိုးပြားတွေ ခွါတာတွေကို လက်တွေ့ သရုပ်ပြပါတယ်
အလွှာလိုက် တစ်ခုချင်းစီ ထပ်ပြီး တပ်ဆင်တဲ့ ဒီ အမိုးတပ်နည်းနဲ့ လုပ်ထားတဲ့ အိမ်သစ်အမိုးတွေဟာ နှစ် ၃၀ ခန့် ခိုင်ခန့်တယ်လို့ သိရပါတယ်

🍯 ပြီးတော့ နေ့လည်စာ Estonian ရိုးရာ အစားအစာ စားကြပါတယ်။ အသီးအရွက် အစုံရယ်၊ အိမ်လုပ် ပေါင်မုန့် နဲ့ ထောပတ်တွေရယ်၊ အချဉ်ဖောက်ထားတဲ့ ဂေါ်ဖီနဲ့ ပြုလုပ်ထားတဲ့ ဝက်သားပေါင်းဟင်းရယ် ဒေသထွက် ဘီယာရယ် အပြင် လယ်တော တစ်ဖက်က တိုက်လာတဲ့ လေနုအေး အောက်မှာ နေ့လည်စာ စားရတာ တကယ့်ကို စိတ်ချမ်းသာစရာ ကောင်းပါတယ်။
အချိုတည်းဖို့ ဒေသထွက် ပျားရည်အမျိုးမျိုး နဲ့ ကော်ဖီခါးခါးကိုလည်း မြည်းစမ်းခွင့်ရခဲ့ပါတယ်။

နေ့လည်စာ စားအပြီးမှာ Estonia မြို့တော် Tallinn ကို ဆက်လက် ခရီးထွက်ခဲ့ကြပါတယ်

🌊 ညနေနှောင်းပိုင်းမှ ဟိုတယ်ကို ရောက်ကြပါတယ် ဟိုတယ်မှာ ညစာစားပြီးတဲ့ အခါ ဟိုတယ်နဲ့ ကပ်လျှက် Baltic Sea ဘက်ကို လမ်းလျှောက်ပြီး ယနေ့ ခရီးစဉ် ပြီးဆုံးပါပြီ





သီးသန့် ခရီးစဉ်များ အတွက် ဆက်သွယ်ရန်

သတိုးသူဇာအောင်
What’s up business
+33 6 10 14 23 81

09/08/2025

Estonia 🇪🇪

Photos from Authentic Myanmar Outbound Tours's post 09/08/2025

🇱🇻 RIGA, Latvia
Jurmala beach

ဒီနေ့က Riga မြို့ရဲ့ မရောက်ဖူးသေးတဲ့ နေရာသစ်တွေရယ် Baltic Sea ကို လျှောက်လည်တဲ့ နေ့ပါ

ကျွန်မတို့ဟာ “Alberta iela” လမ်းတစ်လျှောက်ကို စတင် ခြေချပါတယ်
အခု ကျွန်မ ရေးပြမယ့် လမ်းတွေကို “လမ်းမပေါ်က ပြတိုက်တွေ” လို့ တင်စားချင်ပါတယ် … တိုက်အကြီးကြီးတွေ တန်းစီ တည်ရှိနေတာ ဖြစ်ပြီး ပန်းခက်တွေ အမျိုးသမီးတွေ ရုပ်ထုတွေ ပန်းအညွန့်အခက်တွေနဲ့ တိုက်တွေ ဝရံတာတွေ နံရံတွေကို တန်ဆာဆင်ထားတာတွေ တွေ့ရပါမယ်

ဒီနိုင်ငံရဲ့ ဘာသာ စကား နဲ့ ယခု ဗိသုကာ ကို “Jugendstil” လို့ အမည်တွင်ပါတယ်

ဆက်လက်ပြီး “Elizabetes iela” “Antonijas iela” လမ်းတလျှောက် သွားတဲ့အခါ ၂၀ ရာစုအစောပိုင်းက ယခု လက်ရာတွေကို ပုံစံ အမျိုးစုံနဲ့ တွေ့ရပါမယ်

