Junction Square
Opened in 2012, Junction Square is a pioneer in retail mall management that redefines trendy modern
17/04/2026
နှစ်သစ်ဆုတောင်း 🙏✨
နှစ်သစ်မှာ ကိုယ်စိတ်နှစ်ပါးအေးချမ်းပြီး စီးပွားဥစ္စာလာဘ်လာဘများ တိုးပွားကြပါစေကြောင်း Junction Square မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
ဒီနှစ်မှာလည်း ချစ်ရတဲ့သူတွေနဲ့အတူ ပျော်ရွှင်စရာ အမှတ်တရကောင်းတွေအများကြီးကို Junction Square မှာ ဖန်တီးနိုင်ပါစေ။ အားလပ်ချိန်တိုင်းမှာ အမြဲတမ်းပြုံးပျော်နိုင်ဖို့ Junction က သင်နဲ့အတူရှိနေမှာပါ။🛍️🎁
Happy New Year!!!
11/04/2026
Junction Thingyan Festival စျေးရောင်းပွဲကို လာခဲ့ဖို့ မမေ့ကြနဲ့ဦးနော် 😉
10/04/2026
Junction Square မှာ သင်္ကြန်အကြိုစတုဒီသာကျွေးနေပြီနော် 💦🤍
သင်္ကြန်ဆိုတာ အလှူအတန်းလေးတွေနဲ့ ပျော်ပျော်ပါးပါး ဖြတ်သန်းကြတဲ့ နှစ်သစ်ကူး အချိန်အခါသမယလေးဖြစ်လို့ Junction Square မှာလည်း လာရောက်လည်ပတ်ကြတဲ့ ချစ်ခင်ရသူတွေအားလုံးအတွက် စတုဒီသာ ကျွေးမွေးခြင်း အစီအစဉ်လေးရှိနေပါတယ်ရှင်။
🗓 Date - 10.4.2026, 11.4.2026, 12.4.2026
📍 Location - Junction Square Open Plaza
အပြင်ထွက်လည်ပတ်ရင်း ဗိုက်ဆာတဲ့အခါ Junction Square ကို အရောက်လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ပါးပါး စားသောက်ရင်း သင်္ကြန်အငွေ့အသက်ကို ခံစားလိုက်ရအောင်။✨
Junction Square စျေးရောင်းပွဲတော်မှာ တွေ့ကြမယ်နော် 😉
10/04/2026
သင်္ကြန်ပိတ်ရက်ကြေငြာခြင်း
မြန်မာတို့ရဲ့ ရိုးရာအစဉ်အလာအတိုင်း ပျော်ရွှင်စရာ သင်္ကြန်ကာလလေးကို ရောက်ရှိလာတော့မှာဖြစ်လို့ Junction Square Shopping Centre ရဲ့ သင်္ကြန်ပိတ်ရက်လေးကို ကြိုတင်အသိပေးပါရစေ။ 📣
မြန်မာ့ရိုးရာမဟာသင်္ကြန်ကာလဖြစ်တဲ့ ဧပြီလ (၁၃) ရက်နေ (သင်္ကြန်အကြိုနေ့) မှ ဧပြီလ (၁၇) ရက်နေ့ (နှစ်ဆန်းတစ်ရက် နေ့) အထိ Junction Square Shopping Centre လေးကို ခေတ္တခဏ ပိတ်ထားမှာဖြစ်ပါတယ်။ ဧပြီလ (၁၈) ရက်နေ့မှာတော့ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပြီး လူကြီးမင်းတို့ လိုအပ်တာလေးတွေကို စိတ်ကြိုက် လာရောက်အားပေးနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။ 🛍️✨
ဒီနှစ်သင်္ကြန်မှာ အေးမြတဲ့ အတာရေလေးတွေနဲ့အတူ စိတ်ညစ်စရာတွေ အကုန်ပါသွားပြီး ပျော်ရွှင်ကြည်နူးစရာတွေပဲ ပိုင်ဆိုင်နိုင်ပါစေလို့ Junction Square Shopping Centre မိသားစုမှ ဆုတောင်းပေးလိုက်ပါတယ်ရှင်။ အားလုံးပဲ ဘေးအန္တရာယ်ကင်းကင်းနဲ့ လန်းဆန်းပျော်ရွှင်တဲ့ သင်္ကြန်အချိန်အခါလေး ဖြစ်ပါစေ။ 🙏💙
