Study Quest Global
“Your Trusted Bridge to Overseas Education Success”
06/03/2026
UK အထိ သွားစရာမလိုဘဲ ကမ္ဘာ့အဆင့်မီ UK ဘွဲ့တစ်ခုကို Singapore မှာ ရယူနိုင်မယ့် အခွင့်အရေးကြီး ရောက်ရှိလာပါပြီ။ 🇬🇧 🎓
SQG မှ ကြီးမှူးကျင်းပတဲ့ Exclusive Information Seminar မှာ မြန်မာကျောင်းသားတွေအတွက် သီးသန့်ပေးအပ်မယ့် 50% Tuition Fee Scholarship အကြောင်းကို အသေးစိတ် ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။📢📢
ဒီ Seminar ကို ဘာကြောင့် တက်ရောက်သင့်တာလဲ?
✅University of Portsmouth နဲ့ Northumbria University တို့လို နာမည်ကြီး UK တက္ကသိုလ်တွေရဲ့ တိုက်ရိုက်ဘွဲ့ဒီဂရီတွေကို Kaplan Singapore မှာ တက်ရောက်နိုင်မယ့်အကြောင်းတွေ…
✅ မြန်မာကျောင်းသားများအတွက် သီးသန့်ရှိမယ့် 50% Scholarship သက်သာခွင့် လျှောက်ထားနည်း
✅ IGCSE/O-Level ပြီးသူများအတွက် ၁၈ လ (Top-up) မှ ၂ နှစ်ခွဲအတွင်း ဘွဲ့အမြန်ရရှိနိုင်မယ့်လမ်းကြောင်းများအပြင်
✅ ကမ္ဘာ့အလုံခြုံဆုံးနဲ့ စီးပွားရေး အချက်အချာကျတဲ့ စင်ကာပူမှာ ပညာသင်ယူရင်း နိုင်ငံတကာ အတွေ့အကြုံများ ရယူနိုင်ခြင်း စတဲ့အကြောင်းအရာများကို ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်…
📅 Seminar Details
🏷️Date - 12 March 2026 (Thursday)
🏷️Time - 10:00 AM - 1:00 PM
🏷️Venue - Lotte Hotel (Emerald & Pearl Room), Yangon
🏷️Speaker - Mr. Ye Yang Paing (Country Manager)
⚠️ နေရာအကန့်အသတ်ရှိတာကြောင့် အမြန်ဆုံး Register လုပ်ဖို့ လိုအပ်ပါတယ်။
Seminar တက်ရောက်မယ့်သူများ အနေနဲ့ IGCSE, O-Level, A-Level သို့မဟုတ် Diploma ရလဒ်များကို တစ်ပါတည်း ယူဆောင်လာပါက Scholarship Assessment ကို ချက်ချင်း ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။
👉 Register ပြုလုပ်ရန်
🔗 https://forms.gle/LppEBCnxzES5dasD8
📞 Study Quest Hotlines :
☎️ 09 880 951 627
☎️ 09 880 951 626
☎️ 09 880 951 625
☎️ 09 880 951 624
☎️ 09 880 951 623
🏢 No.61, Byine Yay O Sin Street (Near Shin Pargu Hospital), Tamwe, Yangon, Myanmar
05/03/2026
"Silicon Valley of Europe" လို့ ခေါ်ကြတဲ့ အိုင်ယာလန်နိုင်ငံမှာ ပညာသင်ယူဖို့ စိတ်ကူးရှိပေမယ့် ကုန်ကျစရိတ်အတွက် စိတ်ပူနေပါသလား? 🎓 🇮🇪
အခုဆိုရင် ၂၀၂၆ ပညာသင်နှစ်အတွက် အိုင်ယာလန်တက္ကသိုလ်တွေရဲ့ တရားဝင် Scholarship အသေးစိတ်တွေ ထွက်ရှိလာပြီဖြစ်လို့ သတင်းကောင်းပါးလိုက်ရပါတယ်။📢📢
