DW Electrical Engineering Group
Electrical Engineering Knowledge Sharing
LV Topsun Alarm Error
G3 မှာမြင်ရလေ့ရှိတဲ့ Battery အားသွင်းလို့ 95% နဲ့ 100% ကြားရောက်ရင် မှိတ်တုပ်မှိတ်တုပ် မီးနီနီလေးအကြောင်းကို သိချင် နေကြတယ်ဟုတ်?
❗မီးနီမှိတ်တုပ်လေးဟာ Battery BMS ရဲ့ Cell တွေကို ညှိနေတဲ့အခါမှာ ပေါ်တတ်တာဖြစ်ပါတယ်။
BMS Balance ဖြစ်အောင် ထိန်းညှိပေးနေတာဖြစ်ပြီး Battery အား 95% အောက်ရောက်သွားတာနဲ့ အလိုအလျောက်ပျောက်သွားမှာပါ။
တနည်းပြောရရင် မီးအားပြည့်တဲ့အခါ Caution ပြတာဖြစ်လို့ ဘာမှ စိတ်ပူစရာမလိုပါဘူးနော်။
မဂ်လာပါခင်ဗျာ.....ဒီနေ့မှာတော့ BMS port မပါသော BAT + INV & BMS ချိတ်မရသော INV + BAT တွေကို INV Setting တွင် User ထားပြီးအသုံးပြုရာတွင် Voltage(V) ဘယ်လောက်က ဘယ်လောက် persent(%) နဲ့ အနီးစပ်ဆုံးညီမျှတယ် ဆိုတာကို တွက်တဲ့တွက်ချက်နည်းကို Sharing လုပ်ပေးပါမယ်ခင်ဗျ။
(I) ပထဆုံးအချက် အနေနဲ့ ကျွန်တော်တို့က Voltage(V) ဘယ်လောက်က ဘယ်လောက်က persent(%) နဲ့အနီးစပ်ဆုံးညီမျှလဲဆိုတာ တွက်ချက်ရန် အတွက် အောက်ပါအချက်များကို သိရှိရန် လိုအပ်ပါသည်။
(i) ကိုယ်အသုံးပြုမည့် Battery Voltage
[ဥမမာ 12V, 24V, 51.2V,......]
(ii) ကိုယ်အသုံးပြုမည့် Battery တွင် cell ဘယ်လောက် Cell ရှိ
[ဥပမာ (51.2V -16S) (24V - 8S) (12V - 4S) ] ဆိုတာကိုသိရပါမယ်။
(iii) Cell တစ် Cell ချင်းစီတိုင်းရဲ့ Voltage(V)
LifePo4 Battery Basics အနေဖြင့် Cell တစ် Cell စီတိုင်းမှာ
Nominal Voltage (V_nominal) = 3.2 V
Maximum charge Voltage (V_full) = 3.65V
Minimum discharge Voltage (V_empty) = 2.5 V ~2.8V
ရှိတယ်ဆိုတာကို သိရှိရပါမယ်။
(Il) ဒုတိယအချက် အနေနဲ့ ကျွန်တော်တို့က ကိုယ်အသုံးပြုမည့် Battery ရဲ့
Nominal Voltage,
Max Charge Voltage &
Min Discharge Voltage ကိုလည်းသိရှိပါမယ်။
ဥပမာ = Cell 4Cell ပါတဲ့ 12V LifePo4 Battery မှာ
(i) Nominal voltage ကိုသိချင်ရင် အထက်မှာပြောခဲ့တဲ့ Cell တစ် Cell ရဲ့ Voltage က 3.2V ကို Cell 4Cell ပါတဲ့ 12V LifePo4 Battery ဖြစ်တဲ့အတွက် 3.2V ကို 4 ဖြင့်မြှောက်ပေးရပါမယ်။
( 3.2 × 4 = 12.8 V )
ဒါဆိုရင် Cell 4Cell ပါတဲ့ 12V LifePo4 Battery ရဲ့ Nominal voltage က 12.8V ဖြစ်ပါတယ်။
(ii) ထို့နည်းတူစွာ Max Charge Voltage & Min Discharge Voltage ကိုသိချင်ရင်