သင်္ကြန်ပိတ်ရက်အပြီး ဧပြီလ (၁၈) ရက်နေ့ မှာ ပြန်ဆုံကြမယ်နော်... See You Soon! 😉👋
မနက်ဖြန် Junction Thingyan Festival မှာ တွေ့ကြမယ်နော် 💦
09/04/2026
သင်္ကြန်သီချင်းတွေနဲ့ သင်္ကြန် mood on ကြမယ်
သင်္ကြန်ပွဲဆိုတာ ပျော်ရွှင်စရာ ဂီတသံတွေမပါရင် မပြည့်စုံဘူးလေ။
ဒါ့ကြောင့် Junction Thingyan Festival ပွဲကို ပိုပြီးအသက်ဝင်သွားစေဖို့အတွက် လူငယ်တွေအကြိုက် 4 DRIVE Band နဲ့အတူ အဆိုတော် Zeke, Alice Phyu, K Hein တို့ကို ဖိတ်ခေါ်ထားပါတယ်။
သီချင်းလေးတွေ အေးအေးဆေးဆေးနားထောင်မလား???သူငယ်ချင်းတွေနဲ့အတူ သီချင်းတွေအတူတူလိုက်ဆိုရင်း Thingyan mood on ကြမလား??? တကယ့်ပျော်စရာအခိုက်အတန့်တွေက Junction မှာ စောင့်ကြိုနေပါတယ်။
Location: Junction Square Open Plaza
Date: April 10, 11, 12
Time: 3 PM - 8 PM
ဒီနှစ်သင်္ကြန်အထီးမကျန်စေဖို့ Junction Square ကို အရောက်လာခဲ့နော်👋✨
09/04/2026
⚡️ Junction Dance Battle မှာ အပီဖြုတ်ဖို့ Register လုပ်ပြီးပြီလား? ⚡️
ကဲ... Dance Floor ပေါ်မှာ အမိုက်စား Performance တွေနဲ့ အပီအပြင် ကပြီး Winner ဖြစ်ဖို့ အဆင်သင့်ပဲလား? 🏆
Junction Square မှာ ပြုလုပ်မယ့် Junction Dance Battle အတွက် စာရင်းပေးသွင်းဖို့ အချိန်သိပ်မကျန်တော့ဘူးနော်။ ကိုယ့်အဖွဲ့ရဲ့ Dance Move တွေကို လူအများရှေ့မှာ ထုတ်ပြနိုင်မယ့် အခွင့်အရေးကို လုံးဝလက်လွှတ်မခံဘဲ အခုပဲ အောက်က Link ထဲမှာ Register လုပ်လိုက်ပါ။
🔗 Registration Link: https://forms.gle/can5V3BgFotPnXF47
တကယ်လို့ Online ကနေ Register လုပ်ဖို့ အချိန်မမီလိုက်ဘူးဆိုရင်လည်း စိတ်မပူပါနဲ့။ ပွဲနေ့မှာလည်း Walk-on Registration လက်ခံပေးသွားမှာဖြစ်လို့ အရောက်လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
အကဝါသနာပါတဲ့ သူငယ်ချင်းတွေကိုလည်း ဒီ Post အောက်မှာ Mention ခေါ်ပြီး လူစုလိုက်တော့နော်💃🕺
08/04/2026
💦 Junction Thingyan Festival ရောက်ဖို့ (၂) ရက်သာ လိုတော့သည် 💦
ရင်ခုန်စရာ Junction Thingyan Festival ကြီးစတင်ဖို့ နောက်ထပ် (၂) ရက်ပဲ လိုပါတော့တယ်⏳✨
သင်္ကြန်အငွေ့အသက်တွေနဲ့အတူ အမိုက်စား Performance တွေ၊ ပျော်ရွှင်စရာအစီအစဉ်တွေနဲ့ Junction Square မှာ အတူတူ ရေစိုခံဖို့ ပြင်ဆင်ထားလိုက်တော့နော်။ ခေတ်ပေါ်အကတွေနဲ့အတူ Dance Floor မှာ အပီဖြုတ်မယ့်သူတွေရော၊ ရိုးရာအကအလှတွေနဲ့ ပါဝင်ယှဥ်ပြိုင်ကြမယ့်သူတွေပါ အားလုံးဆုံတွေ့ကြမယ့်ပွဲကြီးပါ။
📅 ရက်စွဲ - 10.4.2026 - 11.4.2026 - 12.4.2026
📍 နေရာ - Junction Square Open Plaza Promotion Area
ဘာတွေစောင့်ကြိုနေမလဲ?