Study Quest Global အနေနဲ့ မြန်မာကျောင်းသားတွေအတွက် ကျောင်းလခ သက်သာခွင့် (Tuition Fee Discounts) တွေ ရရှိအောင် အကောင်းဆုံး ကူညီဆောင်ရွက်ပေးနေပါတယ်။
လက်ရှိ ရရှိနိုင်မယ့် အထူးအခွင့်အရေးတွေကတော့ -
🏛️ University College Dublin (UCD)
Undergrad နဲ့ Postgrad နှစ်မျိုးလုံးအတွက် တစ်နှစ်ကို €10,000 အထိ! ဒါ့အပြင် မတ်လမတိုင်မီ လျှောက်ထားသူတွေအတွက် 50% နဲ့ 100% Global Scholarships တွေလည်း ရှိပါတယ်။
🏛️ Technological University of the Shannon (TUS)
GPA ကောင်းမွန်တဲ့ ကျောင်းသားတွေအတွက် (UG: 75%+ / PG: CGPA 3.0+) တစ်နှစ်ကို €4,000 အထိ Scholarship ရနိုင်ပါတယ်။
🏛️ Atlantic Technological University (ATU)
UG ရော PG ရောအတွက် တစ်နှစ်ကို €3,000 တိတိ (Flat Rate) Scholarship ရရှိမှာပါ။
🏛️ Trinity College Dublin (TCD) & University of Galway (UG)
ကျောင်းလခပေါ်မှာ €2,000 မှ €5,000 အထိ Discount များ ရရှိနိုင်ပါတယ်။
🏛️ Dundalk Institute of Technology (DkIT)
၄ နှစ်စာအတွက် တစ်နှစ်လျှင် €1,000 Merit Scholarship (သို့မဟုတ်) စောစီးစွာ လျှောက်ထားသူများအတွက် €1,400 တန်ဖိုးရှိ ပထမနှစ် အဆောင်စရိတ် ထောက်ပံ့ကြေး ရယူနိုင်ပါတယ်။
ဒါတင်မကသေးဘဲ MTU, SETU, NCI နဲ့ DBS တို့လို တက္ကသိုလ်တွေမှာလည်း အခွင့်အရေးတွေ ရှိနေပါသေးတယ်။
⚠️ မှတ်ချက် - Scholarship များသည် ကျောင်းသား၏ အရည်အချင်းပေါ်မူတည်၍ အတည်ပြုပေးခြင်းဖြစ်ပြီး ဆေးပညာ (Medicine) ကဲ့သို့သော ဘာသာရပ်အချို့အတွက် သက်ဆိုင်ခြင်း မရှိနိုင်ပါ။
Deadline တွေက မတ်လလောက်မှာတင် စတင်ပိတ်တော့မှာဖြစ်လို့ အမြန်ဆုံး ပြင်ဆင်ဖို့ လိုအပ်ပါတယ်။
အခုပဲ ကိုယ့်ရဲ့ လက်ရှိရလဒ်တွေ (IGCSE, A-Levels, or Degree CGPA) ကို Messenger ကနေ ပေးပို့ပြီး Scholarship ဘယ်လောက်အထိရနိုင်မလဲဆိုတာ ကျွမ်းကျင်ပညာရှင်တွေနဲ့ ဆွေးနွေးလိုက်ပါ…🙌
☎️ +95 9 255 255 001
☎️ +95 9 255 255 008
🏢 No.61, Byine Yay O Sin Street (Near Shin Pargu Hospital), Tamwe, Yangon, Myanmar
04/03/2026
ရုပ်ရှင်၊ ဇာတ်ညွှန်းနဲ့ Digital Content တွေ ဖန်တီးရတာ ဝါသနာပါပြီး ဒီပညာရပ်တွေကို နည်းစနစ်တကျနဲ့ နိုင်ငံခြားမှာ လေ့လာသင်ယူချင်တယ်ဆိုတော့ Ireland က Griffith College က သင့်အတွက်ပါပဲ။
🎓 Media နဲ့ Production ပိုင်းအတွက် ဘာကြောင့် Griffith College ကိုရွေးချယ်သင့်တာလဲ ?