သိတ်လှလွန်းတဲ့ လက်ရာတွေ ပေါင်းစုံထားတာမို့ ကြည့်မဝလို့ နောက်တစ်ကြိမ် ထပ်လျှောက်ပြီး သွားကြည့်ရပါတယ်

Riga မြို့ရဲ့ အမှတ်တရ အရောင်းဆိုင်တွေမှာ ကြောင်အနက်ပုံ အိတ်တွေ ရောင်းချလေ့ရှိပါတယ်
ကြောင်လေးတွေရှိနေတာဟာ လာဘ်ကောင်းတဲ့ အပြင် အိမ်ဟောင်းတွေကို စောင့်ရှောက်တယ်လို့ မြို့သားတွေက ယုံကြည်ကြပါတယ်

“Ukrainas iela” လမ်းမတလျှောက် ကို လျှောက်လေ့လာတဲ့အခါ ယူကရိန်း သံရုံးကိုလည်း တွေ့ရတယ်
လမ်းထဲက ဆေးတက္ကသိုလ်အဆောက်အဦးကြီးရဲ့ နံရံကြီးပေါ်မှာ ရရှားသမ္မတ ပူတင်ပုံကြီးကို ရုပ်ပြောင်ပြုလုပ်ပြီး ချိတ်ထားပါတယ်
ပိုပြီး စိတ်ဝင်စားစရာကောင်းတာက ရရှား သံရုံး ကလည်း လမ်းတစ်လမ်းထဲမှာ ရှိနေတာပါ

“Ukrainas iela” အမည်ရတဲ့ ဒီလမ်းက မြို့မှာ အဟောင်းဆုံး လမ်း ဖြစ်ပါတယ် ခြေလှမ်း တလှမ်းချင်း သွားပြီး ကြည့်ရတဲ့ အထိကို လှပတဲ့ အဆောက်အဦးတွေကို တွေ့ရပါမယ်

တချို့သော အဆောက်အဦးတွေဟာ နာမည်ကြီး ဗိသုကာ မှာ နာမည်ကြီးတဲ့ ဂျုးလူမျိုး ရရှား ပညာရှင် Mikhaïl Eisenstein ရဲ့ ဒီဇိုင်းတွေ ဖြစ်ပါတယ်

Riga မြို့ဟောင်း လေ့လာရေး ခရီးစဉ်မှာ သမိုင်းကြောင်း နဲ့ ဆက်စပ်တဲ့ “ကြောင်အိမ်” ကို
အရောက်သွားပါ
ဒီ အိမ်ကြီးကို ၁၉၀၉ ခုနှစ်မှာ ကုန်သည်ကြီး Mr Blumer ဆောက်လုပ်ခဲ့တာပါ

အိမ်အမိုးထိပ်တစ်ခုစီမှာ ကြောင်နက်တစ်ကောင်ဆီ ထုဆစ် ထားခဲ့တယ် ကြောင်တစ်ကောင်ကို ရှေ့ဘက်မှာ ထုဆစ်ထားခဲ့ပြီး နောက်ကြောင်တစ်ကောင်ကို နောက်ပြန်ထုထားခဲ့တယ်

အဲ့ဒီ့ခေတ်အခါက သွင်းကုန် ထုတ်ကုန် ဌာန က သူ့ကို လုပ်ငန်း ပါမစ် မထုတ်ပေးလို့ အရွဲ့တိုက်ခဲ့တာလို့ သိရတယ်

ဒီလိုပဲ တရားရုံးရောက်ပြီး တရားရုံး အမိန့်အရ ကြောင်အရုပ်ကို ရှေ့ဖက် ပြန်လှည့်ပေးခဲ့ရတယ်
ဒီသမိုင်းကြောင်းကတော့ လူတွေ ပါးစပ်ဖျား ရေပန်းစားခဲ့ပြီး ယနေ့အထိ ပြောစမတ်တွင်နေဆဲပေါ့

မြို့ထဲ လည်ပတ်ပြီးတဲ့အခါ Riga မြို့ရဲ့ စျေးကြီးကို လျှောက်လည်ကြပါတယ်
ဒေသထွက်စာတွေ အသီးအရွက် အသားငါးတွေ ရိုးရာ ပစ္စည်းတွေ အစုံရှိတဲ့ စျေးနေရာပါ
စျေးမြင်ကွင်းရဲ့ အဓိက highlight က အထူးသန့်ရှင်း သပ်ရပ်မှု့ နဲ့ အပြင်အဆင်ပါပဲ