• 🔥 အကြိတ်အနယ်ရှိမယ့် Junction Dance Battle
• 🎤 နာမည်ကြီး Music Band တွေရဲ့ ဖျော်ဖြေမှုတွေ
• 💦 စျေးရောင်းပွဲတော်နဲ့ ပျော်ရွှင်စရာ Game Activity များ
ကဲ…April 10, 11, 12 မှာ သူငယ်ချင်းတွေ အားလုံးစုပြီး Junction Square Open Plaza Promotion Area ကို အရောက်လှမ်းခဲ့ဖို့ အခုကတည်းက ချိန်းထားလိုက်တော့နော် 💃🕺
08/04/2026
ARE YOU READY FOR RANDOM DANCE???
Junction Dance Battle မှာ ပြိုင်ပွဲဝင်တွေတင် မဟုတ်ဘူး၊ ပရိတ်သတ်တွေလည်း ကိုယ့်ရဲ့ Dancing Skill ကိုပါ ပြလို့ရမယ့် Random Dance အစီအစဉ်ကြီး ရှိနေမယ်နော် 🔥
သီချင်းသံကြားတာနဲ့ ကိုယ့် Body က အလိုလို Move ချင်နေပြီဆိုရင်တော့ Random Dance နဲ့ ကွက်တိပဲပေါ့။ ကိုယ်သိတဲ့ Beat ထွက်လာတာနဲ့ Stage ပေါ် တက်ကြမ်းလိုက်ရုံပဲ။ ကိုယ့်ရဲ့ အမိုက်စား Move တွေကို ထုတ်ပြဖို့ ဒီထက်လန်းတဲ့ အခွင့်အရေး မရှိတော့ဘူးနော်။ 😎
🗓 Date: April 11 & 12, 2026
🕔 Time: 5:00 PM – 8:00 PM
📍 Location: Junction Square Open Plaza
ဘယ်လိုအမိုက်စား သီချင်းတွေနဲ့ Random Dance ကရမလဲဆိုတာ သိရအောင် အားလုံးပဲ Junction Square ကို အရောက်လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ ⚡️
08/04/2026
Junction Dance Battle ရဲ့ ဒိုင်လူကြီးများကို မိတ်ဆက်ပေးခြင်း 🔥
Junction Square မှာ ကျင်းပမယ့် အမိုက်စား Dance Battle ကြီးမှာ ဘယ်သူတွေက အကဲဖြတ်ပေးသွားမလဲဆိုတာ သိချင်နေကြပြီမလား? 🤩
ဒီပွဲမှာတော့ Modern Dance နဲ့ Traditional Dance တို့ကို အကောင်းဆုံးအကဲဖြတ်ပေးသွားဖို့အတွက် နယ်ပယ်အသီးသီးက ပညာရှင်တွေက ဒိုင်လူကြီးများအဖြစ် ပါဝင်အားဖြည့်ပေးသွားမှာဖြစ်ပါတယ်။
✨ Meet Our Judges ✨
1️⃣ Modern Dance - Zek
Modern Dance Move တွေ၊ စည်းချက်တွေနဲ့ တီထွင်ဖန်တီးမှုပိုင်းမှာ ဆရာကျတဲ့ Zek က ပြိုင်ပွဲဝင်တွေရဲ့ Performance တွေကို အသေးစိတ် အကဲဖြတ်ပေးသွားမှာပါ။
2️⃣ Traditional Dance - တင်မောင်ဆန်းမင်းဝင်း
မြန်မာ့ရိုးရာအကအနုပညာရဲ့ အနှစ်သာရနဲ့ ကကွက်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေကို အကောင်းဆုံး ဝေဖန်အကဲဖြတ်ပေးသွားမယ့် ဇာတ်မင်းသားကြီး တင်မောင်ဆန်းမင်းဝင်း။
🗳️ People's Choice Award လည်း ရှိနေဦးမှာနော်!