🎓 Griffith College မှာ လေ့လာနိုင်မယ့် Media Production Program များ
🎥 BA (Hons) in Film, TV & Screen Media Production
🎨 BA (Hons) in Visual Communication Design
📰 MA in Journalism & Media Communications
📺 MA in TV & Radio Journalism
ဒီ Program တွေမှာဆိုရင် camera, lighting နဲ့ audio ပိုင်းအတွက် ရိုက်ကူးရေးနယ်ပယ်မှာ အသုံးပြုနေတဲ့ အဆင့်မီကိရိယာတွေနဲ့ လက်တွေ့သင်ကြားပေးနေတဲ့အပြင်post-production process တွေအတွက်လည်း Avid, Premiere Pro, DaVinci Resolve စတဲ့ software တွေကို အသုံးပြုပြီး သင်ကြားပေးနေပါတယ်။ ပထမနှစ်ကစလို့ ဇာတ်လမ်းတို နဲ့ documentaries ရိုက်ကူးရေးတွေမှာ ပါဝင်နိုင်ပါတယ်။
Ireland မှာ Creative ပိုင်းက ပိုပြီး အခွင့်အလမ်းတွေ ပွင့်လန်းလျက်ရှိပါတယ်။ Ireland မှာ ရှိတဲ့ Big Media နဲ့ Design House တွေကတော့
🎬 Warner Bros. Discovery (Dublin)
🎬 Disney+ EMEA Operations
🎬 Universal Pictures International
🎬 BBC Studios & Sky Group
🎬 Brown Bag Films
🎬 Windmill Lane Studios
🎬 Publicis, TBWA, Ogilvy & McCann Dublin
🎬 RTÉ & Virgin Media Television တို့လို ကုမ္ပဏီကြီးတွေရှိနေတာမို့ ကျောင်းပြီးတဲ့အခါ အလုပ်အကိုင် အခွင့်အလမ်းတွေကလည်း ပိုများမှာပါ။
💼 ဘွဲ့ရပြီးနောက် ရရှိနိုင်မယ့် အလုပ်အကိုင်အခွင့်အလမ်းများ
🎥 Film, Television & Media Production – Cinematographer, Editor, Producer
🎨 Advertising & Branding Agencies – Graphic Designer, Art Director, Brand Strategist
🎮 Animation & Game Studios – Concept Artist, Motion Graphics Designer
📱 Digital Marketing & Social Media Agencies – Content Creator, Creative Director
📸 Photography & Multimedia Production Companies
📈 Ireland မှာ ပညာသင်ပြီး အလုပ်လုပ်ကိုင်ခွင့် ဗီဇာ (လုပ်သက် ၂ နှစ်အထိ) ရရှိနိုင်ခြင်းက ဒီ career ကို ရွေးချယ်လိုသူတွေအတွက် အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်စေမှာပါ။
🎯 မြန်မာကျောင်းသားတွေ Griffith College ကို ရွေးချယ်သင့်တဲ့ အကြောင်းရင်းတွေကတော့ Non-EU နဲ့ International Students တွေလည်း Scholarship ရရှိနိုင်ခြင်းအပြင် Griffith College ရဲ့ နိုင်ငံတကာရုံး ကလည်း ဗီဇာလျှောက်ထားခြင်းကစလို့၊ နေထိုင်ဖို့ အဆောင်ရှာဖွေခြင်း၊ ကျောင်းနဲ့ ဘဝအတွေ့အကြုံအတွက် လမ်းညွှန်ပေးခြင်း၊ အလုပ်အကိုင်နဲ့ အလုပ်သင် အခွင့်အရေးတွေအထိ တစ်ဆင့်ချင်းစီ ပံ့ပိုးပေးသွားတာတွေကြောင့်ပဲ ဖြစ်ပါတယ်။
ကိုယ့်ရဲ့ စိတ်ကူးစိတ်သန်းတွေကို နာမည်ကျော် ရုပ်ရှင်ဇာတ်လမ်း၊ အစီအစဉ်တွေအဖြစ်နဲ့ ပုံဖော်ဖို့အတွက်ဆို Grffith College က သင့်အတွက် အမြဲရှိနေမှာပါ။ ။✨
📅 Intake: September 2026
💰 Scholarships: Non-EU ကျောင်းသားများအတွက် ပညာသင်ကြေး အတိုင်းအတာတစ်ခုအထိလျှော့ပေးခြင်း
ဒီလို ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ အတွက် ပညာရေးနဲ့ အနာဂတ်ဘဝကို တည်ဆောက်ဖို့ စတင်ပြင်ဆင်ချင်တယ်ဆိုရင် SQG ကို အခုပဲ ဆက်သွယ်လိုက်တော့နော်…🙌
☎️ 09 255 255 001
☎️ 09 251 293 363
🏢 No.61, Byine Yay O Sin Street (Near Shin Pargu Hospital), Tamwe, Yangon, Myanmar
04/03/2026
ယူကေနိုင်ငံက မြန်မာကျောင်းသားတွေကို ကျောင်းဗီဇာ (Study Visa) ထုတ်ပေးတာ ရပ်ဆိုင်းလိုက်တယ်ဆိုတဲ့ သတင်းကြောင့် စိတ်ပူနေကြတဲ့ ကျောင်းသား/သူတွေနဲ့ မိဘတွေအတွက် အားပေးစကားလေး ပြောချင်ပါတယ်။
ယူကေတစ်ခုတည်းတင် မဟုတ်ဘဲ တခြားအရည်အသွေးမြင့် ပညာသင်ကြားနိုင်တဲ့ နိုင်ငံတွေ အများကြီး ရှိပါသေးတယ်။
🇬🇧 ယူကေက ပိတ်လိုက်ပေမဲ့...