(Max Charge Voltage 3.65V × 4 = 14.6 V)
(Min Discharge Voltage 2.5V × 4 = 10 V)
ကျွန်တော်တို့က ဘယ်လောက် Voltage က persent (0% ~ 100%) နဲ့ အနီးစပ်ဆုံးတူညီလဲဆိုတာကို သိချင်တာမလို့ Min Discharge Voltage ကို 2.5V ထားပြီးတွက်ပါမယ်။
ဒီနေရာမှာ (Cell 8Cell ပါတဲ့ 24V LifePo4 Battery ဆို 8 နဲ့မြှောက်) (Cell 16Cell ပါတဲ့ 51.2V LifePo4 Battery ဆို 16 နဲ့မြှောက်ပေါ့)
ဒါတွေကိုသိရှိပြီဆိုရင် ကျွန်တော်တို့ Voltage(V) ဘယ်လောက်က ဘယ်လောက်က persent(%) နဲ့အနီးစပ်ညီမျှလဲဆိုတာကို တွက်ချက်လို့ပါပြီ။
ဒါဆို ကျွန်တော်တို့ Cell 4Cell ပါတဲ့ 12V LifePo4 Battery ရဲ့ 12.8 Voltage(V) ဘယ်လောက်က ဘယ်လောက်က persent(%) နဲ့အနီးစပ်ညီမျှလဲဆိုတာကို တွက်ချက်လိုက်ရအောင် ။
ဒီမှာကျွန်တော့်အနေနဲ့ LifePo4 Battery မှာ SOC ကို Voltage နဲ့ နီးစပ်စွာတွက်ချက်တဲ့အခါမှာ အလွယ်ကူဆုံး Formula ဖြစ်တဲ့ Linear Formula ကို အသုံးပြုပြီး တွက်ပြမှာဖြစ်ပါတယ်။
" Linear Formula (General Method) "
=============================
: SOC(%) = [ ( V - Vmin) ÷ (Vmax - Vmin) × 100 ]
- V = လက်ရှိ Battery Voltage = 12.8V
- Vmin = CutOff Voltage ( 0% SOC) = 10V
- Vmax = Full Charge Voltage ( 100% SOC) = 14.6V
ဥပမာ = 12V system (4cell in series)
( V = 12.8 V )
( Vmax = 14.6 V )
( Vmin = 10 V )
SOC(%) = [ ( V - Vmin) ÷ (Vmax - Vmin) × 100 ]
SOC(%) = [ (12.8 - 10) ÷ (14.6 - 10) × 100 ]
SOC(%) = [ (2.8) ÷ (4.6) × 100 ]
SOC(%) = ( 0.6 × 100 )
SOC(%) = 60%
ဒါဆိုရင် Cell 4Cell ပါတဲ့ 12V LifePo4 Battery ရဲ့ 12.8V က SOC 60% နဲ့ အနီးစပ်ဆုံးညီမျှတယ်လို့သတ်မှတ်လို့ရပါတယ်။ ဒီ formula ဟာ linear estimate ဖြစ်တာကြောင့် 100% တိတိကျကျ မဟုတ်ပါ ခင်ဗျ။
ကျွန်တော်ရေးထားတာ အမှားများပါခဲ့ရင် ကျွမ်းကျင်ပညာရှင်တွေအနေနဲ့ ဝေဖန်ထောက်ပြ အကြံပြုနိုင်ပါတယ်ခင်ဗျာ။
ဆရာများ၊ Senior များနဲ့ လူတော်များကို အစဉ်လေးစားလျက်ပါခင်ဗျ။
မိတ်ဆွေတို့အနေနဲ့ ကျွန်တော် Page လေးရဲ့ လိုအပ်တာလေးတွေ၊ အကြံပေးချင်တာလေးတွေရှိရင်လဲ Comment မှာ ရေးသွားပေးကြပါဦးနော်... ဗဟုသုတ တစ်စုံတစ်ရာ ရခဲ့ရင်လဲ Like and Share လုပ်ပေးကြပါဦးလို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ...