ဒိုင်လူကြီးတွေရဲ့ အကဲဖြတ်မှုအပြင် ပရိသတ်တွေ ကိုယ်တိုင် မဲပေးရွေးချယ်နိုင်မယ့် "People's Choice Award" ဆုကြီးလည်း ပါဝင်တာမို့ ကိုယ်အားပေးတဲ့ Team တွေအတွက် Fair မဖြစ်မှာလည်း ပူစရာမလိုတော့ဘူးပေါ့ 📢
ကဲ... ဒိုင်တွေကလည်း လန်း၊ ဆုတွေကလည်း မိုက် ဆိုတော့ ဘယ်သူတွေက Junction Square ရဲ့ Dance Floor ပေါ်မှာ ဘုရင်ဖြစ်မလဲဆိုတာ ရင်ခုန်စွာနဲ့ စောင့်ကြည့်လိုက်ကြရအောင်။ 🕺💫
Dance Battle Registration Link: https://forms.gle/can5V3BgFotPnXF47
Location: Junction Square Open Plaza Promotion Area
Date: 10.4.2026 - 11.4.2026 - 12.4.2026
Time: 3:00 PM - 8:00 PM
08/04/2026
💦 Junction Thingyan Festival 2026 💦
သင်္ကြန်မတိုင်ခင်တည်းက သင်္ကြန် Vibe ရချင်နေပြီလား? ဒါဆိုရင်တော့ Junction Square မှာ ကျင်းပမယ့် Junction Thingyan Festival ကို လုံးဝ (လုံးဝ) လက်လွှတ်မခံသင့်ဘူးနော် 🤩
📅 ရက်စွဲ - 10.4.2026 - 11.4.2026 - 12.4.2026
📍 နေရာ - Junction Square Open Plaza Promotion Area
ဒီပွဲမှာ ဘာတွေပါမလဲဆိုတာ ကြည့်လိုက်ရအောင်... 👇
💃 Dance Battle: Modern vs Traditional
ခေတ်ရှေ့ပြေးတဲ့ Modern Dance အဖွဲ့တွေရဲ့ အမိုက်စား Move တွေနဲ့ မြန်မာ့ဟန်ကို ထိန်းသိမ်းထားတဲ့ Traditional Dance အဖွဲ့တွေရဲ့ ယဉ်ကျေးမှုအလှတွေကို တစ်လှည့်စီ ရှုစားရမှာပါ။ Professional Judges တွေက တိတိကျကျ အကဲဖြတ်ပေးသွားမှာဆိုတော့ ပြိုင်ပွဲက တကယ်ကို အကြိတ်အနယ် ဖြစ်နေမှာနော်!