🇮🇪 အိုင်ယာလန် (Ireland)
🇳🇿 နယူးဇီလန် (New Zealand)
🇸🇬 စင်ကာပူ (Singapore)
🇲🇾 မလေးရှား (Malaysia)
🇨🇦 ကနေဒါ (Canada)
🇪🇺 ဥရောပသမဂ္ဂ (EU)
စတဲ့နိုင်ငံတွေမှာလည်း ကမ္ဘာ့အဆင့်မီ တက္ကသိုလ်တွေ၊ ပညာရေးအခွင့်အလမ်းတွေ အများကြီးရှိနေဆဲဖြစ်လို့ စိတ်မပျက်ဘဲ တခြားလမ်းကြောင်းတွေကို ဆက်လက်လေ့လာ ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။
အခက်အခဲဆိုတာ ခဏတာမို့ ကိုယ့်ရဲ့ ပညာရေးအိပ်မက်တွေကို လက်မလျှော့ဘဲ ရှေ့ဆက်ကြပါလို့ အားပေးလိုက်ပါတယ်ဗျာ။ 💪🎓
UK to stop issuing study visas for Myanmar, Afghanistan, Cameroon and Sudan "Britain will always provide refuge to people fleeing war and persecution, but our visa system must not be abused," said Home Secretary Shabana Mahmood.
04/03/2026
သင်သိပြီးပြီလား? 🤔✨
စင်ကာပူမှာပဲတက်ပြီး UK နိုင်ငံရဲ့ Largest Undergraduate University ကနေ Bachelor degree ကိုရယူနိုင်နေပြီနော် 🎓🇸🇬🇬🇧
NIM မှာ Advanced Diploma in Tourism and Hospitality တန်းပြီးထားသောကျောင်းသားကျောင်းသူများ၊ HND Level 5 (Tourism and Hospitality ) ပြီးထားသောကျောင်းသားကျောင်းသူများအနေနဲ့ Bachelor top-up ကို NIM မှာပဲ ၁နှစ်အပြီးဆက်လက်တက်ရောက်ပြီး Canterbury Christ Church University ရဲ့ Degree ကိုရရှိမှာဖြစ်ပါတယ် 🎓📚✨
NIM မှာပဲ Foundation မှ Master Degree အထိ တက်ရောက်နိုင်သလို Further Study Pathway ကို ဆက်လက်သွားလိုသောကျောင်းသားများအနေနဲ့လဲ US, UK, Australia, Canada, Switzerland မှာ ပညာ ဆက်လက်သင်ကြားနိုင်ပါတယ် 🌏✈️
NIM 25th Anniversary ဖြစ်တဲ့နည်းတူ study grant ကို SGD 3000 (မြန်မာငွေ သိန်း 100 နီးပါး) အထိပေးထားတာမို့ လက်လွတ်မခံသင့်ဘဲ အခွင့်အရေးကို အမိအရ ရယူဖို့ သတင်းကောင်းပါးအပ်ပါတယ် 🎉💰🎁
03/03/2026
အနာဂတ်အိပ်မက်တွေကို Study Quest Global နဲ့အတူ အကောင်အထည်ဖော်လိုက်ပါ! 🇬🇧🎓
ယူကေရဲ့ သမိုင်းဝင်ပြီး ခေတ်မီလှတဲ့ လန်ဒန်မြို့ကြီးမှာ ကျောင်းတက်ချင်တာ လူငယ်တိုင်းရဲ့ အိပ်မက်တစ်ခုပါ။ အခုဆိုရင် LSBU (London South Bank University) ရဲ့ May 2026 Intake အတွက် ကျောင်းသားသစ်တွေ စတင်ခေါ်ယူနေပါပြီ။
လုပ်ငန်းခွင်မှာ အမှန်တကယ် အသုံးချနိုင်မယ့် အောက်ပါ ဘာသာရပ်တွေကို မိမိတို့ စိတ်အားထက်သန်မှုအလျောက် ရွေးချယ် တက်ရောက်နိုင်မှာ ဖြစ်ပါတယ် -
🌟 ရွေးချယ်နိုင်သော ဘာသာရပ်များ:
📌 Business & Management:
Accounting
Business Management
Project Management
Marketing
📌 Computing & Technology:
Artificial Intelligence
Computer Science
Cyber Security
Data Science
Study Quest Global ကနေတစ်ဆင့် LSBU ကို ဘာကြောင့်ရွေးချယ်သင့်တာလဲ?