စျေးထဲမှာ တံဆိပ်ကောင်းတွေ မလို့ နာမည်ကြီးတဲ့ငါးဥဗူးတွေ ဝယ်လာဖြစ်တယ်

နေ့လည်စာကို မြို့ဟောင်းမှာ စားကြပါတယ်

နေ့ခင်းပိုင်း ခရီးစဉ်က “Jurmala beach” ဘက်ကို ဦးတည်သွားကြပါတယ်

Jurmala beach က Riga မြို့နဲ့ ၁၅ မိနစ် ကားမောင်းရုံ နဲ့ ရောက်တဲ့ နေရာဖြစ်ပြီးတော့ Baltic Sea ရဲ့ အလှဆုံး နေရာပါ
ပင်လယ် ကမ်းစပ်ကို သွားတဲ့ လမ်းတစ်လျှောက်မှာ ပေ ၈၀ ကနေ ၁၂၀ ပတ်လည် သစ်သားအိမ်ဟောင်း
၂ ထပ် အိမ်တွေ အများကြီး ရှိတဲ့ ရပ်ကွက်ကို ဖြတ်သန်းရပါတယ်
အိမ်ဝယ်ယူသူတွေဟာ ဒီအိမ်ကြီးတွေကို ဖြိုချပြီး အသစ်ဆောက်ခွင့် မရှိပဲ အိမ်ကြီးကို ပြန်ပြင်ပြီးသာ နေခွင့် ရှိတာပါ နေရာ တစ်ခုကို ၁.၆ သိန်း ယူရိုခန့်ပဲ ရှိလို့ ခရီးသွားလုပ်ငန်းမှာ ရင်းနှီးမြုပ်နှံချင်တဲ့သူတွေ အကြိုက်တွေ့မယ့် နေရာပါပဲ

Jurmala ကမ်းခြေရောက်တော့ ရာသီဥတု မကောင်း နေရောက် အားနည်းတော့ ရေကူးတဲ့သူတွေ နည်းပါတယ် သို့ပေမယ့် ကမ်းခြေတစ်လျှောက် ဘောလီဘော ကစားနေကြတဲ့ လူငယ်တွေတော့ အများကြီးပေါ့
အထူးသဖြင့် ပင်လယ်ကို လှမ်းမြင်ရတဲ့ သစ်သား အိမ်ကြီးတွေက တစ်အား ခန့်ညားပါတယ်

ပင်လယ် ကမ်းခြေကို ရောက်တဲ့အခါ သဲအမျိုးအစားက ခရီးသွားကဏ္ဍမှာ အရေးကြီးပါတယ်
အရှေ့တောင် အာရှ နိုင်ငံတွေက နာမည်ရ ကမ်းခြေတွေက သဲတွေရဲ့ အရည်အသွေးကို ကျွန်မ အမြဲ စစ်ဆေးကြည့်မိပါတယ်
ငပလီက သဲတွေရယ် ဘာလီက ကျွန်းသေးသေးလေးတွေက သဲတွေရယ်ဟာ တစ်အားနုပါတယ်
Riga beach က သဲတွေက ကျွန်မ တွေ့ထိ ခံစားဖူးတဲ့ သဲတွေ အားလုံးထဲမှာ အနုဆုံးလို့ပဲ ကျွန်မကတော့ ယူဆပါတယ်

ကမ်းခြေ တစ်လျှောက် ခြေထောက် ရေစိမ် အသက်ရူ လမ်းလျှောက်ပြီးတဲ့ ညနေနှောင်းပိုင်းမှာ Riga မြို့ထဲမှာ ညစာ စားကြပြီးတဲ့အခါ ကျွန်မတို့ တနေ့တာ ခရီးစဉ် ပြီးဆုံးပါပြီ