🛍️ Eats & Treats Market
ဗိုက်ဆာရင်လည်း စိတ်မပူနဲ့! နာမည်ကြီး F&B ဆိုင်တွေအပြင် လူငယ်တွေအကြိုက် Lifestyle Brand ပေါင်းစုံပါဝင်မယ့် ဈေးရောင်းပွဲကြီးလည်း ရှိနေဦးမှာပါ။ စျေးဝယ်ရင်း၊ စားရင်း၊ သောက်ရင်းနဲ့ သင်္ကြန်အရသာကို အပြည့်အဝခံစားလို့ရတာပေါ့။
💦 Sprinkle Station & Fun Games
သင်္ကြန်ဆိုမှတော့ ရေမစိုလို့ မရဘူးလေ! ဒါ့ကြောင့် Water Sprinkle လေးတွေနဲ့ အေးအေးမြမြ ရေကစားလို့ရမယ့် နေရာလေးလည်း ဖန်တီးပေးထားပါတယ်။ ဒါ့အပြင် သူငယ်ချင်းတွေနဲ့အတူ ဆော့ကစားပြီး လက်ဆောင်တွေရမယ့် ပျော်ရွှင်စရာဂိမ်းအစီအစဥ်တွေလည်း အများကြီးရှိနေဦးမှာနော် 🎁
Dance Battle Registration Link: https://forms.gle/can5V3BgFotPnXF47
Junction Thingyan Festival မှာ အကပြိုင်ပွဲတွေကြည့်မလား၊ စျေးဝယ်မလား၊ ရေကစားမလား... အားလုံးက တစ်နေရာတည်းမှာ အစုံအလင်ပဲမို့ သူငယ်ချင်းတွေကို ခုကတည်းက Mention ခေါ်ပြီး ချိန်းထားလိုက်တော့နော်✨
🗓️ ဧပြီလ (၁၀) ရက်၊ (၁၁) ရက်နဲ့ (၁၂) ရက်နေ့တွေမှာ Junction Square မှာ တွေ့ကြမယ်…See you there!!!
04/04/2026
🌏 Edulink Myanmar မှ ကြီးမှူးကျင်းပတဲ့ Go Global with Edulink ပညာရေးပြပွဲကြီး ရောက်ရှိလာပါပြီ။ 🎓
🌏 နိုင်ငံခြားမှာ ပညာသင်ဖို့ အိပ်မက်ရှိတဲ့ ကျောင်းသား/သူများအတွက် Edulink Myanmar မှ ဦးဆောင်ပြီး ရန်ကုန်မြို့မှာ "Go Global with Edulink" ပညာရေးပြပွဲကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားတော့မှာ ဖြစ်ပါတယ်။
🎓 ထို့အပြင် Scholarship အခွင့်အလမ်းများ ကိုလည်း တိုက်ရိုက်လေ့လာမေးမြန်းနိုင်မယ့် အခွင့်အရေးကောင်းတစ်ခု ဖြစ်ပါတယ်။
✨ မိမိတို့ရဲ့ အနာဂတ်ပညာရေးအတွက် အခွင့်အလမ်းကောင်းတွေကို လက်လွတ်မခံပဲ Edulink Myanmar ရဲ့ Go Global with Edulink မှာ ပါဝင်ဆင်နွှဲလိုက်ပါ။
📅 နေ့ရက်: April 5, 2026 (Sunday)
🕘အချိန်: 9:00 AM – 5:00 PM
📍 နေရာ: Junction Square, Ground Floor (The Whole Aqua Hall)
QR Code ကို Scan ဖတ်ပြီး (ဒါမှမဟုတ်) အောက်ပါ Link ကနေတစ်ဆင့် ကြိုတင် Register လုပ်ထားလိုက်တော့နော်!
👇Link: https://forms.gle/gQfYVDaEuVi9AJQu7
Global with Edulink
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
Pyay Road
Yangon
Opening Hours
| Monday | 09:00 - 21:00 |
| Tuesday | 09:00 - 21:00 |
| Wednesday | 09:00 - 21:00 |
| Thursday | 09:00 - 21:00 |
| Friday | 09:00 - 21:00 |
| Saturday | 09:00 - 21:00 |
| Sunday | 09:00 - 21:00 |