✅ London မြို့လယ်မှာ ကျောင်းတက်ရမှာဖြစ်လို့ အတွေ့အကြုံကောင်းတွေ ရရှိနိုင်ခြင်း။
✅ Graduate Salary မြင့်မားတဲ့အတွက် အနာဂတ်အတွက် စိတ်ချရခြင်း။
✅ မတူညီတဲ့ ယဉ်ကျေးမှုတွေကြားထဲမှာ ပညာသင်ကြားခွင့်ရရှိခြင်း။
အိပ်မက်တွေကို စိတ်ကူးထဲမှာပဲ သိမ်းမထားဘဲ Study Quest Global နဲ့အတူ စတင်ကြမယ်။ London မှာ ကျောင်းတက်ပြီး Main Character Energy နဲ့ Flex လိုက်ရအောင်။
☎️ 09 880 951 627
☎️ 09 880 951 626
🏢 No.61, Byine Yay O Sin Street (Near Shin Pargu Hospital), Tamwe, Yangon, Myanmar
02/03/2026
ယနေ့ကျရောက်တဲ့ တောင်သူလယ်သမားနေ့မှ အစပြုလို့ ဦးကြီးများအားလုံး ဘေးဘယာဝေးကွာပြီး စိုက်ပျိုးသမျှ သီးနှံတိုင်း ဈေးကောင်းရကာ အောင်မြင်မှုအပေါင်းနဲ့ ပြည့်စုံကြပါစေကြောင်း 𝐒𝐭𝐮𝐝𝐲 𝐐𝐮𝐞𝐬𝐭 𝐆𝐥𝐨𝐛𝐚𝐥 မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်…🌾✨
#တောင်သူလယ်သမားနေ့
If you’re still confused about studying abroad,
listen to someone who has already walked this path
16/02/2026
🧧ပျော်ရွှင်စရာ တရုတ်ရိုးရာ နှစ်ကူးအခါ ( မြင်းနှစ် ) မှာ
ပြည်သူ ၊ ပြည်သားများ အားလုံး ကံကောင်းခြင်းများသာ လက်ခံရရှိပြီး နှစ်သစ်ကို ကျန်းမာခြင်း ၊ ငြိမ်းချမ်းခြင်းတို့နဲ့အတူ ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ပါစေကြောင်း Study Quest Global မိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင် ❤️
#တရုတ်နှစ်သစ်ကူး
#တရုတ်နှစ်သစ်ကူးဆုတောင်း
06/02/2026
🧩 SQG Word Search Challenge – သင့်ရဲ့အနာဂတ်ကို ရှာဖွေရင်း ဆုလက်ဆောင်တွေ ကံစမ်းလိုက်ပါ!