08/08/2025

08/08/2025

🌞

Photos from Authentic Myanmar Outbound Tours's post 08/08/2025

ကျွန်မတို့ မနက်ခင်းကို Klaipeda တူးမြောင်း တစ်လျှောက်ကို လည်ပတ်ခြင်း နဲ့ စတင်ပါတယ်။

တူးမြောင်း ပတ်ပတ်လည်က သံပန်းတွေမှာ ခရီးသွားတွေ ချိတ်ထားတဲ့ သော့တွဲတွေကို အကုန်ဖြုတ်ပြီး နေရာတနေရာ စီစဉ်ပေးထားတဲ့ စိတ်ကူးကောင်းကို တွေ့ရတယ်

Amsterdam က တူးမြောင်း နဲ့ ဆင်တူသလို ရှိပေမယ့် ဒီနေရာက ပန်းတွေ အများကြီး မရှိဘူး

သို့ပေမယ့် တူးမြောင်းထိပ်မှာ ယခင်ခေတ်က သင်္ဘောဟောင်းကြီးကို တန်ဆာဆင်ထားတာ တစ်အားကို ပနံ့ရပါတယ် ကမ္ဘာလှည့် ခရီးသွားတွေ ကို ဆွဲဆောင်အား အပြည့်ပါပဲ အတွင်းမှာ စားသောက်ဆိုင် ရှိနေပြီး ပြတိုက်လည်း ဖန်တီးမှာဆိုပဲ

ရှေးခေတ်က သင်္ဘောသားတွေ ကုန်သွယ်ရေး မစခင် ဝင်ငွေ ကောင်းဖို့ ကျန်းမာဖို့ ဆုတောင်းကြတဲ့ ကြေးသွန်း အရုပ်လေးတွေလည်း ရှိတယ် ( မန္တလေး မဟာမြတ်မုနိဘုရားဝင်းထဲက ခမာကြေးရုပ်ကြီးတွေ လိုပေါ့) ယုံယုံကြည်ကြည် နဲ့ ဆုတောင်းရင် ဆုတောင်းပြည့်တယ်ဆိုလို့ ကျွန်မလည်း ဆုတောင်းခဲ့ပါတယ်

မြို့ထဲ တစ်ပတ်လမ်းလျှောက်ပြီးတဲ့ အခါ ကျွန်မတို့ဟာ Šiauliai မြို့အထိ ကားစီးကြရတယ်…

မြို့ထဲ ရောက်ရောက်ချင်း စားသောက်ဆိုင်မှာ နေ့လည်စာ စားတယ်

ပန်းခြောက်တွေကို အလှဆင်ထားပြီး တစ်ချောင်းထိုး ပန်းကပ်လေးတွေနဲ့ လိုက်ကာတွေ ရှိတဲ့ စားသောက်ဆိုင်လေးဟာ ကျွန်မတို့ ခရီးစဉ် တစ်လျှောက်မှာ ချစ်စဖွယ် အကောင်းဆုံးဆိုင်ပါ

အမှတ်တရ အရောင်းဆိုင်ရယ် ဘားရယ် ကလည်း တစ်အားလှပြီး ကျွေးတဲ့ အစားအသောက်က အစ
သိတ်ကောင်းပါတယ်

နေ့လည်စာ စားပြီးတော့ ကျွန်မတို့တွေ Hill of Crosses နေရာကို ရောက်ဖို့ ထပ်မံ ကားစီးရပါတယ်…

လမ်းတစ်လျှောက်မှာ ဒီလက်ဝါးကပ်တိုင်တွေရဲ့ သမိုင်းကြောင်းကို ထပ်ဖတ်ပါတယ် ..

Documentary တွေထဲမှာပဲ မြင်ဖူး ကြားဖူးတဲ့ နေရာကို လည်ပတ်ရမှာ အတော် စိတ်ဝင်စားစရာ ကောင်းပါတယ်

ကားပါကင်နေရာ ရောက်တော့ ဒေသခံတွေလို့ ယူဆရတဲ့ အနီဘက်ကို ယိမ်းတဲ့ ဥရောပ အသားအရောင် မိသားစု လက်ဝါးကပ်တိုင်လေးတွေ ဝယ်နေတာ တွေ့ရတယ် … စာထဲမှာ ဖတ်ရတဲ့ အတိုင်း ဒီနယ်မြေက သူတွေဟာ လက်ဝါးကပ်တိုင်တွေ ထပ်မံ ဖြည့်နေတဲ့သဘောပေါ့