Electrical Engineering ဆိုင်ရာ အချက်လက်လေးတွေ အစဉ်မပျက်မျှဝေပေးနိုင်ဖို့ ကျွန်တော် Page မှ အစဉ်ကြိုးစားလျှက်ရှိပါတယ် ။
မိတ်ဆွေတို့အနေဖြင့် Solar + Inverter + Battery တပ်ချင်တာဖြစ်စေ backup system Inverter + Battery တပ်ချင်တာဖြစ်စေ ။ အိမ်တွင်း wiring ပိုင်းဆိုင်ရာနှင့် M&E လုပ်ငန်းများလုပ်ကိုင်လိုသည်ဖြစ်စေ အကူညီအကြံတောင်းလိုသည်ဖြစ်စေ ကျွန်တော့် အားလိုအပ်ပါက
Page Messanger မှဖြစ်စေ
ph : 09988348941 (viber) မှဖြစ်စေ
ph: 09662255337 သို့ ဆက်သွယ်စုံစမ်းမေးမြန်နိုင်ပါတယ်။
ကျွန်တော် DW Electrical Engineering Group မှ Yangon & Mawlamyine မြို့အတွင်း အခမဲ့ survey ကြည့်ပေးခြင်း estimate တွက်ချက်ပေးခြင်း Installation warranty ကို တစ်နှစ်တိတိပေးခြင်း Installation Warranty ကာလအတွင်း ခြောက်လ တစ်ကြိမ် Maintenance အခမဲ့လုပ်ပေးခြင်း Installation အမှားကြောင့် ပျက်စီးမှုဖြစ်ခဲ့ပါက ကျသင့်ငွေကို တာဝန်ယူဖြေရှင်းပေးခြင်းတို့ ကြောင့် မိတ်ဆွေတို့ လိုအပ်ပါက ကျွန်တော်တို့ DW Electrical Engineering Group အား ဆက်သွယ်ပေးပါအုံးခင်ဗျ။
LVTOPSUN Battery နှင့် LVTOPSUN, Deye, Growatt, Must, Lux Power Inverter တို့ဖြင့် အလွယ်တကူ ချိတ်ဆက်တပ်ဆင်နိုင်ဖို့ protocol settings ချိန်နည်း လေးကို အနည်းငယ် မျှဝေပေးချင်ပါတယ်
1.LVTOPSUN 6KW Inverter
====================
Step Straight cable : Battery CAN port Inverter ရဲ့ BMS port ကိုချိတ်ဆက်ပါ။
Step 2 Inverter Setting ထဲကိုဝင်ပြီး No.5 ကိုသွားပါ။ Li ကိုရွေး ပြီး Enter နိုပ်ရပါမယ်။
Step Protocol Setting ထဲကိုဝင်ပြီး 52 ကိုရွေးပေးလိုက်ရင် Battery နဲ့ ချိတ်ဆက်သွားပါလိမ့်မယ်။
2.Deye Inverter နဲ့ ချိတ်ဆက်လိုပါက
==========================
Step Straight cable : Battery , CAN port Inverter ရဲ့ BMS port ကိုချိတ်ဆက်ပါ။
Step Inverter Setting by Battery Setting co Lithium ကိုရွေးပါ။
Step Protocol Setting ထဲကို ဝင်ပြီး 00 ကိုရွေးပေးလိုက်ရင် Battery နဲ့ ချိတ်ဆက်သွားပါလိမ့်မယ်။
3.Growatt Inverter နဲ့ ချိတ်ဆက်လိုပါက
============================
Step Straight cable : Battery, CAN port Inverter ရဲ့ BMS port ကိုချိတ်ဆက်ပါ။
Step 2 Inverter Setting ထဲကိုဝင်ပြီး No.5 ကိုသွားပါ။ Li ကိုရွေး ပြီး Enter နိုပ်ရပါမယ်။
Step Protocol Setting ထဲကိုဝင်ပြီး 52 ကိုရွေးပေးလိုက်ရင် Battery နဲ့ ချိတ်ဆက်သွားပါလိမ့်မယ်။
4.Must Inverter နဲ့ ချိတ်ဆက်လိုပါက
===========================
Step Straight cable : Battery , Can port Inverter ရဲ့ Rs485 port ကို ချိတ်ဆက်ပါ။
Step2 Battery Pin 5,4 & Inverter by Pin 5,6 RJ45 ခေါင်းအသစ်နဲ့ ရိုက်ပေးပါ။ (5-5, 4-6 connection ရှိရပါမယ်။)
Step Inverter Setting ထဲကိုဝင်ပြီး No.14 ကိုသွားပါ။ Li ကို ရွေး
Step Battery software o Can protocol PV11 : ချိတ်ဆက်ပေးရပါမယ်။