သင့်ရဲ့ မျက်စိက ဘယ်လောက်လျင်လဲဆိုတာ သက်သေပြရမယ့်အချိန်ပါပဲ! 👀✨ Study Quest Global (SQG) ကနေပြီးတော့ ပျော်ပျော်ပါးပါး Puzzle ကစားရင်း မုန့်ဖိုးနဲ့ အမှတ်တရလက်ဆောင်တွေ ကံစမ်းနိုင်မယ့် အခွင့်အရေးကို ဖန်တီးပေးလိုက်ပါပြီ။
🎁 ရရှိနိုင်မယ့် ဆုလက်ဆောင်များ
🥇 First Prize (၂ ဦး): ဆုငွေ ၅၀,၀၀၀ ကျပ် + SQG Exclusive Mug Cup
🥈 Second Prize (၁၀ ဦး): ဆုငွေ ၁၀,၀၀၀ ကျပ် (Comment Picker နဲ့ ရွေးချယ်မည်)
✅ ပါဝင်ကံစမ်းရမယ့် စည်းကမ်းချက်များ
၁။ Study Quest Global Page ကို Like & Follow လုပ်ပြီး ဒီ Post ကို Public နဲ့ Share ပေးပါ။
၂။ Puzzle ထဲမှာ ပါတဲ့ စကားလုံးတွေထဲက အနည်းဆုံး Word ၅ ခု ကို ရှာပြီး Comment မှာ ရေးပေးပါ။
၃။ Study Quest Global နဲ့ ပတ်သက်ပြီး သင်သိထားတဲ့ အချက် ၃ ချက် ကိုပါ တစ်ခါတည်း ရေးပေးရပါမယ်။
🏆 Winner ရွေးချယ်မည့်ပုံစံ
First Prize: စည်းကမ်းချက်နဲ့ ကိုက်ညီပြီး မိမိ
Comment မှာ Reaction အများဆုံး ရရှိသူ (၂) ဦးကို ရွေးချယ်ချီးမြှင့်မှာ ဖြစ်ပါတယ်။ (သူငယ်ချင်းတွေကို အကူအညီတောင်းဖို့ မမေ့နဲ့နော်! 😉)
Second Prize: စည်းကမ်းချက်နဲ့ ကိုက်ညီသူများထဲမှ Comment Picker အသုံးပြုပြီး ကံထူးသူ (၁၀) ဦးကို ရွေးချယ်ပေးသွားမှာပါ။
📢 အထူးသတင်းစကား
ဒီ Word Puzzle လေးပါဝင်တဲ့ SQG Pamphlet လေးတွေကို Time City Education Fair 2026 မှာ လာရောက်ရယူနိုင်ပါတယ်နော်။ SQG ရဲ့ Booth မှာ တခြားဘာတွေ စိတ်ဝင်စားဖို့ကောင်းတာတွေ ရှိဦးမလဲဆိုတာ လာကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
📅 ပွဲကျင်းပမည့်ရက်: 7 & 8 Feb, 2026
⏰ အချိန်: 10:00 AM - 5:00 PM
📍 နေရာ: Booth No-27, 18th Floor, Office Tower-1, Convention Center, Time City Complex.
⏳ Challenge Deadline: Feb 21, 2026 (Sat), 1:00 PM အထိ။
ကဲ... အခုပဲ စကားလုံးလေးတွေ စရှာပြီး ကံစမ်းလိုက်ရအောင်! 👇
02/02/2026
Bachelor Degree ကို အချိန် (၂) နှစ်ပေးရုံနဲ့ ရယူနိုင်ပြီနော်
အသက် (၂၀) ကျော်မှ လုပ်ငန်းခွင်ဝင်ပြီး Career တစ်ခုကိုစတယ်ဆိုတာ အခုလို AI Innovation တွေ ပေါများနေတဲ့ခေတ်ကြီးမှာ အလုပ်အကိုင်အတွက် မရေရာမသေမချာ ဖြစ်လာစေမှာပါ။
✨ဒီတော့ စောနိုင်သမျှစောပြီး Career တစ်ခုတည်ဆောက်ကာ Professional လမ်းကြောင်းကို ဆုပ်ကိုင်ထားနိုင်ဖို့အတွက် IGCSE အောင်မြင်ထားဖို့သာလိုပါတယ်။
ဟုတ်ပါတယ်…. IGCSE သာ အောင်မြင်ထားပြီးပြီဆိုရင် Kaplan Singapore မှာ တက်ရောက်ပြီး (၂) နှစ်အတွင်း Bachelor Degree ရရှိနိုင်ပြီဖြစ်ပါတယ်။ 📌 📌
⬇️Foundation Diploma - 6 Months
⬇️Diploma - 8 Months
⬇️Degree - 12 to 16 Months
စတဲ့အတန်းတွေကို အဆင့်ဆင့်တက်ရောက်ပြီးတာနဲ့ Bachelor Degree တစ်ခုကို ပိုင်ဆိုင်ရရှိပြီး လုပ်ငန်းခွင် ဝင်ရောက်နိုင်ပါပြီ။
🧑🎓 ဒါကြောင့်မို့ နိုင်ငံခြားပညာရေးလမ်းကြောင်းကိုလည်း စိတ်ဝင်စားတယ်…..