ဒီတောင်ကုန်းနေရာလေးဟာ ၁၉ ရာစုလောက်မှာ စတင် လူသိများ ထင်ရှားလာတာလို့ သိရတယ်။

ဆိုဗီယက် အုပ်ချုပ်ရေး ကာလတွေမှာ လွတ်မြောက်ရေး ကြိုးပမ်း လှုပ်ရှားမှု့တွေကြောင့် လူတွေ အသက်ပျောက်ဆုံးခဲ့ရတယ်။ သူတို့ရဲ့ မိသားစုဝင်တွေ ဟာ သေဆုံး ပျောက်ဆုံးတဲ့သူတွေ အမှတ်တရ အနေနဲ့ ဝမ်းနည်း အထိမ်းအမှတ် အနေနဲ့ လက်ဝါးကပ်တိုင်လေးတွေ လာထားကြတယ်
( အများထင်နေသလို ဘာသာရေး ပြင်းထန် ယုံကြည်မှု့ တစ်ခုထဲအတွက် တည်ရှိနေခဲ့တာချည်းမဟုတ်ပဲ နိုင်ငံရေး နဲ့ ဆက်စပ်တဲ့ တောင်ကုန်းပေါ်က လက်ဝါးက်တိုင်တွေကို အကြိမ်ကြိမ် ပြန်လည် တည်ဆောက်ယူထားတဲ့ အများသားရေး လှုပ်ရှားမှု့တွေ ဖြစ်ပါတယ်)

ဒီအပြုအမှုတွေကို ဆိုဗီယက် အစိုးရက သဘောမတွေ့တာကြောင့် ဘူဒိုဇာနဲ့ ထိုးပြီး မကြာခဏ ရှင်းလင်းလေ့ ရှိပါတယ်

ဒီအခါမှာ လူထုဟာ လက်ဝါးကပ်တိုင်တွေကို ညာဘက်တွေမှာ လာချပြီး ပြန်တုန့်ပြန်လေ့ရှိပါတယ်

၁၉၉၁ ခုနှစ် Lithuania တိုင်းပြည် လွတ်လပ်ရေး ရပြီးတဲ့ အချိန်မှာ Hill of crosses လို့ အမည်ရတဲ့ ဒီတောင်ကုန်းဟာ ဘာသာရေး အတွက် အရေးပါတဲ့ဌာနေ တစ်ခုထဲ မဟုတ်ပဲ အမျိုးသားရေး ဆိုင်ရာ သမိုင်းကြောင်း ဖြစ်တည်ရာ နယ်မြေ အဖြစ် နိုင်ငံသားတွေက သတ်မှတ်ကြပါတယ်

လမ်းလျှောက် ဝင်လာရင် တောင်ကုန်းကို အဝေးကပင် မြင်နိုင်ပါတယ်

အနားနီးလာလေ လက်ဝါးကပ်တိုင် သေးသေးလေးတွေဟာ အကြီးကြီးတွေ ကြားထားမှာ ပြွတ်သိတ်ရှိနေတာကို တွေ့ရလေလေ…

တချို့ လက်ဝါးကပ်လေးတွေမှာ အမည်၊ လည်ပတ်တဲ့ ရက်စွဲ နဲ့ ဆုတောင်းစာတွေ တွဲရေးထားတာ တွေ့ရတယ် ပုံစံစုံသလို ဘာသာစကား မျိုးစုံ ရှိနေပါတယ် … တောင်ကုန်း တစ်ခုလုံးမှာ လမ်းကျဉ်းလေးတွေ ဖောက်ထားတာမို့ လှည့်ပတ် ကြည့်ရူ့ဖို့ အဆင်ပြေပါတယ်

ပတ်ပတ်လည်မှာ တောအုပ်လေး ခြံရံနေပြီးတော့ နောက်ဘက်မှာ ရှိနေတဲ့ ဘုန်းကြီးကျောင်းကိုလည်း လည်ပတ်လို့ ရပါတယ်