5.Lux power Inverter နဲ့ ချိတ်ဆက်လိုပါက
===============================
Step Straight cable : Battery CAN port Inverter ရဲ့ Li-ion port ကိုချိတ်ဆက်ပါ။
Step 2 Inverter Setting ထဲကိုဝင်ပြီး No.3 ကိုသွားပါ။ Li ကိုရွေး ပြီး Enter နှိပ်ပေးပါ။
Step Battery Brand မှာ 2 ကိုရွေးပေးရပါမယ်။
03/06/2025
တောင်ဥက္ကလာ သစ္စာလမ်းတွင် မီးပျက်ချိန် ဓာတ်လှေခါး အသုံးပြုရန်အတွက် တပ်ဆင်ပေးခဲ့သော Backup system အတွဲလေး
SharkTopSun 12kw (3Phase) Inveter
One Plus 51.2V 314Ah
02/06/2025
၁၁၆ လမ်း၊ တာမွေမြို့နယ်တွင် တပ်ဆင်ပေးခဲ့သော backup system အတွဲ
Taiyo 3.6KW Inverter
Taiyo 25.6V 314AH Battery
31/05/2025
မီးပျက်ချိန် ဓာတ်လှေခါး အသုံးပြုရန်အတွက် တာမွေမြို့နယ်တွင် တပ်ဆင်ပေးခဲ့သော backup system အတွဲလေး
deye 12kw inverter & Denki 51.2V 200Ah battery
30/05/2025
ပန်းဘဲတန်းမြို့နယ်၊ ဗိုလ်ဆွန်ပက်လမ်းတွင် တပ်ဆင်ပေးခဲ့သော Backup system အတွဲလေး
SRNE 6KW Inverter
LVTOPSUN 51.2V 300AH Battery
27/05/2025
သာကေတ မြခွာညို အိမ်ရာတွင် မိုးထဲရေထဲတပ်ဆင်ပေးခဲ့သော
Jinko Solar Panel 550W (16 Nos)
One Plus 6kw Inverter (2Nos) Parallel = 12KW
One Plus 51.2V 314Ah Battery
26/05/2025
မရမ်းကုန်း ၉မိုင်ခွဲ တွင် တပ်ဆင်ပေးခဲ့သော
SRNE 10KW Inverter & One Plus 51.2V 314 ah Battery
Backup System
23/05/2025
ဒီနေ့ ဗိုလ်တစ်ထောင် မှ Growatt မှ Growatt ဆိုတဲ့ Client အတွက် တပ်ဆင်ပေးခဲ့သော backup system အတွဲလေး။
Growatt 6kw & Shark topsum 51.2V 280Ah
20/05/2025
Installation တွေပါးတုန်း error 09 service အလုံးများ error ဖြေရှင်းပြုပြင်ခြင်း ။
12/05/2025
ကမ္ဘာအေးဘုရားလမ်းပုလဲကွန်ဒိုတွင်တပ်ဆင်ပေးခဲ့သော
Solis 8kw inverter + One Plus 51.2V 314ah batttery backup system
ဒီအတွဲလေးမှာ Solis Inverter ကတော့ Worldwide Brand ဖြစ်တဲ့အတွက် Luxury ဆန်ဆန်ပါပဲ ထွေထွေထူးထူးတော့ ပြောစရာမရှိပါဘူး ။ အဓိကပြောချင်တာက အခုမှ Solar Inverter လောကထဲကိုစဝင်လာတဲ့ Brand အသစ်ဖြစ်တဲ့ One plus brand က One Plus Battery ကိုပါ။
ဒီ one plus battery က battery cell ကို EVE Grade A cell ကို သုံးပေးထားပြီး Warranty ကိုလည်း 5+5 ပေးထားတဲ့အပြင် Fire Extinguisher system ကိုပါထည့်ပေးထားတဲ့အတွက် factory error ကြောင့်ပဲဖြစ်ဖြစ် Installation error ကြောင့်ပဲဖြစ်ဖြစ် မတော်တဆ Battery အတွင်းထဲမှာ wiring shock ဖြစ်ပြီး မီးလောင်မီးခိုးငွေ့ထွက်တာနဲ့ မီးငြိမ်းသတ်ပေးမှာဖြစ်တယ် ။
တစ်ကယ် Fire Extinguisher system က တစ်ကယ်အလုပ်လုပ်မလုပ်တော့ ကိုယ်တိုင်တော့ မစမ်းနိုင်သေးဘူး One Plus company အနေဖြင့် စမ်းပြတဲ့ Video click လေးတစ်ပုဒ်လောက် လုပ်ပေးရင်တော့ပိုအဆင်ပြေတာပေါ့ သုံးစွဲသူတွေအနေနဲ့ ။
Click here to claim your Sponsored Listing.
Category
Website
Address
Insein
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 13:00 |