ကျောင်းတက်ဖို့လည်း အချိန်အများကြီးမပေးရဘဲ Career တစ်ခုကို မြန်မြန်စတင်ချင်တယ်ဆိုရင် Kaplan Singapore ရဲ့ 2 Years Program က အသင့်တော်ဆုံးပါပဲနော်။ 🌟
☎️ 09 880 951 627
☎️ 09 880 951 626
☎️ 09 880 951 625
☎️ 09 880 951 624
☎️ 09 880 951 623
🏢 No.61, Byine Yay O Sin Street (Near Shin Pargu Hospital), Tamwe, Yangon, Myanmar
01/02/2026
ဝါသနာနောက်လိုက်ရင် အောင်မြင်မယ်ဆိုတဲ့ စကားက ထောင်ချောက်တစ်ခုလား🤔💭
သင်ဝါသနာပါလို့ဆိုပြီး ရွေးချယ်လိုက်တဲ့ Major က လက်တွေ့လောကမှာ အလုပ်အကိုင်အခွင့်အလမ်းမရှိဘူးဆိုရင် သင့်ရဲ့ ဝါသနာက သင့်ကို ထမင်းကျွေးမှာ မဟုတ်ပါဘူး။ 🍽️❌ အဲ့ဒါက သင့်ရဲ့ ကျန်ရှိနေတဲ့ သက်တမ်း ၄၀ လောက်ကို ပိတ်လှောင်ထားမယ့် အကျဉ်းထောင်ရဲ့ သော့ချက်တစ်ခုလဲ ဖြစ်သွားနိုင်ပါတယ်။ 🗝️⛓️ တခြားသူတွေ အောင်မြင်မှုလှေကားထစ်တွေ တက်နေတဲ့အချိန်မှာ သင်က သင်တန်းအသစ်တွေပဲ တက်ဖို့ ကြိုးစားနေရင်း သင့်လူငယ်ဘ၀ရဲ့ အကောင်းဆုံး အချိန်တွေက ကုန်ဆုံးသွားမှာပါ။ ⏳📉 အလုပ်ခွင်မှာ ကိုယ်သင်ခဲ့တာနဲ့ ဘာမှမဆိုင်တဲ့ အလုပ်တွေကို စိတ်မပါလက်မပါနဲ့ လုပ်ရတဲ့အခါ ၊ အရည်အချင်း ရှိပါလျက်နဲ့ နေရာမရတဲ့အခါ သင့်ရဲ့ စိတ်ဓာတ်တွေ တစ်စစီပြိုကွဲပြီး 💔 "ငါ ဘာကြောင့် ဒီလမ်းကို ရွေးခဲ့မိတာလဲ" ဆိုတဲ့ နောင်တက သင့်ကို နေ့တိုင်း တမြေ့မြေ့လောင်ကျွမ်းစေပါလိမ့်မယ်။ 🔥😔
နောင်တထဲက ရုန်းထွက်နိုင်မယ့် လက်တွေ့ကျသော နည်းလမ်း (၅) သွယ် ✨
မှားယွင်းတဲ့ လမ်းကြောင်းပေါ် ရောက်နေပြီလို့ ခံစားရတဲ့အခါ နောင်တထဲမှာတင် နစ်မွန်းမနေဖို့ အရေးကြီးပါတယ်။ ဘဝဆိုတာ ပန်းတိုင်တစ်ခုတည်းရှိတဲ့ ပြေးပွဲမဟုတ်ပါဘူး။ 🏃♂️🏁
၁။ ပညာရေးအကြံပေးအဖွဲ့အစည်း (Education Consultancy) များ၏ အကူအညီရယူပါ 🎓🤝
တစ်ယောက်တည်း လမ်းပျောက်နေမယ့်အစား Professional Counselor တွေနဲ့ တိုင်ပင်ပါ။ ၎င်းတို့က သင့်ရဲ့ ဝါသနာ၊ ကျွမ်းကျင်မှုနဲ့ Market ခေတ်ရေစီးကြောင်းကို ချိန်ညှိပေးပြီး သင့်ဘွဲ့နဲ့ ဆက်စပ်လို့ရမယ့် အခြားနယ်ပယ်သစ်တွေကို လမ်းညွှန်ပေးနိုင်ပါတယ်။ 🧭💡
၂။ Transferable Skills (လွှဲပြောင်းအသုံးပြုနိုင်သော အရည်အချင်းများ) ကို ရှာဖွေပါ 🛠️🔄
သင်ယူခဲ့တဲ့ ဘာသာရပ်ကို အကုန်လုံး စွန့်ပစ်စရာမလိုပါ။ ဥပမာ - အင်ဂျင်နီယာတစ်ယောက်က Project Management ဘက်ကို ကူးပြောင်းတာမျိုးဟာ ကိုယ့်ရဲ့ နည်းပညာအခြေခံကို စီမံခန့်ခွဲမှုနဲ့ ပေါင်းစပ်လိုက်တဲ့ Hybrid လမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။ 🏗️📊
၃။ Sunk Cost Fallacy ကို ဖျောက်ဖျက်ပါ 🧠🚫
"ငါ ဒီဘာသာရပ်ကို ၄ နှစ်တောင် သင်ခဲ့တာ၊ အခုမှ လမ်းကြောင်းပြောင်းရင် နှမြောစရာကြီး" ဆိုတဲ့ အတွေးကို ဖျောက်ပါ။ မပျော်ရွှင်တဲ့လမ်းမှာ နောက်ထပ် အနှစ် ၄၀ ဆက်လျှောက်မယ့်အစား၊ အခုပဲ ရဲရဲဝံ့ဝံ့ လမ်းသစ်ထွင်ဖို့ ဆုံးဖြတ်တာက ပိုပြီး မြတ်ပါတယ်။ 🛣️🚀
၄။ Side Hustle ကနေတစ်ဆင့် အစပြုပါ 🌙💻
အလုပ်ကို ချက်ချင်းမစွန့်လွှတ်နိုင်သေးရင်တောင် အားလပ်ချိန်မှာ ကိုယ်တကယ်ဝါသနာပါတဲ့ အရာကို လေ့လာပါ။ သင်တန်းတက်ပါ၊ လက်တွေ့စမ်းသပ်ပါ။ ဝါသနာကနေ ဝင်ငွေရှာနိုင်တဲ့ အခြေအနေရောက်မှ Full-time အဖြစ် ကူးပြောင်းပါ။ 📈🌱
၅။ ပညာရေးဆိုတာ ဘွဲ့တစ်ခုတည်း မဟုတ်ကြောင်း နားလည်ပါ 📚🌍
ဒီနေ့ခေတ်မှာ Online Courses တွေ၊ Diploma တွေနဲ့ ဘာသာရပ်အသစ်တွေကို အချိန်မရွေး လေ့လာနိုင်ပါတယ်။ ဘွဲ့လက်မှတ်တစ်ခုက သင့်ဘဝတစ်ခုလုံးကို ဆုံးဖြတ်ခွင့် မပေးလိုက်ပါနဲ့။ 🎓❌🚫
မှားယွင်းတဲ့ ဘာသာရပ်ကို ရွေးချယ်မိတာဟာ အမှားတစ်ခု ဖြစ်နိုင်ပေမယ့် အဲဒီအမှားထဲမှာပဲ တစ်သက်လုံး နေသွားဖို့ ဆုံးဖြတ်တာကတော့ ပိုကြီးမားတဲ့ အမှားပါ။ ဘဝမှာ နောက်ကျတယ်ဆိုတာ မရှိပါဘူး။ သင့်ရဲ့ တန်ဖိုးကို ဘွဲ့လက်မှတ်နဲ့ မတိုင်းတာပါနဲ့။ ✨🌟
"တံခါးတစ်ချပ် ပိတ်သွားရင် နောက်ထပ် ပြတင်းပေါက်တစ်ခုကို ရှာဖွေဖို့ မမေ့ပါနဲ့။" 🚪🔓🪟
Click here to claim your Sponsored Listing.
Category
Website
Address
No 61 Byine Yay Oo Sin Street
Yangon