တိုင်အရေအတွက် အတိအကျ မည်သူမှ မသိပေမယ့် ခန့်မှန်းခြေ တစ်သိန်းကျော် လို့ ယူဆကြပါတယ်

သစ်သား လက်ဝါးကပ်တွေများတာမို့ ရာသီဥတုကြောင့် ပျက်စီးသွားတာတွေ ရှိနေပြီး အသစ် အသစ်တွေ ထပ်မံ ရောက်ရှိနေဆဲပါ

ဒီနေရာအကြောင်း Documentary English subtitle Journeyman Pictures : « Hill of Crosses – Lithuania » ကို YouTube မှာ ကြည့်ရှု့နိုင်ပါတယ်

“ကျွန်တော် ဒီတောင်ကုန်းကို လာတာ ဘာသာရေး
ယုံကြည်မှု့ထက် မဖြစ်မနေ လာဖို့လိုအပ်နေတဲ့ ကျွန်တော်ရဲ့ စိတ် ခံစားချက်ကြောင့် ဖြစ်ပါတယ်” လို့ ဒေသခံ တစ်ဦးက ဆိုပါတယ်

ပြင်သစ် သရုပ်ဆောင် မင်းသမီး “Maria de Medeiros” ရဲ့ “Midsummer Madness” ဇာတ်ကားထဲမှာ ဒီနေရာကို ဇာတ်ဝင်ခန်း ပါရှိတယ်

Hill of crosses လည်ပတ်ပြီးတဲ့ အခါ ကျွန်မတို့ဟာ Lithuania နိုင်ငံကနေ ကားစီးပြီး ပြန်လည် ထွက်ခွါခဲ့ကြတယ်

ပြီးတော့ 🇱🇻 Latvia နိုင်ငံဘက်ကို ကားစီးကြပါတယ်

Riga မြို့ကို မရောက်ခင် ၇၀ ကီလိုမီတာ မှာ
Rundāle Palace 🏰 ဘုရင့် နန်းတော် ကို ရောက်ရှိပါတယ် ( Baltics Triangle ဒေသရဲ့ ဗာဆိုင်း နန်းတော် ပုံတူလို့ တင်စားခေါ်ဝေါ်လေ့ ရှိကြတယ်)

ဒီ နန်းတော်ကြီးကို ၁၈ရာစုမှာ ဆင်ဖရက်နီကျော်ကြားတဲ့ Viana artists ဖြစ်တဲ့ Bartolomeo Rastrelli က ဖန်တီး ခဲ့တာပါ ( Versailles နဲ့ Winter Palace တို့ကို လည်း သူပဲ ဒီဇိုင်းဆွဲပေးခဲ့တာပါ)

နန်းတော် အတွင်းပိုင်းထဲက ရေပန်း ခြံရံထားတဲ့ ပန်းခြံကြီးရယ်၊ နံရံ တစ်လျှောက်က ပန်းတမော့ ပညာတွေ ဗိသုကာ ဒီဇိုင်းတွေ၊ ရှေးဟောင်း တော်ဝင် ပစ္စည်း အသုံးအဆောင်တွေ ပန်းအိုးတွေ ခန်းနားတဲ့ ဘုရင်ခေတ် အသုံးအဆောင်တွေ ခမ်းမကျယ်ကြီးတွေ နဲ့ သိတ်ပနံ့ရပါတယ်

ဒီနေ့ ခရီးစဉ်မှာ Latvia 🇱🇻 နိုင်ငံ Riga မြို့မှာ ၂ ည အိပ်ပြီး အဆုံးသတ်ပါမယ်



သီးသန့် ခရီးစဉ်များ အတွက် ဆက်သွယ်ရန်

သတိုးသူဇာအောင်
+33 6 10 14 23 81

ယနေ့ ခရီးစဉ်ကို Riga မြို့လယ်က ဟိုတယ်မှာ ၂ ညအိပ် နားခိုရင်း အဆုံးသတ်ပါမယ်

Want your business to be the top-listed Transport Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No-001, Building C, Thazinminn Avenue, Thumingalar Housing, P. O, Thin Gan Gyun Township
Yangon
11071